← Chapters

တန့်ယွမ်ဧကရာဇ်

Vol. 41 Ch. 564

တန့်ယွမ်ဧကရာဇ်

Vol. 41 Ch. 564

ဝမ်ဝေ့က ထိုကျွမ်းကျင်အတတ်ပညာဆိုင်ရာ ဘိုးဘေးများသည် ထာဝရဧကရာဇ် မဖြစ်သည်ကို ထူးဆန်းနေခဲ့မိ၏။ အကြောင်းမှာ သူတို့က အသင်္ချေအင်ပါယာကမ္ဘာ၏ ကျင့်ကြံရေးအဖွဲ့အစည်းကို ပြန်လည်တည်ဆောက်ခဲ့သူများဖြစ်၍ ဖြစ်သည်။

ဧကရာဇ်ခုံက ထာဝရဧကရာဇ်အဆင့် ရရှိဖို့အတွက် ကောင်းချီးတချို့ကို လက်ခံခဲ့သောကြောင့် အနည်းဆုံးတော့ ထိုလူများသည်လည်း သူတို့၏ အောင်မြင်မှုကို တိုးမြှင့်နိုင်စေရန် ကောင်းချီးကို လက်ခံခဲ့သင့်ပေသည်။

“ ချင်ကျူးရဲ့ အခြေအနေက နည်းနည်းရှုပ်ထွေးတယ်” ဝူဟုန်က အသေးစိတ်ကို မှတ်မိဖို့ ကြိုးစားရင်း ပြန်ဖြေလိုက်၏။

“ အနီရောင်ဆေးပြင်းမီးဖိုအရှင်က ပါရမီထူးတဲ့ ဆေးဖော်စပ်သူပဲ။ ဒါပေမဲ့ သူမက စံပြအဆင့် ဝင်ရောက်ဖို့ ကြိုးစားရင်း ဒဏ်ရာရရှိသွားတယ်။ အဲဒါကြောင့် သူမက ကုသဖို့တင် မဟုတ်ဘဲ အဆင့်တက်လှမ်းဖို့ ကူညီပေးနိုင်တဲ့ ထူးကဲဆေးလုံးတစ်လုံးကို ဖော်စပ်ဖို့ ဆုံးဖြတ်ခဲ့တယ်”

“ ခဏ … စံပြဖြစ်လာဖို့ မဟာတာအိုအရင်းအမြစ်ရဲ့ ၉၀ရာခိုင်နှုန်းကို လိုအပ်တာပဲ မဟုတ်ဘူးလား”

“ ဘယ်ဟုတ်ပါ့မလဲ။ မသေမျိုးအဆင့် ကျင့်ကြံရေးက ဘယ်လမ်းစဉ်ဖြစ်ဖြစ် မလွယ်ကူဘူး”

“ နမူနာ ပေးလို့ရမလား”

ဝူဟုန်က သူ့အား ကြည့်လိုက်သည်။

“ ဒါက လမ်းကြောင်းလွဲသွားတယ်ဆိုတာ သိပေမဲ့ ကိုယ်သိချင်လို့ပါ”

“ ခဏနေဦး။ ကျွန်မ တွေးကြည့်လိုက်ဦးမယ်။ ကောင်းကင်ဘုံအဆင့်က စိတ်ကြိုက်သက်ရှိကို ဖန်တီးနိုင်ပေမဲ့ တာအိုအုပ်ချုပ်သူတွေကလည်း သူတို့ရဲ့ အတွင်းကမ္ဘာထဲမှာ အဲ့လိုလုပ်နိုင်ကြတယ်။ သူတို့က မဟာတာအိုအရင်းအမြစ်ရဲ့ ပိုမိုမြင့်မားတဲ့ ရာခိုင်နှုန်းကို ရရှိဖို့ သက်ရှိတွေကို လိုအပ်တယ်လေ။ ထာဝရဦးသျှောင်တွေကလည်း သူတို့ကို စုစည်းပြီးတော့ ချီကို သန့်စင်တာမျိုး လုပ်ရတယ်”

“ အဲဒီ၃ခုကြားမှာ ကွာခြားချက်တော့ ရှိတယ်မလား။ ပြောပြပေးလို့ ရမလား”

“ ရှင်က တန့်ယွမ်ဧကရာဇ်အကြောင်း ပိုသိချင်တာ မဟုတ်ဘူးလား”

“ ဟုတ်တာပေါ့။ ဒါပေမဲ့ လက်ရှိခေါင်းစဉ်က ပိုပြီးစိတ်ဝင်စားဖို့ ကောင်းနေတယ်”

“ ဘာဖြစ်ဖြစ်ပါ။ ကောင်းကင်ဘုံအဆင့်က မဟာတာအိုအရင်းအမြစ်ကို နားလည်ဖို့ ကူညီတဲ့သက်ရှိကို ဖန်တီးနိုင်တယ်။ ပြောရမယ်ဆိုရင် ကျင့်ကြံရေးအတွက် လိုအပ်တဲ့အချိန်ကို လျှော့ချပေးတဲ့ အကူအညီ သဘောမျိုးပေါ့”

“ အဲလိုဆိုရင်တောင် ယွမ်ခေတ်ကာလ ကြာမြင့်ဦးမှာပဲမလား။”

“ ဟုတ်တယ်။ အဲဒါကြောင့် ကုသိုလ်၊ ကံကောင်းမှုနဲ့ အမွေအနှစ်တွေက အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာမှာ အရမ်းကို တန်ဖိုးရှိတာပေါ့”

“ ကိုယ် သိပြီ။ တခြားဟာတွေကရော”

“ တာအိုအုပ်ချုပ်သူတွေက သူတို့ရဲ့အတွင်းကမ္ဘာမှာ သက်ရှိကို ဖန်တီးနိုင်ကြတယ်။ ဒါပေမဲ့ အဲဒီသက်ရှိတွေက အတွင်းကမ္ဘာရဲ့ အပြင်ဘက်မှာ ကြာကြာမနေနိုင်ကြဘူး။ အဲဒါကြောင့် တာအိုအုပ်ချုပ်သူအများစုက အဲဒီလူတွေကို သူတို့ရဲ့ အတွင်းကမ္ဘာထဲမှာပဲ ထားလေ့ရှိတယ်”

“ အဲဒါဆိုတော့ လူဦးရေကလည်း အဖိုးတန်တဲ့ အရင်းအမြစ်ပဲပေါ့။ တကယ်ကို ကြောက်စရာပဲ” ဝမ်ဝေ့က ပြောလိုက်သည်။

“ ဟုတ်တယ် ထာဝရဦးသျှောင်တွေက သူတို့ရဲ့ စွမ်းအင်ဗဟိုချက်ထဲမှာ သူတို့ရဲ့ မသေမျိုးနန်းဆောင်ကို ကူညီဖို့ သက်ရှိပုံရိပ်ယောင်ကို ဖန်တီးလို့ရတယ်။ ပုံရိပ်ယောင်ဆိုတာက လူတွေရဲ့ ပုံရိပ်ယောင်တစ်မျိုးပဲ။ သူတို့က စိတ်ကူးယဉ်လူသားလို ပုံလိုမျိုးပေါ့။

စွမ်းအင်ဗဟိုချက်ထဲမှာ အဲဒီလူတွေက တကယ့်အစစ်အမှန်တွေ။ ဒါပေမဲ့ အပြင်ဘက်မှာတော့ သူတို့က မတည်ရှိဘူး။ ပြောရမယ်ဆိုရင် သူတို့က တည်ရှိမှု သဘောတရား မပိုင်ဆိုင်ထားဘူး”

“ ကိုယ် သိပြီ” ဝမ်ဝေ့က ရေရွတ်လိုက်သည် “ အဲဒါဆိုတော့ သူတို့က အဲဒီပြဿနာကို ဖြေရှင်းရမဲ့ နည်းလမ်းရှိမှာပေါ့”

“ ဟုတ်တာပေါ့။ သူတို့က သက်ရှိပုံရိပ်ယောင်ကို လောင်စာပေးဖို့ ဝိညာဉ်တွေကို စုပ်ယူပြီးတော့ သူတို့ရဲ့ လိုအပ်ချက်တွေကို ဖြည့်စည်းရတာပေါ့”

ဝမ်ဝေ့က ခေါင်းအသာယမ်းလိုက်သည်။ ကံနဲ့ ချုပ်နှောင်ခြင်း မခံထားရသည့် မသေမျိုးပုဂ္ဂိုလ်များဖြင့် ထိုဒိုင်မေးရှင်းအမြင့်ရှိ သေမျိုးများ၏ ဘဝက ငရဲထက်ပင် ဆိုးရွားလိမ့်မည်ဟု တွေးကြည့်မိသည်။

“ ရှင် ထင်ထားသလောက်တော့ မဆိုးရွားပါဘူး” ဝူဟုန်က ပြောလိုက်သည် “ သက်ရှိပုံရိပ်ယောင်ဆိုတာက သူတို့ရဲ့ ဖန်တီးသူ အသက်ရှင်နေသရွေ့ မသေမျိုးပဲ။ အဲဒါကြောင့် လူတော်တော်များများက မသေမျိုးဘဝရောက်ရှိနိုင်တဲ့ ပုံစံတစ်မျိုးဆိုပြီးတော့ သူတို့ရဲ့ ဝိညာဉ်ကို လိုလိုလားလား ပေးအပ်ကြတယ်။ ပြီးတော့ တာအိုအုပ်ချုပ်သူရဲ့ အတွင်းကမ္ဘာထဲမှာ နေထိုင်တဲ့သူတွေအတွက်က ဘေးကင်းဖို့နဲ့ အေးဆေးတည်ငြိမ်တဲ့ဘဝကို နေထိုင်ကြတယ်လေ”

ဝမ်ဝေ့က ခေါင်းညိတ်လိုက်သည် “ ကောင်းပြီ။ အဲဒါဆိုတော့ ချင်ကျူးအကြောင်း ပြောပါဦး။ အဲဒါက တန့်ယွမ်ဧကရာဇ်ရဲ့ တကယ့်နာမည်အရင်းဆိုတာတောင် မသိခဲ့မိဘူး။”

“ ကျွန်မ ပြောတာ ဘယ်ရောက်သွားပြီပါလိမ့်။ အော် ဟုတ်သား။ အနီရောင်ဆေးပြင်းမီးဖိုအရှင် … ဆေးလုံးဖော်စပ်ဖို့ နောက်ဆုံးအဆင့်က အသိစိတ်ဝင်လာပြီး သံသရာကို ကြုံတွေ့ဖို့ပဲ။ ဒါပေမဲ့ သူမရဲ့ ပြိုင်ဘက်တစ်ယောက်ဖြစ်တဲ့ သံမဏိဆေးပြင်းမီးဖိုအရှင်က သူမရဲ့ အပြုအမူကို သိပြီးတော့ ဆေးလုံးပြန်ဝင်စားခြင်း ဖြစ်ရပ်မှာ ဝင်ရောက်စွက်ဖက်ခဲ့တယ်။ သူက ဆေးလုံးကို သူ့ဖန်တီးသူနဲ့ သူ့ကံကြမ္မာအကြောင်း သိအောင်လုပ်ခဲ့တယ်။ ရှင် ထင်ထားတဲ့အတိုင်း အဲဒီဆေးလုံးက တန့်ယွမ်ဧကရာဇ်ပဲလေ။”

“ အဲဒါဆိုတော့ ဆေးလုံးအတွက် သူ့ပါရမီကို ရှင်းပြပြီးသား ဖြစ်သွားတာပဲ” ဝမ်ဝေ့က ထပ်ပြောလိုက်သည် “ အဲဒါဆို နောက်ထပ်ဘာဖြစ်သွားလဲ”

“ ချင်ကျူးက ဒိုင်မေးရှင်းအနိမ့်ဆီသွားပြီးတော့ ထပ်ခါထပ်ခါ ဝင်စားပြီးတော့ အနီရောင်ဆေးပြင်းမီးဖိုအရှင်ဆီကနေ ပုန်းအောင်းခဲ့တယ်။ အသင်္ချေအင်ပါယာကမ္ဘာမှာ ပြန်လည်မွေးဖွားလာပြီးတော့ သူက တာအိုကို သက်သေပြပြီး ထာဝရဧကရာဇ်တစ်ယောက်ဖြစ်လာခဲ့တယ်။ အနီရောင်ဆေးပြင်းမီးဖိုအရှင်က သူ့ကို တစ်ရက်ကျရင် သတ်ဖြတ်ဖို့ ဆုံးဖြတ်လိုက်မှာကို စိုးရိမ်ပြီးတော့ သူ့အဆင့်အတန်းကို ဝှက်ထားဖို့ ကြံစည်ခဲ့တယ်လို့ ထင်တာပဲ။

အဲဒါမှ ထာဝရဧကရာဇ်အနေနဲ့ သူက တိတ်တဆိတ် ပြန်အသက်ရှင်လာနိုင်မှာလေ။ အဲဒါကြောင့် သူက သမိုင်းကြောင်းကနေ သတင်းအချက်အလက်ကို ဖျောက်ဖျက်ပြီးတော့ အမှန်တရားကို ကောက်ချက်ချနိုင်မဲ့ နည်းလမ်းကို တားဆီးဖို့ နည်းလမ်းတချို့ ချန်ခဲ့တယ်”

“ မင်းရဲ့လေသံအရ သူ့အစီအစဉ်က မအောင်မြင်ဘူးမလား”

“ ဟုတ်တယ်။ သူ တက်လှမ်းသွားတဲ့အချိန်တုန်းက အနီရောင်ဆေးပြင်းမီးဖိုအရှင်က သူမကို စံပြဖြစ်လာစေတဲ့ ကံအပြောင်းအလဲ အခွင့်အရေးတစ်ခု တွေ့ခဲ့ရတယ်လေ။ ဒါပေမဲ့ သူမရဲ့ ဝိညာဉ်က အဲဒီဆေးလုံးကို ဖော်စပ်ဖို့ အစိတ်အပိုင်းကို အသုံးပြုထားရတော့ မပြီးပြည့်စုံဘူး”

“ အဲဒါဆိုတော့ တန့်ယွမ်ဧကရာဇ်ရဲ့ နောက်ဆုံးဧကရာဇ်က စုပ်ယူခံလိုက်ရတာလား”

“ မဟုတ်ဘူး။ သူက ဉာဏ်ကောင်းပြီးတော့ ကမ္ဘာဦးဟွင်သွမ်းထဲ ထွက်ပြေးပြီး တခြားဟွင်သွမ်းကမ္ဘာထဲမှာ ပုန်းအောင်းတိမ်းရှောင်ခဲ့တယ်။ သူ အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာကို ပြန်ရောက်လာတော့ သူက အဆုံးစွန်မဲ့ စံပြတစ်ယောက် ဖြစ်လာတယ်။”

“သူက အနီရောင်ဆေးပြင်းမီးဖိုအရှင်နဲ့ ရင်ဆိုင်ခဲ့တာလား”

ဝမ်ဝေ့က သာမန်စံပြတစ်ယောက်နှင့် အဆုံးစွန်မဲ့ကြားမှ တိုက်ပွဲသည် များများစားစား မဟုတ်ကြောင်း ခန့်မှန်းမိလေသည်။ သို့သော်လည်း သူက ထိုအကြောင်းအရာနှင့် ပတ်သက်ပြီး မသိသည့်အတွက် မသေချာပေ။

“ မဟုတ်ဘူး” ဝူဟုန်က ပြန်ဖြေလိုက်သည် “ သူတို့က တာအိုလက်တွဲဖော်တွေ ဖြစ်သွားကြတယ်”

“ ရန်သူကနေ ချစ်သူဖြစ်သွားတာလား။ အဲလိုတော့ မတွေးထားမိဘူးပဲ”

“ လူတော်တော်များများလည်း မထင်ထားကြဘူး။ ဒါပေမဲ့ သူတို့နှစ်ယောက်က နာမည်ကျော်ဆေးလုံးဖော်စပ်သူ စုံတွဲဖြစ်လာခဲ့တယ်။ ကျွန်မတောင် သူတို့ဆီကနေ ဆေးလုံးအများကြီး ဝယ်ဖူးပြီးတော့ တန့်ယွမ်ဧကရာဇ်ဆီကနေ သင်္ကေတအကြောင်း သင်ယူခဲ့ရတာ”

ဝမ်ဝေ့က သူ ရရှိထားသည့် သတင်းအချက်အလက်ကို သုံးသပ်လိုက်သည်။

“ အနှစ်သာရဆေးဝါးပညာက အသင်္ချေအင်ပါယာကမ္ဘာမှာ ပင်မအနေနဲ့ ဖြစ်ခဲ့ဖူးတယ်။ တန့်ယွမ်ဧကရာဇ်က ဒိုင်မေးရှင်းအမြင့်မှာ အံ့ဖွယ်သင်္ကေတ ဆေးဝါးပညာကို သင်ယူခဲ့တာလား”

“ သူက အဲ့ကနေ အတွေးတစ်ခု ရခဲ့တာပေါ့။ ဒါပေမဲ့ သူက အဲ့ကနေ တိုက်ရိုက်ယူဆောင်လာတာတော့ မဟုတ်ဘူး။ သူ ဖန်တီးလိုက်တဲ့ အံ့ဖွယ်သင်္ကေတက အံ့ဖွယ်စည်းမျဉ်းအပေါ် အခြေခံထားတာ”

“ သူက တခြားကမ္ဘာ့အသိုက်အဝန်းတွေကို ဖြန့်လိုက်တယ်လို့ ထင်နေတာလား”

“ နဲနဲလောက်ပေါ့။ သူက မထင်ပေါ်ချင်ဘူးလေ။ အဲဒါကြောင့် သူက လုပ်ခဲ့တယ်ဆိုရင်တောင် အဆုံးမဲ့လေဟာနယ်တစ်ခုလုံးအစား တချို့ကိုပဲ ဖြန့်ခဲ့တာ ဖြစ်နိုင်တယ်”

“ အဲဒါတော့ အဓိပ္ပာယ်ရှိသား။ တခြားကျွမ်းကျင်အတတ်ပညာဆိုင်ရာ ဘိုးဘေးတွေကရော ဘယ်လိုလဲ။ သူတို့ကရော ထာဝရဧကရာဇ်ပဲလား”

“ မဟုတ်ဘူး”

“ ဘာလို့လဲ။ သူတို့ရဲ့အောင်မြင်မှု၊ အဲဒီအချိန်က ကံကြမ္မာနဲ့ဆိုရင် ကောင်းကင်တာအိုက သူတို့ကို တိုးတက်မှုတချို့တော့ ပေးမှာလို့ထင်တယ်”

“ အဆောင်နဲ့ လက်နက်ဘိုးဘေးတို့က အရမ်းကို မောက်မာကြတယ်။ သူတို့က ကောင်းကင်တာအိုရဲ့ အကူအညီကို ငြင်းဆန်ပြီးတော့ အတုအယောင် ထာဝရဧကရာဇ်ပဲ ဖြစ်လာကြတယ်။ အစီအရင်ဘိုးဘေးကတော့ တိုးမြင့်မှုကြောင့် အတုအယောင် ထာဝရဧကရာဇ်ဖြစ်လာတယ်”

“ အဲဒါဆို ကိုယ့်ဘိုးဘေးကရော။ သူရော ကုသိုလ်အပေါ် မှီခိုခဲ့သေးလား”

“ မဟုတ်ဘူး။ သူက သူ့ဘာသာသူပဲ မှီခိုခဲ့တာ”

“ ဒါပေမဲ့ သူက ကုသိုလ်အများကြီးတော့ ရလိုက်တယ်မလား”

“ ဟုတ်တယ်။ အဲဒါက မသေမျိုးအဆင့်မှာ တခြားသူတွေထက် မြန်မြန်ဆန်ဆန် ကျင့်ကြံနိုင်စေတယ်လေ။ အဲဒါက ဓားဧကရီအတွက်လည်း အတူတူပဲ”

“ အဲဒါက အဓိပ္ပာယ်တော့ရှိသား။ ကောင်းကင်တာအိုက သူတို့လုပ်ဆောင်တဲ့ မျှခြေကို ချိုးဖောက်တဲ့ စိတ်ခံစားချက်မျိုး ရှိကြတယ်။ အဲဒါကြောင့် သူတို့ရဲ့ စိတ်ခံစားချက်ကို ဖယ်ရှားလိုက်ပြီး စိတ်ခံစားချက် မရှိအောင် သေချာလုပ်ပြီးတော့မှ ကုသိုလ်အများကြီးရတာနေမယ်။” ဝမ်ဝေ့က သုံးသပ်လိုက်သည်။

ဓားဧကရီမှ သူ သိထားသလောက် သူမ၏ စွမ်းအားသည် ယနေ့အထိ တည်ရှိနေဆဲဖြစ်ကာ ကောင်းကင်တာအိုများအား စိတ်ခံစားချက် သို့မဟုတ် အသိဉာဏ်ဝင်လာဖို့ တားဆီးထားဆဲ ဖြစ်၏။

“ အဲဒါက မင်းအတွက်လည်း အတူတူပဲမလား။ မင်းရော မိစ္ဆာမျိုးနွယ်ကို ဖြေရှင်းပြီးတဲ့နောက်မှာ ဘယ်လိုလဲ”

“ ဟုတ်တယ်”

ဝမ်ဝေ့က ရုတ်ချည်းဆိုသလို တစ်စုံတစ်ခုကို တွေးမိသွားကာ မေးလိုက်သည် “ မင်း ခေတ်ကာလတုန်းကရော အကြွင်းမဲ့ ဂုဏ်ကျက်သရေထွန်းလင်းပြောင်မြောက်ဖွယ် ခေတ်ကာလမျိုး ရှိခဲ့ဖူးလား”

“ အဲဒါက ဘာလဲ”

“ ဂုဏ်ကျက်သရေ ထွန်းလင်းပြောင်မြောက်ဖွယ် ခေတ်ကာလက အဆုံးမဲ့လေဟာနယ်အတွင်း ဖြစ်လာတဲ့အခါမှာ ပြိုင်ဘက်ကင်းပါရမီရှင်တွေက နေရာအနှံ့ပေါ်ထွက်လာကြတယ်” သူက သူမအား သူ့ကောက်ချက်ချမှုအကြောင်း ပြောပြလိုက်သည်။

ဝူဟုန်က ခေတ္တမျှ ရပ်တန့်သွားပြီးနောက် ပြောလိုက်၏ “ အခု ရှင်ပြောတော့မှပဲ အဲလိုမျိုး ဖြစ်ခဲ့တဲ့ပုံပဲ။ မိစ္ဆာမျိုးနွယ်က အဆုံးမဲ့လေဟာနယ်ရဲ့ ၉၅ ရာခိုင်နှုန်းကျော်ကို အုပ်စိုးခဲ့တာလေ။ ဒါပေမဲ့ ကျွန်မရဲ့ ခေတ်ကာလတုန်းက သူတို့က ကျဆင်းနေတဲ့ အချိန်ဘက်ကို ရောက်နေပြီ။

ကျွန်မ တခြားကမ္ဘာ့အသိုက်အဝန်းတွေဆီ သွားတုန်းက ခေတ်ကာလရဲ့ သားတော်၊ သမီးတော်လို့ ယူဆနိုင်တဲ့ ပါရမီရှင်အများကြီးနဲ့ တွေ့ဆုံခဲ့ရတယ်။ သူတို့က မိစ္ဆာမျိုးနွယ်ကို ရင်ဆိုင်ဖို့ ကောင်းကင်တာအိုက စီစဉ်ထားတဲ့အရာလိုပဲ။”

ဝူဟုန်က သူမ အသင်္ချေအင်ပါယာကမ္ဘာမှ ထွက်ခွာသွားသည့် အချိန်ကို အမှတ်ရနေဆဲ ဖြစ်၏။ သူမက ထူးကဲသည့် ပါရမီရှင်များနှင့် တွေ့ဆုံခဲ့ပြီး အများစုကို အနိုင်ပိုင်းကာ လူတချို့ဖြင့် မိတ်ဆွေ ဖြစ်လာခဲ့သည်။

ထိုခေတ်ကာလအချိန်ပိုင်းက သူမဘဝတွင် လွတ်လပ်ကာ အမဲလိုက်ခံရမည်ကို စိုးရိမ်စရာာမလိုတော့သည့် ပထမဆုံးအချိန် ဖြစ်၏။ သူမက မိစ္ဆာမင်းသား၏ တပ်မက်မှုကို ခံရသည်မှာ သူမအတွက် ဂုဏ်ယူဖွယ်ဖြစ်သည်ဟု မကြားရတော့သည့်အချိန်ကစ၍ သူမ၏ ယုံကြည်ချက်ကို ပြန်လည်တည်ဆောက်နိုင်ခဲ့သည်။

သူမက ကမ္ဘာ၏ အလေးချိန်သည် သူမအား ဖိနှိပ်နေသည်ဟု မခံစားမိတော့ပေ။ သူမက အဆုံးမဲ့လေဟာနယ်အတွင်း မျိုးနွယ်အများစု၏ ခံစားမှုများကို မျက်မြင်ကိုယ်တွေ့ ကြုံပြီးသည့်နောက်တွင် ခေတ်ကာလ၏ သမီးတော်တစ်ယောက်၏ တာဝန်သည် ဝန်ထုပ်ဝန်ပိုးဟု မခံစားခဲ့ရတော့ဘဲ သူမ လုပ်ဆောင်ရမည့် ရွေးချယ်မှု တစ်ခုသာ ဖြစ်သည်ဟု ခံစားမိလာသည်။ ဤသည်က သူမ တစ်ယောက်တည်း မဟုတ်တော့ကြောင်း သိဖို့ရာ ကူညီပေးခဲ့ခြင်းလည်း ဖြစ်၏။

“ ဟွင်သွမ်းရုပ်ခန္ဓာတွေကို လိုက်လံစုစည်းတဲ့ ကလေးကို အမှတ်ရသေးတယ်။ သူက အကောင်းဆုံးခန္ဓာကိုယ်သန့်စင်ကျမ်းကို ဖန်တီးမယ်ဆိုပြီးတော့ ကြွေးကြော်ခဲ့တာလေ။” သူမက အပြုံးလေးဖြင့် ပြောလိုက်သည်။

“ အဲဒါဆို နဝမ အဆုံးစွန်အုတ်မြစ် ရှိတဲ့သူကိုရော တွေ့ဖူးလား” ဝမ်ဝေ့က ထိုအပြုံးကြောင့် ရင်သပ်ရှုမောဖွယ်ဖြစ်နေရင်း မေးလိုက်သည်။

ဝူဟုန်က မျက်မှောင်ကြုတ်လိုက်ပြီးနောက် မှတ်ဉာဏ်တချို့က စိတ်အတွင်းပေါ်ထွက်လာသည်။

“ ကျွန်မအပြင် ဘယ်သူမှမရှိဘူး”

“ မင်းရော အဲ့အုတ်မြစ် ရှိခဲ့တာလား”

“ အတိအကျတော့ မဟုတ်ဘူး။ ကျွန်မ တိထျန်းရဲ့ ပြန်လည်ဝင်စားမှုကို အနိုင်ယူပြီး သူ့အုတ်မြစ်ကို စည်းပိတ်ပြီးတော့ ကောင်းကင်အလိုဆန္ဒကို မရယူခဲ့ခင်လေးမှာ အဲဒီဟာကို ကျွန်မ ကိုယ်ပိုင်အဖြစ် စုပ်ယူခဲ့တယ်။ ကျွန်မ တက်လှမ်းပြီးတဲ့နောက်မှာ မပြီးပြည့်စုံနဲ့ နဝမအဆုံးစွန်အုတ်မြစ် ရှိတဲ့အကြောင်းကို သိခဲ့ရတယ်လေ။ အဲဒါကြောင့် ပြီးပြည့်စုံနဲ့ ထာဝရဧကရာဇ်တစ်ယောက်ကို အမဲလိုက်ခဲ့တယ်။”

ဝမ်ဝေ့က သူမအား လက်မထောင်ပြလိုက်သည်။

“ အခု ကိုယ်တို့က စကား လမ်းကြောင်းအပေါ် ရောက်နေပြီဆိုတော့ အကြွင်းမဲ့စတင်ခြင်းဧကရာဇ်ကရော ဘာဖြစ်သွားတာလဲ။ သူက အိပ်စက်နေတယ်လို့ ပြောတာဆိုတော့ တစ်ယောက်ယောက်ကများ သူ့ကို သတ်ခဲ့လို့လား”

***

All Chapters