နတ်ဆိုးအထွတ်အထိပ်ကမ္ဘာ
Vol. 39 Ch. 541
ဝမ်ဝေ့က ဝမ်ဝူချန်အား နတ်ဆိုးအထွတ်အထိပ်ကမ္ဘာအကြောင်းအပြင် ရီထွေ့ကျစ်ကို သတ်ခဲ့လျှင် ဖြစ်လာနိုင်သည့် သူ့ စိုးရိမ်ပူပန်မှုများအကြောင်းကို ပြောပြလိုက်၏။
“ မင်း ကောင်းကောင်းလုပ်ခဲ့တယ်။ ငါတို့ဂိုဏ်းက အားကောင်းတယ်ဆိုပေမဲ့ ရန်သူတွေ ထပ်ပြီးတော့ ဖန်တီးစရာမလိုဘူး”
ဤသည်က ဝမ်ဝေ့ ခံစားရသလိုသာဖြစ်၏။ သူက ခေါင်းညိတ်လိုက်ကာ “ ဒါနဲ့လေ ကျွန်တော်တို့က နတ်ဆိုးအထွတ်အထိပ်ကမ္ဘာကို ရင်ဆိုင်ဖို့ ဘယ်လောက်ထိ လုပ်နိုင်တုန်း”
ဝမ်ဝူချန်က ခေတ္တမျှတွေးလိုက်ပြီးနောက် “ တကယ်လို့ သူတို့ကမ္ဘာမှာ ပုန်းအောင်းနေတဲ့ ထာဝရဧကရာဇ်တစ်ယောက်ရှိမယ်ဆိုရင် ငါတို့က ကြာကြာအသက်ရှင်မှာ မဟုတ်ဘူး။ အဲလိုသာ မဟုတ်ဘူးဆိုရင်တော့ ငါတို့က အရိပ်(၁)နဲ့ အရိပ်(၂)နဲ့အတူ ထွက်ပြေးပုန်းအောင်းလို့ရတယ်။ အဲဒီနောက် အားအကောင်းဆုံး နတ်ဆိုးမျိုးနွယ်ကို နည်းဗျူဟာကျကျ ဖြေရှင်းလိုက်ပြီးတော့ ဒီတိုက်ပွဲကို အနိုင်ယူနိုင်တယ်”
“ ထာဝရဧကရာဇ်လား။ ဒီဟာက အပြောင်းအလဲ ဖြစ်နေနိုင်တာပဲ”
“ မင်းရော တစ်ခုခု စီစဉ်ထားလား”
“ ရီထွေ့ကျစ်က သေရမယ်”
ဝမ်ဝေ့က သူ့အား ဒဏ်ရာပေးလိုက်ရုံမျှဖြစ်ပြီး မသတ်ခဲ့ပေ။ အကြောင်းမှာ ထိုလူ ဖြစ်လာနိုင်သည့် အန္တရာယ်ကြောင့် ဖြစ်၏။ ရီထွေ့ကျစ်၏ စွမ်းဆောင်ရည်ဖြင့် သူက တာအိုအရင်းအမြစ်မျိုးစေ့စွမ်းအားပါလျှင်ပင် တာအိုကို သက်သေပြနိုင်ချေမြင့်မားသည်။
ဝမ်ဝေ့နှင့် မတူညီဘဲ ကျားနတ်ဆိုးသည် လက်တုံ့ပြန်ဖို့ ပြန်လာလိမ့်မည်မှန်း မှန်းဆထားသည်။ ထို့ကြောင့် သူက ဤအန္တရာယ်အား ဖယ်ရှားရမည်။
“ မင်း တစ်ခုခုလိုသေးလား”
“ ကျွန်တော် ဧကရာဇ်အဆင့် အင်အားစုတွေ ကျွန်တော်ကို နောက်ယောင်ခံလိုက်တာကနေ ကာကွယ်ဖို့ အဆောင်တစ်ခု လိုတယ်။ ပြီးတော့ တာအိုဘိုးဘေးတွေကို သတ်နိုင်မဲ့ အဆောင်တချို့လည်း လိုသေးတယ်”
“ ကောင်းပြီ။ ငါ့ကို ရက်အနည်းငယ် အချိန်ပေး။ အားလုံး ယူလာခဲ့မယ်”
“ ကောင်းပြီ။ ဒီပြိုင်ပွဲက နောက်တစ်လအထိ စဦးမှာ မဟုတ်ဘူး”
ဝမ်ဝူချန်က ထွက်သွားပြီးနောက် ဝမ်ဝေ့ကမူ ရီထွေ့ကျစ်ဆီမှ ယူထားသည့် ဝိညာဉ်အမှတ်အသားကို သန့်စင်လိုက်ပြီး သူ့ဝိညာဉ်ကွန်ယက်အား နတ်ဆိုးအထွတ်အထိပ် ကမ္ဘာ့အသိုက်အဝန်းထိ ဖြန့်ကျက်လိုက်သည်။ ထို့နောက် သူက အရာများစွာကို မှတ်သားထားသည့် အဆောင်တစ်ခုကို ထုတ်ယူလိုက်သည်။ အရေးအကြီးဆုံးက ချူးလော့ ရေရွတ်ထားသည့် တစ်စုံတစ် ခုဖြစ်၏။
“ နဝမအဆုံးစွန်အုတ်မြစ်ရဲ့ အစဉ်အလာမဟုတ်တဲ့ နည်းလမ်း”
တိုက်ပွဲမတိုင်ခင်ကတည်းက ဝမ်ဝေ့က အားလုံးကို လေ့လာစောင့်ကြည့်ဖို့ အစီအရင် အဖျက်ကောင်များကို ဖြန့်ကျက်ထားခဲ့သည်။ သူက ကောင်းကင်ရွေးချယ်ခံများ၏ အရှိန်အဝါ၊ စည်းမျဉ်းအတက်အကျ၊ စိတ်ခံစားချက်နှင့် စကားလုံးများအထိ တိတ်တဆိတ် မှတ်တမ်းတင်ထားခဲ့သည်။ သူက ထိုအဖျက်ကောင်များအား သူတို့၏ ခန္ဓာကိုယ်အတွင်း မထည့်သွင်းသည်မှာ သူက ထိုအစီအရင် အဖျက်ကောင်များကို အများအပြား အသုံးပြုလိုက်လျှင် ကောင်းကင်တာအိုက သတိထားမိသွားဖို့ရာ အချိန်တစ်ခုသာ ကြာမြင့်လိမ့်မည်။ ထိုအခါ မဟာတာအိုကပါ သူ့အား သတိထားမိလာလိမ့်မည်။
“ နဝမအဆုံးစွန်အုတ်မြစ် အစဉ်အလာ မဟုတ်တဲ့နည်းလမ်း” ဝမ်ဝေ့က ရေရွတ်လိုက်ပြီးနောက် သူ့ကံကြမ္မာစည်းမျဉ်းအား အသုံးပြုကာ မိုးမြေ၏ လျှို့ဝှက်ချက်များအား တွက်ချက်ကြည့်လိုက်သည်။ သူက ထိုလမ်းစဉ်အပေါ် လျှောက်လှမ်းထားပြီးသားဖြစ်၍ နဝမအဆုံးစွန်အုတ်မြစ်နှင့် ပတ်သက်လာသည့်အခါ ခုခံမှုများကို မကြုံတွေ့ခဲ့ရပေ။
ကြည့်ရတာ ငါက လူဝင်စားတွေရဲ့ ပင်ကိုပစ္စည်းတွေကနေ ငြင်းပယ်မှုကို စိတ်ပူစရာ မလိုဘူးပဲ…
သူ့ဂမ္ဘီရမှ သူသည် လူဝင်စားများ၏ ပင်ကိုပစ္စည်းများသည် အစစ်အမှန်စွမ်းအားအဖြစ် ပြောင်းလဲသွားပြီး သူ့ ပင်မခန္ဓာကိုယ်အား အားဖြည့်ပေးလိမ့်မည်မှန်း သိထားသည်။
ထို့ကြောင့် သူက ငြင်းပယ်ခြင်း၊ ခုခံခြင်းတို့အား စိတ်ပူစရာ မလိုအပ်ပေ။
“ တစ်ယောက်ယောက်သာ တားမြစ်ခံ စစ်ဆေးမှုကို အောင်မြင်သွားတာနဲ့ သူတို့က အခွင့်အရေးမြောက်များစွာ ရလိုက်တာပဲ”
အကယ်၍ သူ့စစ်ဆေးမှုက လင်းဖန်၏ စစ်ဆေးမှုထက် အရင်ဖြစ်နေပါက သူသည် တည်ရှိမှုနှင့် ပတ်သက်ပြီး တစ်စုံတစ်ခုကို နားလည်ဖို့ အခွင့်အရေးရလာမည် မဟုတ်သည့်အတွက် နဝမအဆုံးစွန် အုတ်မြစ်၏ အစဉ်အလာ မဟုတ်သည့် နည်းလမ်းကို လျှောက်လှမ်းနိုင်မည် မဟုတ်ပေ။
သူ့နားလည်နိုင်စွမ်းဖြင့်ပင် သင့်တော်သည့် အခွင့်အရေး မရှိဘဲ သူက အောင်မြင်မည် မဟုတ်ပေ။ ဤသည်က အားကောင်းသည့် ကျင့်ကြံသူတစ်ယောက်အတွက် ကံကောင်းမှုသည်လည်း အခြေခံကျနေသည့် အကြောင်းအရင်းတစ်ချက် ဖြစ်၏။
နောက်ဆုံးတွင် သူက ထိုလူများ၏ သတင်းအချက်အလက်များကို ပြန်လည်ကြည့်ရှုပြီးနောက် ဘိုးဘေးဝမ်ဝူချန်နှင့်တွေ့ဆုံလိုက်သည်။
ဝမ်ဝေ့က လည်ဆွဲတစ်ခုနှင့်အတူ ကျောက်စိမ်းအဆောင်များစွာ ရရှိလိုက်၏။
“ အရိပ်(၁)က မင်းအတွက် အဆောင်တစ်ခုကို ဖန်တီးပေးထားပြီးတော့ သူ့ရဲ့ ပင်ကိုဟွင်သွမ်းရတနာကို ငှားပေးလိုက်တယ်။ အဓိကက ငှားလိုက်တာဆိုတော့ မင်း ပြန်ပေးရမယ်”
“ ငှားတဲ့အပေါ် ဘာလို့ အာရုံစိုက်နေတာတုန်း”
“ မင်းလို အရှက်မဲ့ပုံနဲ့ဆိုရင် မင်းက သိမ်းယူလိုက်မယ်ဆိုရင်တောင် အံ့ဩစရာ မရှိဘူး။”
ဝမ်ဝေ့၏ နှုတ်ခမ်းများက တွန့်ချိုးသွားသော်လည်း ပြန်လည်မချေပတော့ပေ။
“ အဲဒါဆို ဒါက ဘာလုပ်ပေးနိုင်မှာလဲ”
“ မင်းရဲ့ ကံကြမ္မာမဲ့ အနေအထားနဲ့ဆိုရင် ထာဝရဧကရာဇ်ဆီကနေ အချိန်တစ်ခုစာလောက်တော့ ပုန်းအောင်းနိုင်တယ်။ တကယ်လို့ မင်းက အဲဒီအဆင့် တစ်ယောက်ယောက်က မင်းအနောက်ကို နောက်ယောင်ခံလိုက်မယ်ဆိုတာကို ခံစားမိတာနဲ့ အားလုံးကို စွန့်ပစ်ပြီးတော့ ပြန်ဆုတ်ခဲ့”
“ အဲဒါဆို အဆင်ပြေပါတယ်။ ကျွန်တော် ရီထွေ့ကျစ်ဆီက သိထားသလောက် နတ်ဆိုးအထွတ်အထိပ်ကမ္ဘာမှာ ထာဝရဧကရာဇ်သုံးပါးပဲ ရှိတယ်။ သူတို့အားလုံးက ထွက်သွားလောက်ပြီ။ ဘာပဲဖြစ်ဖြစ် ကျွန်တော် ဂရုစိုက်ပါမယ်”
“ မင်း ဂရုစိုက်တာက ငါ့ကို စိတ်အေးစေတယ်”
ဝမ်ဝေ့က သီးသန့်ကျင့်ကြံရေးထဲ ပြန်လည်ဝင်ရောက်လိုက်ပြီးနောက် ဝိညာဉ်ကွန်ယက်ကို အသက်သွင်းလိုက်သည်။ ဤတစ်ကြိမ် သူက သူ့ရှေ့တွင် မျောလွင့်နေသည့် ခရမ်းရောင်သတ္တုသုံးလုံးကို မြင်လိုက်ရ၏။
ထိုအရာက အသင်္ချေအင်ပါယာကမ္ဘာ၊ သိုင်းပညာအထွတ်အထိပ်ကမ္ဘာနှင့် နတ်ဆိုးအထွတ်အထိပ်ကမ္ဘာတို့ ဖြစ်ကြသည်။
ဝမ်ဝေ့က ကွန်ယက်အသစ်ကို ရွေးချယ်လိုက်ပြီး သူ ဆက်နွယ်နိုင်မည့် ဝိညာဉ်များ၏ သတင်းအချက်အလက်များကို ရယူလိုက်သည်။ ထို့နောက် သူက ပုံရိပ်ယောင်ကို စေလွှတ်ဖို့ ကြုံရာကျပန်းနေရာတစ်ခုသို့ ရွေးချယ်လိုက်သည်။
သူ ပထမဆုံး သတိထားမိသည်က ကောင်းကင်အထိ မြင့်တက်နေသည့် သစ်ပင်အမြင့်ကြီးများ ဖြစ်၏။ သူ ကြည့်လိုက်သည့်နေရာတိုင်း သို့မဟုတ် အံ့ဖွယ်အသိစိတ်ဖြင့် အာရုံခံမိသည့်နေရာတိုင်းက တောအုပ်များ၊ တောင်တန်းများ၊ မြစ်များနှင့် လယ်ကွင်းများဖြစ်နေသည့်အတွက် တစ်ကမ္ဘာလုံးက သဘာဝတရားဖြင့် လွှမ်းခြုံထားသလို ဖြစ်နေသည်။
ဝမ်ဝေ့က သစ်ပင်များကို ကြည့်ရင်း နတ်ဆိုးမျိုးနွယ်သည် ထိုသစ်ပင်များပေါ်တွင် နေထိုင်ကြကြောင်း သိလိုက်သည်။ ဤကမ္ဘာ၏ သမိုင်းကြောင်းက အသင်္ချေအင်ပါယာကမ္ဘာ လွှမ်းမိုးခံရသည့် တူညီချက်မျိုး ရှိ၏။
ဤသည်က ပင်ကို-ဟော်သဲ့ စစ်ပွဲဖြစ်စေခဲ့သည့် ဗလာခေတ်ကာလလည်း ဖြစ်ပေသည်။ ထို့နောက် ကျင့်ကြံသူများက ယဉ်ကျေးမှုအသိုင်းအဝိုင်းကို ပြန်လည်တည်ဆောက်ခဲ့ပြီး နတ်ဆိုးများက ထိုခေတ်ကာလကို စတင်ခြင်း ခေတ်ကာလဟု ခေါ်ကြသည်။
ထိုခေတ်ကာလအတွင်း နတ်ဆိုးနှင့် လူသားများက တစ်ယောက်နှင့်တစ်ယောက် ယှဉ်ပြိုင်ကာ ကမ္ဘာ၏ ဇာတ်လိုက်ဖြစ်လာဖို့ လုပ်ဆောင်ကြသည်။ ထိုတိုက်ပွဲက မျှတနေပြီး လူသားတစ်ယောက်က ဗောဒိသစ်ပင်အောက်တွင် ဉာဏ်အလင်းပွင့်ခဲ့ပြီး ဗုဒ္ဓ ဖြစ်မလာနိုင်ခင်အထိ ဖြစ်၏။
ထိုသူက တာအိုကို သက်သေပြကာ သူ့ဘာသာရေးကို ဖြန့်ကျက်ခဲ့ပြီး လူသားများက နတ်ဆိုးများကို ဖိနှိပ်သည့် မျိုးစိတ် ဖြစ်လာခဲ့သည်။ နတ်ဆိုးများက ထိုခေတ်ကာလကို အမှောင်ခေတ်ကာလဟု ခေါ်ပြီး သူတို့၏ မျိုးနွယ်အတွက် အရှက်ရဖွယ် အချိန်ကာလတစ်ခုလည်း ဖြစ်ခဲ့၏။
သို့သော်လည်း ဝမ်ဝေ့ သိထားသည်က ထိုအရာက အမှန်တရား မဟုတ်ပေ။ ရီထွေ့ကျစ်ဆီမှ ဗုဒ္ဓဘာသာ ကျင့်ကြံသူများသည် အေးချမ်းပြီး နတ်ဆိုးမျိုးနွယ်အား လူသား အသားကို မစားသရွေ့ လွှတ်ပေးထားကြသည်။
နတ်ဆိုးများစွာက ဗုဒ္ဓဘာသာအဖြစ် ပြောင်းလဲပြီး နိဗ္ဗာန်လမ်းစဉ်သို့ လျှောက်လှမ်းကြသည်။ သို့သော်လည်း အမှောင်ခေတ်ကာလက အကြွင်းမဲ့စတင်ခြင်း ဧကရာဇ်က မဟာဗုဒ္ဓဘာသာ ကပ်ဘေးကို ဖန်တီးပြီးသည့်နောက်တွင် အဆုံးသတ်သွားလေသည်။
ထို့နောက် နတ်ဆိုးမျိုးနွယ်ဘက်မှ ပထမဦးဆုံး ထာဝရဧကရာဇ် ပေါ်ထွက်လာခဲ့သည်။ ထိုလူက လူသားများအပေါ် နက်နက်ရှိုင်းရှိုင်း မုန်းတီးနေလေ၏။ သူက ထိုလူသားမျိုးနွယ်၏ ၉၀ ရာခိုင်နှုန်းကို ဖျက်ဆီးပစ်ခဲ့ပြီး ကျန်သည့် ဆယ်ရာခိုင်နှုန်းကို ကျွန်ပြုခဲ့သည်။ သူက သမိုင်းကြောင်းကို ပြန်လည်ရေးသားခဲ့ပြီး အမှောင်ခေတ်ကာလအတွင်း လူသားများ ဖန်တီးခဲ့သည့် ကြမ်းကြုတ်မှုများကို အယုံသွင်းခဲ့သည်။
ထာဝရဧကရာဇ်က ယခုအထိ တည်ရှိသည့် အထွတ်အထိပ်ခေတ်ကာလကို တည်ထောင်ခဲ့၏။
…………………
ဝမ်ဝေ့၏ ပုံရိပ်ယောင်က ခွေးနှင့်တူသည့် နတ်ဆိုးအုပ်စုရှိသည့် မြေအောက်သို့ ရောက်လာခဲ့လိုက်သည်။ ထိုခွေးနတ်ဆိုးများက လူသားများကို စောင့်ကြည့်နေ၏။
ဖြန်း
“ မင်းက အလုပ်လုပ်တာ နှေးလွန်းတယ်” လူသားအသွင် ခွေးနတ်ဆိုးက အသက်၈၀အရွယ် ရှိဟန်ပေါ်သည့် လူအိုကြီးအား ရိုက်နှက်နေ၏။ ထိုသူက စုတ်တီးစုတ်ပြတ် အဝတ်များ ဝတ်ဆင်ထားသည်။ ထိုလူကြီးက မြေကြီးပေါ်လဲကျသွားပြီး နောက်ကျောအထက်တွင် သွေးများထွက်လာပြီး နာကျင်မှု ပြင်းထန်လွန်းလှသော်လည်း သူက မျက်လုံးများက ထုံထိုင်းနေသကဲ့သို့ ဘာမှပြန်မပြောပေ။
ထို့နောက် သူက တတ်နိုင်သမျှအားဖြင့် မတ်တပ်ရပ်ဖို့ ကြိုးစားလိုက်သည်။ နှမြောစရာကောင်းလှသည်က သူ့စိတ်က အလိုရှိသော်လည်း ခန္ဓာကိုယ်က မလိုက်နိုင်ပေ။
“ မင်းက ပျင်းနေတာလား” ခွေးနတ်ဆိုးက ထပ်မံ ရိုက်နှက်လိုက်ပြန်သည်။
လူအိုကြီးက မြေကြီးပေါ်လဲကျသွားပြီး မလှုပ်နိုင်တော့ပေ။ သူက နတ်ဆိုးအား ကြည့်နေရင်း သူ့မျက်ဝန်းများက ထုံထိုင်းကာ မလှုပ်မယှက် ဖြစ်နေသည်။
“ ဘာကြည့်နေတာတုန်း ရွံစရာကောင်းတဲ့ လူသား”
ဖြန်း ဖြန်း ဖြန်း
ခွေးနတ်ဆိုးက ထိုသူ့မျက်ဝန်းမှ အသက်ဓာတ်ထွက်သွားသည်အထိ ရိုက်နှက်လိုက်သည်။ နောက်ထပ် ခွေးနတ်ဆိုးတစ်ကောင်က ရောက်လာပြီး ထိုလူအား ကြည့်ကာ “ အဖွဲ့ခေါင်းဆောင် ကျီကို့က ကျွန်တွေကို မြန်မြန်ဆန်ဆန်သတ်နေတာပဲ။ မျိုးနွယ်က အပြစ်ပြောကြလိမ့်မယ်”
“ ဒီလူသားတွေက ယုန်မျိုးနွယ်ထက်တောင် မျိုးပွားတာ မြန်သေးတယ်။ သူတို့ကို အစားထိုးဖို့ အများကြီး ရှိမှာပဲ”
ဒုခေါင်းဆောင်က ခေါင်းခါလိုက်ပြီး “ ကျွန်တော်တို့ အခု ဘာလုပ်ကြမလဲ”
“ အဲဒီလူသားက ကလေးရှိတယ် မဟုတ်ဘူးလား”
“ ရှိတယ်။ ဒါပေမဲ့ ကျန်နေတဲ့ တစ်ယောက်က ဆယ်နှစ်ပဲ ရှိသေးတယ်”
“ အလုပ်လုပ်ဖို့ အသက်ကြီးနေပြီ။ သူ့ကို ခေါ်ခဲ့”
ဆယ်နှစ်အရွယ် အာဟာရပြတ်လပ်နေသည့် ကလေးတစ်ယောက် ပေါ်ထွက်လာ၏။ သူက သူ့အဖေ၏ အလောင်းအား ကြည့်ကာ ခန္ဓာကိုယ်က တုန်တုန်ယင်ယင် ဖြစ်သွားသည်။ သူ့မျက်ဝန်းမှ မျက်ရည်များ စီးကျလာသော်လည်း သူ့ကိုယ်သူ အလျင်အမြန် ထိန်းချုပ်လိုက်၏။ သူက သူ့အဖေ၏ ပေါက်ချွန်းကို မကာ စကားတစ်ခွန်းမှမပြောဘဲ မိုင်းတွင်း တူးတော့သည်။
ဝမ်ဝေ့က ထိုလူအိုကြီးအား ကြည့်နေလေ၏။ ထိုလူ၏ သွင်ပြင်အရ ဖြစ်နေသော်လည်း သူသည် ၄၀လောက်သာ ရှိသေးကြောင်း သိလိုက်သည်။ သူက ဘာမှမပြောဘဲ ရွာငယ်လေးဆီ ကူးပြောင်းသွားလိုက်၏။
အိမ်တချို့ထဲတွင် နတ်ဆိုးအယောက် ၄၀ကျော်က အိမ်တစ်အိမ်စီရှေ့တွင် စောင့်ဆိုင်းနေလေသည်။ ဝမ်ဝေ့က အနီးဆုံးကို ကြည့်လိုက်သည့်အခါ ပုရွက်ဆိတ်နတ်ဆိုးက အိမ်ထဲမှ ထွက်လာပြီး သူ့ဘောင်းဘီအား ဆွဲတင်ကာ အဝတ်ကို ခါးပတ်အဖြစ် ပတ်လိုက်သည်။
“ ဘယ်လိုလဲ” တန်းစီနေသည့် ဝံပုလွေနတ်ဆိုးက မေးလိုက်၏။
“ ကောင်းတယ်”
ဝံပုလွေနတ်ဆိုးက အားပါးတရ ရယ်မောလိုက်ပြီးနောက် သူ့နောက်မှ လူများကလည်း လိုက်ပြီး ရယ်မောလိုက်ကြသည်။
ကိုယ်ပျောက်နေသည့် ဝမ်ဝေ့က အိမ်ကို ကြည့်လိုက်သည့်အခါ ကုတင်ပေါ်တွင် စိတ်ပျက်မှုအပြည့်ဖြင့် ကိုယ်လုံးတီး လဲလျောင်းနေသည့် လူသားအမျိုးသမီးကို တွေ့လိုက်ရသည်။ သူက သူမ၏ ကံဆိုးမှုများကို အဆုံးသတ်ပေးဖို့ တစ်ယောက်ယောက်အား တောင်းဆိုနေဟန်ပေါ်သည်။
ဝမ်ဝေ့က တခြားနေရာသို့ ထိုနေရာက လူသားများ ပြည့်နေသည့် မြို့တစ်ခု ဖြစ်၏။ သူက ဆင်နတ်ဆိုးရှေ့ ဒူးထောက်နေသည့် လူသားအား ကြည့်ကာ တခြားသူများနှင့် နှိုင်းယှဉ်လိုက်သည်။ ထိုလူ၏ အဝတ်အစားက သူ မြင်တွေ့ဖူးသည့် အရာများထက် ပိုကောင်းနေလေ၏။
“ ငါ ပေးတဲ့ အလုပ်ပြီးပြီလား” ဆင်နတ်ဆိုးက မေးလိုက်သည်။
“ ပြီးပါပြီ။ ကျွန်တော် သခင်ရဲ့ ပွဲအခမ်းအနားအတွက် လူသားအယောက် နှစ်သိန်းကို ရွေးချယ်ထားပါတယ်”
“ သေသေချာချာ ရွေးချယ်ထားရဲ့လား”
“ သေချာရွေးချယ်ထားပြီးတော့ အစာကျွေးထားပါတယ်။ ပြီးတော့ ကျင့်ကြံရေး ပါရမီမြင့်ပြီးတော့ ထူးခြားတဲ့ သွေးမျိုးဆက်ရှိတဲ့သူတွေကိုတောင် ရွေးချယ်ထားပါတယ်။ သခင်က ဒီအစားအစာနဲ့ ပတ်သက်ပြီး ကျေနပ်မှာပါ”
ဆင်က ခေါင်းညိတ်လိုက်ပြီးနောက် ရွေးချယ်ထားသည့် လူများအား စစ်ဆေးကြည့်လိုက်သည်။ သူက တိတ်တဆိတ် ခေါင်းခါလိုက်၏။
ကျင့်ကြံဆင့်ရှိတဲ့သူလို့ မရှိဘူး။ သူတို့က အရသာအရှိဆုံးပဲ။ ဒီလိုနေရာမျိုးက ဘာများ မျှော်လင့်နေရမှာလဲ…
ထို့နောက် သူက သိုလှောင်လက်စွပ်အတွင်း ထိုအယောက်နှစ်သိန်းအား ထည့်သိမ်းလိုက်သည်။ ထိုဖြစ်စဉ်တစ်ခုလုံးအတွင်း မြို့အရှင်က ပြုံးလျက်သာ ရှိနေ၏။
ဝမ်ဝေ့က တည်တည်ငြိမ်ငြိမ် ကြည့်လိုက်ပြီးနောက် တခြားနေရာသို့ သွားလိုက်သည်။ ထိုနေရာက နတ်ဆိုးကလေးများ စာသင်ပေးနေသည့် ကျောင်းတစ်ခု ဖြစ်၏။
ခြင်္သေ့နတ်ဆိုးဖြစ်သည့် ဆရာက လူသားအသွင် ပြောင်းလဲထားလေသည်။ တခြားသူများနှင့် လူသားတစ်ပိုင်းအသွင် မဟုတ်ဘဲ အပြည့်အဝ လူသားအသွင် ပြောင်းလဲထားခြင်း ဖြစ်၏။
“ ကလေးတို့ မှတ်ထားကြ။ လူသားတွေက အတ္တကြီးတယ်။ သူတို့က အုပ်စိုးပြီး ဖျက်ဆီးဖို့ မွေးဖွားလာကြတာ။ အမှောင်ခေတ်ကာလတုန်းက သူတို့ရဲ့ လှုပ်ရှားမှုတွေကို ကြည့်ရင် သိနိုင်တယ်”
“ ဆရာ ကျွန်တော် အရင်တစ်ခေါက် လေ့လာရေးခရီးထွက်တုန်းက မြင်တုန်းက ကျွန်တော်တို့ကလည်း လူသားတွေနဲ့ အတူတူလုပ်နေတာ မဟုတ်ဘူးလား”
“ မဟုတ်ဘူး။ ဘယ်လိုလုပ်တူမှာလဲ။ လူသားတွေက အစကတည်းက ဆိုးဆိုးရွားရွား ပျက်စီးနေလို့ အဲ့လိုလုပ်ကြတာ။ သူတို့က ပြစ်မှုကျူးလွန်ရတာကို ကြိုက်တယ်။ ငါတို့လုပ်တာက ငါတို့မျိုးနွယ်ရယ်၊ ငါတို့ဘဝကို ကာကွယ်ရုံပဲ။ တကယ်လို့ ငါတို့သာ သူတို့ကို မြင့်တက်ခွင့်ပေးရင် ငါတို့က ဆိုးဆိုးရွားရွား ခံစားရလိမ့်မယ်”
“ ဆရာ ကျွန်တော် နားလည်ပါပြီ”
“ ကောင်းပြီ။ အခု မနေ့က အိမ်စာပြီးပြီလား”
ခြင်္သေ့နတ်ဆိုးက စာရွက်များအား စုစည်းကာ ပထမတစ်ခုကို ဖတ်ရှုလိုက်သည်။
“ ရှီကျားကျုံး ကောင်းတယ်။ နတ်ဆိုးအထွတ်အထိပ် မဟာမိတ်ကနေ ချီးမြှင့်ထားတဲ့စွမ်းအားနဲ့ မင်းကို အဖွဲ့အမှတ် တစ်ရာ ပေးမယ်။ ထပ်ပြီးကြိုးစားထား”
ထို့နောက် သူက နောက်ထပ် စာရွက်များကို ဖတ်ရှုလိုက်ပြီးနောက် ကလေးများအား အဖွဲ့အမှတ်များကို ပေးသည့်အတွက် တစ်ယောက်ချင်းစီက ပျော်ရွှင်လာကြသည်။ ထိုသို့ ငယ်ရွယ်စဉ်အချိန်ကတည်းက သူတို့သည် အမှတ်လုံလောက်ပါက သူတို့၏ အဆင့်အတန်းကို မြှင့်တင်နိုင်ပြီး အရင်းအမြစ်များ ရမည်ဖြစ်ကြောင်း သိထားလေသည်။ သူတို့၏ ဘဝကို ပိုမိုကောင်းမွန်အောင် ပြောင်းလဲနိုင်ကြ၏။
ဝမ်ဝေ့က တစ်ကမ္ဘာလုံးအနှံ့ ဖြန့်ကျက်ထားသည့် ထိုသို့သော ကျောင်းများကို လေ့လာလိုက်ပြီးနောက် နှာခေါင်းရှုံ့လိုက်သည်။
အထွတ်အထိပ်ခေတ်ကာလတဲ့လား။ ကောင်းပြီလေ။ တော်လှန်ရေး ခေတ်ကာလစကြတာပေါ့…
***