ထိုသို့ လူစားမျိုး
Vol. 30 Ch. 413
“ဒါက တာအိုရောင်းရင်းမိုရဲ့ နေရာလေ” ကျာချီက လော့ချွမ်းဟယ်ကို ခေါ်လာပြီးနောက် အကြမ်းဖျင်း မိတ်ဆက်ပေးလိုက်သည်။
နောက်အခိုက်အတန့်လေး၌ ကျာချီနှင့် လော့ချွမ်းဟယ်တို့ နှစ်ယောက်လုံး အံ့အား သင့်သွားတော့သည်။ အသက်ရှုကြိမ် အနည်းငယ် အကြာတွင် လော့ချွမ်းဟယ်က မယုံကြည်နိုင်စွာ ရေရွတ်လိုက်သည် “ညီလေးမိုက ကျင့်ကြံနေတာလား”
လော့ချွမ်းဟယ်က အင်မော်တယ်တပိုင်း နယ်ပယ်ထဲ ရောက်နေသည်မှာ အချိန်ကာလတစ်ခု ရောက်ပြီဖြစ်ကာ ဘယ်အဖွဲ့အစည်းမှ မဝင်ရသေးသော်လည်း ဤအချိန်ပိုင်းလေး အတွင်း၌ အင်မော်တယ်တပိုင်း နယ်ပယ်အကြောင်း ပို၍ နားလည်လာသည်။
ဤနေရာမှာ အင်မော်တယ်တပိုင်း နယ်ပယ် ဖြစ်ကာ ရူးရူးမူးမူး ကျင့်ကြံ၍ မရပေ။ ကျင့်ကြံနှုန်း မြင့်လေလေ ဝိညာဉ်လမ်းကြောင်းကို သစ်သားဖြစ်လာနှုန်းက မြန်ဆန်လာလေလေ ဖြစ်သည်။ အကယ်၍ လူတစ်ယောက်က ထိုကန့်သတ်ချက်အထိ ရောက်ရှိသွားပါက သစ်သားဓာတ် ပျော်ဝင်ဆေးလုံးပင် အလုပ်မလုပ်တော့ပေ။
သူ မယုံကြည်နိုင်သည့် အကြောင်းအရင်းမှာ မိုဝူကျီက ရိုးရိုးတမ်းတမ်း ကျင့်ကြံနေရုံသာမက ကြောက်ခမန်းလိလိ နှုန်းဖြင့် ကျင့်ကြံနေခြင်း ဖြစ်သည်။ ဤနေရာ အခြေအနေကို အဝေးမှ စစ်ဆေးကြည့်ဖို့ရာ မဖြစ်နိုင်သော်လည်း အနီးရောက်လာသည်နှင့် ပတ်ဝန်းကျင် စွမ်းအားများ အားလုံးမှာ မိုဝူကျီ နေရာထဲ စီးဝင်သွားကြောင်း ခံစားမိလိမ့်မည်။
သူတို့က ချဉ်းကပ်လာသည့် အခါမှ အာရုံခံမိခြင်းသည် မိုဝူကျီက စိတ်ဝိညာဉ် ဖုံးကွယ်ရေး အစီအရင်ကို တပ်ဆင်ထား၍ ဖြစ်သည်။
“သူက ကျင့်ကြံနေတာတော့ ဟုတ်တယ်။ ဒါပေမဲ့ …” ကျာချီလည်း မိုဝူကျီ ကျင့်ကြံနှုန်းကို မြင်ကာ အံ့ဩတကြီး ဖြစ်မိနေသည်။ အကယ်၍ သူသာ ထိုသို့ ဆက်လက် ကျင့်ကြံပါက သူ့ဝိညာဉ် လမ်းကြောင်းများ ပျက်စီး မသွားစေဘူးလား ...
သူမက မိုဝူကျီသည် ကျင့်ကြံဖို့ရာအတွက် စိတ်စွမ်းအင် ကျောက်ချောတချို့ အသုံးပြုလိမ့်မည်ဟုသာ ထင်မှတ်မိနေခဲ့သည်။ ဤနေရာတွင် စိတ်စွမ်းအင် ကျောက်ချောများ သုံး၍ ကျင့်ကြံခြင်းက ပတ်ဝန်းကျင်မှ အထူးသစ်သား စွမ်းအားများကို စုပ်ယူမိဦးမည် ဖြစ်သော်လည်း သစ်သားဓာတ် ပျော်ဝင်ဆေးလုံးကို သုံး၍ ပြဿနာကို ဖြေရှင်းပစ်နိုင်သည်။
“ကျုပ် သူ့ကို သွားခေါ်လိုက်တော့မယ်” လော့ချွမ်းဟယ်က အနည်းငယ်ပို၍ စိုးရိမ်လာကာ သူ့ဝိညာဉ် လမ်းကြောင်းများ သစ်သား ဖြစ်သွားသည်နှင့် သူ့အတွက် ပြီးဆုံး သွားပေလိမ့်မည်။
“ခဏနေပါဦး” ကျာချီက လော့ချွမ်းဟယ်ကို တားလိုက်သည်။ မိုဝူကျီနှင့် လော့ချွမ်းဟယ်တို့ကြားမှ အပြန်အလှန် ယုံကြည်မှု ရှိသော်လည်း သူမက မိုဝူကျီအပေါ် နားလည်နိုင်စွမ်းသည် လော့ချွမ်းဟယ်၏ နားလည်နိုင်စွမ်းထက် ပိုပေသည်။
ထို့အပြင် မိုဝူကျီနှင့် လော့ချွမ်းဟယ်တို့က အချိန်များစွာ အတူတူ မကုန်ဆုံးခဲ့ရပေ။ မိုဝူကျီက လော့ချွမ်းဟယ်သည် အလွန် စိတ်ဆတ်သော်လည်း လှည့်ဖြားတတ်သည့် လူမဟုတ်မှန်း သိ၍ သူနှင့် ဆက်ဆံရန် ဆန္ဒရှိခြင်း ဖြစ်သည်။ ထို့အပြင် ကျာချီက မိုဝူကျီနှင့် အကျိုးတူ ပူးပေါင်းရန် အချိန်များစွာ အတူတူ ကုန်ဆုံးခဲ့ရသည့် အတွက် ဤအချိန်လေးအတွင်း တစ်ယောက်ချင်းစီ၏ အကြောင်းကို သိနေပြီ ဖြစ်သည်။
သူမက လော့ချွမ်းဟယ်ကို ကြည့်ကာ လေးလေးနက်နက် ပြောလိုက်သည် …
“တာအိုရောင်းရင်းမိုကို ကျမ နည်းနည်းတော့ နားလည်ထားတယ်။ တာအိုရောင်းရင်းမိုက သူ့ကိုယ်သူ ထိခိုက်အောင်တော့ လုပ်မှာ မဟုတ်ဘူး။ အဲဒီလိုလုပ်ခဲ့ရင်လည်း လုပ်ရမဲ့ အကြောင်းအရင်း ရှိလိမ့်မယ်”
ကျာချီက ထိုသို့ ပြောရဲသည်မှာ မိုဝူကျီက သူမကို ကြောင်အသွားစေသည့် အပြုအမူမျိုး ပထမဆုံးအကြိမ် လုပ်ဖူးခြင်း မဟုတ်ပေ။ ပထမဆုံး သူ မိုင်းတွင်းထဲ စရောက်စဉ် သူက ဂေါ်ပြားမပါရှိဘဲ ကျောက်တုံးနက် ခြောက်တုံးရအောင် တူးနိုင်ခဲ့သည်။ သူက ဆရာကြီးဖူကျိကို သူ့သိုလှောင်လက်စွပ် ချွတ်ပေးလိုက်သည့် အထိ လုပ်ဆောင်နိုင်ရုံသာမက သခင်ပုဆိန်ကလည်း သူ့ကို တိုက်ခိုက်ရန် ကြောက်ရွံ့အောင်အထိ ပြုလုပ်ကာ ကျောက်တုံးနက် တစ်တုံးကို စိတ်စွမ်းအင် ကျောက်ချော ၂၅တုံး ရအောင် ဈေးညှိနိုင်ခဲ့သည်။ ထို့အပြင် သူက ရက်အနည်းငယ်အတွင်း စွန့်ပစ်မိုင်းတွင်း အတွင်း ကျောက်တုံးနက် ၇ဝဝကျော် ရအောင် ရှာနိုင်ခဲ့သည်။
ထိုအတွေးဖြင့် ကျာချီက သူမသာ ကိုယ်တိုင် မမြင်တွေ့ခဲ့ရလျှင် ကြုံတွေ့ခဲ့ရသည့် ကိစ္စများကို သေချာပေါက် ယုံကြည်နိုင်မည် မဟုတ်ပေ။ သို့သော်လည်း မိုဝူကျီနှင့်ဆိုလျှင် အမှန်တကယ် ဖြစ်ပျက်လာနိုင်သည်။ မိုဝူကျီက တံခါးပိတ် လေ့ကျင့်နေခြင်း နောက်တွင် ဘာပြဿနာမှ ကြုံတွေ့ရမည် မဟုတ်ကြောင်းလည်း ယုံကြည်နေသည်။
မှန်ပေသည် ... သူက ထိုသို့လူစားမျိုး ဖြစ်ပေသည်။
လော့ချွမ်းဟယ်က မိုဝူကျီသည် ချောက်နက်ထဲမှ ထွက်လာနိုင်ပုံကို သတိရလိုက်သည်။ သူတို့ နှစ်ပေါင်းထောင်ချီ ပိတ်မိနေသော ချောက်နက်ကြီးမှ သူ ရောက်ရှိလာပြီး နောက်တွင် ထွက်သွား နိုင်ခဲ့လေသည်။ ညီလေးမိုက သာမန်ထက် ထူးနေတာသာ ဖြစ်ရပေမည်။
ကျာချီ ဖြောင့်ဖြမှုနှင့် ပေါင်းလိုက်သည့်အခါ သူက မိုဝူကျီကို သွားခေါ်မည့် ကိစ္စကို လက်လျှော့လိုက်တော့သည်။
“တာအိုရောင်းရင်းလော့ ... အင်မော်တယ်တပိုင်း နယ်ပယ်မှာ ဘယ်အဖွဲ့အစည်းမှ မဝင်ရသေးဘူးမလား” ကျာချီက လော့ချွမ်းဟယ်သည် မိုဝူကျီကို အလွန် စိတ်ပူပင်နေကြောင်း သိ၍ သူက မိုဝူကျီ ရှာနေသည့် မိတ်ဆွေ ဖြစ်ကြောင်း ခန့်မှန်းမိလိုက်သည်။
သူမက မိုဝူကျီကို မလေးစားဘဲ မနေနိုင်ချေ။ မိုဝူကျီ၏ ကျောက်တုံးနက် ရှာနိုင်စွမ်းအရ သူတို့နှစ်ယောက်တည်းဖြင့် ထိုစွမ်းရည်မှ အကျိုးမြတ်ကို အပြည့်အဝ အသုံးချနိုင်မည် မဟုတ်ပေ။ ထို့ကြောင့် သူတို့အတွက် သူတို့အဖွဲ့ကို ဝင်ရန် နောက်ထပ် လူရှာရန် လိုအပ်နေပေသည်။ ထိုလူမှာ ဖြောင့်မတ်သူလည်း ဖြစ်ရမည်။ လော့ချွမ်းဟယ်မှာ လှည့်ဖြားတတ်သည့် လူနှင့် မတူဘဲ အလွန်သစ္စာရှိသည့် ကျင့်ကြံသူနှင့် တူပေသည်။
သူတို့က အလုပ်တွဲလုပ်ဖို့ရာ တစ်ယောက်ယောက် ရှာမည်ဆိုလျှင် သူကဲ့သို့ ယုံကြည်စိတ်ချရသည့် လူစားမျိုးကို ရှာရမည်။
လော့ချွမ်းဟယ်က ခေါင်းခါကာ “ကျုပ်လည်း ရှာနေတာ ရက်နည်းနည်းတော့ ကြာပြီ။ အခု အဖွဲ့တစ်ခုထဲ ဝင်ရမလားလို့ ရည်ရွယ်ထားတာ”
ကျာချီက လော့ချွှမ်းဟယ်ကို စိတ်စွမ်းအင် ကျောက်ချော ၂ဝ ကို ထုတ်ပေးကာ …
“တာအိုရောင်းရင်းလော့ ... အခု လောလောဆယ်တော့ ဘယ်အဖွဲ့မှ မဝင်သေးနဲ့ဦး။ အရင်ဆုံး အင်မော်တယ်တပိုင်းမှာ နေဖို့ လက်ပတ်အရင် သွားလုပ်လိုက်ဦး ... ကျန်တဲ့ ကိစ္စတွေကိုတော့ တာအိုရောင်းရင်းမို ထွက်လာတဲ့အထိ စောင့်ကြတာပေါ့”
လော့ချွမ်းဟယ်က လက်ခါကာ …
“ကျုပ်က ခင်ဗျားနဲ့လည်း မရင်းနှီးသေးဘူးလေ။ ကျုပ်က ခင်ဗျားကို ဘယ်လိုခေါ်ရမှန်းတောင် မသိတာ။ ခင်ဗျားရဲ့ စိတ်စွမ်းအင် ကျောက်ချောတွေကို ဘယ်လိုလုပ် သုံးနိုင်ပါ့မလဲ”
“ကျမ နာမည်က ကျာချီပါ။ မိုဝူကျီရဲ့ မိတ်ဆွေတစ်ယောက်ပေါ့။ ကျမကို ယုံပါ … ပြီးတော့ ဒီစိတ်စွမ်းအင် ကျောက်ချောတွေက တာအိုရောင်းရင်းမိုက လဲထားတာပါ။ တာအိုရောင်းရင်းမို ထွက်လာတဲ့ နားလည်သွားပါလိမ့်မယ်” ကျာချီက ထိုစိတ်စွမ်းအင် ကျောက်ချောတွေကို လော့ချွမ်းဟယ်ကို ပေးလိုက်သည်။
လော့ချွမ်းဟယ်က ကျာချီမှာ လိမ်ညာနေတာ မဟုတ်ကြောင်း ပြောနိုင်သည်။ သူက ဤနေရာ၌ အချိန်တိုလေးအတွင်း မိုဝူကျီ၏ အံ့မခန်း တိုးတက်လာမှုကို ကြည့်ရင်း မိုဝူကျီကို အပြည့်အဝ လေးစားမိသည်။ သူက လောကအဆင့်ဇယား အဆင့်တစ်ကို ရရှိခဲ့ခြင်းမှာ အံ့ဩစရာ မဟုတ်တော့ပေ။ သူ ချောက်နက်ကြီးထဲမှ ထွက်သွားပြီးနောက် အင်မော်တယ်တပိုင်း နယ်ပယ်ဆီ ရောက်ရှိလာသေး၏။
မိုဝူကျီကဲ့သို့ ကြယ်တာရာသခင် ရှိသည်မှာ ကြယ်တာရာ ဘုရင်တောင်၏ ကံကောင်းမှုဟု ဆိုရပေမည်။
“ကောင်းပါပြီ။ တာအိုရောင်းရင်းကျာကို ကျေးဇူးတင်ပါတယ်။ ကျုပ်လည်း ညီလေးမိုဘေး နေစရာ ဆောက်လိုက်မယ်” ကျာချီက အတင်းပေး နေသောကြောင့် လော့ချွမ်းဟယ်လည်း ဆက်မငြင်းနေတော့ပေ။
လော့ချွမ်းဟယ် ထိုစိတ်စွမ်းအင် ကျောက်ချောများ သိမ်းဆည်းတာကို ကြည့်ပြီးနောက် ကျာချီက ပြောလိုက်သည်
“တာအိုရောင်းရင်းမိုက မကြာခင် ထွက်လာပါ့မလားတော့ မသိဘူး။ အဲဒီအချိန်အတွင်း ရှင်လည်း ပန်းပဲပစ္စည်းတစ်ခု ဖြစ်တဲ့ အာကာသ ရွေကွေးကို ကျမနဲ့ အတူတူ လိုက်ရှာပေးပါ့လား။ ကျောက်တုံးနက် ကိစ္စကိုတော့ စိတ်ပူစရာ မလိုဘူး။ တာအိုရောင်းရင်းမိုက သူ ထွက်လာတာနဲ့ ရှင့်ကို ပေးလိမ့်မယ် ... ”
***
လက်ရှိတွင် မိုဝူကျီအနား ရာချီနေသော စိတ်စွမ်းအင် ကျောက်တုံးများ ပြန့်ကျဲနေပြီး သူ့လက်နှစ်ဖက်အတွင်း စိတ်စွမ်းအင် ကျောက်ချော ဆယ်တုံးကျော်မှာ လွှင့်မျှောနေသည်။
ထိုကဲ့သို့ စိတ်စွမ်းအင် ကျောက်ချော အများအပြားဖြင့် ကျင့်ကြံရသည်မှာ ပထမဆုံးအကြိမ် ဖြစ်သည်။ ယခင်က စိတ်စွမ်းအင် ကျောက်ချော ဆယ်တုံးမှာ သူ့ကို လောကအင်မော်တယ် အဆင့် ရောက်အောင် ပို့ဆောင် ပေးနိုင်ခဲ့သည်။ ယခုအခါ သူ့တွင် စိတ်စွမ်းအင် ကျောက်ချော ရာကျော်ရှိနေပြီ ဖြစ်၍ ထိုအခွင့်အရေးကို မည်သို့ လက်လွတ်ခံရမည်နည်း။
သူ့အနီးအနားမှ ဝိညာဉ်စွမ်းအားများ သုံးပိုင်း ကွဲသွားကာ ပထမတစ်ပိုင်းတွင် မြေကမ္ဘာအဆင့် စိတ်စွမ်းအင် ကျောက်တုံးများမှ ဖြစ်သည်။ သူ့တွင် ထိုစိတ်စွမ်းအင် ကျောက်တုံးများ အများအပြား ရှိသော်လည်း သူတို့ပေးနိုင်သည့် စွမ်းအားမှာ အနည်းဆုံး ဖြစ်ပေသည်။
ဒုတိယတပိုင်းတွင် အင်မော်တယ်တပိုင်း နယ်ပယ်မှ ဝိညာဉ်စွမ်းအားများ ဖြစ်ပေသည်။ ထိုစွမ်းအားများတွင် အထူးသစ်သားစွမ်းအား ပါဝင်နေသော်လည်း မိုဝူကျီက ထိုစွမ်းအားများကို ရူးလောက်ဖွယ်နှုန်းဖြင့် စုပ်ယူနေလျှင်ပင် ကိစ္စမရှိချေ။ ပတ်ဝန်းကျင် စွမ်းအားများ၌ အထူး သစ်သားစွမ်းအားများ မည်မျှ ပါဝင်နေစေကာမူ မိုဝူကျီ၏ အဆိပ်ဖြေ ချီသွေးကြော လက်ချက်ဖြင့် သန့်စင်သော ဝိညာဉ်စွမ်းအား အဖြစ် ပြောင်းလဲကုန်ကြသည်။
တတိယတပိုင်းမှာ အရေးကြီးဆုံး အထောက်အပံ့ ဖြစ်သည့် စိတ်စွမ်းအင် ကျောက်ချောများမှ ရသည့် စွမ်းအားများ ဖြစ်၏။ အချိန်တိုင်း ထိုအထဲမှ ဝိညာဉ်စွမ်းအားများ ထွက်လာပြီး မိုဝူကျီ၏ ချီသွေးကြောများဆီ ပြေးဝင်သွားကြသည်။
မိုဝူကျီ၏ ကျင့်ကြံဆင့်မှာ ရူးလောက်သည့် နှုန်းဖြင့် မြင့်တက်နေကာ လောကအင်မော်တယ်အဆင့် ၅ ကို တစ်လအတွင်း ရောက်ရှိသွားတော့သည်။
အနှောင့်အယှက်မရှိ သူ လောက အင်မော်တယ် အဆင့် ၆ သို့ ရောက်လာသည့်အခါ နှစ်လမြောက် ဖြစ်နေပြီ ဖြစ်သည်။ သူ အဆင့်တစ်ခါတက်တိုင်း မိုဝူကျီ၏ အင်အားမှာ ဆဲလ်ပိုင်းခြားလာသည့် အလား အလျင်အမြန် တိုးတက်လာသည်။ လတ်တလောတွင် ဝိညာဉ်စွမ်းအား စုပ်ယူနှုန်းမှာ ပို၍ပင် မြန်ဆန်လာပေသည်။
ငါးလမြောက်လတွင် လောက အင်မော်တယ်အဆင့် ၇
“ဘုန်း” မိုဝူကျီ၏ နောက်ဆုံး စိတ်စွမ်းအင် ကျောက်ချောမှာ အပိုင်းပိုင်း အစစ ကွဲကြေသွားကာ မိုဝူကျီ၏ အင်အားမှာလည်း လောကအင်မော်တယ် အဆင့် ၇ ထိပ်ဆုံးအထိ ရောက်ရှိနေလေပြီ။
ထိုသည်မှာ အင်မော်တယ်တပိုင်း နယ်ပယ်ထဲ ရောက်လာပြီးနောက် ရှစ်လမြောက် လဖြစ်ပေသည်။
ရှစ်လအတွင်း သူက လောကအင်မော်တယ် အဆင့် ၄ မှ လောက အင်မော်တယ်အဆင့် ၇ ထိပ်ဆုံးအဆင့်ထိ တက်လှမ်းနိုင်ခဲ့သည်။ သူက ဤနေရာတွင် ထိုမျှအဆင့်ထိ ရောက်မည်ကိုသာ စိုးရိမ်မိသည်။ ကျန်းရှင်းတွင် ထိုမျှ စိတ်စွမ်းအင် ကျောက်ချောများ ရှိနေလျှင်ပင် တာအို ဉပေဒမှာ လစ်ဟာနေဆဲ ဖြစ်သည်။
သူက ကျာချီသည် အာကာသ ရွေကွေးကို တွေ့ပြီလားဟု တွေးမိနေရင်း သူ့အတွက်တော့ ကျောက်တုံးနက်များကို ထပ်မံရှာရန် အချိန်ကျရောက် လာလေပြီ။
မိုဝူကျီက သူ့နေရာမှ ထွက်လာပြီးနောက် ဆိုင်းဘုတ်ကို မချိတ်ခင် သူအိမ်နေရာရှေ့ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေသည့် ကျာချီကို တွေ့လိုက်ရသည်။
ကျာချီက အင်မတန် ပူပင်နေဟန် ပေါ်ကာ သူ့နေရာသို့ စိုးရိမ်ပူပင်စွာ လှမ်းကြည့်နေသည်။
“တာအိုရောင်းရင်းကျာချီ”
မိုဝူကျီက ထိုစကားလေးလုံးသာ ပြောလိုက်သည်နှင့် ကျာချီက သူ့ဆီ အပြေးအလွှား ရောက်လာကာ “တာအိုရောင်းရင်းမို ရှင် ထွက်လာပြီပဲ”
မိုဝူကျီ ကျာချီနှင့် တွေ့စဉ်ကတည်းမှ ကျာချီသည် အဘယ်ကြောင့် အေးစက်စွာ ဆက်ဆံနေရသည့် အကြောင်းအရင်းကို အင်မတန် သိချင်မိသည်။ သူမက သူနှင့် အလုပ်လုပ်ရန် ဆုံးဖြတ် လိုက်သော်လည်း သူမက စကားများများ ပြောတတ်သည့် သူတော့ မဟုတ်ပေ။
ဘာတွေ ဖြစ်နေတာလဲ ...
“ဒါက ဘယ်သူနေရာလဲ” မိုဝူကျီ၏ စိတ်စွမ်းအားက သူနှင့် မနီးမဝေတွင် နေရာတစ်ခုကို အာရုံခံမိလေသည်။
“အဲဒါက တာအိုရောင်းရင်း လော့ချွမ်းဟယ်နေရာပါ”
“စီနီယာလော့ ရောက်နေပြီလား ” မိုဝူကျီက မေးလိုက်သည်။
ကျာချီက ခေါင်းညိတ်ပြကာ “ ဟုတ်တယ်။ ဒါပေမဲ့ သူ အခု အခြေအနေ မကောင်းဘူး”
“ဘာတွေ ဖြစ်နေတာလဲ” မိုဝူကျီက ကျာချီက ဘာမှ မပြောခင် အံ့ဩသွားကာ လော့ချွမ်းဟယ် နေရာဆီ အရင်ဦးအောင် သွားလိုက်တော့သည်။
လော့ချွမ်းဟယ်မှာ ကျန်းရှင်းက ဖြစ်ရုံသာမက သူတို့နှစ်ယောက်လုံးမှာ ကျန်းရှင်း၏ ကြယ်တာရာ သခင်များ ဖြစ်ကြသည်။ ထို့အပြင် လော့ချွမ်းဟယ်မှာ မုယင်ချောင်ကဲ့သို့ မဟုတ်ဘဲ အစစ်အမှန် သမား တစ်ယောက် ဖြစ်သည်။
ထိုကြောင့်သာ မိုဝူကျီက လော့ချွမ်းဟယ်အတွက် ကျောက်တုံးနက် ၁ဆ ပေးရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။ သူက ကျောက်တုံးနက် များများ တူးလိုသောကြောင့် သူတို့ နှစ်ယောက်တည်းဖြင့် လုံလောက်မည် မဟုတ်ပေ။ သူက လူသစ်ခေါ်ရမည် ဆိုလျှင် လော့ချွမ်းဟယ်ကို သူ့အဖွဲ့ထဲ ခေါ်လိုက်ခြင်းက အကောင်းဆုံး ဖြစ်ပေသည်။ ကျာချီက လော့ချွမ်းဟယ်နေရာမှ အတားအဆီးများကို ဖြေဖျက် လိုက်သည်နှင့် မိုဝူကျီက တစ်လှမ်းတည်းဖြင့် ဝင်ရောက်သွားသည်။ ထို့နောက် သူက သတိမေ့မြောနေသည့် လော့ချွမ်းဟယ်ကို မြင်လိုက်ရသည်။
လော့ချွမ်းဟယ် ခန္ဓာကိုယ်မှာ သွေးများ ပေပွနေကာ သူ့တစ်ကိုယ်လုံး မှာလည်း သစ်သားတုံးကဲ့သို့ ဖြစ်နေသည်။ သူ့အသက်ဓာတ်မှာ ကြာကြာ မခံတော့ကြောင်း သိသာလှသည်။
“ဘာတွေ ဖြစ်နေတာလဲ” မိုဝူကျီ အမူအရာမှာ ခက်ထန်လာသည်။
“သူက မုန့်ထျန်းယွီကြောင့် ဝိညာဉ် လမ်းကြောင်းတွေ သစ်သားဓာတ် ပြောင်းသွားတာ။ သူ့အသားလဲ သစ်သားအဖြစ် စပြောင်းလာတာ ” ကျာချီက သက်ပြင်းချကာ ပြောလိုက်သည်။
“မုန့်ထျန်းယွီက ဘယ်သူလဲ” မိုဝူကျီက မေးလိုက်သည်။
“သူက အင်မော်တယ် ဖွေရှာရေး အဖွဲ့အစည်းက ခေါင်းဆောင်ပဲ။ သူ့ကျင့်စဉ်က သစ်သားဓာတ်လေ ... အရင်တုန်းက သူက အထူး သစ်သားစွမ်းအားကို သုံးပြီးတော့ တခြားသူတွေကို ဒုက္ခပေးဖူးတယ် ဆိုတာတော့ ကြားဖူးတယ်။ အဲဒါကို ကောလာဟလ ထင်နေတာ။ အခု သူ့မှာ အဲဒီလိုကျင့်စဉ် ရှိနေမှန်း သိလိုက်ရတာ။ တာအိုရောင်းရင်း လော့ရဲ့ ဝိညာဉ်လမ်းကြောင်းတွေ သစ်သားဖြစ်ကုန်တာ သူ့ကြောင့်ပဲ ” ကျာချီက ဖြေလိုက်သည်။
မိုဝူကျီက မျက်မှောင်ကြုတ်ကာ “စီနီယာလော့က အခုမှ အင်မော်တယ်တပိုင်း နယ်ပယ်ကို ရောက်လာတာလေ ဘယ်လိုလုပ် အင်မော်တယ် ဖွေရှာရေး အဖွဲ့အစည်းနဲ့ ဆန့်ကျင်မိတာလဲ ”
“ အဓိကအကြောင်းအရင်းက ဖုန်းချီလို့ ခေါ်တဲ့ ကျင့်ကြံသူ တစ်ယောက်ကြောင့်ပဲ ”
ဖုန်းချီလား ...
မိုဝူကျီက ထိုလူမှာ ပျောက်ဆုံးနယ်မြေက ဖြစ်ကြောင်း မှတ်မိလေသည်။ သူလည်း ချောက်နက်ထဲ ပိတ်မိနေခဲ့ပြီး သူ့ကြောင့်သာ အင်မော်တယ်တပိုင်း နယ်ပယ်အထိ ရောက်လာခြင်း ဖြစ်သည်။
***