← Chapters

မကယ်နိုင်တော့ဘူး

Vol. 32 Ch. 439

မကယ်နိုင်တော့ဘူး

Vol. 32 Ch. 439

လော့ချွမ်းဟယ်က မတ်တတ်ရပ်ကာ ဆရာကြီးဖူကျိဆီ လက်နှစ်ဖက် ယှက်ကာ …

“ညီလေးမိုဆီ ဘာပဲဖြစ်ဖြစ် ကျုပ်တော့ ပြန်သွားပြီး ရှာဖို့ အကြံပေးချင်တယ်။ ညီလေးမိုကြောင့်သာ မဟုတ်ရင် ကျုပ်တို့တွေ ဒီနေရာကို လာဖို့ အခွင့်အရေးတောင် ရလာမှာ မဟုတ်ဘူး”

ဆရာကြီးဖူကျိက တိတ်ဆိတ်နေလေ၏။ အင်မော်တယ် ကူးသန်း‌ရေး သင်္ဘောကို ပြန်လှည့်လိုက်သည်နှင့် သူတို့ကိုယ် သူတို့ အန္တရာယ်ပေါင်း အဆများစွာ များသည့် အထဲသွားသလို ဖြစ်နေလိမ့်မည်မှန်း သိသည်။

သင်္ဘောအတွင်းမှ လေထုမှာ အနည်းငယ် နေရခက်လာကာ အားလုံးက ဆရာကြီးဖူကျိ ဆုံးဖြတ်ချက်ကို စောင့်ဆိုင်း နေကြဟန် ပေါ်သည်။

အသက်ရှူကြိမ် ဆယ်ကြိမ်အကြာတွင် ဆရာကြီးဖူကျိက ဆုံးဖြတ်ချက် မချနိုင်သေးပေ။ လော့ချွမ်းဟယ် မျက်ဝန်း၌ စိတ်ပျက်မှုများ ဖြတ်ပြေးသွားကာ သူက ချက်ချင်း ပြောလိုက်သည်။

“ဒီလိုဆိုမှတော့ အင်မော်တယ် ကူးသန်းရေး သင်္ဘောပေါ်ကနေ ကျုပ်ကို သွားခွင့်ပေးပါ။ ကျုပ် ညီလေးမိုကို သွားရှာချင်တယ် ...”

ဆရာကြီးဖူကျိက အသက်ပြင်းပြင်းရှူကာ အားလုံးကို ဝေ့ကြည့်လိုက်သည်။ ထို့နောက် သူက ပြန်ဖြေလိုက်သည်။

“အားလုံး ... ကျုပ်က ဆုံးဖြတ်ချက် မချနိုင်ဘူး။ အားလုံးလည်း သိမှာပါ ဒီသင်္ဘော နောက်ပြန်လှည့်ရင် ကျုပ်တို့တွေ ယင်မီးတောက် ကင်းခြေများဥတွေနဲ့ ပြန်တွေ့နိုင်ချေလည်း ရှိတယ်၊ ပြီးတော့  ကျုပ် မပြောရသေးတဲ့ တစ်ချက် ရှိသေးတယ်။ အင်မော်တယ်လျိုထဲမှာ မတည်မငြိမ် ဖြစ်နေတဲ့ သဘာဝတွေ ရှိသေးတယ်။ ကျုပ်တို့ သင်္ဘောက လျှပ်တစ်ပြက် ပျံသန်းလာတာ ဆိုတော့  အဲဒါတွေက ပေါ်မလာပေမဲ့ ကျုပ်တို့ ပြန်သွားတဲ့အခါ ပြောဖို့တော့ ခက်တယ်။ ပထမတစ်ကြိမ် ဖြတ်တုန်းက သူတိုကို သတိပေးသလိုလည်း ဖြစ်သွားနိုင်တယ် ...”

ဆရာကြီးဖူကျိက ပြောလိုက်ပြီးနောက်  ခဏရပ်ကာ …

“အဲဒါကြောင့် ကျုပ်တို့တွေ မဲခွဲ ဆုံးဖြတ်ရအောင်။ တာအိုရောင်းရင်းမိုကို ရှာဖို့ နောက်ပြန်လှည့်ချင်ရင် လက်ထောင်ကြပါ။ အဲဒီလို မလုပ်ချင်တဲ့ သူကတော့ ဘာမှမလုပ်ပါနဲ့ ...”

လော့ချွမ်းဟယ်က အရင်ဦးဆုံး လက်ထောင်လိုက်သည်။ သူ့ကို အံ့ဩစေသည်က ဒုတိယ ထောက်ခံသူမှာ ကူယာ ဖြစ်နေခြင်း ဖြစ်၏။

တတိယမြောက်လူမှာ ခို့ယွမ် ဖြစ်ပေသည်။ သူက လက်ကိုမြောက်ရင်း ပြောလိုက်သည်။

“ကျုပ်တို့တွေ တစ်ယောက်ယောက်သာ ကျန်နေခဲ့ရင် တာအိုရောင်းရင်မိုက သေချာပေါက် ပြန်လှည့်မယ်လို့ ကျုပ် ယုံတယ်။ ပြီးတော့ တာအိုရောင်းရင်းမိုက တိုက်သင်္ဘောကို ကယ်ဖို့ နောက်မှာ ကျန်နေခဲ့တာလေ။ အားလုံး သဘောမတူရင်တောင် ကျုပ်ကတော့ စီနီယာလော့နဲ အတူတူ တာအိုရောင်းရင်းမိုကို သွားရှာမှာပဲ ...”

“ကျုပ်လည်း ညီလေးခို့ စကားတွေကို ထောက်ခံတယ်” ထုံယဲ့နှင့် ကျာချီတို့လည်း လက်ကို မြှောက်ကာ ပြောလိုက်သည်။

“ကျုပ်တို့ ပြန်လှည့်သင့်တယ်လို့ ထင်တယ် ...” ထုံချိန်လည်း ဝင်ပြောလိုက်သည်။

ဆရာကြီးဖူကျိက လက်ကိုမြှောက် …

“ကောင်းပြီလေ။  အဲဒါဆို  ကျုပ်တို့တွေ ဘာကို စောင့်နေဦးမှာလဲ။ တာအိုရောင်းရင်း ထုံချိန် သင်္ဘောကို ချက်ချင်း ပြန်လှည့်လိုက်ပါ။ ကျုပ်တို့တွေ တာအိုရောင်းရင်းမိုကို တွေ့တဲ့အခါမှ ရပ်ကြမယ် ...”

***

အမွေးတိုင် တစ်ဝက်စာခန့်တွင် မိုဝူကျီ စိတ်ထဲ လေးလံလာမိသည်။ သူ့သဘာဝစွမ်းအား ကုန်ဆုံးနှုန်းမှာ မြင့်တက်လာကြောင်း ခံစားမိလိုက်ရသည်။ သို့သော်လည်း သူက အင်မော်တယ် ကူးသန်းရေး သင်္ဘော၏ အရိပ်အယောင်ကိုပင် မမြင်ရသေးပေ။ ဤနေရာတွင် ပညာရှင်နှလုံးသား အကာအရံကျန်ရှိနေဖို့ လိုအပ်သာသည် သာမက အင်မော်တယ်လျိုထဲ ပြုတ်ကျမသွားအောင် ထိန်းထားဖို့လည်း လိုအပ်ပေသည်။

သူက ကြာကြာ တောင့်ခံနေနိုင်ခြင်းမှာ သူတွင် သဘာဝစွမ်းအား သိုလှောင်ရေး လမ်းကြောင်း သုံးခု ရှိနေ၍ ဖြစ်သည်။ အကယ်၍ အခြားသူ ဆိုပါက အင်မော်တယ်လျို အနက်ထဲ လူမသိသူမသိ ပျောက်ကွယ် သွားလောက်လေပြီ။

သို့သော်လည်း သူက ဆက်မသွားနိုင်တော့ပေ။ အကယ်၍ သူသာ တိုက်သင်္ဘောကို ရှာမတွေ့လျှင် သူက အင်မော်တယ်တစ်ပိုင်း နယ်ပယ်၌ ယာယီ ပြန်နေနေရမည်။ အင်မော်တယ်တစ်ပိုင်း နယ်ပယ်သို့ ပြန်သွားလျှင် သေဖို့အရေး များနေသော်လည်း မိုဝူကျီက သူ့တွင် အခြားရွေးချယ်စရာ မရှိမှန်း သိလိုက်သည်။

မိုဝူကျီက ဤဆုံးဖြတ်ချက် ချပြီးသည်နှင့် တစ်မီတာကျော် ရှိသည့်  မီးခိုးရောင် အရာလေး တစ်ခုက မိုဝူကျီဆီ တစ်ဟုန်ထိုး ပြေးဝင်လာသည်။

အနံ့စူးစူး ထွက်ပေါ်လာသည်။ မိုဝူကျီက စိတ်ထဲ အနည်းငယ် နောက်ကျိ သွားသောကြောင့်  သူ့အဆိပ်ဖြေ ချီသွေးကြောကို ချက်ချင်း လှည့်ပတ်လိုက်သည်။

ထိုအရာက အဆိပ်ရှိနေသည်လား။

မိုဝူကျီက ချက်ချင်း နားလည်သွားကာ မြန်မြန် နောက်ဆုတ်လိုက်သည်။ ထိုအရာမှာ ဧရာမပင့်ကူကြီး ဖြစ်နေသည်။ ပင့်ကူ ပတ်လည်တွင် ရောင်စုံမြူများ ဝန်းရံနေသေးသည်။

မိုဝူကျီက ထိုအရာကို ချက်ချင်း မှတ်မိလိုက်သည်။ ထိုအရာမှ အင်မော်တယ်လျို၏ တိမ်မြူပင့်ကူ ဖြစ်ပေသည်။ မိုဝူကျီက အတော်လေး ပြောစရာ ရှာမတွေ့ ဖြစ်သွားလေသည်။ သူက အင်မော်တယ်လျိုအတွင်း နေ့တစ်ဝက်တာ ဖြတ်သန်း ရသေးသော်လည်း သူက ယင်မီးတောက် ကင်းခြေများနှင့် တိမ်မြူ ပင့်ကူတို့နှင့် တွေ့ပြီးသွားလေပြီ။ အရောင်မဲ့မျှော့များအတွက် သူက လုံလုံလောက်လောက် တွေ့ဖူးပြီးသွားပြီ ဖြစ်၏။

တိမ်မြူပင့်ကူက မိုဝူကျီ နောက်ဆုတ် သွားသည်ကို သတိပြုမိသောအခါ ချုပ်နှောင် ဖမ်းဆီးအကွက် အချို့ဖြင့် ရှေ့တိုးလာသည်။

မိုဝူကျီ စွမ်းဆောင်ရည်များကို သိသိသာသာ သက်ရောက်မှု ရှိသော်လည်း သူက နှစ်မီတာပင် မရှိသည့် တိမ်မြူပင့်ကူ၏ အနိင်ကျင့်မှုကို မခံနိုင်ပေ။ တိမ်မြူပင့်ကူ သူ့ဆီ ရောက်မလာခင် မိုဝူကျီ ပုံရိပ်မှာ လျှပ်တစ်ပြက် အတွင်း လှုပ်ရှားလိုက်သည်။ အရောင်အသွေး စုံလင်လှသည့် အဆိပ်များက သူ့ဆီ ရောက်ရှိလာပြီးနောက် မိုဝူကျီက လက်ကို မြှောက်ကာ လျှပ်စီးဓားများစွာ ပစ်လွှတ် လိုက်တော့သည်။

ထိုလျှပ်စီးဓားများက တိမ်မြူပင့်ကူထဲ တိုက်ရိုက် ထိုးဖောက် သွားလေ၏။ အရည်အဖြစ်‌ ပေါက်ကွဲသွားပြီးနောက် သူ့လျှပ်စီးဓား လက်ချက်ဖြင့် တိမ်မြူပင့်ကူမှာ အင်မော်တယ်လျိုနက်ထဲ ကျသွားတော့သည်။

မိုဝူကျီက သက်ပြင်းချဖို့ အချိန်ပင် မရလိုက်ဘဲ “ဂျစ် ဂျစ်” ဟူသော အသံများကို ကြားလိုက်ရပြန်သည်။ သူက ဖြည်းဖြည်းချင်း လှည့်ကြည့်လိုက်သည့်အခါ သူ့ရှေ့တွင် စောင့်ကြိုနေသော မြင်ကွင်းမှာ သူ့ဦးခေါင်းကိုပင် ထုံထိုင်း သွားစေသည်။

သောင်းသိန်းချီနေသော တိမ်မြူပင့်ကူများက သူ့ဆီ တစ်ရှိန်ထိုး ရောက်ရှိလာကြသည်။ သူက ထိုပင့်ကူ အများအပြား ဝန်းရံခံထားရကြောင်း စိတ်ကူး ကြည့်လို့ ရပေသည်။ သူ့တွင် ခေါင်းသုံးလုံး၊ လက်သုံးချောင်း ရှိနေလျှင်ပင် လွတ်မြောက်နိုင်မည် မဟုတ်ပေ။ အကယ်၍ အခြားနေရာ ဖြစ်နေပါက သူက အဆုံးမဲ့ လျှပ်စီးဓားအကွက်ကို ထုတ်သုံးမိလိမ့်မည်။ သို့သော် ဤနေရာတွင် သူက ဘာကို သုံးနိုင်မည်နည်း။ ထို့အပြင် တိမ်မြူပင့်ကူများက မြေကမ္ဘာ အင်မော်တယ် အဆင့်နှင့် ညီမျှပေသ်။ တချို့ပင့်ကူကြီးများမှာ မြေကမ္ဘာ အင်မော်တယ်ထက်ပင် ပိုကြောက်ဖို့ ကောင်းသေး၏။

“ပြေး ..” မိုဝူကျီက အင်မော်တယ်တစ်ပိုင်း နယ်ပယ် ပြန်မည့်အရေးကို လက်လျှော့ လိုက်တော့သည်။ ထိုပင့်ကူများက သူ့လမ်းကြောင်းကို ပိတ်ဆို့ထားပြီးပြီ ဖြစ်ရာ သူက ဘာများ လုပ်နိုင်ဦးမည်နည်း။

မိုဝူကျီက ဦးတည်ရာကို ပြောင်းလိုက်သည်။ လေပြေလေးက သူ့အား ရစ်ပတ်လာပြီး လေလွတ်မြောက်ရေး နည်းစနစ်ကို အဆုံးစွန်ထိ နိုးဆွလိုက်သည်။  သူ့ခန္ဓာတစ်ကိုယ်လုံးမှာ တိမ်လေးလို လွှင့်မျှောသွားရင်း အင်မော်တယ်လျို အတွင်းပိုင်းသို့ ဝင်ရောက် သွားတော့သည်။

အမွေးတိုင် တစ်ဝက်စာအတွင်း အင်မော်တယ် ကူးသန်းရေး သင်္ဘော ပြန်ပေါ်လာလေ၏။

“ရှေ့မှာ တိမ်မြူပင့်ကူအုပ်ပဲ ...” သင်္ဘောရှေ့ဖျားတွင် ရပ်နေသည့် ဆရာကြီးဖူကျိနှင့် ထုံချိန်တို့က လေအေးများ ကိုယ်စီ မှုတ်ထုတ် လိုက်ကြသည်။ မနည်းလှသည့် တိမ်မြူပင့်ကူ အုပ်စုလိုက်ကြီးမှာ သူတို့ဆီ ချီတက် လာနေကြသည်။

“မြန်မြန် အမြောက်နဲ့ ပစ် ... မြေသား အမြောက်ကိုသုံး ...” ထိုစဉ် ကူယာက အမိန့်ပေးလိုက်သည်။ မြေသားအမြောက်ကို တာဝန်ယူထားသည့် ထုံယဲ့က မတွေဝေဘဲ ပစ်လွှတ် လိုက်တော့သည်။

“ဘုန်း”

အဝါရောင် အလင်းတန်း တစ်ချက် ထွက်ပေါ်လာလေ၏။ ပစ်လွှတ်လိုက်သည့် အခိုက်အတန့်၌ တိမ်မြုပင့်ကူ အုပ်လိုက်ကို ထိမှန်သွားပေသည်။

ဂြိုဟ်တစ်ခုလုံးကိုပင် ဖျက်စီးပစ်နိုင်သည့် အဝါရောင် အလင်းတန်းမှာ မြင့်တက်လာသည်။ သောင်းသိန်းချီနေသော တိမ်မြူပင့်ကူများမှာ အပိုင်းပိုင်းအစစ ဖြစ်သွားသည်။ အင်မော်တယ်လျိုအတွင်း ရောင်စုံမြူ အလွှာများ ဖြစ်ပေါ်လာသည်။

“အံ့ဩဖို့ ကောင်းလိုက်တာ ...” အားလုံးက လေလေးများ မှုတ်ထုတ် လိုက်ကြသည်။ သူတို့က အင်မော်တယ် ကူးသန်းရေး သင်္ဘောပေါ်မှ အမြောက်များမှာ ထိုမျှ အားကောင်း နေလိမ့်မည်ဟု ထင်မထားကြပေ။ တစ်ချက်တည်းဖြင့် တိမ်မြူပင့်ကူ များစွာကို ရေစက်အဖြစ် ပြောင်းလဲ ပစ်လိုက်နိုင်သည်။

ဘယ်လိုတောင် အံ့ဩဖို့ ကောင်းရတာလဲ။

ဆရာကြီးဖူကျိက ပြောလိုက်သည်။

“ဒါပေါ့ အံ့ဩဖို့ ကောင်းရမှာပေါ့။ အဲဒီနှစ်တွေတုန်းက တာအိုသခင်ဝူယုက အင်မော်တယ်လျိုကို ကိုယ်တိုင်လာပြီး လေ့လာထားတာ။ အဲဒါကြောင့် ဒီလျိုအတွင်း ရှိနေတဲ့ ကြောက်စရာကောင်းတဲ့ အရာတွေကို လေ့လာဆန်းစစ်ခဲ့ပြီးတော့ အမြောက်မျိုးမျိုး ဖန်တီးခဲ့တာပဲ။

အခု မြေသားအမြောက်က တိမ်မြူပင့်ကူတွေနဲ့ ရင်ဆိုင်ရင် သင့်တော်ပေမဲ့  ဟင်းလင်းပြင် ဖားကို သွားရင်ဆိုင်မိရင် သူ့စွမ်းအားကို သွားပြီးတော့ ပံ့ပိုးသလို ဖြစ်သွားလိမ့်မယ်။ အဲဒီအခါကျ မြေသားအမြောက် အချက်တစ်ရာ ပစ်ရင်တောင် အသုံးဝင်မှာ မဟုတ်ဘူး။ အဲဒီလိုပဲ  ကောင်းကင်မီးတောက် အမြောက်ကို တိမ်မြူပင့်ကူနဲ့ သွားရင်ဆိုင်ရင်လည်း အလုပ်ဖြစ်မှာ မဟုတ်ဘူး။ ဒါက သဘာဝငါးမျိုးကြားက ဆန့်ကျင်မှု သဘောတရားတွေပေါ့ ...”

“အားလုံး ကြည့် ...”  ထုံချိန်က တိုက်သင်္ဘောပေါ်မှ ဧရာမ စောင့်ကြည့်ရေး ပိတ်ကားချပ်ကို ရုတ်တရက်  ညွှန်ပြကာ ပြောလိုက်သည်။

ထိုပိတ်ကားချပ်က ကူးလူး သွားလာနေသော အုပ်စုလိုက်ကြီးကို ဖော်ပြနေသည်။ ထိုအရာမှာ သူတို့ဆီကို တိမ်မည်းကြီး ရွေ့လျားလာသကဲ့သို့ ဖြစ်သည်။

“အဲဒါ တိမ်မြူပင့်ကူတွေပဲ ... ဘယ်လောက်တောင် ရှိနေရတာတုန်း” ပေသီးက သက်ပြင်းချရင်း စိတ်ပူပင်စွာ ရေရွတ်လိုက်သည်။

ဆရာကြီးဖူကျိက သက်ပြင်းချလိုက်ကာ …

“ကျုပ်တို့တွေ လှည့်ပြန်ကြစို့ ... ဆက်သွားနေတာက ဘာမှ အဓိပ္ပာယ်မရှိဘူး ...”

မည်သူမျှ ဘာမှ မပြောကြပေ။ အားလုံးက ဆရာကြီးဖူကျိက အမှန်တိုင်း ပြောနေကြောင်း နားလည်ကြသည်။ ကြောက်မက်ဖွယ်ရာ  တိမ်မြူပင့်ကူ အရေအတွက်နှင့် ရင်ဆိုင်ရသည့်အခါ မြေသားအမြောက် များများစားစား ရှိနေလျှင်ပင် အသုံးမဝင်ချေ။ ထို့အပြင် သူတို့၌ မြေသားအမြောက် ယမ်းစာမှာ နှစ်ကြိမ်စာသာ ရှိသည့်အတွက် တစ်ကြိမ် ပစ်ခတ်ပြီးနောက်တွင် အမြောက်ယမ်းစာ တစ်ခုသာ ကျန်ရှိတော့သည်။

ဤတစ်ကြိမ်တွင် လော့ချွမ်းဟယ်ပင် ဘာမျှ မပြောတော့ပေ။ သူက ဆရာကြီးဖူကျိ အနေနှင့်  မိုဝူကျီကို မကယ်တင်ချင်၍ မဟုတ်မှန်း သိ၏။ သို့သော် အခြားနည်းလမ်း မရှိတော့၍သာ ဖြစ်သည်။ အင်မော်တယ် ကူးသန်းရေး သင်္ဘာက ရှေ့ဆက်သွားလျှင် အန္တရာယ်များနှင့် ကြုံတွေ့ရဦးမည် ဖြစ်သည်။ ထို့အပြင် တိမ်မြူပင်ကူ အရေအတွက် များများနှင့် တွေ့သည့်အခါ မိုဝူကျီက မည်မျှပင် အံ့အားသင့်ဖို့ ကောင်းနေစေကာမူ ပျောက်ကွယ် သွားလောက်လေပြီ။

အင်မော်တယ် ကူးသန်းရေး သင်္ဘောကို လှည့်ကာ အမြန်ဆုံးနှုန်းဖြင့် ရွက်လွှင့် လိုက်တော့သည်။ တိမ်မြူပင့်ကူများမှာလည်း ထိုသင်္ဘောက သူတို့အဖွဲ့သားများအား  သတ်သွားသည်ကို သိနေသည့်အလား လက်မလျှော့ဘဲ နောက်မှ လိုက်ပါလာသည်။

***

ထိုစဉ် ထင်ထားသည်နှင့် ကွဲလွဲစွာ မိုဝူကျီက အတော်လေး တည်ငြိမ် နေပေသည်။ ဤအရာမှာ သူရွေးချယ်နိုင်သည့် တစ်ခုတည်းသော လမ်းဖြစ်ကြောင်းလည်း သိထားသည်။ ဤနေရာတွင် သူ ပြန်ဖို့ရာ နည်းလမ်း မရှိချေ။ ရှေ့ဆက်သာ သွားရမည်။

ထိုအတွေးဖြင့် သူက အဝတ်အိတ်ကို သူ့ခန္ဓာကိုယ်နှင့် တွဲချည်ထားလိုက်ပြီး တစ်ချိန်တည်းတွင်  အင်မော်တယ် ကျောက်များနှင့် ဖြည့်ထားလိုက်သည်။ အဆင့်နိမ့် အင်မော်တယ်ကျောက် သုံးသန်း၌ နှစ်သန်းကျော်ကို အင်မော်တယ် ကူးသန်းရေး သင်္ဘောပေါ်တွင် ထားထားသောကြောင့် သူ့၌ အကြမ်းဖျင်း ငါးသိန်းမှ ခြောက်သိန်းလောက်သာ ပါလာပေ၏။

သူ့တွင် ထိုအင်မော်တယ် ကျောက်များ ရှိနေသည်က ကံကောင်းလှပေသည်။ မဟုတ်လျှင် သူ့၌ သဘာဝစွမ်းအားမျာ ထပ်လိုအပ်လာလျှင် ကုန်ခန်း သွားနိုင်သည်။ သူ့သဘာဝ စွမ်းအားများကို ပြန်လည်ဖြည့်ရန် လိုအပ်နေပြီး ဤအင်မော်တယ် ကျောက်များက သူ့စွမ်းအား အရင်းအမြစ် ဖြစ်လာသည်။

ဤသို့သော နေရာမျိုးတွင် သူက ပျံသန်းရေး ရတနာကိုလည်း မထုတ်နိုင်ပေ။ ပျံသန်းရေး ရတနာကို အသုံးပြုခြင်းက သူ့ကို ပို၍ အန္တရာယ်များ သွားစေနိုင်သည်။ ထို့အပြင်  သူက သဘာဝစွမ်းအားများကို ပို၍ပင် သုံးနေရလိမ့်မည်။

***

All Chapters