နတ်ဘုရားဘုရင်
Vol. 41 Ch. 570
လီကျွင်း ပို့ထားသည့် ကိစ္စများကို စဉ်းစားပြီး သတင်းအချက်အလက်များကို ဖတ်ရှုပြီးသည့်နောက်တွင် ဝမ်ဝေ့က စစ်ဆေးမှုဆီ ပြန်လာရန် ဆုံးဖြတ်လိုက်သည်။ သူက ပြန်မလာခင် သူ့မိဘများ၏ သေမျိုးတစ်ဖန်၊ ဂိုဏ်းနှင့် တခြားအရာများကို အရင်ဦးဆုံး စစ်ဆေးကြည့်ခဲ့သည်။
သူက သူ့စံအိမ်ထဲတွင် တစ်စုံတစ်ဦး စောင့်ဆိုင်းနေသည်ကို မြင်လိုက်ရသည်။
“ သခင်လေးလျန့် တွေ့ရတာ ဝမ်းသာပါတယ်” ဝမ်ဝေ့က ထိုင်ကာ မေးလိုက်သည်။ သူ့ရှေ့မှလူသည် ကိုယ်ပွားသာ ဖြစ်ကြောင်း သိသော်လည်း ထိုလူ၏ သတိထားမှုကို စိတ်ထဲမထားပေ။
“ တွေ့ရတာဝမ်းသာပါတယ်” လျန့်ရှစ်ရှန်းက ပြောလိုက်သည် “ ဒါနဲ့ အခုလို အနှောင့်အယှက်ပေးမိတာ အားနာပါတယ်။ စိတ်ထဲမထားဖို့ မျှော်လင့်ပါတယ်”
“ ကိစ္စမရှိပါဘူး။ တွေ့ရတာကို ဝမ်းသာမိပါတယ်” ဝမ်ဝေ့က ပြောလိုက်ပြီးနောက် နှစ်ဦးသားက စစ်ဆေးမှုအကြောင်း၊ တခြားပြိုင်ပွဲဝင်များနှင့် ဒိုင်မေးရှင်းအမြင့်မှ ကောင်းကင်ရွေးချယ်ခံများ ရောက်ရှိလာသည်ကို မည်သို့ မျှော်လင့်နေကြောင်း စကားစမြည်ပြောခဲ့ကြသည်။
“ ဒါနဲ့ သခင်လေးဝမ်ဝေ့က နတ်ဘုရား ဒါမှမဟုတ် နတ်မျိုးနွယ်အကြောင်းကို ကြားဖူးလား” လျန့်ရှစ်ရှန်းက နောက်ဆုံးတွင် ထုတ်မေးလာသည်။ သူက ဝမ်ဝေ့သည် သူ့ ရည်ရွယ်ချက်အကြောင်း မေးလိမ့်မည်ဟု ထင်ထားခဲ့မိကာ ထိုမေးခွန်းအား အသုံးပြုကာ သူ့ရည်မှန်းချက်ကို ဖော်ပြခဲ့သော်လည်း ထိုသူက အမှန်တကယ် စကားပြောရတာကို နှစ်ခြိုက်နေပုံပေါ်၏။
လျန့်ရှစ်ရှန်းက ထိုအရာသည် အမှန်မဖြစ်ကြောင်း သိထားလေသည်။ ပြိုင်ဘက်က စကားဝိုင်းတစ်လျှောက်လုံးကို လွှမ်းမိုးလို၏။ သူက တစ်စုံတစ်ခုလိုအပ်သည့်အတွက် လျန့်ရှစ်ရှန်းက ကွေ့ဝိုက်ပြောမနေဖို့သာ ဆုံးဖြတ်လိုက်သည်။
“ အကြွင်းမဲ့စတင်ခြင်းဧကရာဇ်ရဲ့ လက်ထဲမှာ သူတို့တွေ ခံစားခဲ့ရတဲ့ ကပ်ဆိုးအကြောင်းကိုတော့ ကြားထားပါတယ်”
“ ဟုတ်ပါတယ်။ ကျုပ်က နတ်မျိုးနွယ်ကပါ”
“ အော် ခင်ဗျားတို့မျိုးနွယ်က ကံကောင်းတာပဲ”
“ ခင်ဗျား ကြည့်ရတာ အံ့ဩသွားပုံမပေါ်ဘူးပဲ”
“ ခင်ဗျား ဝိညာဉ်ရဲ့ သန္ဓေပြောင်းမှုက ယုံကြည်မှုနဲ့ ဆက်နွယ်နေတာကို မြင်တုန်းက မှန်းဆမိခဲ့တာ” ဝမ်ဝေ့က ပြန်ဖြေလိုက်သည်။
“ ဒါပေမဲ့ အဲဒါက ကျုပ်က ယုံကြည်မှုသက်ဆိုင်တဲ့ ကျင့်ကြံရေးနည်းစနစ်ကို ကျင့်ကြံနေတာလည်း ဖြစ်နိုင်တာပဲလေ”
“ ယုံကြည်မှုကို အသုံးပြုတဲ့လူတွေကို တွေ့ဖူးပါတယ်။ သူတို့က ခင်ဗျားလောက် သန့်စင်တဲ့ အရှိန်အဝါမျိုး မရှိဘူး။ အကြွင်းမဲ့စတင်ခြင်းဧကရာဇ်က ဗုဒ္ဓဘာသာကို လုံးဝ ပျက်သုဉ်းအောင် မလုပ်ခဲ့တဲ့အချက်အပြင် နတ်မျိုးနွယ်ဝင်တချို့ အသက်ရှင်သန်ခဲ့တဲ့ အကြောင်းကို မှန်းဆဖို့ သိပ်မခက်ခဲပါဘူး။ အဲဒါကြောင့် ထင်မြင်ချက်တချို့ပဲ ရှိခဲ့ပေမဲ့ အခုမှ သေချာသွားမိတာ”
လျန့်ရှစ်ရှန်းက မျက်မှောင်ကြုတ်ကာ စဉ်းစားလိုက်ပြီး ထိုစကားဝိုင်းမှ သတင်းအချက်အလက်တချို့ကို သုံးသပ်လိုက်သည်။ သူက အသင်္ချေအင်ပါယာကမ္ဘာ၏ တစ်စုံတစ်ခုသည် အကြွင်းမဲ့စတင်ခြင်းမှော်စွမ်းအားကို သက်ရောက်စေကာ နတ်မျိုးနွယ်ကို ကမ္ဘာတွင် ပြန်လည်ပေါ်ထွက်လာစေခဲ့ကြောင်း သိလိုက်မိသည်။
ယခင်က သူသည် သက်သေ မရှိကာ မသေချာခဲ့ပေ။ သို့သော် ယခုတွင် သူ့ရှေ့မှ လူသည် ထိုအရာအတွက် တာဝန်ရှိသူ သို့မဟုတ် တစ်စုံတစ်ခု သိထားသူ ဖြစ်နေနိုင်၏။
“ ခင်ဗျားက ပြောတာမှန်တယ်။ ကျုပ်တို့တွေ မပျက်သုဉ်းခင်တုန်းက ဒိုင်မေးရှင်းအမြင့်ကနေ ကျုပ်တို့မျိုးနွယ်ကို ကယ်တင်ပြီး စည်းပိတ်ထားဖို့ အကူအညီ ရရှိခဲ့တယ်။ ကျုပ်တို့တွေက အကြွင်းမဲ့စတင်ခြင်းမှော်စွမ်းအားကြောင့် အပြင်ဘက်မှာတော့ မပေါ်ထွက်နိုင်ကြဘူး။ ဒါပေမဲ့ လတ်တလောမှာ တချို့အဖွဲ့ဝင်တွေက ထွက်သွားနိုင်တယ်ဆိုတာကို သတိပြုမိခဲ့ကြတယ်။”
“ အခု နတ်မျိုးနွယ်က ခင်ဗျားတို့အဖွဲ့ဝင်တချို့ကို တခြားကမ္ဘာအသိုက်အဝန်းတွေမှာ တာအိုကို သက်သေပြပြီး ကျန်တဲ့သူတွေအားလုံးကို စည်းပိတ်ထားတာကနေ လွှတ်ပေးချင်ကြတာမလား” ဝမ်ဝေ့က မေးလိုက်သည်။
“ ဟုတ်ပါတယ်”
“ ဒါနဲ့ ခင်ဗျားက ဘယ်လိုနတ်ဘုရားအမျိုးအစားလဲ”
“ ကျုပ်က ဒုတိယမျိုးဆက် နတ်ဘုရားပါ။ အဲဒါကြောင့် မြစ်နတ်ဘုရားနဲ့ မိုးကြိုးနတ်ဘုရားပါ။ ဒါပေမဲ့ ကျုပ်ရဲ့ ကျင့်ကြံရေးအရတော့ ဝိညာဉ်နတ်ဘုရားပါ”
“ ဒုတိယမျိုးဆက်လား” ဝမ်ဝေ့က ထိုအသုံးအနှုန်းကို လျှို့ဝှက်မှတ်တမ်းခန်းမှာ တစ်ခါမှ မသိခဲ့ရပေ။
“ ခင်ဗျား အဲဒါကို မသိတာက နားလည်လို့ ရပါတယ်။ ဒီအသုံးအနှုန်းက ကပ်ဘေးပြီးတဲ့နောက်မှာ ခေတ်စားလာခဲ့တာလေ” လျန့်ရှစ်ရှန်းက ပြောလိုက်သည်။
“ ပထမမျိုးဆက် နတ်ဘုရားတွေက ယုံကြည်ကိုးကွယ်မှုကနေ မွေးဖွားလာတဲ့သူတွေပေါ့။ သူတို့က အမြဲလိုလို အစွမ်းက တစ်ခုပဲ ရှိတတ်ကြပြီးတော့ လူတွေ ကိုးကွယ်တဲ့အပေါ်မှာ မူတည်ကြတယ်။ ဒုတိယမျိုးဆက်နတ်ဘုရားတွေကကျတော့ နတ်နှစ်ပါးကနေ မွေးဖွားလာကြတာ။ သူတို့က သူတို့မိဘတွေရဲ့ စွမ်းရည်ကို အမွေဆက်ခံနိုင်တယ်”
“ တကယ်ကို အံ့ဩစရာပါပဲ။ အဲ့ဒါက ကွာခြားချက်ရော ရှိသေးလား”
“ ရှိတာပေါ့။ ပထမမျိုးဆက်နတ်ဘုရားတွေက သူတို့အစွမ်းနဲ့ မသက်ဆိုင်တဲ့ စည်းမျဉ်းကို ကျင့်ကြံဖို့ အခက်အခဲ ဖြစ်ကြတယ်။ တကယ်တော့ အများစုက ကြိုးတောင် မကြိုးစားကြည့်ကြဘူး” လျန့်ရှစ်ရှန်းက အနည်းငယ် နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။
“ ဒုတိယမျိုးဆက် နတ်ဘုရားတွေကကျတော့ ပိုမိုလွတ်လပ်ပြီးတော့ သူတို့ရဲ့ ကိုးကွယ်မှုနဲ့ ကန့်သတ်ခြင်း မခံရဘူး။ အဲဒါကြောင့် နယ်ခြားစည်းမျဉ်းတွေကို ပိုမိုနားလည်ဖို့ လွယ်ကူလာစေပြီးတော့ အစွမ်း နှစ်မျိုး ရှိတတ်ကြပြီးတော့ ပိုမိုအားကောင်းလာစေတယ်”
“အဲဒါဆိုတော့ အဲဒီကြားမှာ ပဋိပက္ခတော့ ဖြစ်လာမယ်တူတယ်”
“ အဟုတ်ပါပဲ” လျန့်ရှစ်ရှန်းက ပြောလိုက်သည်။ ဒုတိယမျိုးဆက်နတ် ဘုရားများသည် ပထမမျိုးဆက်ထက် ပိုမိုပါရမီထူးကာ အားကောင်းကြသည်။ မည်သို့ပင်ဆိုစေကာမူ ပထမမျိုးဆက်က လူဦးရေအရ အများဆုံး ဖြစ်နေဆဲဖြစ်၏။
ဤအခြေအနေ၏ အဓိအကြောင်းအရင်းက စည်းတံဆိပ် ဖြစ်သည်။ ပထမမျိုးဆက် နတ်ဘုရားများက သက်တမ်းအရင့်ဆုံးဖြစ်ကာ အများစုက ပျက်သုဉ်းခြင်းအချိန်မှ အသက်ရှင်သန်ခဲ့ကြသည်။ ဒုတိယမျိုးဆက်နတ်ဘုရားကမူ စည်းပိတ်ထားသည့် ကမ္ဘာအတွင်း နေထိုင်ပြီးသည့်နောက်တွင် သူတို့၏ လူဦးရေကို မယ်မယ်ရရ မတိုးပွားနိုင်ခဲ့ပေ။
ထို့ကြောင့် သူတို့က ငယ်ရွယ်သော်လည်း အင်အား မရှိပေ။ ပထမမျိုးဆက်က မသေမျိုးအဆင့် ပုဂ္ဂိုလ်များစွာ ရှိနေသော်လည်း ဒုတိယမျိုးဆက်ကမူ စည်းပိတ်ထားသည့်ကမ္ဘာအတွင်း မသေမျိုး ဖြစ်မလာနိုင်ကြပေ။
သူတို့တွင် ရှိထားသည့် မသေမျိုးအဆင့် ပုဂ္ဂိုလ်က ကပ်ဘေးမတိုင်ခင် တည်ရှိသည့် ရှားပါးသော ဒုတိယမျိုးဆက် နတ်ဘုရားဖြစ်ပြီး ကပ်ဘေးတွင် အသက်ရှင်သန်ခဲ့သူလည်း ဖြစ်သည်။ သို့သော် အများစုက ရှေးကျကာ ပထမမျိုးဆက်နှင့် အမြင်အတူတူ ရှိတတ်ကြသည်။
ကံကောင်းစွာဖြင့် ဒုတိယမျိုးဆက်ကသာ စည်းပိတ်ထားသည့်ကမ္ဘာမှ ထွက်လာနိုင်ကြသည်။ တစ်စုံတစ်ယောက်က တာအိုကို သက်သေပြသည်နှင့် အင်အားက သူတို့ဘက်သို့ ယိမ်းသွားလိမ့်မည်။
“ အဲဒါကို ကျုပ်ကို ဘာလို့ ဒါတွေအကုန်လုံးကို ပြောပြနေရတာလဲ” ဝမ်ဝေ့က လျန့်ရှစ်ရှန်းသည် သူတို့မျိုးနွယ်၏ ပဋိပက္ခများကို မပြောချင်ကြောင်း သတိထားမိ၍ မေးလိုက်သည်။
“ ခင်ဗျားရဲ့ အကူအညီကို လိုလို့ပါ”
လျန့်ရှစ်ရှန်းက စာအုပ်တစ်အုပ်ကို ထုတ်ကာ ဝမ်ဝေ့အား ထုတ်ပေးလာသည်။
ဝမ်ဝေ့က ထိုအရာကို စစ်ဆေးကြည့်ပြီးသည့်နောက် ဖတ်ရှုလိုက်သည်။
အကြံကောင်းပဲ။ ငါ ဘာလို့ ဒါကို တစ်ခါမှ တွေးမကြည့်ခဲ့မိပါလိမ့်။ ဒါက ငါ့အခြေအနေအတွက် သင့်တော်တယ်…
ဝမ်ဝေ့က တွေးလိုက်မိသည်။
“ စတုတ္ထမြောက် မသေမျိုးလမ်းစဉ်ကို ဖန်တီးချင်တာလား”
“ ဟုတ်ပါတယ်။ ဧကရာဇ်လမ်းစဉ်၊ တာအိုလမ်းစဉ်နဲ့ ထာဝရလမ်းစဉ်အပြင် ဝိညာဉ်လမ်းစဉ်ကလည်း ဖြစ်နိုင်တယ်လို့ ယုံကြည်ထားတယ်။ ထာဝရအရှင်၊ တာအိုဘိုးဘေးလိုမျိုး ကျုပ်က နတ်ဘုရားဘုရင်ကို ဖန်တီးချင်တယ်”
“ စိတ်ဝင်စားစရာပဲ။ ဒီအတွေးအခေါ်ကို သဘောကျတယ်။ ဒါနဲ့ ကျုပ်ဆီ ဘာလို့ရောက်လာတာလဲ”
“ အဲဒီလမ်းစဉ်ကို ဖန်တီးဖို့ ခင်ဗျားရဲ့ အကူအညီကို လိုအပ်တယ်။ ခင်ဗျားရဲ့ စစ်ဆေးမှုကို စောင့်ကြည့်နေခဲ့တာ။ ဝိညာဉ် စစ်ဆေးမှုပဲဖြစ်ဖြစ်၊ စိတ်စွမ်းအား စစ်ဆေးမှုပဲ ဖြစ်ဖြစ် ခင်ဗျားက သူတို့နှစ်ခုလုံးမှာ ထူးချွန်နေတာထက် ပိုတယ်”
“ ခင်ဗျား ကျုပ်ဆီ ဘာလို့လာတယ်ဆိုတာကိုတော့ နားလည်ပါပြီ။ ဒါပေမဲ့ ခင်ဗျားဘာသာခင်ဗျား ဘာလို့ မဖန်တီးရတာလဲ သိချင်မိတယ်”
“ တကယ်လို့ ကျုပ်သာ တတ်နိုင်တယ်ဆိုရင် ခင်ဗျားဆီ လာပြီးတော့ အကူအညီတောင်းပါ့မလား”
“ ဟုတ်တာပေါ့။ ခင်ဗျားရဲ့ ကြိုးစားမှုအပေါ် မူတည်ပြီးတော့ တာအိုကို သက်သေပြပြီးတဲ့နောက်မှာ ဒီလမ်းစဉ်ကို ဖန်တီးနိုင်မှန်း သိသာပါတယ်”
လျန့်ရှစ်ရှန်းက တိတ်ဆိတ်သွားပြီးနောက် “ ကျုပ်က ဧကရာဇ် မဖြစ်ချင်ဘူး”
“ တဆိတ်လောက်”
“ ခင်ဗျား ကြားတဲ့အတိုင်း ကျုပ်က ဧကရာဇ်လမ်းစဉ်ကို စက်ဆုပ်တယ်။ နောက်ဆုံးအနိုင်ရရှိတဲ့သူဖြစ်ဖို့ ဂူထဲမှာ ပိတ်မိနေတဲ့ အဆိပ်ကူကောင်လိုမျိုး ဘာလို့ ပြိုင်ဆိုင်နေရမှာလဲ။ ကောင်းကင်တာအိုရဲ့ ရက်စက်တဲ့ ကစားပွဲမှာ ပါဝင်ဖို့ ငြင်းဆန်တယ်။ အဲဒါကြောင့် ကျုပ်ရဲ့ ရည်မှန်းချက်က ဧကရာဇ်လမ်းစဉ်အထက် လမ်းကြောင်းတစ်ခုကို ဖန်တီးဖို့ပဲ”
“ ခင်ဗျား ဘယ်လိုခံစားရတယ်ဆိုတာကို နားလည်ပြီးတော့ ခင်ဗျားရဲ့ ယုံကြည်ချက်ကိုလည်း လေးစားပါတယ်။ ဒါပေမဲ့ ခင်ဗျားရဲ့ အပြုအမူတွေက အချည်းနှီး ဖြစ်မယ်ဆိုတာကိုတော့ နားလည်တယ်မလား” ဝမ်ဝေ့က ပြောလိုက်သည်။
“ အဆုံးမဲ့လေဟာနယ်က ဧကရာဇ်တွေ လွှမ်းမိုးနေတဲ့ နေရာပဲ။ အဲဒါကြောင့် တခြားအရာတွေကို တင်းတင်းကြပ်ကြပ် ချုပ်ကိုင်ထားတယ်။ ခင်ဗျားက ဝိညာဉ်လမ်းစဉ် ဖန်တီးနိုင်တယ်ဆိုရင်တောင် တခြားဘယ်သူကမှ ဧကရာဇ်ရဲ့ အကူအညီ မရှိဘဲ နတ်ဘုရားဘုရင် ဖြစ်မလာနိုင်ကြဘူး။ ခင်ဗျား အပါအဝင်ပေါ့”
“ ကျုပ် သိပါတယ်။ အဲဒါကြောင့် ကျုပ်က ကောင်းကင်လှည့်ဖျားရေး အသက်ရှည်ကျမ်းကို ရယူပြီးတော့ ကောင်းကင်တာအိုကို လှည့်ဖျားပြီး ကျုပ်ကို ထာဝရအဆင့် ကျင့်ကြံသူဖြစ်အောင် လုပ်ချင်တာ”
“ အဲဒါက မဖြစ်နိုင်မှန်း ခင်ဗျား နားလည်သင့်ပါတယ်။ မဟုတ်ရင် ဒီကျမ်းက အရမ်းကို အဖိုးတန်နေမှာပေါ့။ ကုရွှမ်ကလည်း အဲလောက်ကြီး အသက်ရှည်နေမှာ မဟုတ်ဘူး”
လျန့်ရှစ်ရှန်းက သက်ပြင်းချကာ “ ကျုပ် သိပါတယ်။ ကျုပ်က ကျုပ်ကိုယ်တိုင် ဧကရာဇ်ဖြစ်လာမဲ့အစား ဧကရာဇ်တစ်ယောက်ရဲ့ အကူအညီနဲ့ နတ်ဘုရားဘုရင် ဖြစ်လာဖို့ ရွေးချယ်တယ်”
ဝမ်ဝေ့က ခေါင်းအသာယမ်းကာ ပြောလိုက်သည် “ ခင်ဗျားဘယ်လိုပဲလုပ်လုပ် ခင်ဗျားအတွက် အကောင်းဆုံးရလဒ်က ထာဝရဧကရာဇ်ကို သတ်နိုင်စွမ်းရှိတဲ့ ဆန့်ကျင်နတ်ဘုရားဘုရင် ဖြစ်လာဖို့ပဲ။ အဆုံးသတ်မှာ ခင်ဗျားရဲ့ ဝိညာဉ်လမ်းစဉ်က တာအိုနဲ့ ထာဝရလမ်းစဉ်ကြား ရှိနေလောက်တယ်”
“ အဲ့လိုလည်း မဟုတ်ဘူး။ ကျုပ် တွေးထားတဲ့ နည်းလမ်းအရ နတ်ဘုရားဘုရင်တွေက သူတို့ရဲ့ ခန္ဓာကိုယ်ထဲမှာ မသေမျိုးနန်းဆောင်လို့ ခေါ်တဲ့ အရာကို ဖန်တီးပြီးတော့ မဟာတာအိုအရင်းအမြစ်ရဲ့ စွမ်းအားကို ငှားယူမယ်”
“ အဲဒါဆိုရင်တော့ ခင်ဗျားက အတွေးများနေတာပဲ။ ကောင်းကင်တာအိုက ဝိညာဉ်လမ်းစဉ်နဲ့ ပတ်သက်ပြီးတော့ ကန့်သတ်ထားပြီးတော့ တခြားလမ်းစဉ်တွေနဲ့ ယှဉ်လို့ရမှာ မဟုတ်ဘူး။ ခင်ဗျားအနေနဲ့ အကောင်းဆုံးလုပ်နိုင်တာက တခြားလမ်းစဉ်တွေရဲ့ စွမ်းအားကို ရရှိနိုင်တဲ့ ဆန့်ကျင်ကျင့်စဉ်တစ်ခုကို ဖန်တီးဖို့ပဲ။ ဒါပေမဲ့ အဲ့လိုကျင့်စဉ်မျိုးက ဝိညာဉ်လမ်းစဉ်အရ အခြေခံကျမှာ မဟုတ်ဘူး”
“ ဒါက ဘယ်လိုလုပ် မျှတမှာလဲ” လျန့်ရှစ်ရှန်းက အံကြိတ်ကာ ပြောလိုက်၏။
“ မျှတပါတယ်။ ဧကရာဇ်ဆိုတာက အဲဒီသုံးခုရဲ့ ပေါင်းစပ်ထားမှုပဲ။ မဟာဧကရာဇ်တွေက အားကောင်းတဲ့ ဝိညာဉ်မျိုး ရှိပြီးတော့ မဟာတာအိုအရင်းအမြစ်ကို တိုက်ရိုက်ထိန်းချုပ်နိုင်တယ်။ သူတို့ရဲ့ တာအိုခန္ဓာကိုယ်က မြင့်မားတဲ့ စွမ်းအင်ပုံစံတွေကို ခံနိုင်ရည်ရှိကြတယ်။ သူတို့ကသာ စွမ်းအင်အကြောင်း လုံလုံလောက်လောက် နားလည်သရွေ့ အရင်းအမြစ်ချီ နေရာကို သွားပြီးတော့ ရှာဖွေနိုင်သလို တိုက်ရိုက်လည်း အသုံးပြုနိုင်ကြတယ်”
လျန့်ရှစ်ရှန်းက အေးစက်စက်သရော်ကာ “ ကျုပ်က ကောင်းကင်တာအိုရဲ့ ရုပ်သေးရုပ်ဖြစ်လာဖို့ ငြင်းဆန်တယ်။ ကျုပ်က ဧကရာဇ်လမ်းစဉ်ကို စက်ဆုပ်တဲ့အချက်က ဘာမှပြောင်းလဲသွားမှာ မဟုတ်ဘူး”
ဝမ်ဝေ့က ပုခုံးတွန့်လိုက်သည်။ သူက သူသည်လည်း ကောင်းကင်အလိုဆန္ဒ လုပ်ဆောင်ပုံကို သဘောမကျပေ။ သို့သော်လည်း တစ်ခါတစ်ရံတွင် စည်းမျဉ်းများ မလုပ်ဆောင်ခင် ကစားပွဲကို ကစားရမည်ဖြစ်ကြောင်း နားလည်လေသည်။
ကောင်းကင်တာအိုအထက်ရှိ မဟာတာအိုတို့က ကျင့်ကြံရေးကမ္ဘာ၏ စည်းမျဉ်းများကို ဖော်ညွှန်းကြသည်။ သို့သော် သူသာ လုံလုံလောက်လောက် အားကောင်းသရွေ့ စည်းမျဉ်းများကိုဖော်ဆောင်နိုင်သည်။ ယခု သူသာ ထိပ်ဆုံးသို့ ရောက်ရှိသွားပြီး ထိုနှစ်ခုအား စည်းမျဉ်းများ အသုံးပြု၍ မဖိနှိပ်နိုင်ကြောင်း သဘောပေါက်သွားခဲ့လျှင် ကိုယ့်လမ်းကြောင်းကိုယ် ဆက်လျှောက်မည်ဖြစ်၏။
သို့သော် ယခုတွင် သူက ထိုအချက်ကို သက်သေပြနိုင်မည့် သက်သေဟူ၍ မရှိသေးပေ။ သူ့ ကျင့်ကြံရေးခရီးလမ်း သို့မဟုတ် ရည်မှန်းချက်များက ရှုပ်ထွေးအောင် လုပ်ဖို့ မလိုအပ်ပေ။
“ ခင်ဗျားကို တားတာတော့ မဟုတ်ဘူး။ ခင်ဗျား မျှော်လင့်ထားတဲ့အရာတွေကို ပျက်သုဉ်းသွားနိုင်တဲ့ အရာတချို့ကို ထောက်ပြရုံပါပဲ”
လျန့်ရှစ်ရှန်းက တည်ငြိမ်စွာဖြင့် “ ကျုပ် နားလည်ပါတယ်”
“ ဒါနဲ့ မေးခွန်းမေးရအောင်။ နောက်ထပ် မေးခွန်းတစ်ခုက ခင်ဗျားက အဆင့် (၁၁) နဲ့ (၁၂) အတွက် နာမည်ရော ရှိထားလား”
“ အဆင့် (၁၁) နဲ့ (၁၂)လား”
“ မဟာဧကရာဇ်၊ တာအိုဘိုးဘေးနဲ့ ထာဝရအရှင်ရဲ့ နောက်က အဆင့်တွေလေ”
လျန့်ရှစ်ရှန်းက မျက်မှောင်ကြုတ်ကာ စဉ်းစားလိုက်သည်။ သူက သူနှင့် အလှမ်းဝေးနေသည့် ထိုအဆင့်များအကြောင်း မစဉ်းစားခဲ့ဖူးပေ။ သူတို့တည်ရှိကြောင်း မှန်းဆချက် ရှိထားသော်လည်း သူတို့အကြောင်း မသိခဲ့ရပေ။
“ သူတို့ကို နတ်ဘုရားအရှင်နဲ့ နတ်ဘုရားဧကရာဇ်လို့ ခေါ်တာပေါ့”
“ နာမည်ကောင်းပဲ” ဝမ်ဝေ့က ပြောလိုက်သည်။ ကမ္ဘာ့အသိုက်အဝန်းအားလုံးတွင် အသုံးပြုနေသည့် တာအိုဘာသာစကားအရ ဝိညာဉ်အတွက် စကားလုံးက နတ်ဘုရားအဖြစ် ဘာသာပြန်ဆို၍ ရလေသည်။ လျန့်ရှစ်ရှန်း၏ နတ်မျိုးနွယ် ဇစ်မြစ်ကို ထည့်ပေါင်းလိုက်လျှင် ထိုနာမည်မျိုးက အဓိပ္ပာယ်ရှိ၏။
“ နောက်ဆုံးမေးခွန်း … ကျုပ်က ခင်ဗျားရဲ့ အတွေးအခေါ်တွေကို ခိုးယူပြီးတော့ ခင်ဗျားကို ကန်ထုတ်လိုက်မှာ မစိုးရိမ်ဘူးလား”
“ ကျုပ်က ခင်ဗျားကို စောင့်ကြည့်လာတာ။ ဒီလူတွေကြားမှာ ခင်ဗျားက ကံဝဋ်ကြွေး အနည်းဆုံးသူပဲ။ ခင်ဗျားက ကံကြွေးကို ပြန်လည်ပေးဆပ်ပြီးတော့ ကျုပ်ကို မစွန့်ပစ်ဘူးဆိုတာကို သိတယ်။ တကယ်လို့ အဲ့လိုဖြစ်ခဲ့ရင်လည်း ကျုပ်ရဲ့ လူအကဲဖြတ်နိုင်စွမ်းအပေါ်ပဲ အပြစ်တင်ရမှာပေါ့”
ဝမ်ဝေ့၏ မျက်နှာအမူအရာက သိပ်အပြောင်းအလဲ မရှိပေ။ သူက ကံကြွေးအမြောက်အများ မရှိသည်မှာ သူ့ ကံအနှောင်အဖွဲ့ကင်း ရုပ်ခန္ဓာကြောင့် ဖြစ်မှန်း သိလေသည်။ မည်သို့ပင်ဆိုစေကာမူ လျန့်ရှစ်ရှန်းက သူ့အကြောင်း မှန်းဆသည်က မှန်ကန်ပေသည်။ သူက ကျေးဇူးကြွေးကို ပြန်ဆပ်ကာ စကားတည်သည့်သူ ဖြစ်၏။
ထို့ကြောင့် သူက လျန့်ရှစ်ရှန်းကို သတ်ဖြတ်ကာ ဝိညာဉ်လမ်းစဉ်ကို ဖန်တီးမည့် ကုသိုလ်ရမှတ်အားလုံးကို တစ်ယောက်တည်း ဝါးမျိုဖို့ မစီစဉ်ထားပေ။ မည်သို့ပင်ဆိုစေကာမူ သူက အပြီးသတ်မှုပေါ် မူတည်ပြီး ကုသိုလ်အမြောက်အများ ရရှိနိုင်ဆဲ ဖြစ်၏။
***