← Chapters

ဓားတစ်ချက်

Vol. 40 Ch. 548

ဓားတစ်ချက်

Vol. 40 Ch. 548

အားလုံးက ထိုမိုးကြိုးချက်သည် ပွင့်ချပ်တစ်လွှာ မသေမျိုးစွမ်းအားအဆင့်သို့ ချဉ်းကပ်လာကြောင်း ခံစားမိလိုက်ကြသည်။ ထို့နောက် အားလုံးက မသေမျိုးအဆင့် စွမ်းအားကို ရောက်ရှိဖို့ ဘယ်အချိန်တုန်းက လွယ်ကူသွားလဲဟု စတင်စဉ်းစားနေကြ၏။

ဝမ်ဝေ့က တိမ်တိုက်များရှိ အနီရောင်မိုးကြိုးများအား ကြည့်နေရင်း ထိုတိုက်ကွက်သည် ပွင့်ချပ်တစ်လွှာမသေမျိုးအဆင့်စွမ်းအားကို ရောက်နိုင်ရုံမျှသာ ဖြစ်ကြောင်း ခံစားမိလိုက်သည်။ လူဝင်စားသုံးယောက်၏ စွမ်းအားက ထိုတိုက်ကွက်အဆင့်ကို ရင်ဆိုင်နိုင်လေသည်။ ယခုတွင် သူ့၌ လူဝင်စားလေးယောက်၏ စွမ်းအားရှိနေပြီဖြစ်၍ သူ့အတွက် ပြဿနာ မဟုတ်ပေ။

သို့သော် သူက အတွေးတစ်ခု ရှိနေလေ၏။ သူက ထိုအခွင့်အရေးကို အသုံးပြုကာ သူ့ခန္ဓာကိုယ်အား လေ့ကျင့်ပေးလိုသည်။ ထို့ကြောင့် တိမ်တိုက်များမှ မိုးကြိုးများ ကျဆင်းလာသည့်အခါ သူက ပင်မခန္ဓာကိုယ် ခွန်အားသက်သက်ဖြင့် တောင့်ခံလိုက်သည်။

သူက ဤသို့အားကောင်းသည့် တိုက်ကွက်ကို တစ်ယောက်တည်း ခုခံနိုင်ခြင်း မရှိပေ။ ထို့ကြောင့် သူက ထိုဖြစ်စဉ်အတွင်း ဉာဏ်သုံးဖို့ လို၏။ သူက ဝက်ရာသီခွင်စွမ်းအားကို အသုံးပြုကာ မသေမျိုးမိုးကြိုးချက်၏ စွမ်းအားတချို့ကို သိုလှောင်ထားလိုက်ပြီး အချို့ကိုမူ နတ်ဘုရားအပြစ်ဒဏ် မိုးကြိုးချက်အပေါ် ဝူဟုန်၏ တူညီသည့် စည်းပိတ်မှုကို အသုံးပြုကာ စည်းပိတ်ထားလိုက်သည်။

ထို့နောက် သူက သိုလှောင်ထားသည့် စွမ်းအားများကို ဖြည်းဖြည်းချင်း ထုတ်လွှတ်ပြီး သူ့ခန္ဓာကိုယ်ကို ဖျက်ဆီးကာ ပြန်လည်တည်ဆောက်ခဲ့ပြီး လေ့ကျင့်ပေးခဲ့သည်။ သူက ဘိုးဘေးဝမ်ဝူချန် သူ့ခန္ဓာကိုယ်အား သန့်စင်ဖို့အတွက် ထားရှိခဲ့သည့် ကံကြမ္မာကောင်းစွမ်းအားကိုပင် အသုံးပြုခဲ့သည်။

ထို့ကြောင့် ပါဝင်ယှဉ်ပြိုင်သူများက ထိုလျှပ်စီးချက်များသည် ဝမ်ဝေ့၏ ခန္ဓာကိုယ်အား ဆက်တိုက်ဖျက်ဆီးပစ်နေပြီး ပြန်လည်ကောင်းမွန်လာသည်ကို ကြည့်နေရ၏။

ယဲ့တာ့ဖူက သူ့ပြိုင်ဘက် ဘာလုပ်နေသည်ကို ချက်ချင်းသိသွားသည်။ သူ့မွေးရပ်မြေတွင် သူ သဘောကျသည့်အရာ တစ်ခုမှာ အားကောင်းသည့် မိုးကြိုးဓာတ် သို့မဟုတ် မီးဓာတ် ကျင့်ကြံသူများနှင့် တိုက်ခိုက်သည့်အခါ ဖြစ်၏။ သူက ထိုကျင့်ကြံသူများ၏ စွမ်းအားပြင်း တိုက်ကွက်ကို အသုံးပြုကာ သူ့ခန္ဓာကိုယ်ကို လေ့ကျင့်ပေးပြီး သူတို့အား အရှက်ခွဲခဲ့သည်။ သို့သော် သူက ယနေ့တွင် တူညီသည့်အရာ ပြန်လည်ကြုံတွေ့နေရ၏။

သူက တစ်ဖက်လူ၏ အပြုအမူကို ကြည့်နေရင်း တစ်စုံတစ်ခု နားလည်မှုလွဲသွားကြောင်း သဘောပေါက်သွားသည်။ ထိုလူက ယခင်မသေမျိုးအဆင့် တိုက်ကွက်တွင် အသက်ရှင်သန်ခဲ့သည်မှာ လျှို့ဝှက်နည်းစနစ် တစ်ခုခုကြောင့် ဖြစ်မည်ဟု တွေးခဲ့မိသည်။ သို့သော် ယခုတွင် တစ်ဖက်လူ၏ အင်အားသည် မသေမျိုးအဆင့်သို့ နီးကပ်နေကြောင်း သိလိုက်ရ၏။

သူက သူ့နည်းစနစ်ကို ရပ်တန့်ချင်သော်လည်း ခဲဖြူရောင်ကြိုးမျှင်များဖြင့် ပြုလုပ်ထားသည့် လှောင်ချိုင့်တစ်ခုက သူ့အနားတွင် ပေါ်ထွက်လာကာ သူ့အပြုအမူအား တားဆီးနေသည်။

ဝုန်း

ဝမ်ဝေ့က သူ့တာအိုသက်သေပြပစ္စည်းဖြင့် ယဲ့တာ့ဖူအား တားဆီးပြီးသည့်နောက်တွင် နောက်ထပ် နာရီဝက်ကြာ ထပ်မံ လေ့ကျင့်လိုက်သည်။ ထို့နောက် တိမ်တိုက်များက ကင်းစင်သွားပြီး နောက်ဆုံးတစ်ကြိမ် ကုသလိုက်သည်။

ကမ္ဘာဦးနဂါး ၁၅ ကောင် ခွန်အား မဆိုးဘူးပဲ…

သူက တွေးလိုက်မိသည်။ သူက မထူးမခြားနားဖြစ်နေသည့် မျောက်ဘုရင်အား ကြည့်လိုက်၏။ ယခင် တောက်ပနေသည့် အဝါရောင် အမွေးအမျှင်များက ယခုအခါ တောက်ပမှု ကင်းမဲ့နေလေပြီ။ သူက ယခုအခါ အတော်လေး ပိန်ပါးသွားပြီး ရာစုနှစ်များစွာ ရေမသောက်ခဲ့ရသလိုမျိုး ခြောက်သွေ့နေလေသည်။

ယဲ့တာ့ဖူရှေ့တွင် လျှပ်စီးချက် ရတနာ ပျံသန်းထွက်ပေါ်လာပြီး မည်မျှအားနည်းသွားသည်ကို မြင်သည့်အခါ သက်ပြင်းချလိုက်သည်။ ဤသည်က သူ့သွေးမျိုးဆက် တာအိုရတနာသည် ဤသို့ ဆိုးဆိုးရွားရွားဖြစ်နေသည်ကို မြင်ရသည်မှာ ပထမဦးဆုံးအကြိမ် ဖြစ်၏။

ဤရတနာက သူနှင့် သန္ဓေသားလောင်း ဘဝကတည်းက အတူတူရှိခဲ့ပြီး သူ့သွေးမျိုးဆက်နှင့် ကျင့်ကြံရေးဖြင့် နှစ်သိန်းပေါင်းများစွာ အားဖြည့်ပေးခဲ့ရသည်။

ထိုအရာကို သိမ်းဆည်းလိုက်ပြီးသည့်နောက် ယဲ့တာ့ဖူက သက်ပြင်းချလိုက်ပြီး “ ငါ ရှုံးသွားပြီ”

ဝမ်ဝေ့က တခြားသူများကို ကြည့်ကာ မည်သူက စိန်ခေါ်ချင်သေးလဲဟု မေးနေဟန်ပေါ်သည်။ မည်သူကမှ ပြန်မဖြေကြသော်လည်း ကျိလန်ဖန်းက ရုတ်ချည်းဆိုသလို ရှေ့ထွက်လာလေသည်။

သူက သေရည်ဘူးခွံခြောက်ကို ကိုင်ဆောင်ထားပြီး တစ်ငုံသောက်လိုက်ရင်း ပြောလိုက်သည် “ မျောက် မင်း အထွတ်အထိပ်အခြေအနေရောက်ဖို့ ဘယ်လောက်ကြာဦးမလဲ”

“ ငါက နာရီပိုင်းနဲ့ ပြန်တိုက်နိုင်တယ်”

“ မင်း ဘယ်အချိန်တိုက်နိုင်မယ်ဆိုတာကို မေးတာ မဟုတ်ဘူး။ ဘယ်အချိန် အထွတ်အထိပ် ပြန်ရောက်မှာလဲလို့ သိချင်တာ”

ယဲ့တာ့ဖူက မဖြေပေ။ သူ့လက်ရှိအခြေအနေဖြင့် အထွတ်အထိပ်သို့ အတတ်နိုင်ဆုံး အလျင်အမြန် ပြန်ရောက်ဖို့ရာ မသေမျိုးအဆင့်အရင်းအမြစ် များစွာ လိုအပ်ပေသည်။ လက်ရှိသူက ဤစစ်ဆေးမှုမှ နှုတ်ထွက်ဖို့ရာ စဉ်းစားနေမိသည်။ သူက ဆန့်ကျင်ကျင့်စဉ်တစ်ခုအတွက် ရောက်လာခြင်းဖြစ်ကာ ကိစ္စများက သူ့ဘက်တွင် အရေးမသာတော့ပေ။

ထို့နောက် အရှင်စိတ်ဝိညာဉ်က ရုတ်ချည်းဆိုသလို သူတို့နှစ်ဦးအထက် အဆောင်တစ်ရွက်ဖြင့် ပေါ်ထွက်လာကာ “ မင်းရဲ့ ပြဿနာအတွက် ဖြေရှင်းချက် ရှိတယ်”

“ လှည့်ဖျားရေးခန္ဓာ အဆောင်။ ဒီဟာနဲ့ဆိုရင် မင်းရဲ့ခန္ဓာကိုယ်ကို အထွတ်အထိပ် အခြေအနေမှာ ရှိတယ်ဆိုပြီး လှည့်ဖျားလို့ ရတယ်။ အဲဒါဆို အဲဒီအခြေအနေ ကို ယာယီ ပြန်ရောက်နိုင်တယ်”

ယဲ့တာ့ဖူက ခေတ္တမျှ စဉ်းစားလိုက်ပြီးသည့်နောက်တွင် အပေးအယူကို လက်ခံလိုက်သည်။ ထိုအဆောင်ကို ချေမွပစ်လိုက်ပြီးနောက် သူ့ခန္ဓာကိုယ်က အထွတ်အထိပ် ပြန်ရောက်သွားသည်။ သူက ဤသို့ဆိုးဆိုးရွားရွား ဖြစ်ခဲ့အောင် လုပ်ခဲ့သည့် အဆင့်တူ တိုက်ကွက်မျိုးကို ထပ်မံထုတ်သုံးနိုင်သည်ဟု ခံစားမိလိုက်သည်။

“ ပြဿနာ မဖြစ်တာ သေချာဖို့အတွက် တိုက်ကွက်တစ်ခုတည်းနဲ့ အနိုင်အရှုံး သတ်မှတ်ရအောင်” ကျိလန်ဖန်းက ဓားကို ဆွဲထုတ်ရင်း ပြောလိုက်သည်။

“ ကောင်းပြီ” မျောက်ဘုရင်က ပြောလိုက်သည်။ သူက သူ့တုတ်ဖျားအထက်တွင် အနီရောင်လျှပ်စီးများ ဝန်းရံလာသည်မှလွဲ၍ တူညီသည့် တိုက်ကွက်ကို ထုတ်သုံးလိုက်သည်။

ကျိလန်ဖန်းက သေရည် တစ်ငုံသောက်လိုက်ပြီးနောက် တိုက်ပွဲကို အာရုံစိုက်ထားလိုက်၏။

သူ့ခန္ဓာကိုယ်မှ အထွတ်အထိပ်ဓားဆန္ဒတစ်ခု ထွက်ပေါ်လာပြီး သူ့အနေအထားတစ်ခုလုံးက ပြောင်းလဲသွားသည်။ သူက အမူးသမား မဟုတ်တော့ဘဲ ထိုက်တန်သည့် စိန်ခေါ်သူဖြစ်သည့် ပြိုင်ဘက်ကင်း ဓားသမားတစ်ယောက်အလား ဖြစ်၏။

နှစ်ဦးသားက တစ်ယောက်နှင့်တစ်ယောက် စိုက်ကြည့်လိုက်ကြပြီး သူတို့၏ အရှိန်အဝါများက ပြင်းထန်လာကြသည်။ ထို့ကြောင့် သူတို့က တစ်ပြိုင်နက် တိုက်ခိုက်လိုက်ကြ၏။

ဝှစ်

ယဲ့တာ့ဖူ၏ အနီရောင်လျှပ်စီးက အလယ်တစ်ဝက်တွင် ရပ်တန့်ခံလိုက်ရသည်။ ထို့နောက် မျောက်၏ မျက်နှာအထက် စိုးထိတ်ဖွယ်အမူအရာမျိုး ထွက်ပေါ်လာပြီး ဘာဖြစ်သွားသလဲဟု စဉ်းစားနေဟန်ပေါ်သည်။

ထို့နောက် သူ့ခေါင်းက ရုတ်ချည်းဆိုသလို လေထဲလွင့်သွားတော့သည်။ အပေါ်အောက် ဝှေ့သွားပြီးသည့်နောက်တွင် ဓားသမားက နဂိုပျင်းရိသည့်ပုံစံသို့ ပြန်ရောက်သွားသည်ကို တွေ့လိုက်ရ၏။

“ အလေးအနက် တစ်ချက်တည်းတဲ့လား။ ဒါက ငါ့ကမ္ဘာက အားနည်းတဲ့သူတွေထက်တော့ ကောင်းတာပါပဲ” ကျိလန်ဖန်းက ဆက်သောက်ရင်း ပြောလိုက်သည်။ ထို့နောက် သူက မျက်မှောင်ကြုတ်လိုက်၏။

ယဲ့တာ့ဖူ၏ ခန္ဓာကိုယ်ကို ကျောက်တုံးနှင့်တူသည့် ပိုးအိမ်က ရစ်ပတ်ထားသည်။ သူ၏ ပျံသန်းနေသည့် ခေါင်းက ပျောက်ကွယ်သွားပြီး သိပ်မကြာခင် ထိုပိုးအိမ်အတွင်းမှ ခေါင်းအသစ် ပေါ်ထွက်လာ၏။

အကယ်၍ သူ့ဘိုးဘေးသွေးမျိုးဆက်သာ ကပ်ဘေးကို ရှောင်ရှားဖို့ ကျင့်စဉ်မရှိဘဲ နောက်ဆုံးအချိန်တွင် သူ့အား မကယ်တင်နိုင်လိုက်လျှင် သူက သေဆုံးသွားနိုင်ပြီး သူ့ဝိညာဉ်ပင် ပျောက်ကွယ်သွားကာ တာအိုပင် ပျက်သုဉ်းသွားလိမ့်မည်။

ယဲ့တာ့ဖူက ဘာမှမပြောဘဲ သူ့ပြိုင်ဘက်အား သူ့တတိယနေရာ အမှတ်အသားပြားကို ထုတ်ပေးလိုက်သည်။ ထို့နောက် သူက သူ့ဘိုးဘေးအား ဆက်သွယ်လိုက်သည်။ သူက သူ့သွေးမျိုးဆက်၏ လျှို့ဝှက်နည်းစနစ်များကို ထုတ်သုံးထားလေရာ လှည့်ဖျားရေးအဆောင်၏ သက်ရောက်မှု အဆုံးသတ်သွားသည်နှင့် တန်ပြန်သက်ရောက်မှုက သူ့အား သေစေနိုင်လိမ့်မည်ဟု ခံစားမိနေသည်။

ထို့ကြောင့် သူက အိမ်သို့ မြန်မြန်ပြန်ရောက်ဖို့ လိုပြီး မျိုးနွယ်၏ အရင်းအမြစ်များဖြင့် တာအိုအုတ်မြစ်ထိခိုက်မှု မရှိအောင် ကုသဖို့ လိုအပ်နေသည်။ ထို့နောက်တွင် အပြာရောင်ဝတ်စုံ ဝတ်ဆင်ထားသည့် မျောက်တစ်ကောင်က သူတို့အနားတွင် ပေါ်ထွက်လာပြီးနောက် ပြန်လည်ပျောက်ကွယ်သွားသည်။

“ အဲဒါဆို လေးနေရာမြောက် အမှတ်အသားပြားကို ဘယ်လိုလုပ်ရမှာလဲ” ကျိလန်ဖန်းက ပြောလိုက်သည်။

“ တခြားလက်ရွေးစင်တွေက အဆင့်တစ်ဆင့်စီ တက်သွားကြလိမ့်မယ်။ ၆နေရာမြောက်က …” အရှင်စိတ်ဝိညာဉ်က ပါဝင်ယှဉ်ပြိုင်သူများအား ကြည့်လိုက်ပြီးနောက် ကျင်းဝူဟွားတွင် ရပ်တန့်သွားသည်။

ယခုမူလိန်က လေးနေရာမြောက်တွင်ဖြစ်ကာ ရှစ်ချီအန်းက ၅နေရာမြောက်တွင် ဖြစ်၏။

ကျိလန်ဖန်းက ထိုအကြောင်းကို ဂရုမစိုက်ပေ။ သူက နောက်ထပ် ပစ်မှတ်အပေါ် အာရုံစိုက်ထားလိုက်၏။

ဝမ်ဝေ့ …

“ မင်းက ပြန်အားဖြည့်ဖို့ အချိန်လိုသေးလား”

“ မလိုဘူး”

“ ဒီလိုဆိုရင် မင်းကို စိန်ခေါ်မယ်”

စည်းမျဉ်းများအရ သူက လက်ရွေးစင်ဆီမှ တစ်ရက်လျှင် စိန်ခေါ်မှုတစ်ခုကိုသာ လက်ခံဖို့လိုအပ်ပေသည်။ မည်သို့ပင်ဆိုစေကာမူ သူက ဤဓားသမားထံ စိတ်ဝင်စားနေ၍ ပြိုင်ပွဲကို လက်ခံလိုက်သည်။ အမှတ် ၅၀၀ လက်ခံပြီးသည့်နောက်တွင် နှစ်ဦးသားက စတင်လိုက်ကြ၏။ ကျိလန်ဖန်းက သူ့ဓားဆန္ဒကို အာရုံစိုက်ထားလိုက်သည်။

ဝှစ်

သူက ယဲ့တာ့ဖူကို လုပ်ခဲ့သည့်အတိုင်း ဓားကို ဝှေ့ယမ်းလိုက်သည်။

“ စိတ်ဝင်စားစရာပဲ” ဝမ်ဝေ့က လည်ချောင်းရှင်းကာ ပြောလိုက်၏။

“ နှုတ်ရေးတာအိုလား။ မင်းက ဓားကို ပြိုင်ဘက်ကင်းအလျင်နဲ့ ဝှေ့ယမ်းနိုင်ဖို့ အရာအားလုံးကို စွန့်ပစ်ထားတာပဲ။ ဒီလိုမျိုး သန့်စင်တဲ့ ဓားသမားကို ရှာတွေ့ဖို့ ခက်သွားပြီ”

“ တကယ်ကို တုတ်ခိုင်တဲ့ လည်ပင်းပဲ။ ဓားတစ်ချက်တည်းက မင်းကို အနိုင်ယူဖို့ မလုံလောက်ဘူးဆိုတာကို သိတယ်။ ထပ်ကြိုးစားကြည့်တာပေါ့”

ဓားချက်ထောင်ချီ

ဝှစ်

ဝမ်ဝေ့က ဓားလှုပ်ရှားမှုများကို အနှေးပြကွက်ဖြင့် မြင်လိုက်ရသော်လည်း သူ့ခန္ဓာကိုယ်ကမူ အချိန်မီ မတုံ့ပြန်နိုင်ပေ။ ဤမျှ မြန်ဆန်နေခြင်းဖြစ်၏။ နာနိုစက္ကန့်ပိုင်းလေးအတွင်း တစ်ဖက်လူက သူ့လည်ပင်းကို အလင်းအမြန်နှုန်း၏ အဆသန်းချီအမြန်ဖြင့် အကြိမ်ထောင်ချီ ခုတ်ချပြီးလေပြီ။

ကျိလန်ဖန်းက သူသည် တစ်ဖက်လူပေါ်တွင် အဖြူရောင် အမှတ်အသားမျှသာ ချန်ထားခဲ့သည်ကို မြင်သည့်အခါ မျက်မှောင်ကြုတ်လိုက်၏။ ထို့နောက် သူက စိတ်လှုပ်ရှားလာမိသည်။

ဓားချက်တစ်သောင်း

ထိုတိုက်ကွက်အတွက် သူက သူ့အမြန်နှုန်းကို တိုးမြှင့်ရုံသာမက တိုက်ကွက်အရေအတွက်ကိုပင် တိုးမြှင့်လိုက်သည်။ သူ့အား အံ့အားသင့်သွားစေသည်က တစ်ဖက်လူသည် တိုက်ကွက်အား ရှောင်ရှားခဲ့၏။

ကျိလန်ဖန်းက အခြေအနေကို အလျင်အမြန် သုံးသပ်ခဲ့သည်။

“ အချိန်စွမ်းအား” သူက တစ်ဖက်လူသည် သူ့တိုက်ကွက်ကို ရရှိလာမည့်အချိန်ကို နှောင့်နှေးထားကာ ရှောင်ရှားဖို့ရာ အချိန်လုံလုံလောက်လောက်ရအောင် လုပ်နေကြောင်း သိလိုက်ရသည်။

“ ဒီဓားချက်ကို ရှောင်ကြည့်စမ်းပါဦး”

ဝှစ်

ဝမ်ဝေ့၏ လည်ပင်းအထက် အနီရောင်ဓားရာတစ်ခု ပေါ်ထွက်လာသည်။

“ ဓားက မြန်ဆန်လွန်းလို့ အချိန်ကိုတောင် ဖြတ်တောက်နိုင်တာပဲ” သူက ရေရွတ်လိုက်သည်။

“ ဒီလိုမျိုး ခန္ဓာကိုယ်သန့်စင်သူကို တိုက်ခိုက်ဖို့ ဘယ်တုန်းကမှ စိတ်မခုခဲ့ဖူးဘူး” ကျိလန်ဖန်းက ပြောလိုက်သည်။ သာမန်ခန္ဓာသန့်စင်သူများသည် သေဆုံးသွားသည်မှာ ကြာမြင့်လှလေပြီ။ သို့သော် ယခုတွင် သူက တစ်ဖက်လူကို ဖြတ်တောက်နိုင်လျှင်ပင် တစ်ဖက်လူ၏ ခုခံနှုန်းက အံ့မခန်းဖြစ်နေလေ၏။

“ ကောင်းပြီ။ အားအကောင်းဆုံးတိုက်ကွက်ကို အသုံးပြုမယ်”

အဆုံးမဲ့အရှိန်

ဝှစ်

ကံဆိုးစွာဖြင့် ကျိလန်ဖန်းက ဝှေ့ယမ်းနေရင်း ရပ်တန့်သွားသည်။ သူ့မျက်ဝန်းများက ခေတ္တမျှ စိတ်ရှုပ်ထွေးသွားပြီးနောက် အသိပြန်ဝင်လာ၏။

“ ငါ ရှုံးသွားပြီ”

ဝမ်ဝေ့က ပြုံးလိုက်သည်။ သူ့ခန္ဓာကိုယ်က မလှုပ်ရှားသော်လည်း သူ့စိတ်နှင့် ဝိညာဉ်တို့က တစ်ဖက်လူ၏ လှုပ်ရှားမှုနှင့်အမြန်နှုန်းများကို မြင်တွေ့နိုင်လောက်အောင် မြန်ဆန်နေသည်။ ထို့ကြောင့် သူက ဓားသမားအား ပုံရိပ်ယောင်အတွင်း ထည့်သွင်းကာ ရှုံးနိမ့်စေခဲ့ခြင်းဖြစ်၏။

“ ဒီပုံရိပ်ယောင်က တကယ်ပဲလား”

“ ဟုတ်တယ်”

“ ဒီလူက ဘယ်သူလဲ”

“ အဲဒါက ငါ့အဖေပဲ”

“ ဒီအဆုံးမဲ့လေဟာနယ်အတွင်းမှာ ငါ့လိုမျိုး အားကောင်းပြီးသန့်စင်တဲ့ ဓားသမား နောက်တစ်ယောက် ရှိနေလိမ့်မယ်လို့ ထင်မထားမိဘူး။ သူ့ကို ငါ့ ဆက်သွယ်ရေးအဆောင် ပေးပေးလို့ ရမလား။ သူနဲ့ ဓားလမ်းစဉ်နဲ့ ပတ်သက်ပြီးတော့ ဆွေးနွေးချင်တယ်”

“ ပြဿနာ မရှိဘူး”

ကျိလန်ဖန်းက အဆောင်ကို ပေးပြီးသည့်နောက်တွင် ပျံသန်းထွက်သွားသည်။ သူက ထိုက်တန်သည့် စိန်ခေါ်သူများနှင့် လာရောက်တွေ့ဆုံခြင်းသာဖြစ်ပြီး တစ်စုံတစ်ယောက်နှင့် တွေ့ဆုံခဲ့ရသည်။ သူက တခြားသူများသည် သူ့အား စိတ်လိုလက်ရ တိုက်ခိုက်နိုင်ခွင့်ပြုဖို့ရာ အားကောင်းဖို့အထိ မျှော်လင့်နေမိသည်။

ထို့အပြင် ဓားလမ်းစဉ်ပေါ်တွင် သူနှင့် တူညီသည့် တာအိုရောင်းရင်းကို တွေ့ဆုံသည်က အပိုဆုလာဘ် ဖြစ်၏။

ထိုစဉ် ဝမ်ဝေ့က ထိုပြိုင်ဘက်ကင်း ဓားသမားနှစ်ယောက်ကြားမှ တိုက်ပွဲကို စောင့်မျှော်နေမိသည်။ သူက သူ့အဖေသည် ကျိလန်ဖန်း၏ အမြန်နှုန်းကို ဖြတ်တောက်နိုင်မည်လား သို့မဟုတ် ထိုလူက ဖြတ်တောက်နိုင်ဖို့ မြန်ဆန်လွန်းနေမလားဟု သိချင်နေမိသည်။

ထို့နောက် သူက ပါဝင်ယှဉ်ပြိုင်သူများအား ကြည့်ကာ တခြားတိုက်ပွဲ ရှိဦးမလားဟု ကြည့်လိုက်မိသည်။ သို့သော်လည်း မည်သူကမှ လက်ရွေးစင်များကို စိန်မခေါ်ကြပေ။ ဝမ်ဝေ့က လူများစွာသည် သူတို့၏ အင်အားကို စစ်ဆေးမှု၏ ဆုလာဘ်မှတဆင့် နောက်ဆုံးမိနစ်အချိန်အထိ တိုးမြင့်ထားလိုကြကြောင်း ခန့်မှန်းမိလိုက်သည်။

မည်သို့ပင်ဆိုစေကာမူ ကိစ္စများက အချိန်အတော်ကြာ အေးဆေးငြိမ်သက်မည် မဟုတ်ကြောင်း သိလိုက်သည်။ ထို့ကြောင့် သူက တခြားလုပ်စရာများ ရှိသေးသည့်အတွက် သူ့စံအိမ်ဆီ ပျံသန်းသွားလိုက်သည်။ ယဲ့တာ့ဖူနှင့် တိုက်ပွဲအတွင်း သူက တစ်ဖက်လူ၏ ဝိညာဉ်အမှတ်အသားကို ရယူနိုင်ခဲ့သည့်အတွက် မျောက်၏ မွေးရပ်မြေကမ္ဘာကို ဝင်ရောက်နိုင်လေပြီ။

***

All Chapters