← Chapters

သက်တော်ရှည် အရင်းအမြစ်များ

Vol. 41 Ch. 572

သက်တော်ရှည် အရင်းအမြစ်များ

Vol. 41 Ch. 572

ရှီရှန်းယန်က ထိုလူများ၏ မျက်နှာအထက် တုန်လှုပ်နေသည့်အမူအရာကို ကြည့်ကာ သူမ၏ ခေါင်းကို အသာယမ်းလိုက်သည်။ အာကာသမျိုးနွယ်က အတိုင်းထက်လွန် အားကောင်းသည်ဟု ထင်ရသော်လည်း တကယ်တမ်းတော့ ထိုသို့မဟုတ်ပေ။

အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာ၌ အင်အားစုတစ်ခုတွင် ရှိသည့် မဟာဧကရာဇ်အရေအတွက်က အရေးမကြီးပေ။ အင်အားစုတစ်ခု၏ အာဏာကို ညွှန်ပြနိုင်သည် စံပြ သို့မဟုတ် အဆင့်(၁၂) ကျင့်ကြံသူများ၏ အရေအတွက်သာ အဓိကဖြစ်၏။

ထိုမှတ်ချက်အရ အာကာသမျိုးနွယ်၏ ပင်ကိုစွမ်းရည်သည် အကူအညီ မဖြစ်ပေ။ အကြောင်းမှာ မသေမျိုးလမ်းစဉ်၏ အခြေခံကျသည့် ဟာကွက်ကြောင့် ဖြစ်၏။ တစ်စုံတစ်ယောက်က အဆင့်တစ်ဆယ်တွင် ဆန့်ကျင်ထာဝရအရှင်ဖြစ်လာသည်မှာ သူတို့သည် အဆင့်၁၁နှင့် အထက်တွင် ထိုကဲ့သို့ တစ်ယောက် ဖြစ်လာမည်ဟု ဆိုလိုခြင်းမဟုတ်ပေ။

နမူနာအားဖြင့် ရွှေရောင်မသေမျိုးချီကို ၅ ရာခိုင်နှုန်းအောက် သန့်စင်နိုင်သည့် ကောင်းကင်မသေမျိုးချီ ကျင့်ကြံသူများက ပုံမှန် ကောင်းကင်ဘုံအရှင်နှင့် ရင်ဆိုင်နိုင်သည်။ အကယ်၍ သူတို့သာ ဆန့်ကျင်ထာဝရအရှင်ဆက်ဖြစ်လိုပါက အားလုံးကဲ့သို့ အရင်းအမြစ်ချီ နေရာလွတ်ထဲတွင် ရှားပါးကာ ထူးဆန်းသည့်ချီကို ရှာဖွေရမည်ဖြစ်၏။ သူတို့သည် ထိုနေရာတွင် မွေးဖွားသော်လည်း သူတို့အတွက် အန္တရာယ်များပြားသည့်နေရာတစ်ခု ဖြစ်နေဆဲသာ။

အာကာသမျိုးနွယ်၏ သမိုင်းကြောင်းတစ်လျှောက်တွင် ပါရမီရှင်များက ထာဝရလမ်းစဉ်ကို မြင့်မားသည့် အဆင့်တစ်ခုရောက်အောင် ကြိုးစားခဲ့ဖူးသည်။ အာကာသမျိုးနွယ် သာမကဘဲ တခြားသောကျင့်ကြံသူများလည်း အပါအဝင် ဖြစ်၏။

သမိုင်းကြောင်း၏ ဧကရာဇ်လမ်းစဉ်ကို အားနည်းသွားစေသည့် လှုပ်ရှားမှုမျိုးတွင် သမိုင်းကြောင်းတစ်လျှောက် အနည်းငယ်သာ ရှိခဲ့ဖူးသည်။ ထိုအချိန်အတွင်း ကောင်းကင်ဘုံသွေဖယ်သည့် ထာဝရပါရမီရှင်များ ထွက်ပေါ်လာသည်။

မှတ်သားစရာကောင်းလောက်သည့် လူတချို့က ယနေ့အထိ ကျန်ရှိနေကြသေးသည်။ အသင်္ချေချီ ထာဝရဦးသျှောင် ဖြစ်၏။ သူက သူ့ခန္ဓာကိုယ်ကို မသေမျိုးနန်းဆောင်တစ်ခုထက် ထားရှိသည့်နည်းလမ်းကို ဖန်တီးခဲ့သည်။

သူ့ရည်မှန်းချက်က မသေမျိုးနန်းဆောင် ၃၈၀၀ ဖန်တီးဖို့ ဖြစ်ပြီး ထိုအရေအတွက်က ပင်မတာအိုအရေအတွက်ကို ကိုယ်စားပြုသည်။ နန်းဆောင်တစ်ခုချင်းစီတွင် သူက ထူးကဲကာ အားကောင်းသည့် ဆန့်ကျင်ချီကို သန့်စင်၏။

အသင်္ချေချီ ထာဝရဦးသျှောင်သည် စွမ်းအင်ကို နားလည်နိုင်စွမ်းနှင့် ထိန်းချုပ်နိုင်စွမ်းတို့တွင် ပြိုင်ဘက်ကင်း ပါရမီရှင်တစ်ယောက်ဖြစ်သည်။ ယွမ်ခေတ်ကာလများစွာ အသုံးပြုပြီး အရင်းအမြစ်များစွာ အသုံးပြုပြီးသည့်နောက်တွင် သူက ထူးကဲချီဖြင့် မသေမျိုးနန်းဆောင် ၂ထောင်ကျော်ကို တည်ဆောက်နိုင်ခဲ့ပြီး ထာဝရကောင်းကင်ဘုံအဆင့်ကို သတ်နိုင်သည့် ဆန့်ကျင် ထာဝရဦးသျှောင်တစ်ယောက် ဖြစ်လာခဲ့သည်။ ထိုအရာမှာ အနိုင်ယူခြင်းမဟုတ်ဘဲ သတ်ဖြတ်ခြင်း ဖြစ်၏။

သူက သူတို့၏ တည်ရှိမှုကို ဖျောက်ဖျက်ဖို့ မလွယ်ကူသော်လည်း သူတို့အား အိပ်စက်ကာ အသက်ပြန်သွင်းအောင် အတင်းအကြပ် ဖိအားပေးနိုင်သည်။ သို့သော်လည်း ကောင်းကင်ဘုံအဆင့် ကျင့်ကြံသူတစ်ယောက်နှင့် ယှဉ်ပြိုင်သည့် တိုက်ပွဲတစ်ခုအတွင်း ထိုလူက သူ့အား လျှပ်တစ်ပြက်တိုက်ခိုက်ကာ သူ့ခန္ဓာကိုယ်အတွင်းရှိ မသေမျိုးနန်းဆောင်ရာချီကို ဖျက်ဆီးခဲ့သည်။

သူ့ရန်သူကို အနိုင်ပိုင်းခဲ့သော်လည်း အသင်္ချေချီ ထာဝရဦးသျှောင်က ထာဝရလမ်းစဉ်နှင့် တာအိုလမ်းစဉ်တို့၏ အားနည်းချက်ကို သဘောပေါက်သွားသည်။ မသေမျိုးနန်းဆောင် သို့မဟုတ် အတွင်းကမ္ဘာသည် သူတို့အတွက် အားနည်းချက် ဖြစ်နေ၏။ ထိုစဉ် ဧကရာဇ်လမ်းစဉ်၏ အမှတ်အသားကမူ တာအိုဆန္ဒ သို့မဟုတ် တချို့သော ထူးကဲသည့် ရတနာများဖြင့်သာ ဖယ်ရှားနိုင်လေသည်။

ထို့ကြောင့် အသင်္ချေချီ ထာဝရဦးသျှောင်က မသေမျိုးနန်းဆောင်နှင့် ချီများကို စတေးပြီး သူ့ခန္ဓာကိုယ်ကို လေ့ကျင့်ပေးကာ ခွန်အားဂိတ်ပေါက်ကို ဖွင့်လှစ်ခဲ့ပြီး လမ်းစဉ်သစ်ကို လျှောက်လှမ်းခဲ့သည်။

ထိုခေတ်ကာလက နောက်ထပ်  ပါရမီရှင်တစ်ဦးက ကောင်းကင်အလိုဆန္ဒ ထာဝရဘုရင် ဖြစ်၏။ သူက ကောင်းကင်အလိုဆန္ဒကို ရယူပြီးသည့်နောက်တွင် ဧကရာဇ်တစ်ယောက် ဖြစ်မလာဘဲ ထိုအရာကို သူ့မသေမျိုးနန်းဆောင်နှင့် ပေါင်းစပ်ဖို့ အချိန်ယူခဲ့ပြီး ထူးကဲချီကို ဖန်တီးခဲ့သည်။

ကောင်းကင်အလိုဆန္ဒ ချီသဘောတရားက ဟိုးကတည်းက တည်ရှိလာခဲ့သော်လည်း လူတချို့ကသာ စမ်းကြည့်ရဲသည်။ ထိုလူများကလည်း ကျရှုံးသွားကြ၏။ သို့သော် အားလုံးက အံ့အားသင့်သွားစေသည်က ကောင်းကင်အလိုဆန္ဒ ထာဝရဘုရင်သည် အောင်မြင်ခဲ့သည်။

ကောင်းကင်အလိုဆန္ဒချီသည် တစ်စုံတစ်ယောက်အား အဆင့်(၁၀) မှ အဆင့်(၁၂) အထိ ဆန့်ကျင် ကျင့်ကြံသူတစ်ယောက်ဖြစ်လာစေဖို့ ခွင့်ပြုထားသည့် ချီထဲမှ တစ်ခုဖြစ်သည်။ တစ်ခုတည်းသော ဆိုးကျိုးက ကျင့်ကြံရေးသည် ဧကရာဇ်လမ်းစဉ်လောက် အချိန်ကြာမြင့်တတ်သည်။

ကောင်းကင်အလိုဆန္ဒ ထာဝရဘုရင်သည် သူ့အထွတ်အထိပ်အချိန်အခါက အရာများကိုပင် တိုက်ခိုက်အနိုင်ယူခဲ့၏။ နှမြောစရာကောင်းလှသည်က သူသည် မသေမျိုးလမ်းစဉ်တွင် မွေ့လျော်သွားသည်။

ထိုအရာက သူ့အား ဧကရာဇ်လမ်းစဉ်ကဲ့သို့ ထာဝရဂုဏ်သတ္တိမျိုး မချီးမြှင့်နိုင်ပေ။

အကယ်၍ ထာဝရဘုရင် သို့မဟုတ် တာအိုအုပ်ချုပ်သူ သေဆုံးပါက သူတို့အတွက် အပြီးသာ ဖြစ်၏။ သို့သော် သာမန်မဟာဧကရာဇ်၊ ကောင်းကင်ဘုံနှင့် စံပြတို့ကမူ သူတို့ကိုယ်သူတို့ အသက်ပြန်ရှင်နိုင်သည့် နည်းလမ်းများစွာ ရှိနေလေသည်။ ထိုထာဝရဧကရာဇ်၊ ထာဝရကောင်းကင်ဘုံနှင့် အဆုံးစွန်မဲ့ စံပြတို့အကြောင်း ထည့်မပြောရသေးပေ။

မသေမျိုးလမ်းစဉ်အပေါ် မကျေနပ်ချက်များကို ထုတ်ပြောကာ ကောင်းကင်အလိုဆန္ဒကို မှန်မှန်ကန်ကန် အသုံးမပြုခဲ့ရသည်ကို နောင်တရပြီးသည့်နောက်တွင် ကောင်းကင်အလိုဆန္ဒ ထာဝရဘုရင်သည် ကမ္ဘာမှထွက်ကာ ဟွင်သွမ်းကမ္ဘာထဲ ဝင်ရောက်သွားပြီး နောက်ထပ်ဘယ်တော့မှ မတွေ့ရတော့ပေ။

လူများစွာက သူသည် မသေမျိုးလမ်းစဉ်ကို ထာဝရဂုဏ်သတ္တိ ရရှိမည့်နည်းလမ်းကို သွားရောက်ရှာဖွေသည်ဟု ယုံကြည်ကြသော်လည်း အများစုကမူ သူသည် တခြားအရင်းအမြစ် ဟွင်သွမ်းကမ္ဘာတွင် တာအိုကို သက်သေပြဖို့ သွားသည်ဟု ထင်ကြသည်။

ရှီရှန်းယန်က ထိုနှစ်ဦးနှင့် ဆင်တူသည့် ပါရမီရှင်များစွာ၏ ဇာတ်ကြောင်းကို ဖတ်ရှုဖူးလေသည်။ သို့သော်လည်း သူတို့အများစု၏ အဆုံးသတ်က ကျေနပ်စရာ မကောင်းပေ။

ထိုခေတ်ကာလက မသေမျိုးလမ်းစဉ်သည် အနာဂတ်မရှိကြောင်းနှင့်သာ အဆုံးသတ်သွားလေ၏။ သို့သော်လည်း လူတချို့က လက်မလျှော့ဘဲ အရင်းအမြစ်ချီကို ဆက်လက်ရှာဖွေနေကြသည်။ သို့သော်လည်း တချို့က လက်မလျှော့ဘဲ အရင်းအမြစ်ချီ နေရာလွတ်၏ ဗဟိုချက်တွင် တည်ရှိသောစွမ်းအင်ဟု ယုံကြည်သည့် အရင်းအမြစ်ချီကို လိုက်လံရှာဖွေနေကြဆဲဖြစ်၏။

အရင်းအမြစ်ချီကို ပြောရလျှင် ထိပ်တန်းအဆုံးစွန်မဲ့ စံပြနှင့် ယှဉ်နိုင်သည့် ဆန့်ကျင် ကျင့်ကြံသူကို ဖန်တီးနိုင်သည်ဟု ကောလဟာလများ ရှိခဲ့သည်။ နှမြောစရာကောင်းလှသည်က ယနေ့အထိ တခြားဟွင်သွမ်းကမ္ဘာတွင် ပေါ်ထွက်လာသည်ဟူသော ကောလဟာလကိုသာ သိရ၏။

ရှီရှန်းယန်က ထိုခေတ်ကာလအကြောင်းကို တွေးမိစဉ် သူမဘာသာသူမ သက်ပြင်းချလိုက်သည်။ ထိုခေတ်ကာလက ထာဝရလမ်းစဉ်၏ အနေအထားသည်  မြင့်တက်ခဲ့သော်လည်း ပျက်စီးသွားခဲ့ရသည်။

ဧကရာဇ်လမ်းစဉ်ကမူ ထာဝရလမ်းစဉ် တိုးတက်လာမည်ကို ဒီအတိုင်း ထိုင်မကြည့်နိုင်ပေ။ သူတို့ကလည်း တန်ပြန်တိုက်ခိုက်လာကြ၏။ တတိယတန်းစား၊ ပထမတန်းစား အစရှိသည့် မဟာဧကရာဇ်အများစုက အရင်းအမြစ်ချီနေရာကို စတင်ရှာဖွေကြသည်။ ဆန့်ကျင်ချီက သူတို့အဆင့်အတန်းထက် သာလွန်သည့် တိုက်ပွဲစွမ်းရည်ကို ချီးမြှင့်ပေးနိုင်သည်။

ထိုစဉ် ထာဝရဧကရာဇ်များက ကောင်းကင်မသေမျိုးချီနှင့် ဆင်တူသည့် ဆန့်ကျင်ချီကို လိုက်လံ ရှာဖွေကြသည်။ သူတို့က ထိုအရာကို စုပ်ယူခြင်းဖြင့် သူတို့၏ တာအိုခန္ဓာသည် ထိုအရာအတွက် ခံနိုင်ရည်ရှိလာလိမ့်မည်ဟု ယုံကြည်ထားကြသည်။

ထို့ကြောင့် ဆန့်ကျင်ထာဝရအရှင်တစ်ယောက်သည် ထာဝရဧကရာဇ်ကိုပင် အနိုင်ယူနိုင်လောက်၏။ သို့သော် နောက်ဆက်တွဲ တွေ့ဆုံမှုတွင် သူ့ချီသည် ထိုသူအတွက် အသုံးမဝင်ကြောင်း သဘောပေါက်သွားလိမ့်မည်။

ထိုနည်းဗျူဟာက အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာတွင် သာမန်သာဖြစ်နေပြီး မသေမျိုးလမ်းစဉ်အား ပို၍ပင် အားနည်းသွားစေခဲ့သည်။

ထိုအမှန်တရားများကြောင့် အာကာသမျိုးနွယ်သည် ဧကရာဇ်လမ်းစဉ်အပေါ်ကိုသာ အာရုံစိုက်ထားခဲ့သည်။ တချို့အင်အားစုများက ထာဝရလမ်းစဉ်အတွက် အကြီးစားထောက်ပံ့ပေးကြသော်လည်း သူတို့က အာဏာများများစားစား မရှိပေ။

“ ငါတို့ရဲ့ နောက်ထပ်ပြိုင်ပွဲဝင်က တာအိုသူတော်စင် ကျန်းယွီချန်းပဲ”

အရှင်စိတ်ဝိညာဉ်က ပြောလိုက်သည် “ သူက အဆင့်(၂၂) ကောင်းကင်ရုပ်ခန္ဓာဖြစ်တဲ့ အသင်္ချေဓားဝိညာဉ်ရုပ်ခန္ဓာနဲ့ အဆင့်(၅) ကောင်းကင်ရုပ်ခန္ဓာဖြစ်တဲ့ ဝူကျီတာအိုရုပ်ခန္ဓာကို ပိုင်ဆိုင်ထားတယ်”

ပြိုင်ပွဲဝင်များ၏ မျက်နှာက အံ့အားသင့်ရလွန်း၍ ပုံမှန်သာဖြစ်နေလေသည်။ ထို့အပြင် လူတချို့က ရုပ်ခန္ဓာနှစ်မျိုးဖြင့် မွေးဖွားလာတတ်ကြသည်။ ထိုအရာက ရှားပါးသော်လည်း လက်ခံနိုင်ဖွယ် ရှိ၏။

ထိုရောက်ရှိလာသောသူ၏ တစ်ခုတည်းသော သတိထားမိစရာအချက်မှာ သူ့ရုပ်ခန္ဓာ၏ အဆင့်က မည်မျှမြင့်နေပြီး ထိုရုပ်ခန္ဓာကအထက်ကမ္ဘာတွင် မည်မျှအားကောင်းလဲဟူ၍ ဖြစ်သည်။

အရှင်စိတ်ဝိညာဉ်က ခေါင်းခါကာ ပြောလိုက်၏ “ မသိတတ်တဲ့လူတွေ။ ဒိုင်မေးရှင်းအမြင့်မှာ ရုပ်ခန္ဓာနှစ်ခုရှိတယ်ဆိုတာက ကောင်းကင်အလိုဆန္ဒကို နှစ်ခါစုပ်ယူနိုင်တယ်ဆိုတဲ့ သဘောပဲ။ အဲဒါဆိုတော့ မဟာတာအိုအရင်းအမြစ်ရဲ့ ၄၀ရာခိုင်နှုန်းကို ချက်ချင်းရောက်သွားလိမ့်မယ်။ တစ်ယောက်ယောက်က ၁၀ ရာခိုင်နှုန်းအထိပဲ ရရှိနိုင်တဲ့ ဖြစ်နိုင်ချေလည်း ရှိတာပေါ့”

ဝမ်ဝေ့၏ နှုတ်ခမ်းများက တွန့်ချိုးသွားသည်။ သူသာလျှင် မကပေ။ လူများစွာက မည်သို့တုံ့ပြန်ရမည်မှန်းပင် မသိတော့ပေ။ ထို့ကြောင့် လူများစွာက သူတို့၏ စံအိမ်သို့ ပျံသန်းသွားကြ၏။ ကိစ္စများက ပို၍ပင် မဆီမလျော် ဖြစ်လာသည်။

လူငယ်ဆန်သည့် တာအိုဆရာငယ် တစ်ပါး ပေါ်ထွက်လာသည်။ သူက ဒိုင်မေးရှင်းအနိမ့် လက်ရွေးစင်များကို ယဉ်ယဉ်ကျေးကျေးဦးညွှတ်လိုက်ပြီးနောက် ဝင်ထိုင်လိုက်သည်။

အားလုံးက သူ့အား လှည့်ကာ နှုတ်ဆက်လာကြ၏။ ထိုအရာတွင် ယခင်က မောက်မာနေခဲ့သည့် အောင်းထျန်းယီလည်း အတူတူ ဖြစ်၏။

ရှောင်ထျန်းတိပင် မျက်လုံးဖွင့်ကာ ခေါင်းညိတ်ပြပြီးနောက် ပြန်လည်မျက်လုံးမှိတ်သွားသည်။

ဝမ်ဝေ့နှင့် တခြားသူများက ထိုအပြုအမူကို သတိထားမိလိုက်ကြသည်။ ထို့ကြောင့် ထိုလူငယ်တာအိုဆရာအပေါ် သတိထားလိုက်ကြ၏။ ဝမ်ဝေ့က အရှင်စိတ်ဝိညာဉ်သည် ထိုလူငယ်တာအိုဆရာလေးအား တခြားသူများထက် ပိုမိုရိုရိုကျိုးကျိုးဆက်ဆံနေသည်ကိုပင် မြင်လိုက်ရသည်။

“ နောက်ဆုံးလက်ရွေးစင်က နဝမနိဗာန နှလုံးသားနဲ့ မွေးဖွားလာတဲ့ ဘုန်းကြီးဝူကျစ်ပဲ။ သူက သက်တော်ရှည်ရုပ်ခန္ဓာကို ပိုင်ဆိုင်ထားတယ်”

အရှင်စိတ်ဝိညာဉ်က ခေတ္တမျှ ရပ်တန့်လိုက်ပြီးသည့်နောက်တွင် ထိုလူများက သူ ပြောနေသည့်အရာကို နားမလည်ကြောင်း သိလိုက်သည်။

“ မင်းတို့ကို ရှင်းပြမယ်။ သက်တော်ရှည် အရင်းအမြစ်ဆိုတာက ဒိုင်မေးရှင်းအမြင့်မှာ အဖိုးတန်ဆုံး အရင်းအမြစ်တွေထဲက တစ်ခုပဲ။ သူတို့က ဝိညာဉ်ဆေးပင်၊ ကျင့်စဉ်၊ ရုပ်ခန္ဓာ၊ ဆေးလုံးအစရှိသဖြင့် ပေါ်ထွက်လာကြတယ်။ သူတို့ရဲ့ ရည်ရွယ်ချက်က မသေမျိုးကျင့်ကြံသူတွေကို အသက်ပြန်ရှင်ခွင့်ပေးအပ်ဖို့ပဲ …

နမူနာအနေနဲ့ဆိုရင် ဧကရာဇ်တစ်ပါး အသတ်ခံရရင် သူတို့က ယွမ်ခေတ်ကာလများစွာ ကုန်ဆုံးပြီးမှ သူတို့ဘာသာသူတို့ အသက်ပြန်သွင်းနိုင်ကြတယ်။ ဒါပေမဲ့ တကယ်လို့ သူတို့သာ သက်တော်ရှည်ဆေးပင်ကို စားသုံးမိခဲ့ရင် သူတို့က ဘာအရင်းအမြစ်၊ ဘာအချိန်မှ မလိုဘဲနဲ့ ချက်ချင်းအသက်ပြန်ရှင်လာနိုင်တယ်။

အဲဒါကြောင့် ဘုန်းကြီးဝူကျစ်က တာအိုကို သက်သေပြပြီးတဲ့နောက်မှာ သူ့ဘဝကို ၉ ကြိမ်တိုင်တိုင် ပြန်လည်အသက်ရှင်ခွင့်ရှိတယ်”

အရှင်စိတ်ဝိညာဉ်က သက်တော်ရှည် အရင်းအမြစ်၏ အံ့မခန်းစွမ်းအားကို ပြောပြခဲ့သည်။ နမူနာအားဖြင့် သက်တော်ရှည် အရင်းအမြစ်၏ အဆင့်ခွဲခြားပုံကိုပါ ပြောပြခဲ့သည်။ နမူနာအားဖြင့် တချို့က အဆင့်တစ်ခုအထိသာ အလုပ်ဖြစ်ပေသည်။ ထို့ကြောင့် ဧကရာဇ်တစ်ပါးက ကောင်းကင်ဘုံအဆင့် သို့မဟုတ် စံပြဖြစ်လာပြီးသည့်နောက်တွင် သူတို့က ယခင်အသက်ပြန်သွင်းမှုမျိုး မရှိနိုင်တော့ပေ။

တချို့သော သက်တော်ရှည် အရင်းအမြစ်များက အဆင့်(၁၀)မှ အဆင့်(၁၂) အထိ အလုပ်ဖြစ်ကြသည်။ ထိုအရာများက အင်မတန် ရှားပါးလှ၏။ တချို့က အဆင့်နိမ့်အတွက်သာ အလုပ်ဖြစ်လေသည်။ နမူနာအားဖြင့် စံပြတစ်ယောက်သည် အဆင့်(၁၀) သို့မဟုတ် (၁၁) အတွက် အလုပ်ဖြစ်သည့် သက်တော်ရှည်အရင်းအမြစ်ကို အသုံးမပြုနိုင်ပေ။

မည်သို့ပင်ဆိုစေကာမူ သက်တော်ရှည် အရင်းအမြစ်အပေါ် ကန့်သတ်ချက်များ မည်မျှပင် ထားစေကာမူ သူတို့က ဧကရာဇ်၊ ကောင်းကင်ဘုံနှင့် စံပြထောင်ချီအတွက် တိုက်ပွဲဖြစ်နိုင်လောက်အောင်အထိကို  အဖိုးတန်လှသည်။

ဘုန်းကြီးဝူကျစ်၏ နဝမနိဗာန နှလုံးသားက သူ စံပြဖြစ်လာပြီးသည့်နောက်တွင်ပင် အလုပ်ဖြစ်လိမ့်မည်။

ထိုစဉ် ဝမ်ဝေ့က ကျယ်ကျယ်လောင်လောင် ကျိန်ဆဲချင်လာသည်။ သူက ကံကြမ္မာသည် မမျှတကြောင်း အမြဲတမ်း ယုံကြည်ထားခဲ့သော်လည်း ယနေ့တွင် သူက သက်သေအခိုင်အမာ ရရှိခဲ့လေပြီ။

ဆံပင်မရှိဘဲ နဖူးမှ ခေါင်းအထက် အစက်အပြောက် ၆စက် ရေးဆွဲထားသည့်လူက နောက်ဆုံးနေရာတွင် ပေါ်ထွက်လာသည်။ တာအိုဆရာလေးကဲ့သို့ သူက တစ်ဖက်ကို နှုတ်ဆက်လိုက်ပြီးနောက် ရောင်းရင်းများကိုလည်း နှုတ်ဆက်လိုက်သည်။ ထို့နောက် သူက တာအိုဆရာငယ်ကဲ့သို့ တူညီသည့် လေးစားမှုမျိုးကို ခံယူလိုက်ရ၏။

သို့သော်လည်း ဘုန်းကြီးဝူကျစ် ပေါ်လာပြီး သိပ်မကြာခင် ကောင်းကင်ရုတ်ချည်းဆိုသလို ပြောင်းလဲသွားသည်။ ထို့နောက် မိုးကြိုးချက်က သူ့အပေါ် ကျဆင်းလာ၏။

အကြွင်းမဲ့စတင်ခြင်း မှော်စွမ်းအား

ဝမ်ဝေ့က မျက်မှောင်ကြုတ်ကာ တွေးလိုက်မိပြီး အခြေအနေအား သုံးသပ်လိုက်သည်။

ဘုန်းကြီးဝူကျစ်၏ ခန္ဓာကိုယ်မှ ထူးခြားအံ့ဖွယ်စွမ်းအားတစ်ခု ထွက်ပေါ်လာပြီး မိုးကြိုးချက်အား ကာဆီးထားသည်။ ထိုစဉ် ကျန်းယွီချန်းက တစ်စုံတစ်ခု တုံ့ဆိုင်းသွားသော်လည်း အဆုံးသတ်တွင် မတုံ့ပြန်ခဲ့ပေ။

မိနစ်ပိုင်းကြာမြင့်ပြီးသည့်နောက်တွင် လျှပ်စီးချက်က ရပ်တန့်သွားပြီး ဘုန်းကြီးဝူကျစ်က အားလုံးကို ပြုံးပြလိုက်ကာ “ အနှောင့်အယှက်ဖြစ်တဲ့အတွက် တောင်းပန်ပါတယ်”

ထို့နောက် သူက သူ့နေရာတွင် တည်တည်ငြိမ်ငြိမ် ဝင်ထိုင်လိုက်၏။

ကျစ်

ဝမ်ဝေ့က သူ့အား မပျော်ရွှင်စေသည့် တစ်စုံတစ်ခုကို သတိထားမိသွားသည်။ သူက ကိစ္စများသည် ရှုပ်ထွေးလာကာ သူ အလိုမရှိသည့် တစ်စုံတစ်ခုထဲ ဆွဲသွင်းခံရလိမ့်မည်ဟု ကြိုတင်ခန့်မှန်းပြီးသားဖြစ်၏။

***

All Chapters