← Chapters

ကောင်းကင် အင်မော်တယ် စွမ်းအားစက်ကွင်း

Vol. 33 Ch. 453

ကောင်းကင် အင်မော်တယ် စွမ်းအားစက်ကွင်း

Vol. 33 Ch. 453

ဟန်ချင်းရုက အရူးတစ်ယောက် မဟုတ်ပေ။ သူမက မိုဝူကျီ စကားနောက်မှ အဓိပ္ပာယ်ကို ချက်ချင်း နားလည်ပေ၏။ သူမက မိုဝူကျီကို အံ့ဩတကြီး ကြည့်မိလိုက်ပြီး  တင်တင်းက သူမ ငယ်စဉ်ကတည်းမှ နောက်မှလိုက်နေသူ ဖြစ်သောကြောင့် အဘယ်ကြောင့် သူမကို သစ္စာဖောက်မည်နည်း။

“ဒီလိုဆိုမှတော့ ကျုပ် အရင်သွားနှင့်ပါ့မယ်” ဟန်ချင်းရု၏ စရိုက်မှာ မဆိုးသောကြောင့် မိုဝူကျီက ကူညီပေးလိုခြင်း ဖြစ်သည်။ သို့သော် သူမကို သတိပေးပြီးနောက် သူမက တွေဝေနေဆဲ ဖြစ်သောကြောင့် သူမကို ဆက်ဖြောင့်ဖြရန်  မလိုတော့ပေ။

ထို့ကြောင့် မိုဝူကျီက လှည့်ထွက်သွားရန် ပြင်လိုက်သည်။ စီမံခန့်ခွဲရေးမှူးဟဲ စွမ်းအားက ဘာမှ မဟုတ်သော်လည်း သူကဲ့သို့သော ကောင်းကင် အင်မော်တယ်အဆင့် ကျင့်ကြံသူကို နောက်လိုက်အဖြစ် ထားထားနိုင်ခြင်းက မိုဝူကျီက  ထိုလူနှင့် ရင်ဆိုင်နိုင်မည် မဟုတ်ချေ။

ဟန်ချင်းရုက မိုဝူကျီ အဝတ်အနားကို ဆွဲထားပြီး …

“ကျေးဇူးပြုပြီး ကျမကိုပါ ခေါ်သွားပေးပါ။ ကျမ ရှင့်ကိုယုံတယ် ...”

မိုဝူကျီက အနည်းငယ် စိတ်လှုပ်ရှားမိလာသည်။ ဟန်ချင်းရုက သူ့အပေါ် ရုတ်တရက် အဘယ်ကြောင့် ယုံကြည်လာကြောင်း တွေးရင်း အနည်းငယ် စိတ်ရှုပ်ထွေးမိသွားသည်။ သို့သော်လည်း သူက များများမတွေးတော့ပဲ ခေါင်းညိတ်ကာ   “အဲဒါဆို ကျုပ်နောက်လိုက်ခဲ့ပါ”

ဥယျာဉ်တစ်ခုလုံးတွင် အစီအရင်များ အပြည့်ဖြစ်ပေ၏။ ကံကောင်းလှစွာ မိုဝူကျီက အစီအရင်နှင် ပတ်သက်၍ ကျွမ်းကျင်သည့်အပြင် ဤနေရာ၌ ဆယ်ရက်တာလောက် အစီအရင်ကို လေ့လာနေခြင်းပါ ထည့်တွက်လိုက်လျှင် သူက မကြာခင် ထိုပန်းပင်လယ်ထဲမှ လမ်းကြောင်းမှ ရှာတွေ့နိုင်လိမ့်မည်။

“ဒီလမ်းမဟုတ်ဘူးလေ။ အဓိက ဝင်ပေါက်က ဟိုဘက်မှာ  ” မိုဝူကျီက ပန်းပင်တွေကြား သွားသည်ကို မြင်၍ ဟန်ချင်းရုက စိုးရိမ်စွာ ဘေးမှ ထောက်ပေးလိုက်သည်။

မိုဝူကျီက ရပ်ရန် ရည်ရွယ်ချက်မရှိဘဲ ရှင်းပြလိုက်သည် …

“တကယ်လို့ ကျုပ်တို့တွေ အဓိကဝင်ပေါက်ကို ဖြတ်သွားရင် သေချာပေါက် မလွတ်နိုင်ဘူး”

တင်တင်းကို သံသယဝင်မိစဉ်မှ စ၍  မိုဝူကျီက တင်တင်း ခန္ဓာပေါ်တွင် စိတ်ဝိညာဉ်အမှတ်အသား ထားထားလိုက်သည်။ ယခု  ထိုအမှတ်အသားမှာ အဓိက ဝင်ပေါက်ဘေးတွင် ရပ်တန့်နေလေ၏။ တင်တင်းက သူတို့ကို စောင့်နေသည်မှာ သေချာပေသည်။ တင်တင်း၏ ပုံစံအမှန်က မည်သို့ပင် ဖြစ်စေကာမူ မိုဝူကျီက ထိုတင်တင်းမှာ သူတို့အတွက် ဝင်ပေါက်၌ ကြိုစောင့်နေလိမ့်မည် ဖြစ်ကြောင်း မယုံပေ။

ထို့အပြင် မိုဝူကျီက အခြေအနေအားလုံးကို ဆက်စပ်မိသွားပြီးပြီ ဖြစ်၏။ တင်တင်း၏ သတင်းဓားပျံက စီမံခန့်ခွဲရေးမှူးဟဲ နောက်တွင်ရှိသောလူဆီ ပို့ခြင်းဖြစ်နိုင်သည်။ အကယ်၍ သူက ဟန်ချင်းရုကို အဓိကဝင်ပေါက်ဆီ ခေါ်သွားလျှင် တင်တင်းက သူတို့ကို အချိန်နှောင့်နှေးအောင် ပြုလုပ်နိုင်သရွေ့ ထိုလူက သူတို့ကို တားဆီးရန် ရောက်မလာနိုင်ပေဘူးလား။

“အာ” ဟန်ချင်းရုက ဝိုးတိုးဝါးတား ရေရွတ်လိုက်သည်။ သူမခါးမှာ တင်းကျပ်လာမှု တစ်ခုကို ခံစားမိလိုက်သည်။ မိုဝူကျီက သူမခါးကို ပွေ့ဖက်ထားပြီးနောက် သူတို့ပုံရိပ်များမှာ ပန်းပင်လယ်ကြား ဖျတ်ခနဲ ပျောက်ကွယ်သွားတော့သည်။

မိုဝူကျီက သူမခါးကို ဖက်လိုက်သည်နှင့် ဟန်ချင်းရုက တစ်ကိုယ်လုံး တောင်းတင်းသွားမိသည်။ သူမက မိုဝူကျီကို တွန်းပစ်ချင်မိသည်။ သို့သော်လည်း မိုဝူကျီ၏ အပြုအမူမှာ သူမ အလွန်နှေးနေသော ကြောင့်သာ ဖြစ်ပေသည်။

မိုဝူကျီက ထပ်ပြောလိုက်သည် …

“ကျုပ်တို့တွေ ဒီနေရာကနေ အမြန်ဆုံး ထွက်သွားရမယ်။ မဟုတ်ရင် လုံးဝ လွတ်မြောက်နိုင်မှာ မဟုတ်တော့ဘူး”

မိုဝူကျီအတွက် သူက ဟန်ချင်းရု ခါးကို ဖက်ထားခြင်းအပေါ် လုံးဝအာရုံစိုက်မှု မရှိသလို ဂရုလည်း  မစိုက်ချေ။ ဤသို့သော အခြေအနေမျိုးတွင် သူက ဘယ်လိုများ တွေးနိုင်မည်နည်း။

သို့သော် သူက ဟန်ချင်းရုခါးကို ဖက်လိုက်စဉ် မိုဝူကျီက သူမခါးမှာ အရိုးမဲ့နေသည့်အလား ခံစားမိလိုက်သည်။ အလွန်ပျော့ပျောင်းနေပေသည်။

“ဒီနေရာက အစီအရင်တွေနဲ့ အချုပ်အနှောင်တွေကို ဘယ်လို ရင်းနှီးနေတာလဲ” ဟန်ချင်းရုက မိုဝူကျီ သူမခါးကို ဖက်ထားသည့် ကိစ္စကို လျစ်လျူရှုထားလိုက်ပြီး တအံ့တဩ မေးလိုက်သည်။

“ကျုပ်က အစီအရင်တွေနဲ့ ပတ်သက်ပြီးတော့ နည်းနည်း သိတယ်လေ။ ဒီနေရာကို ရောက်လာတုန်းက ဒီအစီအရင်တွေကို နည်းနည်းလေ့လာဖူးတယ်” သူက ဟန်ချင်းရု မေးခွန်းကို ဖြေလိုက်ရင်း ပန်းခင်ကို ဖြတ်ကာ အရှိန်မြှင့်လိုက်သည်။ အချိန်တိုလေးအတွင်း သူတို့က ထိပ်ဆုံးထိ ရောက်ရှိသွားသည်။

သူ့ရှေ့တွင် ပန်းမြိုင်ရာ အိမ်တော်၏ နံရံနှင့်တူသည့် နေရာမျိုး ရှိနေသည်။ သို့သော် လက်တွေ့တွင် မိုဝူကျီက ဤသည်မှာ ထောင်ချောက် အစီအရင်မှန်း သိထားသည်။ ဤအစီအရင်၏ နယ်နိမိတ်မှာ အနည်းငယ် ကြီးမားနေသော်လည်း အဆင့်ပေါ် သက်ရောက်မှု ရှိသွား၏။ ထိုအဆင့်လောက်ဖြင့် မိုဝူကျီအတွက် ပြဿနာ မဟုတ်ပေ။

“ဒီနေရာမှာ ထောင်ချောက် အစီအရင်တစ်ခု ရှိတယ်” မိုဝူကျီက သူမကို ချပေးလိုက်သောကြောင့် ဟန်ချင်းရုက အလောတကြီး သတိပေးလိုက်သည်။ သူမက မိုဝူကျီသည် ဤနေရာမှ အတင်းထွက်မည်ကို စိုးရိမ်မိ၍ ဖြစ်သည်။ သူသာ ထောင်ချောက် အစီအရင်အတွင်း အတင်း ဝင်ရောက်သွားမိပါက  ဥယျာဉ်တစ်ခုလုံးမှာ အချုပ်အနှောင်များကို အသက်သွင်းလိုက်သလို ဖြစ်သွားပေလိမ့်မည်။ အရူးပင် သူတို့ ထွက်ပြေးဖို့ရာ ကြိုးစားနေမှန်း သိသွားပေလိမ့်မည်။

“ကျုပ်သိတယ်” မိုဝူကျီက ပြောလိုက်ရင်း အစီအရင်အလံ ဆယ်ခုကို ထုတ်ကာ ပစ်ချလိုက်သည်။ မိနစ်အနည်းငယ် အကြာတွင် သူက လက်ကို မြှောက်လိုက်ပြီး လှည့်ပတ်လိုက်သည့်အခါ သူတို့နှစ်ယောက်ရှေ့တွင် အပေါက်ငယ်လေး ပေါ်လာသည်။

ဟန်ချင်းရုက ထိုအပေါက်ငယ်လေးကို အံ့ဩတကြီး ကြည့်လိုက်သည်။ သူမက ဘာမှမပြောနိုင်ခင် သူမ ခါးမှ တင်းကျပ်လာမှုကို တစ်ဖန် ခံစားလိုက်ရသည်။ မိုဝူကျီက သူမကို ပွေ့ဖက်ထားရင်း ပန်းခင်းထဲမှ တစ်ဖန် ထွက်ခွာလိုက်သည့်အခါ  သူတို့ရှေ့တွင် လက်ရာမြောက်သည့် ယာဉ်ပျံတစ်စင်း ပေါ်လာသည်။ ထို့နောက် မိုဝူကျီက သူမကို ယာဉ်ပျံထဲ ထည့်လိုက်သည်။ ထို့နောက် ယာဉ်ပျံမှာ အရိပ်များသာ ချန်ရစ်ထားရင်း ပျောက်ကွယ် သွားတော့သည်။

“ရှင်က အစီအရင်ဆရာ တစ်ယောက်လား” ဟန်ချင်းရုက  အသိပြန်ဝင်လာပြီး မိုဝူကျီကို မယုံကြည်နိုင်စွာ ကြည့်လိုက်သည်။ မိုဝူကျီက ဥယျာဉ်မှူး တစ်ယောက်ဟု အရူးပင် ယုံမည် မဟုတ်ပေ။ ဥယျာဉ်မှူး တစ်ယောက်က အင်မော်တယ် တစ်ပိုင်း အဆင့်ရှိသည့် ပျံသန်းရေး ရတနာကို ပိုင်ဆိုင်သည်လား။

မိုဝူကျီက လက်ကိုဝှေ့ပြကာ  “ကျုပ်တို့တွေ အဲဒီကိစ္စနောက်မှ ပြောတာပေါ့။ အခု ခင်ဗျားဆီက အမှတ်အသားကို အရင်ဖယ်ပစ်ရမယ်”

ထိုသို့ ပြောပြီးနောက် မိုဝူကျီက ဟန်ချင်းရု သဘောတူသည်ကိုပင် မစောင့်ဘဲ သူမ လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်သည်။ ဤကိစ္စမှာ ဟန်ချင်းရု၏ဘဝ ပါဝင်နေရုံသာမက သူ့အသက်လေးလည်း ပါဝင်နေသည် မဟုတ်ပါလော။ သူက ဟန်ချင်းရုဆီမှ သဘောတူညီမှုကို စောင့်နေရန် အချိန်မရှိတော့ပေ။ အကယ်၍ ဟန်ချင်းရုက သဘောမတူလျှင် သူမကို သူ့ယာဉ်ပျံမှ ယဉ်ယဉ်ကျေးကျေး မောင်းထုတ်လိုက်ရုံ ဖြစ်သည်။ သူက အင်မော်တယ်နယ်မြေကို ရောက်လာခါစ ဖြစ်သောကြောင့်  ဤသို့ မှားယွင်းစွာ မသေဆုံးနိုင်သေးပေ။

ဟန်ချင်းရုက မိုဝူကျီ လုပ်နေသည့်အရာများကို သိသောကြောင့် ဘာမျှမပြောတော့ပေ။

မိုဝူကျီက ဟန်ချင်းရု လက်ကောက်ဝတ်ကို ကိုင်လိုက်သည်နှင့် သူ့အဆိပ်ဖြေ ချီသွေးကြောက ဟန်ချင်းရု ခန္ဓာမှ အမှတ်အသားကို အာရုံခံမိလိုက်ကြသည်။ ထိုအမှတ်အသားမှာ အဆိပ်ပင် ရှိနေသေး၏။ အခြားသော အမှတ်အသားများကဲ့သို့ ဖြစ်သော်လည်း ဤအရာမှာ ပို၍အန္တရာယ်များပေသည်။ ဤအဆိပ် အမှတ်အသားမှာ ဟန်ချင်းရု၏ ကျင့်ကြံဆင့်ကိုပင် ပိတ်ဆို့ထားနိင်သည်။

မိုဝူကျီက သူ့အဆိပ်ဖြေ ချီသွေးကြောကို လှည့်ပတ်လိုက်သည်။ မိနစ်အနည်းငယ်အတွင်း ဟန်ချင်းရု ခန္ဓာအတွင်းမှာ အဆိပ်မှာ  စိတ်ဝိညာဉ်အမှတ်အသားနှင့် အတူ ဖယ်ရှားခံလိုက်ရသည်။ တစ်ချိန်တည်းတွင် သူက ကျောက်စိမ်းသေတ္တာထဲ ထည့်သိမ်းလိုက်ပြီး သင်္ကေတများဖြင့် အပြင်ဘက်မှ ပိတ်လှောင်ထားလိုက်သည်။

သူမ မခံစားရတာကြာပြီ ဖြစ်သည့် သဘာဝစွမ်းအားများက သူမခန္ဓာကိုယ် တစ်လျောက် ပျံ့နှံ့သွားလေသည်။ ဟန်ချင်းရုက မိုဝူကျီကို နားမလည်စွာ ကြည့်လိုက်သည်။ သူမက အမှတ်အသားကို ဖယ်ရှားဖို့ရာ နည်းလမ်းမျိုးစုံ သုံးခဲ့သော်လည်း မရခဲ့ပေ။

သို့သော် မြေကမ္ဘာ အင်မော်တယ်အဆင့် ကျင့်ကြံသူ တစ်ယောက်က အလွယ်တကူ ဖယ်ရှားနိုင်သည်တဲ့လား။

သူမက မိုဝူကျီ မျက်နှာပေါ်မှ အပြောင်းအလဲကို မြင်သောအခါ သူမက မည်သို့ ကျေးဇူးစကားဆိုရမှန်း မသိတော့ချေ။

“ဘုန်း”  ပြင်းထန်လှသည့် ပေါက်ကွဲမှုက မိုဝူကျီ၏ ယာဉ်ပျံရှေ့ ဖြစ်သွားသည်။ မိုဝူကျီက လက်ကို ဝှေ့ယမ်းကာ ဟန်ချင်းရုနှင့်အတူ ယာဉ်ပျံကို ဆင်းသက်လိုက်ပြီး သိုလှောင်လက်စွပ်ထဲ ပြန်ထည့်သိမ်းလိုက်သည်။ ယခု သူက ဟန်ချင်းရု အမှတ်အသား ဖယ်ရှားရာ၌ အာရုံစိုက်ထား မိသောကြောင့် နောက်မှ လိုက်လာသူများ သူတို့ကိုမီလာမှန်း သတိမပြုမိလိုက်ပေ။

တစ်ချိန်တည်းနီးပါးတွင် မိုဝူကျီနှင့် ဟန်ချင်းရုတို့ရှေ့တွင် သင်္ဘောပျံ တစ်စင်း ဆင်းသက်လာပြီး သူတို့လမ်းကြောင်းကို ပိတ်ထားသည်။

ထိုသင်္ဘောပျံပေါ်မှ လူနှစ်ယောက် ဆင်းလာသည်။ ထိုလူနှစ်ယောက်မှာ အတော်လေး ဆင်တူပြီး သူတို့တွင် လေးထောင့်ကျကျ မျက်နှာထားရှိပြီး မျက်လုံးပေါက် ကျဉ်းကြသည်။ တစ်ယောက်တွင် ဆံပင်ပါရှိပြီး နောက်တစ်ယောက်မှာ ကတုံး ဖြစ်ပေသည်။

မူလက ဟန်ချင်းရုသည် သူမကျင့်ကြံဆင့် ပြန်ရလာသည့်အတွက် ဝမ်းမြောက် မိသွားသော်လည်း ထိုလူနှစ်ယောက်ကို မြင်တွေ့ပြီးသည်နှင့် သူမမျက်နှာမှာ ဖြူဖျော့သွားသည်။ သူမက မသိစိတ်ကြောင့်  နောက်ဆုတ်မိကာ မိုဝူကျီဘေး၌ ရပ်နေလိုက်သည်။

မိုဝူကျီက  သူ့လက်ဖဝါးကို ဖြန့်လိုက်သည့်အခါ တျန်းဂျီတုတ်က ပေါ်လာလေ၏။ သူက ထိုလူနှစ်ယောက်မှာ ကောင်းကင်အင်မော်တယ် အဆင့်ဖြစ်ပြီး စီမံခန့်ခွဲရေးမှူးဟဲထက် များစွာ အားကောင်းကြောင်း ခံစားမိလိုက်သည်။

“မြေကမ္ဘာအင်မော်တယ် အဆင့်လေးနဲ့ ဒီလောက်အဝေးကြီး ပြေးလာနိုင်တယ် ဆိုတော့ မဆိုးဘူးပဲ” ပြောလိုက်သူမှာ ကတုံးနှင့်လူ ဖြစ်၏။

“ဒီလူနှစ်ယောက်က ယင်ပြန့်အမြွှာ လုပ်ကြံရေးသမားတွေပဲ။ ကျမတို့တွေ လွတ်မှာ မဟုတ်တော့ဘူး။ ကျမ သူတို့ကို တားပေးထားမယ်  ... ရှင်  ...” ဟန်ချင်းရု အသံတွင် နောင်တတချို့ ပါဝင်နေပေသည်။ အကယ်၍ သူမသာ မိုဝူကျီနှင့် ရှိမနေခဲ့လျှင် မိုဝူကျီက သူ့ဘာသာ တစ်ယောက်တည်း လွတ်မြောက်သွားပေလိမ့်မည်။

မိုဝူကျီက ဟန်ချင်းရု စကားပြီးအောင်ပင် မစောင့်ဘဲ တျန်းဂျီတုတ်ကို ထုတ်ကာ ကတုံးနှင့်လူဆီ  ဝှေ့ယမ်းလိုက်သည်။ သူက ဟန်ချင်းရု ပြောမည့်စကားများကို သိပေ၏။ သို့သော်လည်း သူက အမျိုးသမီးတစ်ယောက်အပေါ် မှီခိုပြီး ထွက်ပြေးတတ်သည့်  ပျော့တိပျော့ညံ့ လူကြောက်မဟုတ်ပေ။

မိုဝူကျီက လမ်းတစ်ဝက်၌ သူ့ဘေးပတ်လည်တွင် လေးလံလာကြောင်း ရုတ်ခြည်း ခံစားမိလိုက်သည်။ ပတ်ဝန်းကျင် နေရာတစ်ခုလုံးမှာ သူ့အပိုင် မဟုတ်တော့ပဲ သူ့တစ်ကိုယ်လုံးမှာ နှေးကျသွားသည်။

“ဘုန်း” တျန်းဂျီတုတ်က ဓားတစ်ချောင်းနှင့် တွေ့သွားကာ သဘာဝစွမ်းအားများ ပေါက်ကွဲထွက်လာသည်။

ပြင်းထန်လှသည့် သဘာဝစွမ်းအားများက သူ့ဆီ စီးဆင်းလာ၏။ မိုဝူကျီက သူ့ရင်ဘတ်ကို ဧရာမတူကြီးဖြင့် ထုရိုက်ခံရသည့်အလား ခံစားလိုက်ရသည်။ ဤတိုက်ခိုက်မှု၌ မီးတောက်စွမ်းအားတချို့ ပါဝင်နေပေ၏။ မိုဝူကျီ စိတ်ထဲ လေးလံသွားမိသည်။ သူက သူ့တျန်းဂျီတုတ်၏ စွမ်းအားမှာ ထိုလေးလံသည့် နေရာအတွင်း ရှိနေစဉ် တစ်ဝက်လျော့ကျသွားကြောင်း သတိထားမိလိုက်သည်။ ထို့ကြောင့်သာ မဟုတ်လျှင် သူက ဤမျှအထိ ခံစားရမည် မဟုတ်ပေ။

မိုဝူကျီက ထိုတုတ်ချက်မှာ သူတို့ကို စမ်းကြည့်ရန် ရည်ရွယ်ထားခြင်း ဖြစ်ရာ ယခု သူက သူတို့နှစ်ယောက်နှင့် ပြိုင်ဘက် မဟုတ်ကြောင်း သိသွားသည်။

ဟန်ချင်းရုက မိုဝူကျီဆီ ရောက်လာကာ စိုးရိမ်တကြီး ပြောလိုက်သည်

“သူတို့က ယင်ပြန့် အမြွှာ လုပ်ကြံရေးသမား ကျိယန်နဲ့ ကျိကျောက်တို့ပဲ။ သူတို့က အင်မော်တယ်ဝင်ရိုး တစ်စိတ်တစ်ပိုင်း ဖြစ်တည်ပြီးပြီ။ အခု ရှင်က သူတို့ရဲ့ ကောင်းကင် အင်မော်တယ် စွမ်းအားစက်ကွင်းဆီ သွားမိသွားတာ”

ကောင်းကင်ဘုံ အင်မော်တယ် စွမ်းအား စက်ကွင်းလား  ...

ထိုစကားများက  မိုဝူကျီစိတ်ထဲ ဝင်ရောက်လာသည်။ သို့သော်လည်း အလင်းတန်းက မြန်ဆန်လွန်းလှသည့် အတွက် သူက မရှောင်နိုင်လိုက်ပေ။

“အိမ်တော်သခင်မ ဘေးဖယ်နေပါ။ ခင်ဗျား တစ်ခုခု ဖြစ်သွားရင် ကျုပ်တို့ ညီအစ်ကိုက အပြစ်ဒဏ်ကို ခံယူနိုင်စွမ်းရှိမှာ မဟုတ်ဘူး” ကတုံးနှင့်လူက မိုဝူကျီကို တစ်ချက်တည်း အဝေးလွင့်ထွက်သွားစေ ပြီးနောက် ပြောလိုက်သည်။

မိုဝူကျီက သူ့စိတ်ထဲ၌ အကြမ်းဖျင်း တွက်ဆမိလေသည်။ သူ့စွမ်းရည်အမှန်မှာ သူပြသသလောက် ဖြစ်ကြောင်း မယုံပေ။ သူက ကတုံးနှင့် သိပ်ကွာမည် မဟုတ်ပေ။

“ကျုပ်   ကျိယန်က ခင်ဗျား ဘယ်လောက်ကောင်းလဲ ကြည့်ပါရစေဦး။ သခင်လောင်  ကြိုက်တဲ့ သူကိုတောင် ထိရဲတယ်ဆိုတော့  ...” ကတုံးနှင့် လူက ဓားကို ဝှေ့ယမ်းရင်း မိုဝူကျီဆီ သွားလိုက်သည်။

သူ့မျက်ဝန်း၌ အထင်သေးမှုများ ရှိနေပြီး သူက မိုဝူကျီကို ထည့်မတွက်ကြောင်း သိသာလှသည်။ မဟုတ်လျှင် သူက ထိုသို့မျိုး ကစားကျီစယ်ရင်း  တိုက်ခိုက်မည် မဟုတ်ပေ။

မိုဝူကျီက နှစ်ယောက်ထဲမှ တစ်ယောက်ကို အမြန်သတ်ရမည် ဖြစ်ကြောင်း သိသည်။ မဟုတ်လျှင် သူတို့ ထွက်ပြေးဖို့ရာ ပို၍ ခက်ခဲသွားပေလိမ့်မည်။

စွမ်းအား စက်ကွင်း ချုပ်နှောင်မှု ဖြစ်ပေါ်လာပြန်သည်။ နောက်တစ်ဖန် မိုဝူကျီက တစ်ဖက်လူ စက်ကွင်း၌ ပိတ်မိသွားပြန်သည်။

***

All Chapters