← Chapters

နောက်မှ အလိုက်ခံရခြင်း

Vol. 33 Ch. 454

နောက်မှ အလိုက်ခံရခြင်း

Vol. 33 Ch. 454

ထိုစဉ် မိုဝူကျီက တစ်ဖက်လူ၏  စွမ်းအား စက်ကွင်းကို  အကောင်းဆုံး ချိုးဖျက်နိုင်ပြီး ပိုအားကောင်းသည့် စက်ကွင်းကို ထုတ်သုံးရန် ကြံလိုက်သော်လည်း သူ့တွင် ထိုသို့အကွက်မျိုး ရှိပင် မရှိသည့်အတွက် မည်သို့ လုပ်ဆောင်ရမည်နည်း။

“တော်တော့ ... ကျမ ရှင်တို့နောက် လိုက်ခဲ့မယ်” မိုဝူကျီ ချုပ်နှောင်ခံနေရသည်ကို မြင်၍ ဟန်ချင်းရုက စိတ်ဓာတ်ကျနေမိသည်။ သူမက ကျောက်စိမ်းနှင်တံကို ထုတ်ကာ ရှေ့တက်လာသည်။ သို့သော်လည်း သူမက ခြေလှမ်း အနည်းငယ်သာ လှမ်းရသေးသော်လည်း ကျိကျောက်၏ တားဆီးမှုကို ခံလိုက်ရသည်။

မိုဝူကျီ၏ ၁၀၇ ခုသော ချီသွေးကြောတို့မှာ အသည်းအသန် ပြောင်းပြန် လှည့်ပတ်နေကြသည်။ သူ့နားမှ သဘာဝ စွမ်းအားများက လှိုင်းကြီးများအလား ထွက်ပေါ်လာသည်။ အကယ်၍ သူက တစ်ဖက်လူ၏ စွမ်းအား စက်ကွင်းကို မချိုးဖောက်နိုင်ပြီး မလှုပ်ရှားနိုင်လျှင် သူက သေခြင်းနှင့် အဆုံးသတ်သွားလိမ့်မည်။

“ဘုန်း” မိုဝူကျီခန္ဓာမှ မှိန်ဖျော့ဖျော့ အလင်းတန်းလေး ထွက်ပေါ်လာ၏။ ထိုအလင်းမှာ ရောင်စုံသက်တံကဲ့သို့ ပွင့်ထွက်လာကာ ကျိယန်၏ စွမ်းအားစက်ကွင်းကို တစ်စစီ ဖျက်စီးပစ်လိုက်သည်။

“အဆင့်လွန်ဆုံးရဲ့ ဝိညာဉ်စွမ်းအား စက်ဝန်းလား” ကောင်းကင် အင်မော်တယ် တစ်ယောက် ဖြစ်သောကြောင့် မိုဝူကျီဆီမှ ထွက်ပေါ်လာသော သက်တံရောင် ဝိညာဉ်စွမ်းအားများ အကြောင်း သေချာသိပေ၏။ ထိုအရာမှာ ကောင်းကင်အဆင့်၏ အဆင့်လွန်ဆုံး အဆင့်ဖြစ်သည့် ဝိညာဉ်စွမ်းအား စက်ဝန်း ဖြစ်ပေသည်။

အဆင့်လွန်ဆုံး အဆင့်ဖြစ်သည့် ဝိညာဉ်စွမ်းအား စက်ဝန်းက ကျိယန်၏ စွမ်းအား စက်ကွင်းကို တစ်စစီ ဖြဲလိုက်သည့်အခါ မိုဝူကျီက ချက်ချင်းဆိုသလို ပေါ့ပါးသွားသည်။ ထို့နောက် သူက နိဗာနတုတ်အရိပ်ကို ထုတ်ဖော်လိုက်သည့် အခါ ကျိယန်နောက်မှ  လျှို့ဝှက်တုတ်တံဆင့်ကဲ ရိုက်ချက် ပေါ်လာလေ၏။

“ဂျွတ်” တစ်ချိန်တည်းတွင် ကျိယန်၏ခါးနေရာမှ အလင်းတန်း ထွက်ပေါ်လာကာ မိုဝူကျီ၏ တျန်းဂျီတုတ်ကို ကာဆီးလိုက်သည်။

မိုဝူကျီက သက်ပြင်းချလိုက်သည်။ လျှို့ဝှက်တုတ်တံ ဆင့်ကဲရိုက်ချက်မှာ အသံမဲ့ တုတ်ရိုက်ချက် ဖြစ်ပေသည်။ ထိုရိုက်ချက်ဖြင့် ကျန်းရှင်း၌ သူက လူများစွာကို သတ်ဖြတ်နိုင်ခဲ့သည်။ သို့သော် ယခုတွင် ကျိယန်၏ တားဆီးမှုကို အလွယ်တကူ ခံလိုက်ရသည်။ ထိုအရာက သူ့နိဗာနတုတ်အရိပ်မှာ အားကောင်းသော်လည်း ထိုပညာရပ်၌ သူ့အရည်အချင်းမှာ နိမ့်ကျနေသေးကြောင်း မိုဝူကျီ သဘောပေါက်သွားသည်။

“မင်းဆီမှာ အဆင့်လွန်ဆုံး ဝိညာဉ်စွမ်းအား စက်ဝန်း ရှိနေတော့ရော ဘာဖြစ်လဲ” ကျိယန်က နှာခေါင်းရှုံ့လိုက်ပြီး သူ့ပုံရိပ်မှာ လေထဲရောက်ရှိသွားကာ သူ့ဓားမှာလည်း ဓားမြစ်တစ်စင်းအလား ပြောင်းလဲသွားပြီး မိုဝူကျီဆီ တစ်ရှိန်ထိုး ပြေးဝင်လာသည်။

ထိုစဉ် မိုဝူကျီ မျက်လုံး၌ ထိုဓားအရိပ်များနှင့်သာ ပြည့်နေပေသည်။ ထိုဓားအလင်းများက မိုဝူကျီဆီ အငြိုးဖြင့် ရွာသွန်းလာသည့် မိုးအလား ကျရောက်လာကြသည်။

မိုဝူကျီက တည်ငြိမ်နေပေသည်။ တုတ်ချောင်းတစ်ချောင်းက သူ့အတွက် မသင့်တော်ကြောင်း ပထမဆုံးအကြိမ် ခံစားမိလိုက်ခြင်း ဖြစ်သည်။

ဓားမြစ်က ကျရောက် မလာသေးသော်လည်း မိုဝူကျီက သူ့အရေပြား တစ်လျှောက်၌ လှိုင်းများကို ခံစားမိနေလေပြီ။ သူက နိဗာနုတုတ်အရိပ်ကို အဆုံးစွန်ထိ ထုတ်ဖော်လိုက်သည်။ သူ့တုတ်အရိပ်များ ဖြစ်ပေါ်လာကာ တစ်လွှာပြီး တစ်လွှာ ဆက်တိုက် ဖြစ်ပေါ်လာကာ ဓားမြစ်ကို ရင်ဆိုင်ရန် အသင့်ဖြစ်နေသည်။ တစ်ချိန်တည်းတွင် မိုဝူကျီက လက်နှစ်ဖက်ဖြင့် လက်ဟန် သင်္ကေတများ ဆက်တိုက်  ပြုလုပ်နေသည်။

တုတ်အရိပ်နောက်၌   လျှပ်စီးကွန်ရက် ဖြစ်ပေါ်လာကာ တုတ်အရိပ်မှ မတားဆီးနိုင်သော ဓားအလင်းများကို ကာဆီးပေးထားသည်။

သဘာဝစွမ်းအားများက ဆက်တိုက်ပေါက်ကွဲနေသလို လျှပ်စီးများနှင့် ဓားအလင်းများက ပတ်ဝန်းကျင်တစ်လျှောက် ဝှီးခနဲ ဝှီးခနဲ ဖြတ်ပြေးနေသည်။

လျှပ်စီး သဘာဝ ဝိညာဉ်ကြော ပိုင်ရှင်လား  ...

မိုဝူကျီ၏ လျှပ်စီးကွန်ရက်ကို မြင်ကာ ကျိယန်က တုန်လှုပ်တကြီး ရေရွတ်လိုက်သည်။

မိုဝူကျီက သူ့လွတ်မြောက်မှုမှာ နောက်အခိုက်အတန့်လေး၌ မူတည်နေကြောင်း သိလိုက်သည်။ အကယ်၍ တစ်ဖက်လူက သူ့ကို မြင့်မြင့်တွေးထားလျှင် သူ့အား လွတ်မြောက်ခွင့်ပေးမည် မဟုတ်ပေ။ သူက လက်ဟန်များကို ပြုလုပ်ပြီးနောက် လက်ကိုမြှောက်ကာ စက်ဝိုင်းတစ်ခြမ်းအတိုင်း လှည်ပတ်ရင်း  လျှပ်စီးကွန်ရက်ရှိရာ အလယ်ဆီ ပြေးဝင်လိုက်သည်။

အာကာသ ချုပ်နှောင်မှု …

ကျိယန်က သူ့ဘေးနားမှ နယ်ပယ် ချက်ချင်း ပိတ်ဆို့သွားသည်ကို ခံစားမိလိုက်သည့်အခါ သူ့အမူအရာ ပြောင်းလဲသွားပေသည်။ ထိုအရာမှာ စွမ်းအားစက်ကွင်း မဟုတ်ဘဲ အာကာသ လျှို့ဝှက်ပညာရပ် ဖြစ်၏။

ကျိယန်က  သူ့ဓားမြစ်ကို ဆက်၍ ဂရုမစိုက်နိုင်တော့ပဲ သူ့အသက်သွေးကို လှည့်ပတ်ကာ  ဤချုပ်နှောင်မှ ထွက်နိုင်ရန် ကြိုးစား ရုန်းကန်လိုက်သည်။

မိုဝူကျီ မျက်နှာမှာလည်း အတော်လေး ဖြူဖျော့လာသည်။ ကောင်းကင်အင်မော်တယ် အဆင့် ကျင့်ကြံသူနှင့် ရင်ဆိုင်သည့်အခါ သူ့အာကာသ ချုပ်နှောင်မှုမှာ အချိန်ခဏမျှသာ ခံမည် ဖြစ်ကာ  စွမ်းအား အမြောက်အမြားလည်း လိုအပ်သေး၏။ သို့သော်  သူက အာကာသ ချုပ်နှောင်မှု အကွက်ကို ပြသထား၍ တစ်ဖက်လူကို လုံးဝအလွတ်ပေး၍ မရပေ။ အကယ်၍  တစ်ဖက်လူ သူ့အာကာသ ချုပ်နှောင်မှု မှ ထွက်မလာခင် သူ့အဆုံးသတ် တိုက်ကွက်ကို မသုံးပါက သေခြင်းတရားကို ထိုင်စောင့်နေသလို ဖြစ်နေလိမ့်မည်။

လျှပ်စီးချက်က ကျရောက်သွားသလို ကျိယန်ကလည်း သူ့အာကာသ ချုပ်နှောင်မှုကို ချိုးဖျက်နိုင်သွားသည်။ သို့သော် လျှပ်စီးချက်က ကျိယန် နှလုံးသားကို ထိုးဖောက်သွားလေ၏။ သူ့တျန်းဂျီတုတ်က နောက်မှလိုက်လာကာ ကျိယန်၏ နဖူးကို ရိုက်ချပစ်လိုက်သောကြောင့် သွေးမြူများ လွှင့်စင်သွားသည်။

“မင်းကို သတ်ပစ်မယ်” ကျိယန် အသတ်ခံလိုက်ရသည်ကို မြင်သောအခါ ကျိကျောက်က တစ်ယောက်ကိုမျှ ချမ်းသာပေးရန် စိတ်ကူးမရှိတော့ပေ။ သူ့အင်မော်တယ် ကောင်းကင် စွမ်းအား စက်ကွင်းက ဟန်ချင်းရု၏ အားနည်းနေသည့်အရာကို ချိုးချေလိုက်ပြီး သူ့လက်ထဲမှ ဧရာမ ကတ်ကြေးကြီးဖြင့် ဟန်ချင်းရု ခါးကို ဖြတ်လိုက်သည်။

ဟန်ချင်းရု၏ သဘာဝ စွမ်းအားများမှာ အမြင့်ဆုံးအထိ ရောက်နေသော်လည်း သူမက ထိုတိုက်ခိုက်မှုမှ မလွတ်မြောက်နိုင်ပေ။

“ဖူး” ကတ်ကြေးက ဟန်ချင်းရု ခါးတွင် ဒဏ်ရာအနက်ကြီး ဖြစ်သွားစေသည်။ အကယ်၍  ဟန်ချင်းရုသာ သူမလွတ်မြောက်ရေး အဆောင်ဖြင့် မပြေးမိလျှင် သေချာပေါက် နှစ်ပိုင်း ပြတ်သွားပေလိမ့်မည်။

ဟန်ချင်းရု ခါးပိုင်းမှ  သွေးများက တစက်စက် ကျနေလေသည်။

ကျိကျောက်က မိုဝူကျီဆီ ဒေါသတကြီး ခုန်ဝင်သွားလေ၏။ သူ့အင်မော်တယ် စွမ်းအား စက်ကွင်းမှာ မိုဝူကျီ ဆီ ထားထားပြီး သူ့ဧရာမကတ်ကြေးမှာ အလင်းတန်းဆယ်ချက်အဖြစ် ပြောင်းလဲသွားပြီး မိုဝူကျီဆီ ရောက်ရှိသွားသည်။

မိုဝူကျီက ကျိကျောက် တိုက်ခိုက်တော့မည်မှန်း သိထားသော်လည်း သူက ရှောင်နိုင်စွမ်း မရှိတော့ပေ။ သူက သဘာဝစွမ်းအား အများစုကို ကျိယန်ကို သတ်ရန် သုံးထားသည့်အတွက် သူ့ဆီ ပစ်လွှတ်လိုက်သည့် အလင်းတန်းများ မရောက်ခင် ကျိကျောက်၏ စွမ်းအား စက်ကွင်းကို ဖြေရှင်းဖို့ပင် အချိန်မရှိတော့ပေ။

“ဆေးဆရာမို ” ထိုအလင်းဆယ်ချက်က မိုဝူကျီဆီ ဝင်ရောက်သွားပြီး သူ့တစ်ကိုယ်လုံး၌ သွေးများ ဖုံးလွှမ်းနေသည်။ အဝေးတစ်နေရာမှ ဟန်ချင်းရုက သူမဒဏ်ရာများကို လျစ်လျူရှုထားပြီး အော်ကြီးဟစ်ကျယ် အော်ခေါ်နေသည်။

“မင်းကို ဖြည်းဖြည်းချင်း သတ်ပေးမယ်”

ကျိကျောက် မျက်လုံး၌ မျက်ရည်များဖြင့် ပြည့်နေပြီး မိုဝူကျီကို စိုက်ကြည့်နေသည်။ သူ့လက်ထဲမှ ဧရာမကတ်ကြေးကြီးမှာ ယခုအခါ မီတာ ၃၀ ကျော် ကျယ်ဝန်းသည့် ကတ်ကြေးပုံရိပ်ကြီး ဖြစ်ပေါ်နေပြီး မိုဝူကျီ ခါးဆီ ရောက်ရှိလာသည်။ သူက မိုဝူကျီကို နှစ်ပိုင်း ပိုင်းဖြတ်လိုပြီး မိုဝူကျီကို သူ့သဘာဝ စွမ်းအားများနှင့် သွေးများ သေသည့်အထိ ကုန်ခန်းသွားသည်ကို စောင့်ကြည့်ချင်မိသည်။

မိုဝူကျီက ဖြည်းဖြည်းချင်း ခေါင်းကို လှည့်လိုက်သည်။ သူက သဘာဝစွမ်းအားအများစုကို သုံးထားသော်လည်း သူ့တွင် သဘာဝစွမ်းအား သိုလှောင်ရေး လမ်းကြောင်း သုံးခုနှင် စိတ်ဝိညာဉ်သိုလှောင်ရေး လမ်းကြောင်း တစ်ခု ရှိသေး၏။

တောက်ပသည့် သက်တံရောင် အလင်းများ ထွက်ပေါ်လာပြီး ကျိကျောက်၏ စွမ်းအား စက်ကွင်းကို ချေဖျက်လိုက်သည်။ တစ်ချိန်တည်းတွင် မိုဝူကျီက ရှေ့တက်လာသည်။

သူက အင်မော်တယ်လျိုကို ဖြတ်စဉ် သူ အသိဉာဏ်အလင်းပွင့်ခဲ့သည့် ပညာရပ်တစ်ခု ရှိပေသည်။ သူ့လက်သီးနှင့် ထိပ်တန်းမီးတောက်ကို ပေါင်းစပ်ခြင်း ဖြစ်သည်။ ထိုပညာရပ်ဖြင့် သူက တိမ်မြုပင့်ကူများနှင့် ယင်မီးတောက် ကင်းခြေများများကို လက်သီးတစ်ချက်ဖြင့် များစွာ လောင်ကျွမ်းစေနိုင်လိမ့်မည်။   သူ အင်မော်တယ်နယ်မြေကို ရောက်ရှိပြီးနောက်တွင် ဓားအလင်းတန်းကြောင့် ပြင်းထန်စွာ ဒဏ်ရာရထားပြီးနောက် အကြောင်းမျိုးမျိုးကြောင့်  ပန်းမြိုင်ရာ အိမ်တော်ကို ရောက်ရှိလာခဲ့သည်။ ထို့ကြောင့် သူက ဤပညာရပ်ကို ကြိုးစားကြည့်ရန် အခွင့်အရေး မရသေးပေ။  ယခု သူ့အသက်က သေမင်းလက်တစ်ကမ်းတွင် ရှိနေသည် ဖြစ်ရာ ဘာကိုများ ဂရုစိုက်နေရဦးမည်နည်း။

“ဘုန်း” ထိုလက်သီးချက်တွင် မီးတောက်မှ ထွက်ပေါ်လာသည့်အလား ဖြစ်၏။

ကျိကျောက်က သူ့ဘေးနားမှ နေရာတစ်ခုလုံး လောင်ကျွမ်းလာကြောင်း ခံစားမိလိုက်သည်။ သူ့စိတ်ထဲ၌ ပြီးဆုံးသွားသည့် ခံစားချက်မျိုး ဝင်ရောက်လာသည်။

သူက မိုဝူကျီကို နှစ်ပိုင်း ဖြတ်ပစ်ချင်သော်လည်း သူက ကတ်ကြေးကို ရုတ်သိမ်းကာ မီးတောက် တိုက်ခိုက်မှုကို ကာကွယ်လိုက်ရသည်။

ကြောက်မက်ဖွယ် ပေါက်ကွဲသံများကို ကြားလိုက်ရပြီးနောက် လက်သီးချက်မှ မီးတောက်မှာ လေထဲ အပြည့်နေရာယူသွားသည်။ ကျိကျောက် အဝတ်အစားများက ချက်ချင်း လောင်ကျွမ်းသွားသည်။ ကျိကျောက်က စိတ်သက်သာရာ ရသွားပြီး သက်ပြင်းချလိုက်မိသည်။ မိုဝူကျီ၏ သဘာဝ စွမ်းအားများမှာ ကုန်ခမ်းသွားကြောင်း  သိထားသောကြောင့် ဤလက်သီးချက်တွင် အသက်ဓာတ် စွမ်းအားပင် ပါဝင်နေခြင်း ဖြစ်ရမည်။

ထိုစဉ် မိုဝူကျီ၏ နောက်ထပ် လက်သီးချက်ကို ထပ်မြင်လိုက်ရသည့်အခါ .... မဟုတ်သေးပါဘူး နှစ်ကြိမ်ဆက်တိုက်ကို မြင်တွေ့လိုက်ရသည်။

ကျိကျောက် ဦးခေါင်းပိုင်း တစ်ခုလုံး ထုံထိုင်းသွားလေ၏။

ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ …

“ဘုန်း ဘုန်း” ထိပ်တန်း မီးတောက်နှင့် ပေါင်းစပ်ထားသည့် လက်သီးနှစ်ချက်က ကျိကျောက် ရင်ဘတ်ဆီ ကျရောက်လာသောကြောင့် သူ့ခန္ဓာတစ်ကိုယ်လုံးမှာ နောက်လွှင့်စင်သွားပြီး လေထဲ ပေါက်ကွဲသွားတော့သည်။

မိုဝူကျီက သွေးတစ်ပွက် အန်လိုက်ရပြီး မြေပြင်ပေါ်၌ မလှုပ်မယှက် လဲနေသည်။ သူ့တွင် သဘာဝစွမ်းအား သိုလှောင်ရေး လမ်းကြောင်း သုံးခုရှိသည့်အတွက် သူ့တွင် သဘာဝစွမ်းအားများ ပြတ်လပ်သွားလျှင်ပင် သူက သုံးကြိမ် ထိုးနိုင်ခဲ့ခြင်း ဖြစ်သည်။

အရာအားလုံးက မျက်စိတစ်မှိတ်အတွင်း ဖြစ်ပျက်သွားခြင်း ဖြစ်သည်။ ဟန်ချင်းရု အသိပြန်ဝင်လာချိန်တွင် အရာအားလုံးက ပြီးဆုံးနေလေပြီ။ သူမက မိုဝူကျီကို ကူရန် မြန်မြန် သွားလိုက်သည်။ မိုဝူကျီက ကုသဆေးလုံးတချို့ သောက်သုံးကာ စကားကို မနည်းပြောလိုက်ရသည်

“သိုလှောင်လက်စွပ်တွေ ယူပြီးတော့ သွားကြစို့   ...”

မိုဝူကျီက ထိုသို့မျိုး အကြိမ်များစွာ လုပ်ဖူးသော်လည်း ဟန်ချင်းရုအတွက် ပထမဆုံးအကြိမ် ဖြစ်ပေသည်။ သူမက မိုဝူကျီ စကားများကို ကြားပြီးနောက် သူမ ဘာလုပ်သင့်သည်ကို သိသွားသည်။ သူမက ကျိညီအစ်ကိုဆီမှ လက်စွပ်နှစ်ကွင်းကို  မြန်မြန် ချွတ်ယူလိုက်သည်။ ထိုစဉ် မိုဝူကျီက ယာဉ်ပျံကို ထုတ်လိုက်သည်။

“ဆေးဆရာမို ... ရှင်  ...” ဟန်ချင်းရုက မိုဝူကျီ ခန္ဓာကိုယ်၌ ထိုးစိုက်နေသော ကတ်ကြေး အလင်းတန်းများကို မြင်ထားသည့်အတွက် မိုဝူကျီသည် ဒဏ်ရာအပြင်းအထန် ရထားကြောင်း သေချာ၏။

မိုဝူကျီက နောက်ထပ် သွေးတစ်ပွက် အန်လိုက်ရသည်။ သူက အဆင်ပြေကြောင်း သိထားသည်။ သို့သော်  လက်ရှိအခြေအနေ၌ မလှုပ်ရှားနိုင်သော်လည်း ရက်အနည်းငယ်အကြာ၌ ပြန်ကောင်းလာမည်မှန်း သိ၏။ သူက တခြားလူများနှင့် ကွဲပြားစွာ အသက်လမ်းကြောင်း ပိုင်ဆိုင်ထားသည် မဟုတ်ပါလော။

မိုဝူကျီက နောက်ထပ် ထိပ်သီးပျံသန်းရေး ရတနာကို ထုတ်ယူလိုက်သည်။ သူက ထိုပျံသန်းရေး ရတနာ စွမ်းအား မြောင်းအတွင်း မြေကမ္ဘာစိတ်စွမ်းအင် ကျောက်တုံးများကို ထားလိုက်ပြီးနောက် ဟန်ချင်းရု၏ အမှတ်အသား ထည့်ထားသည့် ကျောက်စိမ်းသေတ္တာကို ပစ်ထည့်လိုက်ရင်း အသက်သွင်းလိုက်သည်။

ပျံသန်းရေး ရတနာမှာ အဝေးတစ်နေရာသို့ အရှိန်ဖြင့် ပျံသန်းသွားတော့သည်။

ထိုသို့ လုပ်ဆောင်ပြီးနောက် မိုဝူကျီက အားယူကာ ပြောလိုက်ရသည် …

“ခင်ဗျားက ယာဉ်ပျံကို ထိန်းပေးပါ။  ဦးတည်ရာကို ပြောင်းပြီးတော့ ဒီတည်နေရာကနေ လွတ်အောင်သွား ... ပြီးတော့ နှစ်ရက်ထက် ကြာကြာ မမောင်းနဲ့”

ထိုစကားများကို ပြောပြီးနောက် မိုဝူကျီတွင် စွမ်းအား လုံးဝ မရှိတော့သောကြောင့် ယာဉ်ပျံထဲ မေ့မြောသွားတော့သည်။

ဟန်ချင်းရုမှာ ပြင်းထန်စွာ ဒဏ်ရာရထားသော်လည်း မိုဝူကျီနှင့် ယှဉ်လျှင် သူမ ဒဏ်ရာများမှာ မပြောပလောက်ပေ။ သူမက မိုဝူကျီ၏ အဓိပ္ပာယ်ကို ချက်ချင်း သဘောပေါက်ကာ ယာဉ်ပျံကို မြန်မြန် ထိန်းချုပ်လိုက်သည်။ သူမက ဦးတည်ရာကို ပြောင်းလိုက်ပြီး အမြန်နှုန်း တင်လိုက်သည်။

***

မိုဝူကျီ နိုးလာသည်နှင့် ဘေးပတ်ဝန်းကျင် တစ်ခုလုံး မှောင်မည်းနေကြောင်း သတိပြုမိလိုက်သည်။ သူက စိတ်စွမ်းအားဖြင့် ချက်ချင်း အာရုံခံကြည့်လိုက်သည့်အခါ သူ့ဘေးတွင် ရှိနေသော ဟန်ချင်းရုကို တွေ့လိုက်ရသည်။

“ရှင်နိုးလာပြီပဲ” မိုဝူကျီ လှုပ်ရှားလိုက်သည်နှင့် ဟန်ချင်းရုက တအံ့တဩ မေးလိုက်သည်။

“ဒါက ဂူလား” မိုဝူကျီက နားမလည်စွာ မေးလိုက်သည်။

ဟန်ချင်းရုက မြန်မြန် ဖြေလိုက်သည်  “ရှင်ပြောတဲ့အတိုင်း နှစ်ရက် ပျံသန်းလာလိုက်တယ်။ အဲဒီနှစ်ရက်လုံးလုံး ရှင်က လုံးဝသတိမေ့နေတာ။ အခု ကျမတို့တွေက ကြာငါးသွယ် တောင်စပ်နားဆီ ရောက်နေကြတာ။ ကြာငါးသွယ် တောင်ထဲတော့ မဝင်ရဲလို့  ဒီနားမှာပဲ ဂူရှာပြီး နေလိုက်တယ်”

မိုဝူကျီက အပြင်ဘက်မှ အတားအဆီးကို ကြည့်ကာ ဟန်ချင်းရု အစီအရင်ဖြင့် မလုံလောက်သေးကြောင်း တန်းသိလိုက်သည်။ သို့သော်လည်း သူက နေရာကို အတော်လေး ကျေနပ်မိသွားသည်။ ချောက်၏  တစ်စိတ်တစ်ပိုင်း ဖြစ်နေပေသည်။ သူက ဟန်ချင်းရုသည် ထိုသို့မျိုး နေရာကို ရှာတွေ့လိမ့်မည်ဟု ထင်မထားပေ။

သူက ဟန်ချင်းရုကို မည်သို့ ရှာတွေ့လဲ ဟုပင် မမေးဘဲ အစီအရင်အလံများကို ပစ်လွှတ်လိုက်တော့သည်။

တစ်နာရီအတွင်း မိုဝူကျီက ဂူပတ်လည်၌ အတားအဆီးများ ချပြီးသွားလေပြီ။

မိုဝူကျီက အစီအရင်တာအို၌ ကျွမ်းကျင်ကြောင်း သူမ သိထားသော်လည်း မိုဝူကျီသည် တစ်နာရီအတွင်း  သူမအတားအဆီးများကို အင်အားဆယ်ဆ တိုးလာအောင် လုပ်ဆောင် နိုင်လိုက်သည်ကို မြင်သောအခါ ဟန်ချင်းရုက မျက်နှာမနီဘဲ မနေနိုင်တော့ချေ။ သူမက မိုဝူကျီသည် နယ်လှည့်ကျင့်ကြံသူ ဖြစ်ကြောင်း မှန်းဆမိသည်။ သူမက ကျင့်ကြံခြင်း အထောက်အပံ့များစွာ ရခဲ့သော်လည်း နယ်လှည့်ကျင့်ကြံသူ တစ်ယောက်ကိုပင် မယှဉ်နိုင်ချေ။

“ကျုပ်က နှစ်ရက်တောင် မေ့နေခဲ့တာလား” ဂူအတားအဆီးများကို အဆင့်မြင့်ပြီးနောက် မိုဝူကျီက မေးလိုက်သည်။

ဟန်ချင်းရုက ခေါင်းညိတ်ကာ   “ဟုတ်တယ်။ နှစ်ရက်လောက် ပျံသန်းလာပြီးတော့ ဒီကို ရောက်လာတာ။ ကျမ ဒီနေရာကို တစ်ခါ ရောက်ဖူးတယ်။ ဒီနေရာကို ကြာငါးသွယ်တောင်လို့ ခေါ်တယ်။ ကျမ အဖေနဲ့ကျမပဲ ဒီနေရာကို သိကြတာ၊ အဲဒါကြောင့် ဒီမှာ ပုန်းနေလိုက်တာ”

ဟန်ချင်းရု စိတ်ထဲတွင် သံသယများ ရှိနေသည်။ သူမက မိုဝူကျီ ဒဏ်ရာများကို စစ်ဆေးပေးခဲ့သည့် အတွက် သူက နှစ်ရက်အတွင်း ပြန်လည် သတိလည်လာနိုင်မည် မဟုတ်ပေ။ သူ နိုးလာလျှင်ပင် မိုဝူကျီက အစီအရင် အသက်သွင်းနိင်စွမ်း ရှိဦးမည် မဟုတ်ပေ။ သို့သော် လက်တွေ့၌ မိုဝူကျီက ပြန်လည် နိုးထလာရုံသာမက အဆင်ပြေနေလေသည်။

“ကျေးဇူးပါ။ ခင်ဗျားကြောင့်သာ မဟုတ်ရင် ကျုပ်တော့ အသက်ဆုံးရှုံး ရလောက်ပြီ” မိုဝူကျီက ကျေးဇူးစကား ဆိုလိုက်သည်။

“ကျမကသာ ရှင့်ကို ကျေးဇူးတင်ရမှာပါ။ ရှင်သာ ကျမကို ခေါ်မလာရင် ကျမတော့ အဲဒီလူ ပြုသမျှနုရမဲ့အရုပ် ဖြစ်တော့မှာ” ဟန်ချင်းရုက ခေါင်းခါကာ ပြောလိုက်သည်။

မိုဝူကျီက ထိုခေါင်းစဉ်ကို ဆက်မပြောတော့ချေ။ သူက ဟန်ချင်းရုကို ကျေးဇူးတင်သည့် အကြောင်းမှာ သူမကြောင့်သာ မဟုတ်လျှင် သူက ကျိညီအစ်ကို လိုက်ဖမ်းမှုမှ လွတ်မြောက်နိုင်မည် မဟုတ်ပေ။ သူတို့ တစ်ယောက်ကိုယ် တစ်ယောက် ကူညီခြင်းသည် ပုံမှန်ကိစ္စ ဖြစ်၏။

“အိမ်တော်သခင်မဟန်  ...  ဘယ်သူက ခင်ဗျားကို အဲဒီလို  ဖြစ်စေချင်နေတာလဲဆိုတာ ပြောပြပေးလို့ ရမလား ” မိုဝူကျီက ကုသဆေးလုံးတချို့ သောက်သုံးရင်း မေးလိုက်သည်။

***

All Chapters