← Chapters

အားကောင်းသည့်လူသစ်လေး

Vol. 31 Ch. 425

အားကောင်းသည့်လူသစ်လေး

Vol. 31 Ch. 425

သခင်ပုဆိန်က သူ့နောက်ကျောမှ ဧရာမပုဆိန်ကို ယူကာ ဝှေ့ယမ်းရင်း သူ့ဆီ မိုဝူကျီတစ်ယောက် သူ့အသက်အတွက် သနားခံမည်ကို စောင့်ဆိုင်းနေသည့်အလား မိုဝူကျီကို အေးစက်စွာ ကြည့်လိုက်သည်။ မိုဝူကျီက သူ့အသက်အတွက် တောင်းခံနေသည် ဖြစ်စေ ဒါမှမဟုတ် အကြောင်းပြချက် ရှာနေသည် ဖြစ်စေ သူက တိုက်ခိုက်မည် ဖြစ်သည်။ ထိုအရာမှာ သူ့စိတ်ပျော်စေပြီး သူ့ဘေးနားမှ မပျော်ရွှင်မှုအားလုံးကို ဖြေဖျောက်ပေးသွားသည့် ဝမ်းသာသော ခံစားချက်မျိုး ဖြစ်သည်။ မိုဝူကျီက မည်သို့ပြောပြော သူက ခွေး-ျီးအဖြစ်သာ သတ်မှတ်မည် ဖြစ်သည်။

သခင်ပုဆိန် မျှော်မှန်းထားသည်နှင့် လွဲချော်ကာ မိုဝူကျီဘက်မှ စကားတစ်လုံးမှ ထွက်မလာပေ။ သူ့တျန်းဂျီတုတ်မှ အဆုံးမဲ့ တုတ်အရိပ်များစွာ ထွက်ပေါ်လာပြီး လျှပ်စီးဓားများစွာလည်း ဖြစ်ပေါ်လာသည်။

မိုဝူကျီက လှုပ်ရှားသည်နှင့် ထုံညီအစ်ကိုနှင့် လော့ချွမ်းဟယ်လည်း ချက်ချင်း ဝင်တိုက်လိုက်ကြသည်။ ထုံညီအစ်ကိုက နီညိုရောင်မီးနဂါး ကိုယ်စီ ထုတ်လွှတ်လိုက်ပြီး ထိုနဂါးနှစ်ကောင်မှာ သူတို့ကို ဝိုင်းထားသည့် ထိပ်တန်း ကျင့်ကြံသူ နှစ်ယောက်ဆီ တစ်ဟုန်ထိုး ဝင်ရောက်သွားသည်။

လော့ချွမ်းဟယ်၏ ဓားစွမ်းအားမှာ ပေသီးတွက်ခုံ ကိုင်ဆောင်ထားသည့် လူလတ် အမျိုးသားဆီ တိုးဝင်သွားသည်။ ဆရာကြီးဖူကျိနှင့် ကျာချီတို့က မလှုပ်ရှားသေးသော်လည်း မိုဝူကျီဘေး တစ်ဖက်တစ်ချက် နေနေလိုက်ပြီး သခင်ပုဆိန်ကို စိုက်ကြည့် လိုက်ကြသည်။

ဤနေရာသို့ သူတို့ ခြောက်ယောက် မလာခင် သူတို့က တိုက်ပွဲပုံစံကို ဆုံးဖြတ်ထားပြီးသား ဖြစ်ပေသည်။ မိုဝူကျီက ဘာကိုမျှ မလျှို့ဝှက်ထားဘဲ အားလုံးကို သူ့တွင် အဆုံးမဲ့လျှပ်စီးဓား တိုက်ကွက်ရှိကြောင်း ပြောပြထားလေ၏။ ထုံညီအစ်ကို၏ မီးတောက်နှလုံးသားမှာလည်း အားအတော် ကောင်းသောကြောင့် တိုက်ပွဲထဲ မအားမလပ် ဖြစ်နေစဉ် လော့ချွမ်းဟယ်မှာ ပေသီးတွက်ခုံနှင့် လူလတ်အမျိုးသားနှင့် ရင်ဆိုင်နေလေသည်။

မိုဝူကျီ၏ အမြင်အရ ဤလူလတ် အမျိုးသားမှာ သခင်ပုဆိန်နောက် အနီးကပ် လိုက်လာ၍ သူ့တွင် လျှို့ဝှက်နည်းလမ်းများ ရှိပေလိမ့်မည်။ ထို့ကြောင့် မိုဝူကျီက လော့ချွမ်းဟယ်ကို သူ့အား ရင်ဆိုင်ရန် လိုအပ်ခြင်း ဖြစ်သည်။ ဆရာကြီးဖူကျိနှင့် ကျာချီတို့က မိုဝူကျီကို တိုက်ခိုက်မှုတချို့ တားဆီးပေးရုံမှ လွဲ၍ သူတို့ သခင်ပုဆိန်ဆီမှ ခိုးကြောင်ခိုးဝှက် တိုက်ခိုက်မှုများကို အာရုံစိုက်ထားရန်သာ လိုအပ်သည်။ သူတို့နှစ်ယောက်က တိုက်ရန် မလိုအပ်ပေ။

“ဘမ်း ဘမ်း”

အဆုံးမဲ့လျှပ်စီးမိုး ... မဟုတ်သေးပါဘူး အဆုံးမဲ့လျှပ်စီးဓားများက ဆင်းသက်လာသည်။

မိုဝူကျီက အဆုံးမဲ့လျှပ်စီးမိုး တိုက်ကွက်ကို သူ့လျှပ်စီးဓားအကွက်ဖြင့် ပေါင်းစပ်နိုင်ခဲ့သည်။ ထိုလျှပ်စီးများက ဆင်းသက်လာသည့်အခါ လျှပ်စီးအား သက်သက် မဟုတ်တော့ဘဲ လျှပ်စီးဓားများ ဖြစ်နေသည်။

သူ့လျှပ်စီးများ၏ ပြင်းအားသည် မိုးကြိုး စမ်းသပ်ချက်လောက် ပြင်းထန်နေပြီ ဖြစ်သည်။ ပြောရမည်ဆိုလျှင် လျှပ်စီးသဘာဝ ဝိညာဉ်ကြောပိုင်ရှင်များမှ လွဲ၍ ကျင့်ကြံသူအများစုမှာ လျှပ်စီး တိုက်ခိုက်မှုများကို ကြောက်ရွံ့ကြသည်။ ကျင့်ကြံခြင်းမှာ မြင့်မြတ်သည့် တာအို သဘောတရားကို ရှာဖွေနေရုံသာ ဖြစ်၏။ သို့သော်လည်း တာအိုကို ကျင့်ကြံနိုင်ခြင်းသည် မြင့်မြတ်သည့် တာအိုကို လုံးလုံး ဆန့်ကျင်နေပြီး ထိုမြင့်မြတ်သည့် တာအိုကို ချိုးဖောက်ခြင်းက ကောင်းကင်ဘုံမှ မိုးကြိုး လျှပ်စီးချက်များနှင့် တွေ့ဆုံရမည် ဖြစ်သည်။ ထို့ကြောင့် ကျင့်ကြံသူ အများအပြားမှာ သူတို့စမ်းသပ်ချက် ခံယူစဉ် ပြာအဖြစ် ပြောင်းလဲသွားကြခြင်း ဖြစ်ပေသည်။

သူ့လျှပ်စီးအားများ၏ ဖျက်ဆီးနိုင်စွမ်းမှာ အလွန်တရာ ကြီးမားနေပြီ ဖြစ်၏။ သို့သော် ယခုတွင် သူက လျှပ်စီးဓားများအဖြစ် ပြောင်းလဲလိုက်သောကြောင့် ဖျက်ဆီးနိုင်စွမ်းမှာ အဆများစွာ တိုးလာသည်။

မိုဝူကျီက ထူးခြားလှသည့် သူ့ကိုယ်ပိုင်ကျင့်စဉ်ကို ဖန်တီးနိုင်ခဲ့ရုံသာမက ကျင့်ကြံခြင်း လမ်းကြောင်း အသစ်ကိုလည်း ဖွင့်ဟပေးခဲ့သည်။ အစကတည်းမှ သူ့ချီသွေးကြောများ ဖွင့်သည့် ကိစ္စပင် လျှပ်စီးနှင့် ခွဲခြားထား၍ မရပေ။ သူ ကောင်းကောင်း မကျင့်ကြံနိုင်ခင် မရေတွက်နိုင်သည့် လျှပ်စီးချက်များကို ကြုံတွေ့ ခံစားခဲ့ရသည် မဟုတ်ပါလော။

ကျင့်ကြံခြင်း၌ ပေါက်ပေါက်မြောက်မြောက် ဖြစ်လာပြီးနောက် သူ့လျှပ်စီး တိုက်ခိုက်မှုများမှာ ပို အားကောင်းလာခဲ့သည်။ ထိုစဉ် သူ့အဆုံးမဲ့ လျှပ်စီးမိုးများမှာ အဆုံးမဲ့ လျှပ်စီးဓားများအဖြစ် ပြောင်းလဲသွားပြီး လူဆယ်ယောက်ကို သူတစ်ယောက်တည်း ပိတ်ထားနိုင်လေ၏။

လျှပ်စီးများက ဆက်တိုက် ကျဆင်းနေသည်။ မိုဝူကျီ ကို ဝိုင်းထားသည့် ကျင့်ကြံသူများက ထိုကြောက်ခမန်းလိလိ လျှပ်စီးများကို ခုခံရန်အတွက် မှော် ရတနာကိုယ်စီ ဆွဲကိုင်လိုက်ကြသည်။ အလွန်နည်းပါးသည့် လူအချို့လောက်ပင် မိုဝူကျီကို ပြန်လည် တိုက်ခိုက်နိုင်ကြပြီး အများစုမှာ သူတို့ကိုယ် သူတို့ ကာကွယ်ရုံသာ တတ်နိုင်ကြသည်။

“ဘုန်း...”

သဘာဝ စွမ်းအားများနှင့် မှော်ရတနာ အမျိုးမျိုး၏ ပေါက်ကွဲသံများက အင်မော်တယ်တစ်ပိုင်း နယ်ပယ် အပြင်တွင် ဆူညံပွက်လော ရိုက်နေသည်။ တိုက်ပွဲကို စောင့်ကြည့်နေကြသည့် ကျင့်ကြံသူများမှာလည်း အလျင်အမြန် နောက်ဆုတ်လိုက်ရသည်။ ဤသို့သော တိုက်ပွဲမျိုးတွင် သူတို့က သတိလက်လွတ် နေမိပါက ထိုကြားထဲ ပါသွားမည် ဖြစ်သည်။

မိုဝူကျီက စကားတစ်လုံး ပြန်ပြောဖို့ပင် စိတ်မပါ ဖြစ်နေပြီး ချက်ချင်း တိုက်ခိုက်သည်ကို မြင်လျှင် သခင်ပုဆိန်မှာ သူ့နှာခေါင်းမှ အငွေ့များ မှုတ်ထုတ်လို့ရသည့်အထိ ဒေါသူပုန်ထနေမိပြီ ဖြစ်၏။ သူ့ဧရာမ ပုဆိန်ကြီးကို မိုဝူကျီဆီ ဝှေ့ယမ်းလိုက်စဉ် မီတာ ၃၀ ရှည်သည့် ပုဆိန်အလင်းများ ထွက်ပေါ်လာသည်။

“ဖူး ဖူး” လျှပ်စီးဓားချက် အများစုကို တားဆီးထားနိုင်သော်လည်း ကျင့်ကြံသူ ဆယ်ယောက်၏ ခန္ဓာကိုယ်ထဲ ထိုးဖောက် သွားနိုင်သေးသည်။ တိုက်ပွဲ အတွေ့အကြုံမရှိသည့် ကျင့်ကြံသူ အချို့အတွက် ထိုလျှပ်စီးဓားများကြောင့် မြေပြင်ပေါ် လှဲသိပ်ပြီးသား ဖြစ်သွား၏။

တစ်ချိန်တည်းတွင် ထုံညီအစ်ကို၏ ဧရာမီးနဂါးများမှာ သူတို့နှင့် အနီးဆုံး ကျင့်ကြံသူ နှစ်ယောက်ကို ရစ်ပတ်ထားပြီးသူတို့၏ တည်နေရာ နယ်ပယ်ထဲ ဆွဲသွင်းနေသည်။

ပိန်ပါးပါး ရှီရှားက သခင်ပုဆိန်ဆီမှ အမိန့်ကို စောင့်ဆိုင်း နေလေ၏။ သူက မိုဝူကျီဘက်မှ အရင်ဆုံး တိုက်ခိုက် လာလိမ့်မည်ဟု ထင်မထားပေ။ ချက်ချင်းဆိုသလို သူက မိုဝူကျီ၏ အဆုံးမဲ့ တုတ်အရိပ်မှာ တခြားသူများကို ပစ်မှတ်ထားနေခြင်း မဟုတ်ဘဲ သူ့ကို ဖြစ်ကြောင်း သိရှိလိုက်သည်။ အခြားလူများအတွက် မိုဝူကျီက သူ့လျှပ်စီးဓားအကွက် ထုတ်သုံးထားပြီးပြီ ဖြစ်သည်။

“ဘုန်း ဘုန်း ဘုန်း” ရှီရှား လက်ထဲမှ ဓားတိုလေးက ရုတ်ခြည်း ကျယ်ပြန့်လာကာ အဆုံးမဲ့ဓားအရိပ်များ ဖြစ်ပေါ်လာသည်။ ထိုဓားအရိပ်များက မိုဝူကျီ၏ အဆုံးမဲ့တုတ်အရိပ် တိုက်ကွက်ကို ကာဆီးထား နိုင်သော်လည်း ထိုတုတ်အရိပ်များမှာ အတုအယောင် ဖြစ်နေသည်။ ယခင်ကကဲ့သို့ တျန်းဂျီတုတ်က သူ့နောက်ကျောဆီ ကျရောက်လာကာ မြေပြင်ပေါ် လဲကျသွားရသည်။

ထိုစဉ် သူ့နှလုံးသားမှာ ပြာအဖြစ် ပြောင်းသွားပြီ ဟုပင် ခံစားမိလိုက်သည်။ သူက မိုဝူကျီသည် သူ့ကို ချောင်းမြောင်း လုပ်ကြံလိုက်သည်ဟု တွေးလိုက်မိသည်။ အကယ်၍ တစ်ယောက်ချင်း ရင်ဆိုင်၍သူက မိုဝူကျီကို မယှဉ်နိင်လျှင်ပင် ထိုမျှ ဆိုးရွားမည် မဟုတ်ပေ။

ယခု သူက နားလည်သွားလေ၏။ မိုဝူကျီနှင့် ယှဉ်လျှင် သူက လက်သည်းခွံ တစ်ခုလောက်ပင် မထိုက်တန်ပေ။ ထို့အပြင် ထိုလူက သူ့အား အထင်ကြီးပြီး သူ့တစ်ယောက်တည်းနှင့် ရင်ဆိုင်ရန် တျန်းဂျီတုတ် အရိပ်ကိုပါ ထုတ်သုံးခဲ့သေးသည်။

တကယ် လက်တွေ့တွင်လည်း ရှီရှား မှန်ပေသည်။ မိုဝူကျီက ရှီရှားကို အထင်ကြီးမိခဲ့သည်။ ထိုသူမှာ သခင်ပုဆိန်ဘေးတွင် နေနေရသည့်အတွက် သူ့ကိုယ်ပိုင် ထူးခြားသည့် စွမ်းရည်‌တော့ ရှိရမည်ဟု တွေးထင်ထားခဲ့သည်။ ဉပမာအားဖြင့် ပေသီးတွက်ခုံနှင့် လူလတ်အမျိုးသား၊ ရှီရှားနှင့် စကားများများ မပြောသည့် မိန်းမလှလေးရယ် ဖြစ်သည်။ သူ့မူလ အကြံအစည်အရ သူတျန်းဂျီတုတ်ကို ရှီရှားနှင့်အတူ အမျိုးသမီးကိုပါ တိုက်ခိုက်ချင်သော်လည်း ထိုအမျိုးသမီးမှာ ထွက်သွားသည့်အတွက် ရှီရှားတစ်ယောက်တည်းကို တိုက်ခိုက်လိုက်ခြင်း ဖြစ်သည်။ ရှီရှားမှာ စက္ကန့်ပိုင်းလေးအတွင်း ရှုံးနိမ့်သွားလေပြီ။

မိုဝူကျီက သူ့ဆီ လာနေသည့် ပုဆိန်အလင်းကို စိတ်ထဲမထားပေ။ ဆရာကြီးဖူကျိနှင့် ကျာချီတို့က ထိုအရာကို ဖြေရှင်းနိုင်လိမ့်မည်ဟု ယုံကြည်ထားသည်။ မိုဝူကျီ မျှော်လင့်ထားသည့်အတိုင်း ဆရာကြီးဖူကျိနှင့် ကျာချီတို့က သခင်ပုဆိန် တိုက်ခိုက်မှုကို ကာဆီးပေးခဲ့သည်။

မိုဝူကျီက ရှုပ်ထွေးလှသည့် လက်ဟန် သင်္ကေတများ ဆက်တိုက် ပြုလုပ်နေပြီး အဆုံးမဲ့ လျှပ်စီးဓားမိုးများမှာလည်း ဆက်တိုက် ကျရောက်နေကာ ကျင့်ကြံသူများ၏ အသက်ကို ဇီဝိန်ခြွေနေလေသည်။

မိုဝူကျီက ပေသီးကို သူ့လျှပ်စီးဓား နယ်အတွင်း ဆွဲသွင်းရန် ကြံရွယ်ထားသော်လည်း လော့ချွမ်းဟယ်၏ လျှပ်တစ်ပြက် ပုံရိပ်ကို မြင်လိုက်ရသည်။ လေထဲတွင် ရှိနေသည့် သူ့ခန္ဓာကိုယ်မှာ အောက်ကျလာသည်။

မိုဝူကျီက အတော်လေး တုန်လှုပ်မိသွားသည်။ များပြားစွာသော ပေသီးများက လေထဲ မျောလွင့်နေပြီး လော့ချွမ်းဟယ် နဖူးဆီ ဝှီးခနဲ ရွေ့လျားလာကြသည်။ မိုဝူကျီက သူ့လျှပ်စီးဓားများ ကျလာဖို့အရေးကို ဂရုမစိုက်နိုင်တော့ဘဲ တျန်းဂျီတုတ်ကိုပင် မသုံးဘဲ လက်ကို တစ်ချက်ယမ်းကာ အာကာသ ပိတ်လှောင်ခြင်းကို အသက်သွင်း လိုက်သည်။

ထိုအာကာသ ပိတ်လှောင်ခြင်းမှာ ပေသီးစေ့များကို အနည်းငယ် နှေးကွေး သွားနိုင်ရုံမျှသာ တားဆီးနိုင်ခဲ့သော်လည်း မိုဝူကျီအတွက် လုံလောက်နေပြီ ဖြစ်၏။ သူက လက်ကိုမြှောက်ရင်း ရှေ့တိုးကာ လော့ချွမ်းဟယ်ကို ဆွဲယူလိုက်သည်။

ပေသီးဟု ခေါ်သူမှာ အတော်လေး အံ့အားသင့်ဖို့ ကောင်းကြောင်း သိထားသည်။ ထို့ကြောင့် လော့ချွမ်းဟယ်ကို ရင်ဆိုင်စေခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း ထိုသူက ဤမျှအထိ အားကောင်း နေလိမ့်မည်ဟု ထင်မထားပေ။ လော့ချွမ်းဟယ်မှာ သူ့ဆီမှ လွတ်မြောက် လာသော်လည်း ဒဏ်ရာ အပြင်းအထန် ရလုနီးပါး ဖြစ်ခဲ့သည်။

ပေသီးက သူ့ပေသီး စွမ်းအားမှာ အနည်းငယ် နှေးကွေးသွားသည်ကို မြင်လိုက်မိ၍ တစ်ခုခု လွဲမှားနေကြောင်း ချက်ချင်း သိလိုက်သည်။ ဤတစ်ကြိမ်တွင် သူ့တိုက်ကွက်ကို ထုတ်ပြီးပြီ ဖြစ်၍ ယခု အခိုက်အတန့်လေး၌ ပြန်ပြောင်းဖို့ရာ မဖြစ်နိုင်တော့ချေ။ မိုဝူကျီ ရှေ့တိုးလာသည်ကို မြင်သောအခါ သူက ကိစ္စများမှာ ပို၍ ဆိုးရွားလာတော့မည် ဖြစ်ကြောင်း သေချာသွားသည်။

သူက မိုဝူကျီ စွမ်းရည်များကို ကောင်းကောင်း မသိသော်လည်း တစ်ခုတော့ နားလည်ပေသည်။ မိုဝူကျီက နေရာရွှေ့ပြောင်းစွမ်းရည် အသုံးပြုနိုင်လေ၏။ ယခု မိုဝူကျီ ရှေ့တိုးလာသည်က ဘာအဓိပ္ပာယ်များလဲ။

ပေသီးက တိုက်ပွဲ အတွေ့အကြုံ များသည့်အတွက် ဘာကိုမျှ ထပ်မတွေးတော့ဘဲ နောက်သာ ဆုတ်လိုက်သည်။

“ဘုန်း” မိုဝူကျီက ပေသီး မူလနေရာသို့ ရောက်ရှိလာပြီး သူ့လက်သီးတစ်ချက်ဖြင့် ပေသီး၏ ပုံရိပ်မည်းမည်းကို ဖျက်ဆီးပစ်လိုက်သည်။

သူက ထိုမြင်ကွင်းကို အဝေးတစ်နေရာမှ မြင်လိုက်သော်လည်း ပေသီးမှာ ကြက်သီး တဖြန်းဖြန်း ထသွားလေ၏။ အကယ်၍ သူသာ အနည်းငယ် နောက်ကျမိသွားပါက မိုဝူကျီက သူ့ခန္ဓာကို အသားရေအဖြစ် ပြောင်းလဲလိုက်လိမ့်မည်။ သူ့စိတ်ထဲတွင် သက်ပြင်းသာ ချလိုက်တော့သည်။ သခင်ပုဆိန်မှာ သူ့ဘေး ရှိနေသော်လည်း ထိပ်သီး ကျင့်ကြံသူများ၏ အရေအတွက်မှာ အလွန် နည်းပါးလှပေသည်။

“ဘုန်း ဘုန်း ဘုန်း” မိုဝူကျီက သူ့နောက် မလိုက်တော့ဘဲ လျှပ်စီးဓားမိုး တိုက်ကွက်ကို ဆက်လက် လုပ်ဆောင်လိုက်သည်။

“ရပ်ကြစမ်း” အသံတစ်သံ ထွက်ပေါ်လာသည်။ ထို့နောက် စူးရှရှ အလင်းတစ်ချက်က မိုဝူကျီဆီ ဝင်ရောက်လာသည်။ မိုဝူကျီက လက်တစ်ချက် ခါလိုက်သည့်အခါ ထိုစူးရှရှအလင်းမှာ လေထဲ လွင့်ပျောက်သွားပေသည်။

မိုဝူကျီက ထိပ်သီးကျင့်ကြံသူ တစ်ယောက် ထပ်ရောက်လာကြောင်း သိလိုက်သည်။ သို့သော် သူ့ရည်မှန်းချက်မှာ မအောင်မြင်သေးပေ။ သူက သခင်ပုဆိန်ကို ဆက်တိုက်ရန် ပြင်လိုက်ရင်း သူ့ပုံရိပ်မှာ လျှပ်တစ်ပြက်အတွင်း ပျောက်ကွယ်သွားပေသည်။

သခင်ပုဆိန်က ဆရာကြီးဖူကျိနှင့် ကျာချီတို့နှင့် ရင်ဆိုင်နေရသော်လည်း သူက အရေးသာနေသေးသည်။ သို့သော်လည်း သူက ဆရာကြီးဖူကျိနှင့် ကျာချီတို့ကို ဖိနှိပ်ထားနိုင်ရုံမျှ ဖြစ်သည်။ အကယ်၍ သူက သူတို့ကို သတ်ချင်လျှင် အချိန်တိုအတွင်း ဖြစ်လာနိုင်သည့် ကိစ္စ မဟုတ်ပေ။

မိုဝူကျီ ပုံရိပ်က လျှပ်တစ်ပြက် ပေါ်လာသည့်အခါ သူက ဘာကိုမျှ မစဉ်းစားနိုင်ဘဲ အလောတကြီး နောက်ဆုတ် လိုက်ရသည်။

ယခုလေးတွင် သူက ဆရာကြီးဖူကျိနှင့် ကျာချီတို့၏ တားဆီးမှုကို ခံထားရသည့်အတွက် သူ့တိုက်ခိုက်မှုမှာ တားဆီးဖို့ရာသာ ဖြစ်သွားသည်။ သို့သော်လည်း သူ့မျက်လုံးများ မကန်းနေသရွေ့ မိုဝူကျီ စွမ်းအားကို ရှင်းရှင်းလင်းလင်း မြင်ပေလိမ့်မည်။ မိုဝူကျီက အဖွဲ့နှင့် ယှဉ်တိုက်ဖို့ရာပင် ကြောက်ရွံ့မနေပေ။

တိုက်ပွဲတိုလေးက ရပ်တန့်သွားလေသည်။ လာရောက်စပ်စုကြသော ကျင့်ကြံသူများလည်း ပိုမို များပြားလာသည်။ သို့သော်လည်း နေရာတစ်ခုလုံးမှာ ချက်ချင်းဆိုသလို တိတ်ဆိတ် သွားသည်။ မိုဝူကျီ၏ ကြမ်းတမ်းလှသည့် တိုက်ခိုက်စွမ်းကို အားလုံးက အံ့အားသင့် နေကြသည်။

သူ့အပါအဝင် သခင်ပုဆိန်က စုစုပေါင်း ၁၇ ယောက် ခေါ်လာခဲ့သည်။ မိုဝူကျီဘက်တွင် လူခြောက်ယောက်သာ ရှိ၏။

ယခု တိုက်ပွဲမှာ ပြီးဆုံးသွားပြီ ဖြစ်ရာ သခင်ပုဆိန်နှင့် ပေသီးမှလွဲ၍ အခြား ၁၅ ယောက်ထဲမှာ ဆယ်ယောက်မှာ သေဆုံးသွားပြီ ဖြစ်သလို မိုဝူကျီ၏ တျန်းဂျီတုတ်ကြောင့် အင်မတန် ကြည့်ရဆိုးနေသည့် ပုံရိပ်တစ်ခုလည်း မြေပြင်ပေါ် လဲကျနေသည်။ နောက်ထပ် လေးယောက်မှာ ဒဏ်ရာ အပြင်းအထန် ရနေကြသည်။ တိုက်ပွဲက ပြီးဆုံးသွားသော်လည်း ထိုလူလေးယောက် မျက်လုံးတွင် အကြောက်တရားများ ကြီးစိုးနေဆဲ ဖြစ်၏။

အားလုံးက တိုက်ပွဲကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။ မိုဝူကျီ တစ်ယောက်တည်းဖြင့် လူရှစ်ယောက်ကို သတ်ပစ်ခဲ့သည်။ ထိုလူရှစ်ယောက်မှာ လျှပ်စီးဓားကြောင့် သေသွားခြင်း ဖြစ်သည်။ ဒဏ်ရာ အပြင်းအထန် ရနေသော လူများမှာလည်း မိုဝူကျီ၏ လျှပ်စီးဓားချက်ကြောင့် ဖြစ်ပေသည်။ မြေပြင်ပေါ် လဲကျနေသည့် ရှီရှားမှာလည်း မိုဝူကျီ လက်ချက်ကြောင့် ဖြစ်၏။

သခင်ပုဆိန်ကို မိုဝူကျီဘေးမှ လူနှစ်ယောက်က တားဆီးထားသောကြောင့် မိုဝူကျီကို ဘာမျှ မလုပ်နိုင်ပေ။ ထိုကျင့်ကြံသူ နှစ်ယောက်မှာ သူတို့မီးတောက်များကို အသုံးပြု၍ ကျင့်ကြံသူ တစ်ယောက်ချင်းစီကို သတ်ဖြတ်နေလေ၏။

မိုဝူကျီဘေး၌ ဒဏ်ရာရနေသည့် လူတစ်ယောက်မှ လွဲလျှင် ကျန်လူများမှာ အဆင်ပြေနေဆဲ ဖြစ်သည်။ ပြောရမည်ဆိုလျှင် တာအိုသခင်သာ ရုတ်တရက် မပေါ်ထွက်လာပါက သခင်ပုဆိန်၏ အင်အားတစ်ခုလုံးမှာ ချေမှုန်း ခံရလောက်သည်။

မည်သူမျှ မတုန်လှုပ်နိုင်တော့ပေ။ မိုဝူကျီ၏ လျှပ်စီးဓားမှာ ကျင့်ကြံသူ အများစုအတွက် ရန်သူသာ ဖြစ်သည်။ သူတို့ကို လာထိရိုက်သည်နှင့် သူတို့ ကမ္ဘာဦး စိတ်ဝိညာဉ်လည်း လွတ်မြောက်ဖို့ရာ ခက်ခဲပေလိမ့်မည်။ အားလုံးက မိုဝူကျီမှာ လျှပ်စီး သဘာဝ ဝိညာဉ်ကြော ပိုင်ရှင်ဖြစ်ကြောင်း ခန့်မှန်းမိလိုက်ကြသည်။ ထို့အပြင် သူက အလွန်အားကောင်း ပေသေးသည်။

သခင်ပုဆိန်က သူဘက်မှ အသက်ရှင်သူများကို တစ်ချက် ကြည့်ပြီးနောက် မြေပြင်ပေါ် လဲကျနေသည့် ရှီရှားကို ကြည့်ရင်း သူ့နှုတ်ခမ်းများပင် တဆတ်ဆတ် တုန်ယင်လာပေသည်။ မိုဝူကျီက မဆိုးလှမှန်း သိသော်လည်း ထိုမျှ အားကောင်းလိမ့်မည်ဟု ထင်မထားပေ။ ထို့အပြင် သူက အင်မော်တယ်တစ်ပိုင်း နယ်ပယ်သို့ ရောက်လာသည်မှာ နှစ်အနည်းငယ်သာ ရှိသေးသော လူသစ်လေး မဟုတ်ပါလော။

ထိုစဉ် သူက နောင်တရမိလာသည်။ သူက ကူယာ စကားများကို နားထောင်သင့်ပေ သော်လည်း နောင်တတရားအတွက် ကုသနိုင်သည့် မည်သည့်ဆေးလုံးမျှ မရှိချေ။

သခင်ပုဆိန် သာလျှင် မဟုတ်ပေ။ အင်မော်တယ်တစ်ပိုင်း နယ်ပယ်မှ ကျင့်ကြံသူများလည်း အံ့ဩနေကြသည်။ ဆရာကြီးဖူကျိနှင့် ထုံညီအစ်ကိုပင် မှင်တက်နေကြသည်။ သူတို့က မိုဝူကျီ၏ တိုက်ခိုက်စွမ်းမှာ အားကောင်းမှန်း သိသော်လည်း မြေကမ္ဘာ အင်မော်တယ်အဆင့် ကျင့်ကြံသူများကို စက္ကန့်ပိုင်းလေးအတွင်း အနိုင်ယူနိုင်သည့် အထိတော့ တွေးမထားမိပေ။

ထုံညီအစ်ကိုမှာလည်း တစ်ယောက်နှင့် တစ်ယောက် ကြည့်ကာ အကြောက်တရားအချို့ ခံစားမိလိုက်သည်။ သူတို့နှစ်ယောက်မှာ မိုဝူကျီ၏ အစီအရင်အပြင်ဘက် စောင့်နေရဲသည်မှာ မိုဝူကျီက သူတို့နှင့် မိတ်ဆွေ မဖြစ်လိုလျှင်ပင် သူတို့အတွက် စိုးရိမ်ဖို့ မလိုကြောင်း ယုံကြည်မိ၍ ဖြစ်သည်။ သို့သော် ယခုတွင် မိုဝူကျီက သူတို့ကို သတ်ချင်လျှင် ခက်ခဲနေမည် မဟုတ်ကြောင်း မျက်မြင်ကိုယ်တွေ့ သိလိုက်ရသည်။

“ဒီက တာအိုရောင်းရင်း မိုဝူကျီလား ...” ဘုန်းကြီးတစ်ပါးလို ဝတ်ဆင်ထားသည့် ကျင့်ကြံသူ တစ်ယောက်က မိုဝူကျီဆီ လက်နှစ်ဖက် ဆုပ်လျက် မေးလိုက်သည်။

မိုဝူကျီက ထိုလူမှာ အင်မော်တယ်တစ်ပိုင်း နယ်ပယ်၏ တာအိုသခင် ကွမ်းချွမ် ဖြစ်ကြောင်း မှန်းဆမိလိုက်သည်။ ယခုတွင် ထိုလူမှာ ပိုက်ကွန်မှာ လွတ်သွားသည့် ငါးများကို ကယ်တင်လိုက်သူ ကယ်တင်ရှင်ကြီး ဖြစ်နေပေသည်။ သူကြောင့်သာ မဟုတ်လျှင် အသက်ရှင်ကြမည့် သူများမှာ သခင်ပုဆိန်နှင့် ပေသီး နှစ်ယောက်သာ ဖြစ်လိမ့်မည်။

***

All Chapters