← Chapters

ဒိုင်မေးရှင်းအနိမ့် လက်ရွေးစင်များ

Vol. 41 Ch. 573

ဒိုင်မေးရှင်းအနိမ့် လက်ရွေးစင်များ

Vol. 41 Ch. 573

ဝမ်ဝေ့က ကျန်းယွီချန်းနှင့် ဘုန်းကြီးဝူကျစ်က ဖုန်းဟွမ်ဘက်သို့ ကြည့်နေသည်ကို မြင်လိုက်ရသည်။ ခေတ္တမျှသာ ဖြစ်သော်လည်း သူ့အကြည့်အောက်မှ မလွတ်မြောက်ခဲ့ပေ။

ထို့နောက် သူက ချက်ချင်းဆိုသလို တာအိုဘာသာနှင့် ဗုဒ္ဓဘာသာကြားက တိုက်ပွဲထဲ ဆွဲသွင်းခံလိုက်ရမှန်း  သိလိုက်သည်။ သူ့တွင် အနာဂတ်ဗုဒ္ဓကျမ်း ရှိထားသည့်အတွက် သူက ဘက်ရွေးချယ်ပြီးသား ဖြစ်သွားလေပြီ။

စိတ်ထဲ အတွေးများစွာ ဖြတ်ပြေးပြီးသွားသည့်နောက်တွင် အခြေအနေကို မည်သို့ ကိုင်တွယ်ဖြေရှင်းရမည်ကို တွက်ချက်နေသည်။ အကယ်၍ သူသာ ကောင်းမွန်စွာ မကစားပါက ပစ်ပယ်မခံရခင် နယ်ရုပ်တစ်ရုပ်အဖြစ် အသုံးချခံလိုက်ရလိမ့်မည်။

“ အခု ဒိုင်မေးရှင်းအနိမ့်က လက်ရွေးစင်တွေနဲ့ မိတ်ဆက်ပေးမယ်”

အရှင်စိတ်ဝိညာဉ်က ပြောလိုက်သည် “ ပထမက ချူးလော့။ ဖန်ဆင်းခြင်း တားမြစ်ခံတာအိုကို လက်ကိုင်ထားတဲ့ ဧကရာဇ်ကလေးငယ်။ သူက သူ့ဘာသာသူ ထပ်ခါထပ်ခါ ပြန်လည်ဝင်စားပြီးတော့ သူ့စိတ်စွမ်းအားနဲ့ တာအိုနှလုံးသားကို လေ့ကျင့်ပေးခဲ့တဲ့သူ”

ရှောင်ထျန်းတိက မျက်လုံးပိတ်လျက် သူ့ခန္ဓာကိုယ်မှ အငွေ့အသက်တစ်ခု ထွက်ပေါ်လာသည်။ သို့သော်လည်း တခြားလူများက ချူးလော့ကို ကြည့်လိုက်ကြ၏။ သူတို့က သူ၏ ဧကရာဇ်ကလေးငယ် အဆင့်အတန်းကို ဂရုမစိုက်ပေ။ ဒိုင်မေးရှင်းအမြင့်တွင် ကောင်းချီးခံ ကလေးများက ပုံမှန်သာဖြစ်၏။

မသေမျိုးသက်ရှိများအတွက် မျိုးဆက်ဖြန့်ဖို့ မူမမှန်သော်လည်း ကလေးအများကြီး ရှိကြလေသည်။ သူတို့က အချိန်ကြာမြင့်စွာ နေထိုင်ခဲ့သည့်အတွက် ထိုအရာသည် ပုံမှန်သာ ဖြစ်နေလေ၏။ သူတို့ဂရုစိုက်သည်က သူ၏ တားမြစ်ခံတာအိုဖြစ်ကာ သူ ပြန်လည်ဝင်စားခြင်းမှတဆင့် သူ့စိတ်ကို လေ့ကျင့်ထားသည့်အချက် ဖြစ်သည်။

“ ဒုတိယလက်ရွေးစင်က တာအိုအခွင့်အလမ်းဂိုဏ်းရဲ့ အမွေဆက်ခံသူ သခင်လေး ဝမ်ဝေ့။ သူက တာအိုနယ်ရှင်တစ်ယောက်ဖြစ်ပြီးတော့ သူ့ရဲ့ ကိုယ်ပိုင်ကောင်းကင်ရုပ်ခန္ဓာကို ဖန်တီးထားတဲ့သူ … ပြီးတော့ မယုံကြည်နိုင်လောက်တဲ့ စိတ်စွမ်းအားမျိုးကို လက်ဝယ်ပိုင်ဆိုင်ထားတဲ့သူ…

ဒီအမျိုးသားရဲ့ အောင်မြင်မှုက ဒဏ္ဍာရီလာ ဇာတ်ကြောင်းအနေနဲ့တောင် ရေးသားလို့ရတယ်။ သူ့ရဲ့ အထူးခြားဆုံးအချက်က သူ့ရဲ့ ဉာဏ်ပညာနဲ့ ဖန်တီးဉာဏ်ပဲ။ သူက မင်းတို့အားလုံး ပေါင်းတာထက်တောင် ပိုပြီးတော့ ဉာဏ်ကောင်းပြီး ဉာဏ်များတယ်လို့ပြောရင်တောင် သံသယဖြစ်ဖွယ်မရှိဘူး။ မင်းတို့အားလုံးကို ပြောတာနော်”

ဝမ်ဝေ့က သူ့အပေါ် ကျရောက်လာသည့် သတ်ဖြတ်ငွေ့များကို ခံစားမိသည့်အခါ နှုတ်ခမ်းက တွန့်ချိုးသွားသည်။ သူက သက်ပြင်းချလိုက်ပြီးနောက် လတ်လတ်ဆတ်ဆတ် ကျိုချက်ထားသည့် အဖန်ရည် တစ်ငုံသောက်ကာ သက်ပြင်းချလိုက်သည်။ သူက အားလုံးကို လျစ်လျူရှုထားလေ၏။

ဒိုင်မေးရှင်းအမြင့်က လက်ရွေးစင်များက သူ့အား မျက်မှောင်ကြုတ်ကာ ကြည့်လိုက်ကြသည်။ သူတို့က တာအိုနယ်ရှင်တစ်ယောက်အကြောင်း သိထားလေသည်။ အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာတွင် တားမြစ်ခံများက စစ်ဆေးမှုကို ဖြတ်ကျော်ဖို့ သီးသန့်နေရာတစ်ခုကို ဖိတ်ခေါ်ခံရသည်။ ကျင့်ကြံသူများက သူတို့၏ တားမြစ်ခံစည်းမျဉ်းကို နားမလည်ခင်နှင့် အသုံးမပြုခင် ထိုအရာကို လုပ်ဆောင်ရမည်။ ထိုသို့ မဟုတ်ပါက သူတို့သည် စည်းမျဉ်းအသုံးပြုခြင်းနှင့် နားလည်ဖို့လိုအပ်သည့် ကျင့်ကြံဆင့်ကို ဘယ်တော့မှ ဝင်ရောက်နိုင်မည် မဟုတ်ပေ။

ထိုဆင့်ခေါ်ခံရသည့်နေရာအတွင်း ကောင်းကင်တာအိုက သူတို့အား သူတို့၏ ဘဝကို ပြန်လည်ဖန်တီးမည့် ပြီးပြည့်စုံသော ပုံရိပ်ယောင်တစ်ခုအတွင်းတွင် ထားရှိမည်ဖြစ်သည်။ ထို့နောက် ထိုအရာက သူတို့အား ရင်ဆိုင်ဖို့ လူတစ်ယောက်၏ ဘဝကို အသုံးပြုလိမ့်မည်။ သူတို့က ထိုစစ်ဆေးမှုကို အောင်မြင်ဖို့ နည်းလမ်းရှာရမည်။

အကယ်၍ ကျင့်ကြံသူက ကျရှုံးသွားပါက ထိုလူသည် တားမြစ်ခံတာအိုကို ထိန်းချုပ်နိုင်စွမ်း ရှိမည့်သူမဟုတ်ပေ။

ထိုနည်းလမ်း၏ အဓိကအကြောင်းအရင်းက ကံစစ်ဆေးမှုသည် ရှုပ်ထွေးသည့်အချက်ကြောင့် ဖြစ်သည်။ ဧကရာဇ်၊ ကောင်းကင်ဘုံနှင့် စံပြများ ပြည့်နှက်နေသည့် ကမ္ဘာတစ်ခုတွင် ကောင်းကင်တာအိုက ထိုလူများနှင့် စတင်ရင်ဆိုင်ခဲ့လျှင် ပထမဦးစွာ မည်သူကမှ အောင်မြင်မည်မဟုတ်ပေ။ ထိုအားကောင်းသည့်သူများက ဤအရာကို ဖြစ်ပျက်ဖို့ ခွင့်မပြုနိုင်ကြပေ။

စစ်ဆေးမှုက ဒိုင်မေးရှင်းနှစ်ခုလုံးတွင် တူညီသည့် ခက်ခဲမှုမျိုး ရှိပြီး လူတချို့ကသာ တာအိုနယ်ရှင် ဂုဏ်ပုဒ်ကို ကိုင်စွဲနိုင်ကြသည်။ သို့သော်လည်း တော်တော်များများက ချူးလော့နှင့် ဆင်တူသည့် တားမြစ်ခံတာအိုကိုသာ ကိုင်ဆောင်ကြပြီး သူတို့က သူတို့၏ တာအိုကို ထိန်းချုပ်ဖို့ တန်ကြေးတစ်ခု ပေးဆပ်ရသည်။ သို့မဟုတ် ကန့်သတ်ချက်တစ်ခု ထားရှိကြ၏။

နယ်ရှင်ဂုဏ်ပုဒ်နှင့် ပတ်သက်လာသည့်အခါ စံပြများပင် တစ်စုံတစ်ယောက်ကို ရယူပေးဖို့ မစွမ်းသာပေ။ ကောင်းကင်ရုပ်ခန္ဓာကို ဖန်တီးဖို့ရာအတွက် လူတချို့က ဒိုင်မေးရှင်းအမြင့်တွင် လုပ်ဆောင်ခဲ့ဖူးရာ အောင်မြင်ခဲ့ဖူးသည်။

သို့သော် သူတို့၏ ရှားပါးမှုက အောင်မြင်မှုကြီး ဖြစ်စေ၏။

စိတ်ဝင်စားစရာပဲ…

ရှစ်ရို့လန်က တွေးလိုက်သည်။ အားလုံးက တာအိုနယ်ရှင်သည် အလွန်တရာအားကောင်းကာ ဉာဏ်များကြောင်း နည်းဗျူဟာကျကျ တွေးခေါ်တတ်ကြောင်း သိကြသည်။ ထိုသူက သူတို့အားလုံး ပေါင်းစပ်သည်ထက် ဉာဏ်ကောင်းသည်ကိုတော့ သူ့မအနေနှင့် မယုံကြည်နိုင်ပေ။

သူမက အရှင်စိတ်ဝိညာဉ်သည် ထိုစကားများကို ပြောသည်က ဤစစ်ဆေးမှုအတွက် သူတို့၏ စွမ်းဆောင်ရည် အပြည့်အဝကို ထုတ်သုံးဖို့ရာသာ ဖြစ်၏။

ဉာဏ်ကောင်းတော့ရော ဘာအရေးလဲ။ အဓိကက အင်အားပဲ…

အောင်းထျန်းယီက တွေးလိုက်သည်။ သူက ထိုသို့တွေးမိသော်လည်း ဝမ်ဝေ့ကို စောင့်ကြည့်ဖို့ ဆုံးဖြတ်လိုက်သည်။ သူက အကွက်ကျကျ ရင်မဆိုင်လိုပေ။

ရှီရှန်းယန်က သူ့အား တစ်ချက်ကြည့်ပြီးသည့်နောက် တုံ့ပြန်မှု ပေးမလာပေ။ ကျန်းယွီချန်းက သူ့အား အမူအရာမရှိ ယဉ်ယဉ်ကျေးကျေး ကြည့်လာလေ၏။ ဘုန်းကြီးဝူကျစ်ကမူ ပြုံးလျက် ခေါင်းညိတ်ပြလာသည်။ ဝမ်ဝေ့ကမူ ထိုအရာအားလုံးကို မမြင်သလိုသာ ဟန်ဆောင်နေလိုက်၏။

ထိုစဉ် ဒိုင်မေးရှင်းအနိမ့်၏ လက်ရွေးစင်များက တုံ့ပြန်မှုအမျိုးမျိုး ရှိနေကြသည်။ အများစုက တာအိုနယ်ရှင်သည် ဘာမှန်းမသိကြပေ။

ဉာဏ်ကောင်းသည့်သူများက ကိစ္စတချို့ကို ရုတ်ချည်းဆိုသလို ပြန်လည်တွေးမြင်လာကြသည်။ လတ်တလောလေး နတ်ဆိုးအထွတ်အထိပ်ကမ္ဘာ၏ နတ်ဆိုးမျိုးနွယ် ဖျက်ဆီးခံရမှုသတင်းသည် တခြားကမ္ဘာ့အသိုက်အဝန်းများအထိ ပျံ့နှံ့လာခဲ့သည်။

ထိုအဖြစ်အပျက်၏ အချိန်ကို တွက်ချက်ကြည့်ပြီးသည့်နောက်တွင် ယီထွေ့ကျစ်က အသင်္ချေအင်ပါယာကမ္ဘာမှ တစ်ယောက်နှင့် ပဋိပက္ခဖြစ်ပြီးသွားသည့်နောက် သိပ်မကြာကြောင်း သဘောပေါက်လိုက်ကြသည်။ အရှင်စိတ်ဝိညာဉ်၏ စကားကို ပြန်လည်သုံးသပ်ပြီးသည့်နောက်တွင် လူတချို့က ဝမ်ဝေ့သည် နတ်ဆိုးအထွတ်အထိပ်ကမ္ဘာ၏ ကျဆုံးမှုနှင့် ပတ်သက်နေရမည်ဖြစ်ကြောင်း ကောက်ချက်ချလိုက်ကြ၏။

ချူးလော့နှင့် ထုံရို့ပင်းတို့ကမူ ဝမ်ဝေ့အား ထူးထူးဆန်းဆန်း ကြည့်လာကြသည်။ ကျိလန်ဖန်းက ဓားသမားတစ်ယောက်အနေနှင့် အားကောင်းသည့် အလိုလိုသိစိတ်မျိုး ရှိထားသည့်အတွက် ဝမ်ဝေ့သည် နတ်ဆိုးအထွတ်အထိပ်ကမ္ဘာ၏ ဖြစ်ပျက်ခဲ့သမျှတွင် သေချာပေါက် ပါဝင်နေလိမ့်မည်ဟု ယုံကြည်ထားသည်။

သို့သော်လည်း ဝမ်ဝေ့က သူတို့အား လျစ်လျူရှုကာ သူ တစ်ဦးတည်းရှိနေသလိုမျိုး အဖန်ရည် ဆက်လက်သောက်သုံးနေသည်။ သူက ထိုလူများ တွေးနေသည်ကို မသိပေ။ သူ သိလျှင်ပင် သူက ဝန်ခံမည်မဟုတ်ပေ။

“ တတိယနေရာက ကျိလန်ဖန်း။ ပြစ်ချက်မဲ့တာအိုနှလုံးသားကို ပိုင်ဆိုင်ထားတဲ့ သန့်စင်တဲ့ ဓားသမားတစ်ယောက်။ သူက ဓားတစ်ချက်နဲ့ အသင်္ချေစည်းမျဉ်းကို ချိုးဖောက်ခြင်းအဆင့်ကို ဝင်ရောက်ထားတဲ့သူ”

ပါရမီရှင်လို့ ခေါ်တဲ့သူတွေက ငါ ထင်ထားသလောက်တော့ မဆိုးဘူးပဲ…

အောင်းထျန်းယီက တွေးလိုက်မိသည်။ ဓားတစ်ချက်ကို အသင်္ချေစည်းမျဉ်းကို ချိုးဖောက်ခြင်းအဆင့်သို့ ဝင်ရောက်နိုင်သည့် ဓားသမားတစ်ယောက်က သူတို့၏ ဓားဖြင့် စည်းမျဉ်းအကုန်လုံး သို့မဟုတ် သဘောတရားအကုန်လုံးကို လွှမ်းမိုးနိုင်စွမ်းရှိသည့်အဆင့်ကို ဆိုလိုခြင်းဖြစ်၏။

လူတော်တော်များများက တာအိုကို သက်သေမပြခင် ထိုအဆင့်ကို ဝင်ရောက်ခြင်းဖြင့် ဓားသမားတစ်ယောက်အဖြစ် သတ်မှတ်ခြင်းခံရသည်ဟု ယုံကြည်ထားကြသည်။ မဟုတ်ပါက သူတို့သည် ဓားအသုံးပြုသူသာဖြစ်ပြီး ဓားသမား မဟုတ်ပေ။

ကျန်းယွီချန်းက ကျိလန်ဖန်းအား တိုက်ခိုက်လိုစိတ်ဖြင့် ကြည့်လိုက်သည်။ သူကလည်း ဓားတာအိုကို ကျင့်ကြံသူဖြစ်သည့်အတွက် ဓားသမားများနှင့် တိုက်ပွဲကို သဘောကျနေသည်။

“ လေးနေရာမြောက်က အဆောင်ပြုလုပ်ရေးရဲ့ ကျွမ်းကျင်သူ ထုံရို့ပင်း။ သူမက အဆင့်(၂၇) ကောင်းကင်ရုပ်ခန္ဓာဖြစ်တဲ့ အရင်းအမြစ်သင်္ကေတရုပ်ခန္ဓာကို ရယူပြီးတော့ ဖန်တီးထားခဲ့တယ်”

ဒိုင်မေးရှင်းအမြင့်မှ ပြိုင်ပွဲဝင်များက သူတို့၏ ပြိုင်ပွဲဝင်များသည် ယခင်ထင်ထားသလောက် မရိုးရှင်းကြောင်း သဘောပေါက်၍ အနည်းငယ် အာရုံစိုက်လာကြသည်။ အရင်းအမြစ်သင်္ကေတ ရုပ်ခန္ဓာသည် ဆေးပညာ၊ အဆောင်၊ ဆေးလုံးဖော်စပ်ခြင်းနှင့် အစီအရင်လို ကျွမ်းကျင်အတတ်ပညာများအတွက် အကောင်းဆုံးပါရမီဟု ယူဆ၍ရသည်။

ထိုရုပ်ခန္ဓာနှင့် ပါရမီရှင်များက ထိုကျွမ်းကျင်အတတ်ပညာတိုင်းတွင် ထိပ်တန်းအင်အားစု ဖြစ်လာနိုင်ကြပြီး ထိုလေးခုလုံးကို ကျွမ်းကျင်သူများပင် ဖြစ်လာနိုင်ကြသည်။ ထုံရို့ပင်းက အဆောင်အတွက်သာ အလုပ်ဖြစ်သည့် ထိုရုပ်ခန္ဓာကို ရယူထားနိုင်လျှင်ပင် သူမက အနာဂတ် တောက်ပနေသည့်သူဖြစ်ပြီး ထိုက်တန်သည့် ပြိုင်ဘက်တစ်ဦး ဖြစ်သည်။

“ ကျွန်မကို မကြည့်နဲ့။ ဒီရုပ်ခန္ဓာကို ကျွန်မ ဖန်တီးခဲ့တာ မဟုတ်ဘူး။ သူ ဖန်တီးခဲ့တာ” သူမက ဝမ်ဝေ့အား လက်ညှိုးထိုးကာ ပြောလိုက်၏ “ ကျွန်မက သူ့အတွေးအခေါ်ကို အသုံးပြုခဲ့ရုံပဲ”

“ မင်းက အသုံးပြုတာ မဟုတ်ဘူး။ ခိုးခဲ့တာ” ဝမ်ဝေ့က ပြန်ပြောလိုက်သည်။

“ ဝူမင်က ကျွန်မကို လက်ဆောင်အနေနဲ့ ပေးတာလေ” သူမက ထပ်ပြောလိုက်သည်။

“ အဲဒါက လိုလိုလားလားတော့ မဟုတ်နိုင်ဘူး”

“ အမျိုးသမီးတစ်ဦးက သူမရဲ့ ဆွဲဆောင်မှုကို အသုံးပြုပြီး သူမ လိုချင်တာကို ရယူတာ ဘာများမှားလို့လဲ။ ဒီလိုမျိုး ယောက်ျားသားဝါဒီ အုပ်စိုးတဲ့ ခေတ်ကာလမှာ ကျွန်မတို့လို အားနည်းတဲ့ အမျိုးသမီးတွေက လိုအပ်တာကို ဘာမှမလုပ်ဘဲ ထိုင်နေရမှာလား” ထုံရို့ပင်းက အပြုံးလေးဖြင့် ပြောလိုက်သည်။

ဝမ်ဝေ့က မျက်လုံးဝှေ့ကာ သူမ၏ အရှက်မဲ့မှုအကြောင်းကို သင်ယူခဲ့ရ၏။ ထိုစဉ် ထိုလက်ရွေးစင်များက ဝမ်ဝေ့အား ထူးထူးဆန်းဆန်း ကြည့်လာကြသည်။

သူတို့တွေးမိသည်က သူသည် ပြဿနာဖြစ်လာနိုင်သည်ဟု ဖြစ်သည်။

“ ဆက်ပြောမယ်” အရှင်စိတ်ဝိညာဉ်က ပြောလိုက်သည် “ ၅နေရာမြောက်က အလင်းမျိုးနွယ်က ထာဝရကလေးငယ် ရှစ်ချီအန်း”

အားလုံးက အရှင်စိတ်ဝိညာဉ် ဆက်ပြောမည်ကို စောင့်ဆိုင်းနေကြသော်လည်း သူမက ဘာမှမပြောပေ။ သူမက ပုခုံးသာတွန့်လိုက်၏။ သူမအနေနှင့် ပြောနိုင်သည့်အရာလည်း မရှိပေ။ ထိုကြီးကျယ်လှသည့် ကိစ္စမျိုးထဲတွင် ရှစ်ချီအန်းနှင့် ပတ်သက်ပြီး မှတ်သားလောက်စရာ မရှိပေ။

သူမ၏ မသေမျိုးကလေးငယ် အဆင့်အတန်းက ထိုဒိုင်မေးရှင်းအမြင့်မှ ကောင်းကင်ရွေးချယ်ခံများ၏ အမြင်တွင် အဖိုးမတန်ပေ။ သူမ၏ အလင်းမျိုးနွယ် အဆင့်အတန်းကသာ အဖိုးတန်သည်မှာ တားမြစ်ခံတာအိုများဖြစ်သည့် ကံအတွက် သဘာဝဆက်နွယ်မှု ရှိနေ၍ ဖြစ်သည်။ သို့သော်လည်း ထိုဆက်သွယ်မှု သို့မဟုတ် ကံထိန်းချုပ်နိုင်စွမ်းက ကန့်သတ်ချက် ရှိ၏။

အရှင်စိတ်ဝိညာဉ်က တခြားလူများသည် ထိုနေရာနှင့် ပိုမိုသင့်တော်ကြောင်း ခံစားမိသည်။ ထိုသူက ရှုရှစ် သို့မဟုတ် လျန့်ရှစ်ချန်းပင် ဖြစ်နေနိုင်သည်။ သို့သော်လည်း သူက သင့်တော်သလို အနေအထားကို ပြောင်းလဲပစ်၍ မရပေ။

“ နောက်ဆုံးလက်ရွေးစင်ကတော့ မိန်းကလေး ကျင်းဝူဟွား။ ဧကရာဇ်မျိုးဆက်ဖြစ်ပြီးတော့ ယခင်ကောင်းကင်အလိုဆန္ဒတိုက်ပွဲမှာ ထာဝရဧကရာဇ်ရဲ့ လက်အောက်မှာ ကျရှုံးသွားရတဲ့ ခြေသုံးချောင်းရွှေကျီး၊ ဒါပေမဲ့ သူမက သူမဘာသာသူမ မျိုးဆက်များစွာကြာ စည်းပိတ်ပြီးတော့ သူမရဲ့ စိတ်စွမ်းအားကို ထပ်ခါထပ်ခါ လေ့ကျင့်ပေးခဲ့တယ်။ အဲဒါအပြင် သူမရဲ့အဖေက သူမ ဒုတိယအကြိမ် ကြိုးစားမှုမှာ အောင်မြင်ဖို့ရာအတွက် သီးသန့်ဆုလာဘ်တစ်ခု ထားရှိခဲ့တယ်။”

ကျင့်ဝူဟွားက အရှင်စိတ်ဝိညာဉ်အား ဒေါသတကြီးဖြင့် ကြည့်လိုက်သည်။ သူမအနေဖြင့် ထိုသူသည် သူမ၏ နာကျင်မှုကို နှိုးဆွကာ လူသိရှင်ကြား ကြေညာလိမ့်မည်ဟု ထင်မထားမိပေ။ ထို့အပြင် သူမက သူသည် ထိုကိစ္စများကို မည်သို့သိထားကြောင်း သိချင်မိ၏။

ဒိုင်မေးရှင်းအမြင့် လက်ရွေးစင်များက ကျင်းဝူဟွားကို အာရုံစိုက်လာကြသည်။ သူတို့က တချို့မသေမျိုးများသည် သူတို့၏ မျိုးဆက်များအတွက် ဝှက်ဖဲတချို့ ချန်ထားခဲ့သည့်အခါ မည်မျှကြောက်ဖို့ကောင်းကြောင်း နားလည်ကြ၏။

အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာတွင် စတင်မကျင့်ကြံရသေးသည့် တချို့သေမျိုးများက ကောင်းကင်ဘုံ သို့မဟုတ် တာအိုအုပ်စိုးသူကိုပင် ဒဏ်ရာပေးနိုင်လောက်သည့် အဆောင်တစ်ခု ထုတ်ယူလာနိုင်သည်မှာ သာမန်သာ ဖြစ်၏။ ထိုအရာအားလုံးက သူတို့၏ လွှမ်းမိုးနိုင်စွမ်းရှိသည့် မိဘများအပေါ် မူတည်နေသည်။

သူမက ထာဝရဧကရာဇ်ကို ရှုံးနိမ့်ခဲ့တာလား။ အဲဒါက ကောင်းကင်ဝါးမျိုခြင်းဧကရာဇ်များ ဖြစ်နေမလား…

အဲဒါဆိုရင် အချိန်အရတော့ အဓိပ္ပာယ်ရှိတယ်…

ဝမ်ဝေ့က တွေးလိုက်မိသည်။ တစ်ချိန်တည်းဆိုသလို သူက အရှင်စိတ်ဝိညာဉ်သည် များစွာ သိထားပုံပေါ်ကာ ပြဿနာဖြစ်လာနိုင်ကြောင်း တွေးလိုက်မိသည်။

“အရှင်စိတ်ဝိညာဉ် ကျုပ်မှာ မေးခွန်းတချို့ရှိတယ်” ဝမ်ဝေ့က ရုတ်ချည်းပြောလိုက်သည့်အတွက် အရှင်စိတ်ဝိညာဉ်အနေနှင့် နှလုံးခုန်မြန်သွားကာ ကိစ္စများက ရှုပ်ထွေးလာတော့မည်ဟု ခံစားမိလိုက်သည်။

***

All Chapters