← Chapters

တောင်းတျဲသတ္တဝါပြန်လည်အသက်ဝင်လာခြင်း

Vol. 56 Ch. 783

တောင်းတျဲသတ္တဝါပြန်လည်အသက်ဝင်လာခြင်း

Vol. 56 Ch. 783

အခန်း (၇၈၃) တောင်းတျဲသတ္တဝါပြန်လည်အသက်ဝင်လာခြင်း

ပင်လယ်ရေအောက်နန်းတော်က အလွန်တရာစွမ်းအားကြီးမားသော မိစ္ဆာသားရဲဖြစ်သည့် ‘တောင်းတျဲ’ သတ္တဝါ၏ အကြွင်းအကျန်ရုပ်အလောင်းဖြင့် ဖန်တီးထားခြင်း ဖြစ်သည်။

တောင်းတျဲသတ္တဝါက သေဆုံးသွားပြီဖြစ်သော်လည်း သူ၏အသွေးအသားများက သန်မာနေဆဲဖြစ်ကာ အလောင်းကောင်သည်လည်း ထင်သလောက်ပုပ်ဆွေးခြင်း မရှိသေးပေ။ ထိုအလောင်းကောင်ခန္ဓာဖြင့် ရေအောက်နန်းတော်တစ်ခု တည်ဆောက်ထားခြင်းက လွတ်လပ်သည့်သီးခြားနယ်မြေတစ်ခုပမာ ဖြစ်နေသည်။

ဤနေရာက အထက်ဘုံကမ္ဘာမှခွဲထွက်နေသည့် ဗလာနယ်ထဲမှ သီးခြားနယ်မြေတစ်ခုနှင့် မခြားလှပေ။

ထို့ပြင် နယ်နိမိတ်များက အထူးခိုင်ခံ့နေသည့်ဖြစ်ရာ အမတကူးပြောင်းခြင်းအဆင့် သိုင်းသူတော်စင်များ နန်းတော်အတွင်း အပြင်းအထန်တိုက်ခိုက်လျှင်ပင် အန္တရယ်မရှိနိုင်ပေ။

ခန်းဖင်း ၊ ကုဟုန်နှင့်အခြားသူများက ကျင့်ကြံခြင်းစွမ်းအားမြင့်မားလွန်းသဖြင့် အထက်ဘုံကမ္ဘာ အပြင်ဘက်လောကတွင်သာ တိုက်ခိုက်မည်ဆိုလျှင် ကမ္ဘာတစ်ခုလုံးတုန်လှုပ်စေသော စွမ်းအားပိုင်ရှင်များ ဖြစ်သည်။ သို့တိုင် တစ်စုံတစ်ယောက်က ရည်ရွယ်ချက်ရှိရှိ နန်းတော်ကိုမတိုက်ခိုက်မချင်း တိုက်ပွဲ၏ နောက်ဆက်တွဲ လှုပ်ခတ်မှုများက ဤနေရာကို ဖျက်ဆီးရန် မလုံလောက်ပေ။

သို့သော် အမတကူးပြောင်းခြင်းအဆင့် သိုင်းသူတော်စင်များ တိုက်ခိုက်သည့်စွမ်းအားလှိုင်းလုံးများက ပြင်းထန်လွန်းလှသည်။ ဝိညာဉ်စွမ်းအားများ တဟုန်ထိုးမြင့်တက်လာသည်နှင့်အမျှ မိစ္ဆာဓားကို ယာဇ်ပူဇော်ရန်အသုံးပြုနေသော ရေအောက်နန်းတော်ဗဟိုချက်ရှိ ထုံးတမ်းအစီအရင်က ရလဒ်အနေဖြင့် မတည်မငြိမ် ဖြစ်လာသည်။

ကောင်းကင်ဝါးမျိုဓားသေတ္တာရှေ့တွင်ရှိနေသော မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားမှာ ယာဇ်ပူဇော်ခြင်းထုံးတမ်းအစီအရင် ဆက်လက်ပြုလုပ်နေသော ဓားသေတ္တာက ရုတ်တရက်တုန်လှုပ်သွားသည်ကို တွေ့လိုက်ရသည်။

တုန်လှုပ်နေသည်က ကောင်ကင်ဝါးမျိုဓားသေတ္တာမဟုတ်ပေ။ ထိုဓားသေတ္တာထဲတွင်ရှိနေသော မိစ္ဆာဓားက လှုပ်ခါနေခြင်း ဖြစ်၏။

ဓားသေတ္တာကိုဝန်းရံထားသည့်အလင်းတန်းများက ရတနာဓားပြုလုပ်ခြင်းမပြီးဆုံးမီ အတွင်းမှဆွဲထုတ်ရန် ကြိုးစားနေကြသည်။

မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား၏ ခန္ဓာကိုယ်နှင့် စိတ်နှလုံးအောက်ခြေမှ ကလေးငိုသံကဲ့သို့ အော်သံတစ်သံထွက်ပေါ်လာပြီး ထိုအသံက အလွန်တရာ ကြောက်ရွံ့ထိတ်လန့်ဖွယ် ကောင်းလှသည်။

မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား၏ လက်ရှိကျင့်ကြံခြင်းအဆင့်ဖြင့်ပင် ခေါင်းတစ်ခုလုံးမူးဝေသွားသလို ခံစားလိုက်ရသည်။

ထိုအသံက တောင်းတျဲသတ္တဝါ၏အော်သံဖြစ်၏။

မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား သေသေချာချာ ကြည့်လိုက်သောအခါ ရက်စက်ကြမ်းတမ်းသောလူမျက်နှာအသွင်ရှိသည့် သားရဲတစ်ကောင်ကိုတွေ့လိုက်သည်။ ထိုသတ္တဝါသည်ကား ဒဏ္ဍာရီလာ တောင်းတျဲသားရဲအသွင်အပြင်ဖြစ်ပြီး ကောင်းကင်ဝါးမျိုဓားသေတ္တာ၏ မျက်နှာပြင်ထက် တဖြည်းဖြည်းထွက်ပေါ်လာသည်ကို တွေ့လိုက်ရသည်။

ထိုတောင်းတျဲသတ္တဝါက ပုံရိပ်ယောင်မျှသာဖြစ်သော်လည်း ကြီးမားသောအင်တုံကြီးပမာ ပါးစပ်ကိုဖွင့်ဟလိုက်သည့်အခါ အလွန်တရာပြင်းထန်သောစုပ်ယူစွမ်းအားတစ်ခုက သိသာစွာ ထွက်ပေါ်လာသည်။

ကောင်းကင်ကိုမျိုချပြီး ကမ္ဘာတစ်ခုလုံးကို ဝါးမျိုပစ်တော့မည့် ကြီးကျယ်ခမ်းနားသောစွမ်းအားကြီးထွက်ပေါ်လာလေရာ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားမှာ ချက်ချင်းပင်မတည်မငြမ်ဖြစ်သွားပြီး အထက်သို့ ပျံတက်သွားသည်။

တောင်းတျဲပါးစပ်ထဲ ဝါးမျိုမခံရအောင် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား အပြင်းအထန်ကြိုးစားလိုက်ပြီး လေထုထဲတွင်လှည့်ပတ်လျှက် သူ့ကိုယ်သူတည်ငြိမ်အောင် အတင်းအကျပ်ကြိုးစားခဲ့ရ၏။

သူ၏ လက်တစ်ဖက်တွင်ရှိနေသည့် ကမ္ဘာမြေဖျက်ဆီးအမွှေးတိုင်အိုးလေးမှာ ကောင်းကင်ဝါးမျိုဓားသေတ္တာထက်တွင် ထွက်ပေါ်လာသည့် တောင်းတျဲသတ္တဝါ၏ ပါးစပ်ကြီးအတွင်းသို့ ဦးတည်ထွက်ခွာသွားသည်။

ထိုပစ္စည်းများကို အချိန်အတန်ကြာအောင် သန့်စင်ခဲ့သော မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားအနေဖြင့် ကမ္ဘာမြေဖျက်ဆီးအမွှေးတိုင်အိုးလေးနှင့် ကောင်းကင်ဝါးမျိုဓားသေတ္တာတို့အပေါ် များစွာလွှမ်းမိုးနိုင်စွမ်း ရှိနေပြီ ဖြစ်သည်။ ယခု ဤရတနာပစ္စည်းများကို ထုတ်ဖော်အသက်သွင်းကာ အသုံးပြုနိုင်နေပြီ ဖြစ်၏။

စိတ်မကောင်းစရာမှာ နတ်ဘုရားသူတော်စင်အဆင့် သိုင်းသူတော်စင်များ၏ တိုက်ခိုက်မှုစွမ်းအားများကိုပင် ဝါးမျိုနိုင်စွမ်းရှိသည့် ကမ္ဘာမြေဖျက်ဆီးအမွှေးတိုင်အိုးလေးမှာ တောင်းတျဲ၏စွမ်းအားများကိုတော့ စုပ်ယူဝါးမျိုနိုင်ခြင်း မရှိခဲ့ပေ။

မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက သူ၏လျှင်မြန်သောအရှိန်အဟုန်ကို အသုံးချကာ အဝေးတစ်နေရာသို့ ပျံသန်းထွက်ခွာသွားသည်။

သို့သော် သူနှင့် ကောင်းကင်ဝါးမျိုဓားသေတ္တာကြားမှအကွာအဝေးက မပြောင်းလဲဘဲ လက်တစ်ကမ်းအလိုတွင်သာ ရှိနေသည်။ သို့ရာတွင် သူ၏ကြိုးစားမှု အထွတ်ထိပ်သို့ရောက်ရှိသွားသည်နှင့် အချိန်ခဏအတွင်း ထိုတောင်းတျဲနှင့် နီးကပ်သွားမည်မဟုတ်ကြောင်း သေချာစေခဲ့သည်။

အခြေအနေက နှစ်ဖက်လုံးအတွက် မတိုးသာမဆုတ်သာ အခြေအနေပင်။

သို့သော် ကလေးငိုသံကဲ့သို့ ကျယ်လောင်လှသောကြုံးဝါးသံက ပိုမိုကျယ်လောင်လာပြီး နားကွဲလုမတတ် ဖြစ်လာသည်။

မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားနှင့် ကောင်းကင်ဝါးမျိုဓားသေတ္တာမှာ ယခင်ကနှင့်မတူညီစွာ အပြင်းအထန်လှုပ်ရှားလာကြောင်း ရန်ကျောက်ကဲ သတိပြုလိုက်မိသည်။

သွေးကန်အတွင်းမှ မိစ္ဆာသွေးများ တုန်ခါလှုပ်ယမ်းလာပြီး သွေးပူပေါင်းများစွာ သွေးကန်မျက်နှာပြင်ထက်တွင် ထွက်ပေါ်လာပြီးနောက် အရာအားလုံး ပေါက်ကွဲထွက်သွားသည်။

ရေအောက်နန်းတော်သည် သာမန်မျက်စိဖြင့် ရှင်းရှင်းလင်းလင်းမြင်နိုင်သော အရှိန်အဟုန်ဖြင့် ပြောင်းလဲနေပြီး သွေးရေကန်က ၎င်း၏မူလအစစ်အမှန် တောင်းတျဲသတ္တဝါ၏နှလုံးသားအတိုင်း ပြန်လည်ဖြစ်တည်လာတော့မည့်အသွင်ဖြင့် ကျုံ့ဝင်သွားသည်။

သွေးဆာနေသည့်လေထုအပြင် ယခင်က တိတ်ဆတ်ငြိမ်သက်နေသော ရေအောက်နန်းတော်မှာလည်း အသက်ဝင်လာသည့်အလား လှုပ်လှုပ်ရှားရှား ဖြစ်လာ၏။

အသွေးအသားများလှုပ်ရှားလာပြီး သွေးကြောဆုံချက်များတွန့်ကွေးကာ အရိုးများက ပြန့်ကားလာသည်။

တောင်းတျဲမိစ္ဆာသားရဲအသေကောင်က အမှန်တကယ်ပြန်လည်အသက်ရှင်လာတော့မည့် အရိပ်အယောင်များ ပြသနေခြင်းပင်။

ရှေးဟောင်းကြေးနီဓားထဲတွင် တံဆိပ်ခတ်ချိတ်ပိတ်ထားသော တောင်းတျဲ၏မိစ္ဆာဝိညာည်က ကောင်းကင်ဝါးမျိုဓားသေတ္တာအပြင်ဘက်သို့ ထွက်ပေါ်လာပြီး အပြင်ဘက်မှ သူ၏ရုပ်အလောင်းနှင့်ပေါင်းစပ်လုနီးပါး ဖြစ်လာသည်။

အပြင်ဘက်မှ မိစ္ဆာသတ္တဝါအသွေးအသားများက ပြန်လည်နိုးထာချိန် တစ်ဖက်တွင်လည်း မိစ္ဆာဝိညာဉ်က စည်းတံဆိပ်အတွင်းမှထွက်ပေါ်လာသဖြင့် ရန်ကျောက်ကဲ၏ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက အလယ်တွင်ပိတ်မိနေသည်။

ဓားသေတ္တာထက်မှ တောင်းတျဲသတ္တဝါ၏မျက်လုံးများမှ စူးရဲတောက်ပသည့်အလင်းတန်းများထွက်ပေါ်လာပြီး မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား၏ စိတ်အာရုံကို ပြုစားရန် ကြိုစားနေသည်။ အပြန်အလှန်အကြည့်ချင်းဆုံမိသည်နှင့် မြောက်သမုဒ္ဒရာကိုယ်ပွား၏ခန္ဓာကိုယ်တွင်းသို့ ဝင်ရောက်ရန်ကြိုစားနေသည့် အပြစ်နှင့်ပြည့်ဝသောအလင်းတန်းများက ပိုပြီးထင်သာမြင်သာရှိလာသည်။

“ဒီကောင်က ငါ့ရဲ့မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားကို မျိုချပြီး သူ့ရဲ့ခန္ဓာကိုယ်အစိတ်အပိုင်းဖြစ်လာအောင် လုပ်ပြီး  သူပြန်အသက်ရှင်လာနိုင်ဖို့ ကြိုးစားနေတာကိုး”

ရန်ကျောက်ကဲ ရုတ်တရက် နားလည်သွားသည်။

မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက အေးစက်စွာ နှာခေါင်းတစ်ချက်ရှုံ့လိုက်ပြီး သူ၏ ဦးခေါင်းထိပ်ရှိ  ပိုင်လုသွေးကြောဆုံချက်မှစတင်ကာ ခန္ဓာကိုယ်တစ်ခုလုံးမှ သွေးကြောဆုံချက်များ ခုန်လှုပ်သွားသည်။

ကြယ်တာရာချီစွမ်းအားအနှစ်သာရကို ထုတ်လွှတ်လိုက်ပြီးနောက် ခေါင်းကိုမော့ကာ ဒေါသတကြီးအော်ဟစ်ကြုံးဝါးနေသည့် ခွန်ဖိန်သတ္တဝါအသွင်ပြောင်းလဲသွားကာ တောင်းတျဲသတ္တဝါနှင့် ထိပ်တိုက်ရင်ဆိုင်လိုက်၏။

မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက တောင်းတျဲသတ္တဝါထက်များစွာအားနည်းသော်လည်း ခွန်ဖိန်သတ္တဝါကတော့ တောင်းတျဲထက်မနိမ့်ကျသော စွမ်းအားရှိသည့် ရှေးဦးသားရဲဖြစ်သည်။ ပြီးတော့ ဤတောင်းတျဲက အသက်ရှင်စဉ်က အလွန်စွမ်းအားကြီးနိုင်သော်လည်း ယခု အပြည့်အဝ ပြန်လည်ရှင်သန်လာခြင်း မရှိသေးပေ။

သူက မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား၏ စိတ်အာရုံကို လွှမ်းမိုးရန်ကြိုးစားခဲ့သော်လည်း ထိုသို့ပြုလုပ်ရန် မတတ်နိုင်ခဲ့ပေ။

ထိုအချိန်...

ရေအောက်နန်းတော်ပတ်ပတ်လည်တွင် တွင်းနက်များစွာထွက်ပေါ်လာသည်ကို ရန်ကျောက်ကဲ တွေ့လိုက်ရသည်။

တွင်းနက်တစ်ခုစီတိုင်းမှ ကြောက်မက်ဖွယ်ရာစုပ်ယူစွမ်းအားများထွက်ပေါ်လာပြီး အရာအားလုံးကို လောဘတကြီးမျိုချရန် ကြိုးစားနေ၏။

တွင်းနက်များက တဖြည်းဖြည်းအရေအတွက်များပြားလာကာ ရာနှင့်ထောင်နှင့်ချီလာပြီး ပတ်ဝန်းကျင်တစ်ခုလုံး ပြည့်နက်လာကာ တုန်လှုပ်ချောက်ချားဖွယ်ရာ ဖြစ်လာသည်။ ဤ စုပ်ယူစွမ်းအားများ တဖြည်းဖြည်းပေါင်းစပ်သွားသည့်အခါ စွမ်းအားက အဆမတန် မြင့်တက်လာသည်။

ယင်းက တောင်းတျဲ၏ တစ်စတစ်စ ပြန်လည်နိုးထလာမှုကို ဆိုလိုသည်။

ဆိတ်တစ်ကောင်၏ခန္ဓာကိုယ် ၊ လူတစ်ယောက်၏မျက်နှာ ၊ ချိုင်းအောက်တွင်ရှိနေသောမျက်လုံးများ ၊ ကျားသွားများနှင့် လူတစ်ယောက်၏လက်သည်းများပါရှိခြင်းက တောင်းတျဲသတ္တဝါ၏ ပြင်ပအသွင်အပြင် ဖြစ်သည်။

သို့တိုင် ကောင်းကင်ကိုမျိုချပြီး‌ မြေကြီးကိုဝါးမျိုနိုင်စွမ်းရှိသော တောင်းတျဲသတ္တဝါ၏စွမ်းရည်ကြောင့် အများစုမှာ တောင်းတျဲသတ္တဝါ၏မူလအသွင်အပြင်ကို မတွေ့မြင်ကြရဘဲ ပရမ်းပတာတွင်းနက်ကြီးတစ်ခုအသွင်သာ တွေ့မြင်ကြရမည်ပင်။

နေ ၊ လ ၊ ကြယ်စင်များ ၊ ကောင်းကင်နှင့်မြေကြီး ၊ တောင်နှင့်မြစ်ရေများအားလုံး ဤတွင်းနက်ကြီးအတွင်းသို့ ခြွင်းချက်မရှိ စုပ်ယူခံရပေလိမ့်မည်။

အလင်းရောင်ကိုပင် ဝါးမျိုသွားသဖြင့် လူအများစုမှာ တောင်းတျဲသတ္တဝါ၏ တကယ့်မျက်နှာအမှန်ကို မမြင်နိုင်ကြရပေ။

တောင်းတျဲအသေကောင်ဖြင့် ဖွဲ့စည်းထားသော ရေအောက်နန်းတော်တစ်ခုလုံး တွင်းနက်များဖြင့် ဖုံးလွှမ်းနေပြီး တောင်းတျဲပြန်လည်အသက်ရှင်လာတော့မည့် နိမိတ်များကို ကြိုတင်ပြသနေသည်။

ဤ တောင်းတျဲ လုံးဝပြန်လည်အသက်ဝင်လာပါက သူ၏ အသက်ဓာတ်စွမ်းအားများ ပြန်လည်ရရှိလာကာ ခန္ဓာကိုယ်အတွင်းပိုင်းက တွင်းနက်ကြီးအဖြစ် တိုက်ရိုက်ပြောင်းလဲသွားပြီး ခန္ဓာကိုယ်အတွင်းအပြင်မှ အရာအားလုံးကို မျိုချသွားမည်ဖြစ်သည်။

ဤသို့သာအမှန်တကယ်ဖြစ်ပေါ်လာပါက ရေအောက်နန်းတော်ထဲတွင်ရှိနေသည့် ရန်ကျောက်ကဲ ၊ ခန်းဖင်း ၊ ကုဟုန်နှင့် အခြားသူများအားလုံး တောင်းတျဲနိုးထလာပြီးနောက် ပထမဆုံးအစားအသောက် ဖြစ်သွားပေလိမ့်မည်။

ခန်းဖင်း ၊ လော့ကျီးထောင် ၊ ကုဟုန်နှင့် ရေအောက်နန်းတော်အတွင်း တိုက်ပွဲဝင်နေသော အခြားသူများအားလုံး ပတ်ဝန်းကျင်အပြောင်းအလဲများကို သတိပြုမိလိုက်ကြသည်။

အခြားနေရာများနှင့်နှိုင်းယှဉ်ပါက တွင်းနက်၏ စုပ်ယူမှုစွမ်းအားသည် သွေးရေကန်တည်ရှိရာ တောင်းတျဲ၏ နှလုံးသားနေရာတွင် ပိုမိုအားနည်းသည်။

တွင်းနက်များသည် ရေအောက်နန်းတော်၏ အခြားနေရာများတွင် ပိုမိုလျင်မြန်စွာ ကျယ်ပြန့်လာသည်။

လော့ကျီးထောင် ၊ ကုန်းစွန်းမင် ၊ ကုဟုန်နှင့် အခြားသော တာ့ရွှမ်ဆန့်ကျင်သူများမှာ သူတို့၏ကံဆိုးမှုကြောင့် စိတ်ထဲကကျိတ်ပြီး ကျိန်ဆဲမိကြသည်။ သူတို့က မတည်ငြိမ်မှုများကိုအသုံးချကာ တာ့ရွှမ်မင်းဆက်၏ လိုက်လံတိုက်ခိုက်မှုမှ လွတ်မြောက်စေရန် ဤနေရာသို့ ရောက်လာခဲ့ခြင်း ဖြစ်၏။

သို့သော် အဆုံးသတ်မှာတော့ ရှေ့တိုး၍လည်းမရ နောက်ဆုတ်၍လည်းမရဘဲ နောက်မှလိုက်လာသည့်ရန်သူများကြားတွင် ပိတ်မိနေခဲ့သည်။

ဤသည်မှာ သေခြင်းတရားဖြင့် ချည်နှောင်းထားသည့်ပမာ ဖြစ်သည်။ သတိတစ်ချက်လွတ်သွားသည်နှင့် သူတို့အားလုံး ဤနေရာတွင် အသက်ဆုံးသွားနိုင်သည်။

တာ့ရွှမ်မင်းဆက်မှသူများသည်လည်း ဤအန္တရာယ်ကိုလည်း သတိရှိရှိဖြင့် အသိအမှတ်ပြုခဲ့ကြသည်။

သူတို့က လော့ကျီးထောင်တို့အုပ်စုကို ဆက်လက်တိုက်ခိုက်ခြင်းမပြုတော့ဘဲ ရေအောက်နန်းတော်မှ ထွက်ခွာရန် ကြိုးစားကြသည်။ သို့သော် သူ၏သားနှစ်ယောက်အနားတွင်မရှိသည်ကို‌တွေးမိသည့်အခါ ခန်းဖင်း အတော်လေး စိတ်ရှုတ်ထွေးသွားသည်။

ချီဝေမှာလည်း ရုတ်တရက်ပြောင်းလဲသွားသောအခြေအနေကြောင့် တုန်လှုပ်သွား၏။

သူက မျက်ခုံးများကို တင်းတင်းကျပ်ကျပ်တွန့်ချိုးထားရင်း ချန်းမောက်ရှန်းနှင့် ခန်းကျင်းယွမ်ကိုဆွဲယူကာ မပျက်စီးသေးသော နန်းတော်လမ်းကြောင်းဆီသို့ ပစ်ချလိုက်သည်။

“သွားကြတော့...”

‘ခန်း’ ညီအစ်ကိုအားအဝေးသို့ပို့ဆောင်ပေးပြီးသည့်နောက် ချီဝေက ရန်ကျောက်ကဲကို လှမ်းကြည့်လိုက်ပြီး လက်ဖြင့် စည်းတံဆိပ်သဏ္ဌန်ပြုလုပ်ကာ လက်ဖဝါးနှစ်ဖက်ကို ဘေးသို့ခွဲလိုက်ပြီးမှ ပြန်လည်စုစည်းလိုက်သည်။

ရန်ကျောက်ကဲပတ်ပတ်လည်တွင် ဖုံးအုပ်ထားသော ကြီးမားသောဖွဲ့စည်းပုံနှစ်ခုသည် ပြောင်းပြန်လည်ပတ်နေပြီး တပြိုင်နက်တည်းပေါက်ကွဲသွားတော့မည့်အသွင်ရှိသည်။

ရန်ကျောက်ကဲ ကမ္ဘာများစွာအလွန် အထက်ဘုံကမ္ဘာသို့ ရောက်လာပြီးကတည်းက သူ သွားလေရာရာတိုင်းတွင် အနှောက်အယှက်များစွာဖြစ်ပေါ်စေခဲ့ပြီး လူတိုင်း၏မျှော်လင့်ချက်ကို ကျော်လွန်သွားခဲ့သည်။

ချီဝေ၏ မျက်လုံးထဲတွင်တော့ သူသည် ကွမ်းမင်ဂိုဏ်းထက် ခေါင်းကိုက်စေသော ရန်သူဖြစ်၏။

ရေအောက်နန်းတော်ထဲတွင် ပရမ်းပတာ အပြောင်းအလဲများဖြစ်ပေါ်လာသည့်တိုင် ရန်ကျောက်ကဲကို မသတ်နိုင်မည်ကိုစိုးရိမ်သဖြင့် သူက အစီအရင်ပညာဖြင့် ထိန်းချုပ်ရန် ကြိုးစားလိုက်ခြင်း ဖြစ်သည်။

ရန်ကျောက်ကဲသည်လည်း အစီအရင်ပညာတွင် အလွန်ထူးခြားသာလွန်သည်ကို ချီဝေ သံသယမဝင်ပေ။ သို့သော် ရန်ကျောက်ကဲ သူ၏အစီအရင်များထဲ ပိတ်မိနေပါက ရလဒ်အနေဖြင့် နန်းတော်မှ လွတ်မြောက်ရန် နောက်ကျမည်မှာ သေချာသည်။

ပရမ်းပတာဖြစ်နေသော ရေအောက်နန်းတော်အခြေအနေများကို အသုံးချပြီး ရန်ကျောက်ကဲတစ်ယောက် သဘာဝပသာဒနယ်မြေ၏ ပင်လယ်ရေနက်ထဲတွင် ထာဝရကျန်ရစ်ခဲ့စေရန် ချီဝေက ရည်ရွယ်ခြင်း ဖြစ်လေ၏။

All Chapters