ခွန်အားအစစ်အမှန် တာအို
Vol. 40 Ch. 550
ပထမဦးစွာ သက်တမ်းနှင့် ပတ်သက်လာသည့်အခါ မူလနည်းစနစ်နှင့် တူညီပြီး အားကောင်းသည့် သွေးမျိုးဆက်က ထိုကျင့်ကြံသူများအား ဧကရာဇ်တစ်ပိုင်းအဆင့်တွင် အပိုသက်တမ်း နှစ်ဆယ်သန်းမှ သုံးဆယ်အထိ ပေးထားလေသည်။ ရှေးဦးနတ်ဆိုးကျင့်ကြံရေးနည်းစနစ်သည် ခွန်အားအရ မူလနှင့် စိတ်ဝိညာဉ်အခြေခံနည်းစနစ်များထက် ပိုမိုအံ့ဩဖို့ကောင်း၏။ သို့သော်လည်း ပတ်ဝန်းကျင်၏ ကန့်သတ်ခြင်းကို ခံရသည်။
မိုးမြေကြားမှ သီးသန့်သွေး မရှိဘဲ ရှေးခေတ်အခါမှ သွေးမျိုးဆက် အမွေအနှစ်အားလုံး မပါရှိဘဲဖြင့် ဤနည်းစနစ်သည် အပြည့်အဝ မကျင့်ကြံနိုင်ပေ။
ဝမ်ဝေ့က ပင်ကိုနတ်ဆိုးများနှင့် ကမ္ဘာဦးနတ်ဘုရားများ၏ သွေးမျိုးဆက်အမွေအနှစ် အားလုံးကို ရှာဖွေတွေ့ရှိသွားသည်နှင့် ဤကမ္ဘာသည် အင်အားအရ သိသိသာသာ ကျဆင်းလာမည်ဖြစ်ကြောင်း ခန့်မှန်းမိလေသည်။
ပတ်ဝန်းကျင်ရှိ ထူးကဲသည့် သွေးမျိုးဆက်က ထာဝရကြာရှည်မည် မဟုတ်ပေ။ ထိုအခါ ကျင့်ကြံသူများက သူတို့၏ နည်းစနစ်ကို ပြောင်းလဲရမည် သို့မဟုတ် သွေးမျိုးဆက်မရှိသည့် အားအနည်းဆုံးကို လက်ခံရမည်။
သူက ရှေးဦးနတ်ဆိုး ကောင်းကင်အလိုဆန္ဒကမ္ဘာနှင့် အလွှာနိမ့်ကြားမှ ကွာခြားချက်ကို ခန့်မှန်းမိလေသည်။ ထိုနေရာရှိ ကျင့်ကြံသူအများစုက ကြီးထွားမည့် သွေးမျိုးဆက်နှင့် သင့်တော်သည့် ပတ်ဝန်းကျင် မရှိသည့်အတွက် သူတို့က အားနည်းကြလိမ့်မည်။
ဤနည်းစနစ်၏ အဓိက ဆိုးကျိုးတစ်ခုမှာ (အထူးသဖြင့် ဝမ်ဝေ့အတွက်) တာအိုရေးထွင်းခြင်းအဆင့် ဖြစ်၏။ ကျင့်ကြံရေးနည်းစနစ်အများစုတွင် စည်းမျဉ်းကို ထိန်းချုပ်ဖို့ စံထားရာ နည်းလမ်းကို အသုံးပြုကြသည်။ ဝိညာဉ်၊ ခန္ဓာကိုယ်နှင့် စွမ်းအားတို့ဖြစ်ကြသည်။
မူလနည်းစနစ်က ဝိညာဉ်ကို အသုံးပြုကာ စိတ်ဝိညာဉ်အခြေပြု နည်းစနစ်များက စွမ်းအားကို အသုံးပြုစဉ် ရှေးဦးနတ်ဆိုးနည်းစနစ်ကမူ ခန္ဓာကိုယ်ကို အသုံးပြုလေသည်။ နောက်ဆုံးတစ်ခု၏ ပြဿနာက ကျင့်ကြံသူများအား ခွန်အားအစစ်အမှန်တာအိုကို ဝင်ရောက်ခြင်းမှ တားဆီးထားခြင်း ဖြစ်၏။
ခန္ဓာကိုယ်သန့်စင်သူများကို သုံးပိုင်း ခွဲခြားထားသည်။ ထိပ်တန်းတွင်ရှိသူများက သူတို့၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ခွန်အားသက်သက်ကို လေ့ကျင့်ပြီး ခွန်အားအစစ်အမှန် တာအိုနယ်ပယ်အဆင့်ကို ဝင်ရောက်သူများ ဖြစ်၏။
ဒုတိယအဆင့်တွင်မူ ခွန်အားစည်းမျဉ်းကို နားလည်ကြသည့် ခန္ဓာကိုယ်သန့်စင်သူများ ဖြစ်သည်။ စည်းမျဉ်းနားလည်မှုမှတဆင့် ခန္ဓာကိုယ်သန့်စင်သူများသည် သူတို့၏ အင်အား၊ လုံ့လ၊ ခုခံစွမ်းအား၊ ပြန်လည်ကောင်းမွန်နိုင်စွမ်းအစရှိသည့် အရာများကို တိုးမြှင့်နိုင်သည်။ ထိုအနေအထားများကို တိုးမြှင့်ခြင်းဖြင့် သူတို့၏ ခွန်အားနားလည်မှုအပေါ် သိသိသာသာ တိုးမြှင့်လာမည်ဖြစ်သည့်အတွက် သံသရာတစ်ပတ်လည်သလိုမျိုးသာ ဖြစ်၏။
ခန္ဓာကိုယ်သန့်စင်သူများ၏ ဒုတိယအဆင့်သည် ပထမအဆင့်လောက် အားကောင်းနိုင်ကြသည်။ သူတို့က ခွန်အားတာအို၏ အနှစ်သာရဖြစ်သည့် အသင်္ချေစည်းမျဉ်းကို ထိုအင်အားသုံး၍ ချိုးဖောက်ခြင်းဟူသော တူညီသည့် သဘောတရားကို လိုက်နာကြသည်။ သို့သော်လည်း ခွန်အားအစစ်အမှန် တာအိုနယ်ပယ်ထဲ မဝင်ရောက်နိုင်သည့် ခန္ဓာသန့်စင်သူများက ဖြည်းဖြည်းချင်း ဂိတ်ပေါက်ကို ဖွင့်လှစ်လာနိုင်လိမ့်မည်။
မည်သို့ပင်ဆိုစေကာမူ အလွှာနိမ့်တွင် ထိုဂိတ်ပေါက်ကို ဖွင့်နိုင်သည့်သူ တစ်ယောက်မှ မရှိသည့်အကြောင်း စဉ်းစားကြည့်လျှင် ခန္ဓာကိုယ်ကျင့်ကြံသူ အများစုအတွက် ခွန်အားအစစ်အမှန် တာအိုလမ်းစဉ်ကို ရှာဖို့ မည်မျှခက်ခဲကြောင်း ထုတ်မပြောလျှင်ပင် ရွေးချယ်မှုကောင်း ဖြစ်နေသေး၏။
ပထမကဏ္ဍက ကောင်းကင်အလိုဆန္ဒတိုက်ပွဲတွင် သူတို့အား ခွန်အားအစစ်အမှန် တာအိုနယ်ပယ်၏ အရည်အသွေးပြည့်ဝမှုကို ယူဆောင်မသွားဘဲ အင်အားကို သိသိသာသာ တိုးမြှင့်ပေးလိမ့်မည်။ ထိုတိုးမြင့်လာမှုက ဂိတ်ပေါက်ဖွင့်ဖို့ရာ လုံလောက်မည် မဟုတ်ဘဲ ခွန်အားအစစ်အမှန်နယ်ပယ်တွင် အဆင့်များ တိုးပွားလာရုံမျှသာ ဖြစ်၏။ ဒုတိယကဏ္ဍကမူ ခွန်အားမဟာတာအိုအရင်းအမြစ်ကို နားလည်ရန် ဖြစ်၏။
တတိယအဆင့်တွင် သူတို့၏ ခန္ဓာကိုယ်များကို အသုံးပြု၍ စည်းမျဉ်းထိန်းချုပ်သည့် ခန္ဓာကိုယ်သန့်စင်သူများ ပါဝင်လေသည်။ သူတို့က မည်သည့်စည်းမျဉ်းကို သူတို့၏ ခန္ဓာကိုယ်အနှံ့ ဖြန့်ကျက်စေကာမူ ထိုအရာဖြင့် အချိန်အတော်ကြာ ဆေးကြောခဲ့ရသည်။ ထိုခန္ဓာသန့်စင်သူများက ခွန်အားအစစ်အမှန် တာအိုနယ်ပယ်သို့ မဝင်ရောက်နိုင်ပေ။
တာအိုရေးထွင်းခြင်းအဆင့်က ဤကမ္ဘာ၏ ကျင့်ကြံသူများအတွက် ခွန်အားအစစ်အမှန် တာအိုလမ်းစဉ်ကို လျှောက်လှမ်းဖို့ မဖြစ်နိုင်အောင် ပြုလုပ်ထားသည်။
အရာအားလုံးကို သဘောပေါက်လာပြီးသည့်နောက်တွင် ဝမ်ဝေ့က ထိုနည်းစနစ်အား သိမ်းဆည်းလိုက်ပြီးနောက် ဤနေရာသို့ ရောက်လာသည့် ရည်ရွယ်ချက်အပေါ်သာ အာရုံစိုက်ထားလိုက်သည်။ သူက ဤနေရာသို့ ပြဿနာဖြစ်ရန် ရောက်လာခြင်း မဟုတ်ပေ။ သူက နယ်မြေအရှင်များ၏ တင်းကြပ်သော ထိန်းချုပ်မှုကို သိဖို့ရာ ရောက်လာခြင်း မဟုတ်သလို ထာဝရဧကရာဇ်ငါးပါး ရှိသည့် ရှေးဦးနတ်ဆိုးကမ္ဘာသည် မည်မျှအားကောင်းကြောင်း သိဖို့ရာလည်း မဟုတ်ပေ။ သူ့တစ်ခုတည်းသော ရည်ရွယ်ချက်က သူ့အား ရှားပါးသည့် အရင်းအမြစ်များကို ကူညီစုဆောင်းပေးနိုင်မည့် အင်အားစုကို ထူထောင်ရန် ဖြစ်၏။ ပို၍အရေးကြီးသည်က သူ့သွေးမျိုးဆက်ကို ဖြစ်သည်။ သူက နောင်အနာဂတ်တွင် မကောင်းဆိုးဝါး နတ်ဘုရားခန္ဓာဆင့်ကဲခြင်း ၁၂ မျိုးကို ကျင့်ကြံသည့်အခါအတွက် အဆင်သင့်ပြင်ဆင်ထားလိုခြင်းသာ ဖြစ်၏။
ထို့ကြောင့် သူက ကောင်းကင်နယ်မြေ ၇၂ခုနှင့် မြေကမ္ဘာပိုင်နက် ၃၂ဆီ တိတ်တဆိတ်ဝင်ရောက်ခဲ့ပြီး နယ်မြေအင်အားစုတချို့ကို တိတ်တဆိတ် ထိန်းချုပ်ကာ သူ့အတွက် အလုပ်လုပ်ခိုင်းခဲ့သည်။
သူက လူသားအင်အားစုများကို ပိုမိုအာရုံစိုက်ထားခဲ့ကြောင်းမှာ လူသားအင်အားစုက ကမ္ဘာတစ်ခုလုံးတွင် အလယ်အလတ် မျိုးနွယ်ဖြစ်နေ၍ ဖြစ်သည်။ သူတို့က ကူညီဖို့ရာ အားကောင်းသော်လည်း တခြားမျိုးနွယ်၏ သတိကြီးကြီးထားခံရလောက်အောင် မကောင်းကြပေ။
မည်သို့ပင်ဆိုစေကာမူ ဝမ်ဝေ့က စိတ်ဝိညာဉ်မျိုးနွယ် အင်အားစုတချို့ကိုပါ ထိန်းချုပ်ခဲ့သည်။ သူက နတ်ဆိုးမျိုးနွယ်ကို မထိသည်မှာ သူတို့က ဤကမ္ဘာတွင် အားအကောင်းဆုံး မျိုးနွယ်ဖြစ်နေ၍ ဖြစ်သည်။ ကံကောင်းသည်က ဤနတ်ဆိုးမျိုးနွယ်များသည် နတ်ဆိုးအထွတ်အထိပ် ကမ္ဘာကလိုမျိုး မပြုမူကြပေ။
ထို့နောက် ဝမ်ဝေ့က ကျိလန်ဖန်း၏ ကမ္ဘာဖြစ်သည့် မသေမျိုးတက်လှမ်းခြင်းကမ္ဘာသို့ ဦးတည်လိုက်သည်။
သူက ကံကောင်းမှုဖြင့် ဧကရာဇ်ကျမ်းကို ရှာဖို့ အသုံးမပြုခဲ့ပေ။ သူက သူ့ကံကောင်းမှုဖြင့် ဧကရာဇ်ကျမ်းကို ရှာဖို့ အသုံးမပြုခဲ့ပေ။ သူက ကံကောင်းမှုဖြင့် နိုးထလာပြီး ဧကရာဇ်ကျမ်းရရှိထားသည့် လူတစ်ယောက်အား တွက်ချက်ခဲ့သည်။ ထို့နောက် သူက ထိုသနားစဖွယ်လူဆီမှ ခိုးယူလိုက်ပြီးနောက် ပြန်ပေးလိုက်သည်။
ဤကမ္ဘာ၏ ကျင့်ကြံရေးနည်းစနစ်က အစောပိုင်းအဆင့်များတွင် အသက်ရှည်လမ်းစဉ်ကမ္ဘာနှင့် တူညီလေသည်။ ခန္ဓာကိုယ်သန့်စင်ခြင်း၊ ချီသန့်စင်ခြင်း၊ အမြုတေဖွဲ့စည်းခြင်း၊ ကနဦးဝိညာဉ်အဆင့်တို့ ဖြစ်ကြသည်။ သို့သော်လည်း သူတို့ကမ္ဘာတွင် စည်းပိတ်ထားသည့် မသေမျိုးအရင်းအမြစ် မရှိသည့်အတွက် ကွဲပြားသည့် လမ်းစဉ်ကို လျှောက်လှမ်းကြ၏။
ကနဦးဝိညာဉ်အဆင့်အပြီးတွင် မူလနည်းစနစ်၏ ကမ္ဘာဦးစိတ်ဝိညာဉ်အဆင့်နှင့် တူညီသည့် အံ့ဖွယ်အသွင်ပြောင်းအဆင့်ဖြစ်ပြီး မသေမျိုးဝိညာဉ်သုံးပါးကို သန့်စင်ရသည်။
ထို့နောက် ကြယ်ဆွတ်ခူးခြင်းအဆင့် ဖြစ်ကာ ဤကမ္ဘာ၏ ထူးခြားသည့် နေရာတစ်ခုမှ ဖြစ်ပေါ်လာခြင်း ဖြစ်၏။ ထိုနေရာမှ တာအိုကြယ်တာရာနယ်မြေ ဖြစ်သည်။
တာအိုကြယ်တာရာနယ်မြေတွင် စကြဝဠာ၏ စည်းမျဉ်းနှင့် ဆက်နွယ်နေသည့် ကြယ်များစွာ ရှိနေ၏။ တစ်ခုနှင့် ဆက်နွယ်ခြင်းဖြင့် ကျင့်ကြံသူက စည်းမျဉ်းများကို ပိုမိုကောင်းမွန်စွာ နားလည်လာနိုင်သည်။ ထိုအဆင့်တွင် အဆင့်များ ပြန်လည်ခွဲခြားထားပြီး လူတစ်ယောက်က ပိုမိုပါရမီရှိလေလေ သူတို့ရောက်နိုင်သည့် တာအိုကြယ်တာရာအဆင့်က ပိုမြင့်လာလေလေ ဖြစ်၏။
သို့သော်လည်း ကျင့်ကြံသူက ထိုအဆင့်တွင် ကြယ်တာရာများကို အသုံးမပြုရသေးပေ။ ထိုအစား သူတို့က သီးသန့်စည်းမျဉ်းသို့မဟုတ် တာအိုရှိခဲ့လျှင် သူတို့အတွက် ထူးကဲသည့် ကြယ်တာရာကို ဖန်တီးနိုင်ကြသည်။ ကျိလန်ဖန်းက နမူနာကောင်း ဖြစ်၏။
ထို့နောက် သူတို့က ခန္ဓာကိုယ်ပေါင်းစည်းခြင်းအဆင့်ကို ဝင်ရောက်ကြရမည်။ ထိုအဆင့်က သူတို့၏ ကြယ်တာရာများနှင့် ခန္ဓာကိုယ်ကို ပေါင်းစပ်ခြင်းအဆင့် ဖြစ်၏။ သူတို့က စမ်းသပ်ရေးအဆင့်တွင် စမ်းသပ်ချက်ကိုးကြိမ် ဖြတ်ကျော်ကြရမည်။ စမ်းသပ်ချက်တစ်ကြိမ်ချင်းစီတွင် သူတို့၏ သက်တမ်းကို တိုးပွားလာစေပြီး စည်းမျဉ်းကို ပိုမိုနားလည်လာစေလိမ့်မည်။
နောက်ဆုံးတွင် ကျင့်ကြံသူများက သူတို့၏ ကြယ်တာရာကို အသုံးပြု၍ ခန္ဓာကိုယ်ထဲ မဟာတာအိုဆီ ကောင်းကင်လမ်းစဉ်ကို ဖန်တီးသည့် တာအိုလဲလှယ်ရေးအဆင့် ဖြစ်ပေသည်။ သူတို့က ထိုလမ်းစဉ်၏ အဆုံးသတ်သို့ ရောက်သွားသည်နှင့် ဧကရာဇ်တစ်ပိုင်းအဆင့် ဖြစ်လာသည်။
ကောင်းကင်အလိုဆန္ဒကမ္ဘာကို ရယူပြီးသည့်နောက်တွင် ထိုလမ်းစဉ်က မဟာတာအိုအရင်းအမြစ်ဆီ ဦးတည်သွားလိမ့်မည်။
ဝမ်ဝေ့က ထိုတာအိုဆက်ဆံရေး နည်းစနစ်ကို ဖန်တီးသည့်သူသည် ကောင်းကင်အလိုဆန္ဒ မပါရှိဘဲ သူတို့ဘာသာ တာအိုဘိုးဘေးနှင့် ဧကရာဇ် ဖြစ်လိုသည့်သူများ ဖြစ်မည်ဟု ပြောနိုင်လေသည်။ နှမြောစရာကောင်းလှသည်က ကောင်းကင်လမ်းစဉ်က မည်သည်ကိုမှ ဦးတည်မနေပေ။
ထိုအရာပြီးမြောက်သည့် တစ်ခုတည်းသောအရာက ကျင့်ကြံသူအား နောက်ထပ်နှစ်ငါးသန်း အပိုသက်တမ်း ချီးမြှင့်လာခြင်းသာ ဖြစ်၏။ ထို့ကြောင့် ထိုနည်းစနစ်က မူလနည်းစနစ်ထက် သက်တမ်းနှင့် ယှဉ်လာသည့်အခါ ပိုမိုကောင်းမွန်လေသည်။ သို့သော် တိုက်ပွဲစွမ်းအားကမူ အတူတူသာဖြစ်၏။
‘ ဒီနည်းစနစ်က စိတ်ဝင်စားစရာပဲ … နက်နက်နဲနဲ လေ့လာဖို့ ထိုက်တန်တယ် …’
သူက တွေးလိုက်မိပြီး တာအိုကို သက်သေပြပြီးသည့်နောက် မူလနည်းစနစ်ကို အကောင်းဆုံး ပြောင်းလဲရန် မည်သည့်သတင်းအချက်အလက် ထည့်သွင်းရမလဲဟု စဉ်းစားနေသည်။
သူက စဉ်းစားကြည့်ပြီးသည့်နောက်တွင် ဤနေရာထံ လာလုပ်သည့်ကိစ္စကိုသာ လုပ်ဆောင်လိုက်သည်။ သူ့အဓိကရည်ရွယ်ချက်က ကမ္ဘာဦးကြယ်တာရာစွမ်းအားကို ရှာဖွေဖို့ ဖြစ်၏။ ဤကမ္ဘာသည် ထိုအရာ အရှိနိုင်ဆုံး ဖြစ်ကြောင်း ခံစားနေမိသည်။
ထို့ကြောင့် သူက ကံကောင်းမှုကို ထိန်းချုပ်ခြင်း သို့မဟုတ် ဂမ္ဘီရကို တွက်ချက်ခြင်းဖြင့် နေရာအနှံ့ လိုက်လံရှာဖွေနေခဲ့သည်။ သူက ပမာဏအနည်းငယ် ရှိနေသည့် လျို့ဝှက်နယ်မြေတချို့ကို ရှာတွေ့သော်လည်း ထင်ထားသလောက် မများခဲ့ပေ။
ငါ မသေမျိုးနယ်မြေအထိ သွားရှာသင့်လား …
မသေမျိုးတက်လှမ်းခြင်း ကမ္ဘာသည် သေမျိုးနှင့် မသေမျိုးနယ်မြေဟူ၍ ခွဲခြားထားသည်။ တစ်ယောက်ယောက်က အဆင့်(၇) ( လေဟာနယ်ဖြိုခွင်းခြင်းအဆင့်) ဝင်ရောက်နိုင်သရွေ့ မသေမျိုးကမ္ဘာဆီ တက်လှမ်းနိုင်သည်။
သို့သော်လည်း မသေမျိုးအဆင့် ပုဂ္ဂိုလ်များကို ကောင်းကင်တာအိုမှ မသေမျိုးနယ်မြေတွင် နေထိုင်ဖို့ အတင်းကျပ် ဖိအားပေးထားသည့်အချက်ကြောင့် အလွှာနိမ့်တွင် အချိန်များစွာ မကုန်ဆုံးနိုင်သလို မတိုက်ခိုက်နိုင်ကြပေ။ ထို့ကြောင့် ဤနေရာသည် သူတို့အတွက် အကျဉ်းထောင်လို ဖြစ်သော်လည်း သေမျိုးများအတွက် ဘေးကင်းလုံခြုံမှု ဖြစ်စေသည်။
မသေမျိုးနယ်မြေ၏ အန္တရာယ်ကြောင့် ပတ်ဝန်းကျင်က ပိုမိုကောင်းမွန်နေလျှင်ပင် လူများစွာက တက်လှမ်းဖို့ ငြင်းဆန်ကြဆဲ ဖြစ်၏။ ကောင်းကင်အလိုဆန္ဒတိုက်ပွဲအတွင်းမှသာ တက်လှမ်းကြလေသည်။ အကြောင်းမှာ တိုက်ပွဲမှာ တခြားနေရာတွင် ဖြစ်လေ့ရှိ၍ ဖြစ်သည်။
ခဏကြာသုံးသပ်ပြီးနောက် သူက စွန့်စားမှုတချို့ လုပ်ဖို့ ဆုံးဖြတ်လိုက်သည်။ သူက သူဆင်းရဲတချို့ကို လွှမ်းမိုးကာ သူ့စိတ်ဝိညာဉ်အမှုန်အား ထည့်သွင်း အသုံးပြုပြီး တက်လှမ်းခိုင်းခဲ့သည်။
ထိုနည်းလမ်းဖြင့် သူက လူအများ၏ အကြည့်ကို ရှောင်ရှားနိုင်လိမ့်မည်။ ဤကမ္ဘာတွင် ထာဝရဧကရာဇ်ငါးပါး ရှိနေသည် မဟုတ်ပါလော။
ထို့နောက် သူက ကမ္ဘာဦးကြယ်တာရာစွမ်းအားကို ရှာဖွေဖို့ လုပ်ဆောင်လိုက်သည်။ သူက သေမျိုးနယ်မြေတွင် ထပ်မံရှာတွေ့ခဲ့သော်လည်း သူ လိုချင်သလောက် မများပေ။ တွင်းနက်ကြီးတချို့ ဖွဲ့စည်းနိုင်လောက်ရုံမျှ ဖြစ်၏။
ထို့ကြောင့် သူက ရှေးဦးနတ်ဆိုးကမ္ဘာထဲ အင်အားစုတချို့ကို ဖန်တီးကာ သူ့အတွက် အရင်းအမြစ် စုဆောင်းခိုင်းခဲ့ပြီး ဧကရာဇ်ဖြစ်လာပြီးသည့်နောက် အစီအစဉ်အတွက် ကြိုတင်ပြင်ဆင်ထားခဲ့သည်။
ထို့နောက် သူက အလွှာနိမ့်တွင် တာအိုကြယ်တာရာပိုင်နက်ကို ရယူနိုင်မလားဟု သိချင်လာမိသည်။ ထို့ကြောင့် သူက ပုံရိပ်ယောင် စေလွတ်ကာ သင်ယူနိုင်မလားဟု စမ်းကြည့်ခဲ့သည်။
ဝမ်ဝေ့က စစ်ဆေးမှုဆီ ပြန်ရောက်လာသည်။
ဝမ်ဝေ့က သူ့အခန်းထဲမှ ထွက်လာစဉ် ဘိုးဘေးဝမ်ဝူချန်က သူ့အား စောင့်ဆိုင်းနေသည်။ သူက စာအုပ်တစ်အုပ် ပေးလာ၏။
“ဒါက ဘာလဲ”
“ ဧကရာဇ်တာအိုကမ္ဘာရဲ့ ဧကရာဇ်ကျမ်း ”
ဝမ်ဝေ့၏ အကြည့်များ တောက်ပလာသည်။ နောက်ဆုံးတွင် သူက ကံကြမ္မာနန်းဆောင်ကို ဖန်တီးဖို့ အစီအစဉ်အား အစပြုနိုင်လေပြီ။ နှမြောစရာကောင်းလှသည်ကား နောက်စစ်ဆေးမှုက မနက်ဖြန် စတင်မည် ဖြစ်၏။ ထို့ကြောင့် သူ့တွင် အချိန်သိပ်မရပေ။
နောက်တစ်ရက်တွင် ဝမ်ဝေ့နှင့် ပါဝင်ယှဉ်ပြိုင်သူများက အရှင်စိတ်ဝိညာဉ် စောင့်ဆိုင်းနေရာ မျှော်နန်းဆောင်ဆီ လျှောက်လှမ်းလာကြသည်။ အားလုံး ရောက်လာသည့်အခါ အမှတ်များနှင့် အဆင့်ဇယားကို ထုတ်ပြလာသည်။
ချူးလော့က အမှတ် ၄၉၀၀ ဖြင့် ပထမနေရာတွင် ရှိနေဆဲ ဖြစ်ကာ ဝမ်ဝေ့က ၄၅၄၄ မှတ်ဖြင့် ဒုတိယနေရာ ရယူထားသည်။ တတိယနေရာက အမှတ်ပေါင်း ၂၂၀၀ ဖြင့် ကျင်းဝူဟွား ဖြစ်ပြီး ရှုရှစ်နှင့် ရှစ်ချီအန်းတို့က သူမနောက်တွင် ရှိကြသည်။
“ကြေညာစရာတချို့ ရှိတယ်” အရှင်စိတ်ဝိညာဉ်က ပြောလာသည် “ပထမက လက်ရွေးစင်တစ်ယောက်က နောက်တစ်ယောက်ကို စိန်ခေါ်ဖို့ အမှတ်တစ်ထောင် လိုမယ် ”
သူ ထိုစကားများကို ပြောလိုက်သည်နှင့် ပါဝင်ယှဉ်ပြိုင်သူများက အခြေအနကို နားလည်သွားပြီး မျက်မှောင်ကြုတ်လိုက်ကြသည်။ သူတို့က ထိုအမှတ်များသည် အသုံးမဝင်ကြောင်း သဘောပေါက်သွားကြ၏။ စစ်ဆေးမှုကဏ္ဍာရှစ်ခု ရှိလေရာ ယခင်စစ်ဆေးမှု နှစ်ခုအရ တစ်ခုလျှင် အများဆုံး အမှတ်တစ်ထောင် ရနိုင်လေသည်။ အမွေအနှစ်ကို ရနိုင်သည့် တကယ့်နည်းလမ်းကား အမှတ်တစ်သိန်း တန်သည့် နံပါတ်တစ် အမှတ်အသားပြားကို ရယူဖို့ ဖြစ်၏။
အရှင်စိတ်ဝိညာဉ်က ပြုံးလိုက်ပြီး ဆက်ပြောလာသည် “ နောက်စစ်ဆေးမှုကို ဒီနေ့ ကျင်းပမယ်။ တစ်ခုချင်းစီက အများဆုံး အမှတ်တစ်ထောင် တန်လိမ့်မယ်”
ဤအချက်အလက်က ပါဝင်ယှဉ်ပြိုင်သူများ၏ ထင်ကြေးကို အတည်ပြုပေးလိုက်သည်။
“နောက်စစ်ဆေးမှုနှစ်ခုက စွမ်းအင်ထိန်းချုပ်ရေးနဲ့ နားလည်နိုင်စွမ်းပဲ .. အခု စလိုက်ကြရအောင် ”
အားလုံးက မျှော်နန်းဆောင်ထဲ ဝင်လိုက်ကြသည်။
***