← Chapters

အဆိုးထဲမှ အကောင်း

Vol. 32 Ch. 442

အဆိုးထဲမှ အကောင်း

Vol. 32 Ch. 442

မိုဝူကျီက လေလွတ်မြောက်ရေး နည်းစနစ်ကို အမြင့်ဆုံး သုံးလိုက်သည်။ သို့သော်လည်း သူ့မီးတောက် အကာအရံကြောင့် သူ့အမြန်နှုန်းမှာ အာကာသထဲမှာ ရှိစဉ်နှင့် ယှဉ်၍ မရပေ။

နဂါးနှစ်ကောင်မှာ တိုက်ခိုက်နေသည့်အတွက် မိုဝူကျီကဲ့သို့ ပါးမွှားလေးကို သတိမပြုမိပေ။ နှစ်နာရီကြာ ထွက်ပြေးပြီးနောက်  နဂါးနှစ်ကောင် တိုက်ခိုက်နေသည့် အသံများမှာ သူ့နောက်တွင် ပျောက်ကွယ် သွားလေပြီ။ မိုဝူကျီက နောက်ဆုံးတွင် စိတ်အေးလက်အေး သက်ပြင်း ချလိုက်တော့သည်။ မိုဝူကျီ၏ လေ့လာချက်များအရ သူက နဂါးနှစ်ကောင်မှာ  အင်မော်တယ်လျိုအတွင်း ရှိနေသည့် သတ္တုဓာတ် ဓားနဂါးများ ဖြစ်ကြောင်း မှန်းဆမိလိုက်သည်။

အင်မော်တယ်လျိုအတွင်း နဂါးမျိုးစုံ ရှိပေသည်။ တိမ်မြူပင့်ကူနှင့် ယင်မီးတောက် ကင်းခြေများကို ထည့်မတွက်လျှင်ပင် အရောင်မဲ့မျှော့ တစ်မျိုးတည်းကပင် ကျင့်ကြံသူ အများအပြားကို သတ်နိုင်နေပြီ ဖြစ်၏။

လမ်းတစ်လျှောက်တွင် မိုဝူကျီက တိမ်မြူပင့်ကူများနှင့် ကြုံတွေ့ခဲ့ရသော်လည်း မိုဝူကျီကို စိတ်သက်သာရာ ရစေသည်က  ယင်မီးတောက် ကင်းခြေများနှင့် ထပ်မတွေ့ရသေးခြင်း ဖြစ်သည်။

မိုဝူကျီက ယင်မီးတောက် ကင်းခြေများနှင့် တစ်ခါကြုံတွေ့ဖူး၍ ထိုအကောင်မှာ မည်မျှ ကြောက်စရာ ကောင်းကြောင်း သိထားသည်။

သူ့ခရီး၌ မိုဝူကျီက တိမ်မြူပင့်ကူအုပ်နှင့် တွေ့လျှင် ရှောင်ကွင်း၍ သွားပေသည်။ သို့သော် ဧရာမအုပ်ကြီးနှင့် တွေ့လာလျှင် ရှောင်ရှားသွား၍ ရတော့မည် မဟုတ်ပေ။ မိုဝူကျီက သူ့လျှပ်စီးဓားများဖြင့် လမ်းဖောက်ကာ ချက်ချင်းဆိုသလို ရွှေ့ပြောင်းစွမ်းရည် ထုတ်သုံးလိုက်သည်။ မိုဝူကျီက သူသာ အသက်ရှင်လိုပါက  တိုက်ပွဲအတွင်း ဝင်ပါ၍ မဖြစ်ကြောင်း သိနေသည်။

အင်မော်တယ်လျိုအတွင်း ရက်များစွာ အသက်ရှင်နိုင်သည့် အကြောင်းအရင်းမှာ  သူ့ပညာရှင်နှလုံးသား မီးတောက်မှ ဖြစ်ပေါ်လာသော မီးတောက် အကာအရံနှင့် ပြောင်းပြန် လှည့်ပတ်ခြင်း ကျင့်စဉ်နှင့်အတူ အင်မော်တယ် ကျောက်များ၏ အကူအညီကြောင့် ဖြစ်ပေသည်။ သူ့တွင် ထိုအရာများ တစ်ခုမျှ လစ်ဟာမနေပေ။

သူ့ကျင့်စဉ်တွင် ဘာမျှမထူးခြားလာပေ။ သူ့တွင် အင်မော်တယ်ကျောက်များ ရှိနေသရွေ့ ပညာရှင်နှလုံးသား အကာအရံကို ဆက်လက် ထိန်းထားနိုင်လိမ့်မည်။ ထို့ကြောင့် မိုဝူကျီ၏ စိုးရိမ်မှုမှာ သူ့အင်မော်တယ်ကျောက် ပမာဏသာ ဖြစ်ပေသည်။

သူ့တွင် အင်မော်တယ်ကျောက် ပြတ်လပ်သွားပါက  နောက်ထပ် ကြာကြာ မခံနိုင်တော့မည်မှန်း သေချာသည်။ အများဆုံး သူက နှစ်ရက်၊ သုံးရက်သာ တောင့်ခံနိုင်လိမ့်မည်။

သူ့တွင် အင်မော်တယ်ကျောက် များများစားစား မရှိပေ။ သူ့တွင် သိန်းဂဏန်းလောက်သာ ရှိ၏။ လဝက်လောက် ဆက်တိုက် ပြေးလွှားပြီးနောက် သူက တစ်သိန်းလောက် သုံးပြီးသွားလေပြီ။ သူ့လက်ထဲ၌ အင်မော်တယ်ကျောက် သုံးသန်း၊ လေးသိန်းခန့်သာ ကျန်ရှိပေတော့သည်။

လက်ရှိသုံးစွဲနှုန်းအရ ဤအင်မော်တယ် ကျောက်များမှာ သူ့အတွက် အများဆုံး တစ်လလောက်သာ လုံလောက် ပေလိမ့်မည်။

အကယ်၍ မိုဝူကျီက အင်မော်တယ်ကျောက်များကို ကျင့်ကြံဖို့ရာ မသုံးလျှင် နောက်လအထိ သုံးနိုင်လိမ့်မည် ဖြစ်သော်လည်း မိုဝူကျီက ထိုသို့ မလုပ်ခဲ့ပေ။

ဤနေရာတွင် ကျင့်ကြံပြီးနောက် မိုဝူကျီက သူ့တိုးတက်နှုန်းမှာ ပိုမြန်ဆန်လာကြောင်း ခံစားမိလိုက်၏။ သေမင်းနှင့် ထိပ်တိုက် တွေ့လာသည့် အကြိမ်ရေ များလာ၍လားတော့ မသိချေ။ သူက အင်မော်တယ်ကျောက် လျော့သုံးဖို့ရာ လုံးဝ မစဉ်းစားကြည့်ပေ။ ချိုးခြံချွေတာ နေရမည့် ကိစ္စမရှိပေ။ အကယ်၍ သူက အားကောင်းသော သားရဲနှင့် ရင်ဆိုင်တွေ့လာလျှင် သေဆုံးသွားနိုင်သည်။ အင်မော်တယ်ကျောက်များကို မသုံးလိုက်ရဘဲဖြင့် သေသွားရလျှင် သူက ပို၍ ငြီးငြူမိပေလိမ့်မည်။

ထို့ကြောင့် သူက အင်မော်တယ် ကျောက်များကို သုံး၍ ကျင့်ကြံနေခြင်း ဖြစ်သည်။ ထိုအရာက သူ့စွမ်းအားများကို ဆက်တိုက် တိုးပွား လာစေလိမ့်မည်။ အကယ်၍ သူက သားရဲနှင့် တွေ့လာပြီး ခုခံဖို့ အင်အားပင် မရှိဘဲ သေသွားရလျှင် နောင်တ ရနေပေလိမ့်မည်။

အချိန်များက လျှပ်တစ်ပြက် အတွင်း ကုန်ဆုံးသွားပေသည်။ မိုဝူကျီက ရှေ့သို့သာ ဆက်သွားလိုက်သည်။

ဤလအတွင်း မိုဝူကျီက ယင်မီးတောက် ကင်းခြေများ ဆယ်ကောင်ကျော်ကို သတ်နိုင်ခဲ့သည်။ သူ  ယင်မီးတောက် ကင်းခြေများ အများကြီး သတ်နိုင်သည့် အကြောင်းအရင်းမှာ ထိုယင်မီးတောက် ကင်းခြေများ အကောင်များက သူတို့ တစ်ကောင်တည်း ရှိနေ၍ ဖြစ်သည်။

မိုဝူကျီ၏ ကျင့်ကြံဆင့်မှာလည်း မြေကမ္ဘာအင်မော်တယ် အဆင့် ၁၀ ထိပ်ဆုံးသို့ ရောက်ရှိနေလေပြီ။ သူက မြေကမ္ဘာ အင်မော်တယ်အဆင့် ၁၁ သို့ ရောက်ရှိရန် ခြေတစ်လှမ်းသာ လိုပေတော့သည်။

သို့သော်လည်း မိုဝူကျီက နည်းနည်းလေးမျှ မပျော်မိပေ။ သူ့တွင် အင်မော်တယ်ကျောက် သုံးသောင်းသာ ကျန်ရှိတော့သည်။ နောက်ထပ် ရက်အနည်းငယ်အတွင်း သူက ထိုအင်မော်တယ်ကျောက် သုံးသောင်းလုံးကို သုံးမိလိမ့်မည်။

မိုဝူကျီက ကျင့်ကြံခြင်းကို ရပ်တန့်လိုက်သည်။ သူက အင်မော်တယ်ကျောက် သုံးသောင်းလုံးကို သုံးပစ်လိုက်လျှင်ပင် မြေကမ္ဘာ အင်မော်တယ်အဆင့် ၁၁ အထိ ရောက်နိုင်ဦးမည် မဟုတ်ပေ။

“ဂွမ်” ဖားအော်သံ အသံနက်နက်ကြီးက လေထုကို ခွင်း၍ ထွက်ပေါ် လာသောကြောင့် မိုဝူကျီ၏ နားစည်ပင် တုန်ခါသွားလေ၏။ မိုဝူကျီက သူ့အင်မော်တယ်ကျောက် ပြဿနာကို ခဏမေ့ထားလိုက်ပြီး ရပ်လိုက်သည်။

ဧရာမ မီးအိမ်နှစ်လုံးက သူ့ရှေ့ ပေါ်လာသည်။ သူ့ရှေ့တွင် ရှိနေသော အရာကို သိလိုက်သောကြောင့်  မိုဝူကျီ စိတ်ထဲ လေးလံသွားမိသည်။

ဟင်းလင်းပြင်ဖား ...

ထိုအရာမှာ ဟင်းလင်းပြင်ဖား ဖြစ်နေလေ၏။ ထိုမီးအိမ်နှစ်လုံးမှာ ဖားမျက်စိများ ဖြစ်ကြသည်။ ဖားခန္ဓာကိုယ်မှာ ဗလာနတ္တထိကဲ့သို့ ကြည်လင်နေကာ မမြင်ရချေ။ မိုဝူကျီက စိတ်ဝိညာဉ်မျက်လုံးကို အသက်သွင်း လိုက်သည့်အခါမှ ဖား၏ ဧရာမ ခန္ဓာကောက်ကြောင်းကြီးကို မှိန်ဖျဖျ မြင်တွေ့ရခြင်း ဖြစ်သည်။ ထိုဖားမှာ မီတာဆယ်ဂဏန်းလောက်အထိ ကြီးမားပေသည်။ ထိုခန္ဓာကိုယ်ကြီးကို တကယ်တော့ မမြင်ရပေ။ မိုဝူကျီက ထိုဖားသာ မျက်လုံး မဖွင့်ထားလျှင် သူဝင်တိုက်လိမ့်မည် ဖြစ်ကြောင်း သေချာနေသည်။

မိုဝူကျီက နောက်တစ်လှမ်း ဆုတ်လိုက်သည်။ ထိုဖားက ပါးစပ်ကြီးကို ဖြည်းဖြည်းချင်း ဖွင့်ဟလိုက်သည်။ မိုဝူကျီက သူ့စိတ်စွမ်းအားနှင့် မမြင်ရသော်လည်း သူ့စိတ်ဝိညာဉ်မျက်လုံးက သေချာမြင်နေရသည်။ ထိုဖားပါးစပ်အတွင်း ဧရာမမီးခိုးရောင် လျှာကြီး ရှိနေသည်။ ထိုလျှာကြီးက ဆန့်ထွက်လာကာ သူ့ကို ရစ်ပတ်ဆွဲခေါ် သွားတော့မည့် အလား ဖြစ်၏။

မိုဝူကျီဆံပင်များပင် ထောင်သွားမိသည်။ သူတို့ မတိုက်ရသေးသော်လည်း မိုဝူကျီက ထိုအကောင်မှာ သူ့ထက်များစွာ အားကောင်းကြောင်း သိနေသည်။

ဟင်းလင်းပြင်ဖား ...

အင်မော်တယ်လျိုထဲ ဝင်စဉ်မှ ထိုသို့မျိုး သက်ရှိကို ပထမဆုံးအကြိမ် တွေ့ဖူးခြင်း ဖြစ်သည်။

သူက မတိုက်ခိုက်နိုင်ပေ။ ထိုစဉ် မိုဝူကျီက ရွှေ့ပြောင်းစွမ်းရည် သုံး၍ ထွက်ပြေးရန် ဆုံးဖြတ်လိုက်သည်။

ထိုအခိုက်အတန့်လေး၌ အေးစက်စက် ယင်စွမ်းအားက သူ့ခန္ဓာကို ဝန်းရံလာသည်။ မိုဝူကျီက နှစ်ခါပင် မစဉ်းစားဘဲ ချက်ချင်း ရှောင်ရှားလိုက်သည်။

မိုဝူကျီက ထိုသို့သော ယင်စွမ်းအားကို ယင်မီးတောက် ကင်းခြေများဆီမှ ကြုံတွေ့ခဲ့ဖူးသည်။ သူက သူ့ကံဆိုးမှုကိုသာ ကျိန်ဆဲလိုက်တော့သည်။ သူက ဟင်းလင်းပြင်ဖားနှင့် ယင်မီးတောက် ကင်းခြေများကို တစ်ပြိုင်တည်း တွေ့လောက်သည်အထိ ကံဆိုးနေပေ၏။

မှိန်ပျပျ မီးခိုးရောင် ဓားစွမ်းအားချက်က မိုဝူကျီ၏ မူလနေရာသို့ ဖြတ်သွားလေသည်။ ထိုနေရာဝန်းကျင်ပင် အနည်းငယ် တုန်ခါသွားသလို ခံစားလိုက်ရသည်။ ထိုအရာမှာ အင်မော်တယ်လျိုထဲ ရောက်စဉ်ကတည်းမှ သူတွေ့ဖူးသော အရှည်ဆုံး ယင်မီးတောက် ကင်းခြေများ ဖြစ်ပေသည်။ အနည်းဆုံး မီတာ ၆၀ လောက် ရှိ၏။

မိုဝူကျီက မလှုပ်မယှက် ရပ်နေလိုက်သည်။ သူက သူမလှုပ်ရှားနိုင်မှန်း သိသော်လည်း ယင်မီးတောက် ကင်း‌ခြေများနှင့် ဟင်းလင်းပြင်ဖားတို့၏ ဖိအားက သူ့အပေါ် လာသက်ရောက်နေသည်။

မိုဝူကျီက တစ်စက်လေးမျှ မလှုပ်သလို ဟင်းလင်းပြင်ဖားနှင့် ယင်မီးတောက် ကင်းခြေများကလည်း တစ်လက်မမှ မရွေ့ပေ။ သုံးဖက်လုံးက အချင်းချင်း ကြည့်လိုက်ကြသည်။ မိုဝူကျီက သူလှုပ်လိုက်သည်နှင့် ထိုသားရဲနှစ်ကောင်မှာ သူ့ကို တိုက်ခိုက်မည်မှန်း သေချာနေသည်။

ထိုသို့ဖြင့် အချိန်မှာ ဖြည်းဖြည်းချင်း ကုန်ဆုံး သွားပေသည်။ မိုဝူကျီက အရောင်မဲ့မျှော့များလည်း ချည်းကပ်လာကြောင်း ခံစားမိနေသည်။ သူ့စိတ်ထဲ၌ စိုးရိမ်ပူပင်မှုတို့ဖြင့် ပြည့်နှက်နေလေ၏။

သူက အင်မော်တယ်လျိုထဲ ရောက်နေသည်မှာ တစ်လခွဲလောက် ကြာမြင့်သွားလေပြီ။ သူ့တွင် ပညာရှင် နှလုံးသား မီးတောက် အကာအရံရှိနေသော်လည်း အရောင်မဲ့မျှော့များမှာ အလွန်ကြောက်မက်ဖွယ် ကောင်းကြောင်း သိထားသည်။ ဤနေရာတွင် ရှိနေသော အရောင်မဲ့မျှော့များမှာ သေမင်းမိုင်းတွင်းမှ အကောင်များနှင့် ကွာခြားပေသည်။ ဤအရောင်မဲ့မျှော့များမှာ သေရသည်ကို မကြောက်သည့်အလား လူသား ဖြစ်နေသရွေ့ အစုလိုက် အပြုံလိုက် လိုက်ကြလေ၏။

သူ့မီးတောက် အကာအရံမှာ သဘာဝစွမ်းအား အများအပြား လိုအပ်သည့်အတွက် အင်မော်တယ်ကျောက်များ၏ သုံးစွဲမှုကို မြင့်တက်စေသည်။ အကယ်၍ အရောင်မဲ့မျှော့များ အများကြီး ရှိနေလျှင် သူ့အကာအရံက ခံနိုင်ရည် ရှိမည် မဟုတ်ပေ။ သူ့အကာအရံက ခံနိုင်ရည် ရှိနေလျှင်ပင် အင်မော်တယ်ကျောက်များစွာ လိုအပ်ပေလိမ့်မည်။ သူ့တွင် များများစားစား မကျန်ရှိတော့ပေ။

အချိန်တော်တော် ကြာသွားပြီး‌နောက် အရောင်မဲ့မျှော့များက မိုဝူကျီဆီ မီးကိုတိုးသည့် ပိုးဖလံအလား စုပြုံ ဝင်လာကြသည်။ မိုဝူကျီ ခံစားရသော ဖိအားမှာ ပို၍ များပြား လာလေ၏။ မိုဝူကျီက အသက်ကို စတေး၍ ထွက်ပြေးရန် ကြံလိုက်သော်လည်း ယင်မီးတောက် ကင်းခြေများနှင့် ဟင်းလင်းပြင် ဖားတို့လည်း ဆက်တိုက် လှုပ်ရှားလိုက်ကြသည်။

မိုဝူကျီကို မခံချိ မခံသာ ဖြစ်စေသည်က ယင်မီးတောက် ကင်းခြေများနှင့် ဟင်းလင်းပြင်ဖားတို့မှာ သူနှင့် ရင်ဆိုင်ရန် လက်တွဲ ပူးပေါင်းလိုက်ခြင်း ဖြစ်သည်။

ဟင်းလင်းပြင်ဖား ပါးစပ်မှ ဧရာမကျောက်တုံး ဆယ်တုံး ထွက်လာကာ မိုဝူကျီဆီ ပြေးဝင်လာသည်။ မိုဝူကျီက သူ ရှိနေသည့် နေရာပင် ထိုကျောက်ဆယ်တုံး၏ ဖိအားသက်ရောက် လာသည့်အလား ခံစားလိုက်ရသည်။ ထိုစဉ်  သူက ရွှေ့ပြောင်းစွမ်းရည် မသုံးနိုင်ပေ။

ဟင်းလင်းပြင် ဖားက ကျောက်တုံးများ ပစ်လွှတ်လိုက်သည်နှင့် မီးခိုးရောင်လျှာကြီးလည်း ထွက်ပေါ်လာသည်။ မိုဝူကျီက ထိုဖားမှာ သူ့ကို ပါးစပ်ထဲ ဆွဲသွင်းချင်နေကြောင်း သိလိုက်သည်။

မိုဝူကျီ ဘေးပတ်လည်မှ မီးတောက်မှာ ပို၍ ကောင်းကောင်း တောက်လောင်လာပြီး သူ့ဘေးနားမှ အရောင်မဲ့မျှော့များကို ပြာအဖြစ် တန်းပြောင်းလဲလိုက်သည်။ တစ်ချိန်တည်းတွင် သူက လျှပ်စီးဓားဆယ်ချက် ပြုလုပ်ကာ သူ့တျန်းဂျီတုတ်ဖြင့် ထိုကျောက်တုံးများကို ရိုက်ခွဲပစ်လိုက်သည်။ သူက နောက်ဆုတ်ရန်အတွက် လမ်းကြောင်း ရှင်းနေခြင်း ဖြစ်၏။

“ဘုန်း”

မိုဝူကျီ၏ တျန်းဂျီတုတ်က ထိုကျောက်တုံးများကို တစစီ ခြေမွပစ်လိုက်သည်။ နေရာမှ ဖိအားလည်း အနည်းငယ် လျော့ကျသွားပေသည်။ မိုဝူကျီ မထွက်ပြေးနိုင်ခင် မီးတောက် ဓားဆယ်ချောင်းက သူ့ဆီ ပြေးဝင်လာပြန်သည်။

ထင်ထားသည်နှင့် ကွဲလွဲစွာ မိုဝူကျီက စိတ်သက်သာရာ သက်ပြင်းချလိုက်သည်။ သူက ထွက်လမ်း ရှာချင်သော်လည်း ယင်မီးတောက် ကင်းခြေများကို အမြဲစိုးရိမ်နေခဲ့ရသည်။ သူက ဟင်းလင်းပြင် ဖားအတွက် ပြိုင်ဘက် မဟုတ်သလို ယင်မီးတောက် ကင်းခြေများ အတွက်လည်း ပြိုင်ဖက် မဟုတ်ချေ။ ယင်မီးတောက် ကင်းခြေများက ဟင်းလင်းပြင်ဖားနှင့် ပူးပေါင်းကာ သူအား ရင်ဆိုင်လိမ့်မည်ဟု ထင်ခဲ့မိသည်။ မျှော်လင့်မထားသည်က ယင်မီးတောက် ကင်းခြေများ၏ တိုက်ခိုက်မှုမှာ အသက်ရှူကြိမ် အနည်းငယ် နောက်ကျနေပေသည်။ မည်သို့ အကြောင်းပြချက်ပင် ဖြစ်နေစေကာမူ  သူ့တွင် လွတ်မြောက်မည့် အခွင့်အရေးတစ်ခု ရသွားလေ၏။

မိုဝူကျီ၏ စွမ်းအားများ တလိပ်လိပ်  ထွက်ပေါ်လာသည်။ နောက်တစ်ဖန်  သူက တျန်းဂျီတုတ်ကို ဝှေ့ယမ်းလိုက်သည်။ သူက တည်နေရာ ဖိအားကို ချိုးဖျက်ဖို့ ကြိုးစားနေစဉ် ယင်မီးတောက် ကင်းခြေများ၏ ယင်ခန္ဓာကိုယ်ကိုလည်း စောင့်ကြည့် ရသေးသည်။

သူက ထိုသို့မျိုးအရာမျိုးကို ကြုံတွေ့ပြီးပြီ ဖြစ်၍ နောက်တစ်ကြိမ် ဂရုမစိုက်ဘဲ မနေနိုင်ချေ။

မိုဝူကျီ တျန်းဂျီတုတ် ဆင်းသက် လာသည်နှင့် အေးစက်စက်  ယင်စွမ်းအားကို ခံစားမိလိုက်သည်။

ယင်ကင်းခြေများက သူ့ကို တိုက်ခိုက်တော့မည် ဖြစ်သည်။ မိုဝူကျီ၏ တျန်းဂျီတုတ်က ဟင်းလင်းပြင်ဖားဆီမှ ကျောက်ဖိအားများကို ချေဖျက်နိုင်လေသည်။ တစ်ချိန်တည်းတွင်  သူက လျှပ်စီးဓားများကိုလည်း ပြင်ဆင်ထား၏။ သူ့အနေနှင့်  ယင်ကင်းခြေများ သူထွက်ပြေးမှုကို ရပ်တန့်စေရန် ခွင့်မပြုနိုင်ပေ။

“ဂွမ်” ဟင်းလင်ပြင် ဖားက နောက်ထပ် အသံနက်နက်ကြီးဖြင့် အော်လိုက်သည်။ သူ့စိတ်ဝိညာဉ် မျက်လုံးဖြင့် မိုဝူကျီက ယင်မီးတောက် ကင်းခြေများ၏ ယင်ကင်းခြေများ၏ ပစ်မှတ်မှာ သူ မဟုတ်ဘဲ ဟင်းလင်းပြင်ဖား ဖြစ်နေသည်။

တစ်ချိန်တည်းတွင် မိုဝူကျီက အဖြစ်အပျက်ကို နားလည် သဘောပေါက် သွားတော့သည်။ ယင်မီးတောက် ကင်းခြေများ၏ တိုက်ခိုက်မှုက အသက်ရှူကြိမ် အနည်းငယ် နှေးကွေးနေသည်မှာ အံ့ဩစရာ မရှိတော့ပေ။ ယင်မီးတောက် ကင်းခြေများက ဟင်းလင်းပြင်ဖားကို မျှားရန် သူ့ကို ငါးစာအဖြစ် သုံးခဲ့ခြင်း ဖြစ်သည်။ အကြည့်နှင်တင် ယင်မီးတောက် ကင်းခြေများ၏ တကယ့်ပစ်မှတ်မှာ ဟင်းလင်းပြင်ဖား ဖြစ်နေပေသည်။

ဟင်းလင်းပြင်ဖား၏ ဝမ်းဗိုက်ရှိ ဧရာမအပေါက်ကြီးမှ သွေးများ စီးကျလာသည်။

ဟင်းလင်းပြင်ဖားက ယင်မီးတောက် ကင်းခြေများ၏ သစ္စာဖောက် ခံလိုက်ရ၍ ဒေါသထွက်နေသည့်ပုံ ပေါ်သည်။ နောက်ထပ် ဆွဲဆွဲငင် အော်မြည်လိုက်ပြီး ရုတ်တရက် အဝါရောင်ပုတီးစေ့ ထွက်ပေါ်လာသည်။ ထိုအဝါရောင် ပုတီးစေ့မှာ ဘောလီဘော ကစားသည့် ဘောလုံးလောက် ကြီးမားပေသည်။

ယင်မီးတောက် ကင်းခြေများဆီ ပစ်လွှတ်လိုက်သော ပုတီးစေ့မှာ သိပ်သည်းလှသည့် စွမ်းအားမျာ ပြည့်နှက်နေပြီး မိုးနှင့်မြေကိုပင် တုန်ခါသွားစေနိုင်သည့် စွမ်းအားမျိုး ဖြစ်သည်။

ဒါက မြေသဘာဝ အမြုတေလား။

မိုဝူကျီက အတော်လေး အံ့ဩမိသွားသည်။ မြေ သဘာဝ အမြုတေကို ဟင်းလင်းပြင်ဖားမှ သန့်စင်ထားပြီး မှော်ရတနာ ဖြစ်လာခြင်း ဖြစ်သည်။

ထိုအရာမှာ အဖိုးမဖြတ်နိုင်သည့် မှော်ရတနာအမျိုးစား ဖြစ်၏။ မိုဝူကျီက တည်နေရာ ဖိအားများကို ဖယ်ရှားပြီး၍ ရွှေ့ပြောင်းစွမ်းရည် သုံးပြီးသော်လည်း မလှုပ်ရှားသေးပေ။ မိုဝူကျီ မျက်လုံးမှာ   ထိုအမြုတေကို ကြည့်ရင်း နီရဲလာလေ၏။ ယင်မီးတောက်  ကင်းခြေများက  ထိုအမြုတေကို လိုချင်၍ ဤနေရာ ရောက်လာမှန်း သိသာလှသည်။

ဟင်းလင်းပြင် ဖားကဲ့သို့သော သားရဲမျိုးသာ ဤသို့ ထူးခြားလှသော  မြေသဘာဝ အမြုတေကို ထုတ်နိုင်လိမ့်မည်။

“ဘုန်း” မြေသဘာဝ အမြုတေက ယင်မီးတောက် ကင်းခြေများ၏ မီးလုံးနှင့် ထိပ်တိုက် တွေ့သွား၏။ မီးပန်းများပင် ဖွားခနဲ လွင့်စဉ် သွားသေးသည်။

ထိုစဉ် မြေသဘာဝ အမြုတေက မီးလုံးနှင့် တွေ့ဆုံသွားသည့်အခါ မိုဝူကျီက လေလွတ်မြောက်ရေး နည်းစနစ်ကို အသက်သွင်း၍ လေပြည်လေးအလား ပျောက်ကွယ် သွားပေသည်။

ပေါက်ကွဲမှုမှ အင်အားကြောင့် မိုဝူကျီက နောက်ပြန် လွှင့်ထွက်သွားလေပြီး သွေးတစ်ပွက် အန်ထုတ်လိုက်ရသည်။ ထိုမီးလုံးနှင့် ထိပ်တိုက် တွေ့ဆုံမှုကြောင့် မြေသဘာဝ အမြုတေမှာ အချိန်ခဏ နှောင့်နှေး သွားလေ၏။

ထိုအခိုက်အတန့်လေးက မိုဝူကျီအတွက် လုံလောက်လေပြီ။ သူက ထိုအခိုက်အတန့်လေးအတွက် အသက်ကို စတေးလိုက်ပြီး မြေသဘာဝ အမြုတေကို သူ့သိုလှောင် လက်စွပ်ထဲ ချက်ချင်း ပစ်ထည့်လိုက်တော့သည်။ ထို့နောက် ရွှေ့ပြောင်းစွမ်းရည် အသည်းအသန် သုံးကာ ပျောက်ကွယ် သွားတော့သည်။ ထိုစဉ် သူက မီးတောက် အကာအရံကို ရုပ်သိမ်းထားသည်။ သူ့၌ ပညာရှင်နှလုံးသား မီးတောက် အလွှာတစ်ခုသာ ရှိ၍ အတားအဆီး၊ အချုပ်အနှောင်မရှိ ဆက်တိုက် ရွှေ့ပြောင်းစွမ်းရည်ဖြင့် လှုပ်ရှားလိုက်တော့သည်။

***

All Chapters