← Chapters

တာအိုဘိုးဘေး၏ အဆင့်ခွဲခြားချက်

Vol. 39 Ch. 540

တာအိုဘိုးဘေး၏ အဆင့်ခွဲခြားချက်

Vol. 39 Ch. 540

ဝမ်ဝေ့က တိုက်ပွဲကို ကြည့်နေသည့် ထိုလူများအား ကြည့်လိုက်ပြီး သူ့အကြည့်က မည်သူကများ သူ့အား ရူးမိုက်မိုက် စိန်ခေါ်ရဲမလဲဟု မေးနေဟန်ပေါ်သည်။ ထို့နောက် သူတို့က အကြည့်လွှဲလိုက်သောကြောင့် အဖြေကို  သိလိုက်၏။

ထို့နောက် သူက ယခင်တိုက်ပွဲအတွင်း ပျက်စီးသွားခဲ့ပြီဟု ထင်ခဲ့သည့် စံအိမ်အတွင်း ပျံသန်းသွားလေသည်။ သို့သော်လည်း စစ်ဆေးမှု ကျင်းပသည့် ကမ္ဘာရှိ ဖျက်စီးခံလိုက်ရသည့် အိမ်များက တိုက်ပွဲအပြီး စက္ကန့်ပိုင်းအတွင်း အလိုလို ပြန်ပေါ်လာနိုင်လောက်အောင် ထူးခြားနေလေသည်။ ထို့ကြောင့် သူက ယခင်ရှိခဲ့သည့် အစီအရင်များအား ပြန်လည်ခင်းကျင်းလိုက်၏။

ချူးလော့က ဝမ်ဝေ့ ထွက်သွားသည်ကို အတွေးများစွာဖြင့် ကြည့်နေလေသည်။ သူ့အမူအရာက အနည်းငယ် ခက်ထန်နေ၏။

သူက ကောင်းကင်လှည့်ဖျားရေး အသက်ရှည်ကျမ်းကို အကြောင်းအရင်းတချို့ကြောင့် လိုချင်နေခြင်းဖြစ်ကာ မည်သို့ပင်ဆိုစေကာမူ သူက ရအောင် ယူရမည်။

သူ့နဝမအဆုံးစွန်အုတ်မြစ်က အစောပိုင်းအဆင့်ပဲ ရှိသေးတဲ့ပုံပဲ။ မဟုတ်ရင် ဒီလောက်အားနည်းနေမှာ မဟုတ်ဘူး။ ဒါပေမဲ့ သူက စစ်ဆေးမှုအချိန်ကြာလာတာနဲ့အမျှ ပြဿနာဖြစ်လာနိုင်တယ်…

ထို့ကြောင့် သူက စိုးရိမ်စရာ မများကြောင်း ကောက်ချက်ချပြီးသည့်နောက်တွင် အခြေအနေကို သုံးသပ်လိုက်သည်။ ဒုတိယလက်ရွေးစင်က သူ့အတွက် ခြိမ်းခြောက်မှု မဖြစ်ပေ။ အနည်းဆုံးတော့ ဤစစ်ဆေးမှု၏ တိုက်ခိုက်ရေးကဏ္ဍတွင် ဖြစ်၏။

နဝမအဆုံးစွန်အုတ်မြစ်ကို အောင်မြင်ဖို့ရာ အနည်းဆုံးလိုအပ်ချက်မှာ တာအိုဘိုးဘေး၏ ခွန်အားရှိဖို့ ဖြစ်သည်။ တစ်ချိန်တည်းဆိုသလို တာအိုဘိုးဘေးကို စွမ်းအားအရ အဆင့်များစွာ ပြန်လည်ခွဲခြားထားသည်။ ထိုအဆင့်အောက်ရှိ အရာများက ကျရှုံးသည်ဟု ယူဆ၍ရလေသည်။

ထို့ကြောင့် ဝမ်ဝေ့က အောင်မြင်သွားလျှင်ပင် ချူးလော့က သူက ပိုမိုအားကောင်းနေလိမ့်မည်ဟု ယုံကြည်ထား၏။ သူက ထိုသို့ကောက်ချက်ချသည့် အကြောင်းအရင်းမှာ အစဉ်အလာ မဟုတ်သည့် နည်းလမ်း၏ ဆိုးကျိုးကြောင့် ဖြစ်သည်။

အစဉ်အလာ မဟုတ်သည့် နည်းလမ်းများကို လျှောက်လှမ်းသည့်သူများက တခြားလူဝင်စားများကို ပြုစုပျိုးထောင်ဖို့ မျိုးဆက်တစ်ခုသာ အချိန်ရလေသည်။ ထို့ကြောင့် သူတို့အတွက် အစဉ်အလာနည်းလမ်းအတိုင်း လုပ်သည့်လူများ၏ ကန့်သတ်ချက် ရောက်ဖို့ရာ စိန်ခေါ်မှုတစ်ခု ဖြစ်နေလေသည်။ ထို့ကြောင့် အစဉ်အလာ မဟုတ်သည့်လူများက ပြီးမြောက်သွားသည့်နောက်တွင်ပင် အားအနည်းဆုံး တာအိုဘိုးဘေး ဖြစ်လာကြသည်။

အဲဒါဆို ငါ တခြားပြိုင်ပွဲ ကဏ္ဍတွေကိုပဲ သတိထားရုံပဲ…

တတိယလက်ရွေးစင်ရဲ့ ယဲ့တာ့ဖူက တိုက်ပွဲကို စိတ်လှုပ်ရှားမှုအပြည့်နဲ့ ကြည့်နေသည် “ ဒီဘုရင်က မင်းနဲ့ တိုက်ခိုက်ချင်နေပြီ”

သူက ဝမ်ဝေ့၏ အောင်မြင်မှုကြောင့် အဟန့်အတား မဖြစ်မိပေ။ သူ့အနေနှင့် တန်ကြေးပေးဆပ်ရမည်ဖြစ်သော်လည်း သွေးမျိုးဆက်က ထိုသို့အတူတူလုပ်ဆောင်နိုင်၏။

သူ့ သုံးသပ်ချက်အပေါ် မူတည်၍ ဤလူသားက ယခုစံအိမ်အတွင်း ဆိုးဆိုးရွားရွား ရှိနေပြီး သူ့ဒဏ်ရာများအား ကုသဖို့ ဘာမဆိုကြိုးစားနေလိမ့်မည်။

ဓားသမား ကျိလန်ဖန်းက ခေါင်းမိုးအထက်တွင် လဲလျောင်းနေရင်း တိုက်ပွဲအား ရှုစားနေ၏။ ထိုတစ်ချိန်လုံးတွင် သူက အရက်သောက်ခြင်းအား မရပ်တန့်ခဲ့ပေ။

“ တကယ်ကို အားကောင်းတဲ့ ဒိုင်းကာပဲ။ သူက ငါ့ရဲ့ ဓားချက်ကို တစ်ချက်ထက်ပိုပြီးတော့ တောင့်ခံနိုင်လောက်တယ်။” သူက ရေရွတ်လိုက်သည်။

၅ယောက်မြောက် လက်ရွေးစင် မူလိန်က အေးအေးဆေးဆေး ကြည့်နေလေ၏။

ဒီလိုအားကောင်းတဲ့ ခန္ဓာကိုယ်မျိုးကို ငါသာ ဝါးမျိုခွင့်ရရင်…

၆ယောက်မြောက် လက်ရွေးစင်အသစ် ရှစ်ချီအန်းကမူ ဝမ်ဝေ့ ထွက်သွားသည်ကို ကြည့်နေရင်း အံကြိတ်လိုက်သည်။

ဘာပဲဖြစ်ဖြစ် ငါ ဒီအမွေအနှစ်ကို ရယူရမယ်။

သူက ကောင်းချီးခံထဲမှ တစ်ယောက်ဖြစ်သော်လည်း သူမ၏ အခြေအနေက သိပ်မကောင်းလှပေ။

သူမ၏ မိဘများက မဟာဧကရာဇ် တစ်ပါးအား ကူညီခဲ့ဖူးသည့် လေလွင့်ကျင့်ကြံသူများ ဖြစ်သောကြောင့် ထိုသူက ကံကြွေးကို ပြန်လည်ပေးဆပ်ဖို့အတွက် မသေမျိုးချီကို ပေးအပ်ခဲ့သည်။ ထို့ကြောင့် သူမ၏ နောက်ခံက ဧကရာဇ်မျိုးနွယ်မှ ကောင်းကင်ရွေးချယ်ခံများလောက် မမြင့်ပေ။

ပို၍ဆိုးရွားသည်က သူမကို ရရှိပြီးနောက် သိပ်မကြာခင် ရှစ်ချီအန်း၏ ဖခင်က သူမအတွက် ရှားပါးသည့် အရင်းအမြစ်များကို ရယူဖို့ ကြိုးစားရင်း လျှို့ဝှက်နယ်မြေအတွင်းတွင် သေဆုံးသွားခဲ့သည်။ ထို့ကြောင့် သူမကို ပြုစုပျိုးထောင်ပြီး ကာကွယ်ပေးဖို့ မိခင်တစ်ယောက်တည်းသာ ရှိသည့်အတွက် မလွယ်ကူခဲ့ပေ။

အကြောင်းမှာ လူများစွာက သူမ၏ ထာဝရကလေးငယ်၏ အရင်းအမြစ်ကို စုပ်ယူနိုင်ခြင်းဖြင့် သူတို့သည် ဧကရာဇ်တစ်ပါး၏ အကူအညီ မလိုဘဲ ကံကြွေးကို ဆေးကြောနိုင်လိမ့်မည်ဟု ယုံကြည်ထား၍ ဖြစ်သည်။ အထူးသဖြင့် အလင်းမျိုးနွယ်မှ လူများဖြစ်၏။

ထို့ကြောင့် ရှစ်ချီအန်းက သူမ၏ ကလေးဘဝအများစုကို ပုန်းအောင်းခြင်းနှင့် ကောင်းကင်အလိုဆန္ဒတိုက်ပွဲကို စောင့်ဆိုင်းခြင်းဖြင့်သာ ကုန်ဆုံးခဲ့ရသည်။ သူမက ဤမျိုးဆက်၏ ကောင်းကင်ရွေးချယ်ခံကို သူမ၏ ပါရမီဖြင့် ရယူနိုင်လိမ့်မည်ဟု ယုံကြည်ထားခဲ့သည်။ သို့သော်လည်း လတ်တလောတွင် သူမ၏ ကမ္ဘာ၌ မကောင်းဆိုးဝါး တစ်ကောင် ပေါ်ထွက်လာ၏။

ထိုမကောင်းဆိုးဝါးက ဆန့်ကျင် တာအိုဘိုးဘေး ဖြစ်ခဲ့ဖူးပြီး တာအိုကို သက်သေပြဖို့ သူ့စွမ်းအားအကုန်လုံးကို လက်လျှော့ဖို့ ဆုံးဖြတ်ခဲ့သည်။ ရှစ်ချီအန်းက သူမတွင် အနိုင်ရမည့် အခွင့်အရေးရှိမည်ဟု မထင်မိပေ။

ပုံမှန်အားဖြင့် သူမသည် နောက်မျိုးဆက်ကို စောင့်ဆိုင်းနိုင်သော်လည်း ထိုမကောင်းဆိုးဝါးသည် လျှို့ဝှက်နယ်မြေတွင် သူမအဖေကို သတ်ခဲ့သည့် ဂိုဏ်းမှ ဖြစ်ကြောင်း သိလိုက်ရသည်။ အကယ်၍ သူသာ သူမထက်အရင် တာအိုကို သက်သေပြသွားပါက သူနှင့် သူမအမေသည် ကြာကြာ အသက်ရှည်နိုင်မည် မဟုတ်ကြောင်း သိထား၏။

ရှစ်ချီအန်း တစ်ယောက်တည်းသာ စိုးရိမ်နေခြင်း မဟုတ်ပေ။

ရှုရှစ်ကလည်း သူမ၏ ခင်ပွန်းဖြစ်သူကို ပြန်လည်အသက်သွင်းဖို့အတွက် ဤမျှနီးကပ်လွန်းသည်ကို မခံစားဖူးပေ။ သို့သော် ထိုအခွင့်အရေးက သူမ၏ လက်အတွင်းမှ လွဲချော်သွားခဲ့ရသည်။ သူမက ထိုအရာကို မလိုလားပေ။ ဤစစ်ဆေးမှုဖြစ်စေ သို့မဟုတ် ကောင်းကင်အလိုဆန္ဒတိုက်ပွဲဖြစ်စေ၊ သူမက မရှုံးနိမ့်လိုပေ။

သူမက ထွက်ခွာသွားသည့် ဝမ်ဝေ့ကို ကြည့်နေရင်း အတွေးတစ်ခု ပေါ်ထွက်လာ၏။

ငါ တခြားကမ္ဘာအသိုက်အဝန်းက အမှတ်အသားပြားကို ရယူပြီးတော့ အဲဒီမှာပဲ ယှဉ်ပြိုင်လိုက်ရမလား…

ထိုအတွေးဝင်ရောက်လာသည်နှင့် သူမက မဖယ်ရှားနိုင်ပေ။

ဆုံးဖြတ်ချက်မချခင် အရင်ဆုံး ဖြေရှင်းသင့်သာ ဖြေရှင်းကြတာပေါ့။ ထိုအရာက သူမ၏ အနာဂတ်အတွက် နည်းလမ်းတစ်ခု ဖြစ်နေနိုင်သည်။

ငါ ထပ်ပြီး ကျရှုံးတော့မှာလား…

ကျင်းဝူဟွားက အဝေးတစ်နေရာကိုကြည့်ရင်း တွေးလိုက်မိသည်။ ထို့နောက် သူမက ရင်ဘတ်အပေါ် လက်တင်လိုက်ပြီး ဖိလိုက်၏။

မဟုတ်ဘူး။ ငါ့အဖေက ဒီရလဒ်ကို တွက်ထားပြီးတော့ အဆိုးရွားဆုံး အခြေအနေကို ပြင်ဆင်ထားပြီးပြီ။ ငါ သူ့အပေါ် ယုံကြည်ထားသင့်တယ်…

ဟို့ဖုန်းဟွမ်က ဝမ်ဝေ့ ထွက်သွားသည့်ဘက်ကို ကြည့်နေပြီး သူမ ကိုယ်တိုင်အပါအဝင် မည်သူကမှ သူမ တွေးနေသည့်အရာကို မသိကြပေ။

ထိုစဉ် ထုံရို့ပင်းကမူ ပြုံးကာ ရေရွတ်လိုက်၏ “ တကယ်ကို ပါရမီရှင်ဆိုတဲ့အတိုင်းပဲ။ ဒါပေမဲ့ ပလ္လင်က ရှင့်အပိုင်ဖြစ်တယ်လို့ အာမခံချက် မရှိသေးဘူးနော်”

ဖုန်းဟွမ်က ဝမ်ဝေ့သည် ထိုတိုက်ကွက်အတွင်း မည်သို့အသက်ရှင်ခဲ့သည်ကို မြင်ခဲ့သည့် လူတချို့ထဲမှ တစ်ဦး ဖြစ်၏။ ထိုစဉ် တခြားသူများကမူ သူ့အင်အားနှင့် နည်းလမ်းကိုသာ တွေးမိကြသည်။

သူက အထွတ်အထိပ် တားမြစ်ခံစစ်ဆေးမှုကို အောင်မြင်ခဲ့ရုံတင်မကဘူး။ ဒီလောက်တောင် အားကောင်းလာတာလား။ တိထျန်းကပဲ ပြဿနာဖြစ်မယ် ထင်နေတာ။ အခုတော့ နောက်တစ်ယောက်ပါ ရှိနေတဲ့ပုံပဲ…

ဖုန်းဟွမ်က ဒိုင်မေးရှင်းအနိမ့်တွင် ဗုဒ္ဓဘာသာ မြင့်တက်လာမှုကို သေချာအောင် လုပ်ဖို့အတွက် အနာဂတ်၏ အစီအစဉ်များကို ပြန်လည်တွေးတောလိုက်သည်။ ထိုအရာက သူ၏ တာဝန်ဖြစ်ပြီး မည်သို့ပင်ဆိုစေကာမူ အောင်မြင်ရမည် ဖြစ်၏။

ငါ နောက်ဆုံးတိုက်ပွဲမစခင် လျှို့ဝှက်ဝှက်ဖဲတချို့ကို ပြင်ဆင်ထားသင့်တယ်။ အနည်းဆုံးတော့ မသေမျိုးအဆင့် ဖြစ်ဖို့လိုတယ်။ အဲဒီမတိုင်ခင် ငါတို့ရဲ့ ရည်ရွယ်ချက်အပေါ်ပဲ အာရုံစိုက်ထားရအောင်…

သူက ကောင်းကင်လှည့်ဖျားရေး အသက်ရှည်ကျမ်းအတွက် ရောက်လာခြင်း မဟုတ်ပေ။ အကယ်၍ သူ ရရှိခဲ့ပါက အသုံးဝင်မည် ဖြစ်သော်လည်း မရရှိခဲ့လျှင်ပင် သိပ်အရေးမကြီးပေ။ ထို့နောက် ဖုန်းဟွမ်က အဝေးတစ်နေရာမှ လူတစ်ယောက်အား လှမ်းကြည့်လိုက်သည်။

နတ်မျိုးနွယ်…

သူတို့က ငါအကြွင်းမဲ့စတင်ခြင်းဧကရာဇ်ရဲ့ မှော်စွမ်းအားထဲ ဟာကွက်တချို့ ဖန်တီးပြီးတဲ့နောက်မှာ ပြန်လည်ပေါ်ထွက်လာကြပြီ။ ကြည့်ရတာ ငါ ဒီလူကနေတဆင့် အဆုံးမဲ့လေဟာနယ်အတွင်း ဗုဒ္ဓဘာသာရဲ့မျိုးစေ့ကို ဖြန့်ကျက်နိုင်တဲ့ပုံပဲ…

သူက မျက်မှောင်ကြုတ်ကာ အတွေးများစွာ ဖြတ်ပြေးသွားသည်။

သတိကြီးကြီးထားပြီး စုံစမ်းကြည့်ကြတာပေါ့…

နတ်မျိုးနွယ် လျန့်ရှစ်ရှန်းကမူ ထွက်ခွာသွားသည့် ဝမ်ဝေ့ကို ကြည့်နေသည်။

ထူးခြားတဲ့ ဝိညာဉ်ပဲ။ ကြည့်ရတာ သူက ငါ့ကို ကူညီပေးနိုင်လောက်တယ်…

ထို့နောက် သူက အကြည့်ကို အာရုံခံမိသည့်အတွက် ဖုန်းဟွမ်အား လှမ်းကြည့်လိုက်သည်။ ထိုလူအား စက္ကန့်ပိုင်းမျှကြည့်ပြီးသည့်နောက်တွင် အကြည့်လွှဲလိုက်၏။

ခေါင်းဆောင်း ဆောင်းထားသည့် ပုံရိပ်ကလည်း ထွက်ခွာသွာသည့် ဝမ်ဝေ့အား ကြည့်နေလေသည်။

ကံကြမ္မာလွှမ်းမိုးရေးဧကရာဇ်က သူ့ငယ်စဉ်ဘဝတုန်းက ခေတ်ဖိနှိပ်ရေး ပါရမီရှင် ဖြစ်ခဲ့တယ်လို့ကြားတယ်။ ဒါပေမဲ့ ဒီလောက်ထိ အားကောင်းမယ်လို့ ထင်မထားမိဘူး။ ဒါပေမဲ့ သူ့အောင်မြင်မှုတွေနဲ့ဆိုရင် ဒါက အဓိပ္ပာယ်တော့ ရှိပါတယ်…

ခေါင်းဆောင်းပုံရိပ်က မျက်မှောင်ကြုတ်လိုက်သည်။

ဘာပဲဖြစ်ဖြစ် ငါ သူ မြင့်တက်မလာခင် ဖျက်ဆီးပြီးတော့ ဟွင်သွမ်းစကြဝဠာတစ်ခုလုံးကို ကယ်တင်ရမယ်…

ဝမ်ဝေ့က သူ့စံအိမ်အတွင်း ဝင်ရောက်ပြီးသည့်နောက်တွင် ဘိုးဘေးဝမ်ဝူချန်အား တိုက်ရိုက်ဆက်သွယ်လိုက်သည်။

“ ကောင်လေး အဆင်ပြေလား”

“ အသေးစား ဒဏ်ရာလောက်ပါပဲ”

“ ကောင်းပြီ။ မင်း ဘာလိုချင်လဲ”

“ အဲဒါက ဘာလဲ”

“ မင်းက အဲဒီတိုက်ကွက်ကို ငါ့ဆီ ကူးပြောင်းတာကို သိပ်သဘောမကျဘူး”

“ ဘိုးဘေးကလည်း အဲဒါက ခြင်ကိုက်သလောက်ပဲ ဖြစ်မှာပါ”

“ အဲလိုဆိုရင်တော့ သဘောမကျသေးဘူး”

“ ကျွန်တော် တောင်းပန်ပါတယ်” ဝမ်ဝေ့က အလေးအနက်ပြောလိုက်သည်။

“ ကောင်းပြီ။ မင်းရဲ့ တောင်းပန်မှုကို လက်ခံတယ်” ဝမ်ဝူချန်က သူ အမှန်တကယ် လေးနက်လား၊ မလေးနက်လား မသိပေ။

“ ကျွန်တော် နောက်ထပ် ထပ်ပြီး လုပ်လို့ရသေးလား”

ယခုတွင် သူက သိသွားလေပြီ။

“ ဘယ်လိုဖြစ်ဖြစ်”

“ တခြားသူတွေကို မပြောနဲ့နော်။ ဘိုးဘေးက ကျွန်တော် သဘောအကျရဆုံး ဘိုးဘေးပဲ”

ဝမ်ဝူချန်က ထိုကောင်လေး၏ ချီးမွမ်းစကားများအား လျစ်လျူရှုထားလိုက်ပြီး “ အဲဒါဆိုတော့ ငါ့ကို ဘာလို့ ဆက်သွယ်လိုက်တာလဲ”

“ ရီထွေ့ကျစ်ကို ခေါ်သွားတဲ့သူက ဘယ်လောက်အားကောင်းလဲ”

“ သူက အဆင့် (၃) တာအိုဘိုးလေးလောက်ပေါ့”

“ ရှင်းပြပေးပါဦး”

“ မင်းက လျှို့ဝှက်မှတ်တမ်းခန်းမှာ စာအုပ်တွေ မဖတ်ဘူးလား”

“ ကျွန်တော်က အလုပ်များနေတော့ မပြီးသေးဘူး။ ပြီးတော့ မသေမျိုးအဆင့် အချက်အလက်နဲ့ ပတ်သက်လာတဲ့အခါ အဲဒါက အများကြီးက ဝေဝါးနေတာလေ”

“ တခြားလမ်းစဉ်တွေလိုပဲ။ တာအိုလမ်းစဉ်က အင်အားအရ ပြန်ပြီးတော့ ခွဲခြားထားတယ်။ ဧကရာဇ်နဲ့ တာအိုဘိုးဘေးရဲ့ ကွဲပြားချက်ကို သိလား”

“ ဧကရာဇ်က မဟာတာအိုအရင်းမြစ်ကို ထိန်းချုပ်နိုင်ပြီးတော့ နောက်တစ်ယောက်က စွမ်းအားကို ငှားယူနိုင်တာမလား”

“ ဟုတ်တယ်။ ဒါပေမဲ့ သဘောတရားအရ အဲဒါက အမှန် မဟုတ်သေးဘူး။ တာအိုဘိုးဘေးတွေက မဟာတာအိုအရင်းအမြစ်ကို လေး ရာခိုင်နှုန်းအထိ ထိန်းချုပ်နိုင်ကြတယ်”

ဝမ်ဝေ့က ထိုအရာကို ကြားပြီး တစ်စုံတစ်ခုကို တွေးမိသွားကာ အကြည့်များက လင်းလက်တောက်ပလာသည်။

“ လူများစွာက မဟာကမ္ဘာဆီသွားပြီး တာအိုဘိုးဘေးမဖြစ်တဲ့ အကြောင်းအရင်းက နှစ်ခု ရှိတယ်။ ပထမတစ်ခုက မသေမျိုး စမ်းသပ်ချက်က အလွန်ခက်ခဲလို့ပဲ။ ဒုတိယအချက်က အဲဒီနည်းလမ်းက အားအနည်းဆုံး တာအိုဘိုးဘေးဖြစ်တဲ့ အဆင့်(၁) တာအိုဘိုးဘေးကိုပဲ ဖန်တီးပေးနိုင်တယ်။

အဲဒီတာအိုပုဂ္ဂိုလ်တွေက မဟာတာအိုအရင်းအမြစ်ကို ထိန်းချုပ်နိုင်စွမ်း မရှိဘူး။ ခြွင်းချက်တွေတော့ ရှိပေမဲ့ ရှားပါးတယ်။ အခု မဟာဧကရာဇ်တွေက တစ်စုံတစ်ယောက်အတွက် မျိုးစေ့ကို သန့်စင်ပေးမယ်ဆိုရင် သူတို့က နားလည်ဖို့ မဟာတာအိုအရင်းအမြစ်ကို ရရှိနိုင်ပြီးတော့ ၄ ရာခိုင်နှုန်းအထိ ထိန်းချုပ်နိုင်တယ်။ ရာခိုင်နှုန်းမြင့်လေလေ သူတို့ရဲ့ အဆင့်က ပိုမြင့်လေလေပေါ့”

“ အဲဒါဆိုတော့ ဒီလူက ၂ ရာခိုင်နှုန်းပဲ ထိန်းချုပ်နိုင်တာလား”

“ ဟုတ်တယ်။ ၂ ရာခိုင်နှုန်းပဲ … သူ့ရဲ့ အတွင်းကမ္ဘာကို အသုံးပြုပြီး မဟာတာအိုအရင်းအမြစ်နဲ့ သဟဇာတဖြစ်ပြီးတော့ စွမ်းအားကို ငှားယူနိုင်တယ်။”

“ တကယ်ကို အံ့ဩစရာပဲ ဘိုးဘေး။ ဘိုးဘေးရဲ့ အဆင့်ကရော”

“ ငါက အဆင့် ၅ တာအိုဘိုးဘေးပဲ။ အဲဒီအဆင့် မရှိဘူးဆိုရင် ဆန့်ကျင် တာအိုဘိုးဘေးဖြစ်ဖို့ ခက်ခဲတယ်”

“ အဲဒါက အဓိပ္ပာယ်တော့ ရှိသား။ ပွင့်ချပ်ကိုးလွှာ ထာဝရအရှင်က တာအိုဘိုးဘေးတချို့နဲ့ တိုက်ခိုက်နိုင်တယ်လို့ ပြောဖူးတာကို မှတ်မိတယ်”

“ ဟုတ်တယ်။ တချို့က အဆင့် တစ် ကနေ အဆင့် နှစ် အထိ တိုက်ခိုက်နိုင်ကြတယ်”

ဝမ်ဝေ့က တစ်စုံတစ်ခုကို တွေးမိသည့်အတွက် မျက်မှောင်ကြုတ်ကာ “ အားအနည်းဆုံး တတိယတန်းစား ဧကရာဇ်က မဟာတာအိုအရင်းအမြစ်ကို ၅ ရာခိုင်နှုန်းပဲ ထိန်းချုပ်နိုင်တာလေ။ ဘိုးဘေးပြောသလိုဆိုရင် အဆင့် ၅ တာအိုဘိုးဘေးရဲ့ စွမ်းအားက စိတ်ကူးကြည့်လို့ရမှာ မဟုတ်ဘူး။ ကွာဟချက်က အဲ့လောက်တောင် ကြီးမားလို့လား”

“ မင်း မသိပါဘူးကွာ” ဝူချန်က သက်ပြင်းချကာ ပြောလိုက်သည်။

“ မဟာတာအိုအရင်းအမြစ်ကို ၄.၉ ရာခိုင်နှုန်းအထိ ထိန်းချုပ်နိုင်တဲ့ ပြိုင်ဘက်ကင်း ပါရမီရှင်တစ်ယောက်ကို တွေ့ဖူးတယ်။ ဒါပေမဲ့ အဆင့်နိမ့် တတိယတန်းစား ဧကရာဇ်ရှေ့မှာ သူက တိုက်ကွက်ရာချီ တိုက်ပြီးတဲ့နောက်မှာ ထွက်ပြေးရုံပဲ တတ်နိုင်တယ်။ နောက်ပိုင်း သူ ဝန်ခံခဲ့တာက ဧကရာဇ်က သူ့ကို သတ်ဖို့တောင် မကြိုးစားခဲ့ဖူးတဲ့။ အဲဒီ ၀.၁ ရာခိုင်နှုန်းက တကယ်ကို အိပ်မက်ဆိုးပဲ”

“ မိုးမြေက အားလုံးကို ခွေးလို ဆက်ဆံတယ်ဆိုတဲ့ စကားပုံ ရှိတယ်မလား။ ဒိုင်မေးရှင်းအမြင့်မှာ မဟာဧကရာဇ်တွေက ပုရွက်ဆိတ်ကြီးကြီးလောက်ပဲ ရှိတယ်လေ။ တခြားမသေမျိုး အင်အားစုပုဂ္ဂိုလ်တွေအကြောင်း မပြောနဲ့ဦး” ဝမ်ဝေ့က တည်ငြိမ်စွာ ပြောလိုက်သည်။

“ အဲလိုဖြစ်နိုင်ပါတယ်” ဝမ်ဝူချန်က ပြန်ဖြေလိုက်၏ “ အဲဒီအကြောင်းကို မပြောနဲ့တော့။ ငါ မင်းအကြောင်းကို သိထားသလောက် မင်းက ရီထွေ့ကျစ်ကို အကြောင်းအရင်းတစ်ခုခုကြောင့် အသက်ရှင်ခွင့်ပေးလိုက်တာ နေမှာ။ မင်း အစီအစဉ်က ဘယ်လိုလဲ”

***

All Chapters