← Chapters

ရန်လိုမှု

Vol. 41 Ch. 561

ရန်လိုမှု

Vol. 41 Ch. 561

ဝမ်ဝေ့က သီးသန့်နေရာတစ်ခုသို့ ကူးသန်းသွားလိုက်သည်။ ထိုစဉ် ကမ္ဘာအနှံ့တွင် ဖြစ်ရပ်ကြီးတစ်ခု ဖြစ်လာလေ၏။ ကံကြမ္မာအရိပ် တပ်ဖွဲ့ဝင်များက ကုန်းမြေအနှံ့၊ နယ်မြေအနှံ့နှင့် ပင်လယ်မျိုးနွယ်အပါအဝင် တခြားမျိုးနွယ်များမှ လူများကို စတင်သတ်ဖြတ်ကြသည်။

အသင်္ချေအင်ပါယာကမ္ဘာအတွင်း မထွက်ပေါ်လာသေးသည့် လျှို့ဝှက်အင်အားစုများပင် သက်ရောက်ခံရသည့်အတွက် ဧကရာဇ်မျိုးနွယ်များက အလန့်တကြား ဖြစ်လာကြသည်။

ကံကြမ္မာအရိပ်တပ်ဖွဲ့၏ ပစ်မှတ်က တိထျန်း၏ အိပ်စက်သူများသာ ဖြစ်၏။ ဤတစ်ကြိမ် ဝမ်ဝေ့က သတိကြီးကြီးထားပြီး နှစ်များစွာ ကြံစည်ထားခဲ့သည်။ နိမိတ်ကြေးမုံ၏ အကူအညီအပါအဝင် လတ်တလော သူ့စွမ်းအား မြင့်တက်လာမှုတို့ကြောင့် သူတို့အများစု၏ နေရာကို သိခဲ့ရသည်။

ထို့ကြောင့် သူက ဆက်တိုက် တိုက်ခိုက်လိုက်ပြီး သူတို့အား တုံ့ပြန်ဖို့ အချိန်ပင် မပေးပေ။

မိနစ်ပိုင်းအနည်းငယ် ကြာမြင့်ပြီးသည့်နောက်တွင် ဖရိုဖရဲဖြစ်နေသည့် ဝမ်ဝေ့က ဝမ်ကျူရှေ့မှောက်ပေါ်ထွက်လာ၏။

“ သခင်လေး အဆင်ပြေရဲ့လား”

“ အဆင်ပြေပါတယ်။ ငါ တာအိုဘိုးဘေးတစ်ယောက်ကို သတ်ခဲ့ရုံပါ” သူက သူမအား အမှတ်အသားပြား တစ်ခုကို ထုတ်ပေးရင်း ပြောလိုက်သည် “ ဒီအမှတ်အသားပြားက အိပ်စက်သူတွေ သူတို့သတင်းအချက်အလက်တွေ သိမ်းဆည်းထားတဲ့ ကမ္ဘာငယ်တစ်ခုကို ဦးဆောင်သွားလိမ့်မယ်။ အဲဒါကို ထိန်းချုပ်ပြီးတော့ ဂိုဏ်းအတွက် အားလုံးကို ပုံတူပွားလိုက်”

တိထျန်း၏ အိပ်စက်သူများက အရာများစွာကို စုစည်းထားခဲ့သည်။ သူတို့က ရှေးဟောင်းဧကရာဇ်ခေတ်ကာလကတည်းက မျိုးဆက်တစ်ခုချင်းစီ၏ ကောင်းကင်ရွေးချယ်ခံများအကြောင်း အသေးစိတ် မှတ်တမ်းပင် ရှိကြသည်။ ထိုခေတ်ကာလကတည်းက ဖြစ်ပျက်ခဲ့သည့် ဖြစ်ရပ်များကိုပင် မှတ်တမ်းတင်ထားကြသည်။

တိထျန်း ပြန်လည်ဝင်စားလာတိုင်း သူတို့က သူတို့သခင် အလိုရှိလာသည့်အခါ အဆင်သင့်ဖြစ်ရန် မှတ်တမ်းများနှင့် သတင်းအချက်အလက်များကို ဆက်လက် စုဆောင်းခဲ့သည်။

ကမ္ဘာငယ်၏ ဗဟုသုတက ကျယ်ပြန့်လွန်းသည့်အတွက် တိထျန်းပင် အားလုံးကို မဖတ်ရှုရသေးပေ။ သူ အောင်အောင်မြင်မြင် ပြန်လည်ဝင်စားသည့်အခါ သေသွားတာ ကြာပြီဖြစ်သည့်လူများ၏ အကြောင်း စိတ်ဝင်စားမည် မဟုတ်ပေ။

သို့သော်လည်း ဝမ်ဝေ့က အားလုံးကို ဖတ်ရှုဖို့ စီစဉ်ထားသည်။ သူက ထိုမှတ်တမ်းများမှ အရာများကို သင်ယူနိုင်ကြောင်း သိထားလေသည်။ လူတစ်ယောက်၏ ဘဝမှ သူသည် အဖိုးတန်သင်ခန်းစာများကို သင်ယူနိုင်သည်။

ထိုမှတ်တမ်းများမှတဆင့် လက်ရှိသူ့အား အထောက်အကူဖြစ်စေသည့် ကမ္ဘာ၏ လျှို့ဝှက်ချက်တချို့နှင့် အမှန်တရားကို သင်ယူနိုင်သည်။ သို့မဟုတ် ထိုသတင်းအချက်အလက်ကို ဖတ်ရှုခြင်းဖြင့် သူသည် အတွေးကောင်း တချို့ပေါ်ထွက်လာနိုင်၏။

ကမ္ဘာငယ်မှ ကျင့်ကြံရေးကျမ်းကို ရှာမတွေ့နိုင်သည်မှာ နှမြောစရာကောင်းလှသည်။ သို့သော်လည်း တိထျန်းက သတိတကြီးထားပြီး ကျင့်စဉ်မှတ်တမ်းများ မချန်ထားခဲ့သည်ကို သိရှိထားသည်မှာ ကြာမြင့်လှလေပြီ။

“ မင်းဘက်ရော အခြေအနေဘယ်လိုလဲ” ဝမ်ဝေ့က မေးလိုက်သည်။

“ အဆင်ပြေပါတယ်။ သခင်လေး အမိန့်ပေးထားတဲ့တိုင်း အိပ်စက်သူတွေ အားလုံးကို မသတ်ခဲ့ဘူး။ အဲဒီအစား အဆင့်မြင့်တဲ့သူတွေရဲ့ ကံကြမ္မာကို ခိုးယူပြီးတော့ ကျွန်မတို့ရဲ့ သဲလွန်စကို ရှင်းထုတ်ဖို့ အာရုံပြောင်းတဲ့အနေနဲ့ လုပ်ကြံသတ်ဖြတ်မှုမျိုးပုံစံကို အသုံးပြုထားတယ်။ အခု နက်နက်နဲနဲ ကျူးကျော်မှုက ပြီးဆုံးသွားပါပြီ”

“ ကောင်းတယ်” ဝမ်ဝေ့က ပြောလိုက်သည်။ ဤလှုပ်ရှားမှုဖြင့် သူသည် အိပ်စက်သူများ၏ သတင်းအချက်အလက် အဖွဲ့အစည်းကို ထိန်းချုပ်နိုင်ပြီ ဖြစ်၏။ သူက ထိုသူနှင့် စွမ်းရည်တူ စောင့်ကြည့်ရေးနှင့် လုပ်ကြံသတ်ဖြတ်ရေး စွမ်းရည် ရှိထားပြီဖြစ်၏။ သူက ထိုအင်အားစုတွင် သူလျှိုများ ထည့်ထားသည့်အကြောင်း ထည့်မပြောရသေးပေ။

ဤလှုပ်ရှားမှုဖြင့် သူသည် ဧကရာဇ်မျိုးနွယ်၏ ကျမ်းအများစုကို လက်ထဲတွင် ရယူနိုင်လိမ့်မည်။ သူက အသင်္ချေအင်ပါယာကမ္ဘာအနှံ့တွင် စောင့်ကြည့်သူများ ရှိနေပြီဖြစ်၏။

ဝမ်ကျူက အိပ်စက်သူ သတင်းအချက်အလက်ကမ္ဘာကို သွားရောက်စီမံစဉ် ဝမ်ဝေ့ကမူ တခြားကိစ္စများကို ဖြေရှင်းနေသည်။ သူက သီးသန့်ကျင့်ကြံရေးသို့ ဝင်ရောက်သွား၏။

ထို့နောက် သူက နိမိတ်ကြေးမုံကို ထုတ်ကာ အသက်သွင်းလိုက်သည်။ သူ့ အဓိကရည်ရွယ်ချက်က အမုန်းကျိန်စာအတွက်ဖြစ်ကာ အိပ်စက်သူများကို တိုက်ခိုက်ခြင်းက အသေးစား ရည်ရွယ်ချက်မျှသာ ဖြစ်၏။

သူ့အပြုအမူဖြင့် သူသည် တိထျန်းနှင့် ရှိထားသည့် ကံကို တိုးမြှင့်နိုင်ပြီး ကြေးမုံက ယခုအခါ ဆယ်ရာခိုင်နှုန်း တိုးမြင့်လာသည့်အတွက် စုစုပေါင်း ၉၀ ရာခိုင်နှုန်းဖြစ်သွားလေပြီ။ သူက တိထျန်းနှင့် ပတ်သက်သည့် သတင်းအချက်အလက် အသစ်များကို ရရှိလိုက်၏။ ထိုအရာက ဗလာခေတ်ကာလအတွင်းရှိ အချက်အလက်တချို့လည်း အပါအဝင် ဖြစ်သည်။

ထို့နောက် သူက သူ့အာရုံကို ဖမ်းစားသွားသည့် သတင်းအချက်အလက်တစ်ခုကို အာရုံစိုက်ထားလိုက်သည်။ တိထျန်းက နဝမအဆုံးစွန်အုတ်မြစ်ကို ကျော်လွန်၍ ဒသမသို့ ရောက်ရှိဖို့ နည်းလမ်းကို ရှာဖွေနေကြောင်း သိလိုက်ရသည်။ ထို့အပြင် သူက နည်းလမ်းကို ရှာဖွေတွေ့ရှိသွား၏။

နှမြောစရာကောင်းလှသည်က ကြေးမုံက ထိုနည်းလမ်းကို မဖော်ပြပေ။

သူက အခုလုပ်နေတယ်ဆိုတာကို သိပေမဲ့ အခုတော့ အတည်ပြုနိုင်ပြီ…

ဝမ်ဝေ့က မျက်မှောင်ကြုတ်ကာ သူနှင့်ထိုလူကြားမှ ကံဆက်နွယ်မှုကို မည်သို့တိုးမြှင့်ကာ အဖြေရှာနိုင်ကြောင်း တွေးလိုက်သည်။

ကံဆိုးစွာဖြင့် သူက ဘာမှမတွေးနိုင်ပေ။ တစ်ခါက သူက ချောင်နဉ် ပေးထားဖူးသည့် ပြီးပြည့်စုံသော အုတ်မြစ်နည်းလမ်းကို အသုံးပြုကာ တိထျန်းနှင့် ကံဆက်နွယ်မှုကို တိုးမြှင့်ဖို့ လုပ်ဆောင်ခဲ့သည်။ သို့သော် သူက ကျရှုံးခဲ့၏။ သူမက သူ့ ကံကြမ္မာနည်းစနစ်များအတွက် ခံနိုင်ရည်စွမ်းရှိနေဟန်ပေါ်သည်။

သူမက ကျန်ရှိနေသည့် ဆယ်ရာခိုင်နှုန်းကို တိုးမြှင့်ဖို့ အဓိကသော့ချက်ဖြစ်ကြောင်း သိထားသော်လည်း ထိုအမျိုးသမီးနှင့် ထပ်မံ မဆက်သွယ်လိုပေ။ သူမက ထူးဆန်းကာ အန္တရာယ်များလှ၏။

နောက်ထပ် ရွေးချယ်စရာတစ်ခုက တိထျန်း၏ မိသားစု ဖြစ်သည်။ သို့သော် ယခင်ဂမ္ဘီရလုပ်ဆောင်ချက်များအရ ထိုသူသည် သူတို့နှင့် နက်နဲသည့် ကံဆက်နွယ်မှုမျိုး မရှိထားပေ။ တိထျန်းအတွက် သူ့ တကယ့်မိဘများက ဗလာခေတ်ကာလအတွင်း သေဆုံးသွားကြလေပြီ။ ထို့ကြောင့် သူတို့ တိထျန်း၏ ယခုလက်ရှိမိသားစုကို သတ်ဖြတ်ခြင်းက ကံဆက်နွယ်မှုကို များများစားစား တိုးမြှင့်စေနိုင်မည် မဟုတ်ပေ။

ဝမ်ဝေ့က လူဝင်စား၏ စွမ်းအားကို ငှားယူလိုက်ပြီး နောက်ထပ်ဂမ္ဘီရအစွမ်းတစ်ခုကို တွက်ချက်ကြည့်လိုက်သည်။ သူက တိထျန်းနှင့် ကံကြမ္မာဆက်နွယ်မှု နည်းလမ်းရှိလားဟု သိချင်မိသည်။

“ တိကျား” သူက ရေရွတ်လိုက်သည်။ သူမက တိမျိုးနွယ်ဘက်မှ တိထျန်း၏ သတင်းအချက်အလက်ကွန်ယက်ကို တာဝန်ယူထားသည့် အမျိုးသမီး ဖြစ်သည်။ သူမက သူ့ဘက်မှ ဝမ်ကျူလိုမျိုး တိထျန်းအား နေရာတိုင်းတွင် အဖော်ပြုပေးလေ့ ရှိ၏။

ဂမ္ဘီရမှတဆင့် သူမသည် သူ့ကို ချစ်မြတ်နိုးသော်လည်း သူကမူ ဂရုမစိုက်ကြောင်း သိလိုက်ရသည်။ သို့သော်လည်း သူ့မိဘများနှင့် ဆက်နွယ်မှုနှင့် အရေးပေးမှုကို တွက်ကြည့်လျှင် သူမက သူ့အပေါ် အနည်းငယ် အရေးသာချက်ရှိသည်။

“ သူမကို သတ်လိုက်ရင် ကြေးမုံရဲ့ ရာခိုင်နှုန်းက ၁ ရာခိုင်နှုန်းလောက်တော့ တိုးမြှင့်နိုင်လောက်တယ်”

ဝမ်ဝေ့က မျက်မှောင်ကြုတ်လိုက်သည်။ ၁ ရာခိုင်နှုန်းက တိထျန်းသည် နဝမအဆုံးစွန်အုတ်မြစ်ကန့်သတ်ချက်ကို ချိုးဖောက်ဖို့ မည်သို့ ကြံစည်ထားသည်ကို ပြောပြနိုင်မည်လား သို့မဟုတ် နောက်ထပ်သတင်း ဆက်လက်ဖြစ်နေမည်လားကို မသိရပေ။

ငါ လိုနေတဲ့ သတင်းအချက်အလက်ကို ရဖို့ ကြေးမုံရဲ့ ရည်ရွယ်ချက်ကို ပြောင်းကြည့်ရင်ရော…

ဝမ်ဝေ့က စမ်းမကြည့်ခင် တွေးလိုက်မိသည်။ ထို့ကြောင့် သူက ဝမ်ကျူအား ဆက်သွယ်ကာ တိကျားအား သုတ်သင်ဖို့ ပြောလိုက်သည်။

ထို့နောက် သူက တစ်စုံတစ်ခုကို စမ်းသပ်ကြည့်လိုက်သည်။ သူက ကံတရားစည်းမျဉ်းကို ဆင့်ခေါ်ကာ နိမိတ်ကြေးမုံ၏ ရည်ရွယ်ချက်ကို ပြောင်းလဲခဲ့သည်။ သူက တိထျန်း၏ ဗဟုသုတ ၉၀ ရာခိုင်နှုန်းကျော်ကို သူ့အား ပေးဖို့ လုပ်ဆောင်ချင်မိသည်။ ထိုအရာထဲတွင် သူ ကျင့်ကြံထားကာ သိထားသည့် ကျင့်စဉ်များလည်း အပါအဝင်ဖြစ်ကာ စည်းမျဉ်းနားလည်နိုင်စွမ်းပင် အပါအဝင် ဖြစ်သည်။

အကယ်၍ သူ အောင်မြင်သွားပါက တိထျန်းသည် မည်သည့် ကျမ်းနှင့် ကျင့်စဉ်ကို အသုံးပြုနေကြောင်း သိလာမည်ဖြစ်ကာ သူက ထိုကျင့်စဉ်တချို့ကို ပြန်လည်ဖန်တီးပြီး ချက်ချင်း နားလည်နိုင်လေသည်။

ဖူး

ဝမ်ဝေ့က သွေးတစ်ပွက် အန်ထုတ်လိုက်ရပြီး သူ့အသားအရည်က ချက်ချင်းဖြူဖျော့သွားသည်။

“ ဟွင်သွမ်းရတနာကို သန့်စင်ဖို့က ငါ့နည်းလမ်းထက် ကျော်လွန်နေတာပဲ…”

သူက မျက်လုံးမှိတ်ကာ ဆေးလုံးတချို့ကို သောက်သုံးရင်း တန်ပြန်သက်ရောက်မှုကို သက်သာအောင် လုပ်လိုက်သည်။

………….

အနောက်ပိုင်းကုန်းမြေ၊ စည်းပိတ်ထားသည့် တောင်အတွင်း

တိထျန်းက သူ့လှောင်ချိုင့်ကို ဖန်တီးထားသည့် သင်္ကေတများအား ဒေါသတကြီးဖြင့် ကြည့်လိုက်သည်။ သူက အိပ်စက်သူများ၏ ပျောက်ကွယ်သွားမှုကို ခံစားမိလေသည်။ ပထမဦးစွာ လူတချို့က သူတို့၏ ဇစ်မြစ်ပေါက်ကြားသွား၍ အသတ်ခံရသည်ဟုသာ တွေးခဲ့မိသည်။ သူတို့၏ တည်ရှိမှုတစ်လျှောက်တွင် ထိုသို့ကိစ္စမျိုး အကြိမ်ရေတချို့ဖြစ်ခဲ့ဖူးလေသည်။ သူတို့က အမြဲလိုလို ပြန်လာနိုင်ကြသည်။

သို့သော် သူက ဌာနချုပ်ကို စောင့်ကြပ်နေသည့် တာအိုဘိုးဘေးအစောင့်အရှောက်၏ သေဆုံးမှုကို ခံစားမိသည့်အခါ အခြေအနေ၏ လေးနက်မှုကို သဘောပေါက်သွားသည်။ သူက ဌာနချုပ်ကို ထူးကဲသည့်ရတနာဖြင့် ဖန်တီးထားပြီး အတုအယောင် ထာဝရဧကရာဇ်တစ်ပိုင်းဆီမှပင် ဝှက်ထားနိုင်လေသည်။ ထိုဌာနချုပ်က အဆုံးမဲ့လေဟာနယ်အတွင်း ဝင်ရောက်သွားသရွေ့ ထာဝရဧကရာဇ်ပင် ရှာနိုင်တော့မည် မဟုတ်ပေ။

သူက ထိုဌာနချုပ်ကို ဝင်ရောက်ဖို့ လူနှစ်ယောက်ကိုသာ ခွင့်ပြုပေးထားခဲ့သည်။ သူနှင့် အစောင့်အရှောက် ဖြစ်၏။ သို့သော်လည်း သူက အစောင့်အရှောက်အား ကမ္ဘာငယ်မှ ထွက်သွားခြင်းအား တားဆီးထားသည့်အတွက် သူတစ်ဦးတည်းကသာ ထိုနေရာ၏ တည်ရှိမှုကို သိထားလေသည်။

တခြားသော အိပ်စက်သူအားလုံးကလည်း အဆောင် သို့မဟုတ် သီးသန့် မှော်အဆောင်တချို့ကို အသုံးပြုကာ အထဲကို သတင်းအချက်အလက် ပေးပို့ပြီး အစောင့်အရှောက်က သေသေချာချာ သိမ်းဆည်းစောင့်ကြပ်ထားခြင်း ဖြစ်၏။

တိထျန်းက တွေးမိလေလေ ပိုမိုဒေါသထွက်လေလေ ဖြစ်၏။ အကြောင်းမှာ သူ နှစ်သန်းရာချီကြာ ဖန်တီးထားသည့်အရာ ဆုံးရှုံးသွား၍ မဟုတ်ဘဲ သူနှင့် ပထမဘဝကတည်းက အဖော်ပြုပေးခဲ့သည့် လူများကို ဆုံးရှုံးသွားရ၍ ဖြစ်သည်။ သူတို့က သူ့အတိတ်ဘဝ၏ အကြွင်းအကျန်များ ဖြစ်သောကြောင့် ယခုလိုနယ်ခြားခေတ်ကာလမျိုးတွင် တစ်ခုတည်းသော အားထားစရာလည်း ဖြစ်သည်။

ယခုမူ သူတို့အားလုံးက ပျောက်ကွယ်သွားပြီ ဖြစ်၏။

ထို့အပြင် အိပ်စက်သူများ၏ အဓိကက ထိုလူများ၏ မျိုးဆက် ဖြစ်လေသည်။ သူက ကူကယ်ရာမဲ့နေရင်း သူတို့သေဆုံးသွားသည်ကိုသာ ကြည့်နေရသည်။ သူက သူ့ရည်မှန်းချက်ကို ရရှိသည်နှင့် သူတို့အား ပိုမိုကောင်းမွန်သည့် ဘဝကို ပေးမည်ဟု ကတိပေးထားခဲ့သည်ကို အမှတ်ရလာမိသည်။

တိထျန်းက ဒေါသဖြစ်မှုနှင့် ကူကယ်ရာဖြစ်မှုတို့ကို ခံစားနေမိသည်။ ဤသည်က နဉ်အာကို သူ့ရင်ခွင်အတွင်း ပွေ့ဖက်ရင်း ဖြည်းဖြည်းချင်းသေဆုံးသွားသည်ကို ကြည့်နေရသလိုမျိုး ဖြစ်၏။

သူက ထိုအင်အားမဲ့သည့် ခံစားချက်မျိုးကို မုန်းတီးလာသည်။ ဤအဆင့်တစ်ခုသို့ ရောက်ရှိလာပြီးသည့်နောက်တွင် ဤသို့ အတူတူ ခံစားရလိမ့်မည်မဟုတ်ဟု ထင်ခဲ့မိသည်။ ယနေ့အတွင်း သူက သတိပေးချက်တစ်ခု ရရှိလိုက်၏။ သူက သူ ချစ်မြတ်နိုးရသည့်အရာတွေကို ကာကွယ်နိုင်စွမ်း မရှိသည့် အားနည်းသူတစ်ယောက် ဖြစ်နေဆဲသာ ဖြစ်သည်။

ဘာမှပြောင်းလဲမသွားခဲ့ပေ။

ဝမ်ဝေ့ မင်း စောင့်နေလိုက်။ ဒါအတွက် ပြန်လည်ပေးဆပ်စေရမယ်…

တိထျန်းက အသက်ပြင်းပြင်းရှူကာ သူ့စိတ်ခံစားချက်များအား ထိန်းချုပ်လိုက်သည်။ သူက တစ်စုံတစ်ယောက် သူ့ဆီရောက်လာသည်ကို ခံစားမိလိုက်၏။

“ သခင်လေး သတင်းထူးပါတယ်” တိကျားက ပြောလိုက်သည်။

“ ငါ သိတယ်” တိထျန်းက မျက်မှောင်ကြုတ်ကာ ပြန်ဖြေလိုက်၏။ သူက တိကျားကို ကြည့်နေရင်း သူ့မျက်ဝန်းများက အနက်ရောင်အဖြစ် ပြောင်းလဲသွားသည်။

သေခြင်းတရားအငွေ့အသက်လား။ သူမက မကြာခင် သေတော့မှာလား…

ထို့နောက် ချင်းချင်းဆိုသလို သူမ၏ သေဆုံးမှုကို လတ်တလော အဖြစ်အပျက်များနှင့် ဆက်နွယ်မိသွားသည်။

သူမကို သေစေချင်တာ ဝမ်ဝေ့လားတော့ မသိပေမဲ့ ကြိုတင်ကာကွယ်တာအကောင်းဆုံးပဲ…

ထို့နောက် တိထျန်းက သူ့အဖေအား ဆက်သွယ်ကာ တိကျားအား မျိုးနွယ်စု၏ သစ္စာအရှိဆုံးလူများသာ ဝင်ရောက်နိုင်သည့် နေရာသို့ ပြောင်းရွှေ့ဖို့ရာ တောင်းဆိုခဲ့သည်။ ထို့နောက် သူက လတ်တလောဖြစ်ရပ်များနှင့် လက်ရှိရင်ဆိုင်နေရသည့် ပြဿနာအကြောင်းကို ဆွေးနွေးခဲ့သည်။

အသင်္ချေအင်ပါယာကမ္ဘာရှိ သူ့အိပ်စက်သူအများစုက ယခုအခါ သေဆုံးသွားပြီ ဖြစ်သည်။ သူ့တွင် တိမျိုးနွယ်၏ သတင်းကွန်ယက်ရှိနေသော်လည်း အတူတူတော့ မဟုတ်ပေ။

ထို့ကြောင့် သူက ကိုယ်ပွားကို ဆက်သွယ်ကာ တခြားကမ္ဘာ့အသိုက်အဝန်းမှ အိပ်စက်သူများကို စေလွှတ်ခိုင်းခဲ့သည်။ သူတို့က ယခင်နှင့် ယှဉ်လိုက်လျှင် အဖွဲ့က သေးငယ်သော်လည်း ပြန်လည်တည်ဆောက်ဖို့ရာ လုံလောက်သည်ထက် ပိုနေသေးသည်။

ငါ ပြင်ပအိပ်စက်သူတွေကို ထပ်ပြီးတော့ ဖွံ့ဖြိုးအောင် လုပ်ခဲ့သင့်တာ…

သူက ပြင်ပအိပ်စက်သူများကို ဖန်တီးခဲ့သည်မှာ သူ့အတွက် တခြားကမ္ဘာ့အသိုက်အဝန်းမှ သတင်းအချက်အလက်နှင့် ရှားပါးသည့် အရင်းအမြစ်များကို စုဆောင်းနိုင်စေရန် ဖြစ်၏။ အသင်္ချေအင်ပါယာကမ္ဘာတွင် တစ်ခုခုမှားယွင်းသွားခဲ့သည့်အခါ အရံအစီအစဉ်အနေနှင့် ထားရှိခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် သူက သူတို့ကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဖို့ အာရုံမစိုက်ခဲ့မိပေ။

ယခုအခါ သူက ထိုဆုံးဖြတ်ချက်ကို နောင်တရနေလေပြီ။

***

All Chapters