တိထျန်း၏ စိုးရိမ်သောက
Vol. 41 Ch. 569
တိုင်ကိုးလုံးက မျှော်လင့်တကြီးအမူအရာမျိုး ဖြစ်ပြီးနောက် နောင်တရသည့် အရိပ်အယောင်မျိုး ထွက်ပေါ်လာသည်။ သူက သူ့အိပ်မက် ပြီးမြောက်ဖို့ရာ ကြာကြာမနေနိုင်တော့ကြောင်း သိလိုက်၏။ သို့သော်လည်း သူက ထိုအရာသည် ဖြည်းဖြည်းချင်း ဖြစ်လာမည်ဖြစ်ကြောင်း သိသည်ကို ကျေနပ်မိသည်။
သူက တိထျန်းအား ကြည့်လိုက်ပြီးနောက် ခေါင်းတလားစွမ်းအားကို ထိန်းချုပ်ကာ ကန့်သတ်ချက် ချိုးဖောက်ရေးကိရိယာအပေါ် အသုံးပြုလိုက်သည်။ သူက ခေါင်းတလားကို အသုံးပြုကာ မိစ္ဆာနတ်ဘုရားဆီမှ အဖိုးတန်ရတနာဖြင့် ထွက်ပြေးလွတ်မြောက်ခဲ့သည်။ အချိန်ကြာမြင့်လာပြီးသည့်နောက်တွင် သူ့ရန်သူက အသက်ရှင်သန်ပြီး ယခင်ထက်ပင် ပိုမိုအားကောင်းလာကြောင်း သိလိုက်ရသည်။
ထို့ကြောင့် သူက မိစ္ဆာနတ်ဘုရားအား ဤကန့်သတ်ချက် ချိုးဖောက်ရေးကိရိယာကို အာရုံခံစားမိခြင်းမှ ကာကွယ်ဖို့ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားခဲ့သည်။ တိုင်ကိုးလုံးက ရတနာနှစ်ခုအား ကိုယ်ပွားဆီ ပေးအပ်ကာ လက်ဝှေ့လိုက်သည်။ ထို့နောက် ချက်ချင်းဆိုသလို တိထျန်း၏ ကိုယ်ပွားက တကယ့်ခန္ဓာကိုယ်ရှိနေသည့် တောင်ရှေ့တွင် ပေါ်ထွက်လာ၏။
ထိုစဉ် တိုင်ကိုးလုံး၏ အကြည့်က ဒိုင်မေးရှင်းအမြင့်ဆီ ရောက်ရှိသွားကာ သူ့ဆရာနှင့် ဂိုဏ်းကို စစ်ဆေးကြည့်လိုက်သည်။ ထင်ထားသည့်အတိုင်း သူတို့အားလုံး ပျောက်ကွယ်သွားကြလေပြီ။ သူက သက်ပြင်းချပြီးနောက် ခေါင်းအသာယမ်းလိုက်၏။
သူက ခေါင်းတလားကို သူ့ဂိုဏ်းအတွက် ထားခဲ့ချင်မိသော်လည်း ဒိုင်မေးရှင်းအမြင့်အကြောင်း သင်ယူထားသလောက် သူတို့က ဤသို့သော ရတနာမျိုးကို သိမ်းဆည်းထားနိုင်မည် မဟုတ်ပေ။ ထို့ကြောင့် သူက ထိုအရာနှင့် အတူတူ ပျောက်ကွယ်သွားဖို့သာ ဆုံးဖြတ်လိုက်၏။
သူ့စွဲလမ်းမှုကို ဖယ်ရှားပြီးသည့်အခါ မည်သည့်အရာကမှ သူ့အား အသက်ရှင်သန်ဖို့ စိတ်စွဲနေခြင်း မရှိတော့ပေ။ထို့ကြောင့် တိုင်ကိုးလုံးနှင့် ခေါင်းတလားတို့က ကမ္ဘာကြီးမှာ တစ်ခါမှ မတည်ရှိဖူးသကဲ့သို့ ပျောက်ကွယ်သွားကြသည်။
……………..
အသင်္ချေအင်ပါယာကမ္ဘာ၊ အနောက်ပိုင်းကျားဖြူကုန်းမြေ
စည်းပိတ်ထားသည့်တောင်အတွင်း တိထျန်းက ကန့်သတ်ချက် ချိုးဖောက်ရေးကိရိယာအား ကြည့်ရင်း အတွေးနက်နေမိသည်။
ငါ ဘာလုပ်သင့်လဲ။ ဘယ်ဟာက မှန်ကန်တဲ့ ရွေးချယ်မှုလဲ။
ထိုမေးခွန်းများက သူ့စိတ်ထဲ ပဲ့တင်ထွက်ပေါ်လာကာ အတွေးအားလုံးကို စိုးမိုးထားလေသည်။
ကိုယ်ပွား၏ မှတ်ဉာဏ်များမှတဆင့် သူသည် အခြေအနေကို သုံးသပ်ကာ အရေးပါသည့် ဆုံးဖြတ်ချက်ကို ချရမည်ဖြစ်ကြောင်း သဘောပေါက်လိုက်သည်။ ကန့်သတ်ချက်ချိုးဖောက်ရေး ကိရိယာကို ယခု စုပ်ယူရမည်လား သို့မဟုတ် တိုင်ကိုးလုံး၏ စည်းတံဆိပ်ကို ဖယ်ရှားပြီးတဲ့အထိ စောင့်ဆိုင်းရမည်လား။
ဝမ်ဝေ့ကို ငါ့ပြိုင်ဘက်အနေနဲ့ဆိုရင် ဒီမျိုးဆက်မှာ ကောင်းကင်အလိုဆန္ဒကို အနိုင်ယူနိုင်ပါ့မလား မသေချာဘူး။ အဲဒါကြောင့် ငါ တာအိုကို သက်သေပြဖို့ ကန့်သတ်ချက် ချိုးဖောက်ရေးကိရိယာကို လိုအပ်နေနိုင်တယ်။
သူက တာအိုကို သက်သေပြဖို့ရာ တခြားကမ္ဘာ့အသိုက်အဝန်းကို သွားဖို့ တစ်ခါမှ မစဉ်းစားဖူးပေ။ မဟာဧကရာဇ်တိုင်းက သူတို့တာအိုသက်သေပြသည့် ကမ္ဘာနှင့် ထူးခြားသည့် ဆက်နွယ်မှုမျိုး ရှိတတ်ကြပြီး သူက နဉ်အာကို ပြန်လည်အသက်သွင်းဖို့ရာ ထိုဆက်နွယ်မှုကို လိုအပ်နေသည်။
သူက အသင်္ချေအင်ပါယာကမ္ဘာမှ ပစ္စည်းနှင့် စည်းမျဉ်းများကို အသုံးပြု၍ သူမအား ဖန်ဆင်းခဲ့သည်။ ထို့ကြောင့် သူမက သူ့ကမ္ဘာထဲ အမှတ်အသားတစ်ခု ရှိနေသည်။ ထိုအမှတ်အသားအတွက် အရေးပါမှု၏ နမူနာအနေဖြင့် သူမသည် ထိုအရာကို အသုံးပြုကာ နှစ်များစွာကြာ စိတ်ဝိညာဉ်အဖြစ် နေထိုင်နိုင်ခဲ့သည်။
အကယ်၍ တိထျန်းသာ တခြားကမ္ဘာတွင် တာအိုကို သက်သေပြပါက သူမကို အသက်ပြန်သွင်းမည့် အစီအစဉ်က ကျရှုံးသွားနိုင်သလို အနည်းဆုံး အသင်္ချေအင်ပါယာကမ္ဘာမှ သူမ၏ အမှတ်အသားကို မရနိုင်သည့်အတွက် အဆရာချီ ပိုမိုခက်ခဲလာနိုင်သည်။
တိထျန်းက သူ့ရှေ့တွင် မျောလွင့်နေသည့် ခရမ်းရောင်သတ္တုလုံးအား ကြည့်ကာ သူ့အကြည့်များက ရှုပ်ထွေးသည့် ခံစားချက်မျိုး ဖြတ်ပြေးသွားသည်။
တစ်ဖက်မှာ ငါက တာအိုကို သက်သေပြပြီး သူမကို အသက်ပြန်သွင်းနိုင်တယ်။ ဒါပေမဲ့ သူမက ငါ့ရဲ့ ပြီးပြည့်စုံတဲ့ နဉ်အာ ဖြစ်နေမလား။ ဒါမှမဟုတ် သူမနဲ့ တူတဲ့ တစ်ယောက်ယောက် ဖြစ်နေမလား…
အကယ်၍ နောက်တစ်ခုဖြစ်နေလျှင် တိထျန်းက မည်သို့ခံစားရမည်ကို သူ့ဘာသာသူ မေးကြည့်လိုက်သည်။ သူက အဖြေကို မသိပေ။ သိလည်း မသိလိုပေ။ ကန့်သတ်ချက် ချိုးဖောက်ရေးကိရိယာဖြင့် သူက အဖြေကို မရှာနိုင်ပေ။
သူ့နဉ်အာက ဖန်တီးမှုထဲ အပြီးပြည့်စုံသော သက်ရှိ ဖြစ်လာလိမ့်မည်။ ထို့နောက် အရာအားလုံးက ပုံမှန်ပြန်ဖြစ်သွားလိမ့်မည်။
ကြည့်ရတာ ဝမ်ဝေ့က ဒသမအဆုံးစွန်ကို ရောက်မှာ မဟုတ်ဘူး။ ငါ့လက်ရှိစွမ်းအားနဲ့ဆိုရင် ငါက အနိုင်ရနိုင်သေးတယ်…
သူက သူ့ကိုယ်သူ ထိုအရာက အမှန်တရားဟု အယုံသွင်းချင်မိသည်။ တိုင်ကိုးလုံးလို အားကောင်းသည့်လူအတွက် ထိုနည်းလမ်းကို ရှာဖွေဖို့ ယွမ်ခေတ်ကာလများစွာ အသုံးပြုခဲ့ရသည်။ အဖြေရှာတွေ့ပြီးသည့်နောက်တွင် သူက သေဆုံးသွားခဲ့၏။ ထို့ကြောင့် လက်ရှိအနေအထားအရ ဝမ်ဝေ့ပင် ကျရှုံးနိုင်ချေ မြင့်မားလေသည်။
သို့သော် သူက ရန်သူကို အထင်မသေးသင့်ကြောင်း ကောင်းကောင်းသိထားလေသည်။ အထူးသဖြင့် ဝမ်ဝေ့လိုလူမျိုးကို ဖြစ်၏။
တိထျန်းက အသက်ပြင်းပြင်းရှူကာ သေသေချာချာ စဉ်းစားကြည့်လိုက်သည်။
ငါ့မှာ ရွေးချယ်စရာနှစ်ခု ရှိတယ်။ ဒသမအဆုံးစွန်ကန့်သတ်ချက်ကို ချိုးဖောက်ဖို့ နည်းလမ်းကို ငါ့ဘာသာငါ ရှာပြီးတော့ ကန့်သတ်ချက်ချိုးဖောက်ရေး ကိရိယာကို နဉ်အာအပေါ် အသုံးပြုတာမျိုး ဒါမှမဟုတ် နောက်ထပ် ကန့်သတ်ချက်ချိုးဖောက်ရေး ကိရိယာ ဒါမှမဟုတ် တူညီတဲ့အရာကို ရှာတာမျိုး …
သူက ထိုရွေးချယ်စရာနှစ်ခုကို သုံးသပ်ပြီးသည့်နောက်တွင် မည်သည့်အရာကမှ အကျိုးအကြောင်း မသင့်ပေ။ တိထျန်းက ဉာဏ်ကောင်းသော်လည်း ကန့်သတ်ချက်ကို ချိုးဖောက်နိုင်သည့် ကိရိယာကို ရှာဖွေဖို့ရာ အသိဉာဏ် မကြွယ်ဝကြောင်း သိထားသည်။ ထို့ကြောင့် ထိုသို့သော အရာမျိုးက စိတ်ကူးနိုင်စွမ်းနှင့် ဖန်တီးနိုင်စွမ်းတို့ လိုအပ်လေသည်။ ထိုအရာများက ဝမ်ဝေ့၏ အရေးသာချက် ရှိနေသည့်အရာဖြစ်ပြီး သူ့တွင် မပိုင်ဆိုင်ထားပေ။
ဒုတိယရွေးချယ်စရာက သူ့ဇနီးသာ အချိန်တစ်ခုအတွင်း ပြန်လည်အသက်မသွင်းနိုင်လျှင် ပြဿနာဖြစ်လာလိမ့်မည်။
မဖြစ်သေးဘူး။ ငါက ရွေးချယ်စရာ မလိုဘူး။ ငါက တာအိုကို သက်သေပြဖို့ ကန့်သတ်ချက် ချိုးဖောက်ရေးကိရိယာကို အသုံးပြုလို့ရတယ်။ အဲဒီနောက် နဉ်အာရဲ့ အမှတ်အသားတွေကို စုစည်းပြီးတော့ သူမကို ချက်ချင်းအသက်ပြန်မသွင်းသေးဘဲ ငါ ဒိုင်မေးရှင်းအမြင့်ကို သွားပြီးတော့ သူမကို ပြီးပြည့်စုံစွာ အသက်ပြန်သွင်းနိုင်မဲ့ နည်းလမ်းကို ရှာဖွေရမယ်…
သူက တိုင်ကိုးလုံးဆီမှ ကမ္ဘာကြီးသည် မည်မျှကျယ်ပြန့်ကြောင်း သင်ယူခဲ့ရသည်။ ထို့ကြောင့် ကန့်သတ်ချက်ချိုးဖောက်ရေး ကိရိယာတစ်ခုတည်း ရှိမည်ဟု မထင်မိပေ။ ထို့ကြောင့် သူက မည်မျှလုပ်ဆောင်ရစေကာမူ သို့မဟုတ် မည်မျှကြာမြင့်စေကာမူ သူ လိုချင်သည့်အရာကို ရှာဖွေဖို့ ဆုံးဖြတ်ထား၏။
အစီအစဉ် ချမှတ်ပြီးသည့်နောက်တွင် တိထျန်းက သူ့စိတ်သည် ဖွင့်ဟလိုက်သလိုမျိုး၊ မုန်တိုင်းပြီးနောက်တွင် တိမ်မည်းများ ပျောက်ကင်းသွားသလိုမျိုး လန်းဆန်းလာသည်။ သူက ကမ္ဘာကြီးသည် ပိုမိုတောက်ပလာကာ သူ့ ရည်မှန်းချက်အသစ် ရှိလာကြောင်း ခံစားမိလိုက်သည်။
ထို့နောက် သူ့နှုတ်ခမ်းအထက်တွင် ရှားပါးသည့် အပြုံးမျိုး ပေါ်ထွက်လာသည်။ သူက တုံ့ဆိုင်းခြင်း မရှိဘဲ ကန့်သတ်ချက် ချိုးဖောက်ရေး ကိရိယာကို သန့်စင်ပြီး ဧကရာဇ်တစ်ပိုင်းအဆင့် ဝင်ရောက်ပြီးသည့်နောက်တွင် ပေါင်းစပ်ဖို့ ပြင်လိုက်သည်။
…………………………………
အလယ်ပိုင်းချီလင်ကုန်းမြေ၊ တာအိုအခွင့်အလမ်းဂိုဏ်း
ဝူဟုန်က မျက်မှောင်ကြုတ်ကာ တွေ့ရှိခဲ့သည့်အရာကို နက်နက်နဲနဲ စဉ်းစားနေလေ၏။ သူမအား ချောင်းကြည့်သည့်သူကို မည်သူလဲဟု မှတ်ဉာဏ်များကို ပြန်လည်ရှာဖွေနေသော်လည်း သူ့အကြောင်း မမှတ်မိပေ။
သူမက ထိုသို့အားကောင်းသည့် ထာဝရကောင်းကင်ဘုံအဆင့်ကို မသိသည်မှာ မူမမှန်ပေ။ အထူးသဖြင့် ဒိုင်မေးရှင်းအနိမ့်တွင် နေထိုင်သူ ဖြစ်၏။ ဝူဟုန်က သူမ၏ ပျောက်ဆုံးနေသော မှတ်ဉာဏ်များကြောင့် ဖြစ်လိမ့်မည်ဟု မထင်မိပေ။
ဒီအချိန်စက်ဝန်းက အရမ်းများပြောင်းလဲသွားလား…
ဖြစ်ပျက်မလာသင့်သည့် ကိစ္စများစွာက ဖြစ်ပျက်လာခဲ့သည်။ ကောင်းကင်လှည့်ဖျားရေး စစ်ဆေးမှုသည် ယခင်အချိန်စက်ဝန်းတွင် တစ်ခါမှ ပေါ်ထွက်မလာခဲ့ပေ။ လက်ရှိကောင်းကင်ရွေးချယ်ခံ အများစုကလည်း ဤမျှ အားမကောင်းကြပေ။
ထိုအရာထဲတွင် ထုံရို့ပင်း၊ ရှုရှစ်နှင့် ဟို့ဖုန်းဟွမ်တို့ပင် အပါအဝင် ဖြစ်၏။ ယခင်အချိန်စက်ဝန်းတွင် လင်းဖန်နှင့် ကျီစုန့်တို့က ကောင်းကင်အလိုဆန္ဒတိုက်ပွဲအထိ အသက်ရှင်သန်ခဲ့ကြသည်။
ထားလိုက်ပါတော့။ ကိစ္စတော်တော်များများက ငါ သတိထားမိအောင် ပြောင်းလဲသွားတာပဲ။ ဘာပဲဖြစ်ဖြစ် ပိုကောင်းဖို့အတွက် ပြောင်းလဲလာတာ…
“ တစ်ခုခုဖြစ်လို့လား” ဝမ်ဝေ့က မေးလိုက်သည်။
“ မဟုတ်ဘူး။ တစ်ယောက်ယောက် ချောင်းကြည့်နေတာကို ခံစားမိလိုက်လို့”
“ အို ဘယ်သူများလဲ”
“ အလွန်အားကောင်းပြီး ပါရမီကောင်းတဲ့ ကောင်းကင်ဘုံအဆင့်ပဲ”
“ သူ ဘာလိုချင်တယ်ဆိုတာကို သိလား”
“ မဟုတ်ဘူး။ သူက ရှင့်ကို စစ်ဆေးကြည့်တဲ့ပုံပဲ”
ဝမ်ဝေ့က ခေါင်းညိတ်လိုက်သည်။ ဝူဟုန်က သူ့အား စိုးရိမ်ဖို့ရာ ဘာမှမပြောသည့်အတွက် သိပ်ဂရုမစိုက်ပေ။
“ နှမြောစရာပဲ” ဝူဟုန်က သက်ပြင်းချကာ ပြောလိုက်၏။
“ ဘာလို့လဲ”
“ အဲဒီလူက ကြာကြာအသက်ရှည်နိုင်မှာ မဟုတ်ဘူး။ ဒီလိုမျိုး ပါရမီရှိတဲ့လူတစ်ယောက် သေဆုံးသွားတာ နှမြောဖို့ကောင်းတယ်”
“ မင်းက သူ့ကိုဒီလောက်ထိ ချီးကျူးနေတယ်ဆိုတော့ သူက တကယ်ကို ထူးချွန်တာပဲ ဖြစ်ရမယ်။” ဝမ်ဝေ့က ရုတ်ချည်းဆိုသလို တစ်စုံတစ်ခု တွေးမိသွားရင်း ပြန်ဖြေလိုက်သည်။
“ ကောင်းကင်ဘုံအဆင့်က ကိုယ်တို့ကို ကိုယ်လုံးတီးမြင်သွားတာကို ဘာလို့ စိတ်ကြွသွားမိပါလိမ့်။ ကိုယ်က အဲလိုမျိုး မဖွယ်မရာ ပြရတာကို သဘောကျတတ်တဲ့သူလား” ဝမ်ဝေ့က အနည်းငယ် စိတ်ရှုပ်ထွေးစွာဖြင့် ပြောလိုက်သည်။
“ စမ်းကြည့်ကြတာပေါ့” ဝူဟုန်က အပြုံးလေးဖြင့် ပြောလိုက်သည်။ ထို့နောက် သူမက လက်ဝှေ့ကာ အခန်းအား ပုံရိပ်ယောင်များနှင့် ပြုလုပ်ထားသည့် လူများနှင့် ပြည့်နှက်နေသည့် ပြခန်းတစ်ခုအသွင် ပြောင်းလဲလိုက်သည်။ နောက်ဆုံးတွင် သူမက သူ့အပေါ် ရောက်ရှိလာ၏။
ဝမ်ဝေ့က ထိုကြည့်ရှုသူများကို ကြည့်လိုက်သည်။ သူ့အကြည့်များက လင်းလက်တောက်ပသွားပြီး ပုံရိပ်ယောင်များကို ခေတ်သစ်အပြင်အဆင်ဖြင့် ကင်မရာများက သူတို့ကို ရိုက်ကူးနေသကဲ့သို့ ပြောင်းလဲလိုက်သည်။ ထို့နောက် သူက လုပ်လက်စကို လုပ်ဆောင်လိုက်၏။
ရက်အနည်းငယ်ကြာမြင့်ပြီးသည့်နောက်တွင် ဝမ်ဝေ့က အခန်းမှ ထွက်လာကာ ယခင်ထက်ပင် ပိုမိုပျော်ရွှင်ကာ လန်းဆန်းတက်ကြွနေသည်။ သူက အဖန်ရည်တချို့ ကျိုချက်ပြီး လက်ရှိပျော်ရွှင်မှု ခံစားချက်ကို မြှင့်တင်လိုက်သည်။
ထို့နောက် သူက ဝမ်ကျူအား ဆက်သွယ်ဖို့ စံအိမ်၏ ပင်မအခန်းဆီ ဦးတည်လိုက်သည်။ သို့သော်လည်း သူက ထွက်လာသည့်အခါ တစ်စုံတစ်ခုကို အမှတ်ရသွားသည်။ သူက ခေါင်းဆောင်းပုံရိပ်အကြောင်းကို ဝူဟုန်အား ထုတ်ပြောဖို့ မေ့လျော့နေခဲ့၏။
ငါ သတိလက်လွတ် ဖြစ်သွားတာပဲ…
သူက တွေးလိုက်မိသည်။ သူက သူမနှင့် အချိန်များစွာ ကုန်ဆုံးခဲ့သည့်အတွက် ထိုခေါင်းဆောင်းပုံရိပ်၏ စွမ်းအားက သူ့အပေါ် ထပ်မံ အလုပ်ဖြစ်လာခဲ့သည်။ သူက အဆောင်တစ်ရွက်ကို ထုတ်ကာ သူမနှင့် ဆက်သွယ်လိုက်သော်လည်း တုံ့ပြန်မှုမရှိသည့်အတွက် သူမက ကျင့်ကြံနေပြီဖြစ်ကြောင်း သိလိုက်ရသည်။
သူက ခေါင်းအသာယမ်းလိုက်ပြီးနောက် ယခုမှစ၍ ပိုမိုသတိထားဖို့ရာ ဆုံးဖြတ်လိုက်သည်။ ထို့နောက် သူက ဝမ်ကျူနှင့် သွားရောက်တွေ့ဆုံလိုက်၏။
“ ကိစ္စတွေက ဘယ်လိုလဲ”
“ သခင်လေး ညွှန်ပြထားတဲ့အတိုင်း အရာအားလုံးက ချောချောမွေ့မွေ့ ဖြစ်နေပါတယ်။ ကျွန်မတို့တွေ မဟာမိတ်အဖွဲ့နဲ့ ပင်လယ်မျိုးနွယ်ကို စောင့်ကြည့်ထားပေမဲ့ ဘာမှမထူးခြားသေးပါဘူး”
“ သူတောင်းစားအိုကြီးကရော ဘယ်မှာလဲ။ သူ့ကို ရှာတွေ့ပြီလား”
“ ကံဆိုးတာက ရှာမတွေ့သေးဘူး။ ဒါပေမဲ့ ကျွန်မတို့တွေ အရှေ့ပိုင်းကုန်းမြေမှာ ပင်ကိုရတနာရဲ့ အငွေ့အသက်တစ်ခု ထွက်ပေါ်လာတဲ့သတင်းကို ရလိုက်ရတယ်။ ကျွန်မတို့ စုံစမ်းစစ်ဆေးမှုအရ အဲဒီအရာက သူတောင်းစားအိုကြီးနဲ့ ပတ်သက်နေတယ်ဆိုပြီး ကောက်ချက်ချထားတယ်”
“ အဲဒါဆိုတော့ သူ အောင်မြင်သွားပြီပဲ” ဝမ်ဝေ့က ရေရွတ်လိုက်သည်။ သူက သူတောင်းစားအိုကြီးကို ဂမ္ဘီရမှတဆင့် မရှာနိုင်တော့ပေ။
“ အဲဒါဆိုရင် သူ့ကို သိပ်အာရုံစိုက်ဖို့ မလိုဘူး” သူက အမိန့်ပေးလိုက်သည်။ သူ တာအိုကို သက်သေပြပြီးသည့်နောက်တွင် သူတောင်းစားအိုကြီးက အရေးပါလာလိမ့်မည်။ ထိုအခါ ထိုလူက ဘယ်နေရာတွင် ပုန်းပုန်း သူက လိုက်လံရှာဖွေနိုင်၏။
ဝမ်ဝေ့က ဝမ်ကျူနှင့် စကားစမြည်ပြောပြီးသည့်နောက်တွင် သူမအား ပြန်လွှတ်လိုက်သည်။ ထို့နောက် ချက်ချင်းဆိုသလို သူက လီကျွင်းဆီမှ ဆင့်ခေါ်စာ ရရှိလိုက်သည်။
တစ်ယောက်ကငါ့ကို တွေ့ချင်တာလား…
***