← Chapters

လူဝင်စားများ၏ တာဝန်

Vol. 40 Ch. 556

လူဝင်စားများ၏ တာဝန်

Vol. 40 Ch. 556

ဝမ်ဝေ့က အရက်နံ့ ထွက်ကာ ဖိုသီဖတ်သီ ဖြစ်နေသည့် သူ့အား ကြည့်ကာ တိတ်ဆိတ်နေလိုက်သည်။

“သူမက ငါ့ကို ဘယ်လိုလုပ် ဒီလိုလုပ်ရတာလဲ။ ငါတို့ကို ဘယ်လိုလုပ် ဒီလို လုပ်ရက်ရတာလဲ” ကံကောင်းမှု လူဝင်စားက ပြောလိုက်သည်။

“အခု နှစ်ထောင်ချီ ကြာနေပြီ။ မင်း မှတ်ဉာဏ်တွေလည်း ပြန်ရနေပြီ အခုထိ လက်မလွှတ်နိုင်သေးဘူးလား”

“မင်းက အဲဒီနေရာမှာမှ မရှိတာ။ ဒီလို ဆိုးဆိုးဝါးဝါး နာကျင်မှုမျိုးကို ကြုံတွေ့ခဲ့မှာ မဟုတ်ဘူး။ မင်း ကြုံတွေ့တာနဲ့ ချက်ချင်း နားလည်သွားလိမ့်မယ်”  ကံကောင်းမှု လူဝင်စားက သေရည်သောက်ရင်း ပြောလိုက်သည်။

ဝမ်ဝေ့၏ နှုတ်ခမ်းများက တွန့်ချိုးသွားလေ၏။ တစ်စုံတစ်ခုက ကံကောင်းမှု လူဝင်စား၏ တာဝန်ကို ပြောင်းလဲပစ်ခဲ့သည်။

သူ ငယ်စဉ်ကတည်းက သူ လိုချင်သည့် အရာအားလုံးကို ရရှိခဲ့၏။ သူသည် ကြာပန်းနီလမ်းကြားမှ ညဘက်အိမ်လျှောက် ပြန်လာစဉ် ပိုက်ဆံထုပ် သို့မဟုတ် ကျန်းမာစေနိုင်သည့် ဆေးပင်များကို ရှာတွေ့ခဲ့သည်။ ထို့ကြောင့် သူက အာဏာအပါအဝင် ဘဝတွင် မည်သည့်အရာမျှ မလစ်ဟာခဲ့ဖူးပေ။

တစ်ခါက သူသည် ပညာရှင်ကျောင်းသား ဖြစ်လိုခဲ့သည်။ နောက်ရက်တွင် သူက ဝိညာဉ်စွမ်းအား မြင့်တင်ပေးနိုင်သည့် သလင်းကျောက်တစ်ခုကို ရှာတွေ့ခဲ့သည်။ ထို့နောက် သူက မြို့ထဲရှိ နာမည်ကျော် ပါမောက္ခတစ်ယောက်၏ အသက်ကို မတော်တဆ ကယ်တင်ပေးနိုင်ခဲ့ပြီး ထိုသူက သူသိထားသမျှ အရာအားလုံးကို အလကား သင်ကြားပေးမည်ဟု ကမ်းလှမ်းခဲ့သည်။

သူ့ကံကောင်းမှုက အားကောင်းလွန်းသည့်အတွက် သူ လိုချင်သည့်ဆန္ဒအားလုံးကို ဖြည့်ဆည်းပေးနိုင်သည်။ တစ်ကြိမ်က သူသည် မိန်းမလှတစ်ဦးနှင့် တွေ့ကာ စိတ်ဝင်စားမိစဉ် သူမတွင် ယောက်ျားရှိနေခဲ့၏။ သူ့မိဘများက ကံကောင်းမှု လူဝင်စားအား ကောင်းကောင်းမွန်မွန် ပြုစုပျိုးထောင်ထားခဲ့သည်။ ထို့ကြောင့် သူက သူမအား လွှတ်ထားလိုက်ကာ နှောင့်ယှက်ဖို့ မကြိုးစားခဲ့ပေ။

သို့သော်လည်း တစ်ပတ် ကြာမြင့်ပြီးသည့်နောက်တွင် ထိုအမျိုးသမီး၏ ယောက်ျားဖြစ်သူက မတော်တဆဖြစ်ရပ်အတွင်း သေဆုံးသွားခဲ့သည်။ ကျင့်ကြံသူများက သူမကို လိုက်ဖမ်းနေစဉ် သူနှင့် ပြန်လည် တွေ့ဆုံခဲ့၏။ လူဝင်စားက သူမအား ကူညီပေးလိုသော်လည်း ကျင့်ကြံသူများနှင့် ရင်ဆိုင်သောအခါ အင်အားမဲ့နေကြောင်း သိသေးသည်။ ထို့ကြောင့် ကြောက်ကြောက်ဖြင့် အနီးအနား အိမ်တစ်လုံးတွင် ပုန်းအောင်းနေခဲ့သည်။

သူ့အား အံ့အားသင့်သွားစေသည်က ထိုကျင့်ကြံသူအားလုံးကို သတ်ဖြတ်ပစ်နိုင်သည့် အားကောင်းသည့် အဆောင်တစ်ခုကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ ကံဆိုးရှာသည့် ကောင်မလေးကို ကယ်တင်ပြီးနောက် သူမအိမ်သို့ ပြန်လည် ခေါ်ဆောင် သွားပေးခဲ့သည်။

ကံဆိုးစွာဖြင့် ဤတစ်ကြိမ်တွင် လူဝင်စားက သူသည် ကံကောင်းမှု အမြောက်အများ ရှိသည့်လူဖြစ်ကြောင်း စတင်သံသယ ဝင်လာမိပြီး စမ်းသပ်ကြည့်ခဲ့သည်။ သူက ကျင့်ကြံသူ စုစည်းရာသို့ သွားကာ ကြုံရာကျပန်း စာအုပ်တစ်အုပ်ကို ဝယ်ယူခဲ့သည်။ ဖြစ်ချင်တော့ ထိုစာအုပ်သည် သူတော်စင်အဆင့် ဖြစ်နေလေ၏။

ထိုအရာကို ရှာဖွေ တွေ့ရှိပြီးသည့်နောက်တွင် လူဝင်စားက ထိုအမျိုးသမီးအား သူ့အား ကြိုက်လာသည့် အကြောင်းအရင်းမှာ သူ့ကံကောင်းမှုကြောင့် ဖြစ်ကြောင်း သဘောပေါက်သွားခဲ့သည်။

ထို့ကြောင့် သူက ကျင့်ကြံရေးကို အာရုံစိုက်ထားဖို့ ဆုံးဖြတ်ခဲ့သည်။ ထင်ထားသည့်အတိုင်း အရာအားလုံးက သူ့အတွက် ချောမွေ့နေခဲ့၏။ သူ အလိုရှိသမျှ အရာအားလုံးကို ရယူနိုင်လိမ့်မည်။ သူ ဘယ်နေရာသွားသွား သူ့ကို ချစ်ကျွမ်းဝင်သွားသည့် မိန်းမလှများနှင့် တွေ့ဆုံရသလို ကံအပြောင်းအလဲ အခွင့်အရေးများလည်း ရရှိခဲ့သည်။

အချိန်ကုန်လွန်လာသည်နှင့်အမျှ ကံအပြောင်းအလဲများသည် ငြီးငွေ့ဖွယ် ကောင်းလာလေသည်။ အကြောင်းမှာ သူက အရာအားလုံးကို လိုတိုင်းတ ရနေ၍ ဖြစ်သည်။ သူ့ဘဝတွင် တစ်ခါမှ မကြိုးစားခဲ့ဖူးပေ။

တစ်ခါက သူသည် ဘုရင်ဖြစ်ဖို့ ဆုံးဖြတ်ခဲ့ပြီး တိုင်းပြည်တည်ထောင်ဖို့ ထွက်လာခဲ့သည်။ လမ်းတွင် သူက သူတို့၏ ထွက်ပြေးသွားသော မင်းသားဟု အထင်မှားယွင်းသွားသည့် အဖွဲ့တစ်ဖွဲ့နှင့် တွေ့ဆုံခဲ့ပြီး သူ့အား နန်းတင်ပေးခဲ့သည်။ အကြောင်းမှာ ထိုသူ၏မိသားစုဝင်များက လတ်တလောတွင် သေဆုံးသွား၍ ဖြစ်သည်။

ထိုလူများက သူတို့၏ မင်းသားပုံကို ပြလာခဲ့သည့်အခါ လူဝင်စားက သေလုနီးပါး ဒေါသထွက်သွားခဲ့သည်။ အကြောင်းမှာ သူနှင့် ကွက်တိတူနေ၍ ဖြစ်သည်။ ထိုကမ္ဘာတွင် လူဦးရေ များစွာ ရှိလေရာ သူနှင့် တူညီသည့် မျက်နှာ၊ ခန္ဓာကိုယ်တည်ဆောက်ပုံ၊ အရပ်နှင့် သွင်ပြင် တူညီသည်မှာ အဘယ်မျှ ထူးဆန်းနေသနည်း။

ထို့အပြင် သူက ငြင်းခုန်ဖို့ ကြိုးစားသည့်အခါ ထိုလူများက သူ့ ဘယ်ဘက်လက်ကောက်ဝတ်ရှိ အမာရွတ်ကို ထိုးပြပြီး သူတို့မင်းသားဆီလည်း ရှိကြောင်း ပြောခဲ့သည်။ လူဝင်စားက ထိုအမာရွတ်ရှိခဲ့သည်မှာ သူ ငယ်စဉ်ကတည်းက ဖြစ်ပြီး ကျင့်ကြံရေးလမ်းကြောင်းကို လျှောက်လှမ်းခဲ့သော်လည်း တစ်ခါမှ မကုသခဲ့ပေ။ အကြောင်းအရင်းမှာ သူ့မိဘများ သေဆုံးသွားသည့် ဖြစ်ရပ်တွင် မတော်တဆ ဒဏ်ရာရရှိခဲ့ခြင်းကြောင့် ဖြစ်ပြီး သူ့အတိတ်ကို မှတ်မိစေလိုသဖြင့် သိမ်းထားခဲ့ခြင်း ဖြစ်သည်။

အဆုံးသတ်တွင် လူဝင်စားက ဒေါသတကြီးဖြင့် ပျံသန်းထွက်သွားလိုက်သည်။ သူက ကံကောင်းမှုကို စတင်ကျိန်ဆဲလာမိ၏။ သူက ထိုအရာကို ကျိန်စာတစ်ခုအဖြစ် မြင်လာမိသည်။

သူက သူ့ကံကောင်းမှုကို မျှခြေညီဖို့အတွက် ကံဆိုးမှုကို လေ့လာဖို့ ဆုံးဖြတ်လိုက်သည်။ သို့သော်လည်း သူ မအောင်မြင်ခင် သူ မြင်တွေ့ဖူးသမျှ မိန်းကလေးတွေထဲ အလှပဆုံး မိန်းကလေးတစ်ဦးနှင့် တွေ့ဆုံခဲ့ရသည်။ သူမကို မြင်လိုက်သည်နှင့် သူ့တည်ရှိမှုတစ်ခုလုံးက သူမအား လိုချင်ကြောင်း အော်ပြောနေကြသည်။ ထို့ကြောင့် သူက သူမအကြောင်း အလျင်အမြန် စုံစမ်းကာ တာအိုလက်တွဲဖော် ရှိလားဟု စစ်ဆေးခဲ့သည်။ သူမတွင် တာအိုလက်တွဲဖော် မရှိကြောင်း သိရှိပြီးနောက်တွင် ထိုအရာက သူ့အခွင့်အရေး ဖြစ်မည်မှန်း သိသာ စောင့်ဆိုင်းခဲ့၏။

လူဝင်စားက သူ့ကံကောင်းမှုသည် မကြာခင် အသက်ဝင်လာကာ သူမနှင့် တွေ့ဆုံဖို့ မှော်ဆန်ဆန် အခွင့်အရေး တချို့ ရလာမည် ဖြစ်ကြောင်း သိထားလေသည်။ ထို့ကြောင့် သူက စောင့်ဆိုင်းနေခဲ့၏။ ကံဆိုးစွာဖြင့် စောင့်ဆိုင်းနေသည့်အချိန်က တစ်ပတ်၊ တစ်လနှင့် တစ်နှစ် ကြာသွားသော်လည်း ဘာမှမဖြစ်လာခဲ့ပေ။

ထို့ကြောင့် သူက ပိုမို စိတ်လှုပ်ရှားလာခဲ့သည်။ သူက သူမအား ကံဆိုးစေမှုပေးသည့် ကျင့်စဉ်တချို့ကို ထုတ်သုံးခဲ့၏။ သူ့အစီအစဉ်က သူမအန္တရာယ်ကျရောက်နေသည့်အခါ ကယ်တင်ဖို့ မသေမျိုးဆန်ဆန် ထွက်ပေါ်လာမည် ဖြစ်သည်။

ပြဿနာ ဘာမှမဖြစ်ခဲ့သည့်အတွက် သူ့အစီအစဉ်က ကျရှုံးသွားလေသည်။ လူဝင်စားက သူ့ကံကောင်းမှုသည် သူမအပေါ် အလုပ်မဖြစ်ကြောင်း တွေ့ရှိသွားပြီး သူမအား ပိုမိုစွဲညှိသွားသည်။

ထို့ကြောင့် သူက သူမအား တိုက်ရိုက်ချဉ်းကပ်လိုက်၏။

နှမြောစရာ ကောင်းလှသည်က..

“ရှင်က ကျွန်မကို ကံဆိုးစေတဲ့သူလား။ အရှေ့ကနေ ချက်ချင်း ထွက်သွား” ကံကောင်းမှု လူဝင်စားက အငြင်းခံရပြီးသည့်နောက်တွင်ပင် လက်မလျော့ခဲ့ပေ။ သူ လိုချင်သမျှ အရာအားလုံးကို ရရှိသည့်သူ တစ်ဦးအနေဖြင့် မရနိုင်သည့်အရာကို ပိုမိုလိုချင်မိ၏။

သူက သူမအား ဆက်တိုက် ပိုးပန်းခဲ့သည်။ သူက မည်မျှ အငြင်းခံရစေကာမူ.. သူမက မည်မျှပင် ဆိုးဆိုးဝါးဝါး ပြောစေကာမူ ဘယ်တော့အခါမှ လက်မလျော့ခဲ့ပေ။

နောက်ဆုံးတွင် သူ၏ လုံ့လက အကျိုးပေးလာသည်။ သူမက သူ့အပေါ် နွေးနွေးထွေးထွေး စတင် ဆက်ဆံလာပြီး မိတ်ဆွေမှ တစ်ဆင့် ချစ်ကျွမ်းဝင်လာခဲ့သည်။ ကံဆိုးသည်က လူဝင်စား၏ ကံကောင်းမှုသည် ဂယက်ရိုက်မှုတစ်ခု ဖြစ်လာခဲ့သည်။

ထိုဂယက်က ကောလာဟလပုံစံဖြင့် ရောက်ရှိလာခဲ့၏။

“ကောင်းချီးပေးခံရတဲ့ ဝမ်ဝေ့ကို ရရှိတဲ့သူတိုင်းက မသေမျိုးဘဝကို ရရှိလိမ့်မယ်” ဟူသော စကား ဖြစ်သည်။ ထိုကောလာဟလက ကမ္ဘာအနှံ့ ပျံ့နှံ့သွားသည်နှင့် ကျင့်ကြံရေးဂိုဏ်းများ၊ မိသားစုဝင်များ၊ အင်အားစုများနှင့် တိုင်းပြည်များက လူဝင်စားအကြောင်း ရုတ်ခြည်း သိသွားကြကာ သူ့အား ချက်ချင်း လိုက်လံဖမ်းဆီးကြသည်။ သူက နှစ်ထောင်ချီကြာ အမဲလိုက်ခံခဲ့ရ၏။ ကံကောင်းစွာဖြင့် သူသည် သူ ချစ်မြတ်နိုးရသည့်သူနှင့်အတူ ရှိနေလေသည်။ သူမက အရာအားလုံးကို သူနှင့်အတူ ဖြတ်ကျော်ပေးပြီး ကမ္ဘာထိပ်ဆုံးမှ ဆင်းရဲတွင်းသို့ ဆင်းလျှင်ပင် သူနှင့်အတူတူ တစ်လျှောက်လုံး ရှိနေပေးခဲ့သည်။

လူဝင်စားက သူမသာ သူနှင့်အတူ ရှိနေသရွေ့ သူ့နာကျင်မှုများနှင့်် ခံစားရမှုများသည် ထိုက်တန်သည်ဟု ခံစားမိသည်။

နှမြောစရာကောင်းလှသည်မှာ ကံကြမ္မာက သူ့အတွက် နောက်ထပ် အစီအစဉ်တစ်ခု ရှိနေဟန် ပေါ်သည်။ တစ်ခါက ကျင့်ကြံရေးဂိုဏ်းရာချီ သူ့အား ဝန်းရံစဉ် သူ့တွင် ရှိထားသည့် ကံအပြောင်းအလဲ အခွင့်အရေးများနှင့် ရတနာအားလုံးကို ထုတ်သုံးလျှင်ပင် သူက မလွတ်မြောက်နိုင်ခဲ့ပေ။ အဆုံးသတ်တွင် သူမက သူ့အတွက် အသက်ရှင်ရန် အခွင့်အရေးရဖို့ သူမအသက်ကို စတေးပစ်ခဲ့သည်။

နာကျင်မှု၊ ဝမ်းနည်းမှု၊ စိတ်ပျက်မှု၊ အပြစ်ရှိစိတ်နှင့် ဒေါသတို့က သူ့အား လွှမ်းခြုံသွားလေသည်။ သူက သောင်းကျန်းပစ်၏။ သူက ရက်စက်သည့် နည်းဗျူဟာများဖြင့် ထိုဂိုဏ်းများကို ဖျက်ဆီးပစ်ခဲ့သည်။ ထိုအရာက နှေးကွေးလွန်းသည်ဟု ခံစားမိသည့်အခါ ကျင့်ကြံရေးလမ်းစဉ်ကို အလေးအနက် လျှောက်လှမ်းခဲ့သည်။

သူ့ပါရမီနှင့် အရင်းအမြစ်များဖြင့် သူသည် ကမ္ဘာ၏ ပြိုင်ဘက်ကင်း အနေအထားသို့ အလျင်အမြန် ရောက်ရှိလာခဲ့သည်။ ထို့ကြောင့် သူက ဤကမ္ဘာ၏ ကျင့်ကြံသူ ၉၉ ရာခိုင်နှုန်းကို သတ်ဖြတ်ပစ်ခဲ့သည်။ နှမြောစရာကောင်းလှသည်က လက်စားချေခြင်းသည် သူ့နှလုံးသားမှ အပေါက်ကို မဖြည့်ဆည်းပေးနိုင်ပေ။ ထို့ကြောင့် သူက သူမကို အသက်ပြန်သွင်းနိုင်သည့် အဆင့်တစ်ခုသို့ ရောက်ဖို့ရာ ကျင့်ကြံရေးကို အားစိုက်ထားခဲ့သည်။

သူမ၏ လှပကာ ယုံကြည်ချက် ရှိသည့်အပြုံးကို မြင်တွေ့ရမည့် အတွေးက သူ့အား လှုံ့ဆော်ပေးခဲ့၏။ သူက နေ့နေ့ညည ကြိုးစားခဲ့သည်။ သို့သော်လည်း အထွတ်အထိပ်နယ်ပယ်အဆင့်သို့ ဝင်ရောက်ပြီး မှတ်ဉာဏ်များ ရရှိလာပြီးသည့်နောက် ကံကောင်းမှု လူဝင်စားက မည်သို့ ပြောရမှန်း မသိသည့် တုန်လှုပ်မှုတစ်ခုကို ကြုံတွေ့လိုက်ရသည်။

နှစ်သောင်းချီကြာမြင့်အောင် သူ ချစ်ရသည့် အမျိုးသမီးက ဝူဟုန်၏ ကိုယ်ပွားတစ်ယောက်မျှသာ ဖြစ်နေခဲ့သည်။ သူမသည် သူ့တာဝန်ကို ပြောင်းလဲပစ်ခဲ့ကြောင်း သဘောပေါက်ခဲ့၏။ သူက တခြားအမျိုးသမီးအတွက် ချစ်ခင်မှုမျိုး ရှိမည် မဟုတ်ပေ။ အဆုံးသတ်တွင် သူက သူမကို ဆုံးရှုံးရခြင်း မဟုတ်သည့်အတွက် ပျော်ရွှင်သွားမိသည်။ သို့သော်လည်း သူ့ရှေ့တွင် သူမ သေဆုံးသွားခဲ့သည့် နာကျင်မှုကိုမူ မမေ့နိုင်သေးပေ။ ထို့ကြောင့် သူက ခံစားချက်ကို မေ့ဖျောက်စေဖို့အတွက် သေရည်ကို စတင်သောက်သုံးခဲ့သည်။

ဝမ်ဝေ့က မည်သို့ ပြောရမှန်း မသိတော့သည့်အတွက် နှုတ်ခမ်းများ တွန့်ချိုးသွားလေသည်။ သူက ဝူဟုန်သည် လူဝင်စား၏ ဘဝကို ပြောင်းလဲပစ်လိမ့်မည်ဟု မထင်ထားမိပေ။ သို့သော်လည်း သူမ၏ အပြုအမူက သူ့တာအိုနှလုံးသားကို ပိုမိုကောင်းမွန်စေခဲ့ကြောင်း ဝန်ခံရပေမည်။ ထို့ကြောင့် သူက လူဝင်စားအား ကြည့်ကာ ပြောလိုက်၏။

“ဝမ်းမနည်းပါနဲ့။ သူမက အဆင်ပြေပြေနဲ့ ကျန်းမာနေပါသေးတယ်”

“မင်း နားမလည်ပါဘူးကွာ”  လူဝင်စားက ပြောလိုက်သည်။

“ဒါပေမဲ့ ငါတို့ ပေါင်းစပ်ရင် ငါ ဘယ်လို ခံစားခဲ့ရတယ်။ ဘယ်လောက်တောင် နာကျင်ရတယ်ဆိုတာကို မင်း တွေ့ကြုံသွားလိမ့်မယ်”

ဝမ်ဝေ့က သူ ပြောသည်မှာ အမှန်ဖြစ်ကြောင်း သိလေသည်။ နောက်ဆုံး ပေါင်းစပ်မှုတွင် ဤဘဝကို သူ့အတွေ့အကြုံကဲ့သို့ ပြန်လည်တွေ့ကြုံရ လိမ့်မည်။ သူတို့၏ စိတ်ခံစားချက်များ၊ အတွေးများနှင့် အပြုအမူများသည် သူ့အတွက် လတ်လတ်ဆတ်ဆတ် ဖြစ်နေလိမ့်မည်။

“မင်း ပြောတာ မှန်တယ်”

ဝမ်ဝေ့က ပြန်ဖြေလိုက်သည်။ သို့သော် သူက အနည်းငယ် အာရုံထွေပြားနေဟန် ပေါ်၏။ သူက ဝူဟုန်၏ ကိုယ်ပွားကို လူဝင်စား လိုက်လံပိုးပန်းခဲ့သည့် နည်းလမ်းကို တွေးမိသွားသည်။ သူ့ဇွဲလုံ့လက ချစ်ကြည်နူးဖွယ် ကောင်းပုံပေါ်သော်လည်း လူဝင်စားက လိုက်လံနှောင့်ယှက်သူ တစ်ယောက်နှင့် ပိုတူနေသည်ဟု ခံစားမိနေသည်။ အကယ်၍ ဝူဟုန်သာ သူ့အတွက် ခံစားချက် မရှိပါက သူ့အပြုအမူများသည် ချစ်ကြည်နူးဖွယ် ကောင်းဖို့ မဟုတ်ဘဲ ရွံရှာဖွယ် ကောင်းသွားလိမ့်မည်။

ကမ္ဘာမြေမှ မှတ်ဉာဏ်များရှိသည့် လူတစ်ဦးအနေဖြင့် သူက ကောင်းကောင်း သိထားသင့်သည်။

ငါက အဲလို အကျင့်မျိုး ရှိနေတာလား။ ဒါမှမဟုတ် သူ့ပတ်ဝန်းကျင် အနေအထားကြောင့်ပဲလား…

သူက ပထမမေးခွန်းကို အမြန်အဆန် ငြင်းပယ်ခဲ့ပြီး လူဝင်စားကိုသာ အပြစ်ဖို့ခဲ့သည်။ သူတို့ ပေါင်းစပ်သည့်အခါ တစ်ယောက်တည်း ဖြစ်လာမည်ကိုမူ လျစ်လျူရှုထားလိုက်၏။

ထို့ကြောင့် သူက လူဝင်စားအား ထူးထူးဆန်းဆန်း ကြည့်လိုက်ပြီးသည့်နောက်တွင် ကံလူဝင်စားကို သွားရောက်စစ်ဆေးခဲ့သည်။

***

All Chapters