← Chapters

ဒုတိယစစ်ဆေးမှု - ဝိညာဉ်

Vol. 39 Ch. 546

ဒုတိယစစ်ဆေးမှု - ဝိညာဉ်

Vol. 39 Ch. 546

ရှုရှစ်က သူမ၏ စမ်းသပ်မှုအတွက် သီးသန့်အခန်းတစ်ခုအတွင်း ရောက်နေလေသည်။ သူမက ယခုအခါ ၉၈ ဆင့်မြောက်သို့ ရောက်ရှိသွားပြီဖြစ်ကာ တတိယနေရာကို ရယူထား၏။ သို့သော်လည်း သူမ၏ ပြိုင်ဘက်နှစ်ယောက်က သူမကို ကျော်တက်သွားဖို့ သိပ်မလိုကြောင်း သိလေသည်။

ထို့နောက် သူမက ပထမနေရာနှစ်ခုအား အာရုံစိုက်လိုက်ပြီး မျက်မှောင်ကြုတ်လိုက်မိသည်။ သူမက ဘာမှမပြောသော်လည်း ဤစစ်ဆေးမှုအတွက် သူမ၏ ဆုလာဘ်အပေါ်သာ အာရုံစိုက်ထားလိုက်သည်။

“ ဒီစွမ်းအားနဲ့ဆိုရင် ငါက မသေမျိုးဆုံမှတ်ကို စတင်တည်ဆောက်နိုင်လိမ့်မယ်”

ကမ္ဘာဦးဟွင်သွမ်း ပညာရပ်နှင့် ကမ္ဘာဦးဟွင်သွမ်း ရုပ်ခန္ဓာတို့က တစ်ခုနှင့်တစ်ခုအတွက် ပြီးပြည့်စုံစေသည်။ သူမ၏ ခင်ပွန်းဖြစ်သူက တခြားသောရုပ်ခန္ဓာများကို စုပ်ယူဖို့ တွေးခဲ့သည်မှာ ဟွင်သွမ်းရုပ်ခန္ဓာများသာ ရယူနိုင်သည့် ကျမ်းတစ်ခုတွင် ရှိနေသည့် လျှို့ဝှက်စာရွက်တစ်ခုကြောင့် ဖြစ်သည်။

ကမ္ဘာဦးဟွင်သွမ်း ပညာရပ်သည် အဆင့်လေးဆင့် ခွဲခြားထားပြီး ထူးကဲသည့် ခန္ဓာကိုယ်သန့်စင်ရေး နည်းစနစ်တစ်ခု ဖြစ်သည်။ ထိုအဆင့်လေးခုမှာ အဝါရောင်၊ နက်နဲ၊ မြေကမ္ဘာနှင့် ကောင်းကင်အဆင့်တို့ ဖြစ်ကြသည်။ အဆင့်တစ်ခုချင်းစီတွင် ကျင့်ကြံသူများက ချီသွေးကြော၊ ဆုံမှတ် သို့မဟုတ် ဒွာရပေါက်များကဲ့သို့ လျှို့ဝှက်ရတနာ သို့မဟုတ် အင်္ဂါရပ်ဖြစ်သည့် ဆုံမှတ်ဟု ခေါ်သည့်အရာများကို ဖန်တီးကြရသည်။

ထို့ကြောင့် ပထမအဆင့်တွင် သူတို့က အဝါရောင်ဆုံမှတ်ကို ဖန်တီးကြရပြီး ဒုတိယအဆင့်အတွက်မူ နက်နဲဆုံမှတ်များ ဖြစ်၏။ နောက်ပိုင်းတွင် တခြားအဆင့်များအတွက် ဖြစ်တည်လာလိမ့်မည်။

ဆုံမှတ်တစ်ခုချင်းစီက ကျင့်ကြံသူ၏ ခန္ဓာကိုယ်ကို အနေအထားတစ်ခုအထိ ရောက်အောင် လေ့ကျင့်ပေးပြီး ကျင့်ကြံသူ၏ စိတ်စွမ်းအားအပေါ် မူတည်၍ တစ်ယောက်နှင့်တစ်ယောက် ကွဲပြားလေသည်။ ဝိညာဉ်ချီနှင့် ဆုံမှတ်ကို ပြုစုပျိုးထောင်ဖို့အတွက် ဝိညာဉ်ချီနှင့် တခြားသော အရင်းအမြစ်များ လိုအပ်၏။ ဆုံမှတ်၏ အုတ်မြစ်အနေဖြင့် ဟွင်သွမ်းရုပ်ခန္ဓာ၏ ပိုင်ရှင်ဆီမှ ထွက်ပေါ်လာသည့် ဟွင်သွမ်းအငွေ့အသက်ကို အသုံးပြုသည်က အကောင်းဆုံး ဖြစ်သည်။

ကျင့်ကြံသူ အများစုအတွက် ကမ္ဘာဦးဟွင်သွမ်း ပညာရပ်က အဆင့်လေးခုသာ ရှိ၏။ သို့သော်လည်း ကမ္ဘာဦးဟွင်သွမ်းရုပ်ခန္ဓာအတွက်မူ လျှို့ဝှက် ၅ဆင့်မြောက် ရှိနေသည်။ ရုပ်ခန္ဓာပိုင်ရှင်က သူတို့ခန္ဓာကိုယ်မှ ဖန်တီးသည့် သဘာဝဟွင်သွမ်းချီများကို အသုံးပြု၍ မသေမျိုးဆုံမှတ်ကို ဖွဲ့စည်းနိုင်လေ၏။

ထိုကျမ်းအရ ဤနည်းစနစ်သည် တစ်စုံတစ်ယောက်အား သေမျိုးနှင့် မသေမျိုးကြားမှ ကန့်သတ်ချက်ကို ချိုးဖောက်ပြီး ထာဝရအရှင် ပွင့်ချပ်တစ်လွှာမှ သုံးလွှာအဆင့် အင်အားကို ရရှိနိုင်လေသည်။

ရှုရှစ်က မစတင်ခင်ကတည်းက ဤနည်းစနစ်အကြောင်း သတင်းအချက်အလက်များကို ပြန်လည်ကြည့်ရှုပြီးသား ဖြစ်၏။ အကယ်၍ ထိုနည်းစနစ်၏ ၅ ဆင့်မြောက်က ကမ္ဘာဦးဟွင်သွမ်းရုပ်ခန္ဓာအတွက်သာ ကန့်သတ်မထားလျှင် ရှေးဟောင်းခန္ဓာသန့်စင်ကျမ်းထက်ပင် ပိုမိုကောင်းမွန်သည့် ခန္ဓာကိုယ်သန့်စင်ကျမ်း ဖြစ်မည်ဟု ထင်မိသည်။

သူမက ခန္ဓာကိုယ်အတွင်းရှိ စွမ်းအားများကို အာရုံစိုက်ထားလိုက်ပြီး မသေမျိုးဆုံမှတ်ကို စတင်တည်ဆောက်လိုက်သည်။ သူမက သူမ၏ ခန္ဓာကိုယ်အတွင်း အံ့ဖွယ်အသိစိတ်နှင့် တူသည့် နေရာလေးခုကို ခံစားမိလိုက်ပြီး နေရာတစ်ခုချင်းစီက ရွှေအနက်ရောင် သင်္ကေတတစ်ခု ပါဝင်နေသည်။

အဆင့်အနိမ့်ဆုံးက မရှုပ်ထွေးသော်လည်း ကောင်းကင်ဆုံမှတ်ကမူ ဧကရာဇ်တစ်ပိုင်းအဆင့် အစီအရင်လောက် ရှုပ်ထွေးလှသည်။ ရှုရှစ်က ဤနည်းစနစ်ကို ကျင့်ကြံဖို့အတွက် နောက်ထပ် ခက်ခဲမှုများရှိကြောင်း သိထားလေသည်။ ထိုအရာက အံ့ဖွယ်သင်္ကေတများအပေါ် ပါရမီ မရှိဘဲ မလုပ်ဆောင်နိုင်ပေ။

စစ်ဆေးမှုဆီမှ အမည်မသိစွမ်းအားကို အသုံးပြုကာ သူမက ငါးနေရာမြောက် ရတနာနေရာလွတ်ကို ဖွင့်လှစ်နိုင်ခဲ့သည်။ သူမ၏ ခန္ဓာကိုယ်က အနည်းငယ် တုန်ခါသွားပြီး ထိုဆုံမှတ်မှ ထုတ်လွှတ်နေသည့် စွမ်းအားက သူမ၏ ခန္ဓာကိုယ်အတွင်း ပျံ့နှံ့သွားကာ လမ်းကြောင်းရှိအရာအားလုံးကို ဖျက်ဆီးပစ်နေသည်။ ထို့နောက် ဖျက်ဆီးခြင်းကို ပြန်လည်ကောင်းမွန်သွားစေပြီး သူမ၏ ခန္ဓာကိုယ်ခွန်အားကို သိသိသာသာ တိုးမြှင့်သွားစေသည်။

ထို့နောက် ချက်ချင်းဆိုသလို သူမက ကျန်ရှိနေသည့် စွမ်းအားနှင့် သူမ၏ ရုပ်ခန္ဓာက မသေမျိုးဆုံမှတ်ကို တည်ဆောက်ဖို့အတွက် ရုပ်ခန္ဓာကို အသုံးပြုလိုက်ပြီး ဆက်နွယ်နေသည့် အံ့ဖွယ်သင်္ကေတထောင်ချီကို တည်ဆောက်လိုက်သည်။ နှမြောစရာကောင်းလှသည်က သူမက ဆယ်ခုမြောက်အထိ လုပ်ဖို့သာ အရင်းအမြစ် ရှိလေသည်။

မပြီးပြည့်စုံသည့် မသေမျိုး ဆုံမှတ်က တုန်ခါသွားပြီး သူမ၏ ခန္ဓာကိုယ်ကို သန့်စင်ပေးသည့် စွမ်းအားကို ထုတ်လွှင့်လာပြီး မြင့်မားသည့် အနေအထားတစ်ခုသို့ ရောက်ရှိသွားစေသည်။ နာကျင်မှုက ကျင့်ကြံသူများအတွက် ၉၉ ရာခိုင်နှုန်းလောက် ခံနိုင်မည် မဟုတ်ကြသော်လည်း သူမက သူမအတွက်မူ ဘာမှမဟုတ်ပေ။ သူမက အသံပင် မထွက်ပေ။

ရှုရှစ်အတွက် သူမ၏ ချစ်မြတ်နိုးရသူကို ဆုံးရှုံးလိုက်ရသည့် နာကျင်မှုထက် ကြီးမားသည့် နာကျင်မှုဟူ၍ မရှိပေ။

အမည်မသိ အချိန်တစ်ခုကြာမြင့်ပြီးသည့်နောက်တွင် ဖြစ်စဉ်က အဆုံးသတ်သွား၏။ ရှုရှစ်က လက်သီးဆုပ်ကာ သူမ၏ သွေးကြောမှတဆင့် စီးဆင်းနေသည့် စွမ်းအားကို ခံစားမိလိုက်သည်။ သူမက စွမ်းအား၊ ခံနိုင်ရည်၊ ပြန်လည်ကောင်းမွန်နိုင်စွမ်းနှင့် ခုခံနိုင်စွမ်းတို့ကို သိသိသာသာ တိုးတက်လာကြောင်း ခံစားမိလိုက်၏။

သူမက မသေမျိုးဆုံမှတ်ကို ဖန်တီးခြင်း ပြီးမြောက်သွားသည့်အခါ ထာဝရအရှင် ပွင့်ချပ်သုံးလွှာအဆင့် ခွန်အားကို ရရှိလိမ့်မည်ဟု ယုံကြည်ထားသည်။

အဲဒီအခါ ငါက ပွင့်ချပ်တစ်လွှာရဲ့ တိုက်ခိုက်မှုကို အသက်ရှင်နိုင်မှာပဲ။ ပိုကောင်းတာက ငါက သူတို့ကို အလွယ်တကူတောင် အနိုင်ယူနိုင်လိမ့်မယ်…

သူမက ယခင်တုန်လှုပ်ဖွယ် တိုက်ပွဲကို ပြန်စဉ်းစားရင်း တွေးလိုက်မိသည်။

သူမက မတ်တပ်ရပ်လိုက်ပြီးနောက် ယခင်ထက်ပိုမိုခံစားချက်ကောင်းလာ၏။

ဒီနည်းစနစ်က မပြီးပြည့်စုံတဲ့ဟာဆိုတာကို မယုံနိုင်သေးဘူး…

သူမက ဖန်တီးသူသည် တာအိုဆုံမှတ်၊ ဟွင်သွမ်းဆုံမှတ်နှင့် ကမ္ဘာဦးဆုံမှတ်များကဲ့သို့ မြင့်မားသည့် အဆင့်များရှိကြောင်း ဖော်ပြဖူးသည်ကို အမွေအနှစ်မှတ်ဉာဏ်မှတဆင့် သိလိုက်ရသည်။ ထိုဆုံမှတ်များကို ဖန်တီးပြီးသည့်နောက်က လူတစ်ယောက်က မည်မျှအားကောင်းသွားမည်ကို သူမပင် တွေးမကြည့်နိုင်ပေ။

“ ကိစ္စမရှိဘူး။ ငါ တာအိုကို သက်သေပြပြီးသွားရင် ဒီကျမ်းရဲ့ ကျန်ရှိနေတဲ့အပိုင်းကို ရှာနိုင်တယ်”

ရှုရှစ်က နောက်အဆင့်သို့ တက်လှမ်းလိုက်သည်။ သူမက သူမ၏ အင်အားအသစ်ဖြင့် ၁၄၅ ဆင့်မြောက်သို့ ရောက်ရှိလာပြီး တတိယနေရာကို ယူဆောင်ထားသည်။ ယဲ့တာ့ဖူအတွက်မူ သူက ၁၁၀ ဆင့်မြောက်တွင် လေးနေရာမြောက် ယူထားပြီး မူလိန်က ၁၀၅ ဆင့်မြောက်တွင် ၅နေရာမြောက်ကို ရယူထားသည်။

ဝမ်ဝေ့က သူ့စစ်ဆေးမှုအတွင်း ပြိုင်ပွဲအဆုံးသတ်သွားကြောင်း သတိပေးချက်ကို ရရှိလိုက်သည်။ ဒုတိယနေရာ ကိုင်ဆောင်ထားသူအနေနှင့် သူက သီးသန့်ဆုလာဘ် တစ်ခု ရရှိလိုက်သည်။ ထို့နောက် သူ့ရှေ့တွင် စာအုပ်တစ်ခု ပေါ်ထွက်လာ၏။

၁၂ရာသီခွင် စွမ်းအား

သူက စာအုပ်ကို လှန်ကြည့်လိုက်သည့်အခါ သူ့အကြည့်များက အနည်းငယ် တောက်ပလာသည်။ ထိုစာအုပ်က သူ့ဆုံမှတ်များအား အသုံးပြုကာ တရုတ်ရာသီခွင် ၁၂ခုကို ပြန်လည်ဖန်တီးနိုင်သည့် တိုက်ပွဲကျင့်စဉ်တစ်ခုဖြစ်ကာ ကျင့်ကြံသူအား အားကောင်းကာ ထူးဆန်းသည့် စွမ်းရည်များကို ရရှိစေနိုင်သည်။

ဒါက ငါ့ရဲ့ ခန္ဓာကိုယ်ခွန်အားကို အပြည့်အဝ ထုတ်ပြနိုင်မဲ့ ပြီးပြည့်စုံတဲ့ ကျင့်စဉ်ပဲ…

သူက ဆုလာဘ်နှင့် ပတ်သက်ပြီး ကျေနပ်နေမိသည်။ ထို့နောက် ရုတ်ချည်းဆိုသလို မျှော်နန်းဆောင်အတွင်း အရှင်စိတ်ဝိညာဉ်၏ အသံကို ကြားလိုက်ရ၏။

“ လက်ရွေးစင်တွေအတွက် တစ်ယောက်နဲ့ တစ်ယောက်စိန်ခေါ်ဖို့ အနည်းဆုံးလိုအပ်ချက်က အမှတ်၅၀၀၊ ကံဆိုးတာက ဒုတိယလက်ရွေးစင်ကပဲ အမှတ်လုံလုံလောက်လောက် ရှိတယ်။ အဲဒါကြောင့် ဒီစစ်ဆေးမှုရဲ့ ဒုတိယအသုတ်ကို ချက်ချင်းစတင်မယ်”

ပါဝင်ယှဉ်ပြိုင်သူများက သူတို့၏ အဆင့်တစ်ခုစီအတွက် နှစ်မှတ်သာ ရရှိထားသည်။ ပထမလက်ရွေးစင်သည် အပိုအမှတ် ၅၀၀ ရှိထား၏။ ၂၅၀ ဆင့်မြောက်အထိ ရောက်ရှိသည့် ထိုနှစ်ယောက်မှလွဲ၍ တခြားသူ မရှိသည့်အတွက် ပြိုင်ပွဲကို ဆက်လက်ကျင်းပလိုက်သည်။

ပတ်ဝန်းကျင်က ချက်ချင်းဆိုသလို ပြောင်းလဲသွား၏။ ဝမ်ဝေ့က သူ့ရှေ့တွင် ဧရာမ ကျောက်စိမ်းတိုင်လုံးကြီးသည် ၅ခု ကွဲထွက်နေကြောင်း သိလိုက်ရသည်။ သူက ထိုတိုင်လုံးအတွင်း စိတ်ဝိညာဉ်စွမ်းအားကို ထည့်သွင်းဖို့ရာ ညွှန်ကြားချက် ရရှိလိုက်သည်။ ထို့ကြောင့် သူက အရာအားလုံးကို စစ်ဆေးကြည့်ပြီးသည့်နောက်တွင် လုပ်ဆောင်လိုက်၏။

ပထမအပိုင်းက ဝိညာဉ်၏ အရည်အသွေးစံနှုန်းကို ညွှန်ပြခြင်း ဖြစ်၏။ စက္ကန့်ပိုင်းကြာမြင့်ပြီးသည့်နောက်တွင် ကျန်ရှိသည့် အပိုင်းလေးခုကလည်း ဝိညာဉ်၏ အရည်အသွေးကို ဖော်ပြလေသည်။ ကြေး၊ ငွေ၊ ရွှေနှင့် ကျောက်စိမ်းတို့ ဖြစ်သည်။

ဝမ်ဝေ့က မစောင့်ဆိုင်းခင် ထိုငါးခုလုံးကို လင်းလက်လာအောင် လုပ်လိုက်သည်။ မိနစ်ပိုင်းကြာမြင့်ပြီးသည့်နောက်တွင် သူ့ရှေ့တွင် စာရင်းအသစ် တစ်ခု ပေါ်ထွက်လာသည်။

ဝမ်ဝေ့။              ။ ထိပ်တန်း ကျောက်စိမ်း အရည်အသွေး၊ အမည်မသိ ဝိညာဉ်သန္ဓေပြောင်းမှု၊ အမှတ် နှစ်ထောင်။

ချူးလော့။          ။ ထိပ်တန်း ကျောက်စိမ်းအရည်အသွေး၊ သံသရာသန္ဓေပြောင်းမှု၊ အမှတ် ထောင့်ငါးရာ။

လျန့်ရှစ်ရှန်း။       ။ ထိပ်တန်း ကျောက်စိမ်းအရည်အသွေး၊ ယုံကြည်မှု စွမ်းအား သန္ဓေပြောင်းမှု၊ အမှတ် ၁၄၄၀။

ကျီလန့်ဖန်း။        ။ အဆင့်မြင့် ကျောက်စိမ်းအရည်အသွေး၊ ဓားသန္ဓေပြောင်းမှု၊ အမှတ် ၁၂၀၀။

ကျင်းဝူဟွား။       ။ အလယ်အလတ် ကျောက်စိမ်းအရည်အသွေး၊ ယန်သန္ဓေပြောင်းမှု၊ အမှတ် ၁၁၀၀။

ရှစ်ချီအန်း ။         ။ ထိပ်တန်း ကျောက်စိမ်းအရည်အသွေး၊ အမှတ် ၁၀၀၀။

ထုံရိုပင်း ။           ။ ထိပ်တန်း ကျောက်စိမ်းအရည်အသွေး၊ အမှတ် ၁၀၀၀။

ဖုန်းဟွမ် ။           ။ ထိပ်တန်း ကျောက်စိမ်းအရည်အသွေး၊ အမှတ် ၁၀၀၀။

ရှုရှစ် ။               ။ အဆင့်နိမ့် ကျောက်စိမ်းအရည်အသွေး၊ ဟွင်သွမ်းသန္ဓေပြောင်းမှု၊ အမှတ် ၉၉၀။

ယဲ့တာ့ဖူ ။          ။ ထိပ်တန်း ရွှေအရည်အသွေး၊ မျက်လုံးသုံးလုံး သန္ဓေပြောင်းမှု၊ အမှတ် ၉၅၀။

မူလိန် ။              ။ ထိပ်တန်း ရွှေအရည်အသွေး၊ ကြယ်တာရာ သန္ဓေပြောင်းမှု၊ အမှတ် ၉၀၀။

ခူထူလွန် ။          ။ အဆင့်မြင့် ရွှေအရည်အသွေး၊ ရွှေအလင်းသန္ဓေပြောင်းမှု၊ အမှတ် ၈၉၀။

ထိုးလွေ့ ။           ။ အဆင့်မြင့် ရွှေအရည်အသွေး၊ ရွှေအလင်းသန္ဓေပြောင်းမှု၊ အမှတ် ၈၅၀။

……………………

အားလုံးက ထိုအဆင့်ဇယားနှင့် ပတ်သက်ပြီး ကွဲပြားစွာ တုံ့ပြန်ကြလေသည်။ ချူးလော့က သူသည် ပထမ မဟုတ်သည်ကို မြင်တွေ့ပြီးသည့်နောက်တွင် မျက်မှောင်ကြုတ်လိုက်သော်လည်း အမှတ်အားလုံး ပေါင်းလိုက်လျှင် သူက ပထမနေရာတွင် ရှိနေဆဲဖြစ်သည့်အတွက် အာရုံများများ မစိုက်ပေ။ မည်သို့ပင်ဆိုစေကာမူ ဤစစ်ဆေးမှုက ဝမ်ဝေ့၏ သန္ဓေပြောင်းမှုကို အဘယ်ကြောင့် မထုတ်ဖော်နိုင်တာလဲဟု စဉ်းစားနေမိသည်။

လျန့်ရှစ်ရှန်းကမူ အနည်းငယ် အံ့အားသင့်နေမိသည်။ သူက ဤစစ်ဆေးမှုတွင် တောက်ပလာလိမ့်မည်ဟု ထင်ထားခဲ့မိသည်။ အကြောင်းမှာ သူက ဝိညာဉ်ကျွမ်းကျင်သူ တစ်ယောက်ဖြစ်နေ၍ ဖြစ်သည်။ ကျိလန်ဖန်းကမူ နောက်ဆုံးရလဒ်ကို ဂရုမစိုက်ပေ။ သူက သူ့ဓားကို တုံးသွားရာမှ ကာကွယ်ဖို့အတွက် အားကောင်းသည့် လူတချို့ဖြင့် တိုက်ခိုက်လိုခြင်းသာ ဖြစ်၏။

မည်သို့ပင်ဆိုစေကာမူ သန့်စင်သည့် ဓားသမားတစ်ယောက်အနေနှင့် ပထမစစ်ဆေးမှုတွင် သူ့ရလဒ်က မူမမှန်ပေ။ သူက ၁၂ဆင့်မြောက်ထိသာ ရောက်ရှိခဲ့၏။ ယခု သူက တခြားလက်ရွေးစင်များကို စိန်ခေါ်ဖို့အတွက် အမှတ်လုံလုံလောက်လောက် ရှိသည်ကို ဝမ်းသာနေမိသည်။

ကျင်းဝူဟွားက ဒေါသကို မထိန်းနိုင်ပေ။ သူမက သူမအဖေ ထားခဲ့သည့် နည်းလမ်းကို အသုံးပြုပြီးသည့်နောက်တွင် သူမ၏ ရွယ်တူများအတွင်း ကျော်တက်သွားကာ ဒုတိယအကြိမ်မြောက်တွင် တာအိုကို သက်သေပြနိုင်လိမ့်မည်ဟု ယုံကြည်ထားခဲ့သည်။ သို့သော်လည်း အရာအားလုံးက သူမသည် မှားယွင်းသည့် မျိုးဆက်တွင် နိုးထလာကြောင်း အရိပ်အမြွက် ပြနေလေ၏။

ရှစ်ချီအန်းကမူ တုန်လှုပ်နေမိသည်။ မသေမျိုးကလေးငယ် တစ်ယောက်အနေဖြင့် သူမက အားကောင်းသည့် ဝိညာဉ်ဖြင့် မွေးဖွားလာခဲ့သည်။ အလင်းမျိုးနွယ်အနေဖြင့် သူမသာ မွန်မြတ်သော ကံကြွေးများကို ထုတ်လုပ်ပေးနိုင်သည့် ကြင်နာမှုကို ပြသသရွေ့ သူမ၏ ဝိညာဉ်ကို သန့်စင်နိုင်လေသည်။ သူမက ထိုဖြစ်စဉ်အတွင်း ကန့်သတ်ချက်သို့ ရောက်ရှိခဲ့ပြီဟု ထင်ထားခဲ့သော်လည်း ဤစစ်ဆေးမှုက သူမအား နိုးထလာစေခဲ့သည်။

ထုံရို့ပင်းကမူ ထိုသတင်းကို ရရှိပြီးသည့်နောက်တွင် တည်တည်ငြိမ်ငြိမ်သာ တုံ့ပြန်လေသည်။ သူမက တခြားသူများကဲ့သို့ ဝိညာဉ်ကို မည်သို့ သန္ဓေပြောင်းရမည်ကို တွေးနေလေ၏။ သူမက သင့်တော်ပြီးသား အစီအစဉ်တစ်ခု ရှိထားဟန်ပေါ်သည်။

ဒီဝမ်ဝေ့က တကယ်ကို လက်ဆောင်ကောင်းတစ်ခုပဲ…

သူမက အပြုံးလေးဖြင့် တွေးလိုက်သည်။

ဖုန်းဟွမ်ကမူ ဂရုမစိုက်ပေ။ သူက ဗုဒ္ဓသဘာဝ တွေ့ရှိသွားမည်ကို ကာကွယ်ဖို့အတွက် သူ့ဝိညာဉ်သန္ဓေပြောင်းမှုကို ဝှက်ထားခဲ့သည်။

ရှုရှစ်ကမူ သူမသည် လင်းဖန်ဆီမှ အရာအားလုံးကို အမွေဆက်ခံခြင်း မဟုတ်သည့်အတွက် မြင့်မားသည့် ဝိညာဉ်အရည်အသွေး မရှိသည့် အကြောင်းအရင်းအား သဘောပေါက်သွားကာ မျက်မှောင်ကြုတ်လိုက်မိသည်။ သူမက သူ ကျင့်ကြံသည့် စည်းမျဉ်းအားလုံးကို မကျင့်ကြံခဲ့ပေ။ နမူနာအားဖြင့် သူသည် ဝိညာဉ်စည်းမျဉ်းကို နားလည်သော်လည်း သူမကမူ နားမလည်ခဲ့ပေ။ ထို့ကြောင့် သူမက သူမ၏ ဝိညာဉ်အရည်အသွေးကို တိုးမြှင့်ဖို့ နည်းလမ်းရှာဖို့ ဆုံးဖြတ်လိုက်သည်။

ယဲ့တာ့ဖူနှင့် မူလိန်တို့ကမူ ထိုရလဒ်နှင့် ပတ်သက်ပြီး မအံ့ဩကြပေ။ နှစ်ယောက်လုံးက သူတို့၏ ဝိညာဉ်အထက် ခန္ဓာကိုယ်ကို အာရုံစိုက်ထားသည့်သူများ ဖြစ်၏။ မည်သို့ပင်ဆိုစေကာမူ သူတို့က အိမ်ပြန်ရောက်သည်နှင့် ဤဟာကွက်ကို လိုက်မှီအောင် လုပ်ဖို့ ဆုံးဖြတ်ထားကြသည်။

ဝမ်ဝေ့က ရလဒ်ကို ကြည့်လိုက်ပြီးနောက် သုံးသပ်လိုက်သည်။ သူက ဖုန်းဟွမ်သည် ဤအဆင့်တွင် ပိုမိုမြင့်မားသင့်ကြောင်း ပြောနိုင်လေသည်။ သို့သော်လည်း သူ့အာရုံကို ဖမ်းစားသွားသည့် တစ်စုံတစ်ခုကိုသာ အာရုံစိုက်လိုက်၏။ လူရိုင်းမောင်နှမ နှစ်ယောက်၏ သန္ဓေပြောင်းမှု ဖြစ်သည်။

သူက သူတို့ ဆက်နွယ်ထားသည့် ရှေးဟောင်းဝိညာဉ်များနှင့် သက်ဆိုင်သည့်အခါ ရွှေအလင်း ဖြစ်နေသည်မှာ ထူးဆန်းသည်ဟု ထင်မိသည်။ ထို့ကြောင့် သူက ထိုမူမမှန်မှုသည် အရေးကြီးလား၊ မကြီးလားဟု စောင့်ကြည့်ဖို့ ဆုံးဖြတ်လိုက်သည်။

“ ငါတို့တွေ ဝိညာဉ်စစ်ဆေးမှုရဲ့ ဒုတိယအပိုင်းဖြစ်တဲ့ ပမာဏကို စစ်ဆေးကြမယ်” အရှင်စိတ်ဝိညာဉ်က မျှော်နန်းဆောင်ရှိ ပါဝင်ယှဉ်ပြိုင်သူအားလုံးအား ဆက်နွယ်လိုက်သည်။ ထို့နောက် သူတို့ရှေ့ရှိ တိုင်လုံးများက ပြောင်းလဲသွားပြီး နေရာမှ ပျောက်ကွယ်သွားသည်။

ပါဝင်ယှဉ်ပြိုင်သူများက သူတို့၏ ဝိညာဉ်စွမ်းအားကို မရပ်မနား ထည့်သွင်းလိုက်ကြသည်။ ထိုသို့လုပ်ဆောင်နေစဉ်အတွင်း ပါဝင်ယှဉ်ပြိုင်သူများက တခြားသူများ၏ အဆင့်ဇယားကို မြင်တွေ့နေရသည့်အတွက် ယှဉ်ပြိုင်လိုစိတ် မြင့်တက်လာရသည်။

မိနစ်ပိုင်းကြာမြင့်ပြီးသည့်နောက်တွင် ဒုတိယနေရာနှင့် တတိယနေရာနှင့်အောက်တွင် ရလဒ်ရှိလာသော်လည်း ဝမ်ဝေ့နှင့် ချူးလော့တို့ကမူ ပထမနေရာအတွက် အကြိတ်အနယ် ပြိုင်ဆိုင်နေကြဆဲ ဖြစ်၏။ တစ်နာရီကြာမြင့်ပြီးသည့်နောက်တွင် ဝမ်ဝေ့က သူ့ကန့်သတ်ချက်သို့ ရောက်ရှိလာပြီး သူသည် ပမာဏအားဖြင့် ရှုံးနိမ့်မည်မှန်း ပြောနိုင်သော်လည်း သူက မလိုလားပေ။

ထို့ကြောင့် သူက သူ ကမ္ဘာဦးစိတ်ဝိညာဉ်မှ စည်းတံဆိပ်ကို အနည်းငယ် ဖယ်ရှားလိုက်ပြီး သူ့အတိတ်ဘဝမှ  ဝိညာဉ်စွမ်းအားတချို့ကို ရယူကာ ချူးလော့နှင့် ပြိုင်ဆိုင်လိုက်သည်။ ထို့နောက် နောက်ထပ် တစ်နာရီကြာမြင့်ပြီးသည့်နောက်တွင် စိတ်ဝိညာဉ်က နှစ်ယောက်လုံးအား ပထမနေရာ ပေးပြီး တစ်ယောက်ချင်းစီကို အမှတ်တစ်ထောင်စီ ပေးဖို့ ဆုံးဖြတ်လိုက်သည်။

တတိယနေရာက အပြောင်းအလဲ မရှိဘဲ နတ်မျိုးနွယ် လျန့်ရှစ်ရှန်းသာ ဖြစ်၏။ လေးနေရာမြောက်ကမူ ရှစ်ချီအန်းနှင့် အမှတ်တူနေသည့် ကျင်းဝူဟွား ဖြစ်သည်။

နောက်ဆုံးတွင် အဖွဲ့က မျှော်နန်းဆောင်မှ ထွက်လာကြ၏။ အားလုံးက အခြေအနေ တင်းမာနေကြသည်။

***

All Chapters