စာစဉ်(၁၄) အပိုင်း(၁၀)
Vol. 14 Ch. 10
အခန်း(၁၉၂) လုံခြုံရေးဗျူရို
ကားမောင်းသူ၏ကြွက်သားများမှာ သူ၏ခန္ဓာကိုယ်မှ ရုန်းထွက်မတတ် ကြွထနေသော်လည်း ရုပ်ပြောင်းထားသည့် တားဟေး၏အသွင်ပြင်နှင့် ယှဉ်နိုင်ရန် ဝေးကွာလှသည်။ သို့သော် သာမန်လူများနှင့် ယှဉ်လျှင်တော့ သူက ပို၍သန်မာ၏။
ထိုအမျိုးသား၏နာမည်မှာ အန်ဆန်းဖြစ်သည်။ သူသည် အပြင်အားအဆင့်တွင် နှစ်ပေါင်းများစွာကြာအောင်လေ့ကျင့်ခဲ့ပြီး အဓိကအားဖြင့် သူ၏ရုပ်ပိုင်းဆိုင်ရာခွန်အားကို အသားပေးလေ့ကျင့်ခဲ့သည်။ သူသည် ဟောင်ကောင်လုံခြုံရေးဗျူရိုသို့ လွန်ခဲ့သည့် သုံးနှစ်က ဝင်ရောက်ခဲ့သည်။သူသည် ဒေါသကြီးကာ ပြဿနာကို လက်သီးဖြင့်ဖြေရှင်းတတ်ပြီး ဖြောင့်မတ်ရိုးသားသည့် ကိုယ်ရည်ကိုယ်သွေးရှိသောကြောင့် လအနည်းငယ်အတွ၍်း လုပ်ဖော်ကိုင်ဖက်များနှင့် ရင်းနီးလာခဲ့သည်။
ပိန်ပိန်ပါးပါးနှင့် ရှေ့ခရီးသည်ထိုင်ခုံမှလူမှာ ဟဲဖုန်းဖြစ်ပြီး သူသည် လျင်မြန်မှုနှင့် တိုက်ခိုက်မှုတွင် ကျွမ်းကျင်သောကြောင့် နာမည်ကြီးသည်။
နောက်ထိုင်ခုံမှ အမျိုးသမီးသည်တော့ လန်ယွဲ့ဟုခေါ်ပြီး ခြေရာခံခြင်းနှင့် လုပ်ကြံသတ်ဖြတ်ခြင်းတွင် ကျွမ်းကျင်သည်။ သူမသည် အနီးကပ်တိုက်ခိုက်ရာတွင် အားနည်းသော်လည်း လက်နက်ကျွမ်းကျင်မှုတွင် အမျိုးသားနှစ်ယာက်ထက် သာလွန်သည်။
ဟဲဖုန်းသည် အန်ဆန်း၏စကားကို ကြားသည့်အခါ ပြုံးကာ ပြောသည်။
“သူတို့က ချဲ့ကားပြောနေတာ သေချာတယ်။ လက်နက်ပြီးတဲ့သူတစ်ယေက်။ ဘယ်လိုမာစတာမျိုးက လက်နက်ပြီးနိုင်မှာလဲ။ အဲ့ဒါက အမှန်ဆိုရင် သူက အထွတ်အထိပ်အဆင့်ရဲ့ ကန့်သတ်ချက်ကို ရောက်ရှိပြီး တစ်ချိန်တည်းမှာပဲ ရုပ်ခန္ဓာနဲ့ပက်သတ်တဲ့ နည်းစနစ်တွေမှာ ကျွမ်းကျင်တဲ့သူဖြစ်ရမယ်။ ဒီလိုမာစတာမျိုးက ဘယ်လိုလုပ် ထွက်ပေါ်လာပြီးတော့ မြေအောက်ဂိုဏ်းတစ်ချို့ရဲ့ ခေါင်းဆောင်လေးတစ်ယောက်ကို သတ်ပစ်မှာလဲ။ တာဝန်ခံရဲတွေက ချဲ့ကားပြောနေတာပဲ။ သူတို့က မြန်မြန်ဆောင်ရွက်ပေးစေချင်လို့ဖြစ်မှာ။ သူတို့ပြောတာကို မင်းက တကယ်ယုံလို့လား”
ထိုစကားကို ကြားသည့်အခါ အန်ဆန်း၏အမူအရာမှာ တ်န့သွားပြီး နှာခေါင်းရှုုံ့ကာ “အမှန်ဖြစ်တော့ရော ဘာဖြစ်လဲ။ ငါ့တို့ကိုခေါ်တဲ့လူပြောတာက အဲဒီလူက အရပ် ၂ မီတာရှိပြီး အာရှဝက်ဝံနက်တစ်ကောင်နီးပါးရှိတယ်ပြောတယ်။ သူက လုံးဝ ပုံမှန်မဟုတ်ဘူး။ အမှန်သာဆိုရင် ငါ သူ့ဆီက လေ့ကျင့်နည်း အကြံဉာဏ်တောင်းရမယ်”
“မင်းက တကယ်အရူးပဲ။ အဲ့လိုအမှန်သာဆိုရင် ငါတို့သုံးယောက်က သူ့အတွက် စာမဖွဲ့လောက်ဘူးလေ။ လူသန်ကြီးက ခဏလေးပဲ ပေါ်လာပြီး ပျောက်သွားတယ်လို့ ပြောကြတာ။ ဟောင်ကောင်က ထွက်သွားတာလဲ ဖြစ်နိုင်တာပဲ။ ငါတို့ကို လွှတ်လိုက်တာက ဒီကိစ္စကို စုံစမ်းဖျို့နော်။ ကိုယ့်ကိစ္စကိုယ် ဦးစားပေးမနေနဲ့” ဟဲဖုန်းက နှုတ်ခမ်းများမဲ့သွားကာ ပြောသည်။
“တော်စမ်းပါကွာ” အန်ဆန်က မကျေမနပ်ပြောလိုက်သည်။
ဟဲဖုန်းသည် ဘာကြောင့် ကောင်မလေးတစ်ယောက်လို ပွစိပွစိပြောနေရသည်ကို သူ နားမလည်နိုင်ချေ။ မဟုတ်သေးဘူး။ ကောင်မလေးထက်ပင် ဆိုးသေးသည်။ နောက်ခုံတွင် ထိုင်နေသည့် လန်ယွဲ့မှာ တစ်ချိန်လုံး တိတ်ဆိတ်နေသည်ကို သူ မတွေ့မိဘူးလား။
“ကောင်းပြီ။ ငါတို့အဲ့ကိုရောက်တဲ့အခါ နည်းနည်းပါးပါးပြောကြည့်တာပေါ့။ အဲ့မှာ စီစီတီဗီ ဗီဒီယိုတစ်ခုရှိတယ်။ အဲ့ဒါကို ကြည့်လိုက်တာနဲ့ ဘာတွေဖြစ်နေသလဲဆိုတာ သိလိမ့်မယ်။ ဒီကိစ္စကို ကိုင်တွယ်ပြီးရင် လောင်ဆန်း ငါ မင်းကို ကလပ်မှာ ပျော်စရာလေးတွေ ဖန်တီးပေးမယ္။ မင်းအတွက် ရင်ခုန်စရာ ရိုမန့်ညလေးတစ်ညတောင် ဖြစ်သွားနိုင်တယ်…” နောက်ဆုံးတွင် ဟဲဖုန်းသည် ယောက်ျားများအားလုံးကို နားလည်သည့်ဟန် ပြောလိုက်သည်။
“ဟဲဟဲ…” အန်ဆန်းက ပြုံးလိုက်သည်။
နှစ်ယောက်သား ရယ်မောနေရင်း ရုတ်တရက် အေးစက်လာသလိုခံစားလိုက်ရပြီး နောက်ကြည့်မှန်မှတဆင့် လန်ယွဲ့ကို အမြန်ကြည့်လိုက်မိကြ၏။ သူမ၏အမူအရာမှာ အလွန်အေးစက်နေပြီး မျက်လုံးများမှာ အနက်ရောင်မျက်မှန်ဖြင့် ပိတ်ကွယ်ထားသော်လည်း နေကာမျက်မှန်အောက်မှ သူမ၏အေးစက်စက်အကြည့်များကို သူတို့နှစ်ယောက် ခံစားမိကြသည်။
“အရှက်ကို မရှိဘူး” လန်ယွဲ့က ရုတ်တရက် စကားလုံးအနည်းငယ် ထုတ်ဖော်ပြောလိုက်၏။
တကယ်တမ်းတွင် သူမက ဟဲဖုန်းအား ရည်ရွယ်ကာ ပြောလိုက်ခြင်းဖြစ်သည်။ အန်ဆန်းသည် မူလက အလွန်ရိုးသားသည့်သူဖြစ်သော်လည်း ဟဲဖုန်းနှင့် တွဲလိုက်သည့်အချိန်မှစ၍ သူသည် ပို၍ပျက်စီးလာလေသည်။
“ရှောင်ယွဲ့ ငါ နင့်ကို ကောင်လေးချောချောလေးတစ်ယောက်ယောက်နဲ့ မိတ်ဆက်ပေးမယ်လေ ဘယ်လိုလဲ။ ငါတို့ရုံးချုပ်နားမှာ ဗန်နျူး(Venue - ကလပ်ကဲ့သို့သော နေရာ)အသစ်တစ်ခုဖွင့်တယ်လို့ငါကြားတယ်။ အဲ့ဒီမှာ…”
“သွားစမ်းပါ” လန်ယွဲ့ကာ အော်လိုက်သည်။
ဟဲဖုန်းက ၎င်းကို စိတ်ထဲမထားပေ။ သူတို့သုံးဦးသည် မစ်ရှင်များစွာကို အတူတူလုပ်ဆောင်ခဲ့ပြီး ဆက်ဆံရေးကောင်းမွန်ကြသည်။ သူတို့နှစ်ယောက်သည် မစ်ရှင်တိုင်းတွင် အာရုံများနေတတ်သည့်အတွက် မစ်ရှင်ပြီးတိုင်း သူမ ခဏလောက် စိတ်ဆိုးလေ့ရှိကြောင်း သူတို့သိရှိသည်။ြ
တစ်နာရီခန့် မောင်းသွားပြီးနောက်တွင် လူတိုင်း၏မျက်လုံးများကို ဖမ်းစားနေသည့် ဟမ်းမားကားလေးသည် ရဲစခန်းဝင်ပေါက်တွင် တန်း၍ ရပ်သွား၏။
“ဟေး ဒီမှာ ကားရပ်လို့မရဘူး မင်းဘယ်သူလဲ” လုံခြုံရေးတစ်ယောက်သည် ကားပေါ်မှ လူသုံးယောက်ဆင်းလာသည်ကို မြင်တော့ သူ့ဆီလျှောက်လာပြီး အေးစက်စက်အသံဖြင့် မေးလိုက်သည်။
“ငါတို့က ဒီနေရာမှာ ရပ်ရတာကိုပဲ ကြိုက်တယ်”
အန်ဆန်းက ဟဲဖုန်းအား စိုက်ကြည့်လိုက်ပြီး အိတ်ကပ်ထဲမှ လက်မှတ်တစ်ခုကို ထုတ်လိုက်သည်။ “လုံခြုံရေးဗျူရို” ဆိုသည် စာလုံးမည်းကြီးများကို မြင်လိုက်ရသည့်အတွက် လုံခြုံရေးအစောင့်မှာ ထိတ်လန့်သွားသည်။
လုံခြုံရေးဗျူရို၏အဓိပ္ပာယ်ကို အတိအကျမသိသော်လည်း လုံခြုံရေးဗျူရိုမှလူများသည် အထူးတပ်ဖွဲ့များထက်ပင် ပို၍ အဆင့်အတန်းမြင့်မားကြောင်း သူတို့သိကြသည်။ သူတို့သည် ထိပ်ပိုင်းခေါင်းဆောင်များနှင့် အတူတူပင်။ ထို့ကြောင့် ဒါရိုက်တာပင်လျှင် သူတို့အား ပြစ်တင်ကြိမ်းမောင်းခွင့်မရှိချေ။
“ဒီမှာ ရပ်လို့ရပါတယ်။ ရပ်ပါ အဆင်ပြေပါတယ်ခင်ဗျ” လုံခြုံရေးမှာ ခေါင်းကို အကြိမ်ကြိမ်ညိတ်ကာ ပြောသည်။
လူသုံးယောက်မှ သူ့အား လျစ်လျူရှုပြီး ရုံးခန်းအဆောက်ဦးဆီသို့ တန်း၍ လျှောက်သွားကြသည်။
“ဟူး…ရှစ်ထ်။ လုံခြုံရေးဗျူရိုကလူတွေ ဒီကို တကယ်ကြီး ရောက်လာတာပဲ။ သူတို့က အရမ်းမိုက်တယ်။ အံ့ဩစရာပဲ။ အဲ့ဒီမိန်းကလေးက အရမ်းလှတာပဲ” လုံခြုံရေးအစောင့်က တိုးတိုးလေးရေရွတ်လိုက်ပြီး အခြားသူများအား အဖြစ်အပျက်ကို ပြောပြရန် အင်တာကွန်းကို ထုတ်ယူလိုက်သည်။
နောက်ဆုံးတွင် သုံးယောက်လုံး ဒါရိုက်တာရုံးခန်းသို့ ချောချောမွေ့မွေ့ ရောက်လာကြသည်။
“ကျေးဇူးပြုပြီး ထိုင်ပြီဂ လက်ဖက်ရည်သုံးဆောင်ပါဦးရှင့်။ ခဏနေရင် ဒါရိုက်တာ ပြန်လာတော့မှာပါ” အတွင်းရေးမှူးမလေးက သူတို့သုံးယောက်အတွက် လက်ဖက်ရည်ဖျော်ပေးကာ ပြောသည်။
“အလှလေး ဒါရိုက်တာက ဘယ်သွားတာလဲ” ဟဲဖုန်းက လက်ဖက်ရည်သောက်ရင်း ပြုံးကာ မေးသည်။
“ဒါရိုက်တာက အစည်းအဝေးရောက်နေလို့ပါ။ နာရီဝက်အတွင်း ပြီးတော့မှာပါရှင့်” အတွင်းရေးမှူးမလေးက ပြန်ဖြေသည်။
“အိုး..နာရီဝက်လား။ ငါတို့ စောင့်နိုင်ပါတယ်။ ဘာလို့ မင်း ငါတို့နဲ့အတူထိုင်ပြီး စကားမပြောတာလဲ” ဟဲဖုန်းက အတွင်းမှူးအား ကြည့်ကာ ပြုံးပြုံးလေး ပြောသည်။
သူ၏အမူအရာနှင့် အပြုအမူမှာ ပုံမှန်ဖြစ်ပြီး ပရောပရည်လုပ်သည့်ပုံစံမဟုတ်ပေ။ သူသည် အချိန်မြန်မြန်ကုန်သွားစေရန် သူမနှင် စကားစမြည်ပြောလိုခြင်းဖြစ်၏။
ဟဲဖုန်းသည် သာမန်ယောက်ျားလေးတစ်ယောက်ဖြစ်ပြီး မိန်းကလေးများနှင့် ပရောပရည်လုပ်ရသည်ကို နှစ်သက်သော်လည်း မလုပ်ရဲချေ။ သူစကားပြောသည့်အခါ အလွန်ရိုးရှင်းလွန်းလေသည်။ ချောမောသည့်မိန်းမလှလေးများထံ ရောက်လာသည့်အခါတွင် သူ တကယ်ချစ်မြတ်နိုးသည့် သူကို သာရှာဖွေခဲ့၏။ အကယ်၍ မိန်းကလေးများကို ပွေရှုပ်ရန်သာ အာရုံစိုက်နေပါက သူ့အား လုံခြုံရေးဗျူရိုက လက်ခံမည်မဟုတ်ချေ။
သို့သော် သူ့တွင် မကောင်းသည့်ရည်ရွယ်ချက်ရှိနေခဲ့လျှင်လည်း သူ၏ဘေးနားမှ မျက်နှာသေဖြင့်ရှိသော မိန်းကလေးက သူ့အား အခွင့်အရေးမပေးချေ။ လန်ယွဲ့သည် နေကာမျက်မှန်ကို ချွတ်လိုက်ပြီး သူမ၏စွဲဆောင်မှုရှိသည့် ဖီးနစ်မျက်လုံးများကို လှစ်ဟာပြသလိုက်သည်။ သူမသည် မျက်ခုံးကို အနည်းငယ် ပင့်လိုက်ကာ အတွင်းရေးမှူးမလေးအား ကြည့်လိုက်ပြီး အေးစက်စက်ပြောလိုက်သည်။
“ငါတို့မှာ အချိန်အကန့်အသတ်ရှိတယ်။ ဒီမှာ စောင့်နေပြီး အချိန်ဖြုန်းလို့မရဘူး။ မင်းရဲ့ဒါရိုက်တာကို ချက်ချင်းအကြောင်းကြားလိုက်ပါ”
“ဒါက…” အတွင်းရေးမှူးမလေးမှာ ကို့ယို့ကားယားဟန်ဖြစ်သွားသည်။
“သူမက မင်းကို သွားပြောခိုင်းနေတာ။ ပြောတဲ့အတိုင်းလုပ်သင့်တယ်။ ငါတို့ ဒီမှာ ရောက်နေတဲ့အကြောင်း သူ့ကို ပြောရုံပဲ” အန်ဆန်းက သူမအား လက်ဝှေ့ယမ်းပြလိုက်သည်။
“ဟုတ်ကဲ့ပါ” အတွင်းရေးမှူးမှာ တွန့်ဆုတ်စွာဖြင့် ခေါင်းညိတ်ကာ ထွက်သွား၏။
အတွင်းရေးမှူးသည် အစည်းအဝေးခန်းထဲသို့ လျှောက်သွားသည်။ အစည်းအဝေးဆက်လုပ်နေသော်လည်း ဒါရိုက်တာသည် အတွင်းရေးမှူးအား တွေ့သည်နှင့် စကားရပ်လိုက်ကာ သူမအား ကြည့်သည်။
အတွင်းရေးမှူးက ဒါရိုက်တာထံ အမြန်လျှောက်သွားပြီး ခေါင်းငုံ့က တိုးတိုးလေး ပြောလိုက်သည်။
“ဒါရိုက်တာ။ လုံခြုံရေးဗျူရိုကလူသုံးယောက် ရောက်နေတယ်။ သူတို့က ဒါရိုက်တာကို အမြန်ဆုံးလာတွေ့စေချင်နေတယ်ဂ
“အင်း”
၎င်းကိုကြားတော့ ဒါရိုက်တာက ခေါင်းညိတ်လိုက်ပြီး စားပွဲပေါ်မှ ဖိုင်ကို ပိတ်ကာ “ငါပြောထားတာတွေကို အမြန်ဆုံးလုပ်ပါ။ ဒီနေ့အတွက် အစည်းအဝေးက ဒီလောက်ပဲ”
“ဒါရိုက်တာ အန်းလန်တံတားကိစ္စကို ဘယ်လိုလုပ်ရမလဲ မပြောရသေးဘူး”
“မင်း အဆင်ပြေသလို ကြည့်လုပ်လိုက်”
ပြောပြီးသည်နှင့် ဒါရိုက်တာမှာ အမြန်ထွက်သွားရာ အခန်းထဲရှိ လူတစ်ရာကျော်သည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြ၏။ ဒါရိုက်တာက အစည်းအဝေးတန်းလန်းကြီး ထွက်သွားတာလား။ ဒါက နှစ်နှစ်အတွင်း ပထမဆုံးအကြိမ်ပဲ။
“မင်္ဂလာပါ ကျုပ်က ဒုန်ရှန်းချွမ်ပါ”
ဒါရိုက်တာက ရုံးခန်းကို ရောက်သည်နှင့် လူသုံးယောက်အား အပြန်လှန်ကြည့်ကာ နှုတ်ဆက်သည်။
“မင်္ဂလာပါ ဒါရိုက်တာဒုန်” ဟဲဖုန်းက ခေါင်းညိတ်ကာ လေးနက်သည့်အကြည်ဖြင့် “ဒါရိုက်တာဒုန်။ လဆန်းပင်လယ်ကွေ့မှာရှီတဲ့ ဇိမ်ခံစံအိမ်ကြီးမှာ ဖြစ်ပျက်ခဲ့တာနဲ့ ပတ်သက်ပြီး အသေးစိတ်ပြောပြပေးပါဦး”
“စံအိမ်ကြီးရဲ့အဖြစ်ပျက်က တော်တော်လေး ရှုပ်ထွေးတယ်…” ဒုန်ရှန်းချွမ်၏အမူအရာမှာ တန့်သွားသည်။
အခြေအနေအား ဆက်လက်ရှင်းပြနေချိန်တွင် အန်ဆန်းက လက်ဖက်ရည်ခွက်ကို ချကာ “အချိန်ဖြုန်းမနေနဲ့တော့။ စောင့်ကြည့်ကင်မရာ ဗီဒီယို မရှိဘူးလား။ အဲ့ဒါကို အမြန်ဆုံးကြည့်ဖို့ လိုတယ်။ ကျုပ်ခင်ဗျားကို သတိပေးလိုက်မယ်။ တတယ်လို့ ဒီကိစ္စမှာ လက်နက်ပြီးတဲ့သူ မပါလို့ရှိရင် ကျုပ်စိတ်တိုမှာနော်”
“အမ်” ဒုန်ရှန်းချွမ်မှာ အနည်းငယ် လန့်သွား၏။ ဤလူသန်ကြီးက ဒေါသကြီးသည့်ပုံပင်။
“ဒါရိုက်တာ ကျွန်မသူငယ်ချင်းက စိတ်မြန်လက်မြန်ရှိလို့ပါ။ စိတ်ထဲမထားပါနဲ့” လန်ယွဲ့က အနည်းငယ် ခေါင်းညိတ်ကာ ပြောသည်။
မာစတာများအားလုံးသည် ဂုဏ်ဝင့်ကြ၏။ သို့သော် သူတို့သည် ယခု အခြားသူ၏နယ်မြေတွင် ရှိနေသည့်အတွက် လေးစားမှုတချို့ပြရန် လိုအပ်ပေသည်။
“အာ…ဟုတ်ကဲ့ ဗီဒီယိုကို အရင်ကြည့်လိုက်ရအောင်ပါ” ဒုန်ရှန်းချွမ်လည်း စိတ်ထဲမထားပေ။ သူက လက်ပ်တော့တစ်လုံးကို ယူလိုက်ပြီး သူတို့သုံးယောက်ရှေ့သို့ ချပေးကာ ဗီဒီယိုကို ဖွင့်ပြလိုက်သည်။
“သောက်ကျိုးနည်း။ ဒီကောင်ကြီးက ဘယ်လိုတောင် ထွားကျိုင်းလိုက်တာလဲ” ပန်ဒါကားပေါ်က ဆင်းလာသည့် တာဟေးကို မြင်လိုက်ရသည့်အခါ အန်ဆန်းမျက်လုံးများတောက်ပသွားသည်။ ရုန်းကြွနေသည့် ကြွက်သားများကို ကြည့်ရင်း အန်ဆန်းမှာ အနည်းငယ် ထိန်လန့်သွား၏။
“စကားမပြောနဲ့။ အသာကြည့်စမ်းပါ” ဟဲဖုန်းက သတိပေးသည်။
သူနှင့်လန်ယွဲ့မှာလည်း လေးနက်နေကြသည်။ ပရော်ဖက်ရှင်နယ်များက လှည့်ကွက်ကို ရှာဖွေနေစဉ် လူပြိန်းကတော့ မမြင်ဖူးသည့်အရာများတွင် နစ်မွန်နေသည်။ တာဟေးကို တွေ့လိုက်ရသည်နှင့် ဤသည်က ရိုးရှင်းသည့်ကိစ္စမဟတု်ကြောင်း သူတို့ ချက်ချင်း သဘောပေါက်လိုက်ကြသည်။
သို့သော် တာဟေး၏လှုပ်ရှားမှုများကို တွေ့လိုက်ရသည်တွင် အားလုံး ရှော့ရကုန်ကြ၏။ သူသည် တကယ်ကို လက်နက်ပြီးသူတစ်ယောက်ဖြစ်ကြောင်း တွေ့လိုက်ရည့်အခါ မျက်လုံးများ ပြူးကျယ်ကုန်ကြသည်။
“ငါ့လခွီးတဲ့မှ။ စောက်ကျိုးနည်း သူက တကယ်ကြီး လက်နက်ပြီးတဲ့သူပဲ။ ဘုရားရေ… သူက သေချာပေါက် မာစတာတစ်ယောက်ပဲ။ သေလိုက်ပါလား။ ငါတို့သုံးယောက်က သူ့အတွက် အယားတောင်ပြေမှာ မဟုတ်ဘူး။ ငါတို့ သူ့တစ်ချက်တည်းနဲ့တင် သေကုန်မှာပေါ့။ ပြီးတော့ အဲဒီခွေး။ ငါ့လခွမ်း သူက ငါ့ထက်တောင် မြန်နေတာလား။ ငါတို့ကို သူတို့နဲ့တိုက်ခိုက်ဖို့ အကြံပေးတာကတော့ ရယ်စရာမကောင်းလွန်းဘူးလား”
ဤအချိန်တွင် ဖန်သားပြင်ကို စိုက်ကြ့်ရင်း အော်ဟစ်နေသူမှာ စောစောက အန်ဆန်းအား တိတ်တိတ်နေရန် သတိပေးသည့် ဟဲဖုန်းပင်။
သူတို့၏ကပ္ပတိန်ပင်လျှင့် အတွင်းအားအဆင့်သာရှိသေး၏။ ဗီဒီယိုထဲကလူသည် အတွင်းအားအဆင့်ထက်ပင် ပို၍ သန်မာသည့်ဟန်ရှိသည်မှာ ထင်ရှားသည်။ မဟုတ်လျှင်တောင် သူ၏မယုံနိုင်စရာ ခုံခံနိုင်စွမ်းဖြင့်ဆိုပါက အတွင်းအားအဆင့်သိုင်းပညာရှင်တောင် သူ့အား အလဲထိုးနိုင်မည်မဟုတ်ချေ။
“သူ့ရဲ့ ခုခံအားက အထွတ်အထိပ်အဆင့်ရဲ့ကန့်သတ်ချက်ကို ကျော်လွန်နေတဲ့ပုံပဲ။ ငါတို့ ဘော့စ်ကပဲ သူနဲ့ တိုက်ခိုက်နိုင်စွမ်းရှိမှာ” လန်ယွဲ့က သက်ပြင်းချရင်း အံ့ဩစွာ ပြောသည်။
“အစက သူနဲ့ တိုက်ခိုက်ဖို့ ကြံစည်ထားတာ။ အခု ဘယ်လိုလုပ် တိုက်ရတော့မှာလဲ။ သူက ငါ့ထက် နှစ်ဆတောင် ပိုကြီးနေတယ်” အန်ဆန်းမှာ ဝမ်းနည်းစွာေ ပြာသည်။
ကွာခြားချက်က ကြီးမားလွန်းနေသည်။
“ဒါရိုက်တာ ဘာတွေဖြစ်နေတာလဲ။ ကျုပ်တို့ကို အသေးစိတ်ပြောပြပါ။ ကျုပ်တို့သုံးယောက် ဒီကိစ္စကို ဝင်ပါလို့ မရဘူး”
ငါးမိနစ်အကြာတွင် ဟဲဖုန်းမှာ ပြန်လည် တည်ငြိမ်လာသည်။ သူသည် လက်ဖက်ရည်တစ်ကျိုက်သောက်လိုက်ပြီး ဒုန်ရှန်းချွမ်အား ကြည့်ကာ ရယ်မောလိုက်သည်။
“ဟားဟားဟား…”
ဒါရိုက်တာဒုန်မှ သူတို့သုံးယောက်၏ အံ့ဩမှင်တက်နေပုံကို မြင်လိုက်ရသည့်အတွက် နည်းနည်း ပျော်ရွှင်သွား၏။ သူတို့ရဲ့မာနတွေ ဘယ်ရောက်ကုန်ပြီလဲ။
သို့သော် ဤကိစ္စအား ဖြေရှင်းရန် လိုအပ်နေသေးသည်။ ဒုန်ရှန်းချွမ်က အသာချောင်းဟမ့်လိုက်ပြီး “သူက လုံခြုံရေးဗျူရိုကို ဆက်သွယ်ရတဲ့ အကြောင်းအရင်းပဲ။ ကျုပ်မိတ်ဆွေတစ်ယောက်က ဒီဗီဒီယိုကို ကြည့်ပြီးတော့ အဲ့ဒီလူသန်ကြီးက အတွင်းအားအဆင့်သိုင်းပညာရှင်ဖြစ်လိမ့်မယ်လို့ ခန့်မှန်သွားခဲ့တယ်။ သူက ရုပ်ခန္ဓာဆိုင်ရာနည်းစနစ်တွေကို လေ့ကျင့်ထားခြင်းမရှိရင် ဒီလောက်သန်မာနေမှာမဟတ်ဘူး။ အတွင်းအားအရပြောမယ်ဆို သူက ထင်သလောက် ကြောက်ဖို့မကောင်းဘူး ဆိုပြီး ပြောသွားတယ်”
သို့သော် နည်းပြလျို၏ ဤမှတ်ချက်စကားများသည် အတိတ်က အရာတစ်ခုသာဖြစ်ကြောင်း သူတို့မသိခဲ့ကြပေ။ နည်းပြလျိုသည် လဆန်းတောင်ပေါ်တွင် အရှက်သိက္ခာကုန်သွားလောက်သည်အထိ တဟေး၏ရိုက်နှက်ခြင်း ခံခဲ့ရလေသည်။
-အခန်း(၁၉၂) ပြီး