စိတ်စွမ်းအားနှင့် တာအိုနှလုံးသားစစ်ဆေးမှု
Vol. 40 Ch. 559
ဝမ်ဝေ့က မျှော်နန်းဆောင်ဆီ ပျံသန်းသွားလိုက်သည်။ သို့သော်လည်း သူ့ယခင် စိတ်အေးလက်အေး ပုံစံမျိုးနှင့် မတူဘဲ သူက သတိကြီးကြီး ထားထားကာ သူက နေရာတိုင်းကို လျှို့ဝှက်စောင့်ကြည့်နေသည်။ သူက ထိုမူမမှန်မှုသည် ဘယ်နေရာမှ ရောက်လာကြောင်း မသိထားသောကြောင့် သတိကြီးကြီး ထားထားသည်။
သူက အရှင်စိတ်ဝိညာဉ် စကားကို ကြားရုံမျှ ထောင်ကာ မျှော်နန်းဆောင်အတွင်း တင်ရောက်ခဲ့သည်။ သူက ထိုစမ်းသပ်ချက် မည်သို့ စတင်မည် ဖြစ်ကြောင်း သတင်းစကား ရရှိလိုက်၏။ စက္ကန့်ပိုင်း ကြာမြင့်ပြီးသည့် နောက်တွင် အစပြုလာသည်။
သုညအလုံး ၂၀ ပါဝင်သည့် နံပါတ်တစ်ခုက သူ့ခေါင်းအထက်တွင် ပေါ်ထွက်လာသည်။ ဝမ်ဝေ့က သူ့ကိုယ်သူ ဖိအားအနည်းငယ်ကို ခံစားမိလိုက်၏။ သို့သော်လည်း ထိုဖိအားက သူ့ခန္ဓာကိုယ်ပေါ်မှ မဟုတ်ဘဲ စိတ်စွမ်းအားဖြင့် သယ်ဆောင်ထားရသည့် အလေးချိန် ဖြစ်သည်။
ထိုနောက် ဆယ်စက္ကန့်ချင်းစီတွင် သုညက အနည်းဆုံး သုံးလုံး တိုးလာလေ၏။ ထို့နောက် စကားလုံးများ မဟုတ်တော့ဘဲ ကမ္ဘာငယ်ဟူ၍ စာလုံး ပြောင်းလဲသွားသည်။ ထိုစာလုံးက ဝမ်ဝေ့သည် သူ့စိတ်စွမ်းအားဖြင့် ကမ္ဘာငယ်တစ်ခု၏ အလေးချိန်ကို သယ်ဆောင်ထားရကြောင်း ညွှန်ပြနေသည်။ ဤသည်က မခက်ခဲပေ။ ထို့ကြောင့် သူက စစ်ဆေးမှုအား လျစ်လျူရှုကာ အထွေထွေသောင်းပြောင်းအရှင်ဆီမှ အဆောင်ကို အပြန်ပြန် အလှန်လှန် ဖတ်ရှုနေပြီး မသေမျိုးအဆင့် ဆေးလုံး မည်သို့ ဖော်စပ်ရမည်ကို သင်ယူခဲ့သည်။
စက္ကန့်ပိုင်း ကြာမြင့်ပြီးသည့်နောက်တွင် သူ့ခန္ဓာကိုယ်ပေါ်ရှိ အလေးချိန်က ကမ္ဘာငယ် ၅ ခုအဖြစ် ပြောင်းလဲသွားပြီး ဆက်လက်တိုးပွားလာသည်။ နာရီအနည်းငယ် ကြာပြီးနောက်တွင် အလေးချိန်က မဟာကမ္ဘာအဖြစ် ပြောင်းလဲသွား၏။
ဖိအားသိသိသာသာ တိုးမြင့်လာမှုကို ခံစားမိပြီး ဝမ်ဝေ့က မျက်လုံးဖွင့်ကာ အခြေအနေကို စစ်ကြည့်လိုက်သည်။ သူက သူ့ခေါင်းအထက် မျောလွင့်နေသည့် စာတန်းကို ဖတ်ကြည့်လိုက်သည်။
အမည်မသိ အချိန်တချို့ ကြာမြင့်ပြီးသည့်နောက်တွင် သူက နာကျင်မှုကို ခံစားမိ၍ မျက်လုံးဖွင့်ကာ ကြည့်လိုက်သည့်အချိန် သူ့နှာခေါင်းမှ သွေးများ စီးကျလာလေ၏။ သူက ခေါင်းမော့ကာ ကြည့်လိုက်သည့်အချိန် အခြေအနေကို နားလည်သွားသည်။ လက်ရှိ သူက သူ့စိတ်စွမ်းအားတစ်ခုတည်းဖြင့် ကောင်းကင်အလိုဆန္ဒကမ္ဘာ၏ အလေးချိန်ကို သယ်ဆောင်ထားရသည်။ သို့သော်လည်း သူ့ခန္ဓာကိုယ်က ထိုစွမ်းရည်ကို ခံနိုင်ရည် မရှိပေ။ ကံကောင်းသည်က ထိုစစ်ဆေးမှုသည် စက္ကန့်ပိုင်းမျှသာ ကြာမြင့်လိုက်ပြီးနောက် အဆုံးသတ်သွား၏။
ထို့နောက် အရှင်စိတ်ဝိညာဉ်က သူ့အရှေ့တွင် ပေါ်ထွက်လာပြီး သူ့အား ထူးထူးဆန်းဆန်း ကြည့်လာလေသည်။ သူမက ဤရလဒ်ကို မြင်တွေ့ရသည့် တုန်လှုပ်မှုကို ဝှက်ထားဖို့ အကောင်းဆုံး ကြိုးစားထားသည်။ အထူးသဖြင့် ဒုတိယနေရာက ချူးလော့နှင့် တတိယနေရာက ကျင်းဝူဟွားတို့နှင့် ယှဉ်လိုက်သည့်အခါတွင် ဖြစ်၏။
ချူးလော့က ပြန်ဝင်စားမှု အကြိမ်ကြိမ်ကို ဖြတ်ကျော်ခဲ့ပြီးတော့ ကျင်းဝူဟွားက မျိုးဆက်များစွာ သူမဘာသာသူမ စည်းပိတ်ထားခဲ့တာ ဆိုတော့ သူတို့ရဲ့အားကောင်းတဲ့ စိတ်စွမ်းအားက ဘယ်နေရာက ဖြစ်လာတယ်ဆိုတာကို နားလည်တယ်။ ဒါပေမဲ့ ဒီဝမ်ဝေ့က တကယ်ကို မူမမှန်ဘူး။ သူက တကယ်ကို သဘာဝအတိုင်း ထူးကဲနေတာလား…
တချို့သူများက မြင့်မားသည့် စိတ်စွမ်းအားဖြင့် မွေးဖွားလာကြသော်လည်း အရှင်စိတ်ဝိညာဉ်က သူတို့သည် ထိုသို့အဆင့် ရောက်နိုင်လိမ့်မည်ဟု ထင်မထားမိပေ။
ကိစ္စတော့ မရှိဘူး။ ပါရမီကောင်းလေလေ သခင့်အတွက် ရွေးချယ်စရာ ပိုကောင်းလေလေပဲ…
“ပြဿနာရှိလို့လား” ဝမ်ဝေ့က မေးလိုက်သည်။
“မရှိဘူး။ မင်းက ဒီစစ်ဆေးမှုမှာ ပထမပဲ … ဆုလာဘ်က မင်းအတွက် တပ်မက်စရာတော့ မဖြစ်လောက်ဘူး။ အဲဒါကြောင့် မင်းက တစ်ခုခုနဲ့ လဲလှယ်ချင်လား”
“ဆုလာဘ်က ဘာများလဲ”
“စိတ်စွမ်းအားကို တိုးမြင့်စေမဲ့ အရင်းအမြစ်တွေပေါ့။”
“အဲဒါဆိုရင် ကျွန်တော် အရင် ဆုလာဘ်အတိုင်း လဲလှယ်ချင်တယ်”
အရှင်စိတ်ဝိညာဉ်က သူ့အား ထူးခြားအံ့ဖွယ်စွမ်းအား ပါဝင်နေသည့် သလင်းကျောက်တစ်ခုကို ထုတ်ပေးလိုက်သည်။
“ဒါက ဘာများလဲ”
“ဒါကို လေ့ကျင့်ရေးချီလို့ ခေါ်တယ်။ နာမည်အတိုင်း ကျင့်ကြံသူတွေရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်း အမျိုးမျိုး ဖြစ်တဲ့.. ကြွက်သား၊ အရိုး၊ ချီသွေးကြော၊ ဆုံမှတ် အစရှိတာတွေကို လေ့ကျင့်ပေးနိုင်တယ်။ စွယ်စုံ အသုံးပြုလို့ ရတော့ ခန္ဓာကိုယ်သန့်စင်သူတွေအတွက် အသင့်တော်ဆုံးပဲ”
“အဲဒါကြောင့် အဖိုးတန်နေတာကိုး.. ကျေးဇူးပါ”
အရှင်စိတ်ဝိညာဉ်က ခေါင်းအသာညိတ်ပြလိုက်ပြီးနောက် ပျောက်ကွယ်သွားသည်။ ထို့နောက် ချက်ချင်းဆိုသလို တခြားသော ပါဝင်ယှဉ်ပြိုင်သူများကလည်း ရလဒ်နှင့် အမှတ်ကို လက်ခံလိုက်ကြရသည်။ ဝမ်ဝေ့က အမှတ် ၁၀၀၀ ရရှိစဉ် ချူးလော့က အမှတ် ၈၀၀ ရရှိလေသည်။
အရှင်စိတ်ဝိညာဉ်က တာအိုနှလုံးသား စစ်ဆေးမှုကို ဆက်တိုက် ကျင်းပခဲ့၏။ ဝမ်ဝေ့ကို အံ့အားသင့်သွားရစေသည်က သူသည် စိတ်နှလုံးသားလမ်းစဉ်ထဲ ထပ်မံ လျှောက်လှမ်းနေကြောင်း မြင်တွေ့လိုက်ရသည်။ သူက လေဟာနယ်ဖြိုခွင်းခြင်း အဆင့်ခြောက်အတွက် ရပ်ခဲ့သည့်နေရာကို ရောက်နေလေသည်။
ထို့ကြောင့် ဝမ်ဝေ့က ဆက်လက် လျှောက်လှမ်းလာခဲ့သည်။ သူက သူ့အား စွဲမက်ကာ သူ့ကို မေးခွန်းထုတ်စေနိုင်သည့် ပုံရိပ်ယောင် အမျိုးမျိုးနှင့် ကြုံတွေ့ခဲ့ရသည်။ သို့သော်လည်း သူက အားလုံးကို လျစ်လျူရှုထားခဲ့ပြီး နောက်ဆုံးသော ဆယ်ဆင့်မြောက်ကို ရောက်သည်အထိ လျှောက်လှမ်းလာခဲ့သည်။
ဝမ်ဝေ့က အလယ်တွင် တစ်ယောက်ယောက်က သူ့အား စောင့်ဆိုင်းနေသည်ကို မြင်လိုက်ရသည်။ ထိုသူ ရှေ့တွင် စားပွဲတစ်လုံးနှင့် အဖန်ရည်ခွက်ပါ ရှိနေလေ၏။
“မင်းကိုး.. မင်း ဒီရောက်လာပြန်ပြီပေါ့”
“ဒါက မေးခွန်းကောင်းပဲ … ငါ့ကို ပြောပါအုံး”
ဝမ်ဝေ့က သက်ပြင်းချလိုက်ပြီးနောက် ဝင်ထိုင်ကာ တစ်ဖက်လူနှင့် မျက်နှာချင်းဆိုင်လိုက်သည်။ သူက အနည်းငယ် နတ်ဆိုးဆန်နေသည့် သူနှင့် ကွက်တိတူနေသည့်သူအား ကြည့်လိုက်သည်။
“နှလုံးသားနတ်ဆိုး ဒီတစ်ခါ ဘာလိုချင်လို့လဲ”
နှလုံးသားနတ်ဆိုးက သူ့ကိုယ်သူ အဖန်ရည်လောင်းထည့်လိုက်ပြီး ဝမ်ဝေ့အတွက်လည်း ထည့်ပေးလိုက်သည်။
“ငါက အကြောင်းရင်းတစ်ခုကြောင့် ရောက်လာတာ။ ဝူဟုန်ပေါ့ … အခုထိ သူမရဲ့ရည်ရွယ်ချက် အကြောင်းကို မပြောရသေးဘူး မဟုတ်လား”
“ငါ မေ့သွားတယ်”
“မင်း မမေ့ပါဘူး။ မင်း မမေ့နိုင်ပါဘူး”
နှလုံးသားနတ်ဆိုးက ပြန်ဖြေလိုက်၏။
“မင်းက တမင်လုပ်ချင်တာ မဟုတ်ဘူးဆိုရင်ပေါ့”
“မင်း ပြောတာ မှန်လောက်ပါတယ်။ ငါက သူမနဲ့ အဲအကြောင်းကို ပြောဖို့ ရှောင်နေတာ ဖြစ်နိုင်တယ်”
ဝမ်ဝေ့က အဖန်ရည်တစ်ငုံသောက်ကာ ပြန်ဖြေလိုက်သည်။
“ဒါပေမဲ့ ဒီကိစ္စက ကိစ္စကြီးကြီးမားမားလို့ မထင်ဘူး။ သူမက ငါ့ကို ချစ်ပြီးတော့ ငါ့ကို သစ္စာမဖောက်ဘူးဆိုတာကို သေချာသိနေတာပဲ”
“မင်း ပြောတာကို သဘောတူပါတယ်။ ဒါပေမဲ့ အဲစကားဝိုင်းကိုတော့ ပြောဖို့ လိုအပ်နေတုန်းပဲ။ မင်းရဲ့တာအိုနှလုံးသားက အသေးငယ်ဆုံး ဟာကွက်တောင် ရှိလို့ မဖြစ်ဘူး။ တကယ်လို့ မင်းအမှန်တရားကို ရင်မဆိုင်ရင် မင်းနှလုံးသားက အဖြေကို သိထားတယ် ဆိုရင်တောင် ဟာကွက်က ပျောက်ကွယ်သွားမှာ မဟုတ်ဘူး”
ဝမ်ဝေ့က ဘာမှဆက်မပြောဘဲ အဖန်ရည်သာ သောက်လိုက်သည်။ နှလုံးသားနတ်ဆိုးပြောသည်က အမှန်ဖြစ်ကြောင်း သိထားလေသည်။ သူမက သူ့ကို ချစ်မြတ်နိုးသည့်အတွက် သူ့အနေဖြင့် အဘယ်ကြောင့် စကားမပြောနိုင်ရမည်နည်း။ သူ့အစိတ်အပိုင်း အနည်းငယ်က ထိုစကားဝိုင်းအတွင်း တခြားတစ်ခု တွေ့သွားမည်ကို ကြောက်နေ၍ ဖြစ်သည်။ ထိုအကြောက်တရားက မည်မျှပင် သေးငယ်စေကာမူ ဟာကွက်တစ်ခု ဖြစ်နေဆဲသာ ဖြစ်သည်။
“ကောင်းပြီ။ ငါ ဆက်မရှောင်တော့ဘူး”
“အဲဆိုတော့ အခု မင်းက သူမနဲ့ ပြောတော့မှာလား”
“မကြာခင်ပေါ့”
“ဘယ်လို မကြာခင်လဲ”
“ငါ ပြောတယ် မကြာခင်လေ.. အခု ထွက်သွားတော့..”
“ဘာဖြစ်ဖြစ် ထားလိုက်တော့”
နှလုံးသားနတ်ဆိုးက ဒေါသတကြီးဖြင့် ပြောလိုက်သည်။
“ဒါက မင်းရဲ့တာအိုနှလုံးသားပဲ။ မင်း ရှိချင်ရင် ဟာကွက် ထားနိုင်တာပဲ”
သူက အဖန်ရည် သောက်လိုက်ပြီးနောက် စားပွဲပေါ် ချကာ ပျောက်ကွယ်သွားသည်။ ဝမ်ဝေ့က မျက်မှောင်ကြုတ်ပြီးနောက် ပခုံးတွန့်ကာ နေရာမှ ထွက်လာခဲ့လိုက်သည်။
ဝမ်ဝေ့က မျက်လုံးဖွင့်ကာ သူ့တာအိုနှလုံးသား သိမ်မွေ့သွားသည်ကို ခံစားမိလိုက်သည်။ သူက အသေးငယ်ဆုံး ဟာကွက်ကို ခံစားမိလိုက်၏။ ထိုဟာကွက်က သေးငယ်လွန်းသည့်အတွက် အရေးမပါဟု ဆိုနိုင်သော်လည်း ထိုနေရာတွင် ရှိနေသေးသည်။ လက်ရှိသူ့တာအိုနှလုံးသားဖြင့် သူသည် ကောင်းကင်အလိုဆန္ဒကို တောင့်ခံနိုင်နေသည်။
ဒါကို မြန်မြန် ဆန်ဆန် ဖြေရှင်းကြတာပေါ့…
သိပ်မကြာခင် အဆင့်ဇယားက ပေါ်ထွက်လာသည်။ အားလုံးကို အံ့အားသင့်သွားစေသည်က ကျိလန်ဖန်းက အဆင့်တစ် ဖြစ်ကာ ဝမ်ဝေ့က အဆင့်နှစ် နေရာတွင် ယူထားပြီး ချူးလော့က တတိယနေရာတွင် ဖြစ်သည်။
ဝမ်ဝေ့က ရလဒ်ကို လက်မခံခင် အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။
ထိုစဉ် ချူးလော့၏ နေရာတွင် သူက ရလဒ်ကို သုံးသပ်နေ၏။
ဒီဟာကွက်အပေါ် အာရုံစိုက်ထားတဲ့ စစ်ဆေးမှုက အားကောင်းတယ် ဆိုတဲ့အစား တာအိုနှလုံးသားရဲ့ ဟာကွက်ပေါ်ကိုပဲ အာရုံစိုက်ထားတာပဲ။ ဓားပေါ်မှာ အားလုံးမြှုပ်နှံထားတဲ့ ဓားသမားတစ်ယောက်က ဟာကွက်မရှိဘူးဆိုတာ အဓိပ္ပာယ်ရှိပါတယ်။
သူ့အတွက် ဤစစ်ဆေးမှုက သူ့တာအိုနှလုံးသားထဲတွင် ဟာကွက်တချို့ ရှိနေကြောင်း ပြသခဲ့သည်။ ပထမတစ်ခုက သူသည် တည်ရှိမှုအကြောင်း နားလည်ဖို့ ကျရှုံးခဲ့ခြင်း ဖြစ်ပြီး နှစ်များစွာ ကြာသည့်တိုင် မမေ့လျော့နိုင်ခဲ့ပေ။
ဒုတိယဟာကွက်က အထွတ်အထိပ် တားမြစ်ခံ စစ်ဆေးမှုကို အောင်မြင်ဖို့ သူ့ကျရှုံးမှု ဖြစ်သည်။ သူ့မိဘများက သုံးကြိမ်တိုင်တိုင် ကြိုးစားခွင့်နှင့် အသက်ရှင်ဖို့အထိ လုပ်ဆောင်ပေးခဲ့သော်လည်း သူက ကျရှုံးကာ ပထမ လူဝင်စား သုံးကြိမ်၏ အရင်းအမြစ်နှင့် အချိန်များကို ဖြုန်းတီးပစ်ခဲ့မိသည်။
သူ့မိဘများက သူ့အား ကန့်သတ်ခံ ဖန်ဆင်းခြင်း တာအိုကို ဆက်လက်အသုံးပြုခွင့်ရဖို့ နောက်ထပ် တန်ကြေးကို ပေးဆပ်ခဲ့ရသည်။
တတိယဟာကွက်က သူ့အနေဖြင့် သူ့မိဘများက သူ့ကို အကုန်လုပ်ပေးခဲ့သည့် ကိစ္စအားလုံးအတွက် ကျေးဇူးကြွေးရှိနေသလို ခံစားမိသည့်အချက် ဖြစ်သည်။ သူက သူတို့၏ အနာဂတ်ကို ဖျက်ဆီးလိုက်သလို ဖြစ်သည်ဟု လျှို့ဝှက် အပြစ်ရှိစိတ်မျိုး ရှိနေလေသည်။ ထို့ကြောင့် သူက အလွန်အားကောင်းသော ထာဝရဧကရာဇ်ဖြစ်လာဖို့ လိုအင်ဆန္ဒက ပိုမိုခိုင်မာလာကာ သူတို့၏ ပြုစုပျိုးထောင်မှုကို ပြန်လည်ပေးဆပ်လိုလေသည်။
ဒီစစ်ဆေးမှုက ငါ့ရဲ့ တာအိုနှလုံးသားထဲက ဟာကွက်ကို ရှာတွေ့အောင် လုပ်ပေးတယ် ဆိုတော့ ဒါကို ပြင်ဆင်နိုင်တယ်…
ချူးလော့က မျှော်နန်းဆောင်မှ ထွက်လာပြီးနောက် အလေးအနက် ဖြစ်သွားသည်။ တာအိုနှလုံးသား ဟာကွက်ကို ထောက်ပြခြင်းသည် ထိုကောင်းကင်ရွေးချယ်ခံများအတွက် ဆုလာဘ်သာ ဖြစ်သည့်အတွက် ဤစစ်ဆေးမှုအတွက် ဆုလာဘ်သပ်သပ် မရှိပေ။ သူတို့က သူတို့ပစ်မှတ်ထားရမည့် ပြဿနာကို ရှာဖွေတွေ့ရှိပြီးသည့်နောက်တွင် စိတ်အေးသွားကြသည်။
ဝမ်ဝေ့ ထွက်လာသည်နှင့် သူက ဝူဟုန်ထံ ဆက်သွယ်ရေး အဆောင်တစ်ခု ပို့ကော အားလားဟု မေးမြန်းခဲ့သည်။
ထို့နောက် သူက နဂိုထက် ပိုမို ပြုံးနေသည့် အရှင်စိတ်ဝိညာဉ်ကို အာရုံစိုက်ထားလိုက်သည်။
“မင်းတို့အားလုံးအတွက် သတင်းကောင်း ရှိတယ်။ တိုက်ခိုက်ရေး စစ်ဆေးမှုမှာ အပြောင်းအလဲ တချို့ ရှိလိမ့်မယ်။ ဒါက မင်းတို့ ထင်ထားသလို မင်းတို့ကြားက တိုက်ပွဲ မဟုတ်တော့ဘူး။ အမှတ်တွေ များများ စုစည်းနိုင်မဲ့ ကွဲပြားတဲ့ ပုံစံတစ်မျိုး ဖြစ်သွားလိမ့်မယ် ”
လူတော်တော်များများက စစ်ဆေးမှု အပြောင်းအလဲအကြောင်း ကြားသည့်အခါ မျက်မှောင်ကြုတ်လိုက်ကြသည်။
“အရှင်စိတ်ဝိညာဉ် ကျုပ်တို့ကို ကြိုတင် ပြောပြလို့ ရမလား။ ကျုပ်တို့က ဘာလုပ်နေရမှာလဲ”
“ဒါပေါ့ မင်းတို့ကို ပြောပြမယ်လေ။ မင်းတို့တွေ ကြိုတင်ပြင်ဆင်ထားတာ အကောင်းဆုံး ဖြစ်လိမ့်မယ်”
အရှင်စိတ်ဝိညာဉ်က အားပါးတရ ပြုံးကာ
“တိုက်ပွဲစစ်ဆေးမှုက… ... ”
***