← Chapters

အင်မော်တယ် ဝင်ရိုးကျောက်တုံးများ ဈေးနှုန်းဖောင်းပွခြင်း

Vol. 33 Ch. 451

အင်မော်တယ် ဝင်ရိုးကျောက်တုံးများ ဈေးနှုန်းဖောင်းပွခြင်း

Vol. 33 Ch. 451

“ဟေး  ... တာအိုရောင်းရင်းမို  ... တကယ်လို့ ကျုပ်စကားနားထောင်ဖို့ ဆန္ဒရှိတယ်ဆိုရင် ခင်ဗျား အခုချက်ချင်း ထွက်သွားသင့်ပြီ” ဝမ့်ဟယ်ကျန်းက မိုဝူကျီ စကားများကို ပြန်မဖြေဘဲ ဤစကားကိုသာ စိတ်မှတစ်ဆင့်  ဆက်သွယ်ကာ ပြောလိုက်သည်။

မိုဝူကျီက ဝမ့်ဟယ်ကျန်းမှာ ပြန်မဖြေရဲမှန်း သိသောကြောင့် ထပ်မမေးတော့ပေ။ ဝမ့်ဟယ်ကျန်းပင် မကပေ။ အခြားသော ဆေးလုံးဆရာများကလည်း ခေါင်းကိုယ်စီ ငုံ့ထားပြီး သူတို့ဆေးပင်များကိုသာ စစ်ဆေး ကြည့်နေကြသည်။ သူတို့အားလုံးမှာ မဝံ့မရဲ ဖြစ်နေကြဟန် ပေါ်သည်။ သို့သော်လည်း မိုဝူကျီက ထိုအချက်ကို အသားမကျ မဖြစ်မိချေ။ အကယ်၍ လူတစ်ယောက်က ဤနေရာတွင် လာ၍ တစ်နေကုန် အင်မော်တယ် ဆေးပင်တွေကိုချည်း လေ့လာနေရလျှင် ထိုလူမှာ သတ္တိကြောင်သွားမည်မှာ ပုံမှန် ဖြစ်ပေသည်။

အိမ်တော်သခင်မ  မိန်းမလှလေးလည်း ယုံကြည်ချက် လွန်ကဲနေဟန် မပေါ်ပေ။ စီမံခန့်ခွဲရေးမှူးဟဲ၏ စကားနည်းနည်းဖြင့် သူမက သူကို မေးခွန်းထုတ်ရန် လက်လျှော့ခဲ့ခြင်း ဖြစ်ရာ မိုဝူကျီက သူမကို ထပ်ရှာရန် ခက်ခဲလိမ့်မည် ဖြစ်ကြောင်း မှန်းဆမိသည်။

သူက နှစ်ဖက်လုံးတွင် အခက်အခဲများနှင့် ရင်ဆိုင်နေရသောကြောင့် အဆင့် ၁ မှ အဆင့် ၃ အင်မော်တယ် ဆေးပင်များ၏ သန့်စင်နည်းများကို သင်ယူရန် ဆုံးဖြတ်လိုက်တော့သည်။ သူက ယနေ့ ထွက်သွားမည်မှာ ဖြစ်နိုင်ချေ ရှိသေး၏။ သူက စီမံခန့်ခွဲရေးမှူးဟဲကို ကြောက်စရာ အကြောင်းအရင်း မရှိချေ။ အကယ်၍ စီမံခန့်ခွဲရေးမှူးဟဲက ပြဿနာ လာရှာပါက သူက လွတ်အောင်ပြေးရုံ ဖြစ်သည်။ ထို့အပြင် သူက အဆင့်မြင့် ဆေးပင်များကို အရင်ဦးစွာ ထိသည်နှင့်  စီမံခန့်ခွဲရေးမှူးဟဲက  သူ့ကို သတ်ဖြတ်ချင်နေ လောက်လေပြီ။ ထိုအခါ စီမံခန့်ခွဲရေးမှူးဟဲက သူ့ကို လွတ်ပေးမည် မဟုတ်ပေ။

သို့သော်လည်း မိုဝူကျီက စီမံခန့်ခွဲရေးမှူးဟဲမှာ နုံအသည့် လူတစ်ယောက် မဟုတ်ကြောင်း ယုံထားသည်။ ထိုသူက သူနှင့် ပန်းမြိုင်ရာ အိမ်တော်အတွင်း ထိပ်တိုက် ရင်ဆိုင်မည်တော့ မဟုတ်လောက်ပေ။ စီမံခန့်ခွဲရေးမှူးဟဲသာ သူ့နောက် ပန်းမြိုင်ရာ အိမ်တော်အပြင်အထိ လိုက်လာသရွေ့ ထိုနေ့ရက်မှာ စီမံခန့်ခွဲရေးမှူးဟဲ၏ နှစ်ပတ်လည် အသုဘ ဖြစ်သွားပေလိမ့်မည်။

ထိုအတွေးဖြင့် မိုဝူကျီက …

“အဆင့် ၂ အင်မော်တယ်ဆေးပင်” နှင့် “အဆင့် ၃ အင်မော်တယ် ဆေးပင်” ဟု ဆိုင်းဘုတ် တပ်ထားသည့် နေရာဆီ လျှောက်လာကာ နည်းနည်း ယူလိုက်သည်။

သူတို့က မိုဝူကျီ တစ်ယောက် အဆင့် ၂ နှင့် အဆင့် ၃ အင်မော်တယ်ဆေးပင်များ ထိသည်ကို မြင်သောအခါ အားလုံးက ကြောင်အသွားကြသည်။ သို့သော်လည်း မည်သူမျှ ဘာမှ မပြောကြသလို သူ့အပြုအမူကို သွား၍လည်း မတိုင်ကြားကြပေ။

ထိုဆေးလုံးဆရာများမှာ သတ္တိကြောင်ကြသော်လည်း သူတို့က စီမံခန့်ခွဲရေးမှူးဟဲ အမိန့်တိုင်း နေနေသည့် နောက်လိုက်ခွေးများ မဟုတ်ချေ။

မိုဝူကျီက အဆင့် ၁ ဆေးပင် သန့်စင်မှုကို  စတင် ဆောင်ရွက်လိုက်သည်။ တစ်နာရီအကြာတွင် သူက အဆင့် ၂ ဆေးပင်များကို စတင်သန့်စင်လိုက်ပြီး နောက်ထပ် တစ်နာရီအကြာတွင် သူက အဆင့်  ၃ ဆေးပင်များကို စလိုက်သည်။

ဝမ့်ဟယ်ကျန်း အပါအဝင် ဆေးလုံးဆရာအားလုံးက မိုဝူကျီ၏ အဆင့် ၂ နှင့် အဆင့် ၃ သန့်စင်မှုများကို ကြည့်ပြီး မှင်တက်နေကြသည်။

မည်သူကမျှ မိုဝူကျီ၏ သန့်စင်နိုင်နှုန်းနှင့် နည်းလမ်းကို ယှဉ်နိုင်မည် မဟုတ်ပေ။

ဝမ့်ဟယ်ကျန်းက မိုဝူကျီကို လမ်းညွှန်ပေးရန် လှည့်လိုက်သည့်အချိန် မိုဝူကျီ လက်ထဲမှ အဆင့် ၁  အင်မော်တယ်ဆေးပင်မှာ ပြာကျသွားလေ၏။

ချက်ချင်းဆိုသလို  အားလုံးက တုန်လှုပ်တကြီး ရှာဖွေ တွေ့ရှိသွားလေသည်။ ထိုဆေးပင်နောက်မှ ဆေးပင်တိုင်းက ကျရှုံးမှုတိုင်း ဖြစ်နေသောကြောင့် ဖြစ်သည်။ ပြောရလျှင် မိုဝူကျီ၏ ဦးဆုံး အောင်မြင်မှုနောက်ပိုင်းတွင် ဆက်တိုက် ကျရှုံးနေလေ၏။

သို့သော်လည်း မိုဝူကျီက အင်မော်တယ် ဆေးပင်များကို ရှေ့နောက်မကြည့် ဆက်သုံးစွဲနေသေးသည်။

မိုဝူကျီ တစ်ယောက်တည်းသာ အဖြစ်အပျက်ကို နားလည်နိုင်ပေသည်။ သူကျရှုံးသည့် အကြိမ်တိုင်း သူ့သန့်စင်နှုန်းမှာ ရာနှုန်းပြည့်နား နီးကပ်လာလေ၏။ အကယ်၍ သူက ရာနှုန်းပြည့်သာ မရည်ရွယ်ထားလျှင် သေချာပေါက် တစ်ကြိမ်တစ်ခါမျှ ကျရှုံးမည် မဟုတ်ပေ။

“ဘမ်း” နောက်ထပ် သန့်စင်မှု ကျရှုံးသွားပြန်၏။ တူးနံ့မှာ လေထုထဲ ပျံ့နှံ့လာသည်။

ဆက်တိုက် ကျရှုံးပြီးနောက် အားလုံး၏ စိတ်နှလုံးသားမှာ စတင်၍ တလှပ်လှပ် တုန်ခါလာကြသည်။

ဤနေရာ၌  ကျရှုံးမှုကို ခွင့်ပြုထားသော်လည်း မိုဝူကျီကဲ့သို့ အကြိမ်ရေ တစ်ရာကျော် ဆက်တိုက် ကျရှုံးမှုမျိုးတော့ ပါဝင်မည် မဟုတ်ပေ။

မနီးမဝေးတွင် ရပ်နေသည့် လူငယ်ဆေးလုံးဆရာလေးက မိုဝူကျီကို သတိပေးသင့်လား တွေးနေမိသည်။ သို့သော် မိုဝူကျီ ရပ်တန့်သွားသည်က ကံကောင်းလှပေသည်။

မိုဝူကျီက ထပ်လေ့ကျင့်ဖို့ရာ ဆန္ဒမရှိတော့ချေ။ သူသုံးလိုက်သည့် အဆင့်နိမ့် အင်မော်တယ်ဆေးပင် တစ်ရာကျော်မှာ ပန်းမြိုင်ရာ အိမ်တော်အတွက် ဘာမျှမဟုတ်ချေ။

“ကြည့်ရတာ ကျုပ်က လိုအပ်နေသေးတဲ့ပုံပဲ” မိုဝူကျီက ကျန်ဆေးလုံး ဆရာများကို ကြည့်ရင်း နေရခက်စွာ ပြောလိုက်သည်။

“မိုဝူကျီ  ...  ကျုပ်နောက်လိုက်ခဲ့ပါဦး  ...” ထိုစဉ် တာဝန်ခံဝေ့ အသံက တံခါးအပြင်ဘက်မှ ထွက်လာသည်။

မိုဝူကျီက ထွက်သွားရန် ကြံရွယ်နေပြီ ဖြစ်ရာ ယခု တာဝန်ခံဝေ့က သူ့ကို ခေါ်သည့်အတွက် တွေဝေမနေဘဲ ဆေးဖော်စပ်ခန်းမမှ ထွက်လာလိုက်သည်။

သူတို့က  မိုဝူကျီ ထွက်သွားသည်ကို မြင်သောအခါ အခြားဆေးလုံးဆရာ အားလုံးက သက်ပြင်း ချလိုက်ကြတော့သည်။

“စီမံခန့်ခွဲရေးမှူးဟဲက သူ့ကို လွှတ်မပေးလောက်ဘူး။ သူက တကယ်ကို မလွယ်ဘူးပဲ  ...” ဆေးလုံးဆရာ တစ်ယောက် သက်ပြင်းချကာ ပြောလိုက်သည်။

***

“တာဝန်ခံဝေ့ ကျုပ်ကို ရှာနေတာလား။ ကျုပ် အလုပ်ထုတ်ခံရပြီလား”

မိုဝူကျီကပြုံးရင်း တာဝန်ခံဝေ့ကို လက်နှစ်ဖက် ဆုပ်လျက် နှုတ်ဆက်လိုက်သည်။ သူက အလုပ်ထုတ်ခံရရန် ပြင်ဆင်ထားလေ၏။ စီမံခန့်ခွဲရေးမှူးဟဲက သူ့ကို သတ်ချင်နေသည့် အတွက် လစာအနေဖြင့် သူ့အတွက် အင်မော်တယ်ကျောက်များ ရနိုင်တော့မည် မဟုတ်ချေ။

သို့သော်လည်း ထိုမေးခွန်းများကို မေးမြန်းပြီးနောက် မိုဝူကျီက တစ်ခုခု လွဲမှားနေကြောင်း ခံစားမိလိုက်သည်။ စီမံခန့်ခွဲရေးမှူးဟဲဆီ သူထားခဲ့သည့် စိတ်ဝိညာဉ် အမှတ်အသားမှာ ပန်းမြိုင်ရာ အိမ်တော်အတွင်း ရှိဟန် မပေါ်ပေ။ မကြာခင်တွင် မိုဝူကျီက စီမံခန့်ခွဲရေးမှူးဟဲမှာ အိမ်တော်မှ ထွက်သွားကြောင်း  အတည်ပြုလိုက်နိုင်သည်။  ကြည့်ရသည်မှာ ထိုလူ ကံကောင်းသွားဟန် ပေါ်သည်။ အနည်းဆုံးတော့  ထိုသူ့အသက်လေး ချမ်းသာရာ ရသွားလေသည်။

တာဝန်ခံဝေ့က ပြုံးကာ မိုဝူကျီ ပခုံးပုတ်ပေးလိုက်ပြီး …

“ကျုပ်က ရှာနေတာ မဟုတ်ဘူး။ အိမ်တော်သခင်မက မင်းကို ရှာနေတယ်။  အိမ်တော်သခင်မနဲ့ စကားပြောရင် ခေါင်းကို အောက်ငုံ့ထားပြီး မော့မကြည့်နဲ့နော် ...  ကြားလား”

အိမ်တော်သခင်မက သူ့ကို ရှာနေသည်တဲ့လား  ...  ထိုမိန်းမလှလေးကလား  ....

ယခင်တစ်ခါက သူမ အတွေးလွန်နေသည်ဟု ပြောမသွားပေဘူးလား။ ဘာကြောင့်များ တွေ့ချင်တာပါလိမ့် ...

သူက ပန်းမြိုင်ရာ အိမ်တော်မှ ထွက်သွားတော့မည် ဖြစ်ရာ သူ့စိတ်နှလုံးမှာ ကဆုန်ပေါက်နေလေ၏။ အိမ်တော်သခင်မက သူ့ကို လာရှာရန်   စီမံခန့်ခွဲရေးမှူးဟဲ ထွက်သွားတာကို စောင့်နေသည်များလား။

မည်သို့ပင် ဖြစ်စေ ... ထိုအရာမှာ သူ့အခွင့်အရေးသာ ဖြစ်၏။

ထိုအတွေးဖြင့် မိုဝူကျီက ပျော်ရွှင်စွာ ပြောလိုက်သည် …

“တာဝန်ခံဝေ့ကို ကျေးဇူးတင်ပါတယ်။ စိတ်ချနေပါ။ ကျုပ် အိမ်တော်သခင်မကို စိတ်ဆိုးအောင် မလုပ်ပါဘူး။ ဒါနဲ့ ဘာလို့ စီမံခန့်ခွဲရေးမှူးဟဲကို မတွေ့မိတာလဲ”

“စီမံခန့်ခွဲရေးမှူးဟဲက အိမ်တော်သခင်မကို အလုပ်တချို့ကူဖို့ ထွက်သွားတယ်။ မင်းသာ စီမံခန့်ခွဲရေးမှူးဟဲရဲ့ ညွှန်ကြားချက်အတိုင်း နေရင် စီမံခန့်ခွဲရေးမှူးဟဲက မင်းကို အပြစ်ပေးမှာ မဟုတ်ပါဘူး” တာဝန်ခံဝေ့က အဝေးတစ်နေရာမှ တံခါးကို ညွှန်ပြကာ …

“အဲဒီကို ဝင်သွား ... အိမ်တော်သခင်မက အဲဒီမှာ စောင့်နေလိမ့်မယ် ”

မိုဝူကျီက တာဝန်ခံဝေ့ကို နောက်တစ်ကြိမ် ကျေးဇူးစကားဆိုလိုက်ပြီး ထိုတံခါးဆီ သွားလိုက်တော့သည်။

တံခါးဆီ ရောက်သည်နှင့် အိမ်တော်သခင်မ၏ သာယာပျော်ဖွယ် အသံလေးကို ကြားလိုက်ရ၏  “ဆေးဆရာ မိုလား   .... ဝင်လာခဲ့ပါ ”

မိုဝူကျီ ဝင်သွားသည်နှင့် ဧည့်ခန်းအလယ်တွင် သူ့အား ကြည့်နေသည့် မိန်းမလှလေးကို မြင်လိုက်ရသည်။ အိမ်တော်သခင်မဘေးတွင်  အပြာရောင်ဝတ်စုံနှင့် မိန်းကလေး တစ်ယောက် ရှိနေသည်။

မိုဝူကျီ ဝင်လာသည်ကို မြင်၍ အိမ်တော်သခင်မ  မိန်းမလှလေးက မြန်မြန် ထရပ်ကာ

“ဆေးဆရာမို ရောက်လာပြီဆိုတော့ ထိုင်ပါဦး ... တင်တင်း ဆရာမိုအတွက် လက်ဖက်ရည်ကြမ်း ငှဲ့ပေးလိုက်ပါဦး”

မိုဝူကျီက နည်းနည်း သံသယဝင်မိသည်။ သူက သူ့ကိုယ်သူ ဥယျာဉ်မှူး တစ်ယောက်ဟု ပြောထားသော်လည်း ဤအိမ်တော်သခင်မှာ အလွန် ယဉ်ကျေးလွန်းနေပေသည်။ သန့်စင်မှုနှင့် ပတ်သက်၍  သူက အဆင့် ၁ အင်မော်တယ် ဆေးပင်ကိုသာ ဖော်စပ်ခဲ့ကာ သန့်စင်နှုန်းမှာလည်း ၉၀ ရာခိုင်နှုန်းအထိသာ ရောက်ခဲ့လေသည်။ တစ်ခုတည်းသော ရှင်းပြချက်မှာ ဤအမျိုးသမီးက အဆင့် ၃ ဆေးပင်ကို သန့်စင်နှုန်းမြင့်မြင့်ဖြင့် ဖော်စပ်နိုင်ကြောင်း ပြောထားသည့် သူ့စကားကို အမှန်တကယ် ယုံကြည်နေလေ၏။

တင်တင်းက မိုဝူကျီကို ဝိညာဉ်လက်ဖက်ရည်ကြမ်း ဧည့်ခံလိုက်သည်။ မိုဝူကျီက မသောက်ရသေးပဲ ရနံ့ဖြင့်  ထိုလက်ဖက်ရည်ကြမ်းမှာ အင်မော်တယ် လက်ဖက်ရွက်များဖြင့်  ပြုလုပ်ထားကြောင်း သိလိုက်သည်။

“ဆေးဆရာမို လက်ဖက်ရည်ကြမ်း သောက်ပါဦး” အိမ်တော်သခင်မ   မိန်းမလှလေးက နူးနူးညံ့ညံ့ ပြောလိုက်သည်။

“ကျေးဇူး အမျာကြီးတင်ပါတယ် ” မိုဝူကျီက ထိုလက်ဖက်ရည်ကြမ်းကို မြည်းစမ်းကြည့်ဖို့ရာ စိတ်ဝင်စားမိ၏။ ကျေးဇူးစကား ဆိုပြီးနောက် လက်ဖက်ရည်ကြမ်းခွက်ကို မြှောက်ကာ သောက်သုံးလိုက်တော့သည်။

အိမ်တော်သခင်မ  မိန်းမလှလေးက မိုဝူကျီကို  မျက်တောင်မခတ် စိုက်ကြည့်မိသွားသည်။ လက်ဖက်ရည်ကြမ်းကို ထိုသို့အပြုအမူဖြင့် သောက်သည့်သူကို မတွေ့ဖူးသေးပေ။ အင်မော်တယ် လက်ဖက်ရွက်မှာ အင်မော်တယ်နယ်မြေ၌ များများစားစား ထည့်တွက်၍ မရသော်လည်း သာမန်အင်မော်တယ် တစ်ယောက်အတွက်တော့ ထိပ်တန်းအဖြစ် ယူဆ၍ ရပေသည်။

ထိုသို့ သောက်သုံးလိုက်ခြင်းက နည်းနည်းတော့   ...

မိုဝူကျီ ခန္ဓာအတွင်း၌ ကြွယ်ဝလှသည့် စွမ်းအားများ ပြည့်နေသည်။ ထိုစဉ် သူက ကျင့်ကြံမနေသော်လည်း သူ့ကျင့်ကြံဆင့်မှာ တိုးလာကြောင်း ခံစားမိနေသည်။

ထိုအရာမှာ ပစ္စည်းကောင်း ဖြစ်ပေ၏။ မသင့်တော်သောကြောင့်သာ မဟုတ်လျှင် မိုဝူကျီက ချက်ချင်း ကျင့်ကြံမိတော့မည် ဖြစ်သည်။ မကျင့်ကြံဘဲဖြင့် မိုဝူကျီ၏ ပြောင်းပြန်လှည့်ပတ်ခြင်း ကျင့်စဉ်မှာ မိုဝူကျီ၏ စွမ်းအားများကို တိုးပွားလာအောင် ကူညီပေးနိုင်သည်က ကံကောင်းလှလေသည်။

အမွေးတိုင် တစ်ဝက်စာ ကြာချိန်လောက်တွင် သူ့ကျင့်ကြံဆင့်မှာ အလယ်အလတ်  မြေကမ္ဘာအင်မော်တယ် အဆင့် ၁၂ သို့ ရောက်ရှိသွားလေပြီ။

ထို့နောက် မိုဝူကျီက လေအေးများ မှုတ်ထုတ်လိုက်သည်။ သူက အိမ်တော်သခင်မဆီ လက်နှစ်ဖက် ယှက်လျက် …

“ကျုပ်နေရာအသေးလေးက လာခဲ့ရတာဆိုတော့ လောကအကျယ်ကြီး အကြောင်း မသိသေးလို့ပါ။ ကျုပ်အတွက် ဒီလိုလက်ဖက်ရည်ကြမ်းကို သောက်နိုင်ဖို့ဆိုတာ အင်မတန်ရှားတော့ အိမ်တော်သခင်မကို စောင့်ခိုင်းမိသလို ဖြစ်သွားပြီ”

သူက သူ့အခြေအနေများကို ထူးဆန်းသည်ဟု မခံစားရပေ။ သူ့၏ မယဉ်ကျေးသော အပြုအမူများကို ဘေးချိတ်ထားလိုက်ပြီ ဖြစ်၏။ လက်ဖက်ရည်ကြမ်း၏ အကျိုးသက်ရောက်မှု ပိုမို အားကောင်းစေရန် သူက တစ်ငုံကြီးကြီး မျိုချလိုက်ရသည်။ အကယ်၍ သူသာ ဖြည်းဖြည်းချင်း သောက်နေလျှင် အင်မော်တယ် စွမ်းအားအများစုကို ဖြုန်းတီးသလို ဖြစ်သွားပေလိမ့်မည်။

အိမ်တော်သခင်မက မိုဝူကျီ စကားများ ကြားသောအခါ ခပ်ဖျော့ဖျော့ ပြုံးရင်း နူးနူးညံ့ညံ့ဖြင့် ဆက်ပြောလိုက်သည် …

“ဆရာမိုက ယဉ်ကျေးလွန်းနေပါပြီ။ ကျမ နာမည်က ဟန်ချင်းရူပါ။ ဆရာမိုက ကျမနာမည်ကို တိုက်ရိုက်ခေါ်လို့ ရပါတယ်”

“အိမ်တော်သခင်မဟန်က ကျုပ်ကို ဘာအတွက်များ ရှာနေတာလဲ သိပါရစေ” ဟန်ချင်းရူ စကားများက သူတို့ဆက်ဆံရေးကို နီးကပ်စေရန် ဖြစ်သော်လည်း  မိုဝူကျီက သူမနာမည်ကို ဤအတိုင်း မခေါ်လိုက်ပေ။

သူ့စိတ်ထဲ၌ ကျင့်ကြံဖို့အတွက် ဆေးလုံးဖြင့် ထောက်ပံ့ပေးရန် လို၊ မလိုကိုသာ တွေးတောနေမိသည်။ အကြောင်းမှာ သူက ကိုယ်ပိုင်ကျင့်စဉ် ဖန်တီးထားပြီး ပြောင်းပြန်လှည့်ပတ်မည့် ချီသွေးကြောများစွာ ရှိနေသည့်အတွက် သူ ကျင့်ကြံခြင်း အတွက် ဆေးလုံး မလိုအပ်ခဲ့ပေ။ သူက ဝိညာဉ်စွမ်းအား အထောက်အပံ့သာ လိုအပ်ပေသည်။ သို့သော် လက်ဖက်ရည်ကြမ်း တစ်ခွက် သောက်သုံးပြီးနောက် သူက အင်မော်တယ် ကျောက်များနှင့်အတူ ဆေးလုံးများကို သုံးပါက သူ့ကျင့်ကြံဆင့်မှာ ပို၍ မြန်ဆန် သွားနိုင်ကြောင်း သိပေသည်။

“ဆေးဆရာမိုက အဆင့် ၃ ဆေးပင်တွေကို ၉၀ ရာခိုင်နှုန်းအထိ သန့်စင်နိုင်ပြီလား” ဟန်ချင်းရူက မေးလိုက်သည်။

မိုဝူကျီက တစ်ဖက်လူမှာ ကွေ့ပတ်ပြောနေလိမ့်မည်ဟု ထင်ထားခဲ့သော်လည်း ဟန်ချင်းရူက တည့်တိုးမေးလာသည့်အခါ သူမအပေါ် အမြင်များက ပို၍ ကောင်းသွားချေ၏။ အားလုံးက သူတို့ ရှိနေသည့် အကြောင်းအရင်း ကိုယ်စီ သိကြ၍ တည့်တိုးပြောရုံသာ လိုအပ်သည်။

“ကျုပ်လုပ်နိုင်တယ်” မိုဝူကျီက ပြတ်ပြတ်သားသား ပြောလိုက်သည်။

“အဲဒါဆို အဲဒီထက်ရော မြင့်နိုင်လား။ ဒါမှမဟုတ် ရှင်က အဆင့် ၃ ဆေးပင်တွေကို ဘယ်လောက်အထိ သန့်စင်နိုင်လဲ လို့  မေးရမှာများလား ”

မိုဝူကျီက တိတ်ဆိတ်နေပြီးနာက် ဟန်ချင်းရူ သူ့အား ပေးနိုင်သည့် အကျိုးမြတ်များကို  သူမသိသေးပေ။ အကယ်၍ အကျိုးမြတ်မရှိလျှင် သူက ၉၀ ရာခိုင်နှုန်းအထိသာ ရောက်နိုင်ကြောင်း ပြောမိလိမ့်မည်။

ဟန်ချင်းရူက မိုဝူကျီ တိတ်ဆိတ်နေမှုနောက်မှ အဓိပ္ပာယ်ကို နားလည်သွားပြီး

“တာအိုရောင်းရင်းမို ... ရှင်က မြေကမ္ဘာအင်မော်တယ် ပြီးပြည့်စုံခြင်းအဆင့် ဆိုတော့ ကောင်းကင်အင်မော်တယ် ရောက်ဖို့ တစ်လှမ်းလောက်ပဲ လိုတော့တာမလား။

တကယ်လို့ ရှင်သာ အဆင့် ၃ ဆေးပင်ကို ၉၀ ရာခိုင်နှုန်းကျော်  မဟုတ်သေးဘူး  ၉၀ ရာခိုင်နှုန်းအထိ သန့်စင်နိုင်ရင် ရှင့်ကို သေချာပေါက် ဆုချီးမြှင့်မယ်။ ရှင်လိုချင်တာက  အင်မော်တယ် မြက်ဖြစ်ဖြစ်၊ အင်မော်တယ်ကျောက် ဖြစ်ဖြစ် ကျမ ကူညီပေးနိုင်တယ် ...”

“ကျုပ်ရော အင်မော်တယ် ဝင်ရိုးကျောက်တုံး တချို့ ရနိုင်မလား” မိုဝူကျီက မြန်မြန် မေးလိုက်သည်။

ဟန်ချင်းရူက မိုဝူကျီ စကားများ ကြားသောအခါ မျက်မှောင်ကြုတ်လိုက်ပြီး …

“တာအိုရောင်းရင်းမို ... ရှင်က ကောင်းကင်အင်မော်တယ် အဆင့် တက်လှမ်းပြီးတော့ အင်မော်တယ်ဝင်ရိုး ဖြစ်တည်လာမှာကို သိပါတယ်။ ဒါပေမဲ့ အခုတလော အင်မော်တယ် ဝင်ရိုးကျောက်တုံးရဖို့ အင်မတန် ခက်ခဲနေတယ် ....

ကျမ ကြားတာတော့ အင်မော်တယ်တစ်ပိုင်း နယ်ပယ်က ပျက်စီးနေပြီဆိုတော့  အင်မော်တယ်ဝင်ရိုး ကျောက်တုံးဈေးကလည်း အဆများစွာ မြင့်တက်သွားလိမ့်မယ်။ ဒါပေမဲ့ ရှင်က အင်မော်တယ် ဝင်ရိုးကျောက်တုံး နည်းနည်း လိုချင်တယ်ဆိုရင်တော့ ရှင့်အတွက် နည်းနည်းရအောင် လုပ်ပေးနိုင်တယ်”

မိုဝူကျီက ထိုအရာကို ကြားသောအခါ ကျောက်တုံးနက်များမှာ အင်မော်တယ် ဝင်ရိုးကျောက်တုံးများ ဖြစ်ကြောင်း သေချာသွား၏။

“အိမ်တော်သခင် ...   စီမံခန့်ခွဲရေးမှူးဟဲ ပြန်ရောက်ပါပြီ” တာဝန်ခံဝေ့ အသံက တံခါးအပြင်ဘက်မှ ထွက်ပေါ်လာသည်။

***

All Chapters