← Chapters

ခင်ဗျား မလုပ်ရဲသလို ကျုပ်ကလည်း မကြောက်တတ်ဘူး ပန်းပဲဆရာကြီး၏ နေရာက ကျောက်အိမ်အသေးလေးတဲ့လား ...

Vol. 30 Ch. 408

ခင်ဗျား မလုပ်ရဲသလို ကျုပ်ကလည်း မကြောက်တတ်ဘူး ပန်းပဲဆရာကြီး၏ နေရာက ကျောက်အိမ်အသေးလေးတဲ့လား ...

Vol. 30 Ch. 408

မိုဝူကျီက အပြင်ဘက်တွင် ရပ်ကာ စိတ်စွမ်းအားဖြင့် စစ်ဆေးကြည့်လိုက်သည့် အခါ ထိုပန်းပဲဆရာကြီး၏ အစီအရင် အသိပညာမှာ သူ့ထက် မနိမ့်ကျကြောင်း သိလိုက်သည်။ ကျောက်အိမ်အကာတွင် လျှို့ဝှက် အစီအရင်များစွာနှင့် ပိတ်လှောင်ရေး အစီအရင်များစွာ တပ်ဆင်ထားလေ၏။ အကယ်၍ အစီအရင်ကို နားမလည်ပါက အလွယ်တကူ ပိတ်မိသွားနိုင်လေသည်။ ထို့နောက် အစီအရင်ကို ထိန်းချုပ်ထားသည့် လူက တိုက်ခိုက်လာလျှင် အသက်ရှင်နိုင်ခြေမှာ သုညနား ကပ်သွားပေလိမ့်မည်။

“တာအိုရောင်းရင်းမို ... ကျမနဲ့ အတူတူ လိုက်ဝင်လို့ ရပါတယ်။ မစိုးရိမ်ပါနဲ့။ တစ်ခုခု ဖြစ်လာမှာ မဟုတ်ပါဘူး”

ကျာချီက မိုဝူကျီ မဝင်သေးဘဲ ရပ်နေသည်ကို မြင်၍ အရင်ဦးဆုံး ဖိတ်ခေါ်လိုက်သည်။ မိုဝူကျီက ခပ်ယဲ့ယဲ့ ပြုံးကာ ကျောက်အိမ်အတွင်း ဝင်လိုက်တော့သည်။

တစ်ခုခု ဖြစ်လာလျှင်ပင် သူက ကြောက်ရွံ့မနေပေ။ ထိုအစီအရင် အမျိုးမျိုးက သူ့အား ပိတ်ထားနိုင်သော်လည်း ကျာချီနှင့် ထိုလျှို့ဝှက်ဆရာကြီးက သူ့ကို သတ်ချင်လျှင်တော့ ထိုအတိုင်း ဖြစ်လာမည် မဟုတ်ပေ။

သူတို့ကျောက်အိမ်ဆီ ဝင်သွားပြီးနောက် မိုဝူကျီက ကျာချီနောက်လိုက်ကာ ဒုတိယထပ်သို့ လိုက်ပါ သွားလိုက်သည်။ ဒုတိယထပ်တွင် အခန်းတစ်ခန်းသာ  ပါရှိ၏။ အဝင်ပေါက်တွင် ရှိနေသည့် မိုဝူကျီက  အခန်းအလယ်တွင် ထိုင်နေသည့် အမျိုးသား တစ်ယောက်ကို မြင်လိုက်ရသည်။

“ဆရာကြီးဖူကျိ ...  မိုဝူကျီကို ခေါ်လာပါပြီ” ကျာချီက တံခါးဝမှ လေးလေးစားစား ပြေလိုက်သည်။

“ရောက်လာမှတော့ ဝင်ထိုင်ပါဦး” အခန်းအလယ်မှ အမျိုးသား ခေါင်းမော့လိုက်သည့် အခါ မုတ်ဆိတ်များဖြင့် ပြည့်နေလေ၏။

ရိုးရိုးရှင်းရှင်း အသိမှတ်ပြုမှု နောက်တွင် ကျာချီက မိုဝူကျီကို မိတ်ဆက် ပေးလိုက်သည် …

“တာအိုရောင်းရင်းမို ... ဒါက ဆရာကြီးဖူကျိပါ။ ထိပ်တန်း ပန်းပဲပညာရှင် တစ်ယောက်ပါ။ ကျမ သိသလောက်ဆိုရင် အင်မော်တယ်တပိုင်း နယ်ပယ်မှာ တစ်ယောက်မှ သူနဲ့ ယှဉ်နိုင်မှာ မဟုတ်ဘူး”

မိုဝူကျီက ထိုလူကြီးကို တစ်ချက် ကြည့်လိုက်သည်။ အကယ်၍ ကျာချီသာ မိတ်ဆက်မပေးပါက ထိုလူကြီးမှာ ထိပ်တန်း ပန်းပဲပညာရှင် တစ်ယောက် ဖြစ်လိမ့်မည်ဟု ဘယ်တော့မှ ယုံမည် မဟုတ်ပေ။ သူ့နာမည်မှာ ကျာချီကဲ့သို့ နည်းနည်း ထူးဆန်းကာ ဖူကျိ ဖြစ်နေသေး၏။

“မိုဝူကျီက ဆရာကြီးကို နှုတ်ဆက်ပါတယ်”

မိုဝူကျီက လက်နှစ်ဖက် ဆုပ်လျက် ကျာချီနောက်မှ အခန်းထဲ လိုက်ဝင်သွားလိုက်သည်။

မိုဝူကျီက  ဆရာကြီးဖူကျိမှာ ထိပ်တန်း ပန်းပဲပညာရှင် ဟုတ်လား မသေချာသေးပေမဲ့ ထိုလူက သေချာပေါက် အားကောင်းကြောင်း ပြောနိုင်လေသည်။ အနည်းဆုံးတော့ မြေကမ္ဘာ အင်မော်တယ် ပြီးပြည့်စုံခြင်း အဆင့်တွင် ရှိနေလေ၏။

“တာအိုရောင်းရင်းမို ... ကျာချီနဲ့ ကျုပ်က ရုတ်တရက် တိုက်ခိုက်ပြီး ခင်ဗျားကို ဒီနေရာမှာ ဖမ်းထားမှာကို မကြောက်ဖူးလား”

ဆရာကြီးဖူကျိက မိုဝူကျီကို ကြည့်ရင်း တစ်လုံးချင်း ပြောလိုက်သည်။ သူက လူသတ်ငွေ့ ထုတ်မလွှင့်နေသော်လည်း သူ့စကားများတွင် ခြိမ်းခြောက်သည့် အငွေ့အသက်များ ပါဝင်နေသည်။

မိုဝူကျီက ခပ်ယဲ့ယဲ့ ပြုံးရင်း ဘေးမှ ထိုင်ခုံဆီ လျှောက်လာကာ ထိုင်ချလိုက်သည်။ ထို့နောက် သူက အေးအေး ဆေးဆေး ပြန်ပြောလိုက်သည် …

“ခင်ဗျား မလုပ်ရဲပါဘူး။ ပြီးတော့ ကျုပ်က မကြောက်တတ်ဘူး ...”

ကျာချီနှင့် ဖူကျီတို့ နှစ်ယောက်လုံး အံ့ဩသွားကြသည်။ ဖူကျိ စကားလုံးများကို ကျာချီက မိုဝူကျီသည် …

“ခင်ဗျား အဲဒီလို မလုပ်ဘူးလို့ ကျုပ် ယုံပါတယ်” သို့မဟုတ် “ခင်ဗျားတို့ နှစ်ယောက်ကို ယုံလို့ ဒီနေရာ ရောက်လာတာ” ဟု ပြန်ဖြေမည်ဟု ထင်မှတ်ခဲ့သည်။ မိုဝူကျီက  “ခင်ဗျား မလုပ်ရဲပါဘူး။ ပြီးတော့ ကျုပ်လည်း မကြောက်တတ်ဘူး” ဟု ပြောလိမ့်မည်တော့ သူမ တစ်ခါမျှ မတွေးထားပေ။

မိုဝူကျီက လောကအင်မော်တယ် အလယ်အလတ် အဆင့်မျှသာ ရှိသေးသောကြောင့် ဤသို့သော စကားမျိုးကို မည်သို့များ ပြောထွက်သနည်း။ သူ့ကို သတ်ဖို့ရာ ဘာဆိုဘာမျှ ကြောက်နေစရာ မရှိပေ။ ဤနေရာတွင် သူတို့က မိုဝူကျီကို သတ်လိုက်လျှင်ပင် ဘာအကျိုးဆက်မှ ရင်ဆိုင်ရမည် မဟုတ်ပေ။

“တကယ်လား ... စမ်းကြည့်တာပေါ့” ထိုသို့ ပြောပြီးနောက် ဖူကျိက ရုတ်တရက် ထကာ မိုဝူကျီဆီ လက်သီးတစ်ချက် ပစ်လွှတ်လိုက်သည်။ ကျာချီက အဝေးတစ်နေရာမှ လေ့လာ ဆန်းစစ်နေပြီး   ထိုလက်သီးချက်မှာ တည်နေရာ တစ်ခုလုံးကိုပင် ရပ်တန့်သွားသည့် အလား ခံစားရမိစေသည်။

မိုဝူကျီက ထိုနေရာတွင် ထိုင်နေဆဲ ဖြစ်ကာ သူလည်း လက်သီးတစ်ချက် ပစ်လွှတ်လိုက်သည်။ အကြည့်နှင့်တင် ထိုဖူကျိနှင့် သူမှာ အတူတူ ဖြစ်ပြီး ထိုသူမှာ အာကာသ သီအိုရီအကြောင်း အနည်းငယ် သိထားလေ၏။ ထိုလူက သူ့ဆီ တည်နေရာကို ရပ်တန့် သွားနိုင်ခြင်းက လူသစ်လေး မဟုတ်ကြောင်း သိသာလေ၏။

မိုဝူကျီက ဖူကျိ လက်သီးချက်တွင် လူသတ်ငွေ့များ မပါဝင် နေသောကြောင့် သူ့ခန္ဓာကိုယ်မှ လူသတ်ငွေ့များလည်း မခံစားမိပေ။ ထိုလက်သီးချက်တွင် အာကာသ သီအိုရီအကြောင်း သူ့နားလည်နိုင်စွမ်းကို အနည်းငယ် မြှုပ်နှံ့ထားသည်။

“ဘုန်း”

လက်သီးနှစ်ချက် ဆုံသည့်အခါ သဘာဝ စွမ်းအားများ ပေါက်ကွဲသွားသည်။ ဖူကျိက ကြိုးပြတ်တစ်ခု ကဲ့သို့ နောက်ပြန် ဆုတ်လိုက် ရသော်လည်း မိုဝူကျီက တစ်စက်လေးမျှ မလှုပ်ရှားလိုက်ရပေ။

ကျာချီက မိုဝူကျီကို မျက်တောင်မခတ် ငေးကြည့်နေမိသည်။ သူမက ဖူကျိအင်အားကို သေချာသိထားသည်။ သူက ဤနေရာတွင် အားအကောင်းဆုံး မဟုတ်သော်လည်း သူ့သဘာဝ စွမ်းအားများက မြေကမ္ဘာ အင်မော်တယ် နောက်ပိုင်း အဆင့်များထက် ပိုသာပေသည်။ မိုဝူကျီက လောကအင်မော်တယ် အလယ်အလတ်အဆင့် ဖြစ်သော်လည်း သူက ထရပ်ပြီး  ဖူကျိနှင့် လက်သီးချင်း ယှဉ်ဖို့ရာအထိ ပျင်းရိ နေလေ၏။

မိုဝူကျီက လောက အင်မော်တယ် အဆင့် မဟုတ်ဘဲ မြေကမ္ဘာ အင်မော်တယ် အဆင့်များလား ...

ဖူကျိက မိုဝူကျီဆီ ခုန်မဝင်တော့ပေ။ သူ့စိတ်လှုပ်ရှားမှုမှာ ကျာချီထက်ပင် ပိုနေပေသည်။ ထိုလက်သီးချင်း ရင်ဆိုင်မှုတွင် သူက မိုဝူကျီစွမ်းအားမှာ လောကအင်မော်တယ် ဖြစ်ကြောင်း သေချာ ခံစားမိလိုက်သည်။ လောကအင်မော်တယ် တစ်ယောက်က သူနှင့် ရင်ဆိုင်နိုင်ခြင်း အမှန်ပင် ကြောက်ဖို့ ကောင်းလှပေသည်။ သူတို့က မှော်ကျင့်စဉ်တွေ မသုံးထားပဲ သဘာဝ စွမ်းအားကြားမှ ယှဉ်ပြိုင်ပွဲ တစ်ခုသာ ဖြစ်၏။

“ဘုန်း” ထိုစဉ် မိုဝူကျီနောက်တွင် အက်ကွဲကြောင်းကြီး ပေါ်လာသည်။

“တာအိုရောင်းရင်းမိုမှာ တိုက်ခိုက်မှုကို လမ်းကြောင်း ပြောင်းနိုင်တဲ့ အလွန် အားကောင်းတဲ့ လျှို့ဝှက်ပညာရပ် ရှိထားတာပဲ ...”

ဖူကျိက သဘာဝ စွမ်းအားများ သိမ်းဆည်းကာ တအံ့တဩ ဆိုလိုက်သည်။

မိုဝူကျီက အသာပြုံးကာ သူ့ပညာရပ်ကို ဆက်မရှင်းပြတော့ပဲ တည့်တိုးသာ မေးလိုက်သည် … “တာအိုရောင်းရင်း ကျာချီဆီက ဆရာကြီးဖူကျိက ထိပ်တန်း ပန်းပဲပညာရှင်လို့ ကြားထားပါတယ်”

ကျာချီက မိုဝူကျီကို ကြည့်လိုက်ပြီးနောက် မိုဝူကျီက သူ မကြောက်တတ်ကြောင်း ပြောသည့် စကားအဓိပ္ပာယ်ကို နားလည်သွားပေသည်။ မျက်စိတစ်မှိတ် အတွင်း သူက စကားလမ်းကြောင်း လွှဲလိုက်သည်။ သူမက သူ့ကို တိတ်တဆိတ် လေးစားမိနေကာ  မိုဝူကျီ  အင်မော်တယ် တပိုင်းနယ်ပယ်ဆီ ရောက်မလာခင် သူက သူ့ဂြိုဟ်တွင် ထိပ်သီးပညာရှင် သို့မဟုတ် ခေါင်းဆောင်အထိ ဖြစ်လိမ့်မည်ဟု ခန့်မှန်းမိလာ၏။

ဖူကျိက ဂုဏ်ယူစွာ ပြောလိုက်သည်  “ဟုတ်ပါတယ်။ အင်မော်တယ် နယ်မြေ အောက်မှာတော့ ကျုပ်က ပန်းပဲပညာရှင်တွေထဲ အတော်ဆုံးပါ ...”

သူ့လေသံတွင် ကိုယ့်ဘာသာ ယုံကြည်မှုနှင့်အတူ မာနလည်း ပါဝင်နေကာ စိုးစဉ်းမျှ လျော့ချခြင်း မရှိပေ။

ထို့နောက် သူက မိုဝူကျီကို မစောင့်တော့ဘဲ ငွေလက်စွပ် တစ်ကွင်း ထုတ်ယူကာ …

“ဒါက ကျုပ်ပြုလုပ်ထားတဲ့ အာကာသ လက်စွပ်ပဲ။ အထဲ အကျယ်အဝန်း နေရာက သာမန် လက်စွပ်တွေထက် မနည်းဘူး”

ထို့နောက် သူ့လက်အတွင်း ကျောက်တုံးနက် တစ်တုံး ပေါ်လာသည်။

မိုဝူကျီ၏ စိတ်စွမ်းအားမှာ အင်မတန် အားကောင်းနေပြီ ဖြစ်၍ ထိုကျောက်တုံးကို လက်စွပ်မှ ထုတ်ယူလိုက်ကြောင်း သေချာ မြင်လိုက်ရသည်။ ထို့အပြင် ထိုကျောက်တုံးနက်မှာ သူတူးယူခဲ့သည့် ကျောက်တုံးနက်နှင့် အတူတူပင် ဖြစ်၏။

“ကျုပ်လည်း အဲဒီလိုလက်စွပ်မျိုး လိုချင်တယ်။ ဈေးဘယ်လောက်လဲ” မိုဝူကျီက တည်တည်ငြိမ်ငြိမ် မေးလိုက်သည်။

ဖူကျိက ထိုလက်စွပ်ကို စားပွဲပေါ် တင်ပြီးနောက် ပြန်ဖြေလိုက်သည်  “နောင်ကျ မင်းရဲ့ကျောက်တုံးနက် သုံးဆယ် ရာခိုင်နှုန်း ပေးရမယ်။ ပြီးတော့ လက်စွပ်အတွက် လိုအပ်တဲ့ ပစ္စည်းအားလုံး ကိုလည်း ကိုယ်တိုင် ရှာရမယ်။ ပြီးတော့ အခြေအနေ တစ်ခုကို သဘောတူပေး ရမယ်”

မိုဝူကျီက မတ်တတ်ရပ်ကာ  “ဆရာကြီးဖူကျိက ဆက်မဆွေးနွေးချင်ဘူး ဆိုတော့လည်း ကျုပ် ပြန်လိုက်ပါဦးမယ်”

“တာအိုရောင်းရင်းမို ...” မိုဝူကျီ လှည့်ထွက်သည်ကို မြင်၍ ကျာချီက အနည်းငယ် စိတ်ပူပင် မိသွားသည်။

ဖူကျိလည်း မျက်မှောင်ကြုတ် လိုက်သည်။ သူက  မိုဝူကျီ ယခင် အလျှော့မပေးသည့် အကြောင်းအရင်းကို နားလည်သွားပေ၏။ မိုဝူကျီက သူတို့မှာ အတူတူ ဖြစ်ပြီး သူ့အတွက် ထိန်းချုပ်ခံမည့် တိရစ္ဆာန်မဟုတ်ပေ။

“တာအိုရောင်းရင်းမို ... အဲဒါဆို ကျုပ် ဒီလက်စွပ် လုပ်နိုင်တဲ့ ကိစ္စကိုရော အပြင်မှာ ပြန်ပြောမှာလား” ဖူကျိလည်း မတ်တတ် ရပ်လိုက်သည်။

မိုဝူကျီက ရပ်လိုက်ပြီး ပြန်ဖြေလိုက်သည် “ကျုပ် မပြောဘူး ဒါပေမဲ့ ကတိလည်း ပေးမှာ မဟုတ်ဘူး”

“အဲဒါဆို မင်းဘက်က အခြေအနေကို ပြော” ဖူကျိက ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။ မိုဝူကျီက မဆိုင်းမတွ ထွက်သွားသည့် အတွက် ဖူကျိက ဤစွန့်လွှတ် စတေးမှုကို မလုပ်ရဲပေ။

“ကျုပ်ကို လက်စွပ်တစ်ကွင်း လုပ်ပေးရင် လိုအပ်တာတွေ ရှာပေးမယ်။ ပြီးတော့ ခင်ဗျား လိုချင်တဲ့ ကြေးကိုပြော ...  ကျုပ် ကျောက်တုံးနက် ဘယ်လောက်ရတယ် ဆိုတာက ခင်ဗျားနဲ့ မသက်ဆိုင်ဘူး”

“ကောင်းပြီလေ ... ကျုပ်က ကျောက်တုံးနက် တစ်ထောင် လိုချင်တယ်။ ဒါပေမဲ့ တစ်ခုတော့ ကတိပေးရမယ်”   သူက မိုဝူကျီနှင့် အချိန်တိုလေး တွေ့ဖူးသော်လည်း ဖူကျိက မိုဝူကျီ စရိုက်ကို ကောင်းကောင်း နားလည်သွားသည်။ မိုဝူကျီက အလွယ်တကူ ထိန်းချုပ်လို့ ရသည့်သူ မဟုတ်ပေ။ ကျောက်တုံးနက် ခွဲတမ်းအတွက် သူက များစွာ အားကောင်းနေလျှင်ပင် မိုဝူကျီကို သဘောတူရန် လုပ်ဆောင်နိုင်မည် မဟုတ်ပေ။

“ပြောပါ ... ဘယ်အချက်လဲ ” မိုဝူကျီ လေသံမှာ  လျော့သွားလေ၏။

“ စောစောလေးက မင်းလက်သီးချက်မှာ အာကာသ သဘောတရားတွေ ပါဝင်နေတယ်။ ကျုပ်အတွက် မင်းနားလည်တာကို ကျောက်စိမ်းပေလွှာပေါ် ရေးပေး နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဖူကျိက ထိုသို့ ပြောပြီးနောက် မိုဝူကျီကို ကြည့်လိုက်သည်။ တကယ်တော့ ဤအချက်မှာ အရေးကြီးဆုံး ဖြစ်၏။

“လက်စွပ်လုပ်တာ ဘယ်လောက်ကြာမှာလဲ” အာကာသ သဘောတရားများ အနှစ်ချုပ်သည် မိုဝူကျီအတွက် တန်ဖိုးများစွာ မရှိတော့သော်လည်း မိုဝူကျီက ထိုတောင်းဆိုချက်ကို အလွယ်တကူ သဘောမတူပေ။

“ပထမဆုံး အထူး အာကာသ ရွှေကွေးကို ရှာပေးရမယ်” သူက ထိုသို့ပြောလိုက်ရင်း ဖူကျိက ပဲစေ့အရွယ်လောက် ရှိသည့်  မှိန်ပျပျ အဝါရောင် ကျောက်တုံးလေးကို ထုတ်ကာ မိုဝူကျီဆီ ပေးလိုက်သည်။

“မင်းက လုံလုံလောက်လောက် ရှာတွေ့ပြီဆိုရင် တစ်နှစ်အချိန်ပေး ... ကျုပ် မင်းကို လက်စွပ် ဖန်တီး ပြုလုပ်ပေးမယ် ...”

မိုဝူကျီက အထူး အာကာသ ရွေကွေးကို လက်ခံပြီးနောက် စိတ်စွမ်းအားဖြင့် စစ်ဆေး ကြည့်လိုက်သည့် အခါ အာကာသ စည်းမျဉ်းစွမ်းအားကို ချက်ချင်း ခံစားမိလိုက်သည်။

မကြာခင် သူက ဖူကျိဆီ ပြန်ပေးလိုက်ပြီး …

“ဆရာကြီးဖူကျိ ... ကျုပ် ခင်ဗျားရဲ့ တောင်းဆိုချက်ကို သဘောတူပါတယ်။ ဒါပေမဲ့ ကျုပ်လည်း ကျုပ်ကိုယ်ပိုင် တောင်းဆိုချက် အချို့ ရှိတယ် ...”

မိုဝူကျီ သဘောတူ လိုက်သည်ကို ကြား၍ ဖူကျိက စိတ်ဓာတ် တက်ကြွလာကာ  “တာအိုရောင်းရင်းမို ပြောပါ ...”

“ပထမအချက်က ကျုပ်က တစ်နှစ်အထိ မစောင့်နိုင်ဘူး။ ခင်ဗျားရဲ့ လက်စွပ်ကို ပေးထားလိုက် ... ကျုပ်က ခင်ဗျားအတွက် အာကာသ ရွေကွေးကို ပြန်ရှာပေးမယ် ...

တစ်နှစ်အကြာကျ ခင်ဗျားလုပ်တဲ့ လက်စွပ်က ခင်ဗျားအပိုင်ပဲ။ ဒုတိယအချက်က ကျုပ်မှာ ပြီးစီးအောင် ပြင်ရမဲ့ သင်္ဘောတစ်စင်း ရှိတယ်။ ခင်ဗျားကို သင့်တော်တဲ့ အချိန်တစ်ခုကျ အဲဒီကို ပြီးစီးအောင် လုပ်ပေးစေချင်တယ် ...” မိုဝူကျီ စကားအဆုံးတွင် သူက ဖူကျိအဖြေကို စောင့်နေလိုက်သည်။

“ဒါက မဖြစ်နိုင်ဘူး” ဆရာကြီးဖူကျိက မိုဝူကျီ တောင်းဆိုချက်ကို ချက်ချင်း ငြင်းလိုက်သည်။

ဤတစ်ကြိမ်တွင် မိုဝူကျီက လှည့်မထွက်သွားဘဲ လေးလေးနက်နက် ပြောလိုက်သည် “ဆရာကြီးဖူကျိ ...  ကျုပ် အာကာသ သဘောတရား အကြောင်း နားလည်လာတာက ကျောက်စိမ်းပေလွှာ တစ်ခုကြောင့်ပဲ။ အဲဒီ ကျောက်စိမ်းပေလွှာက ဟာကို ဖတ်ပြီးတော့ ကျုပ်က  စစ်မှန်ခြင်း နတ်ဘုရားအဆင့်နဲ့ အာကာသကို ဆက်စပ်လာနိုင်ခဲ့တယ်။ အဲဒီကျောက်စိမ်းပေလွှာ ဘယ်လောက် အဖိုးတန်တယ် ဆိုတာ ခင်ဗျားလည်း မှန်းမိမှာပါ ...

ရှင်းရှင်းပြောရရင် ဒီနေရာမှာသာ မဟုတ်ဘူးဆိုရင် ခင်ဗျား အခုပေးတာထက် အဆတစ်သောင်း တိုးပေးရင်တောင် ခင်ဗျားကို ကျောက်စိမ်းပေလွှာ ပေးမှာ မဟုတ်ဘူး ...”

ဆရာကြီးဖူကျိက ပြန်လည် မချေပတော့ပေ။ မိုဝူကျီ စကားများက အမှန်ဖြစ်ကြောင်း သိပေသည်။ အကယ်၍ ဤနေရာတွင် မဟုတ်ပါက သိုလှောင် လက်စွပ်လေး တစ်ကွင်းဖြင့် မိုဝူကျီ ကျောက်စိမ်းပေလွှာကို လဲလှယ်နိုင်မည် မဟုတ်ပေ။

တစ်ဖက်လူ တွေဝေနေသည်ကို မြင်၍ မိုဝူကျီက ထပ်ပြောလိုက်သည်  “ဆရာကြီးဖူကျိ … ထပ်တွေးကြည့်ပါဦး ... တကယ်လို့ ကျုပ်သာ အင်မော်တယ် နယ်မြေကို ရောက်သွားရင် ဒီလိုအဖိုးတန်တဲ့ ပညာရပ်အတွက် လက်စွပ် ဘယ်လောက်များများ ပေးရမယ် ထင်တုံး”

“ဟုတ်ပြီ ကျုပ် သဘောတူတယ်” မိုဝူကျီ နောက်ဆုံးစကားမှာ ဖူကျိကို အနိုင်ယူသွားလေသည်။ ဆရာကြီးဖူကျိမှာ တည့်တိုးဆန်သည့်သူ ဖြစ်၍ ချက်ချင်း သဘောတူလိုက်သည်။ သူက သူ့ကျောက်တုံးနက်များကို ခြင်းတောင်းထဲ ထည့်ထားပြီး လက်စွပ်ကို မိုဝူကျီဆီ ပေးလိုက်သည်။

မိုဝူကျီက အကြမ်းဖျင်း ရေတွက်ကြည့်လိုက်သော အခါ ကျောက်တုံးနက် အတုံးရေ တစ်ရာကျော် ရှိသည်။

လက်စွပ်ကို လက်ခံပြီးနောက် မိုဝူကျီက စိတ်စွမ်းအား ပို့လွှတ်လိုက်သည်။ အမှန်ပင် တကယ် ကျယ်ဝန်း လှပေသည်။ ထို့နောက် သူက အာကာသ သဘောတရားများ အနှစ်ချုပ် ပါသော  ကျောက်စိမ်းပေလွှာကို ထုတ်ယူကာ ဆရာကြီးဖူကျိဆီ  ပေးလိုက်သည်။

သူက ထိုဆရာကြီးဖူကျိမှာ ဉာဏ်နီဉာဏ်နက် များသည့်သူ မဟုတ်မှန်း ခံစားမိ၍ သူက ဘာဆိုဘာမျှ လျှို့ဝှက် ထားမနေတော့ပေ။ အကယ်၍ တခြားသူဆိုပါက အာကာသ သဘောတရားများ အနှစ်ချုပ်မှ တချို့စာရွက်များကို သိမ်းထားပြီး သင်္ဘောပြီးစီးမှသာ လွဲပေးလိမ့်မည်။

***

All Chapters