← Chapters

သေမင်းမိုင်းတွင်း

Vol. 31 Ch. 417

သေမင်းမိုင်းတွင်း

Vol. 31 Ch. 417

“တာအိုရောင်းရင်းမို ...ကျမတို့ မိုင်းတွင်း ၆(က)ကို ပြန်သွားမှာလား” ကျာချီက ချက်ချင်း မေးလိုက်သည်။

“ကျုပ်တို့တွေ အဲဒီနေရာကို သွားလို့ မဖြစ်တော့ဘူး။ အင်မော်တယ်တစ်ပိုင်း နယ်ပယ်နဲ့ ဝေးပြီးတော့ကျောက်တုံးနက် များများထွက်တဲ့မိုင်းတွင်းနေရာကိုရောမသိဘူးလား ...”

မိုဝူကျီက ပြန်ပြောလိုက်သည်။ မိုင်းတွင်း ၆ (က) မှာ နေရာကောင်း တစ်ခု ဖြစ်သော်လည်း အင်မော်တယ်တစ်ပိုင်း နယ်ပယ်နှင့် အလွန်နီးကပ်နေသည်။ သူက သခင်ပုဆိန်တို့ကို ရန်စခဲ့မိသောကြောင့်ကျောက်တုံးနက် တူးယူနိုင်သည့် သူ့အရည်အချင်းမှာ ဤနေရာ၌ အန္တရာယ် ကြီးနေပေသည်။

ဘေးတွင် ရပ်နေသည့် ဆရာကြီးဖူကျိက ရုတ်တရက် ဝင်ပြောလိုက်သည်“သခင်ပုဆိန်နဲ့ ခင်ဗျားကြားမှာ ရန်ကြွေး ရှိနေရင်တော့အခု သွားနိုင်တဲ့ တစ်ခုတည်းသော နေရာက သေမင်းမိုင်းတွင်းပဲ”

ကျာချီ အမူအရာကချက်ချင်း ပြောင်းလဲသွားပြီးခေါင်းခါလိုက်ကာ “ဆရာကြီးဖူကျိ ... အဲကို သွားတာက သေလုနီးပါးဖြစ်ဖို့ သေချာ နေတာလေ”

ဆရာကြီးဖူကျိက စကားမပြောသေးဘဲ မိုဝူကျီ၏ အဖြေကို စောင့်ဆိုင်းနေဟန် ပေါ်သည်။ တကယ်တော့ သူ့စိတ်ထဲတွင် နေရာကောင်းတချို့ ရှိသေးသော်လည်း သူက မိုဝူကျီ၏ စွမ်းဆောင်ရည်နှင့် သတ္တိကို သိအောင် လုပ်ရမည်။ အင်အားအရ မိုဝူကျီ၏ ကျင့်ကြံဆင့်နှင့် ပတ်သက်၍ တွေးမိထားသည်မှာ သူကမိုဝူကျီကို မရှုံးနိမ့်နိုင်ချေ။ သို့သော်လည်း တိုက်သင်္ဘောအတွက် အင်အား ကောင်းနေရုံမျှဖြင့် မလုံလောက်သေးချေ။ အကယ်၍ မိုဝူကျီက တိုက်သင်္ဘော မောင်းနှင်ဖို့ရာ ပါမည့်အရာ ရှိမနေပါက သူက မိုဝူကျီကို တွေဝေခြင်းမရှိ သတ်ပစ်ကာ တိုက်သင်္ဘောကို ယူသွားမည် ဖြစ်သည်။ ထိုအတွေးမှာတိုက်သင်္ဘော မြင်လိုက်ကတည်းကခေါင်းထဲမှ ထွက်မသွားတော့ချေ။

မိုဝူကျီက ဆရာကြီးဖူကျိကို တစ်ချက် ကြည့်လိုက်သည်။ ဆရာကြီးဖူကျိ ဖုံးကွယ်ထားသော လူသတ်ငွေ့များကို သူ ရိပ်မိနေသည်မှာ ကြာမြင့်လှလေပြီ။ လူသား အဆင့်လွန်ဆုံးနှင့် မြေကမ္ဘာ အဆင့်လွန်ဆုံး အဆင့်များကို ရောက်ရှိထားပြီး ကိုယ်ပိုင် ချီသွေးကြော လှည့်ပတ်ခြင်း ကျင့်စဉ်ကို တီထွင် ဖန်တီးနိုင်ခဲ့သည့် သူ တစ်ယောက်အတွက် တခြားလူဆီမှ လူသတ်ငွေ့များ အပါအဝင်သူဘေးဝန်းကျင်မှ အရာများကို အလွန် အာရုံခံကောင်ပေသည်။

မိုဝူကျီက ဆရာကြီးဖူကျိ အကူအညီကို လိုအပ်သောကြောင့် ယခုကဲ့သို့ အသက်ရှင်ခွင့် ပေးထားခြင်း ဖြစ်သည်။ တိုက်သင်္ဘော ပြီးစီးသွားသည်နှင့် ဤလူက သူ့အား သတ်ချင်နေဦးမည် ဆိုလျှင် မိုဝူကျီက ဆရာကြီးဖူကျိကို တုံ့ဆိုင်းမနေဘဲ သတ်ပစ်မည် ဖြစ်သည်။

“သေမင်း မိုင်းတွင်းက ဘယ်လိုမျိုးလဲ။ အဲဒီမှာ သားရဲတွေ အများကြီး ရှိနေလို့လား” မိုဝူကျီက အေးအေးဆေးဆေး မေးလိုက်သည်။

သူ့တွင်လည်း ဆရာကြီးဖူကျိကဲ့သို့ တူညီသော လူသတ်ငွေ့ ရှိလေသည်။ သူက အတော်အတန် ဂရုစိုက်၍ ဖုံးကွယ်ထားသော်လည်း ဆရာကြီးဖူကျိမှာ ထိုမေးခွန်းများ မေးပြီးနောက် ကျောချမ်းသွားသလို ခံစားလိုက်မိသည်။

ဆရာကြီးဖူကျိကို ကြက်သီး ထသွားစေသည်။ သူက မိုဝူကျီကို ဒေါသဆွ၍ မဖြစ်မှန်း သိထားသောကြောင့်သူ့ကိုယ်သူ သတိကြီးကြီး ထားထားသည်က ပိုကောင်းလိမ့်မည်။

သူ့ကိုသူ စိတ်အေးအောင် ထားပြီးနောက် ဆရာကြီးဖူကျိက အသံလျော့ကာ တိတ်ဆိတ်နေမှုကို ဖြိုခွင်းလိုက်သည်

“သားရဲတွေချည်း ရှိတယ် ဆိုရင်တော့ သေမင်း မိုင်းတွင်းလို့ ခေါ်မှာမဟုတ်ဘူး။ အင်မော်တယ် တစ်ပိုင်းနယ်ပယ်ထဲက ဘယ်ကျင့်ကြံသူကများ သားရဲတွေကို ကြောက်နေမတုန်း ...

သေမင်း မိုင်းတွင်းမှာ ရှိတဲ့ ကျောက်တုံးနက် အရေအတွက်က မိုင်းတွင်း (က) ထက် နည်းမှာ မဟုတ်ဘူး။ တော်တော် များများတော့ တူးထားဖူးပေမဲ့ အဲကို သွားဖို့ စွန့်စွန့်စားစား သွားရတာဆိုတော့ မတွေ့သေးတာတွေလည်း အများကြီး ကျန်နေဦးမှာ။ သေမင်းမိုင်းတွင်းလို့ ခေါ်တဲ့ အကြောင်းအရင်းက အဲဒီနေရာ တစ်ခုလုံးမှာ အရောင်မဲ့ မျှော့တွေနဲ့ ပြည့်နေလို့ပဲ ...

အဲဒီအရောင်မဲ့ မျှော့တွေက အတော်လေး ကြောက်ဖို့ ကောင်းတယ်။ သူတို့က လက်ချောင်း တစ်ဝက်စာလောက်ပဲ ရှိပေမဲ့ အရောင်မဲ့ ဆိုတဲ့အတိုင်း နေရာအနှံ့ လျှောက်သွား နေနိုင်တယ်။ ပြီးတော့ စိတ်စွမ်းအားနဲ့ စစ်ဆေးကြည့်ဖို့ကလည်း ခက်ခဲတယ်။ သူတို့က ဟင်းလင်းပြင်မှာ‌တောင် အသက်ရှင် နေနိုင်သေးတယ်။ သတိမထားမိဘဲနဲ့ အရေပြားကို ဖောက်ပြီးတော့ ဝင်သွားနိုင်သေးတယ်မင်း သိတောင် သိလိုက်မှာ မဟုတ်ဘူး။

အဲလို အရောင်မဲ့ မျှော့တွေက အထူး သစ်သားစွမ်းအားကို အရမ်း သဘောကျကြတာ။ လူ့ခန္ဓာကိုယ်ထဲ ဝင်သွားတာနဲ့ ရိုးတွင်းခြင်ဆီကို စားသုံးပြီးတော့ အထူးသစ်သား စွမ်းအားကို ထုတ်လွှင့်ကြလိမ့်မယ်။ အဲဒီမှာ တဖြည်းဖြည်းနဲ့ သူ့သွေးတွေကနေ တစ်ဆင့် ဝိညာဉ်လမ်းကြောင်း အထိ သစ်သားဖြစ်ကုန်ရော။ မင်း သတိထားမိတဲ့ အချိန်ကျ အရမ်းကို နောက်ကျနေလောက်ပြီ “

ကျာချီက တုန်တက်သွားသည်။ အရောင်မဲ့မျှော့အကြောင်း တွေးမိရုံဖြင့် ဘောင်းဘီထဲ အပေါ့ စွန့်မိလောက်အောင် အထိ ဖြစ်စေသည်။

သို့သော်လည်း မိုဝူကျီက တည်ငြိမ်နေဆဲ ဖြစ်ကာ သူ့တိုက်သင်္ဘော ကိစ္စကား အရေးကြီးဆုံး ဖြစ်နေသည်။ သူ့အင်အားအပြင်ရွေ့လျားနိုင်သည့် တိုက်သင်္ဘော ပေါင်းစပ်လိုက်သည့်အခါ သူက အင်မော်တယ်တစ်ပိုင်း နယ်ပယ်တွင် နေရာ ရလာနိုင်ပေလိမ့်မည်။ သူ ဒီနေရာမှ ဘယ်အချိန် ထွက်သွားနိုင်မည်ကို မည်သူ သိမည်နည်း။

“ကျုပ်တို့တွေ အခုချက်ချင်း မိုင်းတွင်း (က) ကို သွားကြမယ်။ ဆရာကြီးဖူကျိက သင်္ဘောပျံ ထိန်းပေးထားပါ။ ကျုပ်က တာအိုရောင်းရင်းလော့ရဲ့ အခြေအနေတွေကို တစ်ချက် ကြည့်လိုက်ဦးမယ် ...” သူက ပြောရင်း ဆရာကြီးဖူကျိ၏ အဖြေကိုပင် မစောင့်တော့ဘဲ အခန်းထဲ ချက်ချင်း ဝင်သွားတော့သည်။ ဆရာကြီးဖူကျိက အတူတူ ပါလာပြီ ဖြစ်၍ သူလည်း ညှိညှိနှိုင်းနှိုင်း ဆောင်ရွက်ရမည်။

သေမင်း မိုင်းတွင်းအတွက် မိုဝူကျီက ထိုနေရာကို ရောက်ရှိပြီးမှသာအကဲဖြတ်ရန် ဆုံးဖြတ်ထားသည်။ ဆရာကြီးဖူကျိ ပြောစကားအရထိုနေရာမှာ သူ့တိုက်သင်္ဘော ပြန်လည် ပြင်ဆင်ရမည့် ပန်းပဲကိစ္စများ ဆောင်ရွက်ဖို့ရန် အသင့်တော်ဆုံး နေရာဖြစ်ကြောင်း သိနေသည်။ အကယ်၍ သူ့စိတ်ဝိညာဉ်မျက်လုံးက အရောင်မဲ့ မျှော့များကို မမြင်နိုင်လျှင် သူက တခြားနေရာကို ရွေးချယ်မည် ဖြစ်သည်။ တိုက်သင်္ဘောမှာ အရေးကြီးသော်လည်း သူ့အသက်က ပို၍ အရေးကြီးပေသည်။

ဆရာကြီးဖူကျိက ခေါင်းညိတ် ပြလိုက်သည်။ သူက မိုဝူကျီ ဖြေရှင်းသည့် နည်းလမ်းကို အတော်လေး အထင်ကြီးမိသည်။ အကယ်၍ မိုဝူကျီက သေမင်းမိုင်းတွင်းကို မသွားရဲလျှင် ထိုတိုက်သင်္ဘောကို အကျိုးရှိရှိ အသုံးချနိုင်ပါ့မလား မသေချာပေ။

“ဆရာကြီးဖူကျိ ကျမတို့တွေ သေမင်းမိုင်းတွင်းကို တကယ် သွားကြမှာလား” မိုဝူကျီက အခန်းထဲ ဝင်သွားပြီးနောက် ကျာချီက စိုးရိမ်တကြီး မေးလိုက်သည်။

“ငါတို့ မသွားရင် ငါတော့ အတော် စိတ်ပျက်မိ သွားလိမ့်မယ်။ ကြည့်ရတာ တာအိုရောင်းရင်းမိုက သာမန်လူ တစ်ယောက်တော့ မဟုတ်ဘူးပဲ” ဆရာကြီးဖူကျိက မြှောက်ပြောလိုက်သည်။

မိုဝူကျီက လော့ချွမ်းဟယ် အခြေအနေ သွားကြည့်ခြင်းကို သူက တကယ်တော့ ဂရုမစိုက်ပေ။ အကယ်၍ မိုဝူကျီက ဝိညာဉ် လမ်းကြောင်းနှင့် ခန္ဓာကိုယ် သစ်သားအဖြစ် ပြောင်းလဲနေသည့် လူကို ကယ်တင်နိုင်လျှင် သူက နတ်ဘုရား တစ်ပါးသာ ဖြစ်ပေလိမ့်မည်။

တစ်ဖက်တွင်မူ ...

အခန်းငယ်လေး အတွင်းတွင် မိုဝူကျီက လော့ချွမ်းဟယ်၏ သစ်သား ပြောင်းလဲလာမှုမှာ တိုးလာကြောင်း တွေ့လိုက်ရသည်။ သူက လော့ချွမ်းဟယ်၏ လက်ကောက်ဝတ်ကို ကိုင်ကာ အသက်တစ်ရှိုက်စာ အတွင်း လော့ချွမ်းဟယ် ခန္ဓာအတွင်းမှ အထူး သစ်သားစွမ်းအားများကို မိုဝူကျီ၏ အဆိပ်ဖြေ ချီသွေးကြောမှ ဆွဲယူလိုက်သည်။

သစ်သားခန္ဓာဖြစ်နေသည့် လော့ချွမ်းဟယ်၌ရှင်သန်ခြင်း အငွေ့အသက်များ ပြန်လည် ဖုံးလွှမ်းလာပေသည်။ အမွှေးတိုင် တစ်ဝက်စာ ကြာချိန်တွင် မိုဝူကျီက လက်လွှတ်လိုက်ကာ လော့ချွမ်းဟယ် ပါးစပ်အတွင်း ဆေးလုံးတစ်လုံး ထည့်သွင်းလိုက်သည်။ ဆေးအာနိသင်မှာ ထူးခြားလှပေသည်။ တစ်မိနစ်အကြာတွင် လော့ချွမ်းဟယ်က မျက်လုံးဖွင့်ကာ ထိုင်နေသွားပြီ ဖြစ်၏။

“ညီလေးမို ...” လော့ချွမ်းဟယ်က မိုဝူကျီကို ကြည့်လိုက်ပြီးနောက် အခြေအနေ အားလုံးကို သဘောပေါက်သွားကာ “ညီလေးမိုက ကျုပ်ကို ကယ်ပေးခဲ့တာလား”

မိုဝူကျီက သူ့အသက်ကို ကယ်လိုက်မှန်း သတိပြုပြီးနောက် လော့ချွမ်းဟယ်က အံ့ဩတကြီး ဖြစ်သွားသည်။ သူက ဤနေရာ ရောက်သည်မှာ သိပ်မကြာမြင့် သေးသော်လည်း အနည်းဆုံးတော့ ဝိညာဉ်လမ်းကြောင်းများ သစ်သား ပြောင်းလဲသွားခြင်းကား သေလမ်းတစ်လမ်းသာ ရှိကြောင်း သိပေသည်။

မိုဝူကျီက ပေါ့ပါးပါးပါး ရယ်မောလိုက်ရင်း

“အစ်ကိုလော့ ကံကောင်းတာပါ။ ကျုပ် အခုလေးတင်မှ အထူး သစ်သားစွမ်းအား ချေဖျက်နိုင်တဲ့ နည်းလမ်းကို သဘောပေါက် လာတာ”

“မုန့်ထျန်းယွီက ကျုပ်တို့ကို လွှတ်မပေးမှာစိုးရိမ်မိတယ်” လော့ချွမ်းဟယ်က အားလုံးကို သိရှိလိုက်သည်။ မိုဝူကျီက သူ့ကို ကယ်တင်ရန် အထူး သစ်သားစွမ်းအားကို ချေဖျက်နိုင်သည့် အတွက် မုန့်ထျန်းယွီက သူတို့ကို လွှတ်ပေးမည် မဟုတ်ချေ။ အင်မော်တယ်တစ်ပိုင်း နယ်ပယ်တွင် အထူးသစ်သား စွမ်းအားကို ချေဖျက်နိုင်ခြင်းက မည်မျှ အဖိုးတန်ကြောင်း အရူးပင် သိသေး၏။

သူက သစ်သားစွမ်းအားကို ချေဖျက်နိုင်သည့် မိုဝူကျီ၏ စွမ်းအားကို မအံ့ဩမိတော့ပေ။ မိုဝူကျီက ချောက်နက်ထဲမှ ထွက်လာ နိုင်သောကြောင့် သူ့အတွက် လုပ်ဆောင်ရန် မဖြစ်နိုင်ဟန် ပေါ်မနေပေ။

မိုဝူကျီက ကျိတ်ရယ် လိုက်ပြီးနောက်

“သူက လွှတ်မပေးတာ မဟုတ်ဘူး။ ကျုပ်က သူ့ကို အလွတ်မပေးမှာ။ ကျုပ်တို့တွေ သေမင်းမိုင်းတွင်းထဲမှာ အချိန်ခဏ နေပြီးတော့ ကျင့်ကြံဆင့် မြင့်လာတာနဲ့ အင်မော်တယ်တစ်ပိုင်း နယ်ပယ်ကို ပြန်ကြမယ်”

“တာအိုရောင်းရင်းလော့” အခန်းကို ဝင်လာသည့် ကျာချီက လော့ချွမ်းဟယ် ကောင်းကောင်းမွန်မွန် ရှိနေသည်ကို မြင်လိုက်ရသောအခါ ကြောင်အ မိသွားသည်။ ခဏအကြာတွင် သူမက သတိပြန်ဝင်လာပြီး ဆက်ပြောလိုက်သည်“တာအိုရောင်းရင်းမို ... ရှင် တကယ်ကြီး တာအိုရောင်းရင်းလော့ကို ကယ်နိုင်ခဲ့တာပဲ”

မုန့်ထျန်းယွီ၏ သစ်သားစွမ်းအား ကျင့်စဉ်နှင့် ဒဏ်ရာရသွားသော လော့ချွမ်းဟယ်မှာ သေဖို့ရာ ရာနှုန်းပြည့်နီးပါး သေချာ နေသော်လည်း မိုဝူကျီက အမွှေးတိုင် တစ်ဝက်ခန့် အချိန်လေးကို အသုံးပြု၍ လော့ချွမ်းဟယ်ကို နဂို အခြေအနေအတိုင်း ပြန်လည် ရရှိလာအောင် လုပ်နိုင်ခဲ့သည်။

ထိုသည်မှာ.....

ဆရာကြီးဖူကျိလည်း အပြေးအလွှား ရောက်ရှိလာကာ သစ်သားတစ်ပိုင်း ဖြစ်နေသည့် လော့ချွမ်းဟယ်က ယခုအခါ ငုတ်တုတ် ထိုင်နိုင်သည်ကို မြင်သောအခါ မေးရိုးပင် ပြုတ်ကျလုမတတ် ပါးစပ်ဟောင်းလောင်း ဖြစ်သွားရှာသည်။

အစပိုင်းတွင် ဆရာကြီးဖူကျိက မိုဝူကျီ တစ်ယောက် လော့ချွမ်းဟယ်ကို ခေါ်ထုတ်လာသည့် ကိစ္စကို နုံအသည်ဟု တွေးထင်ခဲ့သော်လည်း ယခုအခါ မည်သူက နုံအကြောင်း သတိပြုမိလိုက်သည်။ အကယ်၍ မိုဝူကျီက အထူးသစ်သား စွမ်းအားကို ချေဖျက်နိုင်လျှင် တိုက်သင်္ဘော ထိန်းချုပ်ဖို့အတွက် အကောင်းဆုံး သင့်တော်သူ ဖြစ်လာပေလိမ့်မည်။

ထိုစဉ် ဆရာကြီးဖူကျိ၏ လူသတ်ငွေ့မှာ အပြီးတိုင် ကွယ်ပျောက်သွားပြီ ဖြစ်သည်။ သူက အသက်ပြင်းပြင်း ရှူပြီးနောက် မိုဝူကျီကို လေးလေးစားစား ဦးညွှတ်လိုက်သည်။

“တာအိုရောင်းရင်းမို ... အခုချိန်ကစပြီးတော့ ကျုပ်တို့က တစ်ဖွဲ့တည်းသားတွေပဲ။ အရှင်းဆုံး ပြောရရင် ခင်ဗျား ဒီတိုက်သင်္ဘောကို ပိုင်မှန်း သိတုန်းက ခင်ဗျားကို သတ်ပစ်ချင်ခဲ့တယ်။ ကျုပ် မလုပ်မိတာကိုပဲ အခု ကျေးဇူးတင်မိတယ်ဗျာ ... ခင်ဗျားသာ သေသွားရင် အင်မော်တယ်တစ်ပိုင်း နယ်ပယ်မှာ အထူး သစ်သားစွမ်းအားကို ချေဖျက်နိုင်တဲ့ နောက်ထပ် ဒုတိယလူဆိုပြီး ရှိလာနိုင်မှာ မဟုတ်တော့ဘူး။ မုန့်ထျန်းယွီတောင် အဲဒါကို ကြိုးကိုင်နိုင်ရုံလောက်ပဲ ...”

“အာ” ကျာချီက ဆရာကြီးဖူကျိကို အံ့ဩတကြီး ကြည့်လိုက်သည်။ သူမက ဆရာကြီးဖူကျိသည် မိုဝူကျီကို သတ်ရန် တွေးနေလိမ့်မည်ဟု မသိခဲ့ပေ။

ခက်ပြီ ...မိုဝူကျီက ရန်စလို့ ရတဲ့သူလား ... ဆရာကြီးဖူကျိတော့ အတော်လေး သတ္တိကောင်းနေတာပဲ ...

ထိုအရာကို ကြားပြီးနောက် မိုဝူကျီက ပြုံးလိုက်မိသည်။ ဆရာကြီးဖူကျိက စိတ်ထဲမှ အရာကို ထုတ်ပြောရဲသည့်အတွက် အတော်လေး လေးစားစရာ ကောင်းလှပေသည်။

“တာအိုရောင်းရင်းမို ... ဆရာကြီးဖူကျိက တဲ့တိုးပြောတတ်လို့ပါ။ သူက အဲဒီစကားတွေကို ပြောတယ် ဆိုကတည်းက အားလုံးက အတိတ်မှာ ကျန်ခဲ့ပါပြီ” ကျာချီက အလျင်အမြန် ဝင်ရှင်းပြလိုက်သည်။ ဤနေရာရှိ အားလုံးမှာ ကြိုးတစ်ချောင်းပေါ် လျှောက်နေရသည့်သူများ ဖြစ်သည့်အတွက် အတွင်းပဋိပက္ခများက သေစေနိုင်လေ၏။

မိုဝူကျီက ခေါင်းညိတ်လိုက်ရင်း

“ဆရာကြီးဖူကျိ ပြောတာ မှန်တယ်။ သူ ဘာမှ မလုပ်ခဲ့မိတာ ကံကောင်းတယ်။ မဟုတ်ရင် ကျုပ်တော့ ပန်းပဲပညာရှင် အသစ် ထပ်ရှာရတော့မှာ”

ထိုစကားလုံးများက ဆရာကြီးဖူကျိကို တိုက်ရိုက်ထိသွားကာ အချိန်ခဏလေး အကြာမှ ပြန်ပြောနိုင်လေသည်

“အဲဆို ခင်ဗျားက ကျုပ် လူသတ်ငွေ့တွေကို တစ်ချိန်လုံး သတိထား မိနေခဲ့တာပေါ့”

မိုဝူကျီက ပုံမှန်အတိုင်း ပြောကာ“ကျုပ်သာ မသိရင် ဒီနေ့အထိ ဘယ်လိုလုပ် အသက်ရှင်နေနိုင်ပါ့မလဲ”

ထို့နောက် ကျာချီက ထပ်မပြောတော့ပေ။ ဆရာကြီးဖူကျိက မိုဝူကျီအပေါ် ဘာမှ မလုပ်ခဲ့မိသည်ကို ပျော်ရွှင်မိနေသည်။ ဆရာကြီးဖူကျိသာ တစ်ခုခု ဖြစ်ကာ မိုဝူကျီ၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရပါက သူမကို မသတ်လျှင်ပင် သူတို့ကြားတွင် အကွာအဝေး တစ်ခုတော့ ခြားသွားပေလိမ့်မည်။

မိုဝူကျီက ဆရာကြီးဖူကျိ၏ သတ်ဖြတ်ခြင်း ခံရသည့် အကြောင်းကို မစဉ်းစားမိသည်မှာ ထိုအရာမှာ သာမန်အတွေးတစ်ခု ဖြစ်နေ၍ ဖြစ်သည်။

“တာအိုရောင်းရင်းမို ... ကျုပ်တို့တွေ သေမင်းမိုင်းတွင်းကု ရောက်ဖို့ နှစ်ရက်လိုသေးတယ်။ တိုက်သင်္ဘောပြီးဖို့အတွက် ကျုပ် အခကြေးငွေကို ဆွေးနွေးချင်တယ်” ဆရာကြီးဖူကျိက ထိုအကြောင်း တစ်ခါမျှ မပြောခဲ့ဖူးသည်မှာ အချိန်ကောင်း မဟုတ်သည့်အတွက် ဖြစ်သလို ဒုတိယအချက်မှာ သူက တိုက်သင်္ဘောကို မျက်စိကျနေ၍ ဖြစ်သည်။

ယခု မိုဝူကျီက အထူးသစ်သားစွမ်းအားကို ချေဖျက်နိုင်သောကြောင့် သူ့ထက် တိုက်သင်္ဘောကို ထိန်းချုပ်ရာ၌ ပိုသင့်တော်မည့်သူ မရှိတော့ချေ။

“ရတာပေါ့ လာ ... အပြင်ကုန်းပတ်ပေါ် သွားကြရအောင်” မိုဝူကျီက သဘောတူလိုက်သည်။

အကယ်၍ ဆရာကြီးဖူကျိက သူနှင့် အလုပ်တွဲလုပ်ရန် ဆန္ဒရှိပါက သူက သဘောတူမည် ဖြစ်သည်။ ဆရာကြီးဖူကျိက အားကောင်းရုံသာမက သူ့ပန်းပဲ စွမ်းရည်မှာလည်း ထိပ်တန်း ဖြစ်ပေသည်။ ထိုအရာမှာ မိုဝူကျီ ရှာနေသည့် တွဲဖက်မျိုး ဖြစ်သည်။

***

All Chapters