← Chapters

ထွက်လမ်းအတွက် သတ်ဖြတ်ခြင်း

Vol. 32 Ch. 444

ထွက်လမ်းအတွက် သတ်ဖြတ်ခြင်း

Vol. 32 Ch. 444

မိုဝူကျီက ချက်ချင်း ထွက်မသွားသေးပေ။  အင်မော်တယ် ကူးသန်းရေး သင်္ဘောက  ထိုအက်ကွဲကြောင်းထဲ  ဝင်နိုင်လျှင် ထိုနေရာမှာ နောက်တစ်ဖန် ပြန်ပွင့်လာမည် ဖြစ်ကြောင်း ယုံကြည်၏။

အမွေးတိုင်တစ်ဝက်စာ ကြာချိန်ခန့်တွင် မိုဝူကျီက သူ့မှန်းဆချက်မှာ မှန်ကန်ကြောင်း သိလိုက်သည်။ အကြောင်းမှာ အမျိုးမျိုးသော သားရဲများက ဤနေရာဝန်းကျင်၌ လှည့်ပတ် သွားလာနေကြ၍ ဖြစ်သည်။ သူက အများစုကို မမှတ်မိသော်လည်း အနက်ရောင် အုပ်စုလိုက်ကြီးသာ မြင်နေရသည်။ တိမ်မြူပင့်ကူများက အရွယ်အစားမျိုးစုံဖြင့် သောင်းဂဏန်းလောက် ရှိကာ  ယင်မီးတောက် ကင်းခြေများမှာလည်း လက်သန်းလောက်မှ  မီတာတစ်ရာ အရှည်နီးပါး ရှိသည့်အထိ အရွယ်အစားမျိုးစုံ ရှိပေသည်။

ထင်ထားသည့်အတိုင်း သူ မမှတ်မိသည့် သားရဲများစွာလည်း ပါဝင်နေသေးသည်။

ထိုသားရဲများက အင်မော်တယ် ကူးသန်းရေး သင်္ဘော ဝင်သွားသည့် နေရာ၌ စုပြုံနေကြသည်က နောက်တစ်ကြိမ် ပြန်လည်ဖွင့်ရန် စောင့်ဆိုင်းနေဟန် ပေါ်သည်။

မိုဝူကျီက မီးတောက် အကာအရံ အသက်သွင်းလိုက်ပြီး ထိုသားရဲများဆီ ချည်းကပ် သွားလိုက်သည်။ သားရဲမျိုးစုံ ရှိနေသော်လည်း ထိုသားရဲများမှာ အင်မော်တယ် နယ်မြေထဲသာ ဝင်ချင်နေကြသည် ဖြစ်၍ မိုဝူကျီကို ဂရုမစိုက်ကြပေ။ သူ့ကို တိုက်ခိုက်ရန် ကြိုးစားသည့် သားရဲတချို့ ရှိသော်လည်း  မိုဝူကျီလက်ချက်ဖြင့် သေကြေကုန်ကြသည်။

တစ်ရက်တာ အချိန်ကုန်ဆုံး သွားပြီးနောက် မိုဝူကျီက နေရာတစ်ခုလုံး တုန်ခါလာသည်ကို ခံစားမိလိုက်သည်။ ဤကျယ်ပြော ကြီးမားလှသည့် အကာအရံကြီးက အသံများ ထွက်ပေါ်လာပြီး ထိုအကာအရံအတွင်း အက်ကွဲကြောင်း အသေးလေး ပေါ်လာသည်။

သားရဲများနှင့် ပိုးကောင်များ စုပြုံတိုးဝင် သွားသည်ကို မြင်၍ မိုဝူကျီလည် မတုံ့ဆိုင်းနေဘဲ ဝင်လိုက်တော့သည်။ သူ့ကို သားရဲများစွာ ဝန်းရံထားသော်လည်း ထိုအရာမှာ သူ့အတွက် အသက်ရှင်နိုင်မည့် တစ်ခုတည်းသော အခွင့်အလမ်း ဖြစ်၏။ သူက အပြင်ဘက်တွင် ကြာကြာနေလေလေ သေဖို့ရာ အခွင့်အရေး ပိုများလေလေ ဖြစ်သည်။

နက်နဲလွန်းသည့် အင်မော်တယ် စွမ်းအားများ ထွက်ပေါ်လာသည့်အခါ  မိုဝူကျီ   စိတ်ထဲ လေးလံသွားမိသည်။ သူက ဤနေရာမှာ အဘယ်ကြောင့် တစ်ရက်အတွင်း တစ်ခါသာ ပွင့်လာကြောင်း အကြမ်းဖျင်း နားလည်သွားပေ၏။ လူတစ်ယောက်က ထိုသို ပြုလုပ်နေသည် ဆိုပါက ထိုအပြုအမူမှာ ဤစွမ်းအားများကို အင်မော်တယ်လျိုအတွင်း ဝင်ခွင့်ပြုရန် ဖြစ်ပေသည်။

အကြံကြီးလိုက်တာ ... ဘယ်လိုမျိုး အင်အားစုက ထိုသို့မျိုး စဉ်းစားနေသည်ကိုတော့ မသိနိုင်ချေ။

မိုဝူကျီက စိတ်အတွင်း၌ တုန်လှုပ် သွားသော်လည်း ရပ်မနေဘဲ ချီသွေးကြော ၁၀၇ ခုလုံးကို ပြောင်းပြန် လှည့်ပတ်ခြင်း ကျင့်စဉ်အတိုင်း ကျင့်ကြံလိုက်သည်။ သူက လေလွတ်မြောက်ရေး နည်းစနစ်ကိုလည်း အဆုံးစွန်ထိ လုပ်ဆောင်လိုက်သည်။

“ဘုန်း” မိုဝူကျီက မြေကမ္ဘာအင်မော်တယ် အဆင့် ၁၀ ထိပ်ဆုံး ရောက်နေလေပြီ။ ယခု သူက ထိုသို့မျိုး ပေါကြွယ် အားကောင်းလှသည့် စွမ်းအားများနှင့် ထိတွေ့လိုက်သည့်အခါ အတားအဆီးများ ကျိုးပျက်သွားပြီး မြေကမ္ဘာအင်မော်တယ် အဆင့် ၁၁ သို့ ရောက်ရှိ သွားတော့သည်။

မြေကမ္ဘာ အင်မော်တယ်အဆင့် ၁၁ ရောက်ပြီးသည့် နောက်တွင် မိုဝူကျီ၏ သဘာဝစွမ်းအားများ ပိုမို ထွက်ပေါ်လာကာ သူ့နှုန်းမှာလည်း ပိုမို မြန်ဆန်လာသည်။

သူ့မီးတောက် အကာအရံမှာလည်း သူရှေ့နောက်တွင် ရှိနေသော ပိုးကောင်များကို ပြာအဖြစ် ပြောင်းပစ်လိုက်သည်။ ထိုသို့ဆိုလျှင်ပင် မိုဝူကျီက သွားစရာ နေရာ မရှိသေးပေ။

သူ့ရှေ့တွင် တိမ်မြူပင့်ကူများနှင့် ယင်မီးတောက် ကင်းခြေများ အုပ်လိုက် ရှိနေသည့်အပြင်  သူ မမှတ်မိသည့် အကောင်မျိုးစုံလည်း ရှိနေသေးသည်။ သူက ထိုပိုးကောင်များ ဝိုင်းရံခံထားရသောကြောင့် ရွှေ့ပြောင်းစွမ်းရည်ကို မသုံးနိုင်ပေ။ ထိုအကောင်များက သူ့အား ဂရုစိုက်ဘဲ အင်မော်တယ် နယ်မြေဆီ သွားနေသည့် အချက်ကြောင့်သာ မဟုတ်လျှင် မိုဝူကျီက ထိုအကောင်များကြားတွင် အသက်ရှင်နိုင်မည် မဟုတ်ပေ။

အကာအရံမှ အသံထွက်ပေါ် လာသည်ကို ထပ်မံ ကြားလိုက်ရသည့်အခါ မိုဝူကျီက အတော်လေး စိုးရိမ်လာမိသည်။ သူက ဤအက်ကွဲကြောင်းမှာ အသက်ရှူကြိမ် ဆယ်ကြိမ်လောက်အတွင်း ပြန်ပိတ်သွားမည် ဖြစ်ကြောင်း သိထားသည်။

စိတ်ကူးသာ ယဉ်ကြည့်နိုင်ပေသည်။ အကယ်၍ ဘေးနှစ်ဖက်လုံးမှ အကာအရံက ပြန်ပိတ်လာလျှင် ထိုသားရဲများနှင့်အတူ ထိုအကာအရံအတွင်း စိစိညက်ညက် ကြေသွားပေလိမ့်မည်။

သားရဲများကလည်း အန္တရာယ်ကို ခံစားမိသည့်အလား ထိုအက်ကွဲကြောင်းဆီသာ တစ်ရှိန်ထိုး ဆက်ပြေး နေကြသည်။

မိုဝူကျီ၏ စိတ်စွမ်းအားမှ ထိုအက်ကွဲကြောင်းမှာ စတင်ပိတ်နေပြီ ဖြစ်ကြောင်း သတိပြုမိလိုက်သည်။ သူက နောက်ဆုတ်လိုလျှင်ပင် နောက်ဆုတ်၍ မရတော့ပေ။ သူ့နောက်မှ လမ်းမှာလည်း မရေတွက်နိုင်အောင် များပြားသည့် အကောင်များနှင့် ပြည့်နေလေပြီ။

မိုဝူကျီက သူ့တျန်းဂျီတုတ်ကို ထုတ်ကာ တစ်ချိန်တည်း ဆိုသလို အသက်သွေးကို လှုံ့ဆော်လိုက်သည်။ သူ့အင်အား အားလုံးနီးပါးက သူ့တုတ်ဆီ ရောက်ရှိသွားသည်။

“ဘန်း” သူ့တျန်းဂျီတုတ်က နေရာတစ်ခု ပြုလုပ်လိုက်သည်။

မရေတွက်နိုင်လောင်အောင် များပြားနေသည့် တိမ်မြူပင့်ကူများက သူ့တုတ်ရိုက်ချက်ကြောင့် သေကြေကုန်ကြသည်။  သို့သော်လည်း  နောက်အခိုက်အတန့်ပိုင်းလေး၌ ထိုနေရာလပ်လေးတွင်  တိမ်မြူပင့်ကူများနှင့် ယင်မီးတောင် ကင်းခြေများ အုပ်လိုက်ဖြင့် ပြန်ပြည့်သွားလေ၏။

မိုဝူကျီ၏ ၁၀၇ ခုသော ချီသွေးကြော များမှာလည်း အရူးအမူး အပြင်းအထန် လှည့်ပတ်နေကြသည်။ ထိုစဉ်  သူ့ခန္ဓာတစ်ကိုယ်လုံးကို မီးတောက်စိမ်းဖြင့် လွှမ်းခြုံထားလေ၏။

အကယ်၍ သူက လမ်းကို မဖောက်လျှင် ဤပိတ်လာသည့် ကြား၌ ညှပ်၍ သေဆုံးရလိမ့်မည်။ မိုဝူကျီက သူ့တျန်းဂျီတုတ်ကို အသည်းအသန် ဝေ့ယမ်းနေရင်း သူ့ဦးနှောက်ကလည်း ထွက်လမ်း စဉ်းစားနေကာ အဆက်မပြတ် တွက်ချက်နေသည်။ ထိုတိမ်မြူပင့်ကူများနှင့် ပိုးကောင်များက ရွံ့ရှာဖွယ် ကောင်းသော်လည်း ထိုအတွေးကို ဘေးဖယ်ထားလိုက်သည်။

“ခွပ်”  တစ်ခုခု အက်ကွဲ လာသည့်အလား မိုဝူကျီက သူ့ ၁၀၆ ခုမြောက် ချီသွေးကြော ဖြစ်သည့်  တာအိုအသိဉာဏ်ပွင့်ခြင်း ချီသွေးကြောမှ ရုတ်တရက် ဉာဏ်အလင်း ရလာသည်။

မိုဝူကျီက တုံ့ဆိုင်းမနေဘဲ ထိုးခွင်းလိုက်သည်။  ပညာရှင်နှလုံးသားမှ မီးတောက်များက ထိုသိပ်သည်းနေသော သားရဲပိုးကောင်အုပ်ဆီ အရှိန်ဟုန်ပြင်း ဝင်ရောက်သွား၏။ မီးတောက်လမ်းကြောင်း တစ်ခု ဖြစ်ပေါ်လာသည်။ မိုဝူကျီက နောက်ထပ် လျှို့ဝှက်ပညာရပ် တစ်ခုကို ဉာဏ်အလင်းပွင့် သွားကြောင်း သိလိုက်၏။ အကယ်၍ သူ့တွင် လေ့လာဆင်ခြင်ရန် အချိန်ရှိနေပါက ပညာရှင်နှလုံးသားကို အသုံးပြု၍ နိဗာနတုတ် အရိပ်တိုက်ကွက်ကို ဖော်ထုတ်နိုင်လိမ့်မည်။

မီးတောက်လမ်းကြောင်း ဖြစ်ပေါ်လာသည်နှင့် မိုဝူကျီဘေးနားမှ လှိုင်းတွန့်လေးသာ ကျနိရှိခဲ့၏။ မိုဝူကျီက သူ့ရွှေ့ပြောင်းစွမ်းရည် သုံးဖို့ တွန့်ဆုတ်မနေပေ။

သူက နောက်ထပ် တစ်ကြိမ် ထပ်ပစ်လွှတ်လိုက်သည်။ မီးတောက်များက သားရဲပိုးကောင်များကို တိုက်ရိုက် လောင်ကျွမ်း သွားစေ၏။ မိုဝူကျီ နောက်တစ်ကြိမ် ရွှေ့ပြောင်းစွမ်းရည် သုံးလိုက်ပြန်သည်။

မိုဝူကျီက ရွှေ့ပြောင်းစွမ်းရည် ဆက်တိုက် သုံးနေလိုက်သည်။ သူက မတုံ့ပြန်နိုင်ခင် သေဆုံးခြင်း အရိပ်အယောင်များက သူ့အသိစိတ်ထဲ ထိုးဖောက် ဝင်ရောက် လာသည်ကို ခံစားမိလိုက်သည်။

မကောင်းတော့ဘူး။

မိုဝူကျီ စိတ်နှလုံးလည်း အေးခဲလာလေ၏။ ထိုစဉ် သူက နောက်ပြန်ဆုတ်ဖို့ရာ နေရာပင် မရှိတော့ချေ။  သူ့ဆီကို ပြီးဆုံးသွားသည့် ခံစားချက်က အလုံးအရင်းလိုက် ဝင်လာနေသောကြောင့် မိုဝူကျီက ဆက်သွားဖို့သာ ရွေးချယ်လိုက်တော့သည်။ တစ်ချိန်တည်းတွင် သူက တျန်းဂျီတုတ်ဖြင့် ကာကာ သူ့နဖူးကို ကာထားလိုက်သည်။

“ဝှစ်  ... ဖူး ” အလင်းဓားချက်က ဆက်တိုက်ဆိုသလို မိုဝူကျီ ခန္ဓာကိုယ်ထဲ ဖောက်ထွင်း သွားပေသည်။ နာကျင်သည့် အာရုံခံနိင်စွမ်းက သူ့ခန္ဓာကိုယ် တစ်လျှောက် ထိုးဖောက် ဝင်ရောက် လာလေ၏။ မိုဝူကျီက လေထဲမှ ပြုတ်ကျလာကာ မြေကြီးပေါ် ပြင်းထန်စွာ ကျသွားတော့သည်။

“ဘမ်း ” မိုဝူကျီက အင်မော်တယ်လျို အကာအရံ ပိတ်သွားကြောင်း ခံစားမိလိုက်သည်။ သို့သော်လည်း သူက ပျော်ရွင်မနေသလို စိတ်လှုပ်ရှားမနေမိပေ။ သူ ခံစားမိသည့် တစ်ခုတည်းသော အရာမှာ သေခြင်းတရား ဖြစ်ပေသည်။

သူ့နံရိုးများ အားလုံးက ဓားချက်ဖြင့် ထိသွားကာ သူ့ဘယ်ဘက်လက်တွင် အသားနည်းနည်းသာ ကျန်ရှိတော့သည်။ ထိုအရာများမှာ သေစေနိုင်သည့် အရာ မဟုတ်သေးပေ။ ဓားလေးချက်မှာ သူ့ချီသွေးကြော လေးခုကို စုတ်ဖြဲသွားပြီး ဓားနှစ်ချက်မှာ သူ့ဒန်တျန်း ဗဟိုကို ထိုးဖောက်သွားကာ နောက်ဓားတစ်ချက်မှာ သူ့နှလုံးထိပင် ထိုးစိုက်သွားပေသည်။

ထိုအလင်းဓားများက တည်နေရာနှင့် ရည်ရွယ်ချက်ရှိဟန် ပေါ်လေသည်။ သူတို့အားလုံးက သေစေနိုင်လောက်သည့် နေရာများကို ချိန်ရွယ်ထားခြင်း ဖြစ်သည်။ အကောင်းတိုင်း ကျန်ရှိနေသည့် တစ်ခုတည်းသော အရာမှာ သူ့စိတ်နန်းတော် ဖြစ်ပေသည်။ ထိုအရာမှာလည်း သူက တျန်းဂျီတုတ်ဖြင့် ကာကွယ် လိုက်သောကြောင့် ဖြစ်၏။

မိုဝူကျီ စိတ်ထဲ၌ ဝမ်းနည်းမှုများသာ ကြီးစိုးနေပေသည်။ သူက ခေါင်းကို လှည့်လိုက်သည့်အခါ အရိုးစုအပုံလိုက်ကို မြင်လိုက်ရသည်။ ထိုအရိုးစုများမှာ စွမ်းအားတစ်မျိုးကြောင့် အပိုင်းပိုင်း ပြတ်နေသည့်အလား ဖြစ်၏။ ဤနေရာမှာ သေခြင်းတရား နေရာ တစ်ခုသာ ဖြစ်လိမ့်မည်။ အင်မော်တယ် အကာအရံထဲ ရောက်လာပြီးနောက်တွင် ထိုဓားအလင်းများကြောင့် မရှုမလှ သေပွဲဝင်ခဲ့ရခြင်း ဖြစ်ပေသည်။

ဤတစ်ကြိမ်တွင် မိုဝူကျီက အခြေအနေများကို ရှင်းရှင်းလင်းလင်း သိနေလေပြီ။ ထိုအလင်းဓားများမှာ အာကာသ အလင်းဓားများ ဖြစ်ပြီး ဤနေရာတွင် ထိုသို့ဓားမျိုး တပ်ဆင်ထားခြင်းက အသက်ပေါင်းမည်မျှကို နုတ်ယူပြီးသွားပြီလဲ။ အကယ်၍ သူသာ နောက်ဆုံး အခိုက်အတန့်လေး၌ ရွှေ့ပြောင်းစွမ်းရည်ကို မသုံးခဲ့မိလျှင် သူလည်း အလောင်းပင် ကျန်မည် မဟုတ်ပေ။

မဟုတ်သေးပါဘူး ... အင်မော်တယ် ကူးသန်းရေး သင်္ဘောကို တိုက်ခိုက်တာ မမြင်မိလိုက်ပေ။

အင်မော်တယ် ကူးသန်းရေး သင်္ဘောက ဒီနေရာကနေ ဖြတ်ဝင်သွားတာ မဟုတ်ဘူးလား။

မကြာခင်  မိုဝူကျီက နားလည်သွား၏။ အင်မော်တယ် ကူးသန်းရေး သင်္ဘောမှာ မှော်ရတနာ တစ်ခု မဟုတ်ပေ။ ထိုအရာကို အင်မော်တယ်ကျောက်များဖြင့် စွမ်းအား ထောက်ပံ့ ပေးထားရသော်လည်း ဝိညာဉ်စွမ်းအားလှိုင်းများ ထွက်ပေါ်မနေပေ။ ထိုအလင်းဓားများကို လူတစ်ယောက်က  တပ်ဆင်ထားခြင်းသာ ဖြစ်လိမ့်မည်။ ထိုအစီအရင်မှာ ဝိညာဉ်စွမ်းအားလှိုင်း ထွက်ပေါ်နေသော သားရဲ သို့မဟုတ် ကျင့်ကြံသူများကို ပစ်မှတ်ထားပြီး သတ်ပစ်ရန် ဖြစ်သည်။

ထို့ကြောင့်သာ အင်မော်တယ် ကူးသန်းရေး သင်္ဘောက အန္တရာယ်ကင်းကင်း ဖြတ်သွားနိုင်ခြင်း ဖြစ်၏။

အကြည့်နှင့်တင် ဝူယုက အင်မော်တယ် နယ်မြေကို ရောက်မလာသော်လည်း နက်နက်ရှိုင်းရှိုင်း နားလည် သဘောပေါက်ဟန် ပေါ်သည်။

မိုဝူကျီက ကုသဆေးလုံးတချို့ သောက်သုံးချင်သော်လည်း သူ့တွင် စိတ်စွမ်းအား ရှိမနေသလို သဘာဝစွမ်းအားလည်း ရှိမနေချေ။

မိုဝူကျီက ခေါင်းမော့ ကြည့်လိုက်သည့်အခါ ကြည်လဲ့လဲ့ ကောင်းကင်ပြာနှင့် စူးရှတောက်ပနေသည့် နေရောင်ကို ကြည့်လိုက်သည်။ သို့သော် သူ့နှလုံးသားမှာတော့ ဗလာနတ္ထိ ဖြစ်နေ၏။

သူက ဖြည်းဖြည်းချင်း မျက်လုံးပိတ်လိုက်သည်။ သူ့စိတ်ထဲ ဦးဆုံးပေါ်လာသူမှာ ချိန်စုယင် ဖြစ်၏။ သူလည်း မကြာခင် ချိန်စုယင်နှင့် တွေ့ခွင့်ရတော့မည်။

သို့သော် သေဆုံးပြီး နောက်ကမ္ဘာ ရှိနေရဲ့လား။

သူက ယန်အာလည်း မှတ်ဉာဏ်များ ပြန်ရလာပြီး သူမ၏ သခင်လေးကိုများ ရှာနေပြီလားဟု တွေးမိလိုက်သေးသည်။ ပြီးတော့ ထိုအမျိုးသမီးလည်း ပါသေး၏။ ယခုအချိန်အထိ သူ့ကို သတ်လိုက်သည့် အကြောင်းအရင်းကို နားမလည်သေးပေ။

ထိုစဉ် မိုဝူကျီက သူ့ချီသွေးကြော တစ်ခု လှည့်ပတ်လာသည်ကို ရုတ်ခြည်း ခံစားမိလိုက်သည်။

အသက်လမ်းကြောင်းလား။

ထိုအရာမှာ သူ့ ၁၀၇ ခုမြောက် ချီသွေးကြော ဖြစ်သည့် အသက်လမ်းကြောင်း ဖြစ်ပေ၏။

မိုဝူကျီစိတ်ထဲ ဝမ်းသာမိသွားသည်။

သူက ဤသို့မျိုး အရေးကြီးလှတဲ့ ချီသွေးကြောကို မည်သို့များ မေ့နေရတာလဲ။

အသက်လမ်းကြောင်းဖြင့် သူ့တွင် အသက်မျှင်းမျှင်းလေး ကျန်နေသရွေ့ ပြန်လည် ရှင်သန် လာနိုင်လိမ့်မည်။ ထို့အပြင် သူ့၌ အသက်မျှင်းမျှင်းလေးမက ရှိနေသေးသည်။

မိုဝူကျီက အသက်လမ်းကြောင်းကို ထိန်းချုပ်ဖို့ပင် မလိုအပ်ပေ။ သူ့နှလုံးမှာလည်း မြန်မြန်ဆန်ဆန် ပြန်ကောင်းလာနေပြီး သူ့ဒန်တျန်း  ထို့နောက် သူ့ချီသွေးကြောများ …

အချိန်ခဏအကြာတွင် မိုဝူကျီက စိတ်စွမ်းအား အမျှင်လေး ထုတ်ကာ သိုလှောင်လက်စွပ်မှ ကုသဆေးလုံး ပုလင်းကို ထုတ်ယူလိုက်ပြီး မျိုချလိုက်တော့သည်။

ကျိုးနေသော သူ့နံရိုးများမှာလည်း အချင်းချင်း ပြန်ဆက်တွယ်ကာ အလိုလို ပြန်ကောင်း လာကြသည်။ ထိုအရာများမှာ သူ့အသက်လမ်းကြောင်းပင် မလိုအပ်ပေ။ သူ့ကုသဆေးလုံးများဖြင့်  ထိုတာဝန်မှာ  လုံလောက်လေပြီ။

တစ်ရက်တာ အကြာတွင် မိုဝူကျီက မတ်တတ် ရပ်နိုင်သွားသည်။ သူက အဝတ်များကို လဲဖို့ရာပင် စိတ်ထဲ မရှိဘဲ ထော့နဲ့ထော့နဲ့ဖြင့် လျှောက်လာလိုက်သည်။

သူ့မျက်နှာမှ ပျော်ရွှင်နေသည့် အရိပ်အယောင်မှာ ပျောက်ကွယ် သွားလေပြီ။ အသက်လမ်းကြောင်းမှာ အားကောင်းသော်လည်း သူ့ချီသွေးကြောများကိုတော့ ပြန်လည် ကောင်းမွန်လာနိုင်စွမ်း မရှိချေ။ ကျန်ဒဏ်ရာများမှာ သက်သာ ပျောက်ကင်းသွားပြီ ဖြစ်သော်လည်း သူ့ချီသွေးကြော လေးခုမှာ နဂိုအတိုင်း ကျန်ရှိနေဆဲ ဖြစ်သည်။

ထိုချီသွေးကြော လေးခု မပါရှိဘဲ သူ့အတွက် ကျင့်ကြံဆင့် ပြန်ရရန် ခက်ခဲလှပေသည်။ တစ်ရက်ကျ ကျန်ရှိနေသော ချီသွေးကြော ၁၀၃ ခုအတွက် ထိုချီသွေးကြော လေးခုကို မလိုအပ်ကောင်း မလိုအပ်နိုင်ပေမဲ့ သူ့ကျင့်ကြံဆင့်မှာ မြေကမ္ဘာ အင်မော်တယ်အဆင့် ၁၁ တွင်သာ ရှိနေပြီး နောက်ထပ် အဆင့်တက်နိုင်တော့မည် မဟုတ်ချေ။

အရေးကြီးဆုံး အရာမှာ ဤနေရာမှာ အင်မော်တယ်နယ်မြေ ဖြစ်ပေသည်။ အင်အားမရှိလျှင် သူက သေခြင်းတရားကို ထိုင်စောင့်နေသလိုသာ ဖြစ်လိမ့်မည်။ ဤနေရာတွင် သိပ်သည်းသော ဝိညာဉ်စွမ်းအားများ ရှိနေသော်လည်း သူနှင့်တော့ လုံးဝ မသက်ဆိုင်တော့ချေ။

နှစ်ရက်အကြာတွင် မိုဝူကျီက အဝတ်အသစ် လဲဝတ်လိုက်လေ၏။ သူက သာမန် သေမျိုးတစ်ယောက် ဖြစ်လာသည်။ စိတ်စွမ်းအား မျှင်းမျှင်းလေး ရှိနေသည့် အချက်မှ လွဲ၍ သူက သေမျိုးတစ်ယောက်နှင့် မခြားနားပေ။

***

All Chapters