← Chapters

အကြွင်းမဲ့ ဂုဏ်ကျက်သရေ ထွန်းလင်းပြောင်မြောက်ဖွယ် ခေတ်ကာလ

Vol. 41 Ch. 562

အကြွင်းမဲ့ ဂုဏ်ကျက်သရေ ထွန်းလင်းပြောင်မြောက်ဖွယ် ခေတ်ကာလ

Vol. 41 Ch. 562

ဝမ်ဝေ့က မျက်လုံးကို ဖွင့်လိုက်ပြီးနောက် အသက်ပြင်းပြင်းရှူလိုက်သည်။ ၂ရက်တာ ကြာမြင့်ပြီးသည့်နောက်တွင် သူက အထွတ်အထိပ်အခြေအနေသို့ ပြန်ရောက်ရှိနေပြီ ဖြစ်၏။ နောက်ဆုံးတွင် သူက ဝမ်ကျူ ပို့ထားသည့် ဆက်သွယ်ရေးအဆောင်ကို စစ်ဆေးကြည့်လိုက်ကာ မျက်မှောင်ကြုတ်သွားမိသည်။

သူက တစ်ခုခုများ အာရုံခံမိသွားတာလား…

ဝမ်ဝေ့က တွေးလိုက်မိသည်။

ကြည့်ရတာ ငါ တိကျားကို လုပ်ကြံဖို့ မဖြစ်နိုင်တဲ့ပုံပဲ…

သူက ချဉ်းကပ်မှုတစ်ခုကို တွေးပြီးသည့်နောက်တွင် ခန္ဓာကိုယ်ကို အညောင်းအညာဖြေဖို့ သီးသန့်ကျင့်ကြံရာမှ ထွက်လာခဲ့သည်။

သူက ကျင့်ကြံရေးထဲ ပြန်လည်မဝင်ရောက်ခင် ကိစ္စများစွာ လုပ်ဖို့ လိုအပ်နေသေးသည်။ သို့သော် သူက ဂိုဏ်း၏ ကိစ္စများကို အရင်စစ်ဆေးကြည့်ဖို့ ဆုံးဖြတ်လိုက်သည်။ သူက ဂိုဏ်းချုပ် ဖြစ်နေသေးသည် မဟုတ်ပါလော။ ထို့ကြောင့် သူက အကြီးအကဲများနှင့် စကားပြောပြီး အလွှာနိမ့်တွင် ဂိုဏ်း၏ ဖွံ့ဖြိုးတိုးတက်အောင် လုပ်မည့် အစီအစဉ်က အနှောင့်အယှက် မရှိကြောင်း သေချာအောင် လုပ်လိုက်သည်။

သူ လုပ်ဆောင်ပြီးသွားသည်နှင့် သူ့တောင်သို့ ပြန်သွားကာ ဆက်လက်ကျင့်ကြံလိုက်သည်။ ဂိုဏ်းချုပ်အနေနှင့် သူသည် ဝိညာဉ်ချီအကြွယ်ဝဆုံးဖြစ်သည့် ထျန်းဝေတောင်ထိပ်ကို အသုံးပြုနိုင်လေသည်။ သို့သော်လည်း ဝမ်ဝေ့က သူ့အိမ်ကိုသာ သဘောကျသည်။ ထို့ကြောင့် ဝမ်ဝေ့က အသုံးပြုခဲသည်။ သူက ထျန်းဝေတောင်ထိပ်မှ ဝိညာဉ်စွမ်းအားများကို သူ့ကံကြမ္မာသာလွန်တောင်ထိပ်သို့ ပြောင်းဖို့ရာပင် ကြံစည်နေသေးသည်။

သူ အိမ်သို့ ပြန်ရောက်ပြီးသည့်နောက်တွင် ဝမ်ကျူက စောင့်ဆိုင်းနေသည်ကို မြင်လိုက်ရ၏။

“ ဘာကိစ္စလဲ”

“သခင်လေး အာရုံစိုက်စရာ ကိစ္စတချို့ရှိနေတယ်”

ဝမ်ဝေ့က သူမအား အထဲသို့ ခေါ်ဆောင်သွားသည်။ ကာကွယ်ထားသည့် ပတ်ဝန်းကျင်မျိုးက ဤသို့သော စကားဝိုင်းမျိုးအတွက် အသင့်တော်ဆုံး ဖြစ်၏။

ဝမ်ကျူက သူ့အား နာမည်စာရင်းပါဝင်သည့် စာရွက်တစ်ခုကို ထုတ်ပေးလာသည်။

“ ဒီနာမည်တွေက တခြားကောင်းကင်ရွေးချယ်ခံတွေရဲ့ တပ်ထဲကို ကျူးကျော်ဝင်ရောက်ထားတဲ့ အိပ်စက်သူတွေရဲ့ နာမည်ပါ။ လွန်ခဲ့တဲ့နှစ်သုံးရာလောက်က သခင်လေး စစ်ဆေးမှုထဲ ဝင်ရောက်သွားပြီးတော့ ဖန်းလီကျွမ်း၊ ချန်ချန်း၊ စွင်းကျောင်းလုံနဲ့ ဟွမ်ယွမ်တို့က သူတို့အုပ်စုကနေ သူလျိူတွေကို ဖြည်းဖြည်းချင်း ဖယ်ရှားပစ်ခဲ့တဲ့ပုံပဲ။ သူတို့က ဖြည်းဖြည်းချင်းလုပ်ခဲ့ပေမဲ့ ဆက်တိုက်လုပ်တာ သေချာတယ်”

“ အဲဒါဆိုတော့ သူတို့က သူတို့ရဲ့ လုပ်ဆောင်မှုတွေကို ဝှက်ထားချင်တယ်ဆိုတဲ့သဘောပေါ့။ ဒီသုတ်သင်မှုက သဘာဝဆန်အောင်လေ”

“ အတိအကျပါပဲ” ဝမ်ကျူက ပြောလိုက်သည် “ အဓိကအချက်က မိုရှင်းယွင်ပါ။ မိုမိသားစုက အိပ်စက်သူတွေကို သုတ်သင်ပြီးတော့ သူတို့မျိုးနွယ်ကနေ အများစုကို ဖယ်ရှားပစ်ခဲ့တယ်။ အဲဒီဖယ်ရှားမှုထဲမှာ ကျွန်မတို့ ကံကြမ္မာတပ်ဖွဲ့ဝင်တွေတောင် အသက်မရှင်ခဲ့ဘူး”

“ ငါ သိပြီ။ မိုရှင်းယွင်မှာ အဲဒီသူလျှိုတွေကို အာရုံခံနိုင်မဲ့ နည်းလမ်းရှိတာကို တခြားကောင်းကင်ရွေးချယ်ခံတွေဆီ ရောင်းချခဲ့တဲ့ပုံပဲ။ သူတို့က မဟာမိတ်ဖြစ်နေဖို့တောင် ဖြစ်နိုင်ချေများတယ်”

“ ဟုတ်တယ်။ ကျွန်မတို့လည်း အဲ့လိုကောက်ချက်ချမိတယ်။ ကောင်းကင်ရွေးချယ်ခံအများစုက သူတို့တပ်ကနေ အိပ်စက်သူအများစုကို ဖယ်ရှားပစ်တယ်။ အဲဒါက ပင်လယ်မျိုးနွယ်လည်း အပါအဝင်ပဲ”

“ သူတို့လား။ သူတို့က နောက်ဆုံးတော့ လှုပ်ရှားလာပြီလား”

“ ဟုတ်တယ်။ ဒီမျိုးဆက်မှာ ပင်လယ်မျိုးနွယ်ကို ကိုယ်စားပြုတဲ့ ကောင်းကင်ရွေးချယ်ခံက ချောက်နက်ကင်းမွန်မျိုုးနွယ် ရီလျန့်ချန်းလို့ ခေါ်တယ်”

“ အဲဒါက ဘာကြီးလဲ။”  ဝမ်ဝေ့က ထိုမျိုးစိတ်ကို တစ်ခါမှ မကြားဖူး၍ မေးလိုက်သည်။

“ အဲဒါက သူ့ဘာသာသူ ခေါ်တာပါ။ ဒါပေမဲ့ သူက နက်ရှိုင်းကင်းမွန်မျိုးစိတ်က ဖြစ်လောက်တယ်။ ဒါပေမဲ့ သန္ဓေပြောင်းမှုတချို့ ရှိထားပုံပဲ”

“ မင်းတောင် မသေချာပါ့လား”

“ နက်ရှိုင်းကင်းမွန်မျိုးစိတ်က ရီလျန့်ချန်းကို ထောက်ပံ့ပေးပေမဲ့ သူတို့ရဲ့ဆက်ဆံရေးက အတော်လေး ထူးခြားတယ်။ ပြီးတော့ ရီလျန့်ချန်းက အတော်လေးကို လျှို့ဝှက်တယ်။ ကျွန်မတို့ သိထားသလောက် သူတို့က ပင်လယ်မျိုးနွယ်တွေနဲ့ ကောင်းကင်ရွေးချယ်ခံအားလုံးက အနိုင်ယူခဲ့ပြီးတော့ စွင်းကျောင်းလုံနဲ့ ထိပ်တိုက်ရင်ဆိုင်ခဲ့ပြီးတော့  သတ်လုနီးပါးဖြစ်ခဲ့တယ်ဆိုတာကိုပဲ”

ဝမ်ဝေ့က ခေါင်းညိတ်လိုက်ပြီးနောက် စွင်းကျောင်းလုံကို သိပ်အာရုံမစိုက်ပေ။ သူက လူသားကံကြမ္မာဓားကို ရယူပြီးသည့်နောက်တွင် ထိုသူ့အား လွတ်မြောက်ခွင့်ပေးလိုက်သည်မှာ မဟာဝူ၏ အိမ်ရှေ့စံသည် ကြမ္မာတာအိုနှင့် ရင်းနှီးနေကြောင်း သိထား၍ ဖြစ်သည်။ သူ့ကို အသက်ရှင်ခွင့်ပေးလိုက်ခြင်းက  တခြားမျိုးနွယ်၏ ကံကောင်းမှုစုဆောင်းရေး  ရတနာများကို ရယူဖို့ ကူညီပေးနိုင်လောက်သည်။

“ အဲဒါဆို ရှောင်စုန့်ရှီရော ဘယ်လိုလဲ”

“ သူက ရီလျန့်ချန်းကို ရှုံးနိမ့်သွားတယ်။ ဒါပေမဲ့ သူက အခု သူ့ အဖေတူအမေကွဲ ညီအစ်ကိုဆီကနေ ခေါင်းဆောင်ရာထူးကို ယူနေတဲ့ပုံပဲ”

ဝမ်ဝေ့က အဖြစ်အပျက်ကို မှန်းဆမိ၍ နှုတ်ခမ်းတွန့်ကာ ပြုံးလိုက်သည်။ ရှောင်စုန့်ရှီ၏ အဖေက သွေးသန့် ပိုင်ရှယ် မျိုးနွယ်ဖြစ်သည့် ကလေးတစ်ယောက် ရှိထားလေသည်။ သို့သော် ယခုတွင် ညီအစ်ကိုနှစ်ယောက်က မျိုးနွယ်စုကို ထိန်းချုပ်ဖို့ရာအတွက် တိုက်ခိုက်နေကြ၏။

“ နောက်ထပ် သိသင့်တာတစ်ခုရှိသေးတယ်” ဝမ်ကျူက ပြောလိုက်သည်။

“ ဘာများလဲ”

“ ကျွန်မတို့သူလျှိုက ပိုင်ရှယ်မျိုးနွယ်မှာ ကြယ်တာရာငါးလုံး ဝိဇ္ဇာရှိတယ်လို့ ကောလဟာလကြားတယ်။ ရှောင်စုန့်ရှီက အဲဒါကို ရယူဖို့ ခေါင်းဆောင် ဖြစ်ချင်တဲ့ပုံပဲ”

“ အဲဒါဆိုတော့ သူက ကြယ်တာရာဝိဇ္ဇာဆီကို ဒီမျိုးဆက်မှာ တာအိုကို ဘယ်လိုသက်သေပြရမလဲဆိုတာ မေးချင်နေတာလား။ သူက ထာဝရဧကရာဇ်ဖြစ်လာဖို့ နည်းလမ်းကိုတောင် မေးချင်နေတာလား” ဝမ်ဝေ့က သူ့ဘာသာသူ ရေရွတ်လိုက်သည်။

“ အဲဒီကောလဟာလတွေက ဘယ်လောက်ယုံကြည်ရလဲ”

“ အရမ်းကြီးတော့ မယုံကြည်ရဘူး။ တကယ်လို့ ပိုင်ရှယ်မျိုးနွယ်မှာ အဲဒီအဆင့် ကြယ်တာရာဝိဇ္ဇာသာ ရှိနေမယ်ဆိုရင် သူတို့က အသုံးပြုပြီးလောက်ပြီပေါ့”

“သူတို့က အဆင့်နိမ့်ကြယ်တာရာဝိဇ္ဇာရဲ့ အဆင့်ကို မြှင့်တင်ပေးနိုင်မဲ့ နည်းလမ်းကို ရှာမတွေ့သရွေ့ပေါ့” ဝမ်ဝေ့က ပြောလိုက်သည်။

“ ကြယ်တာရာဝိဇ္ဇာရဲ့ သွေးမျိုးဆက်က အတော်လေးကို ကန့်သတ်ထားတဲ့ သွေးမျိုးဆက်တစ်ခုပဲ။ လူတစ်ယောက်က ကြယ်တာရာတစ်လုံးကနေ နှစ်လုံးကို တက်လှမ်းနိုင်ဖို့က တစ်ခါမှ မဖြစ်ခဲ့ဖူးဘူး။ အမြင့်ဆုံးကြယ်ငါးလုံးအဆင့်ကို ပြောစရာတောင် မလိုတော့ဘူး”

“ ပုံမှန်ဆိုရင် အဲ့လိုပေါ့။ ဒါပေမဲ့ ဒါက ဂုဏ်ကျက်သရေ ထွန်းလင်းပြောင်မြောက်ဖွယ် ခေတ်ကာလလေ။ မြင်တွေ့ဖူးတဲ့ အရာတွေနဲ့တူမှာ မဟုတ်ဘူး။ ဘာမဆိုဖြစ်လာနိုင်ချေ ရှိတယ်”

ဝမ်ဝေ့က ထိုစကားများကို သူ့မှန်းဆချက်အား မှန်ကန်အောင် ပြောလိုက်ခြင်း မဟုတ်ဘဲ စစ်ဆေးမှုမှ လတ်တလော တွေ့ရှိချက်များအပေါ် အခြေခံ၍ ပြောလိုက်ခြင်း ဖြစ်သည်။ အဆင့်မြင့်ကောင်းကင်ရွေးချယ်ခံများက များပြားလွန်းနေလေ၏။

စစ်ဆေးမှုတွင် ပါဝင်ယှဉ်ပြိုင်သည့် ထိပ်တန်းကောင်းကင်ရွေးချယ်ခံများက ပါရမီရှိပြီး သေမျိုးနှင့် မသေမျိုးကြားမှ အကာအရံကို ချိုးဖောက်နိုင်သည့် အလားအလာမျိုး ရှိကြသည်။ တန်ကြေးကြီးကြီးမားမားပေးရသည့် လျှို့ဝှက်နည်းစနစ်တချို့ သို့မဟုတ် ထူးကဲသည့် ရတနာတချို့ သို့မဟုတ် နည်းလမ်းတချို့ကို အသုံးပြုခြင်း ဖြစ်နေနိုင်သည်။ မည်သို့ပင်ဆိုစေကာမူ သူတို့က အလားအလာ ရှိ၏။

ထိုအလားအလာက ထာဝရဧကရာဇ်ဖြစ်လာဖို့ ပုံစံအဖြစ် ကူးပြောင်းသွားလိမ့်မည်။ ဝမ်ဝေ့က ထိုလူအားလုံးသည် သူတို့၏ သက်ဆိုင်ရာ ကောင်းကင်အလိုဆန္ဒကမ္ဘာတွင် ထာဝရဧကရာဇ် ဖြစ်လာမည်ဆိုလျှင်ပင် အံ့ဩမိမည် မဟုတ်ပေ။

ဤသတင်းအချက်အလက်အားလုံးက ဂုဏ်ကျက်သရေ ထွန်းလင်းပြောင်မြောက်ဖွယ်ခေတ်ကာလသည် အဆုံးမဲ့လေဟာနယ်တစ်လျှောက်လုံးတွင် ဖြစ်လာတော့မည်ဟု ညွှန်ပြနေခြင်း ဖြစ်၏။ ထိုကောက်ချက်ချမှုက အကြမ်းဖျင်းဆန်သော်လည်း သူ့မှန်းဆချက်ကို ထောက်ခံပေးမည့် နောက်ထပ် သက်သေတချို့လည်း ရှိနေသေးသည်။

ဟွင်သွမ်းရုပ်ခန္ဓာ…

မျိုးဆက်တစ်ခုတည်းမှာ ၉ယောက်လုံးက ဘယ်လိုလုပ် ပေါ်ထွက်လာရတာလဲ…

အဆင့်တစ် ကောင်းကင်ရုပ်ခန္ဓာသည် အဖိုးတန်လွန်းသည်မှာ သူတို့၏ စွမ်းအားကြောင့် သာမကဘဲ တားမြစ်ခံ သို့မဟုတ် အထွတ်အထိပ်တားမြစ်ခံ တာအိုများကို  အကျိုးဆက်မရှိဘဲ ကျင့်ကြံနိုင်အောင် ခွင့်ပြုပေးထား၍ ဖြစ်သည်။

အကျိုးဆက်အနေဖြင့် ကောင်းကင်တာအိုသည် ဤရုပ်ခန္ဓာကို လွယ်လွယ်ကူကူ ချီးမြှင့်မည် မဟုတ်ပေ။ ထို့ကြောင့် အဆင့်တစ် ရုပ်ခန္ဓာပေါ်ထွက်မလာသည်မှာ မျိုးဆက်ရာချီကြာမြင့်သွားသည်ကလည်း သာမန်သာ ဖြစ်၏။

တစ်ခုတည်းသော ခြွင်းချက်မှာ ကောင်းကင်အလိုဆန္ဒကမ္ဘာတချို့သည် မျိုးဆက်တစ်ခု၏ ကောင်းကင်အလိုဆန္ဒကို စတေးပြီး ဂုဏ်ကျက်သရေထွန်းလင်းပြောင်မြောက်ဖွယ် ခေတ်ကာလကို စတင်သည့်အခါတွင် ဖြစ်သည်။ ထိုသို့ ဆိုလျှင်ပင် ထိုရုပ်ခန္ဓာက ပေါ်ထွက်လာဦးမည် မဟုတ်ပေ။ သို့သော် မျိုးဆက်တစ်ခုအတွင်း ၉ယောက် ပေါ်ထွက်ခဲ့၏။

ထိုအခြေအနေကို မည်မျှပင် သုံးသပ်ကြည့်စေကာမူ မူမမှန်သည်မှာ သေချာလှသည်။ အကြောင်းအရင်းမရှိဘဲ ဘာမှဖြစ်မလာသည့်အတွက် မူမမှန်မှုအတွက် ရှင်းပြချက်တစ်ခုသာ ရှိလေသည်။

ဝမ်ဝေ့က  ထိုမူမမှန်မှုထဲ အသင်္ချေအင်ပါယာကမ္ဘာ၊ သူနှင့် တိထျန်းတို့ ပါဝင်နေကြောင်း ကောက်ချက်ချလိုက်သည်။

သူက ထိုကမ္ဘာများ၏ ကောင်းကင်တာအိုသည် အသင်္ချေအင်ပါယာကမ္ဘာမှ အဆုံးမဲ့လေဟာနယ်အတွင်း အရှုပ်ထုပ်ကြီး ရောက်လာတော့မည်ဟု ယုံကြည်ကာ သူတို့သည် မျှခြေကို ထိန်းသိမ်းထားလိုခြင်း ဖြစ်မည်ဟု ယုံကြည်မိသည်။

အကယ်၍ ဝမ်ဝေ့သာ တာအိုကို သက်သေပြလျှင် သူတို့သည် အဆုံးမဲ့လေဟာနယ်အတွင်း အပြောင်းအလဲကြီးကို ယူဆောင်လာလိမ့်မည်။ သို့သော်လည်း ကမ္ဘာတိုင်းက ပြောင်းလဲချင်ကြမည် မဟုတ်သလို သူတို့က တခြားကမ္ဘာမှ လူတစ်ယောက်အား အပြောင်းအလဲကို လုပ်ဖို့ ခွင့်ပြုလိုကြမည်လည်း မဟုတ်ပေ။

ထို့အပြင် ထိုအပြောင်းအလဲက သူ့အား စွမ်းအားအမြောက်အများ ရရှိစေမည်ဖြစ်ကာ အတိအကျပြောရလျှင် မစစ်ဆေးနိုင်သည့် စွမ်းအားမျိုး ဖြစ်၏။ ကောင်းကင်တာအိုက မျှခြေကို အာရုံစိုက်သည့်အတွက် တစ်ခုလုံးကို ပြောင်းပြန်လှန်ပစ်နိုင်ပြီး မျှခြေကို ချိုးဖောက်နိုင်သည့်လူမျိုးကို မကြိုက်ကြပေ။

အကယ်၍ တိထျန်းသာ တာအိုကို သက်သေပြလျှင် သူနှင့် သေသွားသော ဇနီးကြားမှ စကားဝိုင်းအရ ထိုလူသည် ရူးသွပ်လုနီးပါးဖြစ်နေကြောင်း ပြောနိုင်လေသည်။ ထာဝရဧကရာဇ် ဖြစ်လာပြီးသည့်နောက် သူ ရရှိမည့် စွမ်းအားဖြင့် သူသာ အဆုံးမဲ့လေဟာနယ်အတွင်း သောင်းကျန်းမည်ဆိုလျှင် မည်သူကများ တားဆီးနိုင်မည်နည်း။

ထို့ကြောင့် ဝမ်ဝေ့အနေဖြင့် ကမ္ဘာ့အသိုက်အဝန်းအသီးသီးမှ ကောင်းကင်တာအိုများသည် အဆုံးမဲ့လေဟာနယ်အတွင်း သူတို့နှစ်ယောက်ကြား မျှခြေညီပြီး အသင်္ချေအင်ပါယာကမ္ဘာကို လွှမ်းမိုးနိုင်စေရန် ဂုဏ်ကျက်သရေထွန်းလင်းပြောင်မြောက်ဖွယ် ခေတ်ကာလကို ဖန်တီးထားကြောင်း ယုံကြည်ထားသည်။

ထိုအကြောင်းအရင်းကြောင့် ထိပ်တန်း ကောင်းကင်ရွေးချယ်ခံ အများစုသည် ရုတ်ချည်းပေါ်ထွက်လာကာ ထာဝရအရှင်စွမ်းအားကို ရရှိထားခြင်းက ပုံမှန်လိုမျိုးဖြစ်နေသည်ကို နားလည်သွားသည်။

ဝမ်ဝေ့က ထိုမျှခြေလှုပ်ရှားမှု၏ နောက်ကွယ်မှ ကြိုးကိုင်သူသည် ဒိုင်မေးရှင်းအမြင့်မှ အစစ်အမှန် ကောင်းကင်တာအို ဖြစ်နေမည်ဟုပင် သံသယရှိမိ၏။

သူက သူ့ကောက်ချက်ချမှုအတွက် အခိုင်အမာ သက်သေပြစရာ မရှိသလို ဂမ္ဘီရမှတဆင့် အတည်မပြုနိုင်သော်လည်း သူ မှန်ကန်ကြောင်း ခံစားမိသည်။ ထို့ကြောင့် သူက ထိုသတင်းအချက်အလက်အား စိတ်ထဲထားကာ သူ့အကြံအစည်အား ဆက်လက် အကောင်အထည်ဖော်လိုက်သည်။

“ ရှောင်စုန့်ရှီနဲ့ ပိုင်ရှယ်မျိုးနွယ်ကို စောင့်ကြည့်ထားလိုက်။ တကယ်လို့ ကောလဟာလတွေက မခိုင်လုံရင်တောင် စောင့်ကြည့်တာ အကောင်းဆုံးပဲ”

“ သခင်လေး အမိန့်တိုင်းပါ”

“ တခြားတစ်ခုခုရှိသေးလား”

“ သခင်လေး အခုချက်ချင်းအာရုံစိုက်ရမဲ့ ကိစ္စမျိုးတော့ မရှိပါဘူး” ဝမ်ကျူက ပြောလိုက်ပြီးနောက် တစ်စုံတစ်ခုကို အမှတ်ရသွားဟန်ပေါ်သည်။

“ ဒီသတင်းက အရေးကြီးလားဆိုတာကိုတော့ မသိပေမဲ့ ရှေးဟောင်းဆွေကြီးမျိုးကြီး  ဝမ်မျိုးနွယ်က ဟို့ဖုန်းဟွမ်နဲ့အတူ သွားလာနေတယ်”

“ အဲလိုလား။ ငါ အာရုံစိုက်လိုက်မယ်” ဝမ်ဝေ့က ပြောလိုက်သည်။

“ ငါ့မိဘတွေကရော။ သူတို့ရဲ့ မသေမျိုးတဖန် ဖြစ်စဉ်က ဘယ်လိုလဲ”

“ အခုထိတော့ ပြဿနာ မရှိသေးပါဘူး”

မသေမျိုးတဖန် ဖြစ်စဉ်အတွင်း ဝမ်ထျန်းနှင့် ယုယန်တို့က သူတို့၏ မှတ်ဉာဏ်များကို စည်းပိတ်ထားရသည်။ သူတို့သည် အရေးပေါ်အနေဖြင့် ပြန်လည်ရရှိနိုင်သော်လည်း လေ့ကျင့်ခြင်းဖြစ်စဉ်ကို ချိုးဖောက်မိသလို ဖြစ်သွားလိမ့်မည်။

ထို့ကြောင့် ဂိုဏ်း၏လူများက သူတို့အား တိတ်တဆိတ်ကာကွယ်ပေးနေကြသည်။

ထို့နောက် သူက ရုတ်ချည်းဆိုသလို မကောင်းသည့်အရာတစ်ခုကို တွေးမိသွားကာ ဝမ်ဝေ့က သူ့ဂိုဏ်းချုပ် အမှတ်အသားပြားကို ထုတ်ပြီး အဆင့်(၅) တာအိုဘိုးဘေးအား သူ့မိဘများအား တိတ်တဆိတ်ကာကွယ်ဖို့ အမိန့်ပေးလိုက်သည်။

ထိုအရာကို ပြီးဆုံးပြီးနောက် သူက ဝမ်ကျူအား ပြန်လွှတ်ကာ အထွတ်အထိပ်အိမ်ငယ်ဆီ အံ့ဖွယ်အသိစိတ်ဖြင့် စစ်ဆေးကြည့်လိုက်သည်။ သူ့အဘိုးက သူ့တာအိုနှလုံးသားကို ပြင်ဆင်ဖို့ သီးသန့်ကျင့်ကြံနေသည်မှာ ကြာမြင့်လှပြီ ဖြစ်သည်။

ဝမ်ဝေ့က အမြဲပြောင်းလဲ တာအိုနှလုံးသားကို ကျင့်ကြံခဲ့သလိုမျိုး အလားတူကိစ္စမျိုးကို ပြင်ဆင်ထားပြီး ထိုအရာများက သူ့အဘိုး၏ တာအိုနှလုံးသားကို ပြန်လည်ပြုပြင်ပေးနိုင်ဖို့ရာ မျှော်လင့်နေမိသည်။ သို့သော် အောင်မြင်ပါ့မလားတော့ မသိပေ။

အကယ်၍ သူ့အဘိုးသာ သူ့နှလုံးသားကို အဆင့်တစ်ခုအထိ ရောက်အောင် မပြုပြင်နိုင်ပါကနေမင်းကိုးပါးဧကရာဇ်ကို အနိုင်ယူမည့် အစီအစဉ်ဖြစ်သည့် တာအိုဘိုးဘေး သို့မဟုတ် ထာဝရအရှင် ဖြစ်လာမည် မဟုတ်ပေ။

အိမ်ငယ်လေးကို စစ်ဆေးကြည့်ပြီးသည့်နောက် အဘိုးက ကျင့်ကြံနေဆဲဖြစ်သည်ကို သတိထားမိပြီးသည့်နောက်တွင် သူကလည်း သီးသန့်ကျင့်ကြံရာထဲ ပြန်လည်ဝင်ရောက်သွားခဲ့သည်။

***

All Chapters