← Chapters

လူဝင်စားများ၏ တာဝန်

Vol. 40 Ch. 557

လူဝင်စားများ၏ တာဝန်

Vol. 40 Ch. 557

ဝမ်ဝေ့က ဆံပင်အဝါရောင်ရှိသည့် ကံလူဝင်စားကို ကြည့်လိုက်သည်။

“ဘယ်လိုလဲ”

သူက မေးလိုက်သည်။

“မင်းဘာသာမင်း ကြည့်ပါလား”  လူဝင်စားက ပြန်ဖြေလေ၏။

ဝမ်ဝေ့က မဟာကမ္ဘာကို ကြည့်လိုက်လေသည်။ သူက လူဝင်စားများနှင့် ဆက်နွယ်ထားသည့် ကံကြိုးမျှင် အရောင်များကို မြင်လိုက်ရသည်။ သူတို့က များပြားလွန်းလှ၏။ သူက လူဝင်စားသည် ယခုအခါ ဤကမ္ဘာ၏ အရာတိုင်း၊ ပစ္စည်းတိုင်းနှင့် အက်တမ်နှင့် ဆက်နွယ်နေကြောင်း မြင်လိုက်ရသည်။ ဝမ်ဝေ့က အလင်းနှစ်သိန်းပေါင်းများစွာ အကွာက ပုရွက်ဆိတ်တစ်ကောင်ကို ကြည့်လိုက်သည့်အချိန် လူဝင်စားနှင့် ကံဆက်နွယ်မှု ရှိနေသည်ကို မြင်လိုက်ရသည်။

“ဒါက မင်းအဖြေလား”  သူက မေးလိုက်သည်။

“ဟုတ်တယ်”  လူဝင်စားက ပြန်ဖြေလိုက်၏။

“ငါ့တစ်ဘဝလုံးကို ကံကြောင့် တုံ့ဆိုင်းနေရတာ။ ငါက မိုးမြေကို ကံကြွေးမရှိဘဲ လေတောင်မရှုနိုင်ဘူး။ ငါ့ဘာသာငါ ကမ္ဘာကနေ သီးသန့်ခွဲထုတ်ပြီး အေးအေးချမ်းချမ်း ကျင့်ကြံဖို့ ကြိုးစားပေမဲ့ ငါ ရှိနေတဲ့ အကြွေးက တဖြည်းဖြည်း လိုက်လာတာပဲ။ ငါက ကံကြွေးကို ပြန်လည်ပေးဆပ်ဖို့ ကြိုးစားပေမဲ့ ငါ့ခေါင်းထဲမှာ ထပ်ပြီးတော့ ပြန်လည်ဖြစ်ပေါ်လာတယ်။ ငါ ဘယ်လောက်ပဲ ကြိုးစား ကြိုးစား၊ ကံကြမ္မာ ရှောင်ရှားဖို့ ဘယ်လောက်ပဲ တွက်ချက်ကြည့်ကြည့် အဲဒါကနေ လွှတ်မြောက်ဖို့ မဖြစ်နိုင်ဘူး။”

လူဝင်စားက ပြန်တွေးနေသည့်အလား ခေတ္တမျှ တုံ့ဆိုင်းသွားသည်။ သူ လှမ်းခဲ့ရသည့် ခြေလှမ်းတိုင်းက သဲရှင်ထဲလိုမျိုး ဖြစ်ကာ မရုန်းနိုင်ဘဲ ဆက်လက် ပိုနှစ်သွားလေသည်။ ဤသည်က သူ့အနေနှင့် ငြိမ်းချမ်းမှု တစ်ခါမှ မရှိမှန်း သိလိုက်ရကတည်းက အိပ်မက်ဆိုး ဖြစ်လာခဲ့၏။

“ကံကနေ လွှတ်မြောက်ပြီး ချုပ်နှောင်မှုတွေကနေ လွှတ်ဖို့ ကြိုးစားခဲ့တယ်။ ဒါပေမဲ့ ငါ ကျရှုံးခဲ့တယ်”

“အဲဆိုတော့ မင်းက ပေါင်းစပ်ဖို့ ရွေးချယ်ခဲ့တာလား” ဝမ်ဝေ့က မေးလိုက်သည်။

“ဟုတ်တယ် ငါက ကံရဲ့ ပြယုဂ် ဖြစ်လာမယ် ဆိုရင် ကံအားလုံးရဲ့ မူလဇစ်မြစ် ဖြစ်သွားလိမ့်မယ်။ ငါ့ကို အံ့ဩစေတာက ငါ လိုချင်တဲ့ သာလွန်မှုမျိုးကို ရရှိခဲ့တယ်”

“အဓိပ္ပာယ်တော့ ရှိသား။ ကံအရင်းအမြစ်အနေနဲ့ သက်ရောက်မှု မခံရတော့တာ ပုံမှန်ပဲ။ အဲဒီတော့ မင်းက ဒီလိုလေးလံတဲ့ ဝန်ထုတ်ဝန်ပိုးကို ဘယ်လို တောင့်ခံထားမှာလဲ”

ဝမ်ဝေ့က လူဝင်စားသည် ကမ္ဘာ၏ ကံအားလုံးကို ပေါင်းစပ်ပြီး သူ့ဝိညာဉ်နှင့် ခန္ဓာကိုယ်ထံ အဆိုးသက်ရောက်မှု သို့မဟုတ် တန်ပြန်သက်ရောက်မှု မခံရဘဲ လုပ်ဆောင်ဖို့ရာ လွယ်ကူမည်ဟု မထင်မိပေ။

လူဝင်စားက ပြုံးလိုက်ပြီးနောက် လက်ဝေ့လိုက်သည့်အခါ ကြိုးမျှင်ဖြင့် ပြုလုပ်ထားသည့် အဝါရောင်မြစ်ကြောင်းတစ်ခု ထွက်ပေါ်လာသည်။

“မင်းက ကံမြစ်ကြောင်းကိုတောင် လုပ်ခဲ့တာလား”

“ဟုတ်တယ်။ ငါ ကံတာအိုကို ကျင့်ကြံနေတုန်း ကံကြမ္မာမြစ်ကြောင်းကို တွေ့ရှိခဲ့တယ်။ ငါက ကံကြွေးစွမ်းအားနဲ့ အစားထိုးဖို့ စဉ်းစားမိခဲ့တာ”

ဝမ်ဝေ့က ထိုမြစ်ကြောင်းကို မြင်တွေ့ပြီးသည့်နောက် အကျိုးအမြတ်များကို စဉ်းစားမိကာ အကြည့်များက တောက်ပလာသည်။ သူက ကံအနှောင်အဖွဲ့ကင်း ရုပ်ခန္ဓာကို ဤမြစ်ကြောင်းဖြင့် သန့်စင်နိုင်ပြီး တာအိုကို သက်သေပြပြီးသည့်နောက်တွင် ကံနှင့်ပတ်သတ်ပြီး စိုးရိမ်စရာ မလိုတော့ချေ။

မသေမျိုးအဆင့် ပုဂ္ဂိုလ်က မြင့်မားသည့် ကံ ခုခံနိုင်မှုမျိုး ရှိသော်လည်း အပြီးတိုင် ပျောက်ကွယ်သွားခြင်းမျိုး မဟုတ်ပေ။ ဝမ်းနည်းစရာကောင်းသည့် အမှန်တရားက စံပြများပင် ကံကို အပြည့်အဝ လျစ်လျူမရှုထားနိုင်ပေ။ သို့သော်လည်း ဝမ်ဝေ့က ဤသို့ လုပ်ဆောင်နိုင်ခြေ မြင့်မား၏။ ဤသည်က လွတ်လပ်ခွင့်ကို ရရှိဖို့ သူ့ရည်မှန်းချက်၏ အရေးပါသည့်အဆင့် ဖြစ်လာလိမ့်မည်။

“မင်းက ဒီမြစ်ကြောင်းရဲ့ အရေးပါပုံကို နားလည်တယ်ဆိုတာ သိတယ်။ ဒါပေမဲ့ မင်းကို စွမ်းဆောင်ရည်တချို့ ပြမယ်”

လူဝင်စားက လက်ဝေ့လိုက်သည့်အခါ မြစ်ကြောင်းမှ ရေတစ်စက်ထွက်ပေါ်လာသည်။

“ကံကြမ္မာဆေးကြောရေစင်..”

ဝမ်ဝေ့က ရေရွတ်လိုက်သည်။

“ဟုတ်တယ်။ မင်းက ပင်လယ်ကြီးလောက် ဖန်တီးပြီးတော့ ဂိုဏ်းအတွက် ချန်ထားခဲ့လို့ ရတယ်။ နောင်အနာဂတ်ရဲ့ ကောင်းကင်အလိုဆန္ဒကို ပါဝင်ယှဉ်ပြိုင်ဖို့ အကူအညီနဲ့ ကံကြမ္မာဆေးကြောရမဲ့ ကိစ္စကို စိုးရိမ်စရာ မလိုတော့ဘူး”

ထို့နောက် လူဝင်စားက မြစ်ကြောင်းထဲမှ တခြားကြိုးမျှင်တစ်ခုကို လက်ညှိုးထိုးလိုက်သည်။

“ကံမြစ်ကြောင်းက အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ် ကံအားလုံးနဲ့ ပတ်သတ်နေတယ်။ အဲဒါကြောင့် မင်း လှုံ့ဆော်နိုင်တယ်”

သူက ကြိုးမျှင်တစ်ခုကို ယူကာ လှုံ့ဆော်လိုက်သည်။

ဝမ်ဝေ့က မျက်မှောင်ကြုတ်လိုက်၏။ လွန်ခဲ့သည့် နှစ်နှစ်သန်းခန့်က ဤမဟာကမ္ဘာတွင် လူသားမှိုဟု ခေါ်သည့် ဝိညာဉ်ဆေးပင်က ပျက်သုန်းသွားခဲ့သည်။ ထိုလူဝင်စားက ကြိုးမျှင်ကို လှုံ့ဆော်လိုက်သည့်အခါ လွန်ခဲ့သည့် နှစ်နှစ်သန်းခန့်က မြင်ကွင်းကို ပြန်လည်မြင်တွေ့ခဲ့ရ၏။

မုဆိုးငယ်တစ်ယောက်က ထိုမှိုကို ညစာအတွက် ယူလာခဲ့သည်။ သာမန်အကြောင်းအရ ထိုလူသည် နောက်ဆုံးသော လူသားမှိုကို စားသုံးလိုက်ပြီးဖြစ်ကာ ထိုမှိုက မျိုးတုန်းပျောက်ကွယ် သွားလိမ့်မည်။ သို့သော် ယခုတွင် တစ်စုံတစ်ခု ဖြစ်ပွားလာခဲ့၏။ သူ့အပြန်လမ်းတွင် သူ့အား အမွေအနှစ်ပေးလာသည့် သေဆုံးလုနီးပါး ကျင့်ကြံသူတစ်ဦးနှင့်‌ တွေ့ဆုံခဲ့ရသည်။ ထိုအမွေအနှစ်မှတစ်ဆင့် ထိုသူသည် ဤဝိညာဉ်ဆေးပင်၏ တန်ဖိုးကို သိခဲ့ပြီး စတင်စိုက်ပျိုးခဲ့၏။

နောက်ဆုံးတွင် သူက ထိုမှိုများကို စိုက်ပျိုးထားသည့် လျှို့ဝှက်နယ်မြေတစ်ခုကို ဖန်တီးနိုင်ခဲ့သည်။ ထိုလျှို့ဝှက်နယ်မြေက ယနေ့အထိ ကြာရှည်ခဲ့လေသည်။ ထိုဖြစ်ရပ်ကို  လူဝင်စားက လှုံ့ဆော်ပေးလိုက်ခြင်း ဖြစ်သည်။

ဝမ်ဝေ့က လက်ဝေ့လိုက်ပြီး ထိုလျှို့ဝှက်နယ်မြေ၏ တည်နေရာဆီ ကူးသန်းသွားလိုက်သည်။

“လူသားမှိုက ဆုံမှတ်ဖွင့်ဖို့ တကယ့်ကို ဆေးပင်ကောင်းပဲ”

ဝမ်ဝေ့က သူ့လက်ထဲမှ လူသားအသွင် ရှိနေသည့် မှိုအား ကြည့်လိုက်စဉ် သူ့အကြည့်များက တောက်ပလာသည်။ ဤနည်းလမ်းက သူ၏ အကြီးမားဆုံး စိုးရိမ်မှုတစ်ခုကို ဖြေရှင်းပေးလိုက်၏။ ခွန်အားအစစ်အမှန်တာအို ကျင့်ကြံရေးနှင့် ပတ်သက်သည့် အရင်းအမြစ် ဖြစ်သည်။

အသင်္ချေအင်ပါယာကမ္ဘာ တည်ရှိသည်မှာ ကြာမြင့်လှပြီး အချိန်နှင့်အမျှ ပျောက်ကွယ်သွားသည့် အရင်းအမြစ်တွေကို ထည့်စဉ်းစားကြည့်လိုက်ပါက ဤနည်းစနစ်က တကယ့်ကို ကောင်းကင်ကို သွေဖယ်နေလေ၏။

“မင်းကို ပြောရဦးမယ်။ ဒါက တကယ့်ကို အံ့ဩစရာ အကောင်းဆုံးပဲ။ ဒီနည်းလမ်းက တားဆီး ကန့်သတ်ထားတာတွေရော ရှိသေးလား”

“အချိန်လှုံ့ဆော်မှုနဲ့ ပတ်သက်တဲ့အရာတွေ အားလုံးကတော့ ကန့်သတ်ခံရလိမ့်မယ်။ ငါ တွေ့ထားသလောက် မင်းက လူတွေရဲ့ ကံကြမ္မာကို ပြောင်းလဲပစ်ဖို့ ကိစ္စရပ်တွေကို မလှုံ့ဆော်သရွေ့ ပြဿနာမရှိဘူး”

“အဲဆိုတော့ ဒီနည်းစနစ်နဲ့ အချိန်ကြာလာတာနဲ့အမျှ ပျောက်ကွယ်သွားမဲ့ အရင်းအမြစ်တွေကို စုဆောင်းတာကရော..”  ဝမ်ဝေ့က ပြောလိုက်သည်။

“ရတယ်”

“ကောင်းပြီ မင်းက တစ်ခုခု မဖြစ်ဘူးဆိုတာ သေချာရင် ငါ တခြားသူတွေကို သွားစစ်ဆေးကြည့်လိုက်အုံးမယ်”

ထို့နောက် ဝမ်ဝေ့က သံသရာလူဝင်စားဆီ သွားရောက်စစ်ဆေးခဲ့သည်။ ထိုလူက ပလ္လင်ပေါ်တွင် ထိုင်နေပြီး ပတ်ဝန်းကျင်တစ်ခုလုံးက အေးတိအေးစက် ဖြစ်နေလေသည်။ ဝမ်ဝေ့ ရောက်ရှိလာပြီးနောက်တွင် ဝိညာဉ်များ ဝင်လိုက်ထွက်လိုက်ကို မြင်တွေ့နိုင်လေသည်။ တချို့နတ်ဆိုးပုံစံ သက်ရှိများကလည်း နေရာ၏ ဘေးကင်းမှုကို စောင့်ကြပ်နေသည်ကို မြင်တွေ့နိုင်သည်။

“ပြဿနာ မရှိဘူးလား”

“ထူးဆန်းစွာနဲ့ပဲ မရှိဘူး။ ငါက ဒီမဟာကမ္ဘာအတွက် သံသရာတစ်ခုကို အောင်အောင်မြင်မြင် ခွဲထုတ်နိုင်ခဲ့တယ်။ အဲဒါကြောင့် ပြဿနာ မရှိဘူး။ ဒါပေမဲ့ မင်းရဲ့မွေးရပ်မြေမှာ လုပ်မယ် ဆိုရင်တော့ အဲလိုဖြစ်မှာ မဟုတ်ဘူး”

ဝမ်ဝေ့က မျက်မှောင်ကြုတ်လိုက်သည်။ သူက အားကောင်းမလာခင် ကမ္ဘာတစ်ခုချင်းစီတွင် သီးသန့် သံသရာတစ်ခုချင်းစီ ရှိကြောင်း တွေးထားခဲ့သည်။ ဤသည်က သူ သွားရောက်နိုင်သည့် ကမ္ဘာနှင့် တူညီသည့်နေရာမျိုး ဖြစ်၏။ သို့သော်လည်း သူက အဆုံးမဲ့ လေဟာနယ်တွင် ကမ္ဘာအသိုင်းအဝိုင်း အားလုံးအတွက် သံသရာတစ်ခု ရှိမည်ဖြစ်ကြောင်း သိလိုက်သည်။

သူက သံသရာ၏ လျှို့ဝှက်ချက်များကို သင်ယူဖို့ ကြိုးစားနေသော်လည်း မအောင်မြင်ခဲ့ပေ။ သို့သော် သူက သူရှိနေသည့် သတင်းအချက်အလက်များပေါ် မူတည်၍ တချို့ကို ကောက်ချက်ချထားခဲ့သည်။ နမူနာအားဖြင့် တိထျန်းသည် အသင်္ချေအင်ပါယာကမ္ဘာတွင်သာ အဘယ်ကြောင့် ထပ်တလဲလဲ ပြန်လည်ဝင်စားနေရသလဲ ဆိုသည့် အချက်ဖြစ်၏။

ဤသည်က ကောင်းကင်တာအို၏ လုပ်ဆောင်ချက် ဖြစ်နိုင်သလို သို့မဟုတ် ကမ္ဘာ့အသိုင်းအဝိုင်းတစ်ခုချင်းစီ၏ သူတို့၏ ကိုယ်ပိုငအခွဲ ရှိနေ၍လည်း ဖြစ်နေနိုင်သည်။ ဝမ်ဝေ့က မျက်လုံးမှိတ်ကာ လူဝင်စားတွင် ရှိနေသည့် ဗဟုသုတများကို ဖတ်ရှုလိုက်သည်။

သူ့သဘောတရားတစ်ခုက တစ်စိတ်တစ်ပိုင်း မှန်ကန်နေခဲ့သည်။ ဝိညာဉ်၏ မူလနေရာပေါ် မူတည်၍ ခွဲခြားမှုများ ရှိလေသည်။ သို့သော် တခြားနေရာတစ်ခုတွင် ပြန်လည်ဝင်စားဖို့က ရှားပါးသော်လည်း ဖြစ်နိုင်လေသည်။

“မင်းရဲ့နည်းလမ်းက တကယ့်ကို ဖန်တီးဉာဏ်ကောင်းတာပဲ”

လူဝင်စားက ငရဲပိုင်နက်ကို အတင်းအကျပ် ဖန်တီးခဲ့ခြင် မဟုတ်ပေ။ ထိုအစား သူက ပင်မအခွဲဆီမှ ဤကမ္ဘာ၏ အခွဲလေးကို ဖန်တီးဖို့ရာ တောင်းဆိုခဲ့ခြင်း ဖြစ်၏။

အစစ်အမှန်တာအိုက သူ့အား စွမ်းအားတချို့ ပေးလာပြီး ဝန်ထုတ်လျော့ချဖို့ရာ ပျော်ရွှင်သည်ထက်ပင် ပိုနေသေးသည်။ လူဝင်စားက တင်းကျပ်သည့် စည်းမျဉ်းများကို လိုက်နာဖို့လည်း လိုလားသည့်အခါတွင် ဖြစ်၏။ ထိုအရာက သူ့အပြုအမူအတွက် ကုသိုလ်များပင် ပေးအပ်ခဲ့သေးသည်။

“ဒီနည်းလမ်းနဲ့ငါတို့ရဲ့ အစီအစဉ်တွေက အောင်မြင်ဖို့ အာမခံချက် ဖြစ်လာလိမ့်မယ်။ ငါတို့တွေက မိစ္ဆာနတ်ဘုရား ကိုးပါးကမ္ဘာကို သန့်စင်နေဖို့ မလိုတော့ဘူး။ ငါတို့တွေမှာ တစ်ခုတည်းသော စိတ်ပူစရာက လူအိုကြီးငရဲပဲ” လူဝင်စားက ပြောလိုက်သည်။

သူက လတ်တလော အောင်မြင်မှုအပြီးတွင် အစီအစဉ် အသစ်များ ရှိလာခဲ့သည်။ သူက အစစ်အမှန် ကောင်းကင်တာအိုသည် သူ့အပြုအမူအတွက် ဆုလာဘ်များ ရက်ရက်ရောရော ပေးသည်ကို မြင်တွေ့ပြီးသည့်နောက်တွင် ရည်မှန်းချက် ကြီးမားလာခဲ့ခြင်း ဖြစ်၏။

ဝူဟုန်က ငရဲကမ္ဘာ တားမြစ်နယ်မြေထဲမှ လူအိုကြီးငရဲအကြောင်းကို ပြောခဲ့ဖူးသည်။ ဤသူက ဒိုင်မေးရှင်းအနိမ့်မှ သံသရာကို ထိန်းချုပ်ဖို့ အစွဲအလမ်းကြီးသူ ဖြစ်ပြီး‌ ခေတ်ကာလများစွာ ကြာသည့်တိုင် သူက ထိုစွမ်းအားကို ဖြည်းဖြည်းချင်း ခိုးယူနေခဲ့သည်။ ထိုလူသည် သူသာ အသင်္ချေအင်ပါယာကမ္ဘာတွင် ငရဲကို တည်ထောင်မည်ကို တားဆီးမည်မှန်းသိထားလေသည်။ အကယ်၍ သူက လူဝင်စား အသုံးပြုခဲ့သည့် နည်းလမ်းကို သင်ယူခဲ့လျှင်ပင် သူ့အနေနှင့် အစားထိုးဖို့ရာ သေချာပေါက် ကြိုးစားလိမ့်မည်။

“မိစ္ဆာနတ်ဘုရားကိုးပါးကမ္ဘာက လိုအပ်နေတုန်းပဲ။ ဒါပေမဲ့ အရင်က တွေးထားသလောက်တော့ အရေးမကြီးတော့ဘူး။ လူအိုကြီးငရဲအတွက်ကိုတော့ ငါတို့တွေ သက်သေပြပြီးတဲ့နောက်မှာ ဖြေရှင်းကြတာပေါ့”

ဝမ်ဝေ့က ပြောလိုက်သည်။ သူ သိထားသလောက် ဒိုင်မေးရှင်းအနိမ့်တွင် ကောင်းကင်ဘုံ အဆင့်မျှသာ ဖြစ်၏။ လူတော်တော်များများက သူသည် ကယက်ရိုက်မှု မရှိဘဲ မည်သို့ နေထိုင်ကြောင်း တွေးမိကြသည်။

သို့သော်လည်း ဝမ်ဝေ့ကမူ မကြောက်ပေ။ တစ်ခါက သူသည် ထာဝရဧကရာဇ်ဖြစ်လာပြီးနောက်တွင် ဒဿမအဆုံးအစွန် အုတ်မြစ်ကို ရောက်နိုင်မည့် နည်းလမ်းကို တွေ့လာကာ ကောင်းကင်ဘုံအဆင့်၏ တိုက်ပွဲစွမ်းအားကို ရှိနိုင်မည်ဟု ယုံကြည်ခဲ့သည်။ သူက မရရှိနိုင်လျှင်ပင် ထိုအဆင့် တိုက်ပွဲစွမ်းအားကို ရဖို့ အချိန်များများ လိုအပ်မည် မဟုတ်ကြောင်း သုံးသပ်လိုက်၏။

“ငါတို့မပေါင်းစပ်ခင် မင်းရဲ့လမ်းကြောင်းတွေ အကုန်လုံးကို သေချာရှင်းခဲ့အုံး”

ဝမ်ဝေ့က သေချာပြောလိုက်သည်။ သူက ယခုတွင် လူအိုကြီးငရဲ၏ အာရုံကို မဖမ်းစားလိုသေးပေ။ ထို့နောက် သူက ကြမ္မာလူဝင်စားကို သွားရောက်တွေ့ဆုံလိုက်သည်။ ထိုလူက ကြမ္မာစာအုပ်ဟု ခေါ်သည့် စာအုပ်ကြီးတစ်အုပ်ကို ဖတ်ရှုနေလေသည်။ ဝမ်ဝေ့က သူ့အား ခေါ်လိုက်သည့်အခါ ထိုသူက အာရုံများသွားသည့်အတွက် နိုးထလာသည်။

“မင်း ရောက်လာပြီပဲ”

“မင်း ဂရုစိုက်သင့်တယ်”

“ငါက ဒီပတ်ဝန်းကျင်တစ်ခုလုံးမှာ အစီအရင်ချထားတာ မင်းတစ်ယောက်တည်းပဲ ဝင်လို့ရတယ်”

“ဒါဆိုရင်တောင် ဒီကမ္ဘာက အကြွင်းမဲ့ မဟုတ်ဘူးဆိုတော့ မင်း ဂရုစိုက်တာ အကောင်းဆုံးပဲ”

“မင်း‌ပြောတာ မှန်တယ်။ အခု ငါက စမ်းသပ်ချက်လေးနဲ့ ပတ်သက်ပြီးတော့ စိတ်လှုပ်ရှားမိနေလို့ပါ”

“မင်းက တစ်ခုခု တွေ့ခဲ့လို့လား”

“ဖြစ်နိုင်ပါတယ်"

***

All Chapters