← Chapters

ကြီးမားသော အကာအရံကြီး

Vol. 32 Ch. 443

ကြီးမားသော အကာအရံကြီး

Vol. 32 Ch. 443

မိုဝူကျီ ထိုသို့ လုပ်ရဲသည့် အကြောင်းအရင်းမှာ သူက သေခြင်းရှင်းခြင်းကို လုံးဝ လျစ်လျူရှူထားလိုက်၍ ဖြစ်သည်။ သူက မြေသဘာဝ အမြုတေကို မလုယူလျှင်ပင် သူ့အနေနှင့် ရက်အနည်းငယ်အတွင်း ထွက်လမ်း ရှာမတွေ့လျှင်  သေဆုံးရလိမ့်မည်။ သူက တနည်းနည်းနှင့် သေရမည် ဖြစ်၍ မြေသဘာဝ အမြုတေကို မျက်စိရှေ့ ရှိနေရက်နှင့် အဘယ်ကြောင့် ထားခဲ့နိုင်မည်နည်း။

နှစ်ရက်တာ ထွက်ပြေး လာပြီးနောက် မိုဝူကျီက ရပ်တန့်လိုက်သည်။ သူက  ရှင်းရှင်းလင်းလင်း သိနေသည်။ သို့သော်လည်း သူက မပျော်သလို မြေသဘာဝ အမြုတေကိုလည်း ထုတ်မကြည့်မိပေ။

အကြောင်းအရင်းမှာ သူ့အင်မော်တယ်ကျောက်များ ကုန်ဆုံးသွား၍ ဖြစ်သည်။

မိုဝူကျီက စိတ်စွမ်းအား ထုတ်လွှင့်၍ အာရုံခံကြည့်သည့်အခါ ချက်ချင်းဆိုသလို  တအံ့တဩ ဖြစ်မိသွားသည်။

“ဒါက အင်မော်တယ်လျိုရဲ့ တခြားတစ်ဖက်လား” မိုဝူကျီက သူကိုယ်သူ ရေရွတ်လိုက်ရင်း  မျက်နှာတွင်မူ စိတ်လှုပ်ရှားမှု အပြည့်ဖြစ်နေသည်။

သူ့ရှေ့တွင် ချောကျိကျိ မီးခိုးရောင် အကာအရံ ရှိနေပေသည်။ မိုဝူကျီက ထိုအကာအရံကို ဘာသတ္တုဖြင့် ပြုလုပ်ထားမှန်း မှန်းဆကြည့်လို့ပင် မရပေ။ သူက ထိုအရာမှာ အောက်စိုက် လျောဆင်းနေပြီး မထူးမခြားနား  ဆန့်ထွက်နေသည်။

မိုဝူကျီက သေချာ သွားကြည့်လိုက်သည်။ သူက ထိုကျယ်ပြောပြီး အဆုံးမဲ့လှသည့် ဆင်ခြေလျှော အကာအရံကို မြင်လို့ငြာ ခေါင်းကို မော့ကြည့်လိုက်သည်။ ထိုအကာအရံရှေ့တွင် သူက ပင်လယ်ကြီးကို ငေးကြည့်နေသည့် ပုရွက်ဆိတ်လေးကဲ့သို့ ခံစားလိုက်ရသည်။

မိုဝူကျီ၏ စိတ်မှာ အေးစက်လာပေသည်။ ထိုအကာအရံရှေ့တွင် သူတင် မက အင်မော်တယ် ကူးသန်းရေး သင်္ဘောပင် ပုရွက်ဆိတ်မျှ ဖြစ်နေလိမ့်မည်။ သူကဲ့သို့ ထိုအရာမှာလည်း ဤအကာအရုံကို ဖြတ်နိုင်မည် မဟုတ်ပေ။

သူက အင်မော်တယ်လျိုထဲ ထာဝရ ပိတ်မိနေတော့မှာလား။

ကျယ်ပြောခမ်းနားမှုနှင့် ဆန့်ကျင်လှစွာ သေးနုပ်စုပ်ချာ နေသည်။ ထိုအရာမှာ မိုဝူကျီ စိတ်အတွင်းမှ ခံစားချက်များ ဖြစ်ပေသည်။

သူက ထိုအကာအရံဆီ သွားလိုက်သည်။ ထိုအရာမှာ ပိစိဖိတ် သမုဒ္ဒရာကို ဖြတ်သန်းချင်သည့် ပုဇွန်တစ်ကောင်အလား ဖြစ်နေလိမ့်မည်။

အချိန်တော်တော် ကြာမြင့်သွားပြန်သည်။ မိုဝူကျီက မီးခိုးရောင် အကာအရံနှင့် နီးနေပြီ ဖြစ်၍ လက်ကို ထုတ်ကာ ထိကြည့်လိုက်သည့်အခါ အေးစက်စက် ရေခဲနှင့် တူ၏။

မိုဝူကျီက ရပ်တန့်ချင်မိသည်။ ရှေ့ဆက်တိုးဖို့ရာ ဘာမှ အဓိပ္ပါယ်မရှိကြောင်း သိနေသည်။ ဤအကာအရံမှာ ကျယ်ပြောလှ၍ သူက အဆုံးသတ်ကို မည်သို့ ရှာနိုင်မည်နည်း။ သို့သော်လည်း သူ မရပ်တန့်နိုင်ကြောင်း သိထားသည်။ အကယ်၍ သူ ရပ်လိုက်လျှင် အရောင်မဲ့မျှော့များ ချက်ချင်း ဝိုင်းလာလိမ့်မည်။

မိုဝူကျီက အကာအရံ တစ်လျှောက် စိတ်စွမ်းအား ဖြန့်ကြက် ထားလိုက်သည်။ သူက ထွက်လမ်းမရှိမှန်း သိနေသော်လည်း သူက လက်မလျော့ချင်သေးပေ။

အမွေးတိုင် တစ်ဝက်အကြာတွင် မိုဝူကျီက စိတ်စွမ်းအား အသုံးပြုမှုကြောင့် နွမ်းလျှလာသည်။ သို့သော်လည်း သူက ထိုအကာအရံကို ဖောက်ထွင်းသွားနိုင်မည့် နည်းလမ်းကို ရှာမတွေ့သေးချေ။

မိုဝူကျီက စိတ်စွမ်းအားကို ရုပ်သိမ်း၍ အနားယူချင်သော်လည်း အလင်းတစ်ချက် တောက်ပလာသည်ကို မြင်လိုက်ရသည်။

ထိုအလင်းကို ခံစားမိ၍ မိုဝူကျီ တစ်ကိုယ်လုံးမှာ တုန်ယင်လာမိသည်။ သူက ထိုအလင်းနှင့် ရင်းနှီးနေပေသည်။ ထိုအရာမှာ သူ့ရောင်ခြည်အမြောက် ဖြစ်နေ၏။ သူက ရောင်ခြည်အမြောက်ကို အနည်းငယ် ပစ်ခတ်ဖူး၍ မည်သို့ ထိုအရာကို မေ့ပစ်နိုင်မည်နည်း။

ရောင်ခြည်အမြောက်ကို ခံစားမိလိုက်၍ အင်မော်တယ် ကူးသန်းရေး သင်္ဘောသာ ဖြစ်လိမ့်မည်။ မိုဝူကျီက သဘာဝစွမ်းအားများ ခြွေတာရန်ပင် မစဉ်းစားမိတော့ဘဲ အလင်းဆီ တစ်ဟုန်ထိုး သွားလိုက်တော့သည်။

“ဘုန်း” နောက်ထပ် ပေါက်ကွဲမှု တစ်ခု ထွက်ပေါ်လာကာ အလင်းရောင် တစ်ခုလုံး လွှမ်းခြုံသွားပြန်သည်။

“ကျုပ်ကို စောင့်ဦး ...” မိုဝူကျီက သူ့စိတ်စွမ်းအားဖြင့် အင်မော်တယ် ကူးသန်းရေး သင်္ဘောကို မြင်နေပြီ ဖြစ်၏။ သင်္ဘောပေါ်မှ လူများမှာ သူ့အသံကို မကြားနိုင်မှန်း သိသော်လည်း အော်ခေါ်နေမိသည်။

“ဘုန်း ဘုန်း ဘုန်း” နောက်ထပ် ပေါက်ကွဲမှုများ ဆက်တိုက် ဖြစ်ပေါ်လာသည်။ မိုဝူကျီက အင်မော်တယ် ကူးသန်းရေး သင်္ဘော အကာအရံထဲ ဝင်သွားသည်ကို မြင်လိုက်ရသည်။

မိုဝူကျီက လန့်ဖြတ်သွားကာ သူ့စိတ်အတွင်း၌ သံသယများဖြင့် ပြည့်နှက် သွားသည်။ အင်မော်တယ် နယ်မြေ၏ အကာအရံကို ရောင်ခြည် အမြောက်နှင့် ဖွင့်လို့ ရသည်လား။ မကြာခင်တွင် မိုဝူကျီက အဖြစ်အပျက်များကို နားလည်သွားပေ၏။ အင်မော်တယ် ကူးသန်းရေး သင်္ဘောမှာ အကာအရံတွင် ရှိနေသည့်  ကြားကွက်လပ် နေရာမှ ဖြတ်သန်းသွားခြင်း ဖြစ်သည်။ ထိုကြားကွက်လပ်မှာ  တိမ်မြူပင့်ကူကဲ့သို့ သက်ရှိများနှင့် ပြည့်နေသည်။ ထို့ကြောင့် အင်မော်တယ် ကူးသန်းရေး သင်္ဘောက အမြောက်များဖြင့်  ထိုသက်ရှိများကို ဖောက်ခွဲပစ်နေရင်း အကာအရံကို ဖောက်သွားရန် ကြိုးစားနေခြင်း ဖြစ်သည်။

သူ သတိပြုမိသည့်အချိန်တွင် ထိုကြားကွက်လပ်မှာ ဖြည်းဖြည်းချင်း ပြန်ပိတ်နေပြီ ဖြစ်၏။ မိုဝူကျီ စိတ်ထဲ လေးလံသွားမိသည်။ သူက အပြေးအလွှား သွားလျှင်ပင် ထိုအင်မော်တယ် ကူးသန်းရေး သင်္ဘောပေါ် ရောက်နိုင်တော့မည် မဟုတ်ပေ။

***

“ဆရာကြီးဖူကျိ အခုလေးတွင် ကျမ စိတ်စွမ်းအားထဲ  အင်မော်တယ်လျို အစွန်းကနေ ကျမတို့ဆီ လာနေတဲ့ တစ်ယောက်ကို အာရုံခံမိတယ်။ တာအိုရောင်းရင်းမိုများ ဖြစ်နေမလား မသိဘူး”

အင်မော်တယ် ကူးသန်းရေး သင်္ဘောက တိမ်မြူပင့်ကူများနှင့် ယင်မီးတောက် ကင်းခြေများ၏ သွေးလမ်းကြောင်း ဖောက်ပြီးနောက် ကူယာက ရုတ်တရက် ပြောလိုက်သည်။

လော့ချွမ်းဟယ်က ရုတ်တရက် ထရပ်ကာ အလောတကြီး ပြောလိုက်သည်။

“ကူယာ အမှန်ပဲလား”

ကူယာ မဖြေနိုင်ခင် ဆရာကြီးဖူကျိက တည်ငြိမ်စွာ ဝင်ပြောလိုက်သည်။

“မဖြစ်နိုင်ဘူး။ တာအိုရောင်းရင်းမိုက မြေကမ္ဘာအင်မော်တယ် အဆင့်လေးပဲ ရှိသေးတာကို မပြောနဲ့ဦး။ ကောင်းကင် အင်မော်တယ်အဆင့် ကျင့်ကြံသူ တစ်ယောက် ဆိုရင်တောင် ဒီအင်မော်တယ်လျို အတွင်းမှာ တစ်လကနေ  နှစ်လ အသက်ရှင်နိုင်မှာ မဟုတ်ဘူး။ ပြီးတော့ အရောင်မဲ့မျှော့တွေနဲ့တောင်  ရင်ဆိုင်နိုင်မှာ မဟုတ်ဘူး”

“ညီလေးမိုဆီမှာ သူ့မီးတောက် အကာအရံ ရှိတယ်လေ။ ဘာလို့ အရောင်မဲ့မျှော့တွေနဲ့ ရင်မဆိုင်နိုင်ရမှာလဲ” လော့ချွမ်းဟယ်က မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။

ဆရာကြီး ဖူကျိက သက်ပြင်းချကာ …

“ဒါပေမဲ့ ဒီက အရောင်မဲ့မျှော့တွေက သေမင်းမိုင်းတွင်းက ဟာတွေနဲ့ တူလို့လား။ ဒီအရောင်မဲ့မျှော့တွေရဲ့ ထိုးဖောက်နိုင်စွမ်းက အဆများစွာ ပိုအားကောင်းတယ်။ ပြီးတော့ သူ ရပ်တန့်လိုက်တာနဲ့  အရောင်မဲ့မျှော့အုပ်လိုက်ရဲ ဝါးမျိုခြင်းကို ခံလိုက်ရလိမ့်မယ်။

တာအိုရောင်းရင်းမိုရဲ့ မီးတောက်က အားကောင်းပေမဲ့ ရက်နည်းနည်းပဲ အသက်ရှင်နိုင်လိမ့်မယ်။ ပြီးတော့ ဒီအင်မော်တယ်လျိုရဲ့ ကြောက်စရာ အကောင်းဆုံး အရာက ဘာလဲ သိလား။

ဒီထဲမှာ အရောင်မဲ့မျှော့တွေတင် မကဘူး အင်မော်တယ်လျို အနက်ထဲက စုပ်ယူအားလည်း ရှိနေသေးတယ်။ သူ စုပ်ယူခံလိုက်ရတာနဲ့  အသက်ရှင်ဖို့ မျှော်လင့်ချက် မရှိတော့ဘူး”

“ဆရာကြီးဖူကျိ ... ကျမတော့ နောက်တစ်ခေါက် သွားပြီးတော့ ထပ်ကြည့်ကြည့်သင့်တယ် ထင်တယ်။ တာအိုရောင်းရင်းမို ဖြစ်နေရင် ဘယ်လိုလုပ်မလဲ” ကူယာက ရုတ်တရက် ပြောလိုက်သည်။

“အရမ်း နောက်ကျသွားပြီ။ အင်မော်တယ်လျိုရဲ့ အကာအရံက ပိတ်နေပြီ။ မနက်ဖြန်မှ ထပ်ဖွင့်လိမ့်မယ်။ ပြီးတော့ ကျုပ်တို့မှာ ယမ်းစာ ထပ်မရှိတော့ဘူး။ ကျုပ်တို့တွေ ပြန်သွားရင်တောင် အသုံးမဝင်တော့ဘူး။ ဒါက အရေးကြီးဆုံး မဟုတ်သေးဘူး။ ကျုပ်တို့မှာ အင်မော်တယ်ကျောက်တွေ ထပ်မရှိတော့ဘူး ...” ဆရာကြီးဖူကျိက ခေါင်းခါလိုက်သည်။

အားလုံးက တိတ်ဆိတ်နေကြသည်။ အင်မော်တယ် ကူးသန်းရေး သင်္ဘောက မိုဝူကျီ အပိုင် ဖြစ်ကာ သင်္ဘောပေါ်မှ အင်မော်တယ်ကျောက် များမှာလည်း မိုဝူကျီ အပိုင် ဖြစ်ပေသည်။ သူတို့က ကူညီခဲ့သော်လည်း အရာအားလုံးမှာ မိုဝူကျီ၏ အားထုတ်မှုများစွာကြောင့် ဖြစ်၏။

ယခု သူတို့က အင်မော်တယ် ကူးသန်းရေး သင်္ဘောကို အသုံးပြုကာ အင်မော်တယ် နယ်မြေထဲ ဝင်နေခြင်း ဖြစ်သည်။ သို့သော်လည်း မိုဝူကျီက အင်မော်တယ်လျိုထဲ ကျန်နေခဲ့ပြီး  သေလား၊ ရှင်လားပင် မသိရသေးပေ။

တောက်ပစူးရှသည့် အလင်းတစ်ချက်က သူတို့ဆီ ရောက်ရှိလာသည်။ သူတို့ ခေါင်းမော့ ကြည့်လိုက်သည့်အခါ  လတ်လတ်ဆတ်ဆတ် နေရောင်ခြည်နှင့် စိမ်းစိုနေသော သစ်ပင်ပန်းမန်များကို မြင်လိုက်ရသည်။

ကျာချီမှာ မျက်ရည်ပင် ဝဲမိသွားသည်။ သူမ အင်မော်တယ်တစ်ပိုင်း နယ်ပယ်ထဲ ရောက်စဉ်ကတည်းမှ သူမက ထိုသို့မျိုးမြင်ကွင်းမျိုး မမြင်ခဲ့ရချေ။

ဆရာကြီးဖူကျိက တိုက်သင်္ဘောကို တောင်ကြားထဲ ရပ်ထားလိုက်သည်။ ထို့နောက် သူက တိုက်သင်္ဘောပေါ်မှ တံခါးများကို ဖွင့်လိုက်သည်။

သိပ်သည်းပေါများလှသော အင်မော်တယ် စွမ်းအားများက စီးဝင်လာသည်။ အားလုံးက တအံ့တဩ ဖြစ်ရုံမှလွဲပြီး မတတ်နိုင်ကြချေ။ သူတို့တွေ နောက်ဆုံးတော့ အင်မော်တယ် နယ်မြေထဲ ရောက်ရှိလာလေပြီ။ ယနေ့မှစ၍ သူတို့က မြစ်ထဲမှ  ငါး မဟုတ်တော့ဘဲ နဂါးဖြစ်သွားကြလေပြီ။ သူတို့ သွားချင်သည့် နေရာကို သွားနိုင်ပြီ ဖြစ်၏။

“အားလုံး ဒါက အင်မော်တယ်နယ်မြေ ဆိုပေမဲ့ အင်မော်တယ် နယ်မြေက အင်မော်တယ်တစ်ပိုင်းမှာ ရှိနေတဲ့ ကျင့်ကြံသူတွေကို ထိန်းချုပ်ဖို့ ကြိုးစားနေတာက အကြောင်းပြချက်မရှိ လုပ်နေတာတော့ မဟုတ်ဘူး။ ကျုပ်လည်း အကြောင်းအရင်းကို မသိပေမဲ့ ကျုပ်တို့တွေ အင်မော်တယ်တစ်ပိုင်း နယ်ပယ်က ဖြစ်နေတဲ့ အကြောင်းကို လူသိခံလို့ မဖြစ်ဘူး ...” ဆရာကြီးဖူကျိက အားလုံးကို လက်နှစ်ဆုပ်လျက် ပြောလိုက်သည်။

“ကျူပ်တို့တွေ ဘာထပ်လုပ်ကြမှာလဲ” ခို့ယွမ်က မေးလိုက်သည်။

“အစ်ကိုမိုက တျန်းဂျီဂိုဏ်းကို တည်ထောင်မယ် မပြောဘူးလား။ ကျုပ်တို့တွေလည်း တျန်းဂျီဂိုဏ်းသားအဖြစ် မှတ်ယူသင့်တယ်။ ကျုပ်တို့တွေ အရင်ဆုံး နေရာတစ်ခု ရှာနေပြီးတော့ တာအိုရောင်းရင်းမိုရဲ့ သတင်းကို နားစွန့်ကြမလား” ထုံယဲ့က တည့်တိုး ပြောတတ်သူ ဖြစ်သည့်အတွက် သူ့စကားများမှာ ကွေ့ပတ်နေခြင်းမရှိ တည့်တိုးဆန်ပေသည်။

ဆရာကြီးဖူကျိက လက်ကာပြကာ …

“ကျုပ်လည်း ပူဆွေးသောက ဖြစ်ပေမဲ့ တာအိုရောင်းရင်းမို သေဆုံးသွားပြီ ဆိုတာတော့ အသိမှတ်ပြုရမယ်လေ။ တျန်းဂျီဂိုဏ်းက အင်မော်တယ်လျိုကို ဖြတ်လာနိုင်ရန် တည်ထောင်မယ် လုပ်ထားကြတာ ဆိုပေမဲ့ အခုတာအိုရောင်းရင်းမို မရှိတော့  ကျုပ်တို့တွေ လမ်းကိုယ်စီ ရွေးတာ ပိုကောင်းလိမ့်မယ်”

လော့ချွမ်းဟယ်က  မတ်တတ် ရပ်လိုက်ကာ ဆရာကြီးဖူကျိဘက် လှည့်လိုက်ပြီး …

“ဆရာကြီးဖူကျိ  ... ညီလေးမိုက ဒိနေရာမှာ မရှိပေမဲ့  ကျုပ်တို့တွေ တျန်းဂျီဂိုဏ်းကို  တည်ထောင်မယ်ဆိုပြီး ကတိပြုထားကြတယ် မဟုတ်ဘူးလား။  တာအိုရောင်းရင်းမိုရဲ့ စကားကို အမှတ်ရပြီး တျန်းဂျီဂိုဏ်းမှာ နေချင်တဲ့သူတွေက ကျေးဇူးပြုပြီး မတ်တတ်ရပ်ပေးပါ ...”

မည်သူမျှ မပြောနိုင်ခင် ကူယာက မတ်တတ်ရပ်လိုက်ပြီး …

“တာအိုရောင်းရင်းလော့၊ ဆရာကြီးဖူကျိနဲ့ အားလုံးကို ကျမ နည်းနည်း ပြောပါရစေ။ တျန်းဂျီဂိုဏ်းက တာအိုရောင်းရင်းမိုက တည်ထောင်ခဲ့တယ်။ အခု တာအိုရောင်းရင်းမို အသက်ရှင်လား မသိရသေးပေမဲ့ ဒီတျန်းဂျီဂိုဏ်းကို ဆက်တည်ထောင် သင့်တယ်လို့ ထင်တယ်။

ပြီးတော့ ဆရာကြီးဖူကျိ စကားကလည်း လက်တွေ့ကျတယ်။ ကျမတို့တွေက အခုချိန်မှာ ခေါင်းဆောင် လစ်ဟာနေတော့ ကျမတို့ အတူတူ နေနေရင်လည်း အသုံးဝင်မှာ မဟုတ်ဘူး”

“ကူယာ ...   အစ်မ  ပြောချင်တာက ...” ခို့ယွမ်၏ အသက်ကို မိုဝူကျီက ကယ်တင် ပေးခဲ့သည်ဟု ဆိုလို့ရပေသည်။ ယခု အင်မော်တယ်လျိုအတွင်း မိုဝူကျီ တစ်ယောက် အသက်ရှင်လားပင် မသိရသေးသည့်အတွက် သူ့စိတ်ထဲ၌လည်း မကောင်းချေ။ ထို့ကြောင့် တိတ်ဆိတ်နေခြင်း ဖြစ်၏။ သို့သော်လည်း သူက မိုဝူကျီ၏ တျန်းဂျီဂိုဏ်း ကိစ္စနှင့် ပတ်သက်၍ မဆန့်ကျင်ပေ။

လူအုပ်က သူမဘက် လှည့်ကြည့်လိုက်သည်ကို မြင်၍ ကူယာက ဆက်ပြောလိုက်သည်။

“ကျမ ပြောချင်တာက တာအိုရောင်းရင်းလော့ စကားအတိုင်း ကျမတို့တွေက တျန်းဂျီဂိုဏ်းသားအဖြစ် နေကြမယ်။ တျန်းဂျီဂိုဏ်းကို ဖျက်သိမ်းစရာ မလိုဘူး။

ပြီးတော့ ဆရာကြီးဖူကျိ ပြောစကားအတိုင်း အားလုံးက လမ်းခွဲပြီးတော့ ကိုယ်ပိုင်လမ်းကို ရွေးချယ်ကြမယ်။ ကျမတို့ရဲ့ လက်ရှိအနေအထားနဲ့ အတူတူ နေနေတာက အကျိုးရှိမှာ မဟုတ်ဘူး”

မကြာခင်တွင် အားလုံးက ကူယာစကားများကို နားလည် သွားကြသည်။ တျန်းဂျီဂိုဏ်းမှာ တျန်းဂျီဂိုဏ်းအဖြစ် ကျန်ရှိနေပြီး ဂိုဏ်းချုပ်မှာလည်း မိုဝူကျီ ဖြစ်နေဆဲ ဖြစ်သည်။  အားလုံးက အင်မော်တယ်တစ်ပိုင်း နယ်ပယ်မှ ရောက်လာသည့်အတွက်  စွမ်းရည်မှာ အားနည်းလွန်း နေသည်။ ထို့ကြောင့် သူတို့က အတူတူ မနေသေးဘဲ လမ်းကိုယ်စီ လျှောက်ကြမည် ဖြစ်၏။ သူတို့၌ စွမ်းအား လုံလုံလောက်လောက် ဖြစ်လာသည့်အခါ နောက်တစ်ခါ ပြန်လာကြမည်။

“ကျုပ်လည်း သဘောတူတယ်”

လော့ချွမ်းဟယ်က တုံ့ဆိုင်းမနေဘဲ ပြောလိုက်သည်။ သူက သူတို့လက်ရှိစွမ်းအားဖြင့် တျန်းဂျီဂိုဏ်း တည်ထောင်လျှင်ပင် သေခြင်းတရားနှင့် ရင်ဆိုင်ရမည် ဖြစ်ကြောင်း သိထားသည်။

“ကျုပ်လည်း သဘောတူတယ်” ထုံချိန်က တန်းပြောလိုက်သည်။

ကျန်လူများကလည်း အားလုံး သဘောတူကြလေ၏။

အခြားလူများ သဘောတူသည်ကို မြင်၍ ဆရာကြီးဖူကျိက ခေါင်းညိတ်ကာ …

“ဒီလိုဆိုမှတော့ ကျုပ်လည်း သဘောတူတယ်။ အဲဒါဆိုရင် ဒီတိုက်သင်္ဘောကို ဘယ်မှာ ထားကြမလဲ။ အားလုံး စိတ်မရှိရင်တော့ ကျုပ် သိမ်းထားပေးပါ့မယ်။ ကျုပ်က ဒီတိုက်သင်္ဘောကို ဆောက်လုပ်ခဲ့တဲ့ နည်းလမ်းကို လေ့လာချင်သေးလို့ပါ ...”

ကူယာက ဝင်ပြောလိုက်သည်။

“ဆရာကြီးဖူကျိ ... အခု  ကျမတို့ရဲ့ အဓိက ပန်းတိုင်က ကျင့်ကြံဖို့ပဲ။ ကျမတော့ ဒီတိုက်သင်္ဘောကို စီနီယာလော့ဆီ အပ်ခဲ့စေချင်တယ်”

မည်သူမျှ ဘာမျှ မပြောကြပေ။ အားလုံးက ကူယာ စကားများကို သဘောတူကြလေသည်။ မိုဝူကျီက လော့ချွမ်းဟယ်ကို အယုံကြည်ဆုံး ဖြစ်သောကြောင့် ကူယာက ထိုသို့ အကြံပြုလိုက်ခြင်း ဖြစ်ပေ၏။ ဆရာကြီးဖူကျိက မိုဝူကျီကို လေးစားသော်လည်း လော့ချွမ်းဟယ်ကဲ့သို့ သစ္စာရှိမည် မဟုတ်ပေ။

ကူယာက ပြောလိုက်ပြီ ဖြစ်သည့်အတွက် ဆရာကြီးဖူကျိ ထပ်ပြောစရာ မရှိတော့ပေ။ သူက တိုက်သင်္ဘောကို လော့ချွမ်းဟယ်ဆီ ပေးလိုက်သည်။

ဆက်သွယ်ရေး ပုတီစေ့များကို လဲလှယ်ပြီးနောက် အားလုံးက ကိုယ့်လမ်းကိုယ်စီ သွားကြတော့သည်။

***

မိုဝူကျီက ထိုအကာအရံ အက်ကွဲကြောင်းနား မရောက်သေးခင် အခြေအနေကို အကြမ်းဖျင်း နားလည်သွားပေ၏။

အင်မော်တယ် ကူးသန်းရေး သင်္ဘောက ဒီနေရာကို ရှာတွေ့ခြင်းက တိုက်ဆိုင်ခြင်းတော့ မဖြစ်နိုင်ပေ။ ပြောရလျှင် အင်မော်တယ် သင်္ဘောပေါ်မှ တစ်ယောက်ယောက်က အင်မော်တယ်လျို၏ မြေပုံ ရှိပေလိမ့်မည်။ ထိုမြေပုံတွင် ဤအက်ကွဲကြောင်းအကြောင်း အသေးစိတ် ပါဝင်လိမ့်မည်။ သို့သော်လည်း မည်သူကမျှ သူ့အား ဤကိစ္စကို ပြောပြမထားပေ။ ထိုသို့ဆိုလျှင် ဤသတင်း သိသူမှာ အင်မော်တယ်လျိုနှင့် ပတ်သက်၍ သူ့လျို့ဝှက်ချက်များကို ဝေမျှမထားခြင်း မဟုတ်ပါလော။

ထိုမြေပုံက မည်သူဆီ ရှိနေမှန်း မသိသော်ငြား မိုဝူကျီ မှန်းဆမိသလောက် ထိုသူမှာ ဆရာကြီးဖူကျိ  သို့မဟုတ် ထုံညီအစ်ကို ဖြစ်နိုင်ပေသည်။

***

All Chapters