← Chapters

မုန့်ထျန်းယွီနှင့် ရင်ဆိုင်ခြင်း

Vol. 31 Ch. 427

မုန့်ထျန်းယွီနှင့် ရင်ဆိုင်ခြင်း

Vol. 31 Ch. 427

“ကျုပ် လုပ်လိုက်တာ ဆိုပေမဲ့ ကျုပ်ရဲ့ သစ်သားဓာတ် တိုက်ခိုက်မှုကို ဖြေရှင်းနိုင်တယ်ဆိုတော့ ခင်ဗျားလည်း မဆိုးရှာပါဘူး။” မုန့်ထျန်းယွီ အသံမှာ လူယုတ်မာအသံ ပေါက်နေပြီး ကွမ်းချွမ်နှင့် အခြားလူများကို မိုဝူကျီက သစ်သားဖြစ်နေသည့် ဝိညာဉ်ကြောများကို ပြန်လည် ကောင်းမွန်လာနိုင်အောင် လုပ်နိုင်စွမ်း ရှိကြောင်း ပြောမည့် အတွေးကို မစွန့်ပစ်ခဲ့ပေ။

မိုဝူကျီက သစ်သားဖြစ်နေသည့် ဝိညာဉ်ကြောများကိုပင် ပြန်လည် ကောင်းမွန်အောင် ပြုလုပ်ပေးနိုင်စွမ်း ရှိသည်ကို ကြားပြီးနောက် ကွမ်းချွမ်က အကြည့် ရုပ်သိမ်းလိုက်သည်။ သူက မိုဝူကျီမှာ တိုက်နိုင်စွမ်းသာ ကောင်းသည့် ဝူယုထက် ကြောက်မက်ဖို့ ကောင်းကြောင်း ဖြည်းဖြည်းချင်း ခံစားမိလာသည်။ အကယ်၍ ဝူယု၏ ဝိညာဉ်ကြောများ သစ်သားအဖြစ် ပြောင်းလဲသွားလျှင် သူက အသုံးမဝင် ဖြစ်သွားပေလိမ့်မည်။ ထို့ကြောင့် မိုဝူကျီက ဝူယုထက် ပိုကြောက်ဖို့ ကောင်းနေခြင်း ဖြစ်သည်။

မိုဝူကျီက အားရပါးရ ရယ်မောလိုက်ပြီး “အဖွဲ့အစည်း ခေါင်းဆောင်မုန့် ပြောတာ မှန်တယ် ...”

ထိုသို့ ပြောပြီး မိုဝူကျီက ဘေးပတ်လည်သို့ လက်နှစ်ဖက် ဆုပ်လျက် ပြောလိုက်သည် “တာအိုရောင်းရင်း အပေါင်းတို့ ... တကယ်လို့ နောင်ကျ အဖွဲ့အစည်း ခေါင်းဆောင်မုန့်ကြောင့် မတော်တဆ ဝိညာဉ်ကြော သစ်သားဓာတ် ပြောင်းသွားရင် ကျုပ် မိုဝူကျီကို အချိန်မရွေး လာရှာလှည့်ပါ”

မိုဝူကျီ စကားများက လူအုပ်ကြီးဆီမှ လက်ခုပ် ဩဘာသံများနှင့်အတူ အုတ်အော်သောင်းနင်း ဖြစ်သွားစေသည်။ မိုဝူကျီ၏ အပြုအမူမှာ ထိုကျင့်ကြံသူ အများစုဆီမှ ထောက်ခံမှုကို ရရှိသွားပေသည်။

အင်မော်တယ်တစ်ပိုင်း နယ်ပယ်၌ အကြီးမားဆုံး အကြောက်တရားမှာ ဘာဖြစ်မည်နည်း။ ပုံမှန်အားဖြင့် ဝိညာဉ်လမ်းကြောင်းများ သစ်သားဓာတ် ပြောင်းလဲကုန်ခြင်း ဖြစ်သည်။ သစ်သားဓာတ် ပျော်ဝင်ဆေးလုံး ရှိနေသော်လည်း အင်မော်တယ်တစ်ပိုင်း နယ်ပယ်ထဲမှ ကြာကြာနေနေကြသည့် လူများမှာ ထိုဆေးလုံးများက သစ်သားဓာတ်ကို အပြည့်အဝ ဖယ်ရှားမပေးနိုင်ကြောင်း သိထားကြသည်။ ယခု မိုဝူကျီက သူတို့ဝိညာဉ်လမ်းကြောင်း ကုသပေးမည် အကြောင်း လူသိရှင်ကြား ကတိပေးလိုက်သည်။ ထိုစကား တစ်ခွန်းတည်းဖြင့် မိုဝူကျီက လူထုဆီမှ ထောက်ခံမှုကို ရရှိသွားလေပြီ။

မုန့်ထျန်းယွီ၏ အင်မော်တယ် ဖွေရှာရေး ခေါင်းဆောင် ဖြစ်လာသည့် အနေအထားမှာ အဖွဲ့သားများဆီမှ အသက်ကို လိုလိုလားလား ပေးအပ်ခံရလိမ့်မည် မဟုတ်ပေ။ သူတို့မှာ အကျိုးတူ ကိစ္စအတွက် အလုပ် လုပ်နေကြရုံမျှသာ ဖြစ်၏။ သူက အင်မော်တယ် ဖွေရှာရေး အဖွဲ့အစည်းကို ထောင်ခဲ့သည်မှာ အဖွဲ့သားများဆီမှ ကျောက်တုံးနက် စုဆောင်းနိုင်ရန် ဖြစ်သည်။

မုန့်ထျန်းယွီ၏ မျက်နှာမှာ မည်းမှောင်လာပြီး မိုဝူကျီ စွမ်းရည်များကို ထုတ်ဖော်လိုက်ခြင်းက မိုဝူကျီဘက်မှ ပြန်လည်ချေပဖို့ရာ ကူညီပေးသလို ဖြစ်သွားလိမ့်မည်ဟု ထင်မထားပေ။

ကွမ်းချွမ်မှာ သက်ပြင်းချလိုက်ပြီး ထိုအမှားအယွင်းမှာ မုန့်ထျန်းယွီက သူ့ကိုယ်သူ အခြား ကျင့်ကြံသူများနှင့် ခြားနားနေသည်ဟု မြင်နေကြောင်း ပေါ်လွင်သွားစေသည်။ သူက အထူးသစ်သား စွမ်းအားကိုစုပ်ယူကာ ကျင့်ကြံနိုင်ပြီး သူ့ကိုယ်ပိုင် တိုက်ကွက်ပင် ဖန်တီးနိုင်သေးသည်။ သို့သော်လည်း ဤနေရာရှိ အားလုံးမှာ အထူးသစ်သားစွမ်းအားကို စိုးရိမ်နေကြရသည်။ မုန့်ထျန်းယွီမှာ အဆင့်မြင်မြင့် အနေအထားတစ်ခုတွင် ရှိနေခဲ့သည့်အတွက် တခြားသော ကျင့်ကြံသူများ၏ အသက်ကို လုံးဝ လျစ်လျူရှု ထားလေသည်။ ထို့ကြောင့် သူက ထိုသို့ အမှားမျိုး ပြုလုပ်မိခဲ့ခြင်း ဖြစ်သည်။

“တာအိုရောင်းရင်းမို ... ဒီကိစ္စက အထင်လွဲတာ နေမှာပါ။ တာအိုရောင်းရင်းလော့ အဆင်ပြေလို့ တော်သေးတာပေါ့။ ကံဆိုးမှုထဲက ကံကောင်းမှုပါပဲ ... တကယ်လို့ အားလုံး စိတ်ထဲ မထားရင် ကျုပ်ရဲ့တာအိုသခင် အိမ်တော်ဆီ သွားရင်း အညိုးတေးတွေကို ချေဖျက်လိုက်ကြတာပေါ့ ...” ကွမ်းချွမ်က ပြုံးကာ ဆက်ပြောလိုက်သည်။

မုန့်ထျန်းယွီက ဘာဆိုဘာမျှ မပြောတော့ပေ။ သူက မိုဝူကျီကို မကြောက်သော်လည်း မိုဝူကျီမှာ အလွယ်တကူ သူရန်စ၍ ရသူ မဟုတ်မှန်းတော့ သိထားသည်။ အကယ်၍ သူသာ အလွယ်တကူ အနိုင်ကျင့်ခံရမည်ဆိုပါက ဟုန်ဖူကျီကို အဝေးထွက်သွားအောင် မည်သို့ မောင်းထုတ်နိုင်မည်နည်း။ ဟုန်ဖူကျီမှာ ဤနေရာတွင် မှောင်ခိုဈေးကွက် စတင်ရဲသည့်သူ ဖြစ်၍ မည်သူမဆိုသူနှင့် မရင်ဆိုင်နိုင်ကြပေ။

ထို့အပြင် မိုဝူကျီက သူ့အထူး သစ်သားစွမ်းအား မကြောက်သည့် အချက်ကို အနည်းငယ်သာ နားလည်သည်။ အနည်းမျှသာ ဖြစ်၏။ မိုဝူကျီက လော့ချွမ်းဟယ် ကိုယ်အတွင်းမှ သစ်သားစွမ်းအားများကို ဖယ်ရှားနိုင်လျှင်ပင် တကယ့်တိုက်ပွဲ၌ မိုဝူကျီက သူ့အထူး သစ်သား စွမ်းအားနှင့် ရင်ဆိုင်နိုင်မည် မဟုတ်ပေ။

မိုဝူကျီက လက်သီးဆုပ်လျက် “တာအိုသခင်ကွမ်းချွမ်က ပြောနေမှတော့ တာအိုသခင် မျက်နှာပျက်အောင် မလုပ်တော့ပါဘူး။ ကျုပ်ရဲ့ စီနီယာအစ်ကို လော့ချွမ်းဟယ်က မုန့်ထျန်းယွီကြောင့် ဒဏ်ရာ အပြင်းအထန် ရသွားတဲ့ ကိစ္စကို မေ့ပစ်နိုင်ပါတယ်”

ကွမ်းချွမ်က ထိုစကားများကို ကြားသောအခါ ချက်ချင်း ပျော်ရွှင်မိသွားသည်။ ဤနေရာ၌ သူတို့ မတိုက်သရွေ့ အဆင်ပြေလေသည်။ ပထမဆုံး သူက မိုဝူကျီကို ဆွဲထားရမည်။ မိုဝူကျီ စွမ်းရည်များက ကောင်းကင်သွေဖည် နေလျှင်ပင် သူ့၌ မိုဝူကျီနှင့် ဆွေးနွေးနိုင်မည့် နည်းလမ်းများစွာ ရှိနေသေးသည်။ ဝူယုက နမူနာကောင်း မဟုတ်ပါလော။

“ဒီကိစ္စကို မေ့ပစ်နိုင်ပေမဲ့ ကျုပ်က ကျုပ်စီနီယာ အစ်ကိုအတွက် ဆေးပင်တွေနဲ့ ဆေးလုံးတွေ အများကြီး သုံးခဲ့ရတာ။ အဲဒီအတွက်တော့ လျော်ကြေး လိုချင်ပါတယ်” မိုဝူကျီ ပါးစပ်မှ ထိုစကားများ ထွက်လာသည့်အခါ မုန့်ထျန်းယွီ နှလုံးသားမှာ မသက်မသာ ခံစားလိုက်ရသည်။ အကယ်၍ မိုဝူကျီသာ လွယ်လွယ်ကူကူ လျှော့ပေးမည့်သူ ဖြစ်နေပါက ဟုန်ဖူကျီက ထိုမျှ သနားစရာကောင်းလှသည့် ရလဒ်နှင့် ကြုံတွေ့ရမည် မဟုတ်ပေ။

ဟုန်ဖူကျီမှာ ဥပမာကောင်း တစ်ခု ဖြစ်ပေသည်။ သူက မိုဝူကျီကို စိတ်စွမ်းအင် ကျောက်ချော ငါးထောင် အကြွေးရှိသော်လည်း တစ်နှစ်အကြာတွင် မိုဝူကျီက စိတ်စွမ်းအင် ကျောက်ချော နှစ်သောင်း နှစ်ထောင် တောင်းလိုက်သည်။

ကွမ်းချွမ်လည်း မိုဝူကျီက မုန့်ထျန်းယွီဆီမှ လျော်ကြေး လိုချင်နေမှန်း သိလိုက်သည်။ သို့သော်လည်း သူက ဘာမျှမပြောပေ။ သူ တတ်နိုင်သလောက် ကူညီထားပြီးပြီ ဖြစ်၏။ ထို့အပြင် မုန့်ထျန်းယွီမှာလည်း အလွယ်တကူ သွားရှုပ်၍ ရသည့် လူစားမျိုး မဟုတ်ချေ။

“ဘယ်လောက် လိုချင်တာလဲ” မုန့်ထျန်းယွီက ဤနေရာတွင် သူ့အင်မော်တယ် ဖွေရှာရေး အဖွဲ့မှ လူများ ရှိနေသည်ကို မြင်သော်လည်း မည်သူကမျှ သူ့အတွက် ဝင်မပြောပေးကြချေ။ တိုက်ပွဲဖြစ်လာလျှင်ပင် သူ တစ်ယောက်တည်း တိုက်ရမည် ဖြစ်ကြောင်း သိ၏။

“ကျုပ်က အင်မော်တယ် မြက်နှစ်ပင်ရယ်၊ အဆင့်မြင့် ဝိညာဉ် သစ်သီးနဲ့ အဆင့် ၉ ဆေးလုံး ၇ လုံးတောင် သုံးခဲ့ရတာ ... အားလုံးပေါင်း...”

မိုဝူကျီက သူ့စကားမဆုံးခင် မုန့်ထျန်းယွီဆီမှ ကြောက်မက်ဖွယ် အငွေ့အသက် ထွက်ပေါ်လာလေ၏။ ထိုကြောက်မက်ဖွယ် လူသတ်ငွေ့များက ပတ်ဝန်းကျင် တစ်ခုလုံးကို ဖိနှိပ်ထားလေရာ“မိုဝူကျီ ... မင်း ဟုန်ဖူကျီဆီကပဲ ငွေညှစ်လို့ ရမယ်။ ငါ မုန့်ထျန်းယွီဆီကလည်း ဒီလိုလုပ်လို့ ရမယ် ထင်နေရင်တော့ မှားသွားပြီ။ လာစမ်းပါ ... မင်း ဘယ်လောက် တန်လဲ ကြည့်ရအောင် ...”

မိုဝူကျီက ပြောလိုက်သည့် အရာများမှာ စိတ်စွမ်းအင် ကျောက်ချောများဖြင့် ဖြေရှင်း၍ မရနိုင်သော အရာများ ဖြစ်သည်။ အင်မော်တယ်မြက်ဆိုတာ ဘာများလဲ။ မိုဝူကျီ ကိုယ်တိုင်လည်း မသိပေ။ သို့သော် ထုတ်ပြောလိုက်ခြင်းသာ ဖြစ်၏။

ကွမ်းချွမ်က ဘာမျှ ဝင်မပြောတော့ပေ။ ဤတိုက်ပွဲမှာ တားဆီး၍ မဖြစ်နိုင်တော့မှန်း သိလိုက်သည်။ အကယ်၍ သူက မုန့်ထျန်းယွီကို ဆက်ကူညီရဲလျှင် သူ့အကျိုးဆက်မှာလည်း သိသာလှသည်။ တာအိုသခင်အဖြစ် သူ့အနေအထားမှာ မရေမရာ ဖြစ်လာလိမ့်မည်။

“ဘုန်း” အနက်ရောင် ပုံရိပ်တစ်ခုက မိုဝူကျီဆီ ရောက်ရှိလာပြီးနောက် မီတာထောင်ချီ ပတ်လည်အတွင်း သစ်သားစွမ်းအားများဖြင့် ပြည့်သွားသည်။ ထိုစဉ် အားလုံးက နောက်ဆုတ် လိုက်ကြသည်။ ဤသို့သော ကြောက်ခမန်းလိလိ အထူး သစ်သားစွမ်းအားကြောင့် သစ်သားဓာတ် ပျော်ဝင်ဆေးလုံးပင် အာနိသင်ပြနိုင်တော့မည် မဟုတ်ပေ။

ကွမ်းချွမ်က မိုဝူကျီအပေါ် ဖိအားတချို့ ထားခိုင်းဖို့ရာ အလိုရှိသောကြောင့်သာ မုန့်ထျန်းယွီကို ထိုသို့ လုပ်ခွင့် ပြုလိုက်ခြင်း ဖြစ်သည်။ သို့သော်လည်း မုန့်ထျန်းယွီ၏ တိုက်ခိုက်မှုကို မြင်သည့်အခါ ထိုအတွေးကို လက်လျှော့လိုက်တော့သည်။

သူသာ ထိုသို့မျိုး အထူး သစ်သားစွမ်းအားနှင့် ကြုံတွေ့ရလျှင် သတိလက်လွတ် နေမိပါက ထိုအထဲ ကျရောက်သွားနိုင်သည်။ ထို့အပြင် ထိုအရာမှာ အဆုံးသတ် မဟုတ်သေးပေ။ ဘေးပတ်လည်မှ အထူး သစ်သားစွမ်းအားများမှာ နေရာတစ်ခုလုံးကို သစ်သားဖြစ်လုနီးပါး ပြောင်းလဲနိုင်သည့်အထိ ပိုမိုအားကောင်း လာကြသည်။

အကွာအဝေးတစ်ခုအထိ ရောက်နေသည့် လော့ချွမ်းဟယ်က လေအေးများသာ မှုတ်ထုတ် လိုက်တော့သည်။ ယခု မုန့်ထျန်းယွီမှာ သူနှင့် တိုက်စဉ်က အားစိုက် မသုံးထားကြောင်း သိသွားသည်။

“ဒီလူက အရင်တုန်းကထက် ပိုအားကောင်းလာတာပဲ” ထုံညီအစ်ကိုလည်း တစ်ယောက်နှင့် တစ်ယောက် ကြည့်ကာ တစ်ဖက်လူ၏ မျက်ဝန်းအတွင်းပိုင်း၌ အကြောက်တရားကို ခံစားမိလိုက်ကြသည်။

ဘေးပတ်လည်မှ ကျင့်ကြံသူများလည်း ကိုယ်စီ ဆွေးနွေးနေကြသည်။ မုန့်ထျန်းယွီ အားကောင်းသည့် အချက်ကို အများက အသိမှတ်ပြုပြီးသား ဖြစ်သည်။ ထိုသို့ဆိုလျှင်ပင် အားလုံးက အင်မော်တယ်တစ်ပိုင်း နယ်ပယ်၌ သူ့ကို နံပါတ် ၂ ဟု သတ်မှတ်ထားပြီး နံပါတ်တစ် အားအကောင်းဆုံးမှာ ကွမ်းချွမ်ဟု သတ်မှတ်ထားကြသည်။ ယခု မုန့်ထျန်းယွီ၏ အထူး သစ်သားစွမ်းအားမှာ ထိုမျှ အားကောင်းနေပြီ ဖြစ်ရာ လူအုပ်ကြီး၏ စိတ်ထဲ၌ တွေးစရာများ ပေါ်လာပေသည်။ အင်မော်တယ်တစ်ပိုင်း နယ်ပယ်၌ အားအကောင်းဆုံးသူမှာ ကွမ်းချွမ် မဟုတ်ဘဲ အင်မော်တယ်ဖွေရှာရေး ခေါင်းဆောင် မုန့်ထျန်းယွီ ဖြစ်နေနိုင်လေသည်။

အကယ်၍ သူတိုသာ မုန့်ထျန်းယွီ၏ အထူး သစ်သားစွမ်းအားဖြင့် တိုက်ခိုက်ခံရပါက သူတို့က လွတ်မြောက်ဖို့ရာမှ လွဲ၍ အခြား လုပ်နိုင်သည့်အရာ မရှိချေ။ အားလုံးက မိုဝူကျီလည်း ထိုကြောက်မက်ဖွယ် တိုက်ခိုက်မှုကို မည်သို့ ရင်ဆိုင်မည်ကို တွေ့မြင်လိုကြသည်။

မိုဝူကျီ၏ တျန်းဂျီတုတ်မှာ သူ့လက်ထဲတွင် ပေါ်လာသည်။ ထို့နောက် သူက မုန့်ထျန်းယွီ၏ မှော်ရတနာကို တစ်ချက်ကြည့်လိုက်ရင်း ဘေးနားမှ အထူးသစ်သား စွမ်းအားများကိုတော့ လုံးဝ လျစ်လျူရှုထားလေ၏။

အထူး သစ်သားစွမ်းအားက မည်မျှပင် သိပ်သည်းစေကာမူ သူ့အတွက် ဝိညာဉ်စွမ်းအားများသာ ဖြစ်ပေသည်။

မိုဝူကျီက မုန့်ထျန်းယွီ၏ မှော်ရတနာကြောင့် အံ့ဩမိသွားသည်။ ထိုအရာမှာ ပန်းပဲပညာရှင် လုပ်ပေးထားသည့် ဝိညာဉ်လက်နက် မဟုတ်ဘဲ သဘာဝ သစ်သားတုတ် ဖြစ်နေသည်။

မိုဝူကျီက ထိုတုတ်အတွင်းမှ ဝိညာဉ်စွမ်းအားကို ခံစားမိနေသည်။ သူက ထိုအရာမှာ မုန့်ထျန်းယွီ၏ ထိန်းချုပ်မှု မပါရှိဘဲဖြင့် သူ့ကို တိုက်နိုင်လိမ့်မည်ဟု ထင်မိနေသည်။

အတော်လေး အံ့အားသင့်ဖို့ကောင်းသည့် ရတနာ တစ်ခု ဖြစ်ပေသည်။ တစ်ဖက်လူ၏ မှော်ရတနာကို ငမ်းငမ်းတက် လိုချင်မိသည်မှာ မိုဝူကျီအတွက် ပထမဆုံးအကြိမ် ဖြစ်ပေသည်။

“ဘုန်း” တျန်းဂျီတုတ်နှင့် သစ်သားတုတ်တို့ တွေ့ကြသွားပြီး မိုဝူကျီ တိုက်ခိုက်မှုနောက်ကွယ်မှ အင်အားမှာ ပျောက်ကွယ်သွားဟန် ပေါ်သည်။ မုန့်ထျန်းယွီ၏ အားကောင်းလှသည့် သဘာဝစွမ်းအားများသာ ရောက်ရှိလာသောကြောင့် မိုဝူကျီမှာ နောက်လွင့်ထွက်သွားသည်။

မုန့်ထျန်းယွီ နှုတ်ခမ်းမှာ ကောက်ကျစ်ဟန် ကွေးညွတ်သွားသည်။ သူ့တော်ဝင်တုတ်နှင့် ရင်ဆိုင်သည့်အခါ မိုဝူကျီက မပြေးဘဲ ထိပ်တိုက် ရင်ဆိုင်လေ၏။

မိုဝူကျီက သေချင်နေတာလား ...

“မကောင်းတော့ဘူး” ထုံချိန်က အဝေးမှ အော်ကြီးဟစ်ကျယ် ပြောလိုက်သည်။

“ဘာဖြစ်လို့လဲ ” လော့ချွမ်းဟယ်က အလောတကြီး မေးလိုက်သည်။

ထုံချိန် မျက်နှာမှာ လေးနက်လာကာ “တာအိုရောင်းရင်းမိုကို မုန့်ထျန်းယွီရဲ့ တော်ဝင်တုတ်က တည်နေရာကို သစ်သားဓာတ် ကြီးစိုးသွားစေတယ်၊ အဲဒီ တိုက်ကွက်အောက်မှာ မိုဝူကျီက သူ့စိတ်စွမ်းအားရော သဘာဝစွမ်းအားရော ထုတ်လွှင့်လို့ ရမှာ မဟုတ်ဘူး”

ထုံချိန် စကားများကို ကြားပြီး လော့ချွမ်းဟယ် သာလျှင်မက ဆရာကြီးဖူကျိမှာလည်း အမူအရာ ပြောင်းလဲသွားသည်။

မိုဝူကျီက သူတို့အနာဂတ်နှင့် တိုက်ရိုက် ဆက်နွယ်နေသည်။ မိုဝူကျီသာ တစ်ခုခု ဖြစ်သွားပါက သူတို့အနေနှင့် အင်မော်တယ်တစ်ပိုင်း နယ်ပယ်မှ ထွက်သွားလို့ ရတော့မည် မဟုတ်သလို အင်မော်တယ်လျှိုကို ဖြတ်မည့် အခွင့်အရေးလည်း ဆုံးရှုံးသွားပေလိမ့်မည်။

မိုဝူကျီက လွင့်စဉ်သွားသောကြောင့် အဖြစ်အပျက်ကို နားလည်သွားသည်။ ထိုသစ်သားဓာတ် နယ်ပယ်အတွင်း သူ့သဘာဝ စွမ်းအားများမှာ တစ်ဝက်ခန့် ပျောက်ကွယ်သွားသလို စိတ်စွမ်းအားလည်း လုံးဝ ဖိနှိပ်ခံလိုက်ရသည်။ ထိုတိုက်ကွက်မှာ အင်မတန် အံ့ဩဖို့ ကောင်းပေသည်။

သို့သော်လည်း မျှော်လင့်ထားသည်နှင့် ကွဲလွဲစွာ မိုဝူကျီက တည်ငြိမ်နေလေ၏။ အခြားလူများက မုန့်ထျန်းယွီ၏ တိုက်ကွက်ကို ကြောက်ကြမည် ဖြစ်သော်လည်း သူ မပါပေ။ သူက သဘာဝစွမ်းအားနှင့် စိတ်စွမ်းအားကို ထုတ်သုံးဖို့ပင် မလိုပေ။ သူ့တွင် စိတ်ဝိညာဉ် သိုလှောင်ရေးလမ်းကြောင်းနှင့် သဘာဝ သိုလှောင်ရေး လမ်းကြောင်းတို့ ရှိနေသည် မဟုတ်ပါလော။ အကယ်၍ မုန့်ထျန်းယွီက သူ့ကို သတ်ဖို့ရာ စိတ်အားထက်သန်နေလျှင် သူက တိုက်ပွဲကို အရှိန်မြင့်လိုက်ရုံသာ ဖြစ်သည်။ ထိုစဉ် သူက မုန့်ထျန်းယွီ သူ့နောက် လိုက်မလာမည်ကို စိုးရိမ်မိသည်။

မုန့်ထျန်းယွီက အခွင့်အရေးကို လက်လွတ်ဆုံးရှုံးမခံချေ။ ခြေတစ်လှမ်းဖြင့် သူက ဆယ်မီတာကျော် ရောက်ရှိလာသည်။ သူ့လက်ထဲမှ သစ်သားတုတ်မှာ ဝဲကတော့ကြီးအလား ပြောင်းသွားကာ မိုဝူကျီကို စုပ်ယူနေသည်။

ထိုစဉ် ဘေးပတ်လည်မှ ကျင့်ကြံသူများက ဝဲကတော့ အမည်းကြီးကိုသာ မြင်လိုက်ကြရသည်။ သူတို့စိတ်စွမ်းအား ထုတ်လွှင့်လိုက်ကြသော်လည်း ဘာဆိုဘာမျှ မမြင်မိပေ။

“မင်းကို လွယ်လွယ်လေး သေခွင့် မပေးနိုင်ဘူး” ဝဲကတော့ အမည်းကြီးအတွင်း မုန့်ထျန်းယွီကမိုဝူကျီကို အန္တရာယ်ပေးတော့မည်ဟန်ဖြင့် စိုက်ကြည့်လိုက်သည်။

“ဟုတ်လား။ ကျုပ်လည်း ခင်ဗျား ပြန်လည် မွေးဖွားလာအောင် လုပ်ပေးမလို့ တွေးနေတာ” မုန့်ထျန်းယွီက သူ့စကားဆုံးသည်နှင့် သူနှင့် ဆယ်မီတာလောက်အကွာ သူ့ရှေ့၌ ပေါ်လာသော မိုဝူကျီကို ရုတ်ခြည်း မြင်လိုက်ရသည်။

သူ့မျက်လုံး၌ အံ့ဩမှုများ ကြီးစိုးသွားပေသည်။ သူက မိုဝူကျီသည် သူ့တိုက်ကွက်ကို အဘယ်ကြောင့် မကြောက်သည်ကို နားမလည်သလို သူ့တော်ဝင်တုတ်၏ ဝဲကတော့မှ မည်သို့ လွတ်မြောက် လာကြောင်းလည်း မသိပေ။ သူ ခံစားလိုက်ရသည်က ပြီးဆုံးသွားသည့် ခံစားချက်မျိုး ဖြစ်သည်။

“ဘုန်း” တျန်းဂျီတုတ်က သူ့နောက်ကျောဘက်မှ ရုတ်ခြည်း ပေါ်လာကာ တိတ်တဆိတ် ရိုက်ချလိုက်သည်။

မုန့်ထျန်းယွီမှာ လည်ပင်း အတင်းစောင်းလျက် ခန္ဓာကိုယ်ကို ဘေးဘက် ရွေ့လိုက်ရသည်။

“ဂျွတ်” အရိုးကျိုးသံများကိုပင် ကြားလိုက်ရသည်။ မုန့်ထျန်းယွီက တောင့်မခံနိုင်တော့ဘဲ နာကျင်စွာ အော်ငြီးလိုက်သည်။ ထိုစဉ် မိုဝူကျီ၏ ပြင်းထန်လှသည့် စိတ်စွမ်းအားက သူ့သဘာဝစွမ်းအား အကာအရံကို တစ်စစီ ချိုးမွှပစ်လိုက်သည်။

မည်သူမျှ မတုံ့ပြန်နိုင်ခင် တိုက်ပွဲ ရလဒ်မှာ ထွက်ပေါ်လာသည်။ မိုဝူကျီက အစပိုင်းတွင် အရေးနိမ့်နေသော်လည်း မုန့်ထျန်းယွီ၏ တိုက်ကွက်မှ လွတ်မြောက်လာခဲ့ကာ မုန့်ထျန်းယွီကို ရုတ်ချည်းပြန်လည် တိုက်ခိုက် နိုင်လိုက်သေးသည်။

ထိုရိုက်ချက်ဖြင့် မုန့်ထျန်းယွီ၏ ဝိညာဉ်မှာပျံ့နှံ့သွားလေပြီ။ မိုဝူကျီဆီမှ လွတ်မြောက်ဖို့ရန် အားကုန်သုံးသွားဟန် ရှိသည်။ သူ့၏ တော်ဝင်တုတ်ကိုတော့ ဤအခိုက်အတန့်လေး၌ ဂရုမစိုက်နိုင်တော့ချေ။

***

All Chapters