← Chapters

လူဝင်စားများ၏ တာဝန်

Vol. 40 Ch. 558

လူဝင်စားများ၏ တာဝန်

Vol. 40 Ch. 558

ကြမ္မာစာအုပ်ကို အသုံးပြုပြီး လူဝင်စားက ဤမဟာကမ္ဘာရှိ ကျင့်ကြံသူများ၏ အရာအားလုံး၏ ကံကြမ္မာကို ထိန်းချုပ်ထားသည်။ ကျင့်ကြံရေး ပါရမီရှိသည့် လူတစ်ယောက် မွေးဖွားလာသည်နှင့် သူတို့၏ နာမည်က ဤစာအုပ်အတွင်း အလိုလို ပေါ်ထွက်လာမည် ဖြစ်ကာ လူဝင်စားက သူတို့၏ ကြမ္မာကို ဆုံးဖြတ်ပေးလိမ့်မည်။

တစ်ဦးချင်းစီ၏ ကြမ္မာက ကွဲပြားသည်။ နမူနာအားဖြင့် သူတို့သည် သဘာဝလွန်အဆင့် ကျင့်ကြံသူ ဖြစ်လာဖို့ ကံကြမ္မာဖန်ကြသည့်အခါ ရိုးရှင်းလှသည်။ တစ်ယောက်ယောက်က ဤသို့ အောင်မြင်မှုမျိုးအတွက် ကံကြမ္မာဖန်သည်မှာ သူတို့သည် ဤအရာကို သေချာပေါက် ရနိုင်လိမ့်မည်ဟု ဆိုလိုခြင်း မဟုတ်ပေ။ ဤသည်က ကြမ္မာအလုပ်လုပ်ပုံ မဟုတ်ပေ။

ကျင့်ကြံသူများက သူတို့၏ ဦးတည်ချက် ကံတရားကို ရရှိဖို့ ကြိုးစားရမယ်။ သူတို့သည် ကျင့်ကြံရေးကို ဖြတ်ကျော်ပြီး သူတို့ဘာသာသူတို့ လေ့ကျင့်ခြင်း အရင်းအမြစ်အတွက် တိုက်ခိုက်ခြင်းများ ကျော်ဖြတ်ရမည်။ ယခု တစ်စုံတစ်ယောက်က သဘာဝလွန်ကျင့်ကြံသူ ဖြစ်ဖို့ ကံကြမ္မာဖန်လာလေရာ သူတို့က သူတို့၏ အောင်မြင်မှု ရရှိဖို့ သေချာစေရန် ကံကောင်းမှုတချို့တော့ ရှိလိမ့်မည်။

သူတို့က သူတို့၏ ကံတရားကို ရယူနိုင်အောင် ကူညီပေးနိုင်သည့်လူများနှင့် ကံဆက်နွယ်မှု ရှိနေလိမ့်မည်။ မည်သို့ပင် ဆိုစေကာမူ ကံတရားက ထိုလူများအား သူတို့၏ ကံတရားကို လက်ခံဖို့ သို့မဟုတ် ငြင်းပယ်ဖို့ လွတ်လပ်ခွင့်တချို့တော့ ပေးထား၏။

ထို့အပြင် လူဝင်စားက ထူးခြားသည့် ကံတရားအမျိုးမျိုးကို ရှာဖွေတွေ့ရှိခဲ့သည်။ နမူနာအားဖြင့် ကမ္ဘာ၏ အားအကောင်းဆုံးပိုင်း ဖြစ်လာဖို့ ကံတရား ဖြစ်သည်။ သူက ထိုကံတရားကို အင်အားစုတစ်ခုဆီ ပေးဖို့ ကြိုးစားကြည့်သည့်အခါတွင် လူတချို့က ထိုရွေးချယ်ခံ အင်အားစုဖြင့် ယှဉ်ပြိုင်ပြီး သူတို့၏ ကံကြမ္မာ မအောင်မြင်ဖို့ နှောင့်နှေးခြင်း သို့မဟုတ် အကောင်းဆုံးဂိုဏ်း ဖြစ်လာဖို့ ကံကြမ္မာကို ခိုးယူခြင်းတို့ ပြုလုပ်ကြသည်။ ထို့နောက်တွင် လူဝင်စားက ထာဝရဧကရာဇ်၏ ကံတရားကို ပြန်လည်ဖန်တီးဖို့ ကြိုးစားကြည့်သော်လည်း ကျရှုံးခဲ့ရသည်။ သူက မည်မျှပင် ကြိုးစားစေကာမူ မအောင်မြင်ခဲ့ပေ။

ထို့ကြောင့် သူက မသေမျိုး ကံတရားကို ဖန်တီးခဲ့သည်။ သူက ဤသို့သော ကံတရားမျိုးကို ဖန်တီးနိုင်သရွေ့က မသေမျိုးအဆင့် ပုဂ္ဂိုလ်ဖြစ်လာဖို့ ၉၀ ရာခိုင်နှုန်း အခွင့်အရေး ရှိလေသည်။ သူ့အပြုအမူများက အစစ်အမှန်တာအိုကို ရန်စသလို ဖြစ်သည့်အတွက် သတိပေးချက် လက်ခံရရှိခဲ့၏။

ဤလူဝင်စား တွေ့ရှိသည့် နောက်တစ်ချက်မှာ သေမျိုးများ၏ ကံတရားကို ထိန်းချုပ်ကာ စိတ်ဝိညာာဉ် သို့မဟုတ် နတ်ဆိုးမျိုုးနွယ်အဖြစ် ပြောင်းလဲပစ်ခြင်း ဖြစ်သည်။ ဤနည်းလမ်းက စိတ်ဝိညာဉ်မျိုးနွယ်အတွက် အဖိုးတန်သော်လည်း ဝမ်ဝေ့အတွက် တကယ့်လက်တွေ့ လုပ်ဆောင်နိုင်သည့်အရာတစ်ခု မဟုတ်ပေ။ ထိုအရာက စိတ်ဝိညာဉ်မျိုးနွယ် တပ်သစ်တစ်ခုသာ ဖန်တီးနိုင်လိမ့်မည်။

“မင်း သိတဲ့အတိုင်း ငါတို့က ကံတရားအကြောင်း အများကြီး သင်ယူခဲ့ရတယ် ဆိုပေမဲ့ တွန်းလှန်စရာ ရှာဖွေတွေ့ရှိမှုမျိုးတော့ မရှိဘူး”

“အဲဒါလည်း အဆင်ပြေပါတယ်။ နောက်ထပ် တိုက်ပွဲနဲ့ ပတ်သက်ရင်ကော တစ်ခုခု စဉ်းစားမိသေးလား”

“စဉ်းစားမိတာပေါ့”

လူဝင်စားက ထိုင်နေရာမှ ထကာ ပြောလိုက်သည်။ သူက ဝမ်ဝေ့ကို လှမ်းကြည့်လိုက်ပြီး ပြောလိုက်၏။

“အခု မင်းရဲ့ ဟွင်သွမ်းမီးတောက်နဲ့ ငါ့ကို တိုက်ခိုက်ကြည့်..”

ထို့နောက် လူဝင်စားက သူ့ဘယ်ဘက်လက်ညှိုးဖြင့် ဒဏ်ရာတစ်ခုကို ဖန်တီးလိုက်သည်။

“ကောင်းပြီ”

ဝမ်ဝေ့က ရောင်စုံမီးတောက်တစ်ခုကို ထုတ်ဖော်လိုက်ပြီး လူဝင်စားဆီ ပစ်လွှတ်လိုက်သည်။ ပထမဦးစွာ ထိုလူက လျင်မြန်စွာ လောင်ကျွမ်းသွားသလိုမျိုး ဖြစ်၏။ သို့သော် ဖြစ်စဉ်အဆုံးသတ်သွားသည်နှင့် ထိုလူဝင်စားပေါ်ရှိ ဒဏ်ရာက ပျောက်ကွယ်သွားသည်။

ဝမ်ဝေ့က မျက်မှောင်ကြုတ်ကာ..

“ရည်ရွယ်ချက် လှုံ့ဆော်မှုလား”

“အဲဒီဟာပဲ မင်းရဲ့ဟွင်သွမ်းမီးတောက်ရဲ့ တောက်လောင်ခြင်းကို ကုသခြင်းအဖြစ် ပြောင်းလဲလိုက်တာ။ ဒီနည်းစနစ်က ဘယ်လောက်တောင် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်လဲ ဆိုတာကို မင်း စဉ်းစားကြည့်စမ်းပါအုံး”

ထိုစွမ်းရည်ကို အသုံးပြုနိုင်သည့် နေရာများစွာ ရှိနေသည်။ ဝမ်ဝေ့က သူ့ခန္ဓာကိုယ်၏ ရည်ရွယ်ချက်ကို ပြောင်းလဲကာ ပုံမှန်ထက် ခွန်အားများကို ပိုမိုအသုံးပြုနိုင်အောင် ပြုလုပ်နိုင်သည်။ ရန်သူ တိုက်ကွက်၏ ရည်ရွယ်ချက်ကို အသုံးပြုကာ သူ့အတွက် အကျိုးပြုစေခြင်း သို့မဟုတ် သူတို့အား နှောင့်နှေးစေခြင်းတို့ကို ပြုလုပ်နိုင်သည်။

ဝမ်ဝေ့က လက်ဝေ့လိုက်ပြီးနောက် လိပ်ခွံကို ထုတ်ဖော်လိုက်လေသည်။ ဤအရာက လျှို့ဝှက်ကောင်းကင်မျှော်နန်းမှ ငှားယူထားသည့် ပါ့ကွားလိပ်ခွံ ဖြစ်၏။ ကံတရားနည်းစနစ်ကို အသုံးပြုကာ ဤမှော်အသုံးအ‌ဆောင် ပစ္စည်း၏ ရည်ရွယ်ချက်ကို ဆင့်ကဲပြောင်းလဲလိုက်သည်။ ထိုအရာကို ဂမ္ဘီရအတွက် အထောက်အကူအဖြစ်သာ အသုံးပြုကြသော်လည်း ယခုတော့ဝမ်ဝေ့က ကံကြမ္မာမြစ်ကြောင်း၏ စွမ်းအားကို အသုံးပြုနိုင်သည့် တိုက်ခိုက်ရေးပစ္စည်းအဖြစ် ပြောင်းလဲပစ်လိုက်သည်။

ဤပစ္စည်းက မသေမျိုး ပစ္စည်းဖြစ်သည့်အတွက် တိုက်ကွက်ကလည်း အဆင့်တူသာ ဖြစ်သည်။ ဝမ်ဝေ့က ထိုသို့သော ပစ္စည်းကို ဆင့်ကဲပြောင်းလဲနိုင်သည်မှာ ထာဝရအရှင်တစ်ယောက်၏ စွမ်းအား ရှိထား၍ ဖြစ်သည်။ မဟုတ်လျှင် သူ့အနေနှင့် တန်ပြန်သက်ရောက်မှု ခံစားရခြင်း သို့မဟုတ် ကျရှုံးခြင်းတို့ ကြုံတွေ့ရလိမ့်မည်။

“ဒီနည်းစနစ်က မင်းရဲ့အားထုတ်မှုတွေနဲ့ တကယ်ကို ထိုက်တန်တယ်”  ဝမ်ဝေ့က ပြောလိုက်သည်။

“ငါ အကောင်းဆုံး ကြိုးစားခဲ့တယ်လေ ”  လူဝင်စားက ကမ္ဘာအား ကြည့်ကာ ပြောလိုက်သည်။

“လူအများကြီးရဲ့ ဘဝကို ထိန်းချုပ်ရတာ အတော်လေးတော့ စိတ်ဝင်စားဖို့ ကောင်းသားပဲ။ သူတို့ရဲ့ ကံကြမ္မာကို ထိန်းချုပ်ရတာလည်း စိတ်ဝင်စားဖို့ ကောင်းတယ်”

“မင်းကိုယ်မင်း စွမ်းအားထဲ မပျောက်ဆုံးသွားစေနဲ့။”

“မင်းက ငါ့ကို လျော့တွက်နေတာပဲ”

လူဝင်စားက ပြန်ဖြေလိုက်သည်။ ဤမဟာကမ္ဘာသည် သူတို့၏ အစီအစဉ်ကြီးတစ်ခုလုံးအတွက် ပင်လယ်ကြီးထဲမှ ရေတစ်စက်မျှသာ ဖြစ်ကြောင်း သိလေသည်။ ထို့အပြင် သူက လူအများ၏ ကံကြမ္မာကို သူ့ကိုယ်ပိုင်အဖြစ် ထိန်းချုပ်ဖို့ သင်ယူခဲ့ရုံသာ ဖြစ်၏။

“မင်း နားလည်ရင် ပြီးတာပဲ”

ဝမ်ဝေ့က သူ့ပခုံးကို ပုတ်ကာ ပြောလိုက်သည်။ ထို့နောက် သူက ပြဿနာရှိနေသည့် အစီအစဉ်ကျမှု မကျမှု လူဝင်စားကို သွားရောက် စစ်ဆေးကြည့်လိုက်သည်။

ထို့နောက် သူက ကမ္ဘာ၏ ဗဟိုချက်တွင် ထိုင်နေကာ စည်းပိတ်ထားရမည် ဖြစ်သော ကောင်းကင်တာအိုနှင့် တိုက်ခိုက်နေလေသည်။ သူက မျက်မှောင်ကြုတ်မိသွားသည်။ အစီအစဉ်တကျ လူဝင်စားသည် အလွှာနိမ့်ကမ္ဘာမှ စတင်ခဲ့ခြင်း ဖြစ်၏။ သဘာဝလွန်အဆင့်သို့ ရောက်ရှိပြီးသည့်နောက်တွင် သူက ဤကမ္ဘာ၏ ကောင်းကင်တာအိုအား အစားထိုးကာ ဤကမ္ဘာ၏ အစီအစဉ်ကျမှုကို ဆုံးဖြတ်ပေးခဲ့သည်။

သူက သေမျိုးနှင့် ကျင့်ကြံသူအားလုံးတွက် စည်းမျဉ်း၊ ဥပဒေ၊ ပြစ်ဒဏ်နှင့် ကန့်သတ်ချက် အားလုံးကို တည်ဆောက်ခဲ့သည်။ ဤနည်းလမ်းဖြင့် လူဝင်စားက ကမ္ဘာကို သေမျိုးများအတွက် ကမ္ဘာကို ပိုမိုဘေးကင်းစေသည့် ကမ္ဘာအဖြစ် တည်ဆောက်ပေးခဲ့သည်။

ကျင့်ကြံသူတော်တော်များများက ထိုအကြွင်းမဲ့အချက်ကို သဘောမကျကြဘဲ လူဝင်စားအား ပုန်ကန်ကာ ဖရိုဖရဲကိစ္စများစွာ ဖန်တီးခဲ့သည်။ သို့သော်လည်း ဤသည်က လူဝင်စား လိုချင်သည့် အတိုင်းသာ ဖြစ်၏။ သူက အစီအစဉ်မကျမှု စည်းမျဉ်းကို နားလည်ဖို့ ဆန့်ကျင်ဘက်ကို လိုအပ်နေခြင်း ဖြစ်သည်။

သူ့တာဝန် ပြီးဆုံးသွားသည်နှင့် သူက အလယ်အလတ်ကမ္ဘာသို့ တက်လှမ်းခဲ့ပြီး လေဟာနယ်ဖြိုခွင်းခြင်း အဆင့် ရောက်သည့်အခါ တူညီသည့် လမ်းစဉ်ကို‌ လျှောက်လှမ်းခဲ့သည်။ ပြဿနာက သူ မဟာကမ္ဘာ တက်လှမ်းပြီးသည့်နောက်တွင် ဖြစ်ပေါ်လာခြင်း ဖြစ်၏။

ဤကောင်းကင်တာအိုက ဝမ်ဝေ့ စည်းမပိတ်ခင် အလျင်အမြန် တုံ့ပြန်ခဲ့သည်။ ထိုအရာက ဝမ်ဝေ့ပင် သတိမထားမိခဲ့သည့် ကံကြမ္မာသားတော်ကို ဖန်တီးခဲ့ပြီး ဝမ်ဝေ့၏ အစီအရင်ထဲတွင် ဟာကွက် သို့မဟုတ် ပစ်ချက်တချို့ကို ပြုလုပ်ခဲ့သည်။ သူ ချန်ထားခဲ့သည့် ရုပ်သေးရုပ်တချို့ကိုပင် ဖျက်ဆီးပစ်ခဲ့သေးသည်။

ထို့ကြောင့် အစီအစဉ်ကျမှု လူဝင်စားက တက်လှမ်းလာသည်နှင့် သူသည် ကံကြမ္မာသားတော်နှင့် ကောင်းကင်တာအိုကို ရင်ဆိုင်ရသည်။ သို့သော် ယခုတွင် သူက ကံကြမ္မာသားတော်ကို ရင်ဆိုင်ပြီးသား ဖြစ်သော်လည်း လူဝင်စားက ကောင်းကင်တာအိုနှင့် ရင်ဆိုင်ဖို့ လိုအပ်နေသေးသည်။ သူက သူတော်စင်အဆင့်တွင်သာ ရှိနေသေးသည့်အတွက် သူ့တိုးတက်နှုန်းက နှောင့်နှေးနေခဲ့သည်။

ဝမ်ဝေ့က မျက်မှောင်ကြုတ်လိုက်ပြီး အဖြစ်အပျက်အားလုံးကို ကြည့်ရှုနေသည်။ ကောင်းကင်တာအိုက လူဝင်စားအား အချိန်ဆွဲထားကြောင်း ပြောနိုင်လေသည်။ တစ်ဖက်တွင်မူ ဤကမ္ဘာ၏ နေထိုင်သူများကို ကူညီပေးဖို့ရာ စွမ်းအားပေးထားပြီး နောက်ထပ် အားကောင်းသည့် ကံကြမ္မာသားတော်ကို ဖန်တီးနေနိုင်လောက်သည်။

ထိုအရာကို ခေတ္တမျှ စဉ်းစားပြီးသည့်နောက်တွင် ဝင်ရောက်မစွက်ဖက်ဖို့သာ ဆုံးဖြတ်လိုက်၏။ ထိုအတွေ့အကြုံက သူ့အတွက် လေ့ကျင့်မှု ပုံစံတစ်မျိုးသာ ဖြစ်သည်။ ထို့အပြင် ကောင်းကင်တာအိုနှင့် ထိပ်တိုက်ရင်ဆိုင်တွေ့မှုက စည်းမျဉ်းများကို မည်သို့ ထိန်းချုပ်ရခြင်းနှင့် နောင်အနာဂတ် အစွမ်းထိန်းချုပ်ရေး ပညာရပ်၏ နောက်အဆင့်များကို ဖြစ်လာစေလိမ့်မည်။

ချူးလော့နှင့် တိုက်ပွဲအတွက်မူ လက်ရှိအင်အားက လုံလောက်နေလေပြီ။ အကယ်၍ ထိုသို့ မဟုတ်ပါက သူ့တွင် ကွာဟချက်ကို လိုက်မီစေမည့် ဝှက်ဖဲတချို့ ရှိထားသေးသည်။

ဝမ်ဝေ့က ဆုံးဖြတ်ချက် ချပြီးသည့်နောက်တွင် အချိန်မြင့်တင်ရေး အစီအရင်ကို ထိန်းချုပ်ပေးသည့် မသေမျိုးအဆင့် ပုဂ္ဂိုလ်များအား ကျေးဇူးတင်လိုက်သည်။ နောက်ဆုံးတွင် သူက ကံကြမ္မာလူဝင်စားနှင့် သွားရောက်တွေ့ဆုံလိုက်၏။ နှစ်ဦးသားက ကံကြမ္မာနန်းဆောင် သို့မဟုတ် စိတ်ဝိညာဉ်အခြေခံအုတ်မြစ်ကို ဖန်တီးရာတွင် စတင်လုပ်ကိုင်ခဲ့ကြသည်။ ဂမ္ဘီရအချို့ လုပ်ဆောင်ပြီးသည့်နောက်တွင် ပင်မခန္ဓာကိုယ်နှင့် လူဝင်စားတစ်ယောက်ချင်းစီအတွက် စိတ်ဝိညာဉ်နန်းဆောင် ဆယ်ခု ပြုလုပ်ဖို့ရာ မဖြစ်နိုင်ကြောင်း တွေ့ရှိသွားသည်။

ဧကရာဇ်တာအိုကမ္ဘာ၏ ကျင့်ကြံရေးနည်းစနစ်ပေါ် အခြေခံ၍ ကျင့်ကြံသူများသည် ကျင့်ကြံဆင့်တစ်ခုတွင် စိတ်ဝိညာဉ်အုတ်မြစ်တစ်ခုကို ဖန်တီးနိုင်ကြသောကြောင့် စုစုပေါင်း ကိုးခု ဖန်တီးနိုင်ကြသည်။ တာအိုကို သက်သေပြပြီးသည့်နောက်တွင် ဆယ်ခုမြောက်ကို ဖန်တီးနိုင်ကြ၏။

မည်သို့ပင် ဆိုစေကာမူ ဝမ်ဝေ့က သူနှင့် ကံကြမ္မာလူဝင်စားတို့က ကံကြမ္မာနန်းဆောင်ကို ဖန်တီးပြီး ပေါင်းစပ်လိုက်လျှင် ထိုအရာက ပင်မဖြစ်သွားပြီး တခြားအရာများက အဖွဲ့ခွဲဖြစ်သွားမည်ကို သိလိုက်ကြရသည်။

နောက်ဆုံးပေါင်းစပ်မှုအတွင်း ကံကြမ္မာနန်းဆောင်သည် သူ့အား ကံကြမ္မာစွမ်းအားဖြင့် ဆေးကြောပေးလိမ့်မည်။ တိထျန်းက သံသရာကို ဖြတ်ကျော်ခဲ့သလိုမျိုး ဖြစ်၏။ ထိုပေါင်းစပ်မှုက သူ့နားလည်နိုင်စွမ်းကို မြင့်တင်ပေးပြီး နဝမအဆုံးအစွန် အုတ်မြစ်အား အဆင့်(၅) တာအိုဘိုးဘေး စွမ်းအား အဆင့်ကို ရောက်သွားအောင် ကူညီပေးလိမ့်မည်။

ဝမ်ဝေ့အတွက် ပင်မကံကြမ္မာနန်းဆောင်ကို ဖန်တီးဖို့ အချိန်မလုံလောက်ပေ။ သို့သော် သူက ကံကြမ္မာလူဝင်စားကို ထိုတာဝန်အတွက် ချန်ထားခဲ့ပြီး စစ်ဆေးမှုသို့ ပြန်လာခဲ့လိုက်သည်။

ဝမ်ဝေ့က ဝမ်ဝူချန်သည် သူ့အား စောင့်ဆိုင်းနေသည်ကို တွေ့လိုက်ရသည်။

“ခဏနေပါအုံး.. မင်း အင်အားက..”

“ပြဿနာ ရှိလို့လား”

“မင်းက ပွင့်ချပ်နှစ်လွှာအဆင့် စွမ်းအားအထိ ရောက်သွားပြီလား”

“ဟုတ်တယ်။ တစ်ခုခုများ မှားလို့လား”

“မင်းက အတားအဆီးနဲ့ မကြုံတွေ့ခဲ့ရဘူးလား”

ဝမ်ဝေ့က ပြောချင်ဇောကို ထိန်းချုပ်ကာ  “အတားအဆီးတဲ့လား အဲဒါက ဘာများလဲ”

ထိုအစား သူက ထိုမေးခွန်းကို တွေးမိပြီး မှန်ကန်ကြောင်း သဘောပေါက်သွားသည်။

“ထူးဆန်းတယ် ဆိုတာကို မင်းလည်းသိမှာပါ။ ဘယ်သူပဲ ဖြစ်ဖြစ် ကောင်းချီးပေးခံရတဲ့သူတွေတောင် သူတို့ရဲ့ ကျင့်ကြံရေးခရီးလမ်းမှာ အတားအဆီးနဲ့ ကြုံတွေ့ရတာပဲ”

ဝမ်ဝေ့က သူ့ဝိညာဉ်၏ နောက်ထပ်စွမ်းရည်တစ်ခု ဖြစ်မည်ဟု တွေးမိကာ ခေါင်းညိတ်လိုက်သည်။ သို့မဟုတ် သူသည် နောင်အနာဂတ်တွင် အတားအဆီ ရှိကောင်း ရှိနေနိုင်သော်လည်း ယခုတွင် အချိန် မဟုတ်သေးပေ။

“မင်းရဲ့ မူမမှန်မှုကိုတော့ ငါက အသားကျနေပါပြီ။ အခု ဒါက မင်း လိုချင်တဲ့ဟာ..”

ဝမ်ဝူချန်က အထွေထွေသောင်းပြောင်းအရှင် မသေမျိုးအဆင့် ဆေးလုံးကို ဖန်တီးရာတွင် မှတ်တမ်းတင်ထားသည့် အဆောင်တစ်ခုကို ထုတ်ပေးလာသည်။

“ကျေးဇူးပါ”

ဝမ်ဝေ့က ပြောလိုက်သည်။

“အခု ကျွန်တော် မှတ်မိသလောက် နတ်ဆိုးအထွတ်အထိပ်ကမ္ဘာမှာ နောက်ထပ် ပြဿနာ မရှိဘူး မဟုတ်လား”

“ဘာမှစိုးရိမ်စရာ မလိုဘူး။ ငါတို့တွေ သူတို့ ကံကြမ္မာကို စုပ်ယူခဲ့တယ်ဆိုတာကို သဲလွန်စတွေ ဖျောက်ဖျက်ပြီးသွားပြီ။ ပြီးတော့ ကောင်းကင်တာအိုက မင်းရဲ့အပြုအမူက ငါတို့ကမ္ဘာက လူတွေအတွက် အကျိုးအမြတ်ဖြစ်စေခဲ့တယ် ဆိုတော့ ကူညီပေးခဲ့တယ်”

ဝမ်ဝေ့က ခေါင်းညိတ်လိုက်သည်။ ကံကောင်းမှု အမြောက်အများက လူသားကံကြမ္မာဓားဆီ ရောက်ရှိသွားပြီး အသင်္ချေအင်ပါယာကမ္ဘာ၏ လူသားမျိုးနွယ်ကို အကျိုးအမြတ် ဖြစ်လာစေလိမ့်မည်။ ထို့ကြောင့် ကောင်းကင်တာအို ကူညီပေးသည်ကို မအံ့ဩမိပေ။

ထို့အပြင် သူက ကံအနှောင်အဖွဲ့ကင်း ရုပ်ခန္ဓာဖြင့် နတ်ဆိုးများ သူ့အား ကံကြွေးကို အသုံးပြုကာ နောက်ယောင်ခံခြင်းမှ တားဆီးနိုင်လေပြီ။ သူက ကံကြမ္မာမဲ့ ဖြစ်နေသည့်အကြောင်းကို ထည့်မပြောရသေးပေ။ ထို့ကြောင့် သူ့အနေနှင့် စိတ်ပူစရာ မလိုအပ်ပေ။ ထိုကမ္ဘာ၏ နတ်ဆိုးများက သူတို့နောက်ဖေးမှ မီးခိုးကိုသာ စိုးရိမ်သင့်သည်။ ထို့ကြောင့် တခြားသူများကို နောက်ယောင်ခံလိုက်ဖို့ အချိန်ရှိမည် မဟုတ်ချေ။

ဘိုးဘေးဝမ်ဝူချန်နှင့် စကားစမြည်ပြောပြီးသည့်နောက်တွင် သူက အဖွဲ့လိုက်စကားဝိုင်းကို စစ်ဆေးကြည့်လိုက်သည်။ ထိုအချိန်အတွင်း အဖွဲ့ဝင် အများစုက ယခုအခါ အဆင့်ခြောက်သို့ ရောက်ရှိနေသည်။ အဖွဲ့ဝင်အသစ် နတ်ဘုရားဖြစ်ချင်သူလည်း အပါအဝင် ဖြစ်၏။

ဝမ်ဝေ့က အရူးဘုရင်နှင့် နတ်ဘုရားဖြစ်ချင်သူတို့ ဆီမှ ပင်ကိုရတနာတချို့ကို လက်ခံရရှိခဲ့သော်လည်း သူက ယခု ဂရုမစိုက်နိုင်သေးပေ။ မည်သို့ပင်ဆိုစေကာမူ သူက ထိုအဖွဲ့ကို ပစ်ပယ်ဖို့ မစီစဉ်ထားပေ။ သူက အဆုံးမဲ့လေဟာနယ်အတွင်း သူတို့ကို ကိုယ်စားလှယ်အဖြစ် ထားကာ ဗုဒ္ဓဘာသာကို ဖြန့်ဝေပြီး ကံကြွေး ပြန်လည်ပေးဆပ်ဖို့ စီစဉ်ထား၏။

အဖွဲ့က သူ့အား ယုံကြည်မှု၊ ကံကောင်းမှု သို့မဟုတ် သက်တမ်းကို စုဆောင်းဖို့ ကူညီပေးနိုင်လိမ့်မည်။ နောက်ဆုံးတွင် သူတို့က သူ့အနာဂတ်အစီအစဉ်များကို ပြင်ဆင်ဖို့ ကူညီပေးနိုင်လောက်သည်။

…

***

All Chapters