ရှုရှစ်၏ စိန်ခေါ်မှု
Vol. 40 Ch. 552
ကျင်းဝူဟွားက တုံ့ဆိုင်းမနေဘဲ လေးနေရာမြောက် လက်ရွေးစင် ရှစ်ချီအန်းကို စိန်ခေါ်လိုက်သည်။ သူမက စိန်ခေါ်ကြေးအား ပေးလိုက်ပြီးနောက် နှစ်ဦးသားက ဝေဟင်အထက် ပျံသန်းသွားကြသည်။
ကျင်းဝူဟွားက အချိန်မဖြုန်းဘဲ တန်း၍ တိုက်ခိုက်လိုက်သည်။ သူမ၏ ခန္ဓာကိုယ်အထက် အနီတောက်တောက် မီးတောက်တစ်ခု ထွက်ပေါ်လာပြီး ပတ်ဝန်းကျင်တစ်ခုလုံးကို အပူချိန် ဖုံးလွှမ်းသွားသည်။
ရွှေကျီးမီးတောက် …
သူမ၏ ခန္ဓာကိုယ်ပေါ်ရှိ မီးတောက်သည် တစ်ဖက်လူဆီ ပျံသန်းမသွားခင် ဧရာမငှက်ကြီးတစ်ကောင်အဖြစ် ပြောင်းလဲသွားသည်။
သန့်စင်ခြင်း တိုင်လုံး…
ရှစ်ချီအန်းက လက်ဝေ့လိုက်ကာ ရွှေရောင်အလင်းများ ရှိနေသည့် တိုင်လုံးများကို ဖွဲ့စည်းလိုက်သည်။ ထိုအရာများက မီးတောက်ကြီးဆီ ကျရောက်လာသည်။ ကံဆိုးစွာဖြင့် ကျီးက ထိုတိုင်လုံးများကို အလွယ်တကူ လောင်ကျွမ်းပစ်လိုက်သည်။ သူတို့၏ သန့်စင်စွမ်းရည်က သူမဆီ မရောက်ရှိလိုက်ပေ။
အဆုံးအစွန်မဲ့ယန် လား….
ရှစ်ချီအန်းက တွေးလိုက်မိပြီး ထိုကျီး၏ မီးတောက်များ ဝန်းကျင်တွင် ရွှေရောင်အလင်းလွှာတစ်ခုကို ဖန်တီးလိုက်သည်။
ယန်နေမင်းကိုးစင်း..
ကျင်းဝူဟွားက အဆုံးအစွန်မဲ့ ယန်မီးတောက်အား အသုံးပြုကာ နေမင်းကိုးစင်းကို ဖန်တီးခဲ့သည်။
ရှစ်ချီအန်းက မျက်မှောင်ကြုတ်လိုက်ပြီးနောက် တစ်ဖက်လူ၏ အပြုအမူအား အလျင်အမြန် တွက်ချက်လိုက်သည်။ ထို့နောက် သူမ၏ကျောအထက်တွင် အဖြူရောင်တောင်ပံတစ်စုံ ပေါ်ထွက်လာ၏။ သူမက ပြိုင်ဘက်ကင်း အလျင်ဖြင့် ထိုနေမင်း ကိုးစင်းကို ရှောင်ရှားလိုက်သည်။
ကျင်းဝူဟွား၏ ကျောပေါ်တွင်လည်း တောင်ပံတစ်စုံ ထွက်ပေါ်လာသည်။ သို့သော် သူမ၏ တောင်ပံများက ကျီးတောင်ပံများ ဖြစ်၏။ သူမက တစ်ဖက်လူဆီ အလင်း၏ အလျင်နှုန်း အဆရာချီဖြင့် ပျံသန်းသွားလိုက်သည်။ နှမြောစရာကောင်းလှသည်က ရှစ်ချီအန်းသည် အလင်းတာအို ကျင့်ကြံသူ ဖြစ်ပြီး သဘာဝအားဖြင့် အမြန်နှုန်း အရေးသာချက် ရှိထားသည်။
ရှစ်ချီအန်းက တစ်ဖက်လူနှင့် ထိပ်တိုက် မတွေ့ဆုံပေ။ သူမ၏ ခန္ဓာကိုယ်က အဆင့်ကျ နတ်ဆိုးဖြစ်သည့် ခြေသုံးချောင်း ရွှေကျီးနှင့် မယှဉ်နိုင်ကြောင်း ကောင်းကောင်းသိထားသည်။
ထို့အပြင် သူမ၏ နည်းဗျူဟာက အဝေးတိုက်ခိုက်မှုများကို အသုံးပြုရန်သာ ဖြစ်၏။ ထို့ကြောင့် သူမက အလျင်နှုန်းကို အခွင့်ကောင်းယူကာ တစ်ဖက်လူကို တိုက်ခိုက်နေသည်။ သူမက အလင်းလှံ၊ အလင်းဓားနှင့် တစ်ခြားသော လက်နက်များကို ဖန်တီးပြီး ကျင်းဝူဟွားကို တိုက်ခိုက်ခဲ့သည်။
ကျင်းဝူဟွားက သူမ၏ ခန္ဓာကိုယ်ပေါ်မှ မီးတောက်များဖြင့် ထိုတိုက်ကွက်အားလုံးကို လှောင်ကျွမ်းပစ်ခဲ့၏။
တစ်ဖက်လူအား အောင်အောင်မြင်မြင် မဖမ်းဆီးနိုင်သည့်နောက်တွင် ကျင်းဝူဟွားက နောက်ထပ် ချဉ်းကပ်နည်းတစ်မျိုးကို ထုတ်သုံးလာသည်။ သူမက အမြန်နှုန်းကို မြင့်တင်ဖို့ အရံစည်းမျဉ်းကို အသုံးပြုလိုက်၏။
မိုးမြေကြားရှိ အရာအားလုံးကို ယင်နှင့်ယန် အလျင်နှင့်အမြန်၊ အရှိန်နှင့်အနှေးဟူ၍ ခေါ်နိုင်သည်။ နမူနာအားဖြင့် အမြန်နှုန်းသည် ယန်ဖြစ်စဉ် နှေးကွေးမှုက ယင် ဖြစ်လေသည်။ ထို့ကြောင့် ယန်စည်းမျဉ်းမှတစ်ဆင့် ကျင်းဝူဟွားသည် သူမ၏ အမြန်နှုန်းကို တိုးမြင့်ခဲ့သည်။
ထို့နောက် ချက်ချင်းဆိုသလို သူမက ရှစ်ချီအန်းရှေ့တွင် ပေါ်ထွက်လာပြီး လက်သီးဖြင့် ထိုးချလိုက်သည်။
ဝုန်း..
ထာဝရကလေးငယ်က ကောင်းကင်မှ မြေပြင်ပေါ်သို့ ပြုတ်ကျလာကာ အိမ်များစွာကို ပျက်စီးသွားစေသည်။ သူမ၏ ခန္ဓာကိုယ်တစ်ပိုင်းက လောင်ကျွမ်းသွားလေသည်။
သန့်စင်ခန္ဓာ…
သူမ၏ ခန္ဓာကိုယ်ကို သန့်စင်အောင် ပြုလုပ်စေသည့် ရွှေရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။ ထိုခန္ဓာကိုယ်က ဒဏ်ရာမရှိပေ။ ကျင်းဝူဟွားက တစ်ဖက်လူအား ကုသဖို့ အချိန်မပေးဘဲ သူမ၏ အလုပ်ကို အဆုံးသတ်ဖို့ရာ ကောင်းကင်မှ မီးတိုင်လုံးကြီးတစ်ခုကို ဖန်တီးခဲ့သည်။
သို့သော်လည်း ထိုတိုက်ကွက် ကျဆင်းလာသည့်အခါ ရှစ်ချီအန်းက ကောင်းကင်အထက် ပြန်လည်ပေါ်ထွက်မလာခင် အလင်းပျောက်များအဖြစ် ပြောင်းလဲသွားသည်။ သို့သော်လည်း ယခုတွင် သူမက ကွဲပြားနေပြီ ဖြစ်၏။ ယခု သူမက ကျောနောက်တွင် လှပသည့် အဖြူရောင်တောင်ပံ ကိုးခု ရှိပြီး အလင်းဖြင့် ပြုလုပ်ထားသည့် ခန္ဓာကိုယ်ကာရံထားသော ချပ်ဝတ်တစ်ခုလည်း ရှိသည်။ သူမ၏ ခန္ဓာကိုယ်ဆီမှ မြင့်မြတ်ကာ တော်ဝင်ဆန်သည့် အငွေ့အသက်မျိုး ထုတ်လွှတ်နေပြီး အားနည်းသူများအား သူမအား ကိုးကွယ်လာစေလောက်အောင် ပြုလုပ်နေသည်။
“အလင်းမျိုးနွယ် အသွင်ပြောင်းခြင်း” ကျင်းဝူဟွားက ရေရွတ်လိုက်သည်။
ကံကြမ္မာ အကဲဖြတ်ချက်…
ရှစ်ချီအန်းက လက်မြောက်ပြီး ချလိုက်သည့်အခါ ရွှေရောင်အလင်းတန်းက ကျင်းဝူဟွားဆီ ကျရောက်လာသည်။
ကျင်းဝူဟွားက မီးတောက်အကာအရံတစ်ခုကို ထုတ်လွှင့်လိုက်သော်လည်း အလင်းတန်းက သူမ၏ အကာအကွယ်ကို လျစ်လျူရှုကာ ကမ္ဘာဦး စိတ်ဝိညာဉ်ဆီ တည့်တည့် ကျရောက်လာသည်။ ကျင်းဝူဟွားက သူမ တစ်ဘဝလုံးရှိ အဆိုးဝဋ်ကြွေးအားလုံး သို့မဟုတ် အပြစ်ကြွေးအားလုံးက အကဲဖြတ်ခြင်းမီးတောက်အဖြစ် ပြောင်းလဲသွားပြီး သူမ၏ ဝိညာဉ်အထက် လောင်ကျွမ်းနေသည့် ခံစားချက်ကို ခံစားမိလိုက်သည်။
သူမက ယန်စွမ်းအားကို အလင်းဖြင့် ပြောင်းပြီး ခုခံလိုက်ရသည်။ အမှောင်ထုက ယင် ဖြစ်ကာ အလင်းက ယန် ဖြစ်၏။ သူမ၏ အပြုအမူက တိုက်ကွက်၏ စွမ်းအားကို အနည်းငယ် လျော့ချပေးနိုင်သော်လည်း မလုံလောက်ခဲ့ပေ။
ထို့ကြောင့် ကျင်းဝူဟွားက သူမ၏ သွေးမျိုးဆက်မှ စွမ်းအားတချို့ကို အသက်သွင်း၍ သူမ၏ ကံကြမ္မာဆိုးများကို ဝှက်ထားလိုက်သည်။
“မင်းက ကံကြမ္မာအပြစ်ကြွေးကို ဝှက်နိုင်ပေမဲ့ မင်းရဲ့ဘိုးဘေးအတွက်ရော ဝှက်နိုင်မှာလား”
ရှစ်ချီအန်းက လက်ဝေ့လိုက်သည်။
ဘိုးဘေးရဲ့ အပြစ်ကြွေးကို အကဲဖြတ်ခြင်း…
ကျင်းဝူဟွားက သူမ၏ ဘိုးဘေးများ ကျူးကျော်ထားသည့် အပြစ်ကြွေးအားလုံးကို ချက်ချင်းဆိုသလို အမွေဆက်ခံလိုက်ရသည်။ ယခင်က သူမ၏ အပြစ်ကြွေးသည် ကြားနေဟု ဆိုနိုင်လျှင် ယခုအခါ အဆိုးဘက် ရောက်ရှိသွားလေပြီ။
ရလဒ်အနေဖြင့် ရွှေရောင်အလင်းတန်း၏ ပြင်းအားက သိသိသာသာ တိုးပွားလာ၏။ တစ်ဖက်လူက ဝိညာဉ်ကို သန့်စင်လိုက်ပြီး သတ်ဖြတ်ဖို့ရာ အဆင့်တစ်ခုမျှသာ ရှိတော့ကြောင်း သိလိုက်သည်။
ငါ ဒီနည်းလမ်းကို အသုံးပြုမှ ဖြစ်မှာလား…
ကျင်းဝူဟွားက နာကျင်နေသော်လည်း ထိုသို့တွေးလိုက်မိသည်။ သူမ၏အဖေက တာအိုအရိုးကို သူမဆီ ချန်ထားပေးခဲ့သည်။ သူက သူ ရှာတွေ့သမျှသော အကောင်းဆုံး ဧကရာဇ် အသုံးအဆောင်များဖြင့် ထိုအရိုးကို သန့်စင်ပေးခဲ့ပြီး ရွှေကျီးမျိုးနွယ်တွင် သူ့သမီးဖြစ်သူအတွက် ချန်ထားပေးခဲ့သည်။
ကျင်းဝူဟွား နိုးထလာပြီးသည့်နောက်တွင် လက်ရှိမျိုးနွယ်ခေါင်းဆောင်က သူ့မိသားစုအတွက် ထိုအရိုးကို လိုချင်ခဲ့၍ ပြဿနာတချို့ ရှိခဲ့ရသည်။ ကံကောင်းစွာဖြင့် သူမက အားကောင်းနေပြီး သူမ၏ဖခင်က တခြားသူများကို သူတို့ဘာသာ သူတို့ မယူနိုင်စေရန် သေသေချာချာ လုပ်ဆောင်ထားပေးခဲ့၏။
အရိုးကို စုပ်ယူပြီးသည့်နောက်တွင် ကျင်းဝူဟွား၏ ပါရမီနှင့် သွေးမျိုးဆက်က တိုးတက်လာပြီး တာအိုကလေးငယ်တချို့လောက် ပါရမီနှင့် အင်အားရှိလာကြောင်း ခံစားမိခဲ့သည်။
အခု ဒီအရိုးကို အသက်မသွင်းဘဲ ကောင်းကင်အလိုဆန္ဒတိုက်ပွဲအတွက် ချန်ထားတာကတော့ အကောင်းဆုံးပဲ…
သူမ၏ ဆုံးဖြတ်ချက်သည် အရိုးမပါလျှင် အမွေဆက်ခံမှုကို အနိုင်ရဖို့ အခွင့်အရေးအနည်းငယ်သာ ရှိကြောင်း နားလည်လေသည်။ ယခင်လမ်းစဉ်ကို ထည့်သွင်းစဉ်းစား ပြီးသည့်နောက်တွင် သူမက တောက်ပသည့် အနာဂတ်ကို အာမခံချက် ရှိသည့် လမ်းစဉ်ကိုသာ ရွေးချယ်လိုက်၏။
အမွေအနှစ်အတွက်မူ သူမက တစ်ဖက်လူဆီမှ သင်ယူနိုင်သည်။ အထူးသဖြင့် သူမအတွက် အချိန်းခြောက်နိုင်ဆုံး အန္တရာယ်ဖြစ်သည့် ဝမ်ဝေ့ဆီမှ ဖြစ်သည်။
“ငါ ရှုံးပြီ”
ကျင်းဝူဟွားက ပြောလိုက်သည့်အတွက် ရှစ်ချီအန်းက အနည်းငယ် အံ့အားသင့်သွားသည်။ ထို့နောက် သူမက တိုက်ခိုက်မှုကို ရပ်တန့်လိုက်ပြီး သက်ပြင်းချလိုက်၏။ သူမက အဝေးတစ်နေရာရှိ မူလိန်အား ကြည့်ကာ စိန်မခေါ်ခဲ့ချေ။ သူမက မြေကြီးမှ ပျံသန်းသွားပြီး စောင့်ဆိုင်းနေလိုက်၏။
…………….
“တစ်ခုခု တွေ့ခဲ့သေးလား…” လီကျွင်းက အံ့ဖွယ်အသိစိတ်မှတဆင့် မေးလိုက်သည်။
“အင်း.. သူမရဲ့အရိုးက နည်းနည်းတော့ ထူးဆန်းနေတဲ့ပုံပဲ။ ဒါပေမဲ့ ဘာသတင်းအချက်အလက်မှ မတွေ့ရဘူး…” ဝမ်ဝေ့က ဖြေလိုက်၏။
…………..
နောက်ထပ်စိန်ခေါ်သူက ရှုရှစ် ဖြစ်ပြီး သူမက တစ်စုံတစ်ယောက်ဆီ ပျံသန်းလာစဉ် သူမ၏ လမ်းကို တခြားတစ်ယောက်က ဝင်တားလာသည်။
“မင်းပဲလား.. အရင်ရှုံးနိမ့်တာကနေ မသင်ယူထားဘူးလား”
“ငါက အခုလတ်တလော သိသိသာသာ တိုးတက်လာတယ်။ မင်းကို ထပ်ပြီးတော့ စိန်ခေါ်ချင်တယ်” ခူထုလွန်က ပြောလိုက်သည်။
“ မင်းနဲ့ အချိန်မဖြုန်းချင်ဘူး”
“တိုက်ကွက်တစ်ခုပဲ … မင်းကို အနိုင်ယူဖို့ တိုက်ကွက်တစ်ခုပဲ လိုတယ်”
“ကောင်းပြီ နင်နဲ့ ကစားပေးရတာပေါ့”
ထို့နောက် ခူထုလွန်က တိုက်ခိုက်လိုက်သည်။
အတိတ်၏ အရိပ်
ခူထုလွန်က တိုက်ခိုက်ပြီးသည့်နောက်တွင် ဘာမှဖြစ်မလာခဲ့ပေ။ သူမက လက်သာ ဝေ့ယမ်းလိုက်၏။ သို့သော် ခေတ္တအကြာတွင် ရှုရှစ်၏ မျက်ဝန်း၊ နှာခေါင်းနှင့် နားမှ သွေးများ စီးကျလာသည်။
သူမက အားနည်းနေတဲ့ ငါ့အတိတ်ခန္ဓာကိုယ်ကို အရိပ်နဲ့ တိုက်ခိုက်ခဲ့တာပဲ။ အရိပ်စည်းမျဉ်းအတွက် အချိန်စည်းမျဉ်းထဲ ဝင်ရောက်နိုင်တဲ့ ပြီးပြည့်စုံတဲ့ ပေါင်းစပ်မှုတစ်ခုပဲ။ တကယ်လို့ အချိန်စည်းမျဉ်းအပေါ် ထိန်းချုပ်နိုင်မှုကြောင့်သာ မဟုတ်ရင် ငါ ရှုံးနိမ့်သွားလောက်တယ်။ သူမက ဘယ်လောက်တောင် အားကောင်းလာရတာလဲ…
“ဒါပဲလား”
ရှုရှစ်က သူမဒဏ်ရာများသည် ချက်ချင်းဆိုသလို ပြန်ကောင်းသွားသည့်အတွက် တည်ငြိမ်စွာ မေးလိုက်သည်။
ခူထုလွန်က သက်ပြင်းချလိုက်၏။ သူမက ဤတိုက်ကွက်ကို ထုတ်သုံးဖို့ သက်တမ်းတချို့ စတေးထားခဲ့ရသော်လည်း ကျရှုံးသွားခဲ့ရသည်။
………..
ထိုစဉ် ဝမ်ဝေ့ကမူ …
အဲလိုဆိုတော့ ဖုန်းဟွမ်က ဒီလူရိုင်းမောင်နှမအထိကို လက်လှမ်းမီထားတာပဲ…
သူက ဗုဒ္ဓစာတွေကို သူမခန္ဓာကိုယ်ထဲ ထည့်ထားနိုင်တယ်။ ကြည့်ရတာ လူတချို့က ဒီစွမ်းအားကို သဘောမပေါက်ကြသေးဘူး။ ဗုဒ္ဓဘာသာက အဆုံးမဲ့လေဟာနယ်ထဲမှာ ပျောက်ကွယ်ခဲ့တာ ကြာနေပြီဆိုတော့လည်း ဖြစ်နိုင်ပါတယ်လေ။
သူက ချက္ကရာထဲတွင် တချို့ရှိထားသည့်အတွက် ကောင်းမွန်စွာ သိနေခြင်း ဖြစ်၏။
ထို့နောက် ဝမ်ဝေ့က တခြားသောပါဝင်ယှဉ်ပြိုင်သူများ၏ ခန္ဓာကိုယ်များတွင်လည်း ဗုဒ္ဓစွမ်းအားတချို့ ရှိနေကြောင်း ခံစားမိလိုက်သည်။ ကျိလန်ဖန်း၏ မသေမျိုး တက်လှမ်းခြင်းကမ္ဘာမှ လူများ၊ ယဲ့တာဖူ၏ ရှေးဦးနတ်ဆိုးကမ္ဘာနှင့် တခြားသော လူများလည်း အပါအဝင် ဖြစ်၏။
ဖုန်းဟွမ်က ဒီပြိုင်ပွဲရဲ့ အနိမ့်စား ပါရမီရှင်တချို့ကို ရွေးချယ်ထားပုံပဲ။ ဒီလူတွေကို ဗုဒ္ဓဘာသာ ယုံကြည်လာအောင် လုပ်ဖို့ လှုံ့ဆော်ထားပုံပဲ…
ငါရော ဗုဒ္ဓဘာသာကို ဖြန့်ဝေပြီးတော့ အနာဂတ်ဗုဒ္ဓကိုယ် ကျမ်းအတွက် ပြန်လည် ပေးဆပ်လိုက်ရမလား…
သူ့အပေါ်တွင် ဆက်တိုက် ဝန်ပိစေသည့် ကံကြွေးသုံးခု ရှိလေသည်။ ပထမတစ်ခုက သူ့ဂိုဏ်းနှင့် ဖြစ်ကာ သူ့လူများ ဖြစ်သည့်အတွက် သူက စိတ်ထဲ သိပ်မထားပေ။ ဒုတိယတစ်ခုက အနာဂတ်ဗုဒ္ဓကျမ်း ဖြစ်ပြီး အားကောင်းသည့် ပုဂ္ဂိုလ်တစ်ပါးက ကောင်းမွန်သည့် ကံကြွေးထားရှိဖို့ သူ့အား ထိုစာအုပ်ကို ပေးထားခြင်း ဖြစ်သည်။ သူက ထိုအရာကို မြန်မြန်ပေးဆပ်လေလေ ပိုမိုကောင်းမွန်လေလေ ဖြစ်၏။
နောက်ဆုံးတွင် တိထျန်း ဇနီးဆီမှ အကြွေး ဖြစ်သည်။
………………..
တစ်ဖက်လူ၏ ရှုံးနိမ့်မှုကို မြင်တွေ့ပြီးသည့်နောက်တွင် ရှုရှစ်က သူမ၏ ရွေးချယ်ထားသည့် စိန်ခေါ်သူထံ ပျံသန်းသွားလိုက်သည်။ ထိုလူက ချူးလော့ ဖြစ်၏။
“မင်းက ငါ့ကို စိန်ခေါ်ချင်တာလား”
သူက မေးလိုက်သည်။
“ဟုတ်တယ်။ စည်းမျဉ်းတွေအရ ကျွန်မက လက်ရွေးစင် မဟုတ်တော့ ကြိုက်တဲ့သူကို စိန်ခေါ်လို့ရတယ်”
“ငါက မင်းနဲ့ အဆင့်မတူဘူးဆိုတာကို မင်းသိမှာပါ”
“တခြားစစ်ဆေးမှုတွေက ကိစ္စမရှိပေမဲ့ အင်အားက အဓိကပဲလေ”
ရှုရှစ်က သူမ၏စကားများကို မယုံသော်လည်း ဤအမွေအနှစ်ကို ရရှိမည့် အခွင့်အရေးကို လက်မလွှတ်လိုပေ။ သူ့ယောက်ျား၏ အသက်ပြန်လည်ရှင်သန်မှုက ထိုအပေါ်တွင် မှီခိုနေလေ၏။ မည်သို့ပင် ဆိုစေကာမူ သူမက အနည်းဆုံးတော့ ကြိုးစားကြည့်ရမည်။
“ကောင်းပြီ”
ချူးလော့က ကောင်းကင်အထက် ပျံသန်းသွားလိုက်စဉ် သူမက နောက်မှ လိုက်ပါသွားသည်။ ရှုရှစ်က အချိန်ဖြုန်းမနေဘဲ တန်း၍ တိုက်ခိုက်လိုက်သည်။
ကမ္ဘာ့ပိုင်နက်…
လင်းဖန်က စည်းမျဉ်းဖော်ခြင်းအဆင့်တွင် စည်းမျဉ်းများစွာကို ကျင့်ကြံခဲ့သည်။ သူက သူတော်စင်အဆင့် ဖြစ်မလာသည်မှာ နားလည်ဖို့ရာ အများကြီး ရှိနေ၍ ဖြစ်သည်။ သို့သော်လည်း သူမက သူ့စည်းမျဉ်းတချို့ကိုသာ အမွေဆက်ခံခဲ့သောကြောင့် သူတော်စင်အဆင့် ရောက်ရှိသည်မှာ အချိန်တစ်ခု ကြာမြင့်နေပြီဖြစ်၏။
ချူးလော့က ပတ်ဝန်းကျင်ကို တည်တည်ငြိမ်ငြိမ် ကြည့်လိုက်သည်။
ဖျက်စီးခြင်း စည်းမျဉ်း၊ အချိန်စည်းမျဉ်း၊ ကံကြမ္မာစည်းမျဉ်းနဲ့ သေခြင်းရှင်ခြင်း စည်းမျဉ်း စည်မျဉ်းကောင်းတွေပဲ…
သူက လက်ဝေ့လိုက်သည့်အခါ ပျက်သုန်းခြင်း စွမ်းအား တောက်ပနေသည့် ဓားတစ်ချောင်း ဖြစ်ပေါ်လာသည်။ ထိုဓားက သူ့လက်ထဲ ပေါ်ထွက်လာ၏။
ဝုန်း..
ရှုရှစ်၏ ကမ္ဘာ့ပိုင်နက်က အက်ကွဲသွားပြီး သူမက တိုက်ကွက်တစ်ခုကိုပင် မခုခံနိုင်လိုက်ပေ။ အကယ်၍ တစ်ဖက်လူ၏ သက်ညှာမှုကြောင့်သာ မဟုတ်လျှင် သူမက သေဆုံးသွားနိုင်၏။ သူမက သူ့ကို ကျေးဇူးတင်ကာ ဦးညွှတ်လိုက်ပြီးနောက် ပျံသန်းထွက်လာခဲ့သည်။ သူမက သူမ၏ကမ္ဘာကို မြန်မြန်ကုသဖို့ လိုအပ်နေသည်။ မဟုတ်ပါက သူမ၏ ကျင့်ကြံဆင့်သည် ကျဆင်းသွားလိမ့်မည်။
“ဒါက ပျက်သုန်းခြင်းတာအိုလား..”
လီကျွင်းက အံ့ဖွယ်အသိစိတ်ထဲမှ မေးလိုက်သည်။
“မဟုတ်ဘူး။ သူ တကယ့်တာအိုအစစ်အမှန်က…”
***