← Chapters

မိုဝူကျီ၏ မိတ်ဆွေ

Vol. 30 Ch. 412

မိုဝူကျီ၏ မိတ်ဆွေ

Vol. 30 Ch. 412

“အဲဒီလူဆီက လှည့်စား ခံရတော့မလို့ပဲ  ... ဒါပေမဲ့ သူက ကျုပ်ကို တကယ်တိုက်ရဲတယ် ဆိုရင်တောင် သူက ကျုပ်ကို ဒဏ်ရာ ရစေရုံလောက်ပါပဲ” မိုဝူကျီနှင့် ကျာချီတို့ ထွက်သွားပြီးနောက် မိုဝူကျီကို ချောင်းမြောင်း လုပ်ကြံသူက ပြောလိုက်သည်။

သခင်ပုဆိန်က ခေါင်းညိတ် ပြလိုက်ပြီးနောက်  “မင်းကို သတ်နိုင်ဖို့ဆိုရင် သူ့လှည့်ကွက်တွေကို ထုတ်ပြလိုက်ရမှာပဲ။ ဖြစ်နိုင်ရင်တော့ အဲဒီလိုမျိုး လှည့်စားတတ်တဲ့သူက ငါတို့နဲ့ လာပူးပေါင်းရင် ကောင်းမှာ။ အဲဒီလိုဆိုရင် သူက ငါတို့အတွက် တော်တော် အသုံးဝင်လာလိမ့်မယ် ... ”

ကြော့ရှင်းလှပသည့် အမျိုးသမီးက ရုတ်တရက် ကောက်ပြောလိုက်သည်  “ရှီရှား ... သူက ရှင့်ကို ညာနေတာ မဟုတ်ဘူး။ သူက ရှင့်ကို အချိန်မရွေး သတ်ပစ်နိုင်စွမ်း ရှိတယ်”

ပိန်ပါးပါး အမျိုးသားက ပြောလိုက်သည်  “မဖြစ်နိုင်ပါဘူး ... သူ့တိုက်ခိုက်မှုမှာ လူသတ်ငွေ့မှ ပါမနေတာ။ သူ့လှည့်ကွက်ကြောင့်သာ ကျုပ်နောက်ကို ရောက်လာနိုင်တာ။ တကယ်လို့ သူက တိုက်ခိုက်ရင်လည်း ကျုပ်အသက်တော့ စိုးရိမ်စရာ ရှိမှာ မဟုတ်ဘူး ”

“ဘယ်လိုလုပ် သိလဲ” သခင်ပုဆိန်က မျက်မှောင်ကြုတ်ကာ အမျိုးသမီးကို ကြည့်ရင်း တစ်ခုခုကို အမှတ်ရဟန်ဖြင့် မေးလိုက်သည်။

အမျိုးသမီးက အေးအေးဆေးဆေး ပြန်ဖြေလိုက်သည်  “အလိုလိုသိစိတ်ပေါ့ ... သူ့မျက်လုံးကနေ ကျမတို့ကို မကြောက်တာ တွေ့နေရတယ်။ ပြီးတော့ အလိုလိုသိစိတ်ကနေ  သူ  ရှီရှားကို အချိန်မရွေး သတ်ပစ်နိုင်တယ် ဆိုပြီး ပြောပြနေတယ် ... ”

အမျိုးသမီး ပြောပြချက်ကို နားထောင်၍ သခင်ပုဆိန်၏ အမူအရာမှာ လေးလေးနက်နက် ပြောင်းသွားကာ  “ကူယာ ... မင်း တခြားသိတာရော ရှိသေးလား”

ကူယာက ဤနေရာတွင် အားအကောင်းဆုံး မဟုတ်သော်လည်း သူမတွင် ထူးခြားသည့် စွမ်းဆောင်ရည် တစ်ခု ရှိပေသည်။ ထိုအရာမှာ သူမ၏ တိကျလွန်းသော အလိုလိုသိစိတ် ဖြစ်သည်။ ထို့ကြောင့် သခင်ပုဆိန်က ကူယာ၏ အလိုလိုသိစိတ်ကို အာရုံစိုက်နေခြင်း ဖြစ်သည်။

“သခင်ပုဆိန် ... သူက ကျမတို့နဲ့ ပူးပေါင်းမှာ မဟုတ်ဘူးဆိုတဲ့ ခံစားချက် ရနေတယ်။ အဲဒါကြောင့် သူ့ကို တိုက်တွန်းနေစရာ မလိုတော့ဘူး။ ပြီးတော့ သူ့ကို သွားပြီး ရန်မစတာ အကောင်းဆုံးပဲ။ သူက မြေကမ္ဘာအင်မော်တယ် အဆင့် မရောက်သေးပေမဲ့ ကျမအတွက်တော့ သူက တော်တော် အားကောင်းတယ် ...” ကူယာက လေးလေးနက်နက် ပြောလိုက်သည်။

“ညီမကူ ... အရမ်းစိုးရိမ်လွန်းနေတာ မဟုတ်ဘူးလား။ သူက သတ္တိကောင်းတာတော့ ဝန်ခံပါတယ်။ ပြီးတော့ အစီအရင်ကိုလည်း ကောင်းကောင်း နားလည်ပေမဲ့ သူက လူသစ်လေးပဲလေ” ရှီရှားက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။

သခင်ပုဆိန်က လက်ကာပြကာ ရှီရှား ဆက်ပြောနေခြင်းကို တားဆီးလိုက်သည်  “ကူယာရဲ့ အလိုလိုသိစိတ်က ဘယ်တော့မှ မမှားဘူး။ ပြီးတော့ ငါလည်း သူ့ဆီက အန္တရာယ်ကို ခံစားမိနေတယ်။ ငါတို့ သူ့ဆီက ကျောက်တုံးနက် ရရင် အကျိုးမြတ် ရတာပဲလေ။ နောက်တစ်ကြိမ် တွေ့ရင် ငါတို့နဲ့ ပူးပေါင်းဖို့ စိတ်ဝင်စားလားတော့ မေးကြည့်ကြတာပေါ့။ စိတ်မဝင်စားရင်တော့ ပြဿနာနည်းလေ ကောင်းလေပေါ့ကွာ ... ”

ရှီရှန်းက သခင်ပုဆိန်ကို နားမလည်စွာ ကြည့်လိုက်ပြီး သခင်ပုဆိန်ဆီမှ “ပြဿနာနည်းလေ ကောင်းလေ” ဟူသော စကားကို ပထမဆုံးအကြိမ် ကြားဖူးခြင်း ဖြစ်သည်။

***

“ရှင် ကျောက်တုံးနက် တစ်တုံးကို စိတ်စွမ်းအင် ကျောက်ချော ၂၅ တုံး ရလာအောင် လုပ်နိုင်ခဲ့တာကို တကယ် မယုံနိုင်သေးဘူး” သူတို့ မှောင်ခိုဈေးကွက်နှင့် ဝေးလာသည့်အခါ ကျာချီက မယုံကြည်နိုင်စွာ ရေရွတ်လိုက်သည်။

“ဘာလို့လဲ။ စီးပွားရေးဆိုတာ ညှိညှိနှိုင်းနှိုင်း လုပ်ရမှာပဲ မလား” မိုဝူကျီက ပြန်ဖြေလိုက်သည်။

ကျာချီက သက်ပြင်းချကာ  “အဲဒီအိမ်ထဲမှာ သေတဲ့ ထိပ်တန်း ကျင့်ကြံသူ ဘယ်နှယောက် ရှိပြီ ထင်လဲ။ သူ့နာမည်ပြောင်ကိုက  သခင်ပုဆိန် ပြီးတော့ အရမ်းအားကောင်းတယ်။ သာမန် အခြေအနေအောက်မှာ သူက ညှိနှိုင်းမှု ခွင့်မပြုဘူးဆိုရင် ညှိနှိုင်းရဲတဲ့သူက အဲဒီအိမ်ကနေ အသက်ရှင်လျက် ထွက်မလာ နိုင်တော့ဘူးလို့ ဆိုလိုတာပဲ ... ”

“သူ မလုပ်ရဲပါဘူး” မိုဝူကျီက အေးဆေးစွာ ပြန်ဖြေလိုက်သည်။

မိုဝူကျီက ကျာချီ စကားများကို ယုံကြည်၏။ အကြောင်းမှာ သူ ထွက်သွားခါနီး ချောင်းမြောင်း တိုက်ခိုက် ခံလိုက်ရစဉ်က တန်းသိလိုက်ရသည်။ သို့သော်လည်း သူက သခင်ပုဆိန်က သူ့ကို ဘာမျှ မလုပ်ရဲသည်မှာ သူ  အစီအရင်ပေါ် ရပ်ထားလိုက်ခြင်းက အစီအရင်အပေါ် နားလည်နိုင်စွမ်း ကောင်းနေကြောင်း ပြသနေခြင်းသာ ဖြစ်သည်။ သူ့ရွှေ့ပြောင်းစွမ်းရည်ဖြင့် သခင်ပုဆိန်က သူ့ကို အချိန်တိုအတွင်း သတ်နိုင်မည် မဟုတ်ပေ။ သူက မိုဝူကျီကို တိုက်ခိုက်ဖို့ ကြိုးစားသရွေ့ မိုဝူကျီက သူ့အစီအရင်ကို ချက်ချင်း ဖော်ပစ်လိုက်လျှင် အားလုံးက ဤမှောင်ခိုဈေးကွက်ကို သိကုန်ပေလိမ့်မည်။

“... ” ကျာချီက ခဏတာ ဆွံ့အမိသွားသည်။

သူမနှင့် မိုဝူကျီတို့  ဆရာကြီးဖူကျိအိမ်အတွင်း ဝင်စဉ်က  မိုဝူကျီ ပြောဖူးသည့်စကားကို အမှတ်ရလိုက်မိသည်။ ထို့အပြင် အိမ်ထဲ ရောက်ကတည်းက မိုဝူကျီသည် သူ့ကို သခင်ပုဆိန်ဟု လုံးဝ မခေါ်ဝေါ်ပေ။ ကျာချီက မိုဝူကျီသည် မည်သည့် အခြေအနေမဆို သူ့ကိုယ်သူ အခွင့်မသာသည့် အခြေအနေထဲ ကျရောက်စေမည့်လူ မဟုတ်မှန်း ကောင်းကောင်း သိလိုက်သည်။

“တာအိုရောင်းရင်းကျာ ... ကျုပ် တံခါးပိတ် လေ့ကျင့်ချင်တယ်။ ကျုပ် ပြီးသွားရင် တံခါးမှာ ဆိုင်းဘုတ် ချိတ်ပေးထားလိုက်မယ်” သူတို့က မိုဝူကျီ အိမ်နှင့် နီးလာပြီ ဖြစ်၍ မိုဝူကျီက သူ့အကြံကို ထုတ်ပြောလိုက်သည်။

ကျာချီက မိုဝူကျီ ကျင့်ကြံချင်နေမှန်း သိ၍ ခေါင်းညိတ်ကာ  “ကျမက အာကာသ ရွှေကွေးကို သွားရှာဦးမယ်။ ပြီးတော့ သခင်ပုဆိန်တို့က ရှင့်ကို ပြဿနာလာရှာရင် ဆရာကြီးဖူကျိဆီ သွားလို့ ရတယ် ... ”

“ကောင်းပါပြီ” မိုဝူကျီက ခေါင်းညိတ် ပြလိုက်သော်လည်း သူက သခင်ပုဆိန်တို့ကို မကြောက်ပေ။ သူ့စွမ်းအားဖြင့် သူသာ အပိတ်ခံ မထားရသရွေ့ သခင်ပုဆိန်မှာ သူ့နှင့် ယှဉ်ဖို့ရာ မဖြစ်နိုင်ချေ။

***

သူ့အိမ်နေရာ ပြန်ရောက်ပြီးနောက် မိုဝူကျီက သီးခြားအစီအရင်နှင့် စိတ်စွမ်းအား ဖုံးကွယ်ရေး အစီအရင်တို့ကို ချက်ချင်း တပ်ဆင်လိုက်သည်။ စွမ်းအား စုစည်းခြင်း အစီအရင်ကို တပ်ဆင်ခြင်းက အနည်းငယ် အန္တရာယ်များသော်လည်း ပို၍ အားကောင်းလာစေရန် မိုဝူကျီက တစ်ခုတပ်ဆင်ရန် ဆုံးဖြတ် လိုက်တော့သည်။

အစီအရင်များ အားလုံးကို တပ်ဆင်ပြီးနောက် မိုဝူကျီက မြေကမ္ဘာအဆင့် စိတ်စွမ်းအင် ကျောက်တုံးများကို ပစ်ချလိုက်သည်။ ထိုကျောက်တုံးများမှာ သူ့ကျင့်ကြံဆင့်ကို နည်းနည်းသာ တိုးတက်စေလိုသော်လည်း သူ့အနေနှင့် လိုအပ်သေး၏။ အကြောင်းမှာ သူ့တွင် စိတ်စွမ်းအင် ကျောက်ချော အတုံး ၄ဝဝ ကျော်သာ ရှိနေ၍ သူ့ကျင့်ကြံဖို့ရာ  မြေကမ္ဘာအဆင့် စိတ်စွမ်းအင် ကျောက်တုံးများနှင့် ထည့်ပေါင်းလျှင် သူက စိတ်စွမ်းအင် ကျောက်ချောများကို ခြွေတာနိုင်ရုံသာမက ရလဒ်မှာလည်း သိသိသာသာ ခြားနားသွားမည် မဟုတ်ပေ။

ထိုအရာများ အားလုံးကို လုပ်ဆောင်ပြီးနောက် မိုဝူကျီက တန်းမကျင့်ကြံသေးပဲ ကျောက်တုံးနက်ကို အရင်ထုတ်ယူလိုက်သည်။ သူက ထိုကျောက်တုံးနက် အတွင်းမှ တစ်မူထူး အရှိန်အဝါများကို သတိမထားမိခင် ကျောက်တုံးနက်ကို လေ့လာကြည့်ဖို့ ဆုံးဖြတ်လိုက်သည်။  အကြောင်းမှာ သူက တစ်ခါမျှ ထိုသို့ အငွေ့အသက် အရှိန်အဝါမျိုးဖြင့် တစ်ခါမျှ မကြုံဖူးသောကြောင့် ဘာကြောင့် ထိုသို့ ဖြစ်နေမှန်း မသိပေ။

ယခု သူက အချိန် လုံလုံလောက်လောက် ရှိနေပြီ ဖြစ်၍ သူက ကျောက်တုံးနက်ကို အရင်ထုတ်ယူလိုက်သည်။

ကျောက်တုံးနက် သူ့လက်ထဲ ရောက်လာသည်နှင့် သူက ကျောက်စိမ်းကဲ့သို့ နွေးထွေးသည့် ခံစားချက်မျိုးကို ခံစားမိလိုက်သည်။ ထိုခံစားချက်မှာ စိတ်စွမ်းအင် ကျောက်ချောထက်ပင် ပို၍ သက်သောင့်သက်သာ ရှိသေးလေ၏။ သူ့စိတ်စွမ်းအား ကျောက်တုံးနက် အတွင်း ထိုးဖောက်သွားသော အခါ သူက ထိုကျောက်တုံးနက်ကို ဘာမှန်း သေချာမသိသေးဘဲ ဖြစ်နေသေး၏။  သူ နားမလည်နိုင်သည့် အားအလွန်ကောင်းသော အရှိန်အဝါ ထုတ်လွှင့်နေသော်လည်း ထူးဆန်းနေသေးသည်။

နှစ်နာရီအကြာတွင် မိုဝူကျီက ကျောက်တုံးနက်ကို သိမ်းထား လိုက်တော့သည်။ ထိုကျောက်တုံးနက်ကို ထုခွဲကြည့်ဖို့ရာ မည်သူမျှ မရဲကြသော်လည်း မိုဝူကျီအနေနှင့် လုပ်ရဲသော်လည်း မထုခွဲနိုင်သောကြောင့် ဖြစ်သည်။  ဤကျောက်တုံးနက်က သူ့ဆီမှာ ရှိနေသည့် ပစ္စည်းများထက်ပင် ပိုမာကြောနေပြီး ပညာရှင်နှလုံးသားကို အသုံးပြုလျှင်ပင် ခြစ်ရာလေးပင် ထင်မသွားချေ။

သူ့ကျောက်တုံးနက်ကို ဘယ်အတွက် အသုံးပြုစေကာမူ မာကြောမှု တစ်ခုတည်းဖြင့် သာမန်အရာ မဟုတ်ကြောင်း သက်သေပြနေလေပြီ။

***

“တာအိုရောင်းရင်းကျာ ... ကြည့်ရတာ မင်း အသက်ရှည်ဂိုဏ်းကို မိုင်းတွင်းနေရာ လာမယူတာ တစ်လလောက် ရှိနေပြီပဲ ... ” ကျာချီ အင်မော်တယ်တပိုင်း နယ်ပယ် အဝင်ပေါက်ကို ကျော်လာသည့်အချိန်  အသံတစ်သံကို ကြားလိုက်ရသည်။

ကျာချီက ဘာဆိုဘာမျှ မပြောဘဲ သွားရာလမ်းကို ရပ်ကာ သူမရှေ့မှ ရပ်နေသော  လန်ဟောင်ကို တိတ်တဆိတ် ကြည့်နေလိုက်သည်။

လန်ဟောင်က ကျာချီ သဘောထားကို စိတ်ထဲ မထားသည့်အလား ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။ သူက ကျာချီသည် မည်သို့ လူစားမျိုး ဖြစ်ကြောင်း သိ၍ သူမက သူ့ကို ကိစ္စများအား ရှင်းပြနေမည် မဟုတ်ပေ။ သူမက ရပ်လိုက်သည်မှာ သူ့ပြောစကား စောင့်ဆိုင်းနေရုံမျှသာ ဖြစ်၏။

“တာအိုရောင်းရင်းကျာချီ ... မိုင်းတွင်းနေရာတွေက မိုင်းတွင်း (က)၊ (ခ) နဲ့ (ဂ) ... ”

လန်ဟောင် စကားမဆုံးခင် ကျာချီက ဝင်ဖြတ်ပြောလိုက်သည် “ကျမနဲ့ ဘာဆိုင်လဲ ”

“တကယ်လို့ မင်း စောစော ရောက်လာရင် မိုင်းတွင်း (ဂ) ထဲ ဝင်ခွင့် ရနိုင်တယ်” လန်ဟောင်က မြန်မြန် ရှင်းပြလိုက်သည်။

ကျာချီက အသာပြောလိုက်သည်  “အားနာပါတယ် ... ကျမက အခု သတ္တုရိုင်း ခိုးနေတာ မိုင်းတွင်းနေရာရဖို့ စိတ်မဝင်စားတော့ဘူး”

လန်ဟောင် အမူအရာမှ ပုံဆိုးပန်းဆိုး ဖြစ်သွားကာ  “ကျာချီ ... မင်းက အသက်ရှည် ဂိုဏ်းသားလေ။ အားလုံးက မင်းလိုမျိုး ဖြစ်ကုန်ပြီးတော့ အသက်ရှည်ဂိုဏ်းကို မသွားတော့ရင် ဂိုဏ်းအတွက် ရှုပ်မထွေးလာဘူးလား။ တကယ်လို့ မင်းက အသက်ရှည်ဂိုဏ်းမှာ မနေချင်တော့ရင် ထွက်သွားတာနဲ့ ပတ်သက်ပြီးတော့ ဘာမှ မပြောပါဘူး။ ဒါပေမဲ့ အသက်ရှည်ဂိုဏ်းထဲ ဆက်နေမယ်ဆိုရင်တော့ မိုင်းတွင်နေရာကို ပုံမှန်လာရွေးရမယ်”

ကျာချီက မိုင်းတွင်းနေရာ ရွေးချယ်မှု ရပ်တန့် လိုက်သောကြောင့် အသက်ရှည်ဂိုဏ်း အနေနှင့် သူမဆီမှ ကျောက်တုံးနက် မဝင်တော့ပေ။

“ဒီလိုဆိုမှတော့ ကျမ အသက်ရှည်ဂိုဏ်းကနေ ထွက်ပေးမယ်” ကျာချီက ချက်ချင်း ပြောလိုက်သည်။

ကျာချီက အသက်ရှည်ဂိုဏ်းမှ ထွက်သွားလိုသည်ကို ကြားသောကြောင့် လန်ဟောင်က ကြောင်အသွားသည်။ ဂိုဏ်းမှာ ထွက်သွားဖို့ရာ စိတ်စွမ်းအင် ကျောက်ချော ဆယ်တုံး ပေးချေဖို့ရာ လိုအပ်သောကြောင့် လူသစ်လေးအနေနှင့် မတတ်နိုင်သည့် ပမာဏ ဖြစ်သော်ငြား ကျာချီအနေနှင့် တတ်နိုင်ပေသည်။

“မိုဝူကျီရဲ့ သတင်း မကြားသေးဘူးလား” ရုတ်တရက်ဆိုသလို အသံတစ်သံကြောင့် ကျာချီက လှည့်ကြည့်မိလိုက်သည်။ သူမက  မိုဝူကျီနှင့် တွဲဖက် ဖြစ်နေပြီ ဖြစ်သည့်အတွက် မိုဝူကျီက လူသစ်ဖြစ်ရာ သူ့ကို  သိမည့်သူ များများစားစား မရှိလောက်ချေ။ ထို့အပြင် လန်ဟောင်က သူမရှေ့မှာ ရပ်နေသောကြောင့် မည်သူကများ မိုဝူကျီကို ရှာနေသနည်း။

“တာအိုရောင်းရင်း ကန်ရွယ် မစိုးရိမ်ပါနဲ့။ ကျုပ်တို့တွေ သူ့သတင်းသိတာနဲ့ ချက်ချင်း အသိပေးပါ့မယ်။ ဒါနဲ့ ဟုတ်သား ... မိုင်းတွင်းခွဲမဲ့ ကိစ္စက နောက်နှစ်ရက်နေရင် စမှာဆိုတော့ စောစောလာဦး”

ကျာချီ လှည့်ကြည့်လိုက်သည့်အခါ လေးထောင့် မျက်နှာပိုင်ရှင် အသားညိုညိုနှင့် တစ်ခေါင်းလုံး နီနေသည့် ခပ်ထွားထွား အမျိုးသား တစ်ယောက်ကို တွေ့လိုက်ရသည်။ သူက ထိုအမျိုးသားကို မသိသော်လည်း သူနှင့် ပြောနေသည့် ကျင့်ကြံသူကိုတော့ မှတ်မိပေသည်။ ထိုလူမှာ အင်မော်တယ် ဖွေရှာရေး အဖွဲ့အစည်းမှ ဖြစ်ပေသည်။

“မိုဝူကျီကို ရှာနေတာလား” ကျာချီက မိုဝူကျီသည် မိတ်ဆွေတစ်ယောက် အတွက် ကျောက်တုံး ၁ဆကို ချန်ထားလိုသည်ကို မှတ်မိလိုက်ပြီး ထိုလူမှာ မိုဝူကျီ ပြောနေသည့် မိတ်ဆွေလားဟု တွေးထင်မိလိုက်သည်။

“မင်း သူ့ကို သိလား” ကန်ရွယ်က အံ့ဩတကြီး မေးလိုက်သည်။

သူက မိုဝူကျီ အမုန်းတရားမှာ ကြီးမားလှရာ မိုဝူကျီကို ချောက်နက်ထဲတွင် ဘာမျှ မလုပ်လိုက်နိုင်ချေ။ ထိုကန့်သတ်ချက်များမှာ သူ့ကို ကန့်သတ် ထားသော်လည်း မိုဝူကျီအ‌ပေါ် သက်ရောက်မှု မရှိချေ။ ယခု သူက အင်မော်တယ်တပိုင်း နယ်ပယ်ဆီ ရောက်လာသောကြောင့် မိုဝူကျီကို လက်စားချေဖို့ရာ သေချာပေါက် ရှာရမည်။

“ကန်ရွယ် … မင်း ညီလေးမိုကို ရှာမယ်ဆိုရင်တောင် မင်းက သူ့ပြိုင်ဘက် ဖြစ်ဖို့ ထိုက်တန်လို့လား။ အကူအညီတောင်းဖို့ စဉ်းစားမနေနဲ့။ ကျုပ်ကို  မေးရဲရင်တော့ ကျုပ် လော့ချွမ်းဟယ်က မင်းကို အရင်ဆုံး သတ်ပစ်ရမှာပဲ” နောက်ထပ် အသံတစ်ခု ထွက်ပေါ်လာပြန်သည်။

ကျာချီက နောက်မှ ရောက်လာသော ကျင့်ကြံသူကို လှည့်ကြည့်လိုက်သော အခါ ထိုသူမှာ နယ်လှည့်ကျင့်ကြံသူနှင့် တူကာ ပုံမှန်အတိုင်း ဝတ်ဆင်ထားသည်။ သို့သော်လည်း သူ့ခန္ဓာမှ လေးစားဖွယ် ကောင်းသည့် အရှိန်အဝါများ ထွက်ပေါ်နေသည်။

“ရှင်က မိုဝူကျီရဲ့ ရန်သူလား” ကျာချီက နောက်ဆုံးတွင် နားလည်သွားကာ ကန်ရွယ်ကို အေးစက်စက် ကြည့်ရင်း မေးလိုက်သည်။

ကန်ရွယ်က သရော်ကာ  “အဲဒီတော့ ဘာဖြစ်လဲ”

“ထွက်သွားစမ်း” ကျာချီ လက်တစ်ချက် အဝှေ့တွင် ကန်ရွယ်ဆီ အားကောင်းသည့် အငွေ့အသက်များ ရောက်ရှိလာသည်။ ကန်ရွယ်က သူ့ရင်ဘတ်ကို သံမဏိတူကြီးဖြင့် ထုရိုက်ခံလိုက်ရသည့် အလား ခံစားလိုက်ရသည်။ သူက သာမန်ကျင့်ကြံသူများနှင့် မတူဘဲ  သူ့ခန္ဓာကိုယ်တွင် သဘာဝ စွမ်းအားများ စုစည်း ထားသောကြောင့် ကျာချီဆီမှ ထွက်လာသော သဘာဝ စွမ်းအားများကို ချေဖျက်နိုင်လိုက်သည်။

“ငါ့ကို လာယှဉ်ရဲတယ်ပေါ့ သေစမ်း  ...” ကန်ရွယ်က နှာခေါင်းရှုံ့ကာ သူ့သရဖူကို ဆွဲထုတ်ကာ ကျာချီဆီ ချီတက်လာသည်။

“တာအိုရောင်းရင်း ကန်ရွယ် အသက်ဆက် မရှင်ချင်တော့ ဘူးလား” အင်မော်တယ်ဖွေရှာရေး အဖွဲ့အစည်းမှ ကျင့်ကြံသူက ဒေါသူပုန်ထနေသည့် ကန်ရွယ်ကို ဆွဲထားလိုက်သည်။

“သူမက အရင်လာရန်စတာလေ” ကန်ရွယ်က မကျေမနပ် ပြောလိုက်သည်။

အင်မော်တယ် ဖွေရှာရေး အဖွဲ့အစည်း၏ ကျင့်ကြံသူက ခေါင်းခါကာ ကန်ရွယ်မှာ ကျောက်တုံးနက် တူးယူရာ၌ ကျွမ်းကျင်အဆင့်သာ မဟုတ်လျှင် သူကဲ့သို့ အရူးမျိုးနှင့် စကားပြောဖို့ရာ စိတ်ထဲ ထားနေမည် မဟုတ်ပေ  “သူမက လက်ကလေး ခါရုံပဲလေ ... ခင်ဗျားကို မသတ်သလို လူသတ်ငွေ့လည်း မပါဘူး။ ခင်ဗျားကသာ မှော်လက်နက် ဆွဲကိုင်ထားတာ ... ခင်ဗျား အချိန်မရွေး လူသေ ဖြစ်သွားနိုင်တယ် ...”

ကန်ရွယ် စိတ်နှလုံးမှာ အေးစက်လာကာ အခြေအနေကို နားလည်သွားပေသည်။ သူက အင်မော်တယ်တပိုင်း နယ်ပယ်တွင် လူသစ်လေးသာ ဖြစ်၍ အခြားလူများလောက် ဤနေရာရှိ စည်းမျည်းများကို မသိသေးချေ။ သူက လှုပ်ရှားလိုက်ပြီး ထိုအမျိုးသမီး ရှောင်လိုက်သည်နှင့် သူက သေလူ ဖြစ်သွားပေလိမ့်မည်။ ထိုအမျိုးသမီးမှာ အမှန်ပင် အကြံကြီးပေသည်။

ကျာချီက သက်ပြင်း ချလိုက်ပြီးနောက် လော့ချွမ်းဟယ်ဘက် လှည့်ကာ  “ရှင်က မိုဝူကျီရဲ့ မိတ်ဆွေလား”

“ဟုတ်ပါတယ်။ တာအိုရောင်းရင်းက ညီလေးမိုနဲ့ သိနေတာလား” လော့ချွမ်းဟယ်က မေးလိုက်သည်။

“ကျမနဲ့သိတယ် ... ကျမ နောက် လိုက်ခဲ့ပါ” ကျာချီက ပြောပြီးနောက်တွင် လှည့်ကာ အင်မော်တယ်တပိုင်း နယ်ပယ်ထဲ ဝင်သွားတော့သည်။

***

All Chapters