← Chapters

ဒိုင်းမေးရှင်းအမြင့် လက်ရွေးစင်များ

Vol. 41 Ch. 571

ဒိုင်းမေးရှင်းအမြင့် လက်ရွေးစင်များ

Vol. 41 Ch. 571

ဝမ်ဝေ့က လျန့်ရှစ်ချန်းအား သူ့အတွေးအခေါ်၊ ရည်မှန်းချက်နှင့် ပတ်သက်ပြီး ဘာမှမပြောပေ။ သူက ဝိညာဉ်လမ်းစဉ်ပါသည့် စာအုပ်ကို ထုတ်ကာ သတိတကြီးဖြင့် ပြန်လည်ဖတ်ရှုလိုက်သည်။

လျန့်ရှစ်ချန်းက ဝိညာဉ်နှင့် ပတ်သက်ပြီး လေ့လာမှုများစွာ ပြုလုပ်ထားခဲ့သည်။ သူက ယုံကြည်မှု၊ ကျင့်ကြံရေးနည်းစနစ်အမျိုးမျိုးနှင့် စိတ်ဝိညာဉ်များကို လေ့လာထားပြီး ခန္ဓာကိုယ်ကို စွန့်ပစ်နိုင်လောက်သည်အထိ ဝိညာဉ်ကို ကျင့်ကြံဖို့ အလေးထားသည့် တစ္ဆေမသေမျိုးကမ္ဘာအထိပင် သွားရောက်ခဲ့သည်။

ထိုစာအုပ်မှတဆင့် ဝမ်ဝေ့သည် ထိုလူက ဝိညာဉ်လမ်းစဉ်အကြောင်း များစွာ လေ့လာထားပြီး နတ်ဘုရားဘုရင်အားလုံးသည် သူတို့၏ ခန္ဓာကိုယ်ကို စွန့်ပစ်ကာ မသေမျိုးဝိညာဉ်ကို ရယူဖို့ရာအထိ အကြံပြုထားသည်။

တခြားနည်းလမ်းများက မသေမျိုးချီ သို့မဟုတ် ဝိညာဉ်နှင့် စွမ်းအင်ပုံစံတချို့ကို ပေါင်းစပ်ဖို့ရာအထိ ပါဝင်ပြီး ယုံကြည်မှုစွမ်းအား အမြောက်အများကို အသုံးပြုခြင်း၊ မသေမျိုးခန္ဓာကိုယ်ကို ကျင့်ကြံပြီး ဝိညာဉ်ကို အားဖြည့်ဖို့ စတေးကာ မသေမျိုးဝိညာဉ်အဖြစ် ပြောင်းလဲခြင်းနှင့် နောက်ဆုံးတွင် စည်းမျဉ်းကဲ့သို့သော တခြားသောအရင်းအမြစ်များကို အသုံးပြုကာ ဝိညာဉ်ကို တခြားအဆင့်မြှင့်တင်ခြင်းတို့ ပါဝင်သည်။

ထိုအရာများကို သေသေချာချာ ဖတ်ရှုပြီးသည့်နောက်တွင် ဝမ်ဝေ့က မျက်မှောင်ကြုတ်ကာ “ ဧကရာဇ်ဖြစ်လာပြီးတဲ့နောက် ဝိညာဉ်ကို ပြန်ပုံသွင်းဖို့  ဘာလို့ မကြိုးစားကြည့်တာလဲ။ တကယ်လို့ ဝိညာဉ်က ဧကရာဇ်တစ်ပါးရဲ့ အရည်အသွေးနဲ့ ပမာဏ ရှိမယ်ဆိုရင် မသေမျိုးဝိညာဉ် ဖြစ်လာမှာပဲ”

“ ဝိညာဉ်လမ်းစဉ်အတွက် တကယ့်လက်တွေ့ဖြစ်လာဖို့ မဟာဧကရာဇ်တစ်ပါးကို သူတို့ရဲ့ အရင်းအမြစ်ကို အသုံးပြုပြီး သူတို့ သေမျိုးဝိညာဉ်ကို လေ့ကျင့်ပေးခိုင်းတာက အလွယ်ကူဆုံးနည်းလမ်းဆိုတာကို သိတယ်။ ဒါပေမဲ့ ကျုပ် ပြောတဲ့အတိုင်း ကျုပ်က သူတို့နဲ့ မပတ်သက်ချင်ဘူး”

“ ကျုပ်လည်း ပြောဖူးတယ်။ ခင်ဗျားက သူတို့အပေါ် မှီခိုဖို့ လိုအပ်လာလိမ့်မယ်။”

“ ဟုတ်ပါတယ်။ ဒါပေမဲ့ သူတို့က ကျုပ်လမ်းစဉ်အပေါ် ရှိနိုင်တဲ့ လွှမ်းမိုးမှုမျိုးကို လျှော့ချချင်သေးတယ်”

“ ကောင်းပြီ” ဝမ်ဝေ့က ပြောလိုက်သည်။ သူက စိတ်ဝိညာဉ်အမှုန်အားလုံးကို အသက်သွင်းလိုက်ပြီး စူပါကွန်ပျူတာတစ်လုံးကဲ့သို့ တွက်ချက်လိုက်သည်။

“ ယုံကြည်မှုအသုံးပြုမဲ့ နည်းလမ်းတချို့တော့ ရှိမယ်လို့ ထင်တယ်” သူက မြင်ပြီးသည့်နောက်တွင် ပြောလိုက်၏။

“ တကယ်လား။ ဘာများလဲ”

ဝမ်ဝေ့က ချက်ချင်းမတုံ့ပြန်သေးဘဲ သူ့အံ့ဖွယ်အသိစိတ်ဖြင့် ရေးသားထားသည့် ချုပ်နှောင်ခြင်းစာချုပ်တစ်ခုကို ထုတ်ယူလိုက်သည်။ လျန့်ရှစ်ချန်းက ထိုစာချုပ်ကို ကြည့်ကာတုံ့ဆိုင်းသွားမိ၏။

“ ကျုပ်က ခင်ဗျားကို လာတွေ့ပြီဆိုကတည်းက ခင်ဗျားရဲ့ စရိုက်ကို ယုံကြည်လို့ပဲလေ။ စာချုပ်တွေ မလိုပါဘူး”

“ ခင်ဗျားရဲ့ ယုံကြည်မှုကိုတော့ လေးစားပါတယ်။ ဒါပေမဲ့ ကျုပ်တို့တွေ ကိုယ်ပိုင်ယုံကြည်မှုနဲ့ စီးပွားရေးကို မရောထွေးသင့်ဘူး။ ဒီစာချုပ်က ကျုပ်တို့နှစ်ယောက်လုံးအတွက် ကောင်းလိမ့်မယ်”

လျန့်ရှစ်ချန်းက အနာဂတ်ပူးပေါင်းမှုအကြောင်းကို တွေးကာ သဘောတူလိုက်သည်။ တချို့ကို ဖတ်ရှုပြီးသည့်နောက် မျက်မှောင်ကြုတ်လိုက်၏ “ စည်းမျဉ်းတွေအားလုံးက လျှို့ဝှက်ချက်တွေအကြောင်း ဘာလို့ ဖြစ်နေရတာလဲ။ သူတို့က နည်းနည်းတော့ တင်းကျပ်သလိုပဲ”

သူက မှတ်ဉာဏ်များနှင့် ဝိညာဉ်အပါအဝင် စည်းမျဉ်းများနှင့် သတင်းအချက်အလက်များကို မထုတ်ဖော်နိုင်ပေ။ စာချုပ်က သူ့ဆီမှ သတင်းအချက်အလက်ရယူဖို့ တားဆီးထား၏။

“ ကျုပ် ပြောတဲ့နည်းလမ်းက ကျုပ်တာအိုကို သက်သေမပြခင် အပြင်ကို မပေါက်ကြားလို့မရတဲ့ လျှို့ဝှက်နည်းလမ်းတွေ ပါတယ်။ အဲဒါကြောင့် တင်းကြပ်နေတာပဲ။ တကယ်လို့ ဒီဟာတွေ ဖယ်ရှားချင်တယ်ဆိုလည်း အဆင်ပြေပါတယ်။ ဒါပေမဲ့ ကျုပ်တာအိုကို သက်သေမပြမချင်း ဒီနည်းလမ်းကို ခင်ဗျားနဲ့ ဝေမျှမှာ မဟုတ်ဘူး”

လျန့်ရှစ်ချန်းက ခေါင်းအသာယမ်းလိုက်သည်။ သူက ထိုမျှကြာကြာ မစောင့်ဆိုင်းလိုပေ။ ထို့ကြောင့် သူက တောင်းဆိုချက်များကို လက်ခံဖို့ ဆုံးဖြတ်လိုက်ပြီး ဖတ်ရှုလိုက်သည်။ ထိုအရာကို ဖတ်ရှုပြီးသည့်နောက်တွင် သူကလည်း တောင်းဆိုချက်တစ်ခုကို ထည့်သွင်းလိုက်၏။

ဝမ်ဝေ့က ဧကရာဇ်လမ်းစဉ်အကြောင်း မပါဝင်ဖို့ တခြားနည်းလမ်းကို အသုံးပြုရမည်ဖြစ်ကာ နောက်ဆုံးသော ကုသိုလ်ခွဲဝေမှုက သူ ဖန်တီးထားသည့် နည်းလမ်းအပေါ် အခြေခံ၍ ဆုံးဖြတ်မည်ဖြစ်သည်။

ထို့ကြောင့် အပြန်ပြန်အလှန်လှန် ပြောဆိုပြီးသည့်နောက်တွင် နှစ်ဦးသားက သူတို့၏ ဝိညာဉ်ဖြင့် စာချုပ်ချုပ်ဆိုပြီး တာအိုကို ကျိန်ဆိုခဲ့ကြသည်။ နောက်ဆုံးတွင် ဝမ်ဝေ့က ဝိညာဉ်လမ်းစဉ်နှင့် ပတ်သက်ပြီး သူတွေးမိသည့်အကြောင်းကို ပြောပြခဲ့၏။

လိုလားသည့် လျှို့ဝှက်ထားမှုမှာ ထိုနည်းလမ်းတွင် တာအိုကို သက်သေပြပြီးသည့်နောက် အဆုံးမဲ့လေဟာနယ်တစ်ခုလုံးကို သက်ရောက်မှုရှိလာစေမည့် အစီအစဉ်ကြီးတစ်ခု ပါဝင်နေ၍ ဖြစ်သည်။ သူက ထိုသတင်းအချက်အလက်ကို မပေါက်ကြားလိုပေ။

လျန့်ရှစ်ချန်းက ပါးစပ်ဟောင်းလောင်းဖြင့် သူ့အား ကြည့်လိုက်၏ “ ခင်ဗျားက တကယ်ကို ရူးသွပ်ပြီးတော့ ရည်မှန်းချက်ကြီးတာပဲ။ ဒါပေမဲ့ ခင်ဗျားကို ရွေးချယ်မိလို့ ဝမ်းသာတယ်”

သူက ဝမ်ဝေ့နှင့် ချူးလော့ကို တွဲဖက်အဖြစ် မျက်စိကျခဲ့ပြီး ဝမ်ဝေ့အား သေသေချာချာ ရွေးချယ်ထားခဲ့သည်။ ချူးလော့ကမူ အနားမကပ်လွယ်နိုင်သည့် အငွေ့အသက်မျိုး ပိုင်ဆိုင်ထား၏။

“ တကယ်လို့ ခင်ဗျားရဲ့ အစီအစဉ်သာ အလုပ်ဖြစ်မယ်ဆိုရင် မဟာဧကရာဇ်တွေ မလိုတော့ဘူးမလား”

“ အဲလို ဖြစ်လည်း ဖြစ်နိုင်တယ်။ မဖြစ်လည်း မဖြစ်နိုင်ဘူး”

“ ကျုပ် သိပြီ”

ထို့နောက် နှစ်ဦးသားက ထိုအစီအစဉ်၏ ဖြစ်နိုင်ချေ၊ အောင်မြင်မှုနှင့် ကုသိုလ်ခွဲဝေမှုအကြောင်း ဆွေးနွေးခဲ့ကြသည်။ အားလုံးက ရလဒ်နှင့် ပတ်သက်ပြီး ကျေနပ်သွားသည့်အခါ လျန့်ရှစ်ချန်းက ထွက်သွားလေသည်။ သူက ဤနေရာသို့ လာရသည့် ပင်မရည်ရွယ်ချက်အား ပြီးမြောက်သွားလေပြီ။

သူက မထွက်ခွာသွားလိုသည်မှာ သူ့အနေနှင့် အမွေအနှစ်ကို ရရှိဖို့ မဖြစ်နိုင်မှန်း သိထားသော်လည်း စောင့်ကြည့်ချင်မိသည်။ ထို့ကြောင့် သူက အခွင့်အရေး ရှိမလားဟု အဆုံးသတ်အထိ ကြည့်ချင်မိသည်။

အချိန်က ကုန်ဆုံးသွားလေသည်။

တိုက်ခိုက်ရေးစစ်ဆေးမှုအတွက် အချိန်ကျရောက်လာပြီဖြစ်၏။ ဝမ်ဝေ့က ရင်ပြင်ဆီ ပျံသန်းလာသည့်အခါ တစ်ဖက်နှင့်တစ်ဖက် မျက်နှာချင်းဆိုင် ထားထားသည့် ပွဲကြည့်စင်မြင့်နှစ်ခုကို မြင်လိုက်ရသည်။ ထိုနေရာတွင် ထိုင်ခုံ ၆ခုစီ ရှိ၏။ ဒုတိယမြောက်နေရာတွင် သူ့နာမည်ပါရှိသည့် ဘယ်ဖက်တွင် ဒိုင်မေးရှင်းအနိမ့် လက်ရွေးစင်ဟု ပါရှိပြီး တစ်ဖက်တွင် ဒိုင်မေးရှင်းအမြင့် လက်ရွေးစင်ဟု ပါရှိသည်။

ဝမ်ဝေ့က ခေါင်းအသာယမ်းလိုက်ပြီးနောက် အရှင်စိတ်ဝိညာဉ်သည် ထိုဂုဏ်ပုဒ်များအား အသုံးပြုကာ သူတို့အဖွဲ့နှစ်ဖွဲ့ကြားမှ တိုက်ခိုက်လိုစိတ်ကို နှိုးဆွပေးထားကြောင်း သိလိုက်သည်။ သူက များများစားစားမပြောဘဲ သူ့နေရာတွင် ဝင်ထိုင်လိုက်၏။

သိပ်မကြာခင် အားလုံး ရောက်ရှိလာကြသည်။ ချူးလော့က ပထမနေရာတွင် ဝင်ထိုင်ပြီး ဝမ်ဝေ့က ဒုတိယတွင်ဖြစ်ကာ ကျိလန်ဖန်းက တတိယတွင်ဖြစ်ပြီး ထုံရို့ပင်းက လေးနေရာမြောက်၊ ရှစ်ချီအန်းက ငါးနေရာမြောက်နှင့် ကျင်းဝူဟွားက နောက်ဆုံးတွင် ဖြစ်သည်။

တခြားသော ပါဝင်ယှဉ်ပြိုင်သူများအတွက်မူ သူတို့က ပွဲကြည့်စင်မြင့်နှစ်ခုဘေးတွင် ထိုင်လိုက်ကြသည်။

အရှင်စိတ်ဝိညာဉ်က ကြက်သီးထစရာ အပြုံးမျိုးကို ပြုံးလိုက်၏။

“ အားလုံးက ဒီအချိန်ကို စောင့်ဆိုင်းနေတယ်ဆိုတာ သိတယ်။ အဲဒါကြောင့် အချိန်မဖြုန်းတော့ဘဲ စလိုက်ရအောင်”

သူက သူမက လက်မြှောက်ကာ တစ်ဖက်စင်မြင့်မှ ပထမဆုံးခုံကို လက်ညှိုးထိုးလိုက်ပြီး “ ဒိုင်မေးရှင်းအမြင့်က နံပါတ်တစ် လက်ရွေးစင်ကတော့ ရှောင်ထျန်းတိ ဖြစ်ပြီးတော့ သူက ကျင့်ကြံရေးအတွက် အကောင်းဆုံး ရုပ်ခန္ဓာလို့ ယူဆနိုင်တဲ့ ပင်ကိုတာအိုအရင်းအမြစ် ရုပ်ခန္ဓာပိုင်ရှင်ပဲ”

ကောင်းကင်မှ အလင်းတန်းတစ်တန်း ကျဆင်းလာကာ ပထမနေရာသို့ ကျရောက်လာသည်။ ထို့နောက် သာမန်ဝတ်ဆင်ထားသည့် လူငယ်လေးတစ်ဦး ပေါ်ထွက်လာ၏။ ထိုလူ၏ အဝတ်အစားများက အနည်းငယ်ပင် စုတ်ပြတ်နေသည်။ သူက တခြားတစ်ဖွဲ့အား ကြည့်လိုက်ပြီးသည့်နောက်တွင် မျက်လုံးအသာမှိတ်ပြီး ဘာမှဂရုမစိုက်သကဲ့သို့ ထိုင်ခုံတွင် ဝင်ထိုင်လိုက်သည်။

တခြားသူများက သူ့ဆံပင်မှ အညစ်အကြေးများနှင့် သစ်ရွက်များပင် မြင်တွေ့နေရသည်။ သို့သော် သူက စိတ်ထဲ ထားဟန်မပေါ်ပေ။

ထိုကောင်းကင်ရွေးချယ်ခံများက ဆွံ့အနေပြီး ထိုလူသည် မောက်မာသည်လား သို့မဟုတ် ဘာကိုမှ ဂရုမစိုက်သည်လားဟူ၍ တွေးကြည့်နေကြသည်။

အရှင်စိတ်ဝိညာဉ်က ထိုလူများ၏ စိတ်ရှုပ်ထွေးမှုကို လျစ်လျူရှုပြီး ဆက်ပြောလိုက်သည် “ ဒုတိယလက်ရွေးစင်က ရှစ်ရို့လန်၊ သူမက ဧကရာဇ်အရိုးနဲ့ မွေးဖွားလာခဲ့တယ်။ ဆိုလိုတာက သူမက သေမျိုးအဆင့် အထွတ်အထိပ်ကို ရောက်ရှိပြီးတဲ့နောက်မှာ သူမ လုပ်ဖို့လိုအပ်တာက သူမရဲ့ အရိုးကို အသက်သွင်းလိုက်ရုံပဲ။

ကောင်းကင်တာအိုက သူမအတွက် တာအိုကို သက်သေပြဖို့ ကောင်းကင်အလိုဆန္ဒကို ပေးအပ်လိမ့်မယ်။ ပြီးတော့ ကောင်းကင်အလိုဆန္ဒက သူမတစ်ယောက်တည်းပဲ အသုံးပြုနိုင်အောင် သီးသန့်ဖန်တီးပေးထားတယ်။ ပြီးတော့ ထာဝရဧကရာဇ်တွေ ဖြစ်လာဖို့ သာမန်ထက် ဆယ်ရာခိုင်နှုန်း အခွင့်အရေး ပိုမြင့်မားတယ်”

ပါဝင်ယှဉ်ပြိုင်သူများက အရှင်စိတ်ဝိညာဉ်အား ကြည့်ကာ သူမက စနောက်နေတာလားဟု မေးနေဟန်ပေါ်သည်။ သို့သော် တိတ်ဆိတ်မှုက အဖြေကို ဖော်ပြနေသည်။ ထို့နောက် လက်ရွေးစင်တချို့ ထရပ်ကာ စံအိမ်အတွင်းသို့ ပြန်လည်ဝင်ရောက်သွားသည်။ လူတချို့ကလည်း သူ့နောက်မှ လိုက်ပါသွားကြ၏။

မမျှတဘူးဟူသည့် စကားလုံးက အဝေးတစ်နေရာမှ ကြားနေရသည်။

ထိုစဉ် ဒုတိယနေရာတွင် မိန်းမငယ်လေးတစ်ဦး ပေါ်ထွက်လာသည်။ သူမက အပြာရောင် ဟန်ဖုဝတ်စုံကို ဝတ်ဆင်ထားပြီး ဆံပင်အတို ဖြစ်သည်။ ဘုန်းကြီးများနှင့် သီလရှင်များသာ ဆံပင်ကို ဖြတ်တောက်သည့်အတွက် အနည်းငယ် အံ့အားသင့်စရာ ဖြစ်နေလေ၏။ ဗုဒ္ဓဘာသာ ပျက်သုဉ်းသွားပြီးသည့်နောက်တွင် အမျိုးသမီးများက ဆံပင်ဖြတ်သည်မှာ ပုံမှန်ဖြစ်နေသည့် သိုင်းပညာကမ္ဘာတချို့က လွဲ၍ တွေ့ရခဲသည်။

သို့သော် ထိုသို့ဆိုလျှင်ပင် မြင်တွေ့နေကျအရာတော့ မဟုတ်ပေ။

ရှစ်ရို့လန်က တစ်ဖက်အဖွဲ့အား ကြည့်ပြီးသည့်နောက်တွင် လက်ဝှေ့လိုက်သည်။ သို့သော်လည်း သူမက တစ်စုံတစ်ခုကို သတိထားမိပြီး ချက်ချင်း ရပ်တန့်လိုက်၏။ ထိုအစား သူမက အလေးအနက်ဖြစ်လာကာ လက်နှစ်ဖက်ယှက်ပြီး သူတို့အား အနည်းငယ် ခေါင်းညိတ်နှုတ်ဆက်လိုက်သည်။

တခြားသူများကလည်း ပြန်လည်နှုတ်ဆက်လိုက်ကြ၏။

“ တတိယနေရာက အောင်းထျန်းယီ” အရှင်စိတ်ဝိညာဉ်က ပြောလိုက်သည် “ ကမ္ဘာဦးနဂါးမျိုးနွယ်ရဲ့ လူငယ်မျိုးဆက်ထဲမှာ ပါရမီအကောင်းဆုံးလူ တစ်ယောက်။ မသိသေးတဲ့သူတွေအတွက်က ကမ္ဘာဦးနဂါးက အစီအစဉ်ကျ ဟွင်သွမ်းချီ ဒါမှမဟုတ် သန့်စင်ချီကနေ မွေးဖွားလာတဲ့ ဟွင်သွမ်းသက်ရှိတွေပဲ။ သူတို့က အဆုံးမဲ့လေဟာနယ်ထဲမှာ မတည်ရှိတော့တဲ့ မျိုးနွယ်တစ်ခု”

အဖြူရောင်သိုင်းဝတ်စုံကို ဝတ်ဆင်ထားသည့် လူငယ်လေးတစ်ဦး ပေါ်ထွက်လာသည်။ သူ့နဖူးအထက်တွင် ဦးချိုနှစ်ချောင်း ရှိနေလေ၏။ သူက တစ်ဖက်အသင်းအား မကျေမနပ်ကြည့်ပြီးနောက် ဝင်ထိုင်လိုက်သည်။

“ ကျုပ်က ပထမနေရာ မဟုတ်တာကိုတော့ နားလည်ပါတယ်။ ဘာလို့ သူမကို ရှုံးရတာလဲ”

“ နောက်ဆုံးတစ်ခေါက်တွေ့တုန်းက ကျွန်မက ရှင့်ကို ရိုက်လိုက်တယ် မဟုတ်ဘူးလား” ရှစ်ရို့လန်က ညင်ညင်သာသာပြုံးကာ ပြောလိုက်သည်။

“ ငါ့ကြေးခွံတွေတချို့ ကျွတ်သွားရုံလောက်ပါပဲ။ အကောင်းကြီးရှိသေးတယ်။ အဲဒါကို ထည့်မတွက်ဘူး”

“ ရှင်တို့နဂါးတွေက အမြဲတမ်းလိုလို ရှုံးနိမ့်ရင် အကြောင်းပြချက်တွေ ပေးနေတာပဲ” ရှစ်ရို့လန်က ခေါင်းအသာခါကာ ပြောလိုက်သည်။ သူမက ထိုမောက်မာသည့်အရူးနှင့် အငြင်းပွားမနေဖို့သာ ဆုံးဖြတ်လိုက်၏။

“ လေးနေရာမြောက်က အာကာသမျိုးနွယ်ဝင် ရှီရှန်းယန်ပဲ” အရှင်စိတ်ဝိညာဉ်က ကြေညာလိုက်သည်။ သို့သော်လည်း ဝမ်ဝေ့အပါအဝင် အားလုံးက ထိုမျိုးနွယ်ကို တစ်ခါမှ မကြားဖူးသည့်အတွက် နားမလည်ဖြစ်နေကြသည်။

အောင်းထျန်းယီက ထိုလူများ၏ အပြုအမူကို မြင်တွေ့ပြီးသည့်နောက်တွင် နှာခေါင်းရှုံ့လိုက်၏။

“ အာကာသမျိုးနွယ်က မသေမျိုးချီကနေ ချီအရင်းအမြစ်နေရာလွတ်ထဲမှာ အသိစိတ်ဝင်ပြီးတော့ ခန္ဓာကိုယ်ဖွဲ့တည်မွေးဖွားလာတဲ့ ထူးကဲ မျိုးနွယ်တစ်ခုပဲ။ သူတို့က စိတ်ဝိညာဉ်မျိုးနွယ်နဲ့ တူတယ်။ အဲဒါကြောင့် သူတို့က မသေမျိုးလမ်းစဉ်အတွက် ပြိုင်ဘက်ကင်း ပါရမီမျိုး ရှိကြတယ်။

အာကာသမျိုးနွယ်တွေက သူတို့ရဲ့ ခန္ဓာကိုယ်ထဲမှာ အသက်မဝင်သေးတဲ့ မသေမျိုးနန်းဆောင်နဲ့ မွေးဖွားလာကြပြီးတော့ သူတို့က ထာဝရအရှင်ဖြစ်လာဖို့ တခြားသူရဲ့ အကူအညီကို မလိုအပ်ဘူး။ အဲဒါအပြင် ထာဝရအရှင်ဖြစ်ဖို့ ဆုံးဖြတ်လိုက်တဲ့ ၈၀ရာခိုင်နှုန်းက ဆန့်ကျင်ထာဝရအရှင်တွေ ဖြစ်လာကြတယ်။

သူတို့ရဲ့ ထူးကဲတဲ့ မသေမျိုးနန်းဆောင်က ထူးကဲမသေမျိုးချီ လေးမျိုးဖြစ်တဲ့ အဝါရောင်၊ နက်နဲ၊ မြေကမ္ဘာနဲ့ ကောင်းကင်တို့ကို မွေးထုတ်ပေးနိုင်တယ်။  အဝါရောင် မသေမျိုးချီက တတိယတန်းစားဧကရာဇ်နဲ့ တူညီတဲ့ တိုက်ပွဲစွမ်းအားကို ချီးမြှင့်ပေးပြီးတော့ နက်နဲမသေမျိုးချီကတော့ ဒုတိယတန်းစားဧကရာဇ်၊ မြေကမ္ဘာက ပထမတန်းစားနဲ့ နောက်ဆုံးကောင်းကင်မသေမျိုးချီက ထာဝရဧကရာဇ်နဲ့ ယှဉ်နိုင်တဲ့ တိုက်ပွဲစွမ်းရည်ကို ချီးမြှင့်ပေးထားတယ်။”

ပါဝင်ယှဉ်ပြိုင်သူများက ဆံပင်အနက်ရောင်ရှိပြီး ရွှေရောင်ဝတ်စုံအရှည်ကို ဝတ်ဆင်ထားသည့် မိန်းမလှလေးကို ကြည့်လိုက်ကြသည်။ သူမ၏ အလှတရားက ရှုရှစ်ကို မကျော်လွန်လျှင်ပင် ယှဉ်နိုင်လေ၏။ သူမ၏ ခန္ဓာကိုယ်မှ ထုတ်လွှတ်နေသည့် အေးစက်ကာ သဘာဝဆန်သည့် မြင့်မြတ်ဖွယ် အငွေ့အသက်မျိုး ရှိနေသည်။

လူအများစုက သူမ၏ အလှတရားကို ဂရုမစိုက်ကြဘဲ ဤသို့သော အားကောင်းသည့် မျိုးနွယ်မျိုး တည်ရှိနေသည်ကို အံ့အားသင့်နေကြဆဲဖြစ်၏။ ကောင်းကင်ရွေးချယ်ခံများက မိုးမြေသည် မမျှတကြောင်း သိထားကြသော်လည်း ဤမျှလောက်အထိ မထင်ထားမိကြပေ။

***

All Chapters