← Chapters

အိမ်တော်သခင်မ မိန်းမလှလေး

Vol. 33 Ch. 450

အိမ်တော်သခင်မ မိန်းမလှလေး

Vol. 33 Ch. 450

မိုဝူကျီ အမူအရာက  မသက်မသာ ဖြစ်လာကာ  …

“ကျုပ်က အမြဲတမ်း ဥယျာဉ်မှူး လုပ်ခဲ့ပြီးတော့ အဆင့် ၁ အင်မော်တယ် ဆေးပင်တွေကိုပဲ သန့်စင်ခဲ့ရတာဆိုတော့ အဆင့် ၂ အင်မော်တယ် ဆေးပင်တချို့ တွေ့ဖူးပေမဲ့ အတော်လေး ရှားတယ်”

ဆေးလုံးဆရာတိုင်းက မိုဝူကျီ ရှင်းပြချက်ကို သံသယ မဝင်ကြပေ။ အကြောင်းအရင်းမှာ ဥယျာဉ်မှူး တစ်ယောက်၏ အဆင့်အတန်းမှာ အလွန်နိမ့်ကျ၍ ဖြစ်သည်။ သူတို့အားလုံးမှာ ဆေးလုံးဆရာများ ဖြစ်ပြီး သူတို့အလုပ်မှာ ခက်ခဲ ကြမ်းတမ်းသော်လည်း သူတို့အဆင့်အတန်းမှာ ဥယျာဉ်မှူးထက် မြင့်ပေ၏။ ဥယျာဉ်မှူး တစ်ယောက်၏ လစာမှာ အများဆုံး အဆင့် ၂ ဆေးပင်ကောင်းကောင်း တချို့ ဝယ်ယူနိုင်ရုံလောက်သာ ဖြစ်ရာ သူတို့ကို သန့်စင်ရန်အတွက် ဆေးပင်အများအပြား ဝယ်ယူရန် လိုအပ်သည်။

“တာအိုရောင်းရင်းမို ... ဒီကိုမလာခင်  စီမံခန့်ခွဲရေးမှူးဟဲက   ဆေးပင်တစ်ရာ စုစည်းမှု  စာအုပ်တစ်အုပ် မပေးဘူးလား” ဝမ့်ဟယ်ကျန်းက မေးလိုက်သည်။

မိုဝူကျီက တာဝန်ခံဝေ့ ပေးထားသော  ပန်းမြိုင်ရာ စုစည်းမှု စာအုပ်အကြောင်း တွေးမိလိုက်ပြီး ဆေးပင်တစ်ရာ စုစည်းမှု စာအုပ် နောက်ထပ် ရှိသေးကြောင်း သတိပြုမိလိုက်သည်။ စီမံခန့်ခွဲရေးမှူးဟဲက မိုဝူကျီကို စိတ်မကျေမနပ် ဖြစ်နေသောကြောင့် ဘာကိုမျှ ပြောပြမထားပေ။

မိုဝူကျီက မထွက်သွားခင်  အဆင့်နိမ့် ဆေးပင်တချို့ မည်သို့ သန့်စင်ရန် သင်ယူရန် ရည်ရွယ်ထားသော်လည်း  ဆေးပင်တစ်ရာ စုစည်းမှု စာအုပ်ကိုတော့ စိတ်ဝင်စားမိသည်။ ပန်းမြိုင်ရာ  စုစည်းမှုမှ မိုဝူကျီက ဤဆေးပင်တစ်ရာ စုစည်းမှုမှာလည်း သာမန်မဟုတ်ကြောင်း သိနေ၏။

“ဆေးပင်တစ်ရာ စုစည်းမှု စာအုပ်မှာ အဆင့်၁ကနေ အဆင့်၃အထိ အင်မော်တယ် ဆေးပင်တွေအကြောင်း အသေးစိတ် ရှင်းပြထားတယ်” ဝမ့်ဟယ်ကျန်းက ထပ်ပြောလိုက်သည်။

မိုဝူကျီက မြန်မြန် ထပ်မေးလိုက်သည်  “အစ်ကိုဝမ့်  ... အဲဒါဆို ဒီဆေးပင်တစ်ရာ စုစည်းမှု စာအုပ်ကလည်း အိမ်တော်သခင်မ ရေးထားတာပဲလား”

“ဒါပေါ့  ... ကျုပ် ဒီနေရာကို ဆေးလုံးဆရာ လာလုပ်တာကလည်း  အဲဒီဆေးပင်တစ်ရာ စုစည်းမှု စာအုပ်ကြောင့်ပေါ့”  ဝမ့်ဟယ်ကျန်းက မဖြေခင် မနီးမဝေးမှ  ပိန်ပါးပါးလူငယ် ဆေးလုံးဆရာ တစ်ယောက်က ဝင်ဖြေလိုက်သည်။

အားလုံးက သူ့နောက်ခံမှ ဥယျာဉ်မှူးဖြစ်ကြောင်း သိသည်နှင့်  မိုဝူကျီကို မပူပင်ကြတော့ပေ။

“အဲဒါဆို  အိမ်တော်သခင်မက ထိပ်တန်းဆေးလုံး အကြီးအမှူး ဖြစ်လောက်မယ်” မိုဝူကျီက ဆေးလုံးအကြီးအမှူးမှာ ဘာဖြစ်ကြောင်း အနည်းဆုံး သိသွားပြီ ဖြစ်၍ လုံးဝ နားမလည်ခြင်းတော့ မဟုတ်ပေ။

“ကျုပ် ကြားတာတော့ အိမ်တော်သခင်မက ဆေးလုံးရော၊ ဆေးရော ဘယ်လိုဖော်စပ်ရမလဲ ဆိုတာ မသိဘူးတဲ့”  ဝမ့်ဟယ်ကျန်းက ခေါင်းခါရင်း မိုဝူကျီကို ပြန်ဖြေလိုက်သည်။

မည်သို့  ဆေးဖော်စပ်ရမည်ကို မသိသည့် လူတစ်ယောက်က  ပန်းမြိုင်ရာ စုစည်းမှု စာအုပ်နှင့် ဆေးပင်တစ်ရာ စုစည်းမှုအကြောင်း ရေးနိုင်သောကြောင့် မိုဝူကျီက စိတ်လှုပ်ရှား မိသွားသည်။ တစ်ခုတည်းသော ဖြစ်နိုင်ချေမှာ အိမ်တော်သခင်၌ ထိပ်တန်းအဆင့် အင်မော်တယ် ဆေးပင်အကြောင်း လက်စွဲစာစောင် ရှိနေခြင်းသာ ဖြစ်ရမည်။

ထိုအတွေးဖြင့် မိုဝူကျီ စိတ်နှလုံးမှ မီးတောက်က တောက်လောင်လာမိသည်။ အကြောင်းမှာ သူ့တွင် တစ်ခုတည်းသော လိုအပ်နေသည့် အရာမှာ ဗဟုသတ အသိပညာသာ ဖြစ်၏။ ဆေးလုံးအကြီးအမှူး ဖြစ်ဖို့ရာ အနည်းဆုံးတော့ အင်မော်တယ် ဆေးပင်အမျိုးမျိုးနှင့် ရင်းနှီးကျွမ်းဝင်ရမည် ဖြစ်၏။ ပန်းမြိုင်ရာ အိမ်တော် သခင်မတွင် ထိပ်တန်းအဆင့် အင်မော်တယ် ဆေးပင်အကြောင်း လက်စွဲစာစောင် ရှိနေပါက ခေါင်းပေါက် ထွက်မတတ် စဉ်းစားပြီး ထိုအရာကို မည်သည့်နည်းလမ်းနှင့် ဖြစ်ဖြစ် ကူးယူရမည် ဖြစ်သည်။

သူက  ပန်းမြိုင်ရာ အိမ်တော် သခင်မ၏ စွမ်းအားအကြောင်း မသိသေးပေ။ အကယ်၍ အိမ်တော်သခင်မက ကောင်းကင်အင်မော်တယ် ဖြစ်နေလျှင် သူက ကျောက်တုံးနက်များကို သုံး၍ လဲလှယ်နိုင်သေး၏။ အကယ်၍ ကောင်းကင် အင်မော်တယ်အဆင့် မဟုတ်တော့လျှင် သူက လက်စွဲစာစောင်ကို ရရန် တခြားနည်းလမ်းကို သုံးရမည်။

ထိုအတွေးဖြင့် မိုဝူကျီက မြန်မြန် မေးလိုက်သည် …

“အစ်ကိုဝမ့် ... တကယ်လို့ ဒီမှာ ဆေးလုံးကြာကြာ ဖော်စပ်နေရင် ကျင့်ကြံဖို့ အချိန်ရှိပါ့မလား”

လက်တွေ့တွင် မိုဝူကျီက  ကျောက်တုံးနက်နှင့် ကောင်းကင် အင်မော်တယ်အဆင့် တက်လှမ်းမှုကို မေးမြန်းလိုသော်လည်း ကျောက်တုံးနက် အကြောင်း တည့်တိုးမေးလိုက်ခြင်းက မသင့်တော်ကြောင်း ခံစားမိ၍ ဖြစ်သည်။ ဝမ်လျန်ရှီးက သူ အင်မော်တယ်တစ်ပိုင်း နယ်ပယ်မှ ရောက်လာသည့် အကြောင်း သိထားသော်လည်း ဤနေရာရှိ လူများမှာ ထိုအကြောင်း မသိသေး၍ သူ့အနေဖြင့် ဖော်ထုတ်၍ မရသေးချေ။

ဝမ့်ဟယ်ကျန်းက ခါးသီးစွာ ရယ်မောလိုက်ရင်း …

“ကောင်းကင် အင်မော်တယ်အဆင့် တက်လှမ်းဖို့ကို မပြောနဲ့ဦး ... ကျုပ်ဆီမှာ အတိဒုက္ခဖြတ်ကျော်ခြင်း ဆေးလုံးတောင် မရှိဘူးလေ။ ပြီးတော့ ကျုပ်က ကောင်းကင် အင်မော်တယ်အဆင့် ရောက်သွားတော့ရော ဘာလုပ်နိုင်မှာလဲ။ ကျုပ်က အင်မော်တယ် ဝင်ရိုးကို ဖြစ်တည်လာအောင် လုပ်နိုင်ပါ့မလား ...

ကျုပ်က အင်မော်တယ် ဝင်ရိုးကျောက်တုံး တစ်တုံးတောင် တတ်နိုင်တာ မဟုတ်ဘူး။ တကယ်လို့ ကျုပ်က အင်မော်တယ် ဝင်ရိုးကို ဖြစ်တည်လာအောင် မလုပ်နိုင်ရင် ကောင်းကင် အင်မော်တယ်အဆင့်မှာပဲ  သောင်တင်နေတော့မှာ အင်မော်တယ် လောကအစစ်ဆီဝင်ဖို့ အင်မော်တယ်ဖွေရှာ လှေကားကို တက်လှမ်းနိုင်မှာ မဟုတ်ဘူး”

မိုဝူကျီက ထိုစကားများကို ကြားသောအခါ နားမလည်နိုင်သည့် အရာများမှာ ဖြေရှင်းပြီးသား ဖြစ်သွားသလို တစ်ချိန်တည်းမှ မေးခွန်းများလည်း ထပ်ပေါ်လာလေ၏။

ယခု မိုဝူကျီက ကျောက်တုံးနက်များမှာ အင်မော်တယ် ဝင်ရိုးကျောက်တုံး ဖြစ်မှန်း သိကာ အဖိုးတန်လွန်းနေသည်က အံ့ဩစရာတော့ မဟုတ်ချေ။ အင်မော်တယ် ဝင်ရိုးဖြစ်တည်လာအောင် ပြုလုပ်ရန် အသုံးပြုကြသည့် အရာ ဖြစ်နေသည်။

သို့သော်လည်း ဝမ့်ဟယ်ကျန်းက သူသာ အင်မော်တယ်ဝင်ရိုး ဖြစ်ပေါ်လာအောင် မလုပ်နိုင်လျှင် အင်မော်တယ်လောက အစစ်ဆီ မရောက်ရှိ နိုင်တော့ကြောင်း ပြောနေရာ ဤနေရာမှာ အင်မော်တယ် လောက မဟုတ်ပေဘူးလား။

မိုဝူကျီက မေးခွန်းများ ထပ်မေးချင်သေးသော်လည်း ဆေးဖော်စပ်ခန်း အဝင်ဝမှ အတားအဆီးမှာ အနည်းငယ် လှုပ်ရှားလာလေ၏။

စီမံခန့်ခွဲရေးမှူးဟဲနှင့် တာဝန်ခံဝေ့တို့က ခန်းမကျယ်အတွင်း  ဝင်လာပြီးနောက် မိန်းမငယ်လေး တစ်ယောက် ဝင်လာသည့်အခါ  ဘေးတစ်ဖက် တစ်ချက်စီ၌ ရပ်လိုက်ကြသည်။

ထိုမိန်းမငယ်လေးကို သတိပြုလိုက်ပြီးနောက် ဝမ့်ဟယ်ကျန်း အပါအဝင် အားလုံးက  မတ်တတ်ရပ်ကာ …

“အိမ်တော်သခင်မကို နှုတ်ဆက်ပါတယ်”

ထိုအမျိုးသမီး ဝင်လာသည်နှင့် မိုဝူကျီက စိတ်ဝိညာဉ်သိုလှောင်ရေး လမ်းကြောင်းမှ စိတ်စွမ်းအားကို ထုတ်ကာ သတိကြီးကြီး ထားလိုက်သည်။ အားလုံးမှာ ဝမ်လျန်ရှီးကဲ့သို့ ကြင်နာနေမည် မဟုတ်ပေ။

မိုဝူကျီက ကျန်လူများနှင့်အတူ ထရပ်ကာ  စိတ်စွမ်းအားကို လွှင့်ထုတ် ထားလိုက်သည်။ သူက အိမ်တော်သခင်မှာ ထိုမျှ ငယ်ငယ်ရွယ်ရွယ် မိန်းကလေး ဖြစ်လိမ့်မည်ဟု ထင်မထားမိပေ။ ကျန်လူများက နှုတ်ဆက်ပြီးနောက် သူက ထိုမိန်းကလေး၏ အလှတရားကို မချီးကျူးပဲ မနေနိုင်တော့ချေ။

ဆောင်းတွင်း၌ ကြည်လင် တောက်ပနေသည့် ရေစက်လေး အလား  ကြော့ရှင်းလှပသည့် မျက်ဝန်းအစုံမှာ တည်ငြိမ်နေသော်လည်း ခန့်မှန်းမရနိုင်သည့် လေးနက်မှု အရိပ်အယောင် ရှိနေလေ၏။ လည်ပင်းမှ အနည်းငယ် ပေါ်နေသော  သူမ၏ ချောမွတ်လှပသော အသားရေမှာ သူ မြင်ဖူးသည့် အရာများထက် ပို၍ ချောမွေ့နေဟန် ပေါ်သည်။

သူမက မှောင်မှိုင်းမှိုင်း ဝတ်စုံကို ဝတ်ဆင်ထားရာ  သူမနေရာ၌ တခြားအမျိုးသမီးသာ ဖြစ်နေလျှင် အလှတရားပေါ်မည် မဟုတ်ပေ။ သို့သော် သူမ  ဝတ်ဆင်ထားသည့် အတွက် နတ်သမီးလေး အလား ဖြစ်နေသည်။ ဤနှစ်တွေအတွင်း အဝတ်အစား အရောင်များမှာ လူသားများ၏ အဆင်တန်ဆာအဖြစ် ပံ့ပိုးပေးခဲ့ရ သော်လည်း ဤမိန်းမငယ်လေးအတွက် သူမက အဝတ်အစား အရောင်ကို ဖြစ်ပေါ် လာစေနိုင်သော သူမျိုး ဖြစ်သည်။

သူက ထိုသို့ အလှလေးမျိုး သုံးခါသာ မြင်တွေ့ဖူးသည်။ ချိန်စုယင်၊ ထျန်းချီ အိမ်တော်မှ ကျွမ်းရှီယွဲ့နှင့် ယခု သူ့ရှေ့တွင် ရှိနေသော အိမ်တော်သခင် ဖြစ်ပေသည်။

ထို့အပြင် အိမ်တော်သခင်မမှာ သူမအသက်အရွယ်ထက် အနည်းငယ် ရင့်ကျက်နေဟန် ပေါ်ပြီး သူမဆံပင် ထုံးဖွဲ့ထားသည်ကို ကြည့်ခြင်းဖြင့် လက်ထပ်ထားသည့် သူမှန်း သိသာလေ၏။

မိုဝူကျီက ဤအမျိုးသမီး၏ ကျင့်ကြံဆင့်ကို အလွယ်တကူ မှန်းဆနိုင်လိုက်သည်။ သူမက အများဆုံး ကောင်းကင် အင်မော်တယ်အဆင့် ကျင့်ကြံသူ ဖြစ်၏။

သူက ဝမ့်ဟယ်ကျန်းကို မေးချင်တာတွေ ရှိသေးသော်လည်း မိုဝူကျီက အချိန်မကျသေးကြောင်း သိ၏။ ထို့အပြင် ယခု သူအသိချင်ဆုံးသော အရာမှာ အိမ်တော်သခင် လက်ထဲမှ ထိပ်တန်း လက်စွဲစာစောင်ကို မည်သို့ ကူးယူရမလဲ ဆိုသည့် အကြောင်းသာ ဖြစ်၏။

“ရှင်က လူသစ်လေးလား” ရင်သပ်ရှုမောဖွယ် လှပသည့် မိန်းမလှလေးက အစိမ်းသပ်သပ် ဖြစ်နေသည့် မိုဝူကျီကို ကြည့်လိုက်သည်။

မိုဝူကျီက မြန်မြန် သွက်သွက်လက်လက် ဖြေလိုက်သည်  “ဟုတ်ပါတယ် အိမ်တော်သခင်မ ခင်ဗျာ  ...”

တာဝန်ခံဝေ့က ထပ်ပြောပေးလိုက်သည် …

“အိမ်တော်သခင် ... မိုဝူကျီကို ဆရာချမ်ရှန်း ခေါ်လာတာပါ။ သူက ဥယျာဉ်မှူး လုပ်ဖို့ဆိုပြီးတော့ ပြောပေမဲ့ သူ့ကို မေးကြည့်လိုက်တော့ သူက ဆေးဖော်စပ်တာ သိတယ်ဆိုလို့ ဒီကို ခေါ်လာခဲ့တာပါ။

ကျုပ်တို့ကလည်း အိမ်တော်ရဲ့ တစ်စိတ်တစ်ဒေသ ဆိုတော့ ဒီနေရာမှာ အကူအညီအပိုလေး ရရင် ပိုကောင်းလာမလား လို့ပါ  ...”

အမျိုးသမီးက တာဝန်ခံဝေ့၏ ရည်ရွယ်ချက်ကိ သိသောကြောင့် ခေါင်းသာ ညိတ်ပြလိုက်သည်။  ဥယျာဉ်မှူး တစ်ယောက်ကို ဆေးလုံးဆရာအဖြစ် ခန့်အပ်ခြင်းက တကယ့်ဆေးလုံးဆရာကို ခန့်အပ်ခြင်းထက် စရိတ် ပိုသက်သာလေသည်။ ပို၍အရေးသည်က တာဝန်ခံဝေ့မှာ ဆေးဆရာ ထပ်မရှာနိုင်တော့ကြောင့် သိထားသည်။

“ရှင်ဖော်စပ်ထားတဲ့ ဆေးကိုပြပါဦး” အမျိုးသမီးက ရုတ်ခြည်း မျက်နှာထား တည်တည်ဖြင့်  မေးလိုက်သည်။

မိုဝူကျီက သူ့ဘေးမှ ကျောက်စိမ်းပုလင်းကို ယူကာ  သူစောစောလေးမှ သန့်စင်ထားသည့်  အင်မော်တယ် စွမ်းအင်မြက် ဆေးရည်ကို တာဝန်ခံဝေ့ဆီ ပေးလိုက်သည်။ တာဝန်ခံဝေ့က ထိုပုလင်းကို ယူကာ   အိမ်တော်သခင်ရှေ့ ထားလိုက်သည်။

အိမ်တော်သခင်က အဖုံးဖွင့်ပြီး အနံ့ခံပြီးသည်နှင့် ပြုံးကာ ခေါင်းညိတ်ပြလိုက်သည်။

မိုဝူကျီလည်း အံ့ဩသွားမိသည်။ အကြောင်းမှာ အိမ်တော်သခင်မ မျက်နှာပေါ်မှ အပြုံးကြောင့် မဟုတ်ဘဲ စီမံခန့်ခွဲရေးမှူးဟဲက မည်မျှ သတ္တိကောင်းနေသည်ကို တွေ့လိုက် ရသောကြောင့် ဖြစ်သည်။

မိုဝူကျီ၏ စိတ်စွမ်းအားက နေရာတစ်ခုလုံးကို လွှမ်းခြုံထား၍ စီမံခန့်ခွဲရေးမှူးဟဲ၏ စိတ်စွမ်းအား သူ့ဆီ ရောက်လာသည်နှင့် မိုဝူကျီက တန်းသတိပြုမိလိုက်သည်။ ထိုသူ့ကျင့်ကြံဆင့်မှာ သူ့ထက် မြင့်မားနေသော်လည်း စိတ်စွမ်းအား၏ သန့်စင်မှုနှင် သိပ်သည်းမှုတို့မှာ မိုဝူကျီနှင့် မယှဉ်နိုင်ချေ။ သူက စီမံခန့်ခွဲရေးမှူးဟဲ ဘာလုပ်နေသည်ကို စောင့်ကြည့်နိုင်သော်လည်း စီမံခန့်ခွဲရေးမှူးဟဲက သူ့ကို မမှန်းဆနိုင်ပေ။

မိုဝူကျီက စီမံခန့်ခွဲရေးမှူးဟဲမှာ အဘယ်ကြောင့် ထိုမျှအထိ သတ္တိရှိနေလဲ ဆိုသည့် အကြောင်းကို တွေးနေမိသည်။ အကြောင်းမှာ စီမံခန့်ခွဲရေးမှူးဟဲ၏ စိတ်စွမ်းအားမှာ အိမ်တော်သခင်မဆီ ရောက်ရှိနေပြီး ထိုမိန်းမလှလေးက လုံးဝ သိဟန်မပေါ်ပေ။

အိမ်တော်သခင်မ၏ အမူအရာ နည်းနည်း ပြောင်းလဲသွားသည်နှင့် စီမံခန့်ခွဲရေးမှူးဟဲက မျက်မှောင်ကြုတ် လိုက်သည်ကို မိုဝူကျီက  မြင်လိုက်ရသည်။

“ရှင့် ဆေးရည်က မဆိုးပါဘူး။ ရှင်က ၉၀ ရာခိုင်နှန်းအထိ ရောက်လာနိုင်တာပဲ” အိမ်တော်သခင်မက ကျောက်စိမ်းပုလင်းကို တာဝန်ခံဝေ့ဆီ ပြန်ပေးလိုက်ရင်း မိုဝူကျီကို ခေါင်းညိတ်ပြလိုက်သည်။

ထိုသို့ပြောပြီးနောက်တွင် သူမက တစ်ခုခု စဉ်းစားနေသည့်အလား ခဏအကြာမှ ဆက်ပြောလေ၏  “မိုဝူကျီ ... ရှင်က အဆင့် ၃ အင်မော်တယ် ဆေးပင်အတွက်ဆိုရင် ဘယ်လောက်အထိ သန့်စင်နိုင်လဲ။ ဒီလိုမျိုး ရနိုင်ပါ့မလား”

အကယ်၍ သူသာ အိမ်တော်သခင်မ မိန်းမလှလေး၌ ထိပ်တန်း လက်စွဲစာစောင် ရှိနေမှန်း မသိပါက မိုဝူကျီက သေချာပေါက် မဖြစ်နိုင်ကြောင်း ပြောပေလိမ့်မည်။ သို့သော်လည်း သူက တုံ့ဆိုင်းခြင်းမရှိ ပြောလိုက်သည် …

“အိမ်တော်သခင် ... အခုမြင်လိုက်တာက ကျုပ်ရဲ့ မအောင်မြင်တဲ့ ဆေးရည်ပါ။ တကယ်လို့ ကျုပ်မီးတောက်နဲ့ ပတ်ဝန်းကျင်က  ပိုပြည့်စုံလာရင် အဲဒီထက်မြင့်တဲ့ ဆေးရည်ကို သန့်စင် နိုင်ပါ့လိမ့်မယ်”

“ဘယ်လိုတောင်လား။ မင်းလို  အဆင့် ၁ အင်မော်တယ် ဆေးပင်တောင် သေချာ မမှတ်မိသေးတဲ့ ဥယျာဉ်မှူးလေး တစ်ယောက်က အဆင့် ၃ အင်မော်တယ် ဆေးပင်အကြောင်း ဘယ်လိုများ လျှောက်ပြောရဲတာလဲ” စီမံခန့်ခွဲရေးမှူးဟဲက မိုဝူကျီစကားကို ကြားပြီးနောက် ဒေါသတကြီး တုံ့ပြန်လိုက်သည်။

ဒေါသူပုန်ထပြီးနောက် သူက အိမ်တော်သခင်မဘက် လှည့်ကာ …

“အိမ်တော်သခင်မ  ... မိုဝူကျီက သူ့ကိုယ်သူ ဘာပြောနေမှန်းတောင် သိတဲ့ပုံ မပေါ်ပါဘူး။ သူက ဥယျာဉ်မှူး တစ်ယောက်ဆိုတော့ အဆင့် ၃ အင်မော်တယ်ဆေးပင် သန့်စင်တာကို လျှော့တွက်နေတယ် ထင်ပါတယ်”

စီမံခန့်ခွဲရေးမှူးဟဲက ဘယ်လိုလူများ ဖြစ်နေလဲဟု  မိုဝူကျီက တုန်လှုပ်မိသွားသည်။ အိမ်တော်သခင်မက ဘာမျှ မပြောရသေးသော်လည်း သူက ထိုသို့အော်ဟစ်ကာ ပြောရဲသည်။ အကယ်၍ မိုဝူကျီသာ အိမ်တော်သခင် ဆိုပါက စီမံခန့်ခွဲရေးမှူးဟဲကို ဘယ်ပြန်ညာပြန်ရိုက်ပြီး ပြာအဖြစ် ချက်ချင်း ပြောင်းပစ်လိုက်လေပြီ။ အဆင့် ၃ အင်မော်တယ် ဆေးပင်ကို သန့်စင်ခြင်းအတွက် သူက မလုပ်နိုင်လျှင်ပင် လွှတ်ထားပေးလို့ ရလေသည်။ အဘယ်ကြောင့် စီမံခန့်ခွဲရေးမှူးဟဲက အကြီးအကျယ် ဒေါသူပုန် ထနေရသနည်း။

မိုဝူကျီကို ပို၍ အံ့ဩစေသည်က ထိုအိမ်တော်သခင်မ  မိန်းမလှလေးက အပြုံးလှလှလေး ပြုံးကာ  “အို ... ကျမတော့ စောစောက အတွေးလွန်မိသွားတယ် ထင်ပါ့ရှင် ... စီမံခန့်ခွဲရေးမှူးဟဲ ပြောတာ မှန်တယ်။ ရှင်တို့တွေ ဆေးဆက်ဖော်စပ်နေတော့။ တာဝန်ခံဝေ့ ...   ဥယျာဉ်ထဲ ကျမနဲ့ အတူ လိုက်ခဲ့ပါဦး ...”

ထိုသို့ ပြောပြီးနောက် လှပကြော့ရှင်းသည့် မိန်းမလှလေးက လှည့်ထွက်သွားတော့သည်။

မိုဝူကျီက အဖြစ်အပျက် တစ်ခုလုံးမှာ မြန်ဆန်လွန်း၍ အိမ်တော်သခင်မ အကြောင်းကိုပင် ပြောစရာ မရှိတော့ပေ။ အိမ်တော်သခင် ထွက်သွားပြီးနောက်တွင်  သူက အလုပ်ကိုယ်စီ ပြန်လုပ်နေကြသော  ဝမ့်ဟယ်ကျန်း အပါအဝင် တခြားဆေးလုံး ဆရာများကို ကြည့်လိုက်သည်။ အဖြစ်အပျက်များသည် မဖြစ်ပျက်သကဲ့သို့  မည်သူမျှ ပြောဆိုနေခြင်း မရှိချေ။

“ဥယျာဉ်မှူးလေးကများ အဆင့် ၃ အင်မော်တယ် ဆေးပင်အကြောင်း ပြောရဲနေသေးတယ်။ မင်းမှာ သတ္တိရှိလို့  ဒီလိုမျိုး ထပ်ဖြစ်လာရင် မင်းခေါင်းကို ခြေမွပစ်မယ် မှတ်ထား ...” စီမံခန့်ခွဲရေးမှူးဟဲက မိုဝူကျီကို အေးစက်စွာ ကြည့်ရင်း ပြောလိုက်သည်။

အကယ်၍ မိုဝူကျီ၌  လုပ်စရာ ရှိနေသည့် အချက်ကြောင့်သာ မဟုတ်လျှင် သူက တျန်းဂျီတုတ်ကို ဆွဲ၍ စီမံခန့်ခွဲရေးမှူးဟဲကို တစ်ပိုင်းတစ်စစီ လုပ်လိုက်လေပြီ။

စီမံခန့်ခွဲရေးမှူးဟဲက အိမ်တော်သခင်မနှင့် ဆက်ဆံရေးကောင်း ရှိသောကြောင့်  မိုဝူကျီကို ဤသို့ ဆက်ဆံလိုက်ခြင်းသည် သူ့အတွက် အမှားအကြီးကြီး ပြုလုပ်မိသွားခြင်းသာ ဖြစ်၏။

“ပြီးတော့ မင်းတို့တွေ  ...  နောက်အဓိပ္ပာယ်မရှိတာတွေ ပြောရဲရင် မင်းတို့ အရိုးတွေအားလုံး ဆွဲထုတ်ပစ်မယ်” စီမံခန့်ခွဲရေးမှူးဟဲက  ကျန်လူများကို ကြိမ်းမောင်းလိုက်သည့် အခါ မိုဝူကျီက သူ့မျက်ဝန်းမှ လူသတ်ငွေ့ကို သတိထားမိလိုက်သည်။

ထိုလူသတ်ငွေ့ကို သတိထားမိပြီးနောက် မိုဝူကျီက သူ့စိတ်ဝိညာဉ် သိုလှောင်ရေး လမ်းကြောင်းကို အသုံးပြုဖို့ရာ တွေဝေမနေဘဲ စီမံခန့်ခွဲရေးမှူးဟဲအပေါ်၌  စိတ်ဝိညာဉ် အမှတ်အသား မှတ်သားထားလိုက်သည်။ ဤ စီမံခန့်ခွဲရေးမှူးဟဲက သူ့အား သတ်ချင်နေသောကြောင့် မိုဝူကျီက ထိုလူကို လွှတ်ပေးလိုက်လျှင် ယနေ့အထိ ရောက်အောင် ကြိုးစားခဲ့ရသည့် အားထုတ်မှုအားလုံး အလကား ဖြစ်သွားပေလိမ့်မည်။

“အစ်ကိုဝမ့် ... စီမံခန့်ခွဲရေးမှူးဟဲက အိမ်တော်သခင်မကို လေးစားမှု မရှိဘူးလားလို့ ” စီမံခန့်ခွဲရေးမှူးဟဲ ထွက်သွားပြီးနောက် မိုဝူကျီက မေးလိုက်သည်။

ဝမ့်ဟယ်ကျန်းက ခေါင်းကို ငုံ့ထားပြီး မိုဝူကျီ၏  မေးခွန်းကို ပြန်မဖြေပေ။

မိုဝူကျီက စီမံခန့်ခွဲရေးမှူးဟဲအား  ရန်စမိမည်ကို ကြောက်ရွံ့ရမည်မှန်း သိသောကြောင့်   ဆက်၍ မမေးဘဲ နောက်မေးခွန်း ပြောင်းမေးလိုက်သည် …

“အစ်ကိုဝမ့်  ... ဒီအင်မော်တယ်ဝင်ရိုး ကျောက်တုံးက အင်မော်တယ်တစ်ပိုင်း နယ်ပယ်က  ရတဲ့ ကျောက်တုံးနက်နဲ့ အတူတူပဲလား”

***

All Chapters