သွေးအန်ခြင်း
Vol. 30 Ch. 416
ဧရာမ ပေသီးတွက်ခုံက လှောင်ချိုင့်အလား မိုဝူကျီဆီ ကျရောက်လာကာ မိုဝူကျီ ခေါင်းအထက် တစ်နေရာလုံးကို ပိတ်လှောင်ထားလေ၏။ မိုဝူကျီက ထိုအခါမှ ပေသီးတွက်ခုံတွင် ပေသီးတစ်လုံးမှ မရှိကြောင်း သတိပြုမိလိုက်သည်။
ထို့နောက် ပေသီး ဆယ်လုံးကျော်က အတန်းလိုက်ကြီး မိုဝူကျီ နောက်ဆုတ်မည့် လမ်းကြောင်းကို ပိတ်ထားသည်။
မိုဝူကျီက တျန်းဂျီတုတ်ကို ယမ်းလိုက်ရင်း ထိုကျင့်ကြံသူဆီ သွားဖို့ရာ ပြင်ဆင်ထား၏။
အစပိုင်း တိုက်ခိုက်ရန် ပြင်ဆင်ထားသော သခင်ပုဆိန်ပင် မိုဝူကျီ အကွက်များကို မြင်လိုက်သောအခါ သူက ကူယာမှာ မိုဝူကျီကို အထင်ကြီးမိ နေကြောင်း ခံစားမိလိုက်သည်။
ဤနေရာ၌ အားလုံး၏ စိတ်စွမ်းအားများကို ကန့်သတ်ထားသည့် အတွက် မိုဝူကျီက လုပ်နိုင်စွမ်း ရှိလျှင်ပင် ပေသီးဆီ ချီတက်သွားခြင်းက သူ့ကိုယ်သူ ပေသီးတွက်ခုံ၏ ပေသီးကွန်ရက်ကြား ပိတ်မိသွားစေလိမ့်မည်။
သခင်ပုဆိန် ကိုယ်တိုင်ပင် ထိုပေသီးကွန်ရက်ကြား ပိတ်မိနေလျှင် အချိန်တိုအတွင်း မလွတ်မြောက်နိုင်ရာ မိုဝူကျီက မည်သို့ လွတ်မြောက် နိုင်မည်နည်း။ မိုဝူကျီသာ ဤနေရာတွင် ပိတ်မိသွားပါက မိုဝူကျီကို သူ့စိတ်ကြိုက် လုပ်လို့ ရပြီ ဖြစ်သည်။
ပေသီးတွက်ခုံနှင့် ကျင့်ကြံသူက မိုဝူကျီကို ကြောင်ကြည့်နေမိသည်။ မိုဝူကျီသည် သူ့ဆီ ရှေ့တက်လာလိမ့်မည်ဟု မျှော်လင့်မထားပေ။ သူက မိုဝူကျီသည် ထိုလှောင်ချိုင့်ကို ရှောင်ပြီးမှ လက်တုံ့ပြန်လိမ့်မည်ဟု တွေးထားသည်။
မိုဝူကျီက သူ့လှောင်ချိုင့်ကို ရှောင်ဖို့ ကြိုးစားသည်နှင့် သူ့ပေသီးများက သူ့ကို ချက်ချင်း ချုပ်နှောင်လိုက်မည် ဖြစ်သည်။ သူက မိုဝူကျီသည် သူ့လှောင်ချိုင်ကို ရှောင်ပြီး ပေသီး၏ ထောင်ချောက်များကို ရှောင်ရှားနိုင်လောက်သည့် အထိ အင်မတန် အားကောင်းနေမည့် ဖြစ်နိုင်ချေကို ထည့်တွက်မထားမိပေ။
သို့သော်လည်း မိုဝူကျီက နှစ်မျိုးလုံးကို လုပ်နိုင်လျှင်ပင် သူ့တွင် နောက်ဆုတ်ဖို့ရာ တစ်လမ်းသာရှိပြီး ထိုနေရာတွင် ရှီရှားက စောင့်ဆိုင်းနေသည်။
နေရာတွင် စိတ်စွမ်းအား ကန့်သတ် ထားသောကြောင့် မိုဝူကျီက အင်မတန် စွမ်းဆောင်ရည် ကောင်းပြီး အရည်အချင်း ရှိနေလျှင်ပင် ဘာမှ လုပ်နိုင်မည့် အရာ မရှိပေ။ ရွှေ့ပြောင်းစွမ်းအားမှာ သူတို့ကို မထိခိုက်စေနိုင်သည့် အသုံးမဝင်သော လှုပ်ရှားမှု တစ်ခုသာ ဖြစ်နေသည်။ ထို့အပြင် ကူယာနှင့် သခင်ပုဆိန်တို့က ဘေးတွင် စောင့်နေကြသေးသည်။
“ဘုန်း” သဘာဝစွမ်းအားများက ပေါက်ကွဲသွားသည်။ မိုဝူကျီက သူ့တျန်းဂျီတုတ်ကို ပေသီးကို ရင်ဆိုင်ဖို့ရာ အသုံးမပြုလိုက်ချေ။ သူက လက်သီးတစ်ချက်သာ အသုံးပြုခဲ့ပြီး ထိုလက်သီးချက်က ပေသီးနှင့် ရင်ဆိုင်လိုက်ရာ အိမ်အတွင်း သဘာဝစွမ်းအားများ ပေါက်ကွဲသွားခြင်း ဖြစ်သည်။
မိုဝူကျီ၏ များပြားလှသော သဘာဝစွမ်းအားများ အပြင် ပေသီးတွက်ခုံနှင့် ကျင့်ကြံသူကို မသက်သာ ဖြစ်စေသည့် နောက်ထပ် ခံစားချက်တစ်ခု ရှိနေသေးသည်။
ထို့နောက်တွင် မိုဝူကျီက နေရာမှ ရုတ်ခြည်း ပျောက်ကွယ် သွားသောကြောင့် ပေသီးက ထိုအရာမှာ သူ့ပေသီးတွက်ခုံ လှောင်ချိုင့်နှင့် ပေသီးထောင်ချောက် အတွင်းမှ လွတ်မြောက် သွားစေသည့် ရွှေ့ပြောင်း စွမ်းရည်မှန်း သိလိုက်သည်။
ဤနေရာတွင် စိတ်စွမ်းအား ကန့်သတ်ထားပြီးပြီ ဖြစ်ရာ မိုဝူကျီက မည်သို့ ရွှေ့ပြောင်းစွမ်းရည်ကို ထုတ်သုံးနိုင်သနည်း။
မိုဝူကျီက ထိုပေသီးကို အစပိုင်းတွင် အများကြီး တွေးမထားပေ။ ဤနေရာတွင် စိတ်စွမ်းအား ကန့်သတ်ထားသော်လည်း သူ့ပေသီးတွက်ခုံမှ ပေသီးကွန်ယက်ကို သုံးကာ ဆက်တိုက် တိုက်နိုင်သည့်အတွက်တော့ အင်မတန် အံ့ဩစရာ ကောင်းပေသည်။ ထို့ကြောင့် တစ်ဖက်လူက စိတ်စွမ်းအား ကန့်သတ်ထားသည့် နေရာကို သိနေသည်မှာ ကျိန်းသေလှပေသည်။ မဟုတ်လျှင် မိုဝူကျီက ရွှေ့ပြောင်းစွမ်းအား မသုံးခင် ပေသီးကို သတ်ဖို့ ယုံကြည်ချက် ရှိ၏။
စိတ်စွမ်းအားကို ကန့်သတ်ထားသည်က တခြားကျင့်ကြံသူများ အတွက် သေစေလောက်သည့် အကွက်ဖြစ်နိုင်သော်ငြား သူ့အတွက်တော့ အလှဆင်ရုံသပ်သပ် အကွက်သဘောမျိုးသာ ဖြစ်နေသည်။
ပေသီးတွက်ခုံနှင့် ကျင့်ကြံသူကို သခင်ပုဆိန်က ကောင်းကောင်း မှန်းထားသောကြောင့် သူက အရူးတစ်ယောက်တော့ မဟုတ်လောက်ပေ။ မိုဝူကျီ တျန်းဂျီတုတ်ကို ဆွဲကာ သူ့ကို မတိုက်မှန်း သိသည်နှင့် မိုဝူကျီက ရှီရှန်းကို ရည်ရွယ်နေမှန်း သတိပြုမိလိုက်သည်။
မိုဝူကျီက ရွှေ့ပြောင်းစွမ်းရည်ကို သုံးနိုင်သောကြောင့် စိတ်စွမ်းအား ကန့်သတ်ထားမှုမှာ သူ့အပေါ် များစွာ သက်ရောက်မှုမရှိခြင်းပင် မဟုတ်ပါလော။ ကန့်သတ်မထားသောကြောင့် မိုဝူကျီက ရှီရှားကို သေချာပေါက် သတိထားမိပေလိမ့်မည်။
ကျင့်ကြံသူက မိုဝူကျီနှင့် ယှဉ်တိုက်လာရ သောကြောင့် ပထမ အခြေအနေကို နားလည်လာသည်။ သခင်ပုဆိန်လည်း မိုဝူကျီ တစ်ယောက် လွတ်မြောက် သွားသည်ကို သတိပြုမိသည့် အချိန်တွင် ယူကျုံးမရ အော်ညည်းသံ တစ်သံကို ကြားလိုက်ရသည်။
ထိုအော်သံနောက်တွင် သဘာဝစွမ်းအားများ ပေါက်ကွဲမှု အဆုံးသတ်သွားကာ နေရာတစ်ခုလုံး တိတ်ဆိတ်သွားလေသည်။
ပေသီးတွက်ခုံနှင့် ကျင့်ကြံသူက မြေပြင်ပေါ် လဲကျသွားသောကြောင့် သခင်ပုဆိန်နှင့်ကူယာတို့မှာ မတ်တတ်ရပ်လိုက်ကြသည်။ ထိုစဉ် မိုဝူကျီ က တံခါးဘေးတွင် ရပ်နေသည်။ သူက တျန်းဂျီတုတ် အစွန်းတစ်ဖက်ကို ကိုင်ထားကာ နောက်အစွန်းတစ်ဖက်မှာမူ ခန္ဓာကိုယ်မှ သွေးများ စီးကျနေသော ပိန်ပါးပါး ကျင့်ကြံသူအပေါ်တွင် ဖြစ်သည်။
ပိန်ပါးပါး ကျင့်ကြံသူမှ အော်သံကို မကြားရတော့သော်လည်း သူ့အမူအရာအရ သူ့က မိုဝူကျီလက်ထဲ အပြည့်အဝ ကျရောက်နေကြောင်း အားလုံးအနေနှင့် သိသွားကြသည်။ သူ့သွေးသံရဲရဲ ကိုယ်ပေါ်တွင် သူ့လက်ထဲမှ ဓားတိုမှာ အသုံးမဝင်သည့် သတ္တုအပိုင်းအစ အလား ပြုတ်ကျ သွားတော့သည်။
“ရှီရှားကို လွတ်ပေး မဟုတ်ရင် မင်းသေလိမ့်မယ်” သခင်ပုဆိန်၏ လူသတ်ငွေ့က တစ်ခန်းလုံး ပြည့်နှက်လာကာ သူ့ဖိအားကြောင့် ဘေးနားမှ လက်ဖက်ရည်ကြမ်း ခွက်များလည်း ကွဲကြေသွားတော့သည်။
မိုဝူကျီက သခင်ပုဆိန်စကားကို မကြားသကဲ့သို့ ပြုမူရင်း သူ့တျန်းဂျီတုတ်ကို လှည့်လိုက်သည့်အခါ ရှီရှားက နောက်တဖန် အော်ညည်းလိုက်ရပြန်သည်။
“မင်း ... ” သခင်ပုဆိန်၏ လက်မှာ တုန်ယင်နေသည်။ သူ မိုဝူကျီဆီ မရောက်ခင် မိုဝူကျီသည် ရှီရှားကို သတ်နိုင်ကြောင်း သိထားသည်။ ထို့အပြင် မိုဝူကျီက ထိုသို့ လုပ်ရဲကြောင်းလည်း သေချာသိနေသည်။
“ ဟိတ် တြိဂံမျက်လုံး ... ကြည့်ရတာ တစ်ခုခု အထင်မှားနေတဲ့ပုံပဲ။ ကျုပ်ကို နောက်တစ်ခါ ခြိမ်းခြောက်ကြည့် သူ့ကို ချက်ချင်း သတ်ပစ်မယ်။ ကျုပ်ကို မယုံရင် စမ်းကြည့်ပေါ့။ ကျုပ်က ခြိမ်းခြောက်တိုင်း ကြောက်တတ်တဲ့သူ မဟုတ်တာ ခင်ဗျားအတွက် ကံခေတာပဲ” မိုဝူကျီက အေးစက်စွာ ပြောလိုက်သည်။
အကယ်၍ တခြားသူသာ ထိုသို့မျိုး လုပ်ပါက သခင်ပုဆိန်မှာ တိုက်ဖို့ရာ တွေဝေနေမည် မဟုတ်သော်လည်း မိုဝူကျီ ဖြစ်နေသည့် အတွက် မသေချာတော့ပေ။
ဤနေရာတွင် စိတ်စွမ်းအား ကန့်သတ် ထားသော်လည်း မိုဝူကျီက အစီအရင်ဗဟိုကို ရှာနိုင်ရုံသာမက ရွှေ့ပြောင်းစွမ်းရည် ကိုလည်း အသုံးပြုနိုင်သေးသည်။ ထိုအရာမှာ သူက မိုဝူကျီကို အပြီးသတ်ပစ်ဖို့ရာ မလုံလောက်သေးကြောင်း ဆိုလိုနေခြင်း ဖြစ်သည်။
ဤတစ်ကြိမ် သူ့အကြံအစည်ကို နောက်ဆုတ်လိုက်ရမည်။ သူက မိုဝူကျီကို အများကြီး တွေးထားခဲ့သော်လည်း လျှော့တွက်မိခဲ့သေးသည်။ သို့သော်လည်း သူ့ပိုင်နက်အတွင်း မောက်မာ ပြနေသောကြောင့် မိုဝူကျီကို သေလူအဖြစ် သတ်မှတ်ထားပြီးပြီ ဖြစ်သည်။ မိုဝူကျီက ယနေ့ လွတ်မြောက်သွားလျှင်ပင် နောင်ကျ သေချာပေါက် သူ့ကို သတ်နိုင်မည့် နည်းလမ်းကို ရှာဖွေရမည်။
“မင်း ဘာလိုချင်တာလဲ” သခင်ပုဆိန်က စိတ်အေးအေး ထားလိုက်သည်။ သူက ရှီရှားကို သေခွင့် မပြုနိုင်သေးပေ။ ရှီရှားမှာ သူ့တွင် ရှိနေသော လက်အောက်ခံများတွင် အရေးကြီးဆုံးထဲမှ တစ်ယောက် ဖြစ်ပေသည်။
မိုဝူကျီက သက်ပြင်းချကာ “ခင်ဗျား စီးပွားရေး ဒီနေ့အထိ ဘယ်လိုများ ရပ်တည်နေလဲတော့ မသိဘူး။ ခင်ဗျားက စိတ်များ မနှံ့တာလား။ ကျုပ်က ကျောက်တုံးနက် ခြင်းတောင်းနဲ့ အပြည့်သယ်ပြီးတော့ ရောက်လာတာလေ။ အရောင်းအဝယ်အတွက် ရောက်လာတာ အသိသာကြီးကို ကျုပ်က ဒီနေရာမှာ တခြား ဘာလုပ်ရဦးမှာတုန်း”
သခင်ပုဆိန်က အသက်ပြင်းပြင်းရှူကာ ဖြည်းဖြည်းချင်း ပြောလိုက်သည် “ငါ့ဆီမှာ စိတ်စွမ်းအင် ကျောက်ချော ငါးထောင်ပဲ ရှိတယ်။ ဒီနေ့တော့ မင်းကျောက်တုံးနက် ၁ဝဝ ကိုပဲ ဝယ်နိုင်တယ် ”
သူ့အတွက် ရှီရှားကို ကယ်ဖို့က ဦးစားပေး ဖြစ်သည်။ ထိုအရာ ပြီးဆုံးသွားသည်နှင့် သူက ရုတ်ရုတ်သဲသဲ ဖြစ်စေခဲ့လျှင် သူက မိုဝူကျီကို အင်မော်တယ်တပိုင်း နယ်ပယ်တွင် သတ်ပစ်မည်။ တာအိုသခင်က သူ့မှောင်ခိုဈေးကွက်ကို မသိသေးကြောင်း မတွေးသင့်ပေ။ ယခု သူက လူသစ်လေး၏ ဝိညာဉ်ကြော ပျက်စီးပြီး သူ့ဆီ ဒူးထောက်လာမည် မြင်ကွင်းကို အရမ်း မြင်တွေ့ချင်နေမိသည်။ ထိုမြင်ကွင်းကို လက်တွေ့ ခံစားလိုက်ရလျှင် အတော်လေး ကောင်းလိမ့်မည်။
မိုဝူကျီက မျက်မှောင်ကြုတ်ကာ မကျေမနပ်ဖြင့် “ခင်ဗျားက စိတ်စွမ်းအင် ကျောက်ခေျာ တစ်သောင်းတောင် ထုတ်မပေးနိုင်တာ ဘယ်လိုများ မှောင်ခိုဈေးဖွင့် ထားရဲတာလဲ။ ခင်ဗျား တော်တော် အရှက်မဲ့တာပဲ ...”
မိုဝူကျီ စကားကြောင့် သခင်ပုဆိန်လည်မျိုမှ သွေးတစ်ပွက် အန်ထွက်လာသည်။
လခွမ်း ... စိတ်စွမ်းအင် ကျောက်ချော ငါးထောင်က နည်းနည်းလေးလား။ စိတ်စွမ်းအင် ကျောက်ချော တစ်သောင်း ထုတ်မပေးနိုင်တာနဲ့ အရှက်မဲ့သွားရောလား ...
ဒီလို လူရှုပ်ကလေးကများ သူ ဟုန်ဖူကျီ ကို လာလှောင်ရဲတယ် ...
ရှီရှားအသက်က မိုဝူကျီ လက်ထဲ ရှိနေသည်ဆိုသော အတွေးဖြင့် သခင်ပုဆိန်က သူ့အတွေးများကို ရုပ်သိမ်းကာ ဒေါသကို ထိန်းချုပ်ရင်း “တကယ်လို့ ငါ့ကို ယုံတယ်ဆိုရင် မင်းရဲ့ ကျောက်တုံးနက် ၂ဝဝ ကို လက်ခံ ထားလိုက်မယ်။ ဒါပေမဲ့ မင်းကိုတော့ စိတ်စွမ်းအင် ကျောက်ချော ငါးထောင်ကိုပဲ အရင်ပေးနိုင်ဦးမယ်။ ကျန်နေတဲ့ စိတ်စွမ်းအင် ကျောက်ချော အတွက်တော့ အချေးအနေနဲ့ ထားလိုက်မယ် ”
မိုဝူကျီက စိတ်ထဲ ရယ်မောလိုက်ရင်း အပေါ်ယံမှာ ခေါင်းညိတ်ပြကာ “ဟုတ်ပြီလေ။ ခင်ဗျားက တကယ်ကို ယုံရတာဆိုတော့ ယုံတာပေါ့”
သခင်ပုဆိန်က ထိုစကား ကြားသည်နှင့် မျက်နှာမှာ အမူအရာပျက်သွားလေသည်။ မိုဝူကျီက သူဆိုလိုချင်သည့် အဓိပ္ပာယ်နှင့် ဆန့်ကျင်ဘက် ပြောမှန်း သိလိုက်သည်။
“ခင်ဗျား စကားအရဆိုရင် ခင်ဗျားက ကျုပ်အပေါ် စိတ်စွမ်းအင် ကျောက်ချော ငါးထောင် အကြွေးတင်နေတယ်။ ကျုပ်အတွက် တောင်းဆိုချက် တစ်ခုရှိတယ်။ ခင်ဗျား ပေးဖို့လိုနေတဲ့ ကျောက်ချောတွေကို အတိုးလိုချင်တယ်။ အတိုးက လစဉ် ကျောက်ချော ၅ဝဝ ... ခင်ဗျား သဘောတူတယ် ဆိုရင် အရောင်းအဝယ် ဖြစ်တယ်။ ခင်ဗျား စိတ်မပါရင်တော့ ထားလိုက်တော့” မိုဝူကျီ စကားမျာက အားလုံးကို အံ့အား သင့်သွားစေသည်။
သူတို့က မိုဝူကျီ အဆုံးသတ်သွား တော့မည်မှန်း သိသော်လည်း မိုဝူကျီက စိတ်စွမ်းအင် ကျောက်ချော ငါးထောင် လဲလှယ်ပြီးသည့် နောက်တွင် ကျန်ရှိနေသော ကျောက်တုံးနက် ၁ဝ၂ တုံးကို ပြန်ယူ သွားနိုင်သောကြောင့် ထိုသို့မျိုး သဘောတူမှုက မလိုအပ်တော့ပေ။
သခင်ပုဆိန်၊ ကူယာနှင့် ပေသီးတို့က အချင်းချင်း ကြည့်ကာ တိတ်တဆိတ် ခေါင်းညိတ်ပြ လိုက်ကြသည်။ ဤတစ်ကြိမ်တွင် ကူယာပင် များများစားစား ဝင်မပြောတော့ပေ။ သခင်ပုဆိန်က မိုဝူကျီကို သတ်ရန် ဆုံးဖြတ်ပြီးနေ သောကြောင့် သေလူဖြစ်လာမှာ သေချာလှသည်။ သေလူနှင့် ရင်ဆိုင်နေရသည့်အခါ တွန့်ဆုတ်နေစရာ အကြောင်းအရင်း မရှိချေ။
“ကောင်းပြီလေ ... ကျုပ်တို့တွေ အခု လဲလှယ်ကြတာပေါ့။ ဒီမှာ စိတ်စွမ်းအင် ကျောက်ချော ငါးထောင်ပါ” သခင်ပုဆိန်က သိုလှောင်လက်စွပ် တစ်ကွင်းကို မိုဝူကျီဆီ ချက်ချင်း ပစ်ပေးလိုက်သည်။
“ကျုပ်ကို ချေးငွေစာရွက် ရေးပေးဖို့ လိုသေးတယ်” မိုဝူကျီက သိုလှောင်လက်စွပ်ကို လက်ခံပြီးနောက် စိတ်စွမ်းအားကို ပို့လွှတ်ကာ စစ်ဆေးကြည့်ကာ ခေါင်းညိတ်ပြလိုက်သည်။
“မင်းအတွက်” သခင်ပုဆိန်က တွေဝေမနေဘဲ ကျောက်စိမ်းပေလွှာပေါ် တံဆိပ်နှိပ်ကာ မိုဝူကျီဆီ ပေးလိုက်သည်။
မိုဝူကျီက ကျောက်စိမ်းပေလွှာကို ဆွဲကြည့်ပြီးနောက် စိတ်စွမ်းအားဖြင့် စစ်ဆေးကြည့်လိုက်သည်။ အတိုးနှုန်း သေချာ ရေးထားသည်ကို သတိပြုမိ လိုက်ပြီးနောက် ဤကျောက်စိမ်း ပေလွှာကို သိုလှောင်လက်စွပ်ထဲ ထည့်ကာ ခြင်းတောင်းကို သခင်ပုဆိန်ဆီ ပေးရင်း သူ့တျန်းဂျီတုတ်ကို ပြန်သိမ်း ထားလိုက်သည်။
မိုဝူကျီက တျန်းဂျီတုတ် သိမ်းလိုက်သည့် အချိန်ပိုင်းလေးတွင် သခင်ပုဆိန်က မိုဝူကျီဆီ ရောက်ရှိလာသည်။
“ဘုန်း” နောက်ထပ် ပေါက်ကွဲသံများ ကြားလိုက်ရသည်။ သို့သော်လည်း သခင်ပုဆိန် ဆွွဲလိုက်သည့်အရာမှာ ပုံရိပ်တစ်ခုသာ ဖြစ်နေသည်။
အိမ်အခန်းထောင့် တစ်နေရာတွင် အပေါက်ကြီးတစ်ခု ပေါ်လာပြီး မိုဝူကျီက အစအနမရှိ ပျောက်သွားပြီ ဖြစ်၏။ မိုဝူကျီက ထွက်မသွားခင် အိမ်၏ အစီအရင်ဗဟိုကို ဖျက်ဆီးခဲ့သည်မှာ သိသာလှသည်။
ကျောက်တုံးနက်များကို လဲလှယ်ထားပြီးပြီ ဖြစ်သောကြောင့် အစီအရင် ဗဟိုကို ဖျက်ဆီးလိုက်လျှင်ပင် သူ့သိုလှောင်လက်စွပ် အကြောင်း သိလာမည် မဟုတ်ပေ။ မဟုတ်လျှင် အကယ်၍ သခင်ပုဆိန်သာ တခြားလူများကို သူ့တွင် ကျောက်တုံးနက် ၂ဝဝ ရှိနေကြောင်း ပြောလိုက်လျှင် ဒါမှမဟုတ် သူ့တွင် ကျောက်တုံးနက်များကို သိမ်းထားနိုင်သည့် သိုလှောင်လက်စွပ် ရှိနေသည့်အကြောင်း ပြောလိုက်လျှင် သူ့အတွက် အဆုံးသတ်သွား ပေလိမ့်မည်။
“အခု တာအိုသခင်နဲ့ သွားတွေ့လိုက်ဦးမယ်။ ငါ မိုဝူကျီကို မသတ်ရရင် အင်မော်တယ်တပိုင်း နယ်ပယ်မှာ ရှိနေတဲ့ ငါ့အချိန်တွေ အလကား ဖြစ်သွားလိမ့်မယ်” သခင်ပုဆိန်၏ လူသတ်ငွေ့များက နောက်တစ်ဖန် ထွက်ပေါ်လာသည်။ သူ အင်မော်တယ်တပိုင်း နယ်ပယ်ဆီ ရောက်လာစဉ် ကတည်းမှ တစ်ခါမျှ ထိုမျှအထိ ဒေါသမထွက်ဖူးပေ။
“သခင်ပုဆိန် ... သူက စိတ်စွမ်းအင် ကျောက်ချော ငါးထောင် ရပြီးတဲ့နောက် ကျောက်တုံးနက် ၁ဝဝနဲ့ ထွက်သွားလို့ ရနေတာကို ဘာကြောင့် ချေးငွေစာရွက် ရေးခိုင်းပြီးတော့ ကျောက်တုံးနက် ၁ဝဝ ထားခဲ့တာတုန်း” ကူယာက မေးမြန်းလိုက်သည်။
“သူက ကျုပ်တို့ဆီမှာ ထားခဲ့တဲ့ စိတ်စွမ်းအင် ကျောက်ချောအကြွေးကို ပြန်ရနိုင်အောင် ယူနိုင်စွမ်း ရှိနေရင်ပေါ့ ... ” အမြဲတိတ်ဆိတ်နေသည့် ကျင့်ကြံသူက စိုးရိမ်နေသည့် အမူအရာဖြင့် ဝင်ပြောလိုက်သည်။ မိုဝူကျီနှင့် ယှဉ်တိုက်ပြီးနောက်တွင် သူက စွမ်းအား ဆယ်ပုံတစ်ပုံပင် ထုတ်မသုံးထား သော်လည်း မိုဝူကျီက ရန်စ၍ မဖြစ်သင့်သူမှန်း ပြောနိုင်သည်။
“သူက ကျောက်တုံးနက် ၁ဝဝကို ပြန်မယူသွားရဲတာပါ။ တာအိုသခင်သာ သူ့ဆီမှာ ကျောက်တုံးနက် တစ်ရာကျော် ရှိနေတာ သိသွားရင် ဘာလုပ်မယ်ထင်လဲ” သခင်ပုဆိန်က ရယ်မောကာ ပြောလိုက်သည်။ သူက တစ်ယောက်ယောက်ကို သတ်ပစ်လောက်ချင်သည့် အထိ တစ်ခါမျှ ဒေါသမထွက်ဖူးပေ။
ကူယာက မိုဝူကျီကို ရိုးရှင်းသည့်သူမှန်း မထင်သည့်အတွက် မျက်မှောင်ကြုတ်လိုက်သည်။ သို့သော်လည်း သခင်ပုဆိန်က တာအိုသခင်ကို သွားရှာမည့် ကိစ္စကိုတော့ မကန့်ကွက်ပေ။ အကြောင်းမှာ အင်မော်တယ်တပိုင်း နယ်ပယ်အတွင်း တစ်ယောက်ယောက်ကို သတ်ရန် တာအိုသခင်ဆီမှ ခွင့်ပြုချက် ရရန် လိုအပ်ပေသည်။ သခင်ပုဆိန်က ခွင်ပြုချက် မတောင်းဘဲ အရင်ပြုမူလောက်သည့် အထိ တာအိုသခင်နှင့် မရင်းနှီးပေ။
***
“မြန်မြန်လုပ် ကျုပ်တို့သွားကြရအောင်” ဆရာကြီးဖူကျိနှင့် ကျာချီတို့က မိုဝူကျီကို စိုးရိမ်တကြီး စောင့်ဆိုင်းနေစဉ် မိုဝူကျီ အသံကို ကြားလိုက်ရသည်။
ထိုသို့ ပြောပြီးနောက်တွင် မိုဝူကျီက လော့ချွမ်းဟယ်ကို သယ်ထားပြီးပြီ ဖြစ်သည်။
ဆရာကြီးဖူကျိနှင့် ကျာချီတို့က အတွေ့အကြုံကြွယ်ဝကြသူများ ဖြစ်သည့်အတွက် သူတို့က မိုဝူကျီ ညွှန်ကြားချက်ကို မေးခွန်းမထုတ်တော့ဘဲ မိုဝူကျီနောက်မှ မြန်မြန် လိုက်ပါသွားကြသည်။
သခင်ပုဆိန်က မှောင်ခိုဈေးကွက်၏ သခင်တစ်ယောက် ဖြစ်၍ သူ့အင်အားမှာ အင်မော်တယ်တပိုင်း နယ်ပယ်ရှိ အဖွဲ့အစည်းများထက် အားမနည်းသော်လည်း သူ့အပြုအမူများမှာ အင်မော်တယ်တပိုင်း နယ်ပယ် ထွက်ပေါက်ကို ပိတ်ထားနိုင်လောက်သည့် အထိ မမြန်ဆန်သေးပေ။ မိုဝူကျီနှင့် သုံးယောက် အင်မော်တယ်တပိုင်း နယ်ပယ်မှ ထွက်သွားပြီးနောက် သခင်ပုဆိန်က တာအိုသခင်နှင့် သွားရောက်တွေ့ဆုံဆဲ ဖြစ်သည်။
***