← Chapters

မူလအဆောင်

Vol. 40 Ch. 553

မူလအဆောင်

Vol. 40 Ch. 553

“သူ့တကယ် တာအိုအစစ်အမှန်က ဖန်ဆင်းခြင်းပဲ။ သူက ရှုရှစ်ကို အနိုင်ယူဖို့ ပျက်သုန်းခြင်းဓားကို ဖန်ဆင်းခဲ့တာ…”

“အဲဆိုတော့ သူက အစ်ကိုကြီးလိုမျိုး တာအိုနယ်ရှင်ပေါ့…”

“ ထူးဆန်းတယ်။ အဲလိုလည်း မဟုတ်ဘူး။ သူ့ဆီကနေ တာအိုနယ်ရှင်တစ်ယောက်ရဲ့ အငွေ့အသက်ကို မခံစားမိဘူး။”

“ အဲဆိုတော့ သူက စမ်းသပ်မှုကို ကျရှုံးသွားပြီးတော့ သူ့တာအိုကို အားနည်းစေတဲ့ နည်းလမ်းတစ်ချို့ကို သုံးထားတာ များလား…”

ဝမ်ဝေ့၏ မျက်ဝန်းအထက် ကံကြမ္မာစွမ်းအားတချို့ ဖျက်ပြေးသွားလေသည်။

“ ကြည့်ရတာ သူက ဒီစစ်ဆေးမှုကို ဖြေစရာ မလိုတဲ့ပုံပဲ…”

“ အဲဆိုရင် ကျွန်တော်တို့ သိထားသလောက် တားမြစ်ခံတာအိုတွေနဲ့ ပတ်သက်ရင် အဓိပ္ပာယ်မရှိဘူး မဟုတ်လား။ အထူးသဖြင့် အထွတ်အထိပ် တားမြစ်ခံတစ်ယောက်ပေါ့။”

လီကျွင်းက ပြောလိုက်သည်။

“ ငါလည်း အဲဒါကို သိတယ်။ ဒါပေမဲ့ စမ်းသပ်မှု ဖြေဆိုထားတဲ့ အရှိန်အဝါကို မခံစားမိဘူး။ အဲဒါကြောင့် အခြေအနေက သုံးခု ဖြစ်နေနိုင်တယ်။ သူက အရှိန်အဝါကို ရှင်းထုတ်လိုက်တာမျိုး၊ ဒါမှမဟုတ် ငါ မခံစားမိတာမျိုး၊ ဒါမှမဟုတ်ဘူးဆိုရင်တော့… သူ့မိဘတွေက အထွတ်အထိပ်တားမြစ်ခံတာအိုကို ဘာစစ်ဆေးမှုမှ မလိုဘဲ အသုံးပြုနိုင်တဲ့ နည်းလမ်း တွေ့ထားတဲ့ပုံပဲ။”

“ဒါပေမဲ့ အဲလိုအရာက ဖြစ်နိုင်လို့လား။”

”ငါလည်း မသိဘူး။”

ဝမ်ဝေ့က ပြန်ဖြေလိုက်သည်။

“ တကယ်လို့ ရှိနေမယ် ဆိုရင် အတုအယောင် ထာဝရဧကရာဇ်ဆိုရင်တောင် တန်ကြေးကြီးကြီးမားမား ပေးဆပ်ရလိမ့်မယ်…”

အထွတ်အထိပ်တားမြစ်ခံ စစ်ဆေးမှုနှင့် ပတ်သက်လာသည့်အခါ ထာဝရဧကရာဇ်ပင် တန်ကြေးမပေးရဘဲ ဝင်ရောက်စွပ်ဖက်နိုင်မည်ဟု မထင်မိပေ။ မဟုတ်ပါက ရှေးခေတ်အချိန်က  တိထျန်းသည် ထာဝရဧကရာဇ်အချို့၏ အကူအညီကို ရရှိနိုင်ကာ  စစ်ဆေးမှုကို အခက်အခဲမရှိ အောင်မြင်သွားလိမ့်မည်။

ထို့အပြင် သူ့အနေဖြင့် ချူးလော့၏ တာအိုတွင် ကန့်သတ်ချက် တချို့ ရှိထားပြီး သူက ထိုပြဿနာကို ဖြေရှင်းဖို့ရန် ကောင်းကင်လှည့်ဖျားရေး အသက်ရှည်ကျမ်းကို လိုချင်နေကြောင်း ၉၀ရာခိုင်နှုန်း သေချာလေသည်။

“အဲဆိုတော့ အစီအစဉ်က ဘယ်လိုလဲ။ သူ့ကို အနိုင်ယူနိုင်မယ်လို့ ထင်လား။ ဒါမှမဟုတ် ကျွန်တော် သူ့ကို စမ်းသပ်ပေးရမလား…”

ဝမ်ဝေ့က သူ့အား မျက်လုံးထောင့်မှ ကြည့်လိုက်သည်။ ထိုကောင်လေးက ထိပ်တန်းကျောက်စိမ်းဝိညာဉ် အရည်အသွေး ရရှိထားပြီးသည့်နောက်တွင် အနည်းငယ် စိတ်ကြီးဝင်လာဟန် ပေါ်၏။

“ မင်း အဲဒီတိုက်ကွက်ကို မြင်လိုက်တယ် မဟုတ်လား။ အိပ်မက်ကျင့်စဉ်ကို အသုံးပြုပြီးတော့ မင်း အသက်ရှင်နိုင်မလား စမ်းကြည့်ပေါ့…”

လီကျွင်းက စက္ကန့်ပိုင်းခန့်အကြာ မျက်လုံးမှိတ်လိုက်ပြီးနောက်တွင် နေရခက်သည့် အပြုံးဖြင့် ပြန်လည် မျက်လုံးဖွင့်လာသည်။ သူက ဘာမှမပြောသည့်အတွက် ဝမ်ဝေ့က သူပခုံးကို အသာပုတ်လိုက်၏။

မျှော်နန်းဆောင်ရှေ့ ဝမ်ဝေ့နှင့် မနီးမဝေးတွင် ထုံရို့ပင်းက တိုက်ပွဲကို ကြည့်နေလေသည်။

ဒီအဆင့်စွမ်းအားက ထာဝရအရှင်အဆင့်တောင် ရောက်နေပြီ။ တကယ်လို့ ငါသာ မမှားရင် ဝမ်ဝေ့ကလည်း အဲလို စွမ်းအားမျိုး ရှိတယ်..

သူမက မျက်မှောင်ကြုတ်ကာ စဉ်းစားလိုက်သည်။

ငါ့အသွင်ပြောင်းမှုက မပြီးပြည့်စုံသေးဘူး။ ဒီလိုတိုက်ပွဲစွမ်းအားမျိုးကို ရနိုင်မှာ မဟုတ်ဘူး။

သူမက ဤအမွေအနှစ်သည် သူမလက်ထဲ မရောက်နိုင်ကြောင်း ခန့်မှန်းမိလိုက်သည်။ ထို့ကြောင့် သူမက ဤစစ်ဆေးမှုမှ အကျိုးအမြတ် ရရှိမည့် နည်းလမ်းကို စတင်စဉ်းစားလိုက်သည်။

ကံကြမ္မာပဲ။ ဒီကောင်းကင် ရွေးချယ်ခံ အားလုံးက ကံကြမ္မာကောင်းတဲ့သူတွေ.. ကံကြမ္မာပိုလျှံနေတဲ့သူတွေ.. သူတို့ကို အနိုင်ယူရင် ငါ ထာဝရဧကရာဇ်ဖြစ်လာနိုင်တဲ့ အခွင့်အရေးကို တိုးမြှင့်နိုင်တယ်…

ထို့ကြောင့် သူမက လက်ရွေးစဉ်များကို စစ်ဆေးကြည့်ပြီးသည့်နောက် ပြိုင်ဘက်တစ်ယောက်အား ရှာဖွေလိုက်သည်။ သူမက ပထမနှစ်နေရာကို လျစ်လျူရှုထားလိုက်ပြီးနောက် ကျိလန်ဖန်းအား ကြည့်လိုက်သည်။

 သူ့ကို အနိုင်ယူနိုင်ဖို့ဆိုရင် သီးသန့်ဝှက်ဖဲတချို့တော့ လိုတယ်။

ထို့နောက် သူမက တခြားသူများအား ကြည့်လိုက်ပြီးနောက် မူလိန်ကို အာရုံစိုက်လိုက်သည်။ သူမက တုံ့ဆိုင်းခြင်း မရှိဘဲ ညင်ညင်သာသာ ပြုံးကာ သူ့ဆီ လျှောက်လှမ်းလာလိုက်၏။

“မိန်းမလှလေးပဲ”

မူလိန်က အဝတ်များကို ပြင်ဆင်ရင်း ရေရွတ်လိုက်သည်။

“သခင်မလေးထုံ ကျုပ်နာမည်က မူလိန်ပါ။ တွေ့ရတာ ဝမ်းသာပါတယ်”

ထုံရို့ပင်းက သူမ၏ ကြော့ရှင်းနေသည့် လက်ကလေးဖြင့် ပါးစပ်ကို ကာရယ်လိုက်ပြီး ကြည်နူးဆွတ်ပျံ့ဖွယ် အသံလေးဖြင့်‌ ပြောလိုက်သည်။

“ကျွန်မတော့ မျက်နှာပူမိပါရဲ့ သခင်လေးမူ … ဒါပေမဲ့ ကျွန်မက ဒီကို စိန်ခေါ်ဖို့ ရောက်လာတာပါ”

ထုံရို့ပင်းအနေဖြင့် မူလိန်သည် တာအိုလက်တွဲဖော်ကောင်း ဖြစ်ကြောင်း ဝန်ခံရလိမ့်မည်။ သူက ကျင့်ကြံသူအများစုနှင့် ယှဉ်လျှင် ရုပ်ရည်မချောမောသော်လည်း သူ့ခန္ဓာကိုယ်မှ ထွက်နေသည့် ယောက်ျားဆန်ဆန် အငွေ့အသက်မျိုးက ဆွဲဆောင်နိုင်သည်။

သူက ပါရမီထူးချွန်ပြီး အားကောင်းကာ နောက်ခံလည်း မြင့်မားပေသည်။ ပို၍ အရေးကြီးသည်က သူသည် တခြားကမ္ဘာ့အသိုင်းအဝိုင်းမှ ဖြစ်သည့်အတွက် သူတို့သည် ကောင်းကင်အလိုဆန္ဒအတွက် တစ်ယောက်နှင့်တစ်ယောက် ယှဉ်ပြိုင်စရာ မလိုအပ်ပေ။

မည်သို့ပင်ဆိုစေကာမူ သူမက ချစ်ကြည်နူးရန် ရောက်လာခြင်း မဟုတ်ချေ။

“မင်းရဲ့ စိန်ခေါ်မှုကို လက်ခံတယ်။ ဒါပေမဲ့ သခင်မလေးထုံက ကောင်းကင်ကိုးဘုံက မသေမျိုးတွေထက် လှပတယ် ဆိုတာနဲ့ အလျော့ပေးမှာတော့ မဟုတ်ဘူးနော်”

“ရှင့်စကားတွေက ကျွန်မကို မျက်နှာပူစေတာပဲ။ ဘာပဲဖြစ်ဖြစ် ကျွန်မက အဲဒါကို လက်မခံနိုင်ပါဘူး”

ထို့နောက် နှစ်ဦးသားက ဝေဟင်အထက် ပျံသန်းသွားကြပြီး တစ်ယောက်နှင့်တစ်ယောက် မျက်နှာချင်းဆိုင်ကာ မတ်တပ်ရပ်နေကြသည်။ ထုံရို့ပင်းက လက်ဝေ့လိုက်သည့်အခါ သင်္ကေတများ ရေးဆွဲထားသည့် အဝါရောင် အဆောင်များစွာက သူမ၏ပြိုင်ဘက်ကို ဝိုင်းလာကြသည်။

ထုံရို့ပင်းက ရှည်ကြာလှသည့် တိုက်ပွဲများကို မကြိုက်ဘဲ တစ်ဖက်လူကို အမြန်ဆုံးနည်းနှင့် အသက်ရောက်ဆုံး နည်းလမ်းကို အသုံးပြုရသည်ကို  သဘောကျသူ ဖြစ်၏။ ထို့ကြောင့် သူမက ချုပ်တည်းမထားဘဲ သူမ၏ စွမ်းအား ၉၀ ရာခိုင်နှုန်းကို ထိုတိုက်ကွက်တွင် ထုတ်သုံးလိုက်သည်။ ထိုအရာက သူမ၏ သတင်းအချက်အလက်ကို ထိုလူ့ထံ ပေါက်ကြားသွားစေမည်မှန်း သိထားသော်လည်း သူ ရှာဖွေတွေ့ရှိဖို့ရန် အချိန်တစ်ခုမျှသာ ရှိကြောင်း နားလည်လေသည်။

ငရဲမီးတောက်အဆောင်

မူလိန်၏ ခန္ဓာကိုယ်ကို ဖျက်ဆီးပစ်ဖို့ အဝါရောင်စာရွက်များဆီမှ အနက်ရောင်မီးတောက် ထောင်ချီ ထွက်ပေါ်လာသည်။ ကံဆိုးစွာဖြင့် ထိုလူက ထိုတိုက်ကွက်ကို လျစ်လျူရှုထားပြီး လက်သီးချက်ဖြင့် ထိုးခွင်းလာ၏။

တုန်ခါခြင်းလက်သီး..

သူ့လက်မှ ကြောက်မက်ဖွယ် တုန်ခါနှုန်းသည် တစ်ဖက်လူဆီ ပြေး ဝင်လာသည်။ ထုံရို့ပင်းက ကာကွယ်ရေးအဆောင်နှင့် ဦးတည်ချက် လွဲပြောင်းရေးအဆောင်ကို အသက်သွင်းလိုက်ပြီး သူမကိုယ်သူမ ကာကွယ်လိုက်ရသည်။ မူလိန်က တစ်စုံတစ်ခုကို ရှာတွေ့သွားသည့်အလား မျက်မှောင် အသာကြုတ်လိုက်သည်။ ဤစစ်ဆေးမှု ကျင်းပသည့် ကမ္ဘာငယ်လေး သို့မဟုတ် ဒိုင်မန်းရှင်း အငယ်လေးက စည်းမျဉ်းမရှိဘဲ လူလုပ်ဖန်တီးထားသည့် ပတ်ဝန်းကျင် တစ်ခုသာ ဖြစ်ပေသည်။

ပုံမှန်အားဖြင့် ဤအရာသည် ပါဝင်ယှဉ်ပြိုင်သူများအပေါ် သက်ရောက်မှု ရှိမည် မဟုတ်ပေ။ သူတို့တွင် သူတို့၏ခန္ဓာကိုယ်ထဲ သို့မဟုတ် သူတို့၏ ပိုင်နက်ထဲတွင် သူတို့၏ စည်းမျဉ်းကို နေရာမရွေး အသုံးပြုနိုင်သည့် စည်းမျဉ်းမျိုးစေ့နှင့် ဆင်တူသည့် အရာတစ်ခုခု ရှိထားကြလေသည်။

တချို့သူများအတွက်မူ သူတို့၏စည်းမျဉ်းက သူတို့၏ တာအိုအဖြစ် ဆင့်ကဲပြောင်းလဲသွားကြသည်။ ဆိုလိုသည်မှာ ကမ္ဘာ၏ အချုပ်အနှောင်များသည် သူတို့ကို မတားဆီးနိုင်တော့ဘဲ သူတို့က အဆင်ပြေသည့် နေရာတွင် စည်းမျဉ်းကို ထုတ်သုံးနိုင်လေသည်။ နမူနာအားဖြင့် အဆုံးမဲ့လေဟာနယ် ဖြစ်သည်။

သို့သော်လည်း သူကမူ ကွဲပြားလေသည်။ ကြယ်တာရာသားရဲနည်းစနစ်ကို ကျင့်ကြံသည့် ခွန်အားအစစ်အမှန် တာအို ကျင့်ကြံသူတစ်ယောက် အနေနှင့် စည်းမျဉ်း ပြဿနာက သူ့အတွက် အားနည်းလေသည်။

ကြယ်တာရာသားရဲ နည်းစနစ်သည် စည်းမျဉ်းအမျိုးမျိုးကို စုပ်ယူပြီး သူတို့၏ခန္ဓာကိုယ်ကို ကြီးထွားစေနိုင်သည်။ သို့သော်လည်း သူက ထိုသို့ မလုပ်နိုင်ပေ။ ထို့နောက် မူလိန်က သူ့ခန္ဓာကိုယ်သည် စည်းမျဉ်း ပဲ့တင်သံကို အသုံးပြုနိုင်မည့် နည်းလမ်းကို ရှာဖွေခဲ့၏။ သို့သော် သူက ထိုနည်းလမ်းကို အသုံးမပြုသည်မှာ ယခု ဤစစ်ဆေးမှု၏ နေရာလွှတ်သည် စည်းမျဉ်းမရှိ၍ ဖြစ်သည်။ ထို့ကြောင့် သူ စွမ်းအားက သိသိသာသာ လျော့ကျသွား၏။

ထုံရို့ပင်းကလည်း တူညီသည့် စိတ်လေးမှုမျိုးနှင့် ရင်ဆိုင်နေရသည်။ အဆောင်တာအိုသည် စည်းမျဉ်းပဲ့တင်သံပေါ် များစွာ မှီခိုထား၏။ အကယ်၍ သူမက တားမြစ်ခံကဲ့သို့သော အားကောင်းသည့် တာအိုများနှင့် ဆက်နွယ်နေသော စွမ်းအားကြီး အဆောင်များကို ချက်ချင်းထုတ်ချင်လျှင် စည်းမျည်းပဲ့တင်သံကို အသုံးပြုရလိမ့်မည်။ နှမြောစရာကောင်းလှသည်က သူမအနေဖြင့် လက်ရှိပတ်ဝန်းကျင် အနေအထားမျိုးတွင် အသုံးမပြုနိုင်ပေ။

သူမ၏ အဆောင်စည်းမျဉ်းက အဆောင်တချို့ကိုသာ ဖန်တီးဖို့ ခွင့်ပြုပေးထားသည်။ သူမ၏ စည်းမျဉ်းက တာအိုအဖြစ် ဆင့်ကဲပြောင်းလဲသွားလျှင်ပင် သူမအနေဖြင့် စည်းမျဉ်းပဲ့တင်သံကို လုံးဝ ဖယ်ရှားနိုင်မည် မဟုတ်ပေ။ ဤသည်က ကျွမ်းကျင်အတတ်ပညာဆိုင်ရာ အပေါ် မူတည်၍ တာအိုအပေါ် ဆိုးကျိုးနှင့် ကောင်းကျိုးများ ဖြစ်ပေသည်။

အဆုံးမဲ့ပေါက်ကွဲရေးအဆောင်..

ဘုန်း.. ဝုန်း ဝုန်း ဝုန်း..

မူလိန်ထံတွင် မတွက်ဆနိုင်သည့် ပေါက်ကွဲမှုမျိုး ဖြစ်ပေါ်လာကာ သူ့အသားအရည်အား လောင်ကျွမ်းသွားစေ၏။ သို့သော်လည်း သူက အပေါ်ယံဒဏ်ရာများကို ကုသလိုက်ပြီးနောက် ထုံရို့ပင်းဆီ ပြေးဝင်သွားသည်။ သူက လျင်မြန်လွန်းသည့်အတွက် ကူးသန်းပြောင်းရွေ့လိုက်သလို ဖြစ်နေလေသည်။ သို့သော်လည်း သူမက လှည့်ပြောင်းရေး အဆောင်ကို အသုံးပြုပြီး သူမပတ်ဝန်းကျင်ရှိ အရာဝတ္ထုများအား နေရာပြောင်းလွဲပစ်သည်။ ထိုအရာထဲတွင် ဝိညာဉ်ချီမျှင်ပါ အပါအဝင် ဖြစ်သည်။ ထို့နောက် သူမက ဆက်လက်ဖောက်ခွဲ ပစ်လိုက်သည်။

ထိုစဉ် မြေပြင်ပေါ်တွင် ဝမ်ဝေ့က တိတ်တဆိတ် ဒေါသထွက်နေလေ၏။

ဘာဖြစ်လို့လဲ…

လီကျွင်းက သူ့စိတ်အပြောင်းအလဲကို ခံစားမိ၍ မေးလိုက်သည်။

သူမက ဘာကြောင့် ရင်းနှီးနေတာလဲ ဆိုတာကို သိသွားပြီ။ သူမက ငါ စိတ်ဝိညာဉ်ခရီးလမ်းမှာ ဝူမင်ကို ပေးခဲ့တဲ့ အကြံအစည်ကို အသုံးပြုနေတာပဲ…

ခန္ဓာကိုယ်ကို အဆောင်အဖြစ် ပြောင်းလဲပစ်ဖို့ အတွေးလား။ သူမက အောင်မြင်သွားတယ်လား…

ပြီးတော့ သူမရဲ့ခန္ဓာကိုယ်ကနေ ဧကရာဇ်အရှိန်အဝါတချို့ကိုပါ ခံစားမိတယ်။ သူမရဲ့ခန္ဓာကိုယ်ကို အဆောင်အဖြစ် ပြောင်းလဲလိုက်ရုံတင် မကဘူး။ သူမရဲ့ရုပ်ခန္ဓာကိုပါ ပြောင်းလဲပြီးတော့ ဧကရာဇ်အဆောင်ရဲ့ စွမ်းအားတချို့ကိုပါ ငှားယူနိုင်ခဲ့တဲ့ ပုံပဲ…

ဝမ်ဝေ့ ဒေါသထွက်သည်မှာ ထုံရို့ပင်းက သူ့အတွေးအခေါ်ကို အသုံးပြုသွား၍ မဟုတ်ဘဲ သူကိုယ်တိုင် အသုံးပြုဖို့ မတွေးမိခဲ့၍ ဖြစ်သည်။ သူမ၏လျှို့ဝှက်ချက်ကို သိသွားပြီးသည့်နောက်တွင် ဆုံမှတ်များအား အသုံးပြု၍ ဂိုဏ်း၏ လိပ်ခွံအစီအရင်စွမ်းအားကို ငှားယူနိုင်ဖို့ အစီအရင်တစ်ခုကို ဖန်တီးဖို့ တွေးလိုက်မိသည်။ ထိုအရာက အသင်္ချေအင်ပါယာ ကမ္ဘာတစ်ခုလုံးတွင် အကောင်းဆုံးခုခံရေး အစီအရင် ဖြစ်နေနိုင်သည်။

တကယ်လို့ ထုံရို့ပင်းက ဒီလိုလုပ်တာ အောင်မြင်သွားတယ် ဆိုရင် အတော်လေးကို ပါရမီထူးတာပဲ…

လီကျွင်းက ပြောလိုက်စဉ် ဝမ်ဝေ့က သဘောတူလေသည်။

ဝူမင်က ထိုအတွေးအခေါ်မျိုး ရှိသော်လည်း ယခင်တွေ့ဆုံမှုပေါ် မူတည်၍ ဧကရာဇ်အစီအရင်၏ စွမ်းအားကို ငှားယူဖို့ ကျရှုံးသွားမှန်း သိထားသည်။

ဝမ်ဝေ့က သူမ မည်သို့ အောင်မြင်သွားမှန်း မသိသော်လည်း သူမက ဤသို့ လုပ်ဆောင်နိုင်ခဲ့သည့်အတွက် မည်မျှ တတ်စွမ်းကြောင်း သိလိုက်သည်။ သူက တိုက်ပွဲကို ဆက်ကြည့်နေရင်း သတင်းအချက်အလက်များကို ထပ်မံ ရှာဖွေ တွေ့ရှိခဲ့သည်။

ထုံရို့ပင်း၏ ဝိညာဉ်က သန္ဓေပြောင်းခဲ့ပြီး အဆောင်ဂုဏ်သတ္တိတချို့ ပါဝင်နေသည်။ ဝိညာဉ်စစ်ဆေးမှု အပြီးတွင် သူမက ထိုရလဒ်ကို ရခဲ့ကြောင်း ပြောနိုင်လေ၏။ သူက တိတ်တဆိတ် ခေါင်းခါလိုက်ပြီးနောက် အခြေအနေကို ဆက်လက်အကဲခတ်လိုက်သည်။

ဒါက မူလအဆောင်များ ဖြစ်နေမလား..

အဆောင်ဘိုးဘေးသည် ဘိုးဘေးအဆောင် ၁၂ ရွက်ကို ဖန်တီးခဲ့ပြီး ကျင့်ကြံသူများက သူ၏အောင်မြင်မှု အထွတ်အထိပ်ဟု မှတ်ယူခဲ့ကြသည်။ သို့သော်လည်း သူ့တကယ် အောင်မြင်မှု အထွတ်အထိပ်က မဟာအဆောင်မြို့တော်တွင် ဧကရာဇ်အသုံးအဆောင် ပစ္စည်းအဖြစ် ချန်ထားခဲ့သည့် မူလအဆောင် ဖြစ်၏။

မူလအဆောင်သည် အသင်္ချေအင်ပါယာကမ္ဘာ၏ အားအကောင်းဆုံး အဆောင်ဖြစ်သလို မူလနည်းစနစ်မှ တစ်ယောက်၏ ဖန်တီးခဲ့သည့် ပထမဆုံး ဧကရာဇ်အဆောင်လည်း ဖြစ်ပေသည်။

ထိုအဆောင်၏ အဓိက လုပ်ဆောင်ချက်က စွယ်စုံ အသုံးပြုနိုင်ခြင်း ဖြစ်၏။ ထိုအရာက မည်သည့်အဆောင်အဖြစ်မဆို အသုံးပြုနိုင်သည့် တိုက်ခိုက်ရေးအဆောင်လား၊ မူလအဆောင်က ထိုသို့ အသုံးပြုနိုင်သည်။ ဝါးမျိုရေးအဆောင်လား ထိုအဆောင်က ထိုတာဝန်ကိုလည်း ပြီးမြောက်နိုင်၏။

မူလအဆောင်က အသင်္ချေအင်ပါယာကမ္ဘာတွင် ဖန်တီးခဲ့သည့် အဆောင်အားလုံးနှင့် ဆက်နွယ်နေသည်ဟု ကောလာဟလများပင် ရှိခဲ့ဖူးသည်။

လူများစွာက ထိုကောလာဟလကို မယုံကြည်ကြသည်မှာ အဆောင်ဘိုးဘေးသည် အတုအယောင် ထာဝရဧကရာဇ်တစ်ပါး ဖြစ်နေ၍ ဖြစ်သည်။ သို့သော်လည်း ဝမ်ဝေ့က ထိုအရာသာ သူသည် ကျွမ်းကျင်အတတ်ပညာဆိုင်ရာ ဘိုးဘေးများသည် ထာဝရဧကရာဇ်၏ တိုက်ခိုက်ရေး ရှိလိမ့်မည်ဟု ပြောလျှင်ပင် အံ့ဩမိမည် မဟုတ်တော့ပေ။ အစီအရင်ဘိုးဘေးကမူ ခြွင်းချက်ဖြစ်၏။

ဝမ်ဝေ့က တိုက်ပွဲကို ဆက်လက်ကြည့်နေရင်း တစ်စုံတစ်ခုက ပြောင်းလဲသွားလေသည်။

“ကစားမနေနဲ့တော့..”

မူလိန်က ပြောလိုက်စဉ် သူ့မျက်ဝန်းတစ်ခုချင်းစီက ခရမ်းရောင် ကြယ်တာရာ ကိုးခုအဖြစ် ပြောင်းလဲသွားသည်။ ထို့နောက် သူ့ခန္ဓာကိုယ်က တစ်ထောင်ကီလိုမီတာအထိ ကြီးမားလာ၏။ ထိုအရွယ်အစားက မူလိန်အတွက် သေးငယ်နေသော်လည်း ပတ်ဝန်းကျင်က အရှုပ်အထွေးမရှိဘဲ ပိုမိုကြီးမားသည့် အရွယ်အစားကို သူက မဟူရာအလင်းတန်းအဖြစ် ပြောင်းလဲသွားပြီး သူမဆီ ပြေးဝင်သွားသည်။ သူ့၏အရွယ်အစားက အမြန်နှုန်းကို နှေးကွေးမသွားစေပေ။ အချုပ်အားဖြင့် ပို၍ မြန်ဆန်လာလေ၏။

ဝုန်း..

သူက ဧရာမလက်ကြီးဖြင့် သူမအား ထိုးခွင်းလိုက်သည်။ သို့သော်လည်း မူလိန်က ထုံရို့ပင်း၏ နဖူးအထက်တွင် ပန်းရောင် သလင်းကျောက်တစ်ခု ထွက်ပေါ်လာသည်ကို မြင်လိုက်ရသည်။ ထိုအရာက သူမ၏ အရှိန်အဝါကို ရုတ်ခြည်းဆိုသလို ချက်ချင်း တိုးပွားလာစေ၏။

ထိုအရာသည် သူမက သူ့တိုက်ကွက်ကို တားဆီးဖို့ ဖန်တီးလိုက်သည့် ကာကွယ်ရေးအဆောင် ဖြစ်ပေသည်။

အသင်္ချေအင်ပါယာကမ္ဘာရဲ့ တာအို သက်သေပြပစ္စည်လား…

***

All Chapters