ကျန်နေခဲ့ခြင်း
Vol. 32 Ch. 438
မိုဝူကျီ အလန့်တကြား မဖြစ်လာခင်အထိ သူ့စိတ်ဝိညာဉ် မျက်လုံးကို စက္ကန့်ပိုင်းလေးသာ ဖွင့်နိုင်လေသည်။ ထိုစဉ် ထိုဥများမှာ ပြန့်ကျဲလာပြီး သူတို့ကိုယ် သူတို့ တိုက်သင်္ဘောဆီ အလုံးအရင်းလိုက် ပစ်ဝင်လာကြသည်။ အကြောင်းအရင်းမှာ တိုက်သင်္ဘောက ဝိညာဉ်စွမ်းအားများ ထုတ်လွှင့်နေသောကြောင့် ထိုပိုးကောင်ဥများက အစုလိုက်အပြုံလိုက် ဝင်လာကြခြင်း ဖြစ်သည်။ တချို့ဥများမှာ စတင်၍ ပေါက်လာကြပြီး ထိုချွန်မြမြန် ပါးစပ်နှင့်အတူ မီးတောက် ခန္ဓာကိုယ်ကို အရေအတွက် များပြားလှသည့် ခြေထောက်များဖြင့် ပေါင်းစပ်ထားပြီး အားကောင်းလှသည့် ယင်စွမ်းအား ထုတ်လွှင့်နေသောကြောင့် ထိုအရာများမှာ ယင်မီးတောက် ကင်းခြေများ များ ဖြစ်သည်။
စူးစူးဝါးဝါး အသံများပင် ကြားနေရပေသည်။ မိုဝူကျီ စိတ်ထဲ လေးလံသွားမိသည်။ ထိုယင်မီးတောက် ကင်းခြေများ အကောင်များက သူတို့ဥမှ ထွက်လာပြီး တိုက်သင်္ဘော၏ အပြင်ဘက်ပိုင်းကို ကိုက်ဝါးနေကြသည်။
မိုဝူကျီ၏ စိတ်စွမ်းအားက တိုက်သင်္ဘော အပြင်ဘက် ကျရောက်သွားသည့်အခါ အမှန်ပင် ခြစ်ရာအချို့ ရှိနေလေ၏။ ထို့အပြင် ထိုအကောင်များမှာ ပေါက်လာကာစ ယင်မီးတောက် ကင်းခြေများ ဖြစ်ကြသည်။
အကယ်၍ ထိုကင်းခြေများ များသာ ဆက်လက် ကြီးထွားလာပါက ထိုမျှအများကြီးနှင့် ...
မိုဝူကျီက ထပ်မတွေးရဲတော့ချေ။ သူက ဤတိုက်သင်္ဘောသာ ဝါးစားခံလိုက်ရပါက မည်သူမျှ အသက်ရှင်နိုင်မည် မဟုတ်ပေ။
“တာအိုရောင်းရင်းထုံချိန် ... သင်္ဘောကို ထိန်းပေးထား။ ကျပ် အဲဒီကောင်တွေကို သွားသုတ်သင် လိုက်မယ်” မိုဝူကျီက ဆုံးဖြတ်ချက် ချလိုက်တော့သည်။
“တာအိုရောင်းရင်းမို အဲဒီလို လုပ်လို့ မဖြစ်ဘူးလေ။ အဲဒါတွေက အရောင်မဲ့မျှော့ မဟုတ်ဘူး။ အဲအရာတွေက ယင်မီးတောက် ကင်းခြေများ ဥတွေ ဖြစ်လောက်မယ် ...” ဆရာကြီးဖူကျိက ချက်ချင်း ပြောလိုက်သည် ။
“ပြီးတော့ ယင်မီးတောက် ကင်းခြေများ အကောင်ပဲ ဖြစ်ဖြစ် ဥပဲဖြစ်ဖြစ် မီးတောက်နဲ့ မဖြေရှင်းနိုင်ဘူး ...”
ယင်မီးတောက် ကင်းခြေများ အကောင်များမှာ ယင်စွမ်းအား ကဲ့သို့ ဖြစ်ရုံသာမက သူတိုက မီးတောက်နှင့်လည်း တူပေသည်။ ပြောရမည်ဆိုလျှင် ယင်မီးတောက် ကင်းခြေများ အကောင်များက ထိုသို့ ဝိရောဓိ ဖြစ်ဖွယ် သက်ရှိနမူနာ ဖြစ်၏။
မိုဝူကျီက ဆရာကြီးဖူကျိထက် ရှင်းရှင်းလင်းလင်း မြင်ထားသည်။ သူက တည်တည်ငြိမ်ငြိမ် ပြောလိုက်သည် ။
“တကယ်လို့ ကျုပ် မထွက်သွားရင် ကျုပ်တို့ထဲက ဘယ်သူမှ အသက်ရှင်နိုင်မှာ မဟုတ်တော့ဘူး။ ဆရာကြီးဖူကျိ ပြောတာ မှန်တယ်။ အဲဒါတွေက ယင်မီးတောက် ကင်းခြေများ ဥတွေပဲ။
အဲဒီဥတွေက ကျုပ်တို့ တိုက်သင်္ဘောရဲ့ ဝိညာဉ်စွမ်းအားတွေကြောင့် လာတွယ်ကပ်နေတာ။ မကြာခင် သူတို့တွေ ပေါက်လာလိမ့်မယ်။ အဲအကောင်တွေ ဥပေါက်လာတာနဲ့ တိုက်သင်္ဘော အပြင်ပန်းကို ကိုက်ပစ်ကြလိမ့်မယ်။ တကယ်လို့ ကျုပ်တို့ အပြင်ဘက် အကာအရံသာ တိုက်စားခံရရင် အကုန် သေကုန်ကြလိမ့်မယ် ...”
မိုဝူကျီ၏ စကားလုံးများကြောင့် အားလုံးက တိတ်ဆိတ် သွားကြသည်။ သူတို့အားလုံးက ယင်မီးတောက် ကင်းခြေများ၏ ကြောက်ရွံစရာများကို ကြားဖူးကြသော်လည်း တစ်ခါမျှ မျက်မြင်ကိုယ်တွေ့ မမြင်ဖူးကြပေ။
ဘေးတွင် ထုံချိန်က မတုန်မလှုပ် ပြောလိုက်သည်။
“တာအိုရောင်းရင်းမို .. ဆရာကြီးဖူကျိ ပြောတာ မှန်တယ်။ အဲဒါတွေက ယင်မီးတောက် ကင်းခြေများတွေ ဖြစ်နေမယ်ဆိုရင် မီးတောက်က ဒီပြဿနာကို ဖြေရှင်းနိုင်မှာ မဟုတ်ဘူး။ ယင်မီးတောက် ကင်းခြေများတွေက မီးသဘာဝ သားရဲဆိုတော့ မီးတောက်က သူတိုကို ထောက်ပံ့ပေးသလိုတောင် ဖြစ်နေဦးမှာ ...”
မိုဝူကျီက ခေါင်းညိတ်ပြကာ …
“ဒါပေမဲ့ ကျုပ် မီးတောက်က သာမန်မီးတောက် မဟုတ်ဘူး ဆိုတာ အားလုံးလည်း သိမှာပါ။ ပြီးတော့ ယင်မီးတောက် ကင်းခြေများက မီးတောက်ကို မကြောက်ဘူး ဆိုတာက အရွယ်ရောက်နေတဲ့ အကောင်တွေကို ပြောတာ ဖြစ်လိမ့်မယ်။ ဒီဟာလေးတွေက ဥပေါက်လေးတွေ ဆိုတော့ မဖျက်စီးနိုင်ဘူး ဆိုတာ ကျုပ် မယုံဘူး”
ထိုသို့ ပြောပြီး မိုဝူကျီက တိုက်သင်္ဘော၏ မောင်းတံကို ဆွဲလိုက်သည်။
မိုဝူကျီ အမြင်အရ ထိုယင်မီးတောက် ကင်းခြေဥများက မီးတောက်ကို မကြောက်သော်လည်း သူက ထိုအကောင်များကို သတ်ဖို့ရာ မီးကို သုံးဦးမည် ဖြစ်၏။
ထိုအရာများမှာ ဥများသာ မဟုတ်ပါလော။ ဆာနေသည့်အခါ စားခြင်းက ထမင်းပန်းကန်တစ် ပန်းကန်လုံးကို စားလိုက်ခြင်းက စွမ်းအင် ရလာနိုင်သော်လည်း အစာအိမ် တောင့်ခံထားနိုင်သည့်ထပ် ပိုစားမိလျှင် စားပိုးနင့် သေနိုင်သေး၏။ ထို့အပြင် ပညာရှင် နှလုံးသားမှာ သာမန် မီးတောက် မဟုတ်ပေ။
ထိုအရာမှာ ထိပ်တန်း မီးတောက် ဖြစ်ပေသည်။
သူက ရေအမျိုးအစား သို့မဟုတ် ရေခဲအမျိုးအစား တိုက်ကွက်များကို မသိသည်က ကံဆိုးလှ၏။ မဟုတ်လျှင် ထိုမီးအမျိုးအစား ဥလေးများအတွက် ပညာရှင်နှလုံးသားကို ထုတ်သုံးရန် မလိုလောက်ပေ။
“ဘမ်း” အသံတစ်ချက်ဖြင့် မိုဝူကျီက အင်မော်တယ် ကူးသန်းရေး သင်္ဘောဆီမှ ထွက်လာလိုက်သည်။ မရေတွက်နိုင်အောင် များပြားနေသည့် ဥများက သူ့ပညာရှင် နှလုံးသား မီးတောက် အကာအရံဆီ ရောက်ရှိလာကြသည်။ တဗြစ်ဗြစ် မည်သံကိုပင် ကြားနေရသည်။ ထိုဥများက မည်မျှ များပြားစေကာမူ သူတို့က ထိုအစိမ်းရောင် အကာအရံပေါ် ရောက်သွားသည်နှင့် ပြာအဖြစ် လောင်ကျွမ်းသာ အဆုံးသတ် သွားလေ၏။
မိုဝူကျီက သက်ပြင်း ချမိလိုက်သည်။ သူ့ပညာရှင်နှလုံးသားမှာ ထိုပိုးကောင် ဥများကို ကိုင်တွယ်နိုင်လေသည်။
အသက်ရှူကြိမ် အနည်းငယ်အတွင်း မိုဝူကျီဘေးပတ်လည်တွင် ပိုးကောင် နည်းနည်းလေးမျှ မရှိတော့ပေ။ မိုဝူကျီက လက်ကို တိုက်သင်္ဘော အပြင်ပန်းကို ထိလိုက်သည့်အချိန် သူ့ပညာရှင် နှလုံးသား မီးတောက်မှာ လှိုင်းများအလား ထွက်ပေါ်လာသည်။
ထိုမီးတောက်များမှာ တိုက်သင်္ဘော တစ်ခုလုံးကို ဝိုင်းရံပေးထားသည်။
“ဒုန်း”
အင်မော်တယ် ကူးသန်းရေး သင်္ဘောက ပြန်ငြိမ်ကျသွားသည်။ မကြာခင်တွင် မှုန်ဝါးဝါး နေရာက အင်မော်တယ် ကူးသန်းရေး သင်္ဘောရှေ့တွင် ပေါ်လာလေ၏။ မရေတွက်နိုင်သော ပိုးကောင် ဥများမှာ ပညာရှင်နှလုံးသား မီးတောက်အောက်တွင် ပြာကျကုန်လေ၏။ လေထဲ၌ လှုပ်ရှားမှု တစ်ခု ပေါ်လာကာ မိုဝူကျီပင် ဖိအားလှိုင်း တစ်ခု ခံစားလိုက်ရသည်။
မိုဝူကျီက တိုက်သင်္ဘောဆီ ပြန်မလာနိုင်ခင် အသံစူးစူးဝါးဝါးကို ကြားလိုက်ရသည်။ ထို့နောက် မီတာတော်တော် ရှည်လျားသည့် ပုံရိပ်မည်း တစ်ခုက မိုဝူကျီဆီ ခုန်ဝင်လာသည်။
ထိုအရာက ယင်မီးတောက် ကင်းခြေများလား။
မိုဝူကျီက လက်ကို ဆန့်ထုတ်လိုက်သည့်အခါ တျန်းဂျီတုတ်က လက်ထဲ ပေါ်လာလေ၏။
ယင်မီးတောက် ကင်းခြေများက ရောင်သွေးစုံလင်လှပြီး စူးရှသည့် ခြေသည်းရာကျော်လည်း ပါရှိသည့်အပြင် ပါးစပ်အတွင်း ပေရေနေသည့် အစိမ်းရောင် သွားများ ရှိနေသောကြောင့် လူအများ၏ စိတ်နှလုံးကို ခြောက်လန့်နိုင်၏။
“ဝှီး” ဧရာမ ယင်မီးတောက် ကင်းခြေများက မိုဝူကျီဆီ မရောက်လာခင် မီးတောက်ဓား ဆယ်ချောင်းက မိုဝူကျီဆီ အရှိန်ဖြင့် ဝင်လာသည်။
မိုဝူကျီ လက်ကို မြှောက်လိုက်သည့်အခါ လျှပ်စီးဓားဆယ်ချက် ထွက်ပေါ်လာ၏။
“ဘုန်း” ထိုလျှပ်စီးဓားများနှင့် မီးတောက်ဓားများ ရင်ဆိုင်တွေ့သည့်အခါ မီးပန်းများနှင့်အတူ လျှပ်စီးများ တလက်လက် ဖြစ်ပေါ်လာသည်။
အားပြင်းသည့် စွမ်းအားလှိုင်းတစ်ခု ဖြစ်ပေါ်လာသည်။ အကယ်၍ သူသာ အင်မော်တယ် ကူးသန်းရေး သင်္ဘောကို မှီမထားပါက လွင့်စဉ် သွားလောက်လေပြီ။
မီးတောက်ဓား ဆယ်ချောင်းက အသုံးမဝင်သည်ကို မြင်သောအခါ ယင်မီးတောက် ကင်းချေများကြီးက မိုဝူကျီခါးကို ချိန်ရွယ်၍ အမြီးဖြင့် ရိုက်လွှတ်လိုက်သည်။ တစ်ချိန်တည်းတွင် ပါးစပ်ဟလိုက်ပြီး မိုဝူကျီ ခေါင်းကို လှမ်းဟပ်လိုက်သည်။
ထိုသည်က မိုဝူကျီအတွက် ကင်းချေများက ခေါင်းရော၊ အမြီးရော တစ်ချိန်တည်း တိုက်ခိုက်သည်ကို ပထမဆုံးအကြိမ် တွေ့ဖူးခြင်း ဖြစ်သည်။ ထိုအခိုက်အတန့်လေး၌ ယင်မီးတောက် ကင်းခြေများ မျက်နှာက မိုဝူကျီဆီ ချည်းကပ် လာလေ၏။ ထိုဧရာမ အကောင်ကြီး ပါးစပ်မှ ထွက်လာသော ညှီစို့စို့ အနံ့က မိုဝူကျီအတွက် အော့အန်ချင်စဖွယ် ဖြစ်သည်။
မိုဝူကျီ၏ တျန်းဂျီတုတ်က ဧရာမတုတ်အရိပ်အဖြစ် ပြောင်းလဲသွားပြီး ယင်မီးတောက် ကင်းချေများ၏ ဦးခေါင်းဆီ ဟင်းလင်းပြင်ကို ထိုးခွင်း လာသည့်အလား ရိုက်လိုက်သည်။ တစ်ချိန်တည်းတွင် သူက ကင်းခြေများထက် ပိုကြီးမားသည့် လျှပ်စီးဓားပါ ပြုလုပ်လိုက်ပြီး ကင်းခြေများ၏ ဝမ်းဗိုက်ဆီ ပိုင်းဖြတ်လိုက်သည်။
မိုဝူကျီ၏ တျန်းဂျီတုတ်က ယင်မီးတောက် ကင်းခြေများ ဦးခေါင်းကို ရိုက်မိခါနီးတွင် မိုဝူကျီက အပြီးသတ်သွားသည့် ခံစားချက်မျိုးကို ရုတ်တရက် ခံစားလိုက်ရသည်။ သူ့စိတ်ထဲတွင် တင်းကျပ်လာကာ ရွှေ့ပြောင်းစွမ်းရည် သုံးဖို့ တွေဝေမနေတော့ပေ။ သူက ယင်မီးတောက် ကင်းခြေများနှင့် တိုက်ခိုက်ဖို့ရာပင် လက်လျှော့ လိုက်တော့သည်။
“ဘုန်း” အနက်ရောင် ဓားအလင်းက မိုဝူကျီ ပုံရိပ်ဝါးများဆီ ထိုးဖောက်သွား၏။ မိုဝူကျီက စိတ်ဝိညာဉ်မျက်လုံး ဖွင့်ကြည့်လိုက်သည့်အခါ မပီမပြင် ကင်းခြေများ တစ်ကောင်က ယင်မီးတောက် ကင်းခြေများဆီ ပေါင်းစပ်သွားကာ ပျောက်ကွယ် သွားလေသည်။ ထိုကင်းခြေများ၏ အရွယ်အစားနှင့် အရှည်မှာ ယင်မီးတောက် ကင်းခြေများနှင့် အတူတူ ဖြစ်ပေ၏။
မိုဝူကျီက လေအေးများ မှုတ်ထုတ်လိုက်သည်။ သူက ရွှေ့ပြောင်းစွမ်းရည်ဖြင့် စောစောစီးစီး မထွက်ခွာမိလျှင် သူ သေသွားနိုင်လောက်သည်။
ထိုစဉ် သူက ယင်မီးတောက် ကင်းခြေများက အဘယ်ကြောင့် ထိုနာမည်တွင် နေခြင်းကို နားလည်သွားပေသည်။ ကင်းခြေများက ယင်စွမ်းအားနှင့် မီးတောက်များ ပါရှိနေရုံသာမက ထိုယင်မီးတောက် ကင်းခြေများတွင် ပုံပွား ရှိနေပေသည်။ ထိုခန္ဓာပုံပွားမှာ ယင်စွမ်းအားများနှင့် ပြုလုပ်ထားသော ကင်းခြေများ ဖြစ်ပေသည်။
ယင်မီးတောက် ကင်းခြေများ၌ ဝိညာဉ်နှစ်ခု ရှိပြီး တစ်ခုမှာ ယင်ကင်းခြေများ ဖြစ်ကာ နောက်တစ်ခုမှာ ယန်ကင်းခြေများ ဖြစ်ပေသည်။ အကယ်၍ လူတစ်ယောက်က ယင်မီးတောက် ကင်းခြေများ အကြောင်း သေချာမသိလျှင် သူက ထိုယင်မီးတောက် ကင်းခြေများ အောက်တွင် အသက်ပျောက်ကွယ် သွားလိမ့်မည်။
ပြင်းထန်သည့် စွမ်းအားလှိုင်းများကိုပင် ခံစားမိနေသည်။ တိုက်ပွဲကြောင့် အင်မော်တယ် ကူးသန်းရေး သင်္ဘောမှာ မိုဝူကျီနှင့် ကွာဝေးသွားလေပြီ။ အင်မော်တယ်လျို အောက်ခြေမှ အားကောင်းသည့် စုပ်ယူအားက မိုဝူကျီကို လေထဲ၌ မားမားမတ်မတ် မရပ်နိုင်အောင် ပြုလုပ်နေသည်။ ဖိအားလှိုင်းများကလည်း အင်မော်တယ်လျိုအတွင်း ဖြစ်ပေါ်လာသည်။ ထို့ကြောင့် မိုဝူကျီက သူ့အနေနှင့် တိုက်သင်္ဘောဆီ အမြန်ဆုံး ပြန်ရောက်ရန် လိုအပ်နေကြောင်း သိ၏။ မဟုတ်လျှင် သူက ကြာကြာ ခံနိုင်ရည် ရှိမည် မဟုတ်ပေ။
ယင်မီးတောက် ကင်းခြေများက မိုဝူကျီသည် သူ့အဆုံးသတ် တိုက်ကွက်ကို ရှောင်ရှား နိုင်လိမ့်မည်ဟု ထင်မထားသဖြင့် ဒေါသူပုန်ထကာ သူ့ဧရာမ ခန္ဓာကိုယ်ကြီးဖြင့် မိုဝူကျီဆီ နောက်တဖန် ချီတက် လာပြန်သည်။
တူညီလှစွာ မိုဝူကျီက လူသတ်ငွေ့များ ထွက်ပေါ် လာသည်။ သူက ထိုကင်းခြေများ လက်ချက်ဖြင့် သေလုနီးပါး ဖြစ်ခဲ့ရသည်။ မည်သို့ ဒေါသမထွက်ဘဲ နေနိုင်မည်နည်း။ ယင်မီးတောက် ကင်းခြေများ ချီတက် လာသည့်အခါ မိုဝူကျီလည်း ရှေ့တက်လာခဲ့သည်။
သိုသော်လည်း သူက ယင်မီးတောက် ကင်းခြေများဆီ မရောက်ခင် လက်နှစ်ဖက်လုံးကို မြှောက်လိုက်သည်။ မိုဝူကျီတွင် သူကိုယ်ပိုင် အဆုံးသတ်တိုက်ကွက် ဖြစ်သည့် “အာကာသ ချုပ်နှောင်ခြင်း” အကွက် ရှိသေးသည်။
ထိုစဉ် ယင်မီးတောက် ကင်းခြေများက ပိတ်မိသွားလေသည်။ မိုဝူကျီက သူ့စိတ်ဝိညာဉ် မျက်လုံးဖြင့် ထိုယင် ကင်းခြေများက ယန် ကင်းခြေများမှ ထွက်လာသည်ကို သေချာ မြင်လိုက်ရသည်။ အကယ်၍ သူသာ စက္ကန့်ပိုင်းလေး နောက်ကျသွားပါက ယင်ကင်းခြေများနှင့် ယန်ကင်းခြေများက သူ့ကို ဆက်တိုက် တိုက်ခိုက်ကြလိမ့်မည်။
မိုဝူကျီက ယင်မီးတောက် ကင်းခြေများကို ထိုသို့ အခွင့်အရေး မည်သို့ ပေးနိုင်မည်နည်း။ သူက ယင်မီးတောက် ကင်းခြေများကို ပိတ်လှောင်ထားစဉ် သူ့တျန်းဂျီတုတ်က သဘာဝစွမ်းအားများနှင့် ပေါင်းစပ်ရင်း ယင်မီးတောက် ကင်းခြေများ ဦးခေါင်းဆီ အရှိန်ဖြင့် ရောက်ရှိသွားတော့သည်။
“ဘန်း” အစိမ်းရောင် အရည်များက ပွင့်ထွက်လာသည်။ ယင်မီးတောက် ကင်းခြေများက ခံစားရခက်စွာ အော်ငြီးလိုက်ရင်း အင်မော်တယ်လျို အောက်ခြေသို့ ကျသွားသည်။
မိုဝူကျီလည်း သက်ပြင်း ချလိုက်တော့သည်။ သူက အင်မော်တယ် ကူးသန်းရေး သင်္ဘောဆီ ပြန်ရောက်ရန် အလျင်လို နေပေသည်။ မဟုတ်လျှင် သူက ထိုသို့ ယင်မီးတောက် ကင်းခြေများနှင့် ထပ်တွေ့နိုင်သည်။ အင်မော်တယ်လျို အတွင်း၌ အန္တရာယ်မြောက်များစွာ ရှိသည့်အတွက် ယင်မီးတောက် ကင်းခြေများမှာ သန်းတစ်ရာပုံ တစ်ပုံပင် မရှိပေ။ သူ့အသက်ကို မြဲဖို့ရာ ခက်ခဲပေလိမ့်မည်။
***
အင်မော်တယ် ကူးသန်းရေး သင်္ဘောပေါ်၌ …
မိုဝူကျီက ယင်မီးတောက် ကင်းခြေများ ဥများကို လောင်ကျွမ်း ပစ်လိုက်သည်ကို မြင်သောအခါ အားလုံးက အောင်ပွဲ ခံလိုက်ကြသည်။ သို့သော်လည်း ထိုကြောက်ခမန်းလိလိ ယင်မီးတောက် ကင်းခြေများ ပေါ်ထွက်လာပြီး မကြာခင်၌ မိုဝူကျီက ပတ်ဝန်းကျင်မှ ပျောက်ကွယ် သွားတော့သည်။
“ကျုပ်တော့ တာအိုရောင်းရင်းမို နေရာကို သေချာမမြင်တော့ဘူး။ သူ ဘယ်နေရာမှန်းတောင် မသိတော့ဘူး” ထုံချိန်က စိတ်ပူပင်စွာ ပြောလိုက်သည်။
အားလုံးက တစ်ယောက်နှင့် တစ်ယောက် ကြည့်လိုက်ကြသည်။ ထို့နောက် ဆရာကြီးဖူကျိကို ကြည့်လိုက်ကြသည်။ အင်မော်တယ်လျိုကို ဖြတ်သန်းသွားမည့် အကြံမှာ မိုဝူကျီ၏ အကြံဖြစ်ပြီး တိုက်သင်္ဘောမှာလည်း မိုဝူကျီအပိုင် ဖြစ်ပေသည်။ သို့သော် ယခုတွင် မိုဝူကျီက ဤနေရာ၌ မရှိတော့ချေ။
“ဆရာကြီးဖူကျိ ကျမတို့တွေ ဘာလုပ်ကြမလဲ” ကျာချီက အလောတကြီး မေးလိုက်သည်။
ဆရာကြီးဖူကျိက သင်္ဘောအစွန်းပိုင်းကို လျှောက်သွားကာ ကျန်ရှိနေသည့် တိမ်များကို ကြည့်လိုက်သည်။ ထို့နောက် အချိန်ကြာကြာ တိတ်ဆိတ် နေပြီးနောက် …
“တာအိုရောင်းရင်းမိုက ကံဆိုးသွားတာ။ အဲဒီယင်မီးတောက် ကင်းခြေများက မီတာ ၅၀ ကနေ ၅၅ ရှည်တယ် ဆိုတော့ ကောင်းကင် အင်မော်တယ်အဆင့် ကျင့်ကြံသူနဲ့ ညီမျှတယ်။ ပြီးတော့ ယင်မီးတောက် ကင်းခြေများမှာ သူတို့ရဲ့ သီးသန့် တိုက်ကွက် ရှိတယ်။ ကျုပ်လည်း မသေချာပေမဲ့ …”
ဆရာကြီးဖူကျိက ဆက်မပြောတော့သော်လည်း အားလုံးက သူ ဆိုလိုသည့် အဓိပ္ပာယ်ကို နားလည်ကြသည်။
***