← Chapters

အရှုပ်အထွေးနှင့် ကျိန်စာ

Vol. 40 Ch. 560

အရှုပ်အထွေးနှင့် ကျိန်စာ

Vol. 40 Ch. 560

“အဲဆိုတော့ တိုက်ပွဲစစ်ဆေးမှုက စိန်ခေါ်မှုပုံစံနဲ့ ကျင်းပမယ်။ ဒါပေမဲ့ အချင်းချင်း မဟုတ်ဘဲနဲ့ ဒိုင်မေးရှင်းအမြင့်က ကောင်းကင်ရွေးချယ်ခံတွေနဲ့ပဲ”

လက်ရှိ ကောင်းကင်ရွေးချယ်ခံများသည် သူတို့၏ သက်ဆိုင်ရာ အင်အားစု အသီးသီး၏ ကျောရိုးဖြစ်သည့်အတွက် စကြဝဠာကြီး၏ လျှို့ဝှက်ချက်တချို့ကို သိထားကြသည်။

သူတို့က ဒိုင်မေးရှင်းအမြင့်အကြောင်း သိထားကြပြီး မဟာဧကရာဇ်များ ကျင့်ကြံရေးခရီးလမ်းစဉ် တက်လှမ်းသွားသည့် နေရာလည်း ဖြစ်ပေသည်။

သို့သော် ယခုတွင် သူတို့က ထိုနေရာ၏ ပါရမီရှင်များနှင့် တိုက်ခိုက်ဖို့ အခွင့်အရေး ရလာခဲ့သည်။ သူတို့က ချက်ချင်းဆိုသလို စိတ်လှုပ်ရှားလာကြပြီး သူတို့က ဆိုးဝါးသည့် ပတ်ဝန်းကျင်မျိုးတွင် နေထိုင်ရလျှင်ပင် နောက်ကောက်ကျလိမ့်မည်ဟု မယုံကြည်ကြပေ။

တချို့သူများက သူတို့ဘာသာသူတို့ အရှက်ခွဲမိမှာ သို့မဟုတ် ဂိုဏ်းဆီ ပြဿနာ ယူဆောင်သွားမိမည်ကို စိုးရိမ်နေကြသည်။

ကိစ္စတွေက တော်တော် ရှုပ်ထွေးလာတော့မှာပဲ…

ဝမ်ဝေ့က တွေးလိုက်မိသည်။ သူက ထိုဒိုင်မေးရှင်းအမြင့်မှ စိန်ခေါ်မှုများကို မကြောက်ပေ။

သူ စိုးရိမ်သည်က သူတို့နောက်ကွယ်မှ အင်အားစုကို ဖြစ်၏။ သူက ထိုအားကြီးသည့်သူများသည် ဒိုင်မေးရှင်းအနိမ့်တွင် ဝင်ရောက်စွက်ဖက်နိုင်ခြင်း မရှိကြောင်း သိထားသော်လည်း သူတို့တွင် လုပ်နိုင်စွမ်း ရှိနေသေးသည်။

သူသာ ထိုသခင်လေးထဲက တစ်ယောက်ယောက်ကို ရန်စမိခဲ့ပါက ကိစ္စများက ပိုမိုရှုပ်ထွေးလာကာ သူ့အတွက်၊ သူ့ဂိုဏ်းအတွက် ပြဿနာ ဖြစ်လာစေလိမ့်မည်။ ဝူဟုန်ကို နောက်ခံအဖြစ် ထားရှိခြင်းက ပိုမိုဆိုးဝါးသွားနိုင်သည်။

ငါ ဒီစစ်ဆေးမှုကို ပါဝင်ယှဉ်ပြိုင်မဲ့အစား နောက်ဆုံး အနိုင်ရရှိဖို့ အမှတ်အသားပြားကိုပဲ လုယူလိုက်တာ ကောင်းလိမ့်မယ်…

သူက တွေးလိုက်မိသည်။ သူက စောင့်ဆိုင်းနေရင်း အခြေအနေကို သုံးသပ်ပြီး ဆုံးဖြတ်ချက် မချခင် အကောင်းအဆိုးကို ချင့်ချိန်နေသည်။

ပါဝင်ယှဉ်ပြိုင်သူများက နောင်လာမည့် တိုက်ပွဲစစ်ဆေးမှုနှင့် ပတ်သက်ပြီး မေးခွန်းများကို စတင်မေးမြန်းနေကြသော်လည်း အရှင်စိတ်ဝိညာဉ်က ထိုသူများ ရောက်ရှိလာဖို့ တစ်လခန့် စောင့်ရမည်ဟုသာ ပြောကြားသွားသည်။

ထို့နောက်တွင် အားလုံးက သူတို့၏ စံအိမ်သို့ ပြန်သွားကြ၏။

ဝမ်ဝေ့က ဘိုးဘေးဝမ်ဝူချန်ဆီ သွားကာ‌ မေးခွန်းများမေးခဲ့သည်။

“အဲဆို‌တော့ ဘယ်လိုထင်တုန်း”

“ငါ ဒိုင်မေးရှင်း အမြင့်အကြောင်းကို သိပ်မသိဘူး။ ဒါပေမဲ့ အဆုံးမဲ့လေဟာနယ်ထဲကို ကုရွှမ်က မရိုးရှင်းဘူးပဲ။ စစ်ဆေးမှုတစ်ခုအတွက် သူက ဒီလောက်တောင် လုပ်နိုင်တယ် ဆိုရင် ကုရွှမ်းက တကယ်ကို မရိုးရှင်းဘူး”

“သူတို့တွေက ကန့်သတ်ချက်တွေရော ရှိသေးလား”

“ရှိတာပေါ့.. နမူနာအနေနဲ့ ဆိုရင် သူတို့က ဒီမှာ ကြာကြာနေလို့ မရဘူး။ သူတို့က ဧကရာဇ်အဆင့်ထက် ပစ္စည်းတွေကို သုံးခွင့်မရှိဘူး”

“အဲလိုဆို ကောင်းကင်အလိုဆန္ဒတိုက်ပွဲကရော..”

“အဲဒီအကြောင်းကိုတော့ မသိဘူး။ မူလအရှင်ကို မေးကြည့်လိုက်မယ်” ဘိုးဘေးဝမ်ဝူချန်က ပြောပြီးသည်နောက်တွင် ပျောက်ကွယ်သွားသည်။ ထို့နောက် မိနစ်ပိုင်း ကြာမြင့်ပြီးသည့်နောက်တွင် သူက ပြန်ရောက်ရှိလာ၏။

“သူတို့က တိုက်ပွဲနဲ့ ဆုံးဖြတ်ကြတာ။ ဒါပေမဲ့ သူတို့ ယူဆောင်လာနိုင်မဲ့ အရင်းအမြစ် အမျိုးအစားနဲ့ အရေအတွက်တွေကို ကန့်သတ်ခံထားရတယ်။ ပြီးတော့ အမှတ်အသားပြားရဖို့လည်း လိုတယ်။

တကယ်လို့ သူတို့က ဒါကို သက်သေပြတာ ကျရှုံးသွားတယ် ဆိုရင် သူတို့က ဒိုင်မေးရှင်းအမြင့်ကို မတက်လှမ်းနိုင်ဘူး။ ကောင်းကင်ဘုံအဆင့် တစ်ယောက်ယောက်က လာမခေါ်သရွေ့ပေါ့”

“ကံကြွေးကရော သူတို့ကို တားဆီးမထားဘူးလား”

“သူတို့ ပထမဆုံး အဆင့်တက်လာတုန်းက သူတို့ရဲ့ ကျင့်ကြံဆင့်အားလုံးကို ဆုံးရှုံးသွားရစဉ်အခါက ကံကို ဆေးကြောဖို့ မလိုတော့ဘူး။ ကောင်းကင်အလိုဆန္ဒတိုက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်နိုင်တယ်။ ဒါပေမဲ့ သူတို့သာ ရှုံးနိမ့်သွားမယ်ဆိုရင် ငါတို့တွေနဲ့ စည်းမျဉ်းအတူတူကို လိုက်နာရလိမ့်မယ်”

ဝမ်ဝေ့က ကောင်းကင်တာအိုသည် ဒိုင်မေးရှင်းအမြင့်က လူများကိုပါ ကန့်သတ်ထားပြီး သူတို့သည် တခြားသူများနှင့် အတူတူ စတင်မှတ်တူညီကာ တရားမျှတသည့် ပြိုင်ပွဲကို ယှဉ်ပြိုင်အောင် ကန့်သတ်ထားကြောင်း နားလည်လိုက်သည်။ သူက ထိုကန့်သတ်ချက်များနှင့် ပတ်သတ်ပြီး ကျေနပ်နေမိ၏။

သူ စိုးရိမ်သည်မှာ ထိုလူများသည် ဤနေရာသို့ ရောက်လာကာ ဖျက်ဆီးကာ ဖရိုဖရဲဖြစ်စေမည်ကို ဖြစ်သည်။

“သူတို့နဲ့ ပတ်သက်ပြီး ထူးခြားတာ ရှိသေးတလား” ဝမ်ဝေ့က မေးလိုက်သည်။

“သူတို့က ဒိုင်မေးရှင်း အမြင့်နဲ့ ဆက်သွယ်ဖို့ နည်းလမ်းတွေ ရှိကြတယ်။ ဒါပေမဲ့ အဲဒီဟာက ထူးခြားပါ့မလားတော့ မသိဘူး”

ဝမ်ဝေ့က မျက်မှောင်ကြုတ်လိုက်မိသည်။ ထိုသတင်းအချက်အလက်သည် အသုံးမဝင်ဟန် ထင်ရသော်လည်း သူ့အတွက်မူ မဟုတ်ပေ။ သူ့လက်တံများက တစ်ရက်တွင် အဆုံးမဲ့လေဟာနယ် တစ်လျှောက်လုံးကို ဖြန့်ကျက်မည် ဖြစ်ကာ ဒိုင်မေးရှင်းအမြင့်မှ တစ်စုံတစ်ယောက်က သူ့အပြုအမူကို သိသွားခဲ့ပြီး လူတချို့လွှတ်ကာ ဝင်ရောက်စွက်ဖက်ခဲ့လျှင် ပြဿနာတချို့ ဖြစ်လာစေလိမ့်မည်။

ငါ ဒီသတင်းအချက်အလက်ကို သေချာမှတ်ထားရမယ်…

“သတင်းအချက်အလက်တွက် ကျေးဇူးတင်ပါတယ်”

“ကျေးဇူးတင်နေဖို့ မလိုပါဘူးကွာ။ ဒါနဲ့ ဝမ်ကျူက  အားလုံး ပြင်ဆင်ပြီးသွားပြီလို့ ပြောတယ်”

“ကောင်းပြီ။ ကျွန်တော် အဲဒီဟာနဲ့ ပတ်သက်ပြီးတော့ ဖြေရှင်းလိုက်မယ်”

ဝမ်ဝေ့က ဝမ်ကျူနှင့် မဆက်သွယ်ခင် အိမ်သို့ ပြန်ရောက်လာခဲ့သည်။

“မင်းရဲ့သီးသန့်ကျင့်ကြံမှုက အောင်မြင်တဲ့ပုံပဲ”

“သခင်လေး ကျေးဇူးကြောင့်ပါ။ အရိပ်ပင်ကိုရတနာက အတော်လေး အကျိုးရှိတယ်”

“ကောင်းပြီ။ မင်း ငါ့ရဲ့အရိပ်လူ ဖြစ်လာဖို့ တရားဝင်နေ့ရက်ကို သတ်မှတ်ကြတာပေါ့”

“ကျွန်မ စောင့်ဆိုင်းနေပါတယ်”

ဝမ်ကျူက ပြန်ဖြေလိုက်ပြီးနောက် သတင်းအချက်အလက်ပါဝင်သည့် အဆောင်တစ်ခုအား ထုတ်ပေးလာသည်။

ဝမ်ဝေ့က ထိုအရာကို ဖတ်ရှုပြီးသည့်နောက်တွင် မျက်လုံးထဲ ကံကြမ္မာ၊ ကံ၊ သံသရာနှင့် အချိန်စည်းမျဉ်းတို့က ခေတ္တမျှ ဖြတ်ပြေးသွားသည်။

“ငါတို့တွေ ဒီနေရာနဲ့ ပတ်သက်ပြီးတော့ လူတွေ ထပ်လိုလိမ့်မယ်။ ကျန်တဲ့သူတွေအတွက် စတေးခံ စစ်သားတွေ သုံးဖို့ ပြင်ထားလိုက်”

ဝမ်ကျူက သူမဆီ ပေးလာသည့် မြေပုံအား ကြည့်လိုက်ကာ အံ့အားသင့်သည့် အရိပ်အယောင် ဖြတ်ပြေးသွားလေသည်။ ထို့နောက် သူမက လူများအား ညွှန်ကြားဖို့ ထွက်ခွာသွားသည်။

ထိုစဉ် ဝမ်ဝေ့က အလယ်ပိုင်း ကုန်းမြေ၏ တောင်ဘက်စွန်းရှိ ရွာငယ်လေးတစ်ခုစီ ရောက်ရှိလာသည်။ သူက လေထဲတွင် ကိုယ်ယောင်ဖျောက်ထားစဉ် မျက်ဝန်းမှလွဲ၍ သာမန်ဟန် ပေါ်နေသည့် ရွာသားငယ်တစ်ယောက်ကို ကြည့်လိုက်သည်။ သူ့မျက်ဝန်းထဲတွင် နက်ရှိုင်းသည့် အမုန်းတရားတို့ ကိန်းအောင်းနေ၏။

ထိုလူငယ်လေး တည်ရှိသည်မှာ ကြာမြှင့်လာသလောက် မျိုးဆက်တစ်ခုပြီးတစ်ခု အမုန်းတရားကို ဆက်တိုက် သယ်ဆောင်လာခဲ့သည်။ ကြားရသည်က သူ သေဆုံးသွားလျှင်ပင် သူ့အမုန်းတရားကို သူ့ကလေးထံ လက်ဆင့်ကမ်းပေးခဲ့အုံးမည်သာ ဖြစ်သည်။

ယနေ့တွင် ထိုရွာသားလေးက တောထဲတွင် ထင်းခွေနေစဉ် မမျှော်လင့်ထားသည့်အရာတစ်ခု ဖြစ်ပျက်လာခဲ့သည်။ သူက အမုန်းတရားကျိန်စာဟု ခေါင်းစဉ်ပါသည့် စာအုပ်တစ်အုပ်ကို တွေ့ရှိခဲ့သည်။

ထိုရွာသားလေးက ထိုစာအုပ်ကို အလျင်အမြန်ဝှက်ကာ ပတ်ဝန်းကျင်ကို စစ်ဆေးပြီးနောက် အိမ်သို့ ပြန်လာခဲ့လိုက်သည်။ သူ့ဇနီးနှင့် သမီးဖြစ်သူ မရှိသည်ကို ဝမ်းသာနေမိသည်။ သူက သူတို့ကို ဆွဲသွင်းသင့်သည့်အရာမဟုတ်ကြောင်း ခံစားမိလိုက်သည်။

မိနစ်ပိုင်း ကြာမြင့်ပြီးနောက်တွင် သူက ဖတ်ရှုခြင်း ပြီးဆုံးသွားလေသည်။

“အိုး.. တိထျန်း မင်းက အားကောင်းတဲ့ ကျင့်ကြံသူတစ်ယောက် ဆိုတာနဲ့ စိတ်ကြိုက်လုပ်လို့ ရမယ်များထင်နေလား။ ဒီနေ့ မင်းရဲ့အပြုအမူတွေမှာ အကျိုးဆက်ရှိတယ် ဆိုတာကို သင်ပြပေးမယ်”

ထိုရွာသားလေးက မျက်လုံးမှိတ်ကာ ထူးထူးဆန်းဆန်း ဘာသာစကား တစ်ခုကို စတင်ရွတ်ဆိုလိုက်သည်။ သူက လုပ်ဆောင်နေရင်း သူ့ဝိညာဉ်ထဲထိ နက်ရှိုင်းနေသည့် အမုန်းတရားက မျိုးဆက်ထောင်ချီကြား သွေးမျိုးဆက်မှ အမွေဆက်ခံလာခြင်း ဖြစ်ပြီး ကျိန်စာ၏စွမ်းအားကို မယုံကြည်နိုင်လောက်ဖွယ် အနေအထားထိ အသက်သွင်းနိုင်ခဲ့သည်။

ဝမ်ဝေ့အနေနှင့် မှောင်မှိုင်းကာ မမြင်ရသည့် စွမ်းအားတစ်ခုသည် အနောက်ပိုင်း ကုန်းမြေဆီ ထွက်ခွာသွားသည်ကို ကြည့်နေရင်း တိထျန်းဆီ ရောက်ရှိသွားမည်မှန်း သိလိုက်သည်။

အမုန်းတရားကျိန်စာနှင့် သွေးကျိန်စာတို့ကို ရရှိပြီးသည့်နောက်တွင် သူက စစ်ဆေးမှု ခံယူနေရင်း မည်သို့ ကြံစည်ရမည်ကို တွေးတောနေမိသည်။

သူက တိထျန်း သူတို့ တစ်ရွာလုံးကို ဖျက်ဆီးခဲ့သည့် သာမန်သေမျိုးတစ်ယောက်၏ မှတ်ဉာဏ်ကို ပြောင်းလဲပစ်ခဲ့သည်။ ထို့အပြုအမူက သူတို့မိသားစု၏ အားကောင်းသည့် အမုန်းတရားကို ဖြစ်ပေါ်လာစေခဲ့သည်။

ထို့နောက် အားကောင်းသည့် မန္တာန်ကို ချကာ မျိုးဆက်တစ်ခုချင်းဆီမှ တစ်ခုသို့ သွေးမျိုးဆက်အလိုက် အမုန်းတရားကို လက်ဆင့်ကမ်းလာခဲ့ပြီး အချိန်ကြာလာသည်နှင့်အမျှ ပိုမိုအားကောင်းလာခဲ့သည်။

အနှစ်သောင်းချီ ကြာမြင့်ပြီးသည့်နောက်တွင် အမုန်းတရားက သူ လိုချင်သည့် အနေအထားသို့ ရောက်ရှိလာပြီဖြစ်၏။ ထိုအရာက လင်းဖန်၏ အခြေအနေနှင့် တူညီစွာ ထိုလူတစ်ယောက်၏ တည်ရှိမှုအထိ ထိတွေ့နိုင်လောက်မည့် ကျိန်စာဖြစ်သည်။

.........

အနောက်ပိုင်းကုန်းမြေ စည်းပိတ်ထားသည့် တောင်အတွင်း..

တိထျန်းက မျက်လုံးဖွင့်ကာ အားကောင်းသည့် ကျိန်စာတစ်ခု သူ့အပေါ် ကျရောက်လာသည်ကို ခံစားမိလိုက်သည်။ သူက မျက်မှောင်ကြုတ်ကာ ကြည့်လိုက်၏။

“ကျိန်စာပြင်းပြမှု ဧကရာဇ်ရဲ့ မထင်မှတ်ထားစရာ ကျိန်စာသုံးမျိုးလား”

တိထျန်းက ကျိန်စာပြင်းပြမှုဧကရာဇ်သည် သူ့ဆရာထဲမှ တစ်ယောက်ဖြစ်၍ ထိုသူ၏ လက်အောက်တွင် အကြမ်းဖျင်း လေ့လာခဲ့ဖူးသည်။ ကျိန်စွာပြင်းပြမှု ဧကရာဇ်သည် အတုအယောင် ထာဝရဧကရာဇ်တစ်ပိုင်း ဖြစ်ပြီး သူ့ကျိန်စာနှင့် အဆိပ်တာအိုအတွက် နာမည်ကျော်ကြားလေသည်။

ထိုခေတ်ကာလအတွင်း သူက တိုက်ပွဲများအတွက် အလွန်အဖိုးတန်ခဲ့ပြီး ပင်ကိုနတ်ဆိုးအများစုကို အဆိပ်ခတ်ကာ ထာဝရဧကရာဇ်တချို့ကို အားနည်းအောင် လုပ်ပေးနိုင်ခဲ့သည်။

တစ်ရက်တွင် ကျိန်စာပြင်းပြမှု ဧကရာဇ်က အသက်ရှင်သန်သူ တစ်ယောက်တည်းသာ ရှိသည့် ဖျက်ဆီးခံရသည့် ရွာတစ်ရွာကို ရှာဖွေတွေ့ရှိခဲ့သည်။ ထိုမိန်းမငယ်‌လေးက အမုန်းတရားအပြည့် ဖြစ်နေလေ၏။

သူက ထိုမိန်းကလေးကို ကူညီဖို့ ကြိုးစားခဲ့သော်လည်း သူမ လိုအပ်သည်က လက်စားချေဖို့ရာသာ ဖြစ်သည်။ ထို့ကြောင့် သူက သူမအား လက်စားချေဖို့ အားကောင်းသည့် သက်ရှိတစ်ယောက် ဖြစ်အောင် ပြုစုပျိုးထောင်ပေးမည်ဟု ကတိပေးခဲ့သည်။ သို့သော် သူမက ငြင်းပယ်ခဲ့၏။ သူမက ယခုလက်စားချေလိုခြင်း ဖြစ်သည်။

ထို့ကြောင့် ကျိန်စာပြင်းပြမှုဧကရာဇ်က သူမအတွက် သီးသန့်ကျိန်စာတစ်ခု ဖန်တီးပေးပြီး သူမ၏အမုန်းတရားကို အရင်းအမြစ်အဖြစ် အသုံးပြုကာ သူမ၏ ဘဝကို တန်ကြေးအဖြစ် ပေးဆပ်ခဲ့ရသည်။

နောက်ဆုံးတွင် ထိုမိန်းကလေးက ရန်သူကို သတ်ပြီးနောက် သံသရာထဲ ဝင်ရောက်သွားလေသည်။ ထို့နောက် နောက်ထပ် သူက ကဏ္ဍတူ ကျိန်စာနှစ်ခုကို ထပ်မံ ဖန်တီးခဲ့သည်။ ထိုအရာကြောင့် မထင်မှတ်ထားဖွယ် ကျိန်စာသုံးမျိုးခု ခေါ်ဆိုခြင်း ဖြစ်၏။

စစ်ပွဲအတွက် အသုံးဝင်လာသည်မှာ သေမျိုးများအား တိုက်ပွဲစွမ်းအား ချီးမြင့်လာ၍ ဖြစ်သည်။ ကျိန်စာပြင်းပြမှုဧကရာဇ်က သူ့ဖန်တီးမှုကို မုန်းတီးလာခဲ့သည်။

အကြောင်းမှာ သေမျိုးများအတွက် မည်မျှ ပျက်စီးမှုဖြစ်ကြောင်း သဘောပေါက်သွားခဲ့ပြီး သူက ထိုကျိန်စာသုံးမျိုးကို လက်နက်အဖြစ် အသုံးပြုသည့် ဟော်သဲ့သက်ရှိများကိုပင် မုန်းတီးသွားခဲ့သည်။

တိထျန်းက အတိတ်အကြောင်းကို ပြန်လည်စဉ်းစားပြီးသည့်နောက်တွင် ခေတ္တမျှ ဝမ်းနည်းသွားခဲ့သည်။ ကမ္ဘာဦးနတ်ဘုရားနှင့် ပင်ကိုနတ်ဆိုးများသည် ကျိန်စာပြင်းပြမှုဧကရာဇ်ကို ဝိုင်းဝန်းကာ သတ်ဖြတ်စဉ်အခါက သူသည်လည်း ရှိနေခဲ့သည်။

သူက ထိုသတင်းကို လက်ခံရရှိပြီးနောက်တွင် အတော်လေး ဝမ်းနည်းခဲ့၏။ သူတို့က မနီးကပ်ခဲ့သော်လည်း ထိုသူက သူ့ဆရာထဲမှ တစ်ယောက် ဖြစ်နေသေး၏။

ဒီလိုရက်စက်တဲ့ နည်းလမ်းကို အသုံးပြုတာ ဆိုတော့ ဝမ်ဝေ့ရဲ့နည်းလမ်းပဲ ဖြစ်ရမယ်…

သူက နှာခေါင်းရှုံ့ကာ တွေးလိုက်သည်။

တကယ်လို့ ငါသာ တည်ရှိမှုသဘောတရားကို နားလည်မထားခဲ့ရင် ဒီကျိန်စာက ငါ့ကို သတ်နိုင်လောက်တယ်။ ဒါမှမဟုတ် ငါ့ကို ပျက်စီးသွားစေလောက်တယ်…

ထို့ကြောင့် သူက တာအိုဆန္ဒဖြင့် သူ့ တည်ရှိမှုကို ကာကွယ်လိုက်သည်။

ကျိန်စာပြင်းပြဧကရာဇ်ဆီမှ ဤသည်မှာ ထိုကျိန်စာကို ရင်ဆိုင်ဖို့ အလျင်မြန်ဆုံး နည်းလမ်း ဖြစ်ကြောင်း သိထားခဲ့သည်။ မိနစ်ပိုင်း ကြာမြင့်ပြီးသည့်နောက်တွင် သူ့ခန္ဓာကိုယ်ပေါ်ရှိ အမှတ်အသားများက ပျောက်ကွယ်သွားပြီး ပုံမှန် ပြန်ဖြစ်သွားသည်။

“အဲဆိုတော့ ထင်ထားတဲ့အတိုင်း ကျရှုံးသွားတာပဲ” ဝမ်ဝေ့က ရေရွတ်လိုက်သည်။

ထို့နောက် သူက ဝမ်ကျူအား ဆက်သွယ်ကာ ကံကြမ္မာအရိပ်တပ်ဖွဲ့ဝင်များအား ကမ္ဘာအနှံ့ လှုပ်ရှားခိုင်းလိုက်သည်။

***

All Chapters