လီထိုက်ရွှမ်း၏ ကံကြမ္မာ
Vol. 41 Ch. 565
“ အကြွင်းမဲ့စတင်ခြင်း ဧကရာဇ်ရဲ့ ဇာတ်ကြောင်းကလည်း နည်းနည်းတော့ ရှုပ်ထွေးတယ်” ဝူဟုန်က ပြောလိုက်သည် “ အရင်ဦးဆုံး သူက ဒိုင်မေးရှင်းအမြင့်ကပဲ။ သူက အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာမှာရှိတဲ့ ထိုက်ယီနက်နဲမုခ်ကနေ ပြုစုပျိုးထောင်ပေးထားတဲ့ ကောင်းကင်ရွေးချယ်ခံတစ်ယောက်ပေါ့”
ဝမ်ဝေ့က မျက်မှောင်ကြုတ်ကာ “ အဲဒါဆိုတော့ ဗုဒ္ဓဘာသာနဲ့ ယုံကြည်မှုနဲ့ သက်ဆိုင်တဲ့ အရာအားလုံးကို မုန်းတီးမှုလွန်ကဲနေတဲ့ အကြောင်းကို ရှင်းပြပြီးသား ဖြစ်သွားပြီ”
“ ရှင် ထင်ထားတာထက်တောင် ပိုမှန်နေသေးတယ်” ဝူဟုန်က ပြောလိုက်သည်။
“ အဲဒါဆိုတော့ လျှို့ဝှက်ချက်တချို့ရှိနေတဲ့ပုံပဲ”
ဝူဟုန်က ခေါင်းညိတ်လိုက်ပြီးနောက် အတွေးများကို စုစည်းကာ ပြောလိုက်သည် “ လီထိုက်ရွှမ်းရဲ့ ဇာတ်ကြောင်းကို နားလည်ဖို့ဆိုရင် သူ့အဖေဖြစ်တဲ့ လီပေါ် ဇာတ်ကြောင်းကို နားလည်ရမယ်။ အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာမှာ ဗုဒ္ဓဘာသာနဲ့ တာအိုဘာသာကြားက တိုက်ပွဲက ဟိုးကတည်းက တည်ရှိခဲ့တဲ့အရာပဲ။ ခေတ်ကာလများစွာ ကြာတဲ့အတိုင်း တာအိုဘာသာက အမြဲလိုလို အရေးသာခဲ့တယ်။ အဲဒါက မေတ္တယျမာတာဗုဒ္ဓ မရောက်ရှိခင် အချိန်အထိပေါ့…
သူမက ဗုဒ္ဓဘာသာရဲ့ အတွေးအခေါ်တွေကို ပြန်လည်အသက်သွင်းပြီးတော့ အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာမှာ ယုံကြည်မှုသဘောတရားကို ဖန်တီးခဲ့တယ်။ သူမကို ဗုဒ္ဓဘာသာဦးဆောင်သူ တစ်ယောက်အနေနဲ့ သတ်မှတ်ထားကြပြီး သူတို့က တာအိုဘာသာကို လွှမ်းမိုးသွားပြီးတော့ အားအကောင်းဆုံးဘာသာတစ်ခု ဖြစ်လာခဲ့တယ်။
ဒါပေမဲ့လည်း အတက်ရှိရင် အကျဆိုတာလည်း ရှိတာပဲ။ တာအိုဘာသာလိုပေါ့။ နှစ်ကာလအများကြီးကြာပြီးတဲ့နောက်မှာ ဗုဒ္ဓဘာသာရဲ့ ကံကောင်းမှုက အထွတ်အထိပ်ကို ရောက်ရှိလာပြီးတဲ့နောက် သူတို့က စတင်ကျဆင်းလာပြီးတော့ တာအိုဘာသာက ပြန်လည်မြင့်တက်လာတယ်။
ပထမဆုံး ဒီအပြောင်းအလဲအတွက် ညွှန်ပြမှုက လီပေါ်ရဲ့ ပေါ်ထွက်လာမှုပေါ့။ သူ ပေါ်ထွက်လာလာချင်း သူက ထိပ်သီးစံပြတစ်ယောက်လေ။ သူက အဆုံးစွန်မဲ့ စံပြတွေကိုတောင် တိုက်ခိုက်နိုင်တယ်။ သူက တကယ့်ကို ပြိုင်ဘက်ကင်းပါရမီရှင် တစ်ယောက်ပဲ။
လီပေါ်က ထိုက်ယီနက်နဲမုခ်ကို ဖန်တီးပြီးတော့ အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာမှာ တာအိုဘာသာရဲ့ တရားဝင်မခံယူထားတဲ့ ခေါင်းဆောင်တစ်ယောက် ဖြစ်လာခဲ့တယ်။ ဒါပေမဲ့ လီပေါ်က ယုံကြည်မှုစွမ်းအားကို မုန်းတီးပြီးတော့ သူ့တာအိုဘာသာထဲမှာ သူ ပြောခဲ့တဲ့အကြောင်းအရာက ယုံကြည်မှုကို အသုံးပြုတာ တားဆီးသင့်တယ်ဆိုတာကိုပဲ”
ဝူဟုန်က ခေတ္တမျှရပ်တန့်လိုက်ပြီးနောက် အဖန်ရည်တချို့ထုတ်ကာ သောက်သုံးလိုက်သည်။ သူမက ဝမ်ဝေ့၏ ထူးထူးဆန်းဆန်း အမူအရာကို လျစ်လျူရှုထားလေ၏။
“ သူ့ရဲ့ ယုံကြည်မှုအပေါ် အတွေးအမြင်က ပြဿနာ ဖြစ်လာစေတာမလား” ဝမ်ဝေ့က မေးလိုက်သည်။
“ ဟုတ်တယ်။ ယုံကြည်မှုစွမ်းအားနဲ့ ပတ်သက်ပြီးတော့ အခြေခံသဘောတရားအရ မှားယွင်းနေတာတော့ မရှိဘူး။ တာအိုဘာသာက ဗုဒ္ဓဘာသာလောက် သက်ရောက်မှုရှိအောင် အသုံးမပြုနိုင်ပေမဲ့ သူတို့ရဲ့ ပြိုင်ဘက်တွေကို ရင်ဆိုင်တဲ့နေရာမှာ ပစ္စည်းကောင်း ဖြစ်နေတုန်းပဲ။”
“ အဲဒါဆိုတော့ အကျိုးဆက်ကရော”
“ တာအိုအင်အားစု တော်တော်များများက သူ့နောက်ကိုလိုက်တာ ရပ်တန့်ဖို့ ဆုံးဖြတ်လိုက်ကြတယ်။ ဒါပေမဲ့ သူတို့က လူနည်းစုပဲ။ ဒါပေမဲ့ လီပေါ်က အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာမှာ ယုံကြည်မှုကို တားမြစ်ဖို့ ကြိုးစားခဲ့တယ်။ ဒါပေမဲ့ လူတချို့က သူ့ကို နေရာသိအောင် လုပ်ခဲ့တယ်လေ။”
“ အဲဒါဆိုတော့ သူက ဗုဒ္ဓဘာသာနဲ့ ရင်ဆိုင်တဲ့ တိုက်ပွဲကို စတင်ခဲ့တယ်ပေါ့”
“ အတိအကျပဲ” ဝူဟုန်က အဖန်ရည်တစ်ငုံ သောက်က ပြန်ဖြေလိုက်သည်။
ထို့ကြောင့် ဝမ်ဝေ့က သူမအတိုင်း လိုက်လုပ်ကာ သူ့ကိုယ်ပိုင်အဖန်ရည်ကို ထုတ်ယူလိုက်၏။ ထို့ကြောင့် နှစ်ဦးသားက အစီအရင်မှတဆင့် ဆက်သွယ်နေရင်း အဖန်ရည်ပွဲအခမ်းအနား ကျင်းပနေကြသည်။
“ လီပေါ်က ယုံကြည်မှုအပေါ် အဲ့လိုခံစားရပေမဲ့ ဗုဒ္ဓဘာသာရဲ့ အဓိကအရေးသာချက်က သူတို့ရဲ့ ပဋိပက္ခတွေ ဖြစ်တယ်ဆိုတာကို သိထားတယ်လေ။ ဒါပေမဲ့ သူ့အနေနဲ့ ဒိုင်မေးရှင်းအမြင့်မှာ ယုံကြည်မှုစွမ်းအားကို တားမြစ်သုတ်သင်ဖို့က ခက်ခဲတယ်။”
“ အဲဒါဆိုတော့ သူက ဒိုင်မေးရှင်းအနိမ့်ကို ပစ်မှတ်ထားခဲ့တာလား”
“ ဟုတ်တယ်။ အဲဒါက လီထိုက်ရွှမ်း … အကြွင်းမဲ့စတင်ခြင်းဧကရာဇ် အသက်ဝင်လာတဲ့နေရာပေါ့။ သူက သူ့အဖေလိုမျိုး ယုံကြည်မှုစွမ်းအားကို မုန်းတီးတယ်လေ။ အဲဒါက သူ ငယ်ငယ်လေးကတည်းက ရိုက်သွင်းထားခဲ့တဲ့ အရာလိုမျိုးပေါ့။ သူ့အမေက ဗုဒ္ဓဘုန်းကြီးတစ်ပါးရဲ့ လက်ထဲမှာ သေဆုံးသွားခဲ့တာလေ။”
“ သနားစရာကောင်းလိုက်တဲ့လူ” ဝမ်ဝေ့က ရေရွတ်လိုက်သည်။
“ အဲ့လိုလည်း မဟုတ်ပါဘူး။ လီပေါ်က သူ့ဇနီးရဲ့ သေဆုံးမှုကို အသုံးချပြီးတော့ သူ့သားကို ဗုဒ္ဓဘာသာအပေါ် မုန်းတီးလာအောင် လုပ်ခဲ့တယ်လို့ ၉၀ရာခိုင်နှုန်း သေချာတယ်။”
“ ရက်စက်လိုက်တာ။ ဒါပေမဲ့ လီပေါ်အကြောင်း သိထားသလောက်အရတော့ မအံ့ဩမိဘူး။” ဝမ်ဝေ့က တစ်စုံတစ်ခုကို အမှတ်ရသွားသည့်အလား ပြန်ဖြေလိုက်သည်။
“ ခဏနေပါဦး။ အဲဒါဆိုတော့ သူ့အမေက မဟာဧကရာဇ်ပဲလား”
“ မဟုတ်ဘူး။ ကောင်းကင်ဘုံအဆင့်”
“ အဲဒါဆိုတော့ အကြွင်းမဲ့စတင်ခြင်းဧကရာဇ်က စံပြတစ်ယောက်နဲ့ ကောင်းကင်ဘုံအဆင့် တစ်ယောက်ရဲ့ သားပေါ့။ အားကျမိပါ့”
သူက အကြွင်းမဲ့စတင်ခြင်းဧကရာဇ်၏ ပါရမီကို စိတ်ကူးကြည့်မိကာ အနည်းငယ်အားကျလာမိသည် “ အဲဒါဆိုတော့ သူ့လိုအမျိုးအစားအတွက်ရော နာမည်ရှိထားလား။”
“ အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာမှာ အဲလိုမျိုး ကောင်းချီးခံကလေးအမျိုးမျိုးရှိတော့ သူတို့က အဲ့လောက်ကြီး မဟုတ်ဘူး။ ဒိုင်မေးရှင်းအနိမ့်ကသာ သူတို့အတွက် သီးသန့်ခွဲခြားနေကြတာ။
အဲဒါကြောင့် ဧကရာဇ်ကလေးငယ်ပဲဖြစ်ဖြစ်၊ ကောင်းကင်ဘုံကလေးငယ်ပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် စံပြကလေးငယ်ပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် သူတို့ကြားက မသေမျိုးသက်ရှိတွေ ပေါင်းစပ်ထားတဲ့ ကလေးငယ်ပဲဖြစ်ဖြစ် သူတို့တွေကို တာအိုရွေးချယ်ခံလို့ ခေါ်တယ်။ သူတို့မွေးဖွားလာကတည်းက တာအိုက ရွေးချယ်ခံထားရတဲ့လူတွေပေါ့”
“ ကိုယ် သိပြီ။ အဲဒါက ရှုပ်ထွေးမှုနည်းအောင် လုပ်လိုက်တာပဲ” ဝမ်ဝေ့က ပြန်ဖြေလိုက်သည်။
“ ဒါပေမဲ့လည်း သူတို့ရဲ့ ပါရမီနောက်ခံကို အားကျမိတုန်းပဲ”
ဝူဟုန်က ထိုကလေးများသည် သူ့စံပြအရည်အသွေးဝိညာဉ်ကို အားကျနေမည်ဖြစ်ကြောင်း ပြောချင်လိုစိတ်ကို ထိန်းချုပ်ထားလိုက်ရသည်။
သူမက ဆက်ပြောလိုက်၏။
“ လီပေါ်က သူ့သားကို ဒိုင်မေးရှင်းအနိမ့်ဆီ လွှတ်ပြီးတော့ ဖျက်ဆီးခိုင်းခဲ့တယ်လေ။ ရှင် သိတဲ့အတိုင်း သူက အောင်မြင်သွားခဲ့တယ်။”
“ အကြွင်းမဲ့စတင်ခြင်း ဧကရာဇ်လုပ်ခဲ့တာက ကပ်ဘေးချီကြောင့်လို့ ထင်နေတာ” ဝမ်ဝေ့က ပြောလိုက်သည်။
“ အဲဒါလည်း ပါဝင်တာပေါ့”
“ လီပေါ်က တကယ့်ကို ဉာဏ်များတယ်။ သူက မေတ္တယျမာတာဗုဒ္ဓကို အကွက်ကျကျ ကြံစည်ထားခဲ့တာ။ သူတို့ရင်ဆိုင်တိုက်ခိုက်မှုအတွင်း သူက နည်းလမ်းတချို့နဲ့ ယုံကြည်မှုစွမ်းအား တန်ပြန်သက်ရောက်မှုတစ်ခုကို ဖန်တီးခဲ့တယ်။ တန်ပြန်သက်ရောက်မှုက မေတ္တယျမာတာဗုဒ္ဓ၏ စိတ်ကို နှစ်ပိုင်းကွဲသွားစေပြီးတော့ သူ့မရဲ့ ဗုဒ္ဓအခြမ်းရယ်၊ မိစ္ဆာအခြမ်းရယ်ဆိုပြီးတော့ ဖြစ်ပေါ်လာစေတယ်။
သူမက အဲဒီပြဿနာနဲ့ ရင်ဆိုင်နေတုန်း လီပေါ်က တာအိုဘာသာကို ဖွံ့ဖြိုးအောင် လုပ်ပြီးတော့ ကိစ္စအများကြီး စီစဉ်ထားခဲ့တယ်။ ကံဆိုးတာက ဗုဒ္ဓဘာသာရဲ့ ဦးဆောင်သူတစ်ယောက်အနေနဲ့ မေတ္တယျမာတာဗုဒ္ဓက သူတို့အားလုံး စုစည်းထားတဲ့ ယုံကြည်မှုတွေအားလုံးကို ဆက်နွယ်ထားတယ်လေ။ ဒိုင်မေးရှင်းအနိမ့်ကဆိုရင်တောင်ပေါ့။
သူမရဲ့ မိစ္ဆာဘက်ခြမ်းက ဗုဒ္ဓဘုန်းကြီးတွေအပေါ် သက်ရောက်မှု ဖြစ်လာစေတယ်။ ဒိုင်မေးရှင်းအမြင့်ကလူတွေက အဲဒီလွှမ်းမိုးမှုကို ဖြတ်တောက်ဖို့ နည်းလမ်းရှိကြတယ်ဆိုပေမဲ့ ဒိုင်မေးရှင်းအနိမ့်ကလူတွေအတွက်တော့ အဲ့လိုမဟုတ်ခဲ့ဘူး”
“ အဲဒါကြောင့် သူတို့က ယုံကြည်မှုတွေ ရူးရူးမူးမူး စုစည်းပြီးတော့ မဆင်ခြင်နိုင်လောက်အောင် ရူးသွပ်ကုန်ကြတာလား”
“ ဟုတ်တယ်” ဝူဟုန်က ပြောလိုက်သည် “ သူမက သူတို့ကို အနောက်ပိုင်းကောင်းချီးကုန်းမြေကို ဖန်တီးပြီးတော့ ကူညီပေးခဲ့တယ်။ သူမကို သိထားသလောက် သူမသာ စိတ်အခြေအနေမှန်နေမယ်ဆိုရင် ဒီလိုအရာမျိုးလုပ်မှာ မဟုတ်ဘူး”
ဝမ်ဝေ့က သက်ပြင်းချကာ “ ဒါက အားကောင်းတဲ့ သက်ရှိတွေနဲ့ ဆက်နွယ်နေတဲ့အခါ သေမျိုးတွေရဲ့ ကံကြမ္မာများလား”
မေတ္တယျမာတာဗုဒ္ဓသည် ယုံကြည်မှုခေတ်ကာလ၏ ဖန်တီးခြင်းနှင့် ဖျက်ဆီးခြင်းအတွက် တာဝန်ရှိသူဟု ပြော၍ ရပေသည်။
“ အဲ့လိုပြောလို့ရတယ်”
“ အဲဒါဆိုတော့ နောက်ထပ်ဘာဖြစ်သွားလဲ”
“ အစစ်အမှန် ကောင်းကင်တာအိုက မေတ္တယျမာတာဗုဒ္ဓကို ဒိုင်မေးရှင်းတစ်လျှောက်လုံး လွှမ်းမိုးနိုင်စွမ်းရှိတာကို မလိုချင်ဘူးလေ။ အဲဒါကြောင့် သူက ဗုဒ္ဓဘုန်းကြီးတွေအပေါ် ကပ်ဘေးချီကို ထားရှိပြီး သူတို့ရဲ့ အသိဉာဏ်နဲ့ ဆုံးဖြတ်မှုတွေကို လျော့ကျသွားစေပြီး ရူးသွပ်မှုကို တိုးမြင့်လာအောင် လုပ်ခဲ့တာ။
အဲဒီအပြုအမူက တခြားမျိုးနွယ်စုတွေနဲ့ အင်အားတွေရဲ့ အမုန်းတရားကို တိုးမြှင့်ပေးလိုက်တာပဲ။ အဲဒါကြောင့် သူတို့က ပူးပေါင်းသွားကြတယ်။ နောက်ဆုံးတော့ ကပ်ဘေးချီတချို့က လီထိုက်ရွှမ်းရဲ့ ဘက်ကိုလည်း အမှားအယွင်းမရှိအောင် လုပ်ပေးခဲ့ကြတယ်လေ။ နှမြောစရာကောင်းတာက သူက အမုန်းတရားက နက်ရှိုင်းလွန်းနေပြီဆိုတာပဲ”
“ အဲဒါဆိုတော့ သူက ယုံကြည်မှုစွမ်းအားနဲ့ ဆက်နွယ်နေတဲ့ နတ်ဘုရားမျိုးနွယ်နဲ့ တခြားမျိုးနွယ်တွေကိုပါ သုတ်သင်ခဲ့တာလား။”
“ အဲလိုဖြစ်နိုင်တယ်”
“ အခု သူ့အတွက်တောင် စိတ်မကောင်းမိဘူး။” ဝမ်ဝေ့က ပြောလိုက်သည်။ သူက အမှန်တကယ် ပြောသည်လား၊ မပြောသည်လားတော့ သူသာလျှင် သိလိမ့်မည်။
“ အဲဒါဆို သူ့သေခြင်းတရားကို ဘယ်အရာက ဖြစ်စေခဲ့တာလဲ”
“ လီထိုက်ရွှမ်းက နောက်ဆုံးတော့ တက်လှမ်းလာခဲ့တယ်။ သူ့အဖေရဲ့ ဂရုစိုက်မှုအောက်မှာ သူက အဆုံးစွန်မဲ့ စံပြတစ်ယောက်ဖြစ်လာခဲ့တယ်လေ။ ဒါပေမဲ့ မေတ္တယျမာတာဗုဒ္ဓက သူမရဲ့ မိစ္ဆာဘက်အခြမ်းကို ဖြေရှင်းပြီးသွားပြီ။ သူမက လီထိုက်ရွှမ်းကို သတ်နိုင်ခဲ့တယ်။
လီပေါ်အတွက်တော့ သူက တာအို… အဲဒီလူရဲ့ အကွက်ချပြီး သတ်ဖြတ်မှုကို ခံခဲ့ရတယ်။ ကျွန်မ သူ့နာမည်ကို ပြောလို့မရဘူး။ မဟုတ်ရင် သူ သိသွားလိမ့်မယ်။”
ဝူဟုန်က သူ့နာမည်ကို မပြောရဲသည်မှာ သူမ၏ ပင်မခန္ဓာကိုယ်က အထွတ်အထိပ်တွင် ရှိနေစဉ်အခါကပင် ထိုလူ၏ နာမည်ကို ပြောသည့်အခါ အတော်လေး ဂရုစိုက်ရသည်။
“ အခု ကိုယ် ပိုပြီးတော့ သိချင်မိသွားပြီ”
“ ရှင် သိထားဖို့လိုတာက လီပေါ်ကို သတ်ပြီးတဲ့နောက်မှာ နောက်ထပ် လူတစ်ယောက်က တာအိုဘာသာရဲ့ ဦးဆောင်သူဖြစ်လာတယ်ဆိုတာပဲ။ သူက လီထိုက်ရွှမ်းကို မေတ္တယျမာတာဗုဒ္ဓရဲ့ လက်ထဲကနေ လုံးဝပျက်သုဉ်းသွားခြင်းကို ကာကွယ်ပေးခဲ့တယ်။ သူက အဲဒီလူရဲ့ မှော်စွမ်းအားနဲ့ ဒိုင်မေးရှင်းအနိမ့်ကို ထိန်းထားချင်လို့လေ။”
“ အဲဒါဆိုတော့ ဗုဒ္ဓဘာသာနဲ့ တာအိုဘာသာကြားက ရလဒ်ကရော ဘယ်သူနိုင်သွားလဲ။”
“ လက်ရှိကတော့ သူတို့နှစ်ဖက်ကြားမှာ မျှခြေညီနေတယ်။ ပြောရရင် တချို့ကိစ္စတွေမှာ သူတို့က တွဲဖက်အနေနဲ့တောင် ယူဆလို့ရတယ်။ ဒါပေမဲ့ အခြေအနေကို သေချာသုံးသပ်ကြည့်မယ်ဆိုရင်တော့ တာအိုဘာသာက အင်အားအရ အရေးသာပြီးတော့ ဗုဒ္ဓဘာသာကတော့ ဂုဏ်သတင်းအရ ကျော်စောတယ်။”
“ အဲဒါဆိုတော့ တစ်ဖက်က အင်အားရှိပြီးတော့ တစ်ဖက်က လူတွေကိုးကွယ်ခြင်းကို ခံရတယ်ပေါ့”
“ ရှင် အဲလိုပြောလို့ရပါတယ်”
ဝမ်ဝေ့က ခေါင်းညိတ်လိုက်ပြီးနောက် သူ ရရှိထားသည့် သတင်းအချက်အလက်များကို သုံးသပ်ကြည့်လိုက်သည်။ ဖုန်းဟွမ်က ဗုဒ္ဓဘာသာကို ဒိုင်မေးရှင်းအနိမ့်တွင် ပြန်လည်အသက်ဝင်အောင် လုပ်ဖို့ နယ်ရုပ်တစ်ရုပ်မျှသာ ဖြစ်ကြောင်း ခံစားမိလိုက်သည်။ သူက အနာဂတ်ဗုဒ္ဓကိုယ်ကို လက်ခံလိုက်ရပြီဖြစ်၍ ထိုကစားပွဲအတွင်း ဝင်ရောက်သွားကာ ဘက်တစ်ခု ရွေးချယ်ပြီးသားဖြစ်သွားလေသည်။
ဘာဖြစ်ဖြစ် အချိန်ကျလာတဲ့အခါ ဒီပြဿနာကို ဖြေရှင်းရမှာပဲ….
“ အသင်္ချေအင်ပါယာကမ္ဘာက ဒိုင်မေးရှင်းအနိမ့်နဲ့ ဒိုင်မေးရှင်းအမြင့်ကို သက်ရောက်မှု ဖြစ်စေပြီးတော့ ကမ္ဘာ့အပြောင်းအလဲ ဖြစ်ရပ်တွေမှာ ပါဝင်နေတယ်လို့ အမြဲလိုလို ခံစားမိနေတယ်။”
“ ရှင် ပြောတာမှန်တယ်။ အဲဒါက ရှင့်ရဲ့ ဘိုးဘေး ဧကရာဇ်ချီယွမ်ကြောင့်လေ”
***