မင်းကိုဘယ်သူကထွက်သွားခိုင်းလို့လဲ
Vol. 56 Ch. 784
အခန်း (၇၈၄) မင်းကိုဘယ်သူကထွက်သွားခိုင်းလို့လဲ
အစီအရင်နှစ်ခု ပြောင်းပြန်လှည့်ပတ်သွားသည်နှင့် ချီဝေက ထိန်းချုပ်ထားလိုက်ပြီး သူက ရန်ကျောက်ကဲနှင့်အတူ ဤနေရာတွင် မသေချင်သဖြင့် အလျှင်အမြန် ထွက်ခွာသွားရန် ဟန်ပြင်လိုက်သည်။
ဒါကိုမြင်တော့ ရန်ကျောက်ကဲက ရယ်မောရင်း...
“မင်းကို ဘယ်သူကထွက်သွားခိုင်းလို့လဲ”
ထို့နောက် ရန်ကျောက်ကဲက လက်ဖဝါးကိုပင့်မြှောက်ပြီး အပေါ်ဘက်တွင်လှည့်ပတ်နေသည့် ‘ကောင်းကင်စိမ်းနတ်ဆိုးအစီအရင်’ ကို ထူးကဲယန်စည်းတံဆိပ်ဖြင့် ပိတ်ဆို့ထားလိုက်သည်။ တစ်ချိန်တည်းပင် အလံ (၁၃)စင်းသည်လည်း အစိတ်စိတ်အမွှာမွှာ ကွဲကြေသွားကြသည်။
အလံ (၁၃)စင်း ဆက်တိုက်ဆိုသလို ပြိုကျအက်ကွဲသွားသည့်အခါ ကောင်းကင်ကနဂိုအတိုင်းကျန်ရှိနေဆဲဖြစ်သော်လည်း မြေကြီးကတော့ အက်ကွဲသွားသည်။ ပတ်ဝန်းကျင်ရှိ တွင်းနက်များ၏ လွှမ်းမိုးမှုအောက်တွင် ဤအက်ကွဲမှုက ပြင်းထန်သော ပုံပျက်သည့်တွန်းအားတစ်ခု ဖြစ်ပေါ်လာစေသည်။
တစ်လောကလုံး ဇောက်ထိုးမိုးမျှော်ဖြစ်သွားပြီး ထွက်ခွာသွားလုဆဲဆဲ ချီဝေမှာ ချက်ချင်းပင် နောက်သို့ ပြန်လွင့်ထွက်လာသည်။
ချီဝေ အနည်းငယ်မျက်နှာပျက်သွားပြီး သူ့ခန္ဓာကိုယ်ထက်မှ ‘အရိပ်ချည်ဝတ်ရုံ’ က အနက်ရောင်အရိပ်တစ်ခုအဖြစ် ပြောင်းလဲသွားပြီး သူ့ကိုဖုံးအုပ်သွားကာ ချက်ချင်းပင် ဘေးသို့ ရှောင်ထွက်လိုက်သည်။
သို့သော် ရန်ကျောက်ကဲ၏ စက်ဝန်းသံသရာကောင်းကင်ကျမ်းစာက အကြောင်းနှင့်အကျိုးကို ပြောင်းပြန်လှန်ပြီး မိုးမြေအစွန်းနှစ်ဖက်ကိုပင် မှောက်လှန်သွားစေသည်။
ချီဝေကို လွှမ်းခြုံထားသည့် ‘အရိပ်ချည်ဝတ်ရုံ’ မှ ဖြစ်ပေါ်လာသော အနက်ရောင်အရိပ်များသည် စက်ဝန်းသံသရာ ကောင်းကင်စည်းတံဆိပ် လက်ဝါးရိုက်ချက်ဖိအားကြောင့် တုန်လှုပ်သွားကြ၏။ အနက်ရောင်အရိပ်များက အစစ်အမှန်မှ ပုံရိပ်ယောင်အဖြစ် ပြောင်းလဲသွားပြီး နဂိုမူလပုံစံ ပြန်လည်ရရှိရင် အတော်လေး ရုန်းကန်နေကြရသည်။
အလယ်ဆင့် အထွတ်ထိပ်မှော်ဝင်ပစ္စည်းပိုင်ဆိုင်ထားသော နတ်ဘုရားသိမြင်ခြင်းအလယ်ဆင့် တန်ခိုးစွမ်းအားရှင်တစ်ယောက်၏တန်ခိုးစွမ်းအား ထိတ်လန့်တုန်လှုပ်ဖွယ်ရာကောင်းသည် အမှန်ပင်။ ရန်ကျောက်ကဲက စက်ဝန်းသံသယာကောင်းကင်စည်းတံဆိပ်နှင့် တိုက်ခိုက်သည့်တိုင် သူ၏တန်ခိုးစွမ်းအားကို ဖိနှိပ်ရန် မလုံလောက်သေးပေ။
သို့သော် ရန်ကျောက်ကဲ၏ လက်ဝါးရိုက်ချက်က ချီဝေ၏လုပ်ရပ်များကို အဟန့်အတား ဖြစ်စေသည်။
ရေအောက်နန်းတော်ပတ်ပတ်လည်တွင် ထွက်ပေါ်လာသည့် ဖရိုဖရဲတွင်းနက်များသည့ ယခုတော့ အတူတကွချိတ်ဆက်နေပြီး အကန့်အသတ်မရှိ မှောင်မိုက်သောတွင်းနက်ကြီးအဖြစ် ပြောင်းလဲသွားသည်။
ရန်ကျောက်ကဲက ထူးကဲယန်စည်းတံဆိပ်ကို သိမ်းဆည်းလိုက်ပြီး သတိအနေအထားပြင်ဆင်လိုက်သည်။
အလံ (၁၃)စင်း ပေါက်ကွဲထွက်သွားပြီးနောက် ကောင်းကင်စိမ်းနတ်ဆိုးအစီအရင်သည်လည်း ပျက်ဆီးသွားသည်။
ကြီးမားသောအစီအရင်နှစ်ခုဖြင့် ရန်ကျောက်ကဲကို တိုက်ခိုက်လိုခဲ့သော ချီဝေမှာ သူ၏အစီအရင်နှစ်ခုလုံး ဖျက်ဆီးခံလိုက်ရသည့်အခါ အစီအရင်စွမ်းအားများသည်လည်း သုတ်သင်ခံလိုက်ရသည်။ အက်ကွဲသွားသော အစီအရင်နှစ်ခုမှာ ရန်ကျောက်ကဲ၏တိုက်ခိုက်မှုကြောင့် တစ်ခုပြီးတစ်ခု ငြိမ်းသတ်သွား၏။
သို့သော် အစီအရင်များပျက်ဆီးသွားသည့် ရလဒ်အနေဖြင့် ပြောင်းပြန်စီးဆင်းနေသောအစီအရင်စွမ်းအားများက အစီအရင်၏မူလပိုင်ရှင် ချီဝေကို လွှမ်းခြုံသွားကာ တွင်းနက်ဆီသို့ ဆွဲငင်သွားသည်။ ချီဝေက အရိပ်ချည်ဝတ်ရုံကို အသက်သွင်းလိုက်ပြီး တွင်းနက်၏စုပ်ယူမှုကိုတွန်းလှန်ရန် လက်ဖဝါးနှစ်ဖက်ဖြင့် ရိုက်ထုတ်လိုက်သည်။
ထူးခြားစွာပင် ပြန့်ကျဲနေသောမိုးခြိမ်းသံများ တစ်ဖန်ပြန်လည်စုစည်းလာပြီး စက္ကန့်ပိုင်းအတွင်းမှာပင် ပျက်ဆီးပြိုကျနေသော ကောင်းကင်စိမ်းနတ်ဆိုးအစိအရင်က ပြန်လည်ဖြစ်တည်လာ၏။
အလံ (၁၃) ခု အက်ကွဲသွားပြီဖြစ်သဖြင့် အခြားသောအစီအရင်တစ်ခုကို လွယ်လွယ်ကူကူ မပြုလုပ်နိုင်တော့ပေ။ သို့တိုင် ကောင်းကင်စိမ်းနတ်ဆိုးအစီအရင်ကိုတော့ ပြန်လည်ပြုလပ်နိုင်ခဲ့ပြီး ကောင်းကင်ထက်မှ မိုးခြိမ်းသံများ တဝုန်းဝုန်း ထွက်ပေါ်လာကာ တွင်းနက်ရှေ့တွင် အဆက်မပြတ်ပေါက်ကွဲသွားပြီး ချီဝေ တည်ငြိမ်မှု ပြန်လည်ရရှိသွားသည်။
မိုးခြိမ်းသံများပျောက်ကွယ်သွားသည့်အခါ လျှပ်စီးများက တွင်းနက်ထဲစုပ်ယူခံလိုက်ရသည်။
သို့သော် ကောင်းကင်စိမ်းနတ်ဆိုးအစီအရင်က ပိတ်ဆို့ထားသဖြင့် ချီဝေကတော့ တွင်းနက်ကြီး၏စုပ်ယူခံရခြင်းအန္တရယ်မှ လွတ်မြောက်သွားသည်။
“အံ့သြစရာပဲ...”
ရန်ကျောက်ကဲ ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်ပြီး ချီဝေရှေ့သို့ ရောက်ရှိလာသည်။
သူ့လက်ထဲတွင်ကိုင်ထားသည့် ထူးကဲယန်စည်းတံဆိပ်က ကျယ်လောင်သောအံနှင့်အတူ အောက်သို့ကျဆင်းသွား၏။
ချီဝေ၏ မျက်လုံးများ ပေါက်ကွဲထွက်လုမတတ် ဖြစ်သွားသည်။ မည်သည့်နေရာသို့ ရှောင်တိမ်းရမှန်းမသိသဖြင့် ရန်ကျောက်ကဲ၏ ထိုးနှက်ချက်ကို အစွမ်းကုန်ခုခံရုံသာတတ်နိုင်သည်။ အဆုံးသတ်မှာတော့ ထူးကဲယန်စည်းတံဆိပ်နှင့် တိုက်မိပြီး ချီဝေမှာ ကောင်းကင်စိမ်းနတ်ဆိုးအစီအရင်အတွင်းသို့ ကျရောက်သွားသည်။
တွင်းနက်ကြီး၏ ပြင်းထန်သောဖိအားအောက်တွင် မူလကပြိုကျသွားသော ကောင်းကင်စိမ်းနတ်ဆိုးအစီအရင်သည် ချက်ချင်းဆိုသလိုပင် နောက်တစ်ကြိမ် ထပ်မံပေါက်ကွဲသွားသည်။
မိုးခြိမ်းသံသည် အရပ်ရပ်သို့ လွင့်ပျံလာသည်။ ရန်ကျောက်ကဲသည် ၎င်းအား ပိတ်ဆို့ရန် လက်ဖဝါးကို မြှောက်လိုက်ကာ ထူးကဲယန်စည်းတံဆိပ်နှင့်အတူ နောက်သို့ ခုန်ဆုတ်လိုက်သည်။
ထိုအရာနှင့် ထိပ်တိုက်ရင်ဆိုင်ရန် ရန်ကျောက်ကဲက ရည်ရွယ်ချက်မရှိပေ။ ပြီးတော့ သူနှင့် ထူးကဲယန်စည်းတံဆိပ်တို့က ချီဝေကဲ့သို့ တွင်းနက်ထဲသို့ စုပ်ယူသွားနိုင်ခြင်းရှိမည်မဟုတ်ကြောင်း သေချာသောကြောင့် တွန်းအားကိုအသုံးပြုကာ နောက်သို့အသာခုန်ဆုတ်လိုက်ခြင်း ဖြစ်၏။
ချီဝေမှာ ပတ်ဝန်းကျင်ရှိ လျှပ်စီးကြောင်းများနှင့် တွင်းနက်များကြား လွှမ်းခြုံခံရပြီး သူ၏အသွင်သဏ္ဌန်က မတည်မငြိမ် ဖြစ်နေသည်။
သူ၏ခန္ဓာကိုယ်အောက်ပိုင်းက တွင်းနက်ထဲစုပ်ယူခံလိုက်ရပြီး ခန္ဓာကိုယ်အပေါ်ပိုင်းကတော့ အပြင်ဘက်တွင် ရုန်းကန်ရင်း ကျန်ရစ်ခဲ့သည်။
ထိုခဏတွင် တောက်ပသည့်ဓားရောင်က အဝေးတစ်နေရာမှ ပျံသန်းလာသည်။
ချီဝေ ရန်ကျောက်ကဲကို စူးစိုက်ကြည့်ရင်း...
“မင်း.....”
နောက်ထပ်စကားလုံးများထွက်မလာနိုင်ခင် ဓားအလင်းတန်းက သူ၏ဦးခေါင်းထိပ်သို့ ထိုးစိုက်ချလိုက်၏။
သိုင်းသူတော်စင် ပဉ္စမအဆင့် ၊ နတ်ဘုရားသိမြင်ခြင်းအလယ်ဆင့် သိုင်းသူတော်စင်မှာ သနားစရာကောင်းစွာပင် မရပ်တန့်နိုင် ၊ မရှောင်တိမ်းနိုင်ဘဲ ရန်ကျောက်ကဲ၏ဓားဖြင့် ထိုးစိုက်ခံလိုက်ရသည်။
ရန်ကျောက်ကဲက ဓားကိုပြန်လည်ရုတ်သိမ်းလိုက်ပြီး သက်ပြင်းချရင်း...
“စိတ်မကောင်းစရာက မင်းက အစီအရင်ပညာရှင်တစ်ယောက် ဖြစ်နေတာပဲ ၊ တကယ့်ကိုအထင်ကြီးလောက်စရာ အစီအရင်ပညာရှင်ပါပဲ”
ရန်ကျောက်ကဲ၏အမြင်အရ ချီဝေသည် သိုင်းသူတော်စင် ပဉ္စမအဆင့်တွင်ရှိသော်လည်း အချို့သောအခြေအနေများတွင် ခန်းဖင်းနှင့် အခြားသူများလောက် ခြိမ်းခြောက်နိုင်ခြင်း မရှိပေ။
တကယ်တော့ ချီဝေအနေဖြင့် ယနေ့သူ့ကို လာရောက်မတိုက်ခိုက်သင့်ပေ။
ဤသို့သောအစီအရင်ပညာရှင်သည် အခြားသူများနောက်ကွယ်တွင်နေထိုင်ပြီး အစီအရင်ဖြင့် ထောက်ပံ့ကူညီခြင်းဖြင့် အလွန်ကြီးမားသောအခန်းကဏ္ဍမှ ပါဝင်နိုင်သည်။
ယခုတော့ တစ်ဖက်လူ၏ အားသာချက်ကို အားနည်းချက်အဖြစ် တန်ပြန်တိုက်စစ်ဆင်နိင်ခဲ့သည့်တွက် ရန်ကျောက်ကဲအနေဖြင့် များစွာစိတ်ပျော်ရွှင်မိ၏။
ချီဝေက ရန်ကျောက်ကဲကို ဤနေရာတွင် ထာဝရမြှုပ်နှံထားချင်ခဲ့သည်။ သို့သော် သူ မရှိသည်မှာ ရန်ကျောက်ကဲသည်လည်း ထိုအတိုင်း တစ်သဘောတည်း ရှိနေခြင်းပင်။
ရန်ကျောက်ကဲက အရည်အချင်းရှိသူများကိုတန်ဖိုးထားတတ်သော်လည်း ရန်သူများကိုတော့ ဘယ်သောအခါမှ အရေးစိုက်မည် မဟုတ်ပေ။
ရန်ကျောက်ကဲက ဓားကို ပြန်ရုတ်သိမ်းလိုက်ချိန်မှာတော့ ချီဝေ၏ခန္ဓာကိုယ်က ပြာမှုန့်များအဖြစ် လေထဲသို့တဖြည်းဖြည်းစိမ့်ဝင်သွားပြီး ပျောက်ကွယ်အဆုံးသတ်သွားသည်။
နတ်ဘုရားအဆုံးသတ်ဓားသိုင်းက အရာအားလုံးကို အဆုံးသတ်ပေးနိုင်စွမ်းရှိသည်။
ချီဝေသေဆုံးသွားပြီးနောက် သိုင်းသူတော်စင် ပဉ္စမအဆင့် ၊ နတ်ဘုရားသိမြင်ခြင်း အလယ်ဆင့်ရှိသော သူ၏ရုပ်ခန္ဓာက နတ်ဘုရားအဆုံးသတ်ဓားသိုင်းအောက်တွင် မခံရပ်နိုင်စွာ မရပ်မနားအက်ကွဲသွားသည်။ သူသေဆုံးသွားသည်နှင့် သူ၏စွမ်းအားများ ပျောက်ဆုံးသွားသဖြင့် တွင်းနက်၏ ဝါးမျိုခြင်းကို မခံရတော့ပေ။
တွင်းနက်အတွင်းနစ်မြုပ်နေသော ချီဝေ၏ရုပ်အလောင်းက လုံးဝအက်ကွဲသွားပြီး သဲလွန်စမရှိပျောက်ကွယ်သွားသည်။
ရန်ကျောက်ကဲဓားကိုပြန်လည်ရုတ်သိမ်းလိုက်ပြီး ဓားကိုအပေါ်ကို လှန်လိုက်တော့ ဓားအလင်းတန်းထိပ်ဖျားတွင် အရိပ်ကျုံ့အိတ်တစ်ခုပါလာသည်။ ချီဝေကဲ့သို့ အစီအရင်ပညာရှင်တစ်ယောက်တွင် မည်သည့်ပစ္စည်းများ ပိုင်ဆိုင်ထားမည်လဲ ရန်ကျောက်ကဲ အတော်လေး စိတ်ဝင်စားမိ၏။
ယခုလောလောဆယ်တော့ သူ့အနေဖြင့် အရိပ်ကျုံ့အတိတ်အတွင်းမှပစ္စည်းများကို စစ်ဆေးရန် အချိန်မရှိသေးပေ။
အဘယ်ကြောင့်ဆိုသော ချီဝေအသတ်ခံရပြီးသည့်နောက် သူ့ထံသို့လျှင်မြန်စွာချဉ်းကပ်လာသည့် ပိုမိုအားကောင်းသောရောင်ဝါတစ်ခုကို ခံစားရသောကြောင့်ပင်။
ဇာမဏီငှက် အော်မြည်သံနှင့်အတူ မီးတောက်မီးလျှ့များတောက်လောင်လာကာ အနီးပတ်ဝန်းကျင်လေထုတစ်ခုလုံး အပူချိန်မြင့်တက်လာသည်။
ရန်ကျောက်ကဲက ထိုသူမည်သူဖြစ်ကြောင်း စဉ်းစားနေစရာမလိုပေ။
ထန်ယုံဟောင်တွင်ရှိနေသည့် ဇာမဏီအရိုးကြေင့်လား ၊ ဒါမှမဟုတ် သူ့ကိုသုတ်သင်ချင်၍လားမသိ ၊ အနှီဇာမဏီငှက်က တောင်းတျဲပြန်လည်အသက်ဝင်လာသည်ကိုပင် အရေးမစိုက်ဘဲ ဤနေရာသို့ အတင်းအကျပ်ဖိအားပေးကာ ရောက်ရှိလာ၏။
စူးရှတောက်ပသော မီးအလင်းရောင်သည် မီးလျှံဇာမဏီငှက်တစ်ကိုယ်လုံးထက် တောက်ပနေပြီး ပတ်တန်းကျင်တစ်ခုလုံးကို ချက်ချင်း လင်းထိန်သွားစေသည်။ သူ့ခန္ဓာကိုယ်ထက်မှ အနီရင့်ရောင် ရတနာအလင်းတန်းသည်လည်း ထွက်ပေါ်လာပြီး မြင်ရသူတိုင်းကို တုန်လှုပ်စေသည်။
ဤပုဂ္ဂိုလ်က အဆင့်မြင့်အထွတ်ထိပ်ရတနာပစ္စည်းပိုင်ဆိုင်ထားသည့် နတ်ဘုရားသိခြင်ခြင်း နှောင်းပိုင်းအဆင့် တန်ခိုးစွမ်းအားရှင် ဖြစ်သည်။
အထွတ်ထိပ်မှော်ဝင်ပစ္စည်းကို ထည့်သွင်းမစဉ်းစားလျှင်တောင်မှ ဤသူသည် ဧကရာဇ်ရွှမ်မု ၊ လော့ကျီးထောင်နှင့် ကျိုးဟောက်ရှန်းတို့ကဲ့သို့ တူညီသောကျင့်ကြံခြင်းအဆင့်ရှိသူများကြားတွင် သာလွန်သူ ဖြစ်၏။
ထိုသူနှင့်မတိုက်ခိုက်မီကပင် ထိုဇာမဏီငှက်မှာ နေလစကြာကိုင်ဆောင်ထားသော လော့ကျီးထောင် ၊ ရွှမ်ဧကရာဇ်လှံတို့ကိုင်ဆောင်ထားသော ဧကရာဇ်ရွှမ်မုထက် အားနည်းခြင်းမရှိကြောင်း အာရုံခံမိသည်။
ထိုသူက အမတကူးပြောင်းခြင်းအဆင့် တန်ခိုးစွမ်းအားရှင်များကိုပင် အဆင့်ဖြတ်ကျော်ကာ အနိုင်ယူနိုင်သူတစ်ယောက် ဖြစ်သည်။
ကျင့်ကြံခြင်းအဆင့်မြင့်မားလေ ထိုနေရာတွင်ရပ်တည်နေသော တန်ခိုးစွမ်းအားရှင် နည်းပါးလေ ဖြစ်သည်။
ထိုသို့သောအမြင့်သို့ ရောက်ရှိသူတိုင်းသည် အချို့နေရာ သို့မဟုတ် အခြားနေရာများတွင် ထူးချွန်မှုတစ်ခုခု ရှိကြသည်မှာ သေချာသည်။ သာမန်ကျင့်ကြံသူများသည် နောက်တွင်ကျန်ရစ်ခဲ့ကြပြီး ထိုသူများနောက်သို့ ဆက်လိုက်နိုင်ခြင်း မရှိကြပေ။
ပြီးတော့ ထိုမီးလျှံဇာမဏီငှက်က သိုင်းသူတော်စင် ဆဋ္ဌမအဆင့်နှင့် သတ္တမအဆင့်တို့ကိုပင် အဆင့်ဖြတ်ကျော်တိုက်ခိုက်နိုင်သည်ဖြစ်ရာ လုံးဝ ရိုးရှင်းခြင်း မရှိပေ။
သို့သော် ထိုသူက ထန်ယုံဟောင်ကိုသတ်ဖြတ်ပြီး ဇာမဏီအရိုးထုတ်ယူရန်ကြိုးစားခြင်းကို တားဆီးလိုက်ကတည်းက အခြေအနေက ဤသို့ဖြစ်လာမည်ဟု ရန်ကျောက်ကဲ ကြိုတင်ဟောကိန်းထုတ်ပြီးသား ဖြစ်သည်။
တဖြည်းဖြည်းနီးကပ်လာသည့် မီးလျှံဇာမဏီငှက်နှင့် တဖြည်းဖြည်းပုံပျက်နေပြီဖြစ်သော ရေအောက်နန်းတော်ကိုကြည့်ရင်း ရန်ကျောက်ကဲက မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားနှင့် စိတ်ချင်းဆက်သွယ်လိုက်သည်။
မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားမှာ မိစ္ဆာနှလုံးသားတည်ရှိရာ သွေးကန်ထက်တွင် အလွန်အရေးကြီးသော အခြေအနေဖြင့် ရင်ဆိုင်နေရသည်။ သူ့ကိုဝါးမျိုပစ်ချင်နေသော တောင်းတျဲသတ္တဝါ၏ မိစ္ဆာဝိညာဉ်နှင့် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက တိုက်ရိုက်ရင်ဆိုင်နေရ၏။
သို့သော် မြောက်သမုဒ္ဒရာကိုယ်ပွား၏အမူအရာမှာ ငြိမ်သက်နေပြီး သူ့အောက်မှ သွေးရေကန်ကို တစ်ချက်ငုံ့ကြည့်ရင်း ကောင်းကင်ဝါးမျိုဓားသေတ္တာနှင့် ကမ္ဘာမြေဖျက်ဆီးအမွှေးတိုင်အိုးလေးကို တည်ငြိမ်အောင် ထိန်းချုပ်ထားသည်။
ပူပြင်းလောင်မြိုက်နေသည့် သွေးကန်ကြီးအတွင်းမှ သွေးရည်များအားလုံး ရုတ်တရက် အက်ကွဲသွားပြီး သွေးရည်များအတွင်းမှ စူးရှတောက်ပသည့် အပြာရောင်အမှုန်အမွှားလေးများထွက်ပေါ်လာသည်ကို တွေ့လိုက်ရလေ၏။