ပထမစစ်ဆေးမှု - ခန္ဓာကိုယ်
Vol. 39 Ch. 545
ဝမ်ဝူချန်က ထိုကောင်လေး ဂိုဏ်းဆီ ယူဆောင်လာသည့် ဧကရာဇ်အသုံးအဆောင် ပစ္စည်းအားလုံးကို တွေးမိလိုက်သည်။ အများစုက ဧကရာဇ်တစ်ပိုင်း အသုံးအဆောင်ပစ္စည်းများဖြစ်နေသော်လည်း ပစ္စည်းများက အဖိုးတန်နေဆဲ ဖြစ်၏။ မသေမျိုးပုဂ္ဂိုလ်များ၏ အလောင်း၊ အရင်းအမြစ်နှင့် ကံကောင်းမှုအကြောင်း ထည့်မပြောရသေးပေ။
တစ်ခါက သူသည် ထိုကောင်လေး၏ အရင်းအမြစ်စုဆောင်းနိုင်စွမ်းကို စမ်းသပ်ဖို့ ဆုံးဖြတ်ခဲ့သော်လည်း ထိုအဆင့်အထိ ရောက်လာလိမ့်မည်ဟု တစ်ခါမှ မတွေးခဲ့ဖူးပေ။ တစ်လအတွင်း သူက ကောင်းကင်အလိုဆန္ဒကမ္ဘာတစ်ခုလုံးကို ဖျက်ဆီးပြီး အားကောင်းသည့် မျိုးနွယ်အား ဒူးထောက်စေခဲ့သည်။
“ လုပ်နိုင်တယ်ဆိုတော့ ကိစ္စကြီးကြီးမားမားတော့ မဟုတ်ပါဘူး။ ဒီအစီအစဉ်ရဲ့ အောင်မြင်မှု အကြောင်းအရင်းက နတ်ဆိုးအထွတ်အထိပ်ကမ္ဘာရဲ့ အခြေအနေကြောင့်ပါပဲ” ဝမ်ဝေ့က အပြုံးလေးဖြင့် ရှင်းပြလိုက်သည်။
“ လူတော်တော်များများက ရက်ပိုင်းလေးနဲ့ ကမ္ဘာတစ်ခုလုံးရဲ့ အခြေအနေကို ဘယ်လိုသုံးသပ်နိုင်မှာလဲ။ ပြီးတော့ သူတို့ရဲ့ နှစ်သန်းထောင်ချီရှိနေတဲ့ သမိုင်းကြောင်းကိုရော။ ပြီးတော့ သူတို့ရဲ့ လူမှုအဖွဲ့အစည်း ဗဟိုချက်ကနေ ဖျက်ဆီးပစ်နိုင်မဲ့ နည်းလမ်းကိုရော ဘယ်သူက စဉ်းစားမိမှာလဲ။ ငါတောင် အဲလိုမလုပ်နိုင်လောက်ဘူး”
“ ကောင်းပြီ။ ကျွန်တော် နှိမ့်ချမနေတော့ဘူး။ ကျွန်တော်က တော်တယ်ဆိုတာ သိတယ်လေ” ဝမ်ဝေ့က ဂုဏ်ယူမှုအပြည့်ဖြင့် ပြောလိုက်သည်။
“ တော်တယ်တဲ့လား။ မင်းက အကျိုးအမြတ် ရှာတဲ့သူပဲ”
“ ကျွန်တော် ရီထွေ့ကျစ်ကို သတ်ပြီးတော့ အငြိုးတရားလည်း အဆုံးသတ်သွားပြီ။ အဲဒါကြောင့် လုပ်ဖို့လိုတာက ကောင်းကောင်းမွန်မွန် လျော်ကြေးယူဖို့ပဲ။ ပြီးတော့ သူတို့အပေါ် လျှော့ပေးထားတာလေ”
“ လျှော့ပေးထားတာတဲ့လား။ မင်းက နောက်ထပ် ဘာများလုပ်ဦးမလို့လဲ”
“ ကျွန်တော်က အထွေထွေသောင်းပြောင်းအရှင် ပြုလုပ်ထားတဲ့ တာအိုဘိုးဘေးရုပ်သေးရုပ်တချို့ကို သူတို့ဆီ ရောင်းချမလို့လေ။ ဒါပေမဲ့ သူတို့အတွက် သနားလာလို့ ရပ်လိုက်တာ”
ဝမ်ဝူချန်က ဆွံ့အသွားမိသည်။ သူက မည်သို့ပြန်ပြောရမှန်းပင် မသိတော့ပေ။
“ မင်းက ကုန်သည်ကောင်း ဖြစ်လာနိုင်တာပဲ။”
ဝမ်ဝေ့က ပြုံးလိုက်သည်။ အတိတ်ဘဝတွင် သူက စီးပွားရေးသမားဖြစ်သည့်အတွက် အခွင့်အရေး မည်သို့ယူရမည်မှန်း သို့မဟုတ် တစ်ဖက်လူကို မည်သို့ စိတ်ကျေနပ်အောင် လုပ်ရမည်မှန်း ကောင်းကောင်းသိထားသည်။
“ ဂိုဏ်းက ကျွန်တော့်လူဝင်စားတွေအားလုံးအတွက် ဟွင်သွမ်းရတနာတွေအကုန်လုံး ပို့လိုက်ပြီလား”
“ နှမြောစရာကောင်းတာက အဲလို မဖြစ်နိုင်ဘူး”
“ ပြဿနာရှိလို့လား” ဝမ်ဝေ့က မေးလိုက်သည်။
“ ငါတို့ဆီမှာ အရင်းအမြစ်ရှိပေမဲ့ သူတို့အားလုံးကို မင်းဆီမှာပဲ သုံးလို့ မဖြစ်ဘူးလေ။ အဲဒါဆိုတော့ မင်းကို လူဝင်စားသုံးယောက်အတွက် ဟွင်သွမ်းပစ္စည်းပေးဖို့ ဆုံးဖြတ်ထားတယ်။ ကျန်တာအတွက်တော့ ငါတို့မှာရှိတဲ့ အကောင်းဆုံး ဟွင်သွမ်းရတနာနဲ့ ယှဉ်နိုင်တဲ့ ဧကရာဇ်အသုံးအဆောင်တွေ ပေးလိမ့်မယ်”
ဝမ်ဝေ့က မျက်မှောင်ကြုတ်လိုက်ပြီး စဉ်းစားလိုက်သည်။ သူက အလျင်အမြန် သုံးသပ်ပြီးသည့်နောက်တွင် ထိုဆုံးဖြတ်ချက်သည် အဓိပ္ပာယ်ရှိကြောင်း သဘောပေါက်သွား၏။ ဟွင်သွမ်းရတနာများက ရှားပါးပြီး မဟာဧကရာဇ် ရှိရုံမျှဖြင့် ပျိုးထောင်နိုင်သည့် ဧကရာဇ်အသုံးအဆောင်ပစ္စည်းများလို မဟုတ်ပေ။
သူက အထွေထွေသောင်းပြောင်းအရှင်သည် သူ ဂိုဏ်းဆီ ယူဆောင်လာသည့် ဧကရာဇ်တစ်ပိုင်း အသုံးအဆောင်များအား ပေါင်းစပ်ပြီး အစစ်အမှန်ဧကရာဇ် အသုံးအဆောင်ပစ္စည်းအဖြစ် ပြောင်းလဲလိမ့်မည်ဟု သံသယရှိမိသည်။ ထို့ကြောင့် သူတို့က ဆုံးဖြတ်ချက်ကို လက်ခံလိုက်ခြင်းသာ ဖြစ်၏။
“ ကောင်းပြီ။ အဲဒါဆိုတော့ ကံကောင်းမှုက ဘယ်လိုလဲ။ အစီအစဉ်ရော ဘယ်လိုဖြစ်နေပြီလဲ”
“ ငါတို့ဂိုဏ်းရဲ့ ချီကံကောင်းမှုကို အာရုံခံမိတာ ကာကွယ်ဖို့ ဖြည်းဖြည်းချင်းပဲ ထည့်သွင်းဖို့ ဆုံးဖြတ်ထားတယ်။ ဒါပေမဲ့ နောက်ဆုံး ဆုံးဖြတ်ချက်က မင်းရဲ့ လက်ထဲမှာပဲ” ဝမ်ဝူချန်က ပြောလိုက်သည်။
“ အကြံကောင်းပဲ။ ကျွန်တော်က နတ်ဆိုးအထွတ်အထိပ်ကမ္ဘာက သဲလွန်စတွေကို ဖျောက်ဖျက်ခဲ့တယ်ဆိုပေမဲ့ သတိထားဖို့ လိုတယ်။ ကျွန်တော်ဓားရော ဘယ်မှာလဲ”
ဝမ်ဝူချန်က လက်ဝှေ့လိုက်ပြီးသည့်နောက်တွင် သူ့လက်ထဲတွင် လူသားကံကြမ္မာဓား ပေါ်ထွက်လာသည်။
“ လူတော်တော်များများက မင်းဆီကို ပြန်မပေးချင်ကြဘူး”
“ သူတို့က ဓားရဲ့အရေးပါမှုကို မြင်ထားမှတော့ ဒါက နားလည်လို့ရပါတယ်” ဝမ်ဝေ့က တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။
“ ဘာဖြစ်ဖြစ် မှားယွင်းတဲ့သူ လက်ထဲမရောက်ဖို့ ငါတို့တွေ စည်းတံဆိပ် ချထားတယ်”
ဝမ်ဝေ့က ထိုအရာနှင့် ပတ်သက်ပြီး အဆင်ပြေလေသည်။ သူက ဓားကို ယူဆောင်လိုက်သည့်အခါ ယခင်ထက် ပိုမိုကောင်းမွန်ကြောင်း ခံစားမိလိုက်၏။ ထို့ကြောင့် သူက ကျေကျေနပ်နပ်ဖြင့် ခေါင်းညိတ်လိုက်ပြီးနောက် အသိစိတ်ပင်လယ်အတွင်း ထည့်သွင်းသိမ်းဆည်းလိုက်သည်။ ထိုအရာကို လိုအပ်လာသည့်အခါ စည်းမျဉ်းများကို နားလည်ဖို့ အသုံးပြုရမည်။
နောက်ဆုံးတွင် သူက စစ်ဆေးမှု စတင်မည့် နေ့ရက်ကို စောင့်ဆိုင်းနေလိုက်၏။ ကံကောင်းစွာဖြင့် သူ့တိုက်ပွဲအပြီးတွင် မည်သူကမှ စိန်မခေါ်ကြတော့ပေ။ သို့သော် သူက တခြားသော လက်ရွေးစင် ပါဝင်ယှဉ်ပြိုင်သူများ၏ မှတ်တမ်းကို ရရှိလိုက်၏။
ရှုရှစ်မှလွဲ၍ မည်သူကမှ သူတို့၏ လက်ရွေးစင်နေရာကို မဆုံးရှုံးကြပေ။
စီစဉ်ထားသည့် နေ့ရက်တွင် သူက မြို့လယ်သို့ ပျံသန်းသွားလိုက်သည်။ အားလုံးက ငွေရောင်မျှော်နန်းဆောင်ရှေ့တွင် စောင့်ဆိုင်းနေကြ၏။ သူက လက်ရွေးစင်များအတွက် နေရာကို မြင်လိုက်သည့်အခါ သူ့နေရာဆီ ပျံသန်းသွားလိုက်သည်။ သူ ရောက်ပြီးနောက် သိပ်မကြာခင် အရှင်စိတ်ဝိညာဉ်လည်း ထွက်ပေါ်လာသည်။
“ အားလုံးရောက်ပြီဆိုတော့ အချိန်မဖြုန်းတော့ဘူး” အရှင်စိတ်ဝိညာဉ်က ထူးထူးဆန်းဆန်း အသံဖြင့် ပြောလာသည် “ ငါတို့ အကဲဖြတ်မဲ့ ပထမဆုံးကဏ္ဍက မင်းတို့ရဲ့ ခန္ဓာကိုယ်ပဲ။ အဲဒီမှာ အဆင့်အမျိုးမျိုး ရှိတယ်။ မင်းတို့က တစ်ဆင့်ချင်းစီ အောင်သွားတိုင်းမှာ အမှတ်နဲ့ ဆုလာဘ်ကို ရရှိလိမ့်မယ်။ ထိပ်ဆုံးသုံးယောက်အနေနဲ့က ကမ္ဘာက ချန်ထားခဲ့တဲ့ သီးသန့်ဆုလာဘ်ကို ရရှိမယ်”
ထိုကောင်းကင်ရွေးချယ်ခံများက စည်းမျဉ်းကို လေ့လာပြီးနောက် ကုရွှမ်သည် သူတို့နှင့် မွန်မြတ်သော ကံကြွေး ထားလိုကြောင်း သဘောပေါက်သွားကြသည်။ မည်သို့ပင်ဆိုစေကာမူ ထိုအမျိုးသားဆီ သူ့အမွေအနှစ်အပြင် သူတို့နှင့် ထိုက်တန်သည့် အရာရှိလားဟု စဉ်းစားနေကြသည်။ သူတို့၏အဆင့်တွင် အဆင့်မြင့် သို့မဟုတ် ရှားပါးသည့် အရင်းအမြစ်များက တန်ဖိုးထားခြင်းခံရလိမ့်မည်။
“ ကောင်းပြီ။ စလိုက်ကြရအောင်” အရှင်စိတ်ဝိညာဉ်က ပြောလိုက်သည်။ ထို့ကြောင့် အားလုံးက လက်ရွေးစင်များနှင့်အတူ သူတို့၏ အဆင့်အတိုင်း ဝင်ရောက်လိုက်ကြသည်။
အထဲသို့ ဝင်ရောက်ပြီးသည့်နောက်တွင် ဝမ်ဝေ့က ထူးခြားအံ့ဖွယ် စွမ်းအားတစ်ခုက သူ့ခန္ဓာကိုယ်၏ ခွန်အားအပြင် စွမ်းအားအားလုံးကို စည်းပိတ်သွားကြောင်း သတိထားမိလိုက်သည်။ လေထဲတွင် အဆင့်တစ် ဟူသော စာလုံးပေါ်ထွက်လာပြီး နောက်ပြန်ရေတွက်မှု သုံးဆယ်မှ စတင်နေသည်။
ထို့အပြင် သူက တစ်ယောက်တည်း ဖြစ်၏။
ဝမ်ဝေ့က အချိန်နောက်ပြန်ရေတွက်မှု မပြီးဆုံးခင် သူ့အခြေအနေအား အလျင်အမြန် ထိန်းညှိလိုက်သည်။ ထို့နောက် အခန်းတစ်ခုလုံးကို အပြာရောင် မီးတောက်တစ်ခု လွှမ်းခြုံသွားပြီး သူကလွဲ၍ အရာအားလုံးကို လောင်ကျွမ်းပစ်လေသည်။ ထို့နောက် သူက ပထမစစ်ဆေးမှုကို အောင်မြင်သွားကြောင်း သတိပေးချက် ရရှိလိုက်၏။
စိတ်ဝင်စားစရာပဲ…
ကုရွှမ်ရဲ့ ပထမအဆင့်လိုအပ်ချက်က ခန္ဓာကိုယ်က အစစ်အမှန်အုပ်ချုပ်သူနဲ့ ယှဉ်နိုင်ဖို့ပဲ။ ဒါက အတော်လေး မြင့်မားတာပဲ…
အားလုံးက သူတို့၏ ခန္ဓာကိုယ်ကို လေ့ကျင့်ထားခြင်း မဟုတ်သလို ခန္ဓာကိုယ်လေ့ကျင့်ခြင်း ဖြစ်စဉ်ကို ကျော်ဖြတ်ထားသည့်သူများ မဟုတ်သည့်အတွက် ထိုသို့သော မြင့်မားသည့် လိုအပ်ချက်မျိုးရှိခြင်းက အနည်းငယ် အံ့အားသင့်စရာ ကောင်းလှသည်။
ထို့နောက် ဝမ်ဝေ့က သူ့ခန္ဓာကိုယ်အတွင်း ဝင်ရောက်လာသည့် ထူးဆန်းသည့် စွမ်းအားကို ခံစားမိလိုက်၏။ သူက ထိုအရာကို သုံးသပ်ကြည့်လိုက်သည်။
“ ဒီစွမ်းအားက ငါ့ဆုံမှတ်တွေကို ဖွင့်ဖို့ ကူညီပေးနိုင်တာလား။ ဒါက ကြယ်တာရာ အဆီအနှစ်နဲ့တောင် ယှဉ်နိုင်တဲ့ပုံပဲ”
သူက ထိုစွမ်းအားသည် အရည်အသွေး မြင့်မားကြောင်း ခံစားမိပြီး သူ့အား အကျိုးအမြတ် ဖြစ်ထွန်းစေလိမ့်မည်ဟု သိလိုက်သည်။
ထို့ကြောင့် သူက ဖြစ်နိုင်သည့် အန္တရာယ်များကို တွက်ချက်ပြီးသည့်နောက်တွင် စုပ်ယူလိုက်၏။
“ နည်းလိုက်တာ” သူက ရေရွတ်လိုက်ပြီးနောက် ဒုတိယအဆင့်ဆီ သွားလိုက်သည်။ သူက နေရာမပြောင်းလိုက်ရပေ။ ထိုအစား နောက်ထပ် အချိန်နောက်ပြန်ရေတွက်မှုတစ်ခု အပြီးတွင် နောက်ထပ် မီးတောက်တစ်ခု ထွက်ပေါ်လာသည်။ ဤတစ်ကြိမ် ဧကရာဇ်တစ်ပိုင်းအဆင့်၏ ခွန်အား ဖြစ်၏။
တတိယအဆင့်တွင် သူက သာမန်ဧကရာဇ် တစ်ပိုင်းအဆင့်ကို ခြေမွပစ်နိုင်လောက်သည့် မြေဆွဲအားကို ခုခံရသည်။ လေးဆင့်မြောက်တွင် စစ်ဆေးမှုက သူ့အား အလွန်လေးလံသည့် ပစ္စည်းကို မဖို့ရာ ပြောနေသည်။ ၅ ဆင့်မြောက်တွင် သူ့လက်ထံ ဆူးချွန်က ထိုးစိုက်သွားလေသည်။ စက္ကန့်ပိုင်း မကြာဘဲ ပြန်လည်ကောင်းမွန်လာ၏။
ဝမ်ဝေ့က ထိုအဆင့်သည် သူ့ခုခံမှု၊ သက်လုံ၊ ရုပ်ပိုင်းဆိုင်ရာအင်အားနှင့် ပြန်လည်ကောင်းမွန်မှုတို့ကို စစ်ဆေးကြောင်း သဘောပေါက်လိုက်သည်။ သူတို့က ဧကရာဇ်တစ်ပိုင်းအဆင့် ရောက်ရှိသွားသည့်အခါမှသာ အဆင့်ကို အောင်မြင်လိမ့်မည်။
၆ ဆင့်မြောက်သို့ မဝင်ခင် ဝမ်ဝေ့က ယခင်အဆင့်မှ ချီးမြှင့်ထားသည့် ထူးခြားအံ့ဖွယ် စွမ်းအားများကို စုစည်းပြီး တွင်းနက်ကြီးတစ်ခုကို အလွယ်တကူ ဖွဲ့စည်းနိုင်ခဲ့သည်။ ထို့နောက် သူက နောက်အဆင့်ကို သွားရင်း အကြည့်များက လင်းလက်လာ၏။
၆ ဆင့်မြောက်က ယခင်အရာအားလုံး ပေါင်းစပ်ထားခြင်းဖြစ်ပြီး သူက လေးလံသည့် တစ်စုံတစ်ခုကို သယ်ဆောင်ထားစဉ် မီးတောက်က သူ့အား လောင်ကျွမ်းပစ်ဖို့ ကြိုးစားနေပြီး ပြင်းထန်သည့် မြေဆွဲအားကိုလည်း ခုခံထားရသည်။ ထို့အပြင် ခဏအကြာတွင် ဆူးချွန်က တစ်နေရာရာမှ ပေါ်ထွက်လာပြီး သူ့ခုခံမှုအား လျစ်လျူရှုကာ သူ့အရေပြားအား ထိုးဖောက်သွားပြီး ကုသအောင် အတင်းအကြပ် ဖိအားပေးနေသည်။
မည်သို့ပင်ဆိုစေကာမူ ဤစစ်ဆေးမှုက သူ့အတွက် ပြဿနာ မဟုတ်ပေ။ ဝမ်ဝေ့က ဖြည်းဖြည်းချင်းဖြင့် တစ်ဆင့်ချင်းစီ တက်လှမ်းသွားသည်။
၁၂၃ ဆင့်မြောက်တွင် သူက သူ့ပင်မ ၁၉၆၂ ဆုံမှတ်ထဲရှိ ဧရာမတွင်းနက်ကြီးများကို ဖွဲ့စည်းနိုင်ဖို့ စွမ်းအားအလုံအလောက် စုစည်းမိသွားလေသည်။
ထို့နောက် သူက ခွန်အားအစစ်အမှန် တာအိုနယ်ပယ်၏ တတိယအဆင့် ကမ္ဘာဦးနဂါးအဆင့်သို့ ဝင်ရောက်နိုင်လိုက်သည်။ သူက အတိအကျ ကမ္ဘာဦးနဂါးတစ်ကောင် အင်အား ရှိ၏။
သို့သော်လည်း ဝမ်ဝေ့က ကမ္ဘာဦးနဂါးတစ်ကောင် အင်အားသည် မည်သို့ဆိုလိုကြောင်း သိလိုက်ပြီးသည့်နောက်တွင် အနည်းငယ် မျက်မှောင်ကြုတ်မိသွားသည်။ သူက မဟာကမ္ဘာအား တစ်ချက်တည်းဖြင့် တစ်ရာခိုင်နှုန်း ဖျက်ဆီးနိုင်လေသည်။
ငါ မဟာကမ္ဘာကို ဖျက်ဆီးနိုင်လောက်သင့်ပြီမလား…
သူက တွေးလိုက်မိသည်။ သို့သော်လည်း အခြေအနေကို သုံးသပ်ပြီးသည့်နောက်တွင် ထိုသွေဖယ်နေသည့် အသိဉာဏ်က ဘယ်ကနေ ရောက်လာကြောင်း နားလည်သွားသည်။
သူ့အင်အားဖြင့် သူက မဟာကမ္ဘာထဲ လျှောက်လှမ်းနိုင်သည်။ သူ တစ်ယောက်တည်းဖြင့် မဟာကမ္ဘာ၏ လူများကို သတ်ဖြတ်နိုင်လေသည်။ ထိုကမ္ဘာ၏ အမြင့်ဆုံးစွမ်းအားက အထွတ်အထိပ်နယ်ပယ်သာ ဖြစ်၏။ သို့သော်လည်း သဘောတရားအရ မဟာကမ္ဘာ၏ အမြင့်ဆုံးအဆင့်က အထွတ်အထိပ်အဆင့် မဟုတ်ဘဲ အဆင့်တစ် တာအိုဘိုးဘေး အဆင့် ဖြစ်သည်။ ထို့ကြောင့် ထိုအင်အားရှိမှသာ မဟာကမ္ဘာကို ဖျက်ဆီးနိုင်လိမ့်မည်။
ကံဆိုးစွာဖြင့် သူ့ခန္ဓာကိုယ်က ထိုသို့ အဆင့်မျိုး မရောက်သေးပေ။ သူက တခြားသော အင်အားများကို အသုံးပြုလျှင်ပင် မဟာကမ္ဘာကို ဖျက်ဆီးနိုင်လောက်သည့် အဆင့်အထိ မရောက်သေးပေ။ သူ့ကိုယ်ပွားအားလုံး အထွတ်အထိပ်အဆင့် ရောက်ရှိသွားသည့်အခါ သူက သူတို့၏ ခန္ဓာကိုယ်ခွန်အားကို ပေါင်းစပ်လိုက်လျှင် ထိုအရာကို လုပ်ဆောင်နိုင်လိမ့်မည်။
တတိယအလွှာက တကယ့်ကို ကြီးမားတာပဲ…
သူက ဆက်လက်မသွားခင် တွေးလိုက်မိသည်။ ၂၆၁ ဆင့်မြောက်တွင် ဝမ်ဝေ့က တွင်းနက်ကြီးများ မဖွဲ့စည်းဘဲ အပိုဆုံမှတ် ငါးသောင်းကို ဖွင့်လှစ်နိုင်ခဲ့သည်။
သို့သော် သူက ကမ္ဘာဦးနဂါး သုံးကောင်အင်အားမျှသာ ရှိသေး၏။ ထို့အပြင် သူက ကန့်သတ်ချက်သို့ ရောက်နေလေပြီ။ ထို့ကြောင့် သူက လူဝင်စား၏ စွမ်းအားကို ငှားယူ၍ ဆက်လက် တက်လှမ်းလာခဲ့သည်။ ငှားယူထားသည့် အင်အားက ယာယီမျှ ဖြစ်သည့်အတွက် ပြန်လည် လုပ်ဆောင်ဖို့ရာ အနားယူဖို့ လိုအပ်နေသည်။ ထို့ကြောင့် ထိုဖြစ်စဉ်က မလွယ်ကူလှပေ။
မည်သို့ပင်ဆိုစေကာမူ ထိုနည်းလမ်းဖြင့် သူက ၅၂၂ ဆင့်မြောက်အထိ ရှိခဲ့ပြီး ဆုံမှတ် တစ်သိန်းနှစ်သောင်းကို ဖွင့်လှစ်ပြီး ကမ္ဘာဦးနဂါး ဆယ်ကောင်ခွန်အားကို ရရှိခဲ့ပြီး သူ့ အကြွင်းမဲ့ကန့်သတ်ချက်သို့ ရောက်ရှိသွားသည်။
နောက်ဆုံးတွင် သူက အဆင့်ဇယားကို စစ်ဆေးကြည့်လိုက်၏။
ချူးလော့က အဆင့်တစ်ထောင်သို့ ပထဆုံး ရောက်ရှိသွားသူဖြစ်ပြီး နောက်ဆုံးအဆင့်လည်း ဖြစ်ပေသည်။ သူက ဒုတိယဖြစ်ပြီး ရှုရှစ်၊ မူလိန်နှင့် ယဲ့တာ့ဖူတို့က အဆင့်တစ်ရာမြောက်တွင် တတိယနေရာကို လုနေကြသည်။
သူက နံပါတ်တစ်နေရာကို ကြည့်လိုက်ပြီးနောက် မျက်မှောင်ကြုတ်လိုက်သည်။ အကယ်၍ သူသာ ကံကြမ္မာစွမ်းအားကို ခေတ္တမျှ အသုံးပြုနိုင်လျှင် သူသည် ထိပ်ဆုံးသို့ ရောက်ရှိဖို့ နည်းလမ်းရှိလေသည်။ မည်သို့ပင်ဆိုစေကာမူ အကယ်၍ သူ လုပ်ဆောင်နိုင်လျှင်ပင် ထိုအရာက ချူးလော့နှင့်ရင်ဆိုင်ဖို့ သူ့ဝှက်ဖဲ ဖြစ်နေသည့်အတွက် ထိုနည်းလမ်းကို ထုတ်သုံးမည် မဟုတ်ပေ။
“ နောက်ထပ်ကဏ္ဍတွေ အများကြီးကျန်ပါသေးတယ်။ သူ့ကို အမှီလိုက်ပြီး ကျော်တက်ဖို့ အချိန် ရှိသေးတယ်”
ဤစစ်ဆေးမှုအတွင်း သူ့ရလဒ်က ၁၀၄၄ မှတ်ဖြစ်ပြီး ချူးလော့က အမှတ် ၂၅၀၀ ရှိလေသည်။ ဒုတိယလက်ရွေးစင် အမှတ်အသားပြားက အမှတ်လေးသောင်း တန်ပြီး အဆင့်တစ်ကမူ အမှတ်တစ်သိန်း တန်လေသည်။
ထို့ကြောင့် သူက နောင်လာမည့် စစ်ဆေးမှုများအတွင်း တစ်ဖက်လူထက် ကောင်းမွန်စွာ လုပ်ဆောင်နိုင်သရွေ့ နောက်ဆုံးအနိုင်ရရှိသူ ဖြစ်နေနိုင်သေးသည်။ အကယ်၍ ထိုအရာအားလုံး ကျရှုံးသွားလျှင်ပင် သူက အဆင့်တစ် အမှတ်အသားပြားကို သူ့ဘာသာသူ ယူဆောင်နိုင်သေးသည်။
***