← Chapters

မိုဝူကျီ၏ အုတ်ဂူ

Vol. 34 Ch. 464

မိုဝူကျီ၏ အုတ်ဂူ

Vol. 34 Ch. 464

“အင်း အရင်ဆုံး အင်မော်တယ်ဝင်ရိုး ဖွဲ့စည်းရအောင် နေရာတစ်ခု အရင်ရှာရမယ်။ အဲဒါပြီးသွားရင်တော့ ကျုပ်တို့တွေ အင်မော်တယ် ဖွေရှာလှေကားဆီ သွားကြမယ်” မိုဝူကျီက ဖြေလိုက်သည်။

ဟန်ချင်းရုက နားမလည်စွာ ပြောလိုက်သည်။

“ဂျုနီယာမောင်လေး ... ယုံရင်အစွန်းအဖျား လေလံပွဲဝင်ခွင့်  ကျောက်စိမ်းပြား ရခဲ့ရက်သားနဲ့အဲဒီကို မသွားဘူးလား”

မိုဝူကျီက ခေါင်းခါကာ …

“ကျုပ် မသွားတော့ဘူး။ သူတို့ဆီက ကျောက်စိမ်းပြား ယူလာတဲ့ အကြောင်းအရင်းကလည်း ကျုပ်မသွားဖို့ ကြံထားလို့ပဲ။ ပြောရရင် ကျုပ်တို့သွားမယ်ဆိုရင် ဘယ်လောက်ပဲ ရုပ်ဖျက်ဖျက်  ကျင်းရှန်းအဆင့် ကျင့်ကြံသူတွေ ဝိုင်းထားခံရဦးမှာပဲ။

ကျုပ်က ကျင်းရှန်းအဆင့် ကျင့်ကြံသူတွေကို တစ်ခါမျှ မမြင်ဖူးသေးပေမဲ့ ကျုပ် အင်မော်တယ်ဝင်ရိုး ဖွဲ့စည်းပြီးရင်တောင် ကျင်းရှန်းအဆင့်ကိုတော့ တိုက်နိုင်ပါ့မလား မသေချာသေးဘူး ... ပြီးတော့ ကျင်းရှန်း အဆင့် ကျင့်ကြံသူ တစ်ယောက်ထက် ပိုရှိနေရင် ကျုပ်အတွက် လွတ်မြောက်ဖို့တောင် ခက်လိမ့်မယ် ”

ဟန်ချင်းရု၏ အတွေ့အကြုံက မိုဝူကျီနှင့် မယှဉ်နိင်သေးချေ။ မိုဝူကျီ စကားများကြပြီးနောက် သူမက ရုတ်တရက် အတွေးမှ နှိုးထလာလေ၏။ ဦးဆုံးကျင့်ကြံသူ ကုန်သည်အိမ်တော်မှ အမျိုးသမီးသည် ဂျုနီယာမောင်လေးမို၏ တောင်းဆိုချက်များကို တုံ့ဆိုင်းခြင်းမရှိ  လိုက်လျောပေးသည်မှာ သူမက  ဂျုနီယာမောင်လေး မိုသည် ထိုလေလံပွဲကို သေချာပေါက် သွားလိမ့်မည်ဟု တွက်ဆထား၍ ဖြစ်သည်။ အကယ်၍ သူက သွားမိလျှင် လွတ်မြောက်နိုင်မည် မဟုတ်ပေ။

“တောင်းပန်ပါတယ်” ဟန်ချင်းရုက သူမလုပ်ခဲ့မိသည့် အရှုပ်များကို တွေးမိလိုက်သည့်အခါ အလွန်အမင်း အပြစ်ရှိစိတ်ကို ခံစားနေမိသည်။

မိုဝူကျီက အသာရယ်မော လိုက်ရင်း …

“ကိစ္စမရှိပါဘူး။ ကျုပ်လည်း ခင်ဗျားလို အဖြူထည်လေး ဖြစ်ခဲ့ဖူးပါတယ်။ ခင်ဗျားနဲ့တောင် နှိုင်းလို့ မရဘူး။ ကျုပ်က ကျုပ်အယုံကြည်ရဆုံး လူဆီက သစ္စာဖောက် ခံခဲ့ရတာဗျ။ ကြည့်ရတာ ရင့်ကျက်မှုဆိုတာ ပေးဆပ်ရမဲ့  တန်ဖိုးတစ်ခုတော့ လိုတယ် ထင်ပါတယ်ဗျာ”

“အဲဒါ ဘယ်သူများလဲ” ဟန်ချင်းရုက အံ့အားသင့်စွာ မေးလိုက်သည်။ သူမက မိုဝူကျီသည် သမာသမတ်ကျသည့် အမျိုးသားဖြစ်ပြီး   သူ့မိတ်ဆွေများအပေါ် အမြတ်ထုတ်တတ်သည့် ကြောင်သူ‌‌တော် မဟုတ်ကြောင်း ခံစားမိနေသည်။ အကယ်၍ ထိုသူက မိုဝူကျီ၏ မိတ်ဆွေဆိုလျှင် အဘယ်ကြောင့်များ မိုဝူကျီကို သစ္စာဖောက်ခဲ့သနည်း။

မိုဝူကျိက ခေါင်းခါပြလိုက်ပြီး …

“ကိစ္စမရှိတော့ပါဘူး။ ဒီကိစ္စကို မေ့ထားတာ ကြာလှပါပြီ။ အခု ကျုပ် အင်မော်တယ်ဝင်ရိုး ဖွဲ့စည်းရအောင် ပြန်ကြစို့”

***

ကျင်းယန် …

တရုတ်နိုင်ငံရှိ မြို့ကြီး ခုနစ်မြို့အနက် တစ်ခုအပါအဝင် ဖြစ်ပေသည်။ ကမ္ဘာတစ်ခုလုံးတွင်ပင် ကျင်းယန်ကို ပထမတန်းစားမြို့ အဖြစ် ယူဆ၍ ရ၏။

ကျင်းရှို့တောင်မှာ ကျင်းယန်မြို့၏ အမြင့်မားဆုံး တောင်ဖြစ်ပြီး ကျင်းယန်မြစ်က ကျင်းရှို့တောင်ကို ကွေ့ပတ် စီးဆင်းနေပြီး ကျင်းယန်မြို့၏  ရင်သပ်ရှုမောဖွယ် အလှတရားများကို ထပ်ဆင့် ပံ့ပိုးပေးနေသည်။

ထိုစဉ် မြစ်နှင့် နီးကပ်နေသည့် ကျင်းရှို့တောင် အခြမ်းဘက်တွင် အဖြူရောင်ဝတ်စုံဖြင့် မိန်းမငယ်လေး တစ်ယောက်က အုတ်ဂူတစ်လုံးရှေ့ ရပ်နေလေ၏။ သူမက ကျောက်ရုပ်အလား မလှုပ်မရှား ရပ်နေလျက်ရှိကာ သူမစကတ်ကို ဖြတ်တိုက်နေသည့် လေပြည်ညင်းလေး ကြောင့်သာ မဟုတ်လျှင် အများစုက သူမကို ကျောက်ရုပ်နှင့် မှားပေလောက်သည်။   ချင်မင်ပွဲတော်၏ အေးစိမ့်စိမ့် ညနေခင်းမှာ သူမနှင့် ဘာမှမသက်ဆိုင်သည့် အလား ဖြစ်၏။

(ချင်မင်ပွဲတော်သည် လေးလပိုင်းတိုင်း ကျင်းပလေ့ ရှိသော တရုတ်ရိုးရာ အုတ်ဂူ ကန်တော့ပွဲ ဖြစ်သည်)

ထိုအုတ်ဂူပေါ်တွင်  စာလုံးတန်း နှစ်ခုသာ ရှိ၏။

မိုဝူကျီ၏အုတ်ဂူ ... စိုက်ထူပေးသူ  ဝမ်ရှောင်ချီ

နေလုံးကြီးက တဇြည်းဖြည်း အနောက်ရပ်သို့ ချဉ်းကပ်လာကာ အနီဖျော့ဖျော့ အလင်း ဖြာကျနေသည့် မြင်ကွင်းမှာ အင်မတန် ရောင်သွေးစုံလင်၍ လှပပေသည်။

အချိန်အတော်ကြာတွင် ဤအဖြူရောင်ဝတ်စုံနှင့် အမျိုးသမီးက နှေးကွေးလေးလံစွာ ဦးညွှတ်လိုက်ပြီးနောက် အသံခပ်ဩဩဖြင့် ရေရွတ်လိုက်သည်

“နောက်ထပ် တစ်နှစ်ကုန်ဆုံး သွားပြန်ပြီ။ ကျမ ရှင့်ရဲ့ခွင့်လွှတ်မှုကို မတောင်းဆိုပါဘူး။ ကျမ မျှော်လင့်တာလေး တစ်ခုက ...”

သူမက ထိုမျှအထိ ပြောပြီးနောက် ဆက်ပြောနိုင်သည့်ပုံ မပေါ်တော့ပဲ လက်သီးသာ ဖြည်းဖြည်းချင်း ဆုပ်ထားလိုက်သည်။

ဝါးခြင်းတောင်း သယ်ဆောင်လာသော အမျိုးသမီး တစ်ယောက်က ဖြည်းဖြည်းချင်း လျှောက်လှမ်းလာကာ သူမ၏ ခြေလှမ်းဟန်က ထော့နဲ့ထော့နဲ့ ဖြစ်နေသည်။ သူမက အဖြူရောင်ဝတ်စုံဖြူ ဝတ်ဆင်ထားသော  အမျိုသမီး အနောက် ရောက်လာသည့်အခါ စကားတစ်ခွန်းမျှ မဆိုဘဲ တိတ်ဆိတ်သွားသည်။

အဖြူရောင်ဝတ်စုံ ဝတ်ဆင်ထားသော အမျိုးသမီးက တစ်ယောက်ယောက် ရောက်လာမှန်း သိလိုက်ပြီး သက်ရွယ်ရနေသော အမျိုးသမီးကို ကြည့်ရန်  ဖြည်းဖြည်းချင်း လှည့်ကြည့်လိုက်သည်။ အချိန်ခဏအကြာတွင် အဖြူရောင်ဝတ်စုံနှင့် အမျိုးသမီးက ပြောလိုက်သည်  “ရှောင်ချီ ... ဝူကျီအတွက် အုတ်ဂူတည်ပေးထားတာ ကျေးဇူးတင်ပါတယ်။ ပြီးတော့ ဒီနှစ်တွေမှာ စောင့်ရှောက်ပေးတဲ့ အတွက်ရော ကျေးဇူးပါ”

အသက်အရွယ် ရနေသည့် အမျိုးသမီးက တည်တည်ငြိမ်ငြိမ် ပြန်ပြောလိုက်သည် …

“ရှားရိုယင် ... ငါ လုပ်ခဲ့တဲ့ ကိစ္စအားလုံးက နင်နဲ့ မဆိုင်ဘူး”

ထိုစကားအဆုံးတွင် အသက်အရွယ်ရနေပြီး “ရှောင်ချီ” ဟု အမည်ရှိသည့် အမျိုးသမီးက အုတ်ဂူရှေ့ သွားကာ သူမဝါးခြင်းတောင်းလေးမှ စားဖွယ်များကို အုတ်ဂူရှေ့ ခင်းကျင်းထားလိုက်သည်။  ထို့နောက် သူမက ရွှေစက္ကူ၊ ငွေစက္ကူများကို ထုတ်ကာ မီးရှို့ပေးလိုက်သည်။ သူမ လုပ်ဆောင်သွားသည့် အပြုအမူများမှာ အထစ်အငေါ့မရှိ ချောမွေ့နေကာ အရာအားလုံးကို အသားကျနေသည့် အလား ဖြစ်ပေသည်။

(ရွှေစက္ကူ၊ ငွေစက္ကူ မီးရှို့ပေးတဲ့ ဓလေ့က  သေပြီးဘဝမှာ ငွေကြေးအဖြစ် သုံးဖို့ ရည်ရွယ်ပြီး လုပ်ပေးကြတာပါ)

ရှားရိုယင်က ဤအမျိုးသမီးကို တစ်ချက် ကြည့်လိုက်သည်။ ဤအမျိုးသမီးမှာ သူမထက် နှစ်နှစ် ပိုငယ်သော်လည်း ယခု ထိုအမျိုးသမီး မျက်နှာတွင် အရေအကြောင်းများဖြင့် အရွယ်ရောက်လာချေပြီ။ အချိန်ခဏအကြာတွင် သူမက လှည့်ထွက်သွားလိုက်သည်။ သူမ ခပ်လှမ်းလှမ်း ရောက်နေသည့်အချိန်တွင်  ဝမ်ရှောင်ချီက ခေါင်းလှည့်လာပြီး ရှားရိုယင်၏ ပုံရိပ်မည်းကို ကြည့်ကာ  လက်သီး ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်သည်။ ထို့နောက်  သူမက သက်ပြင်းချကာ ခေါင်းကိုငုံ့ပြီး ရေရွတ်လိုက်သည်။

“တောင်းပန်ပါတယ် ဝူကျီရယ် ... ငါ နင့်အတွက် အဲဒီမိန်းမကို သတ်ပြီးတော့ လက်စား ချေမပေးနိုင်သေးဘူး”

“နင် သိနေတာလား” ဝမ်ရှောင်ချီ နားစည်ဘေးမှ အေးစက်စက် အသံတစ်ခု ထွက်ပေါ်လာသည်။ ဝမ်ရှောင်ချီက ရှားရိုယင်ကို အံ့ဩတကြီး ကြည့်လိုက်သည်။ သူမက ရှားရိုးယင် အဝေးရောက်သွားသည်ကို မြင်လိုက်သော်လည်း  မည်ကဲ့သို့ သူမက ရုတ်တရက် သူမနား ပေါ်လာရသနည်း။

သို့သော်လည်း သူမက ထိုအတွေးများကို ဘေးချိတ်ထားက သူမအသံမှာ တည်ငြိမ်နေပြီး …

“ဟုတ်တယ် ငါအားလုံးကို သိတယ်။ ဝူကျီက နောက်ကျောကို ဓားနဲ့ထိုးခံရတာပဲ။  သူက အမြဲတမ်း သုတေသနလုပ်ရင်း အချိန်ကုန်နေတတ်တာ။ နင်ကလွဲပြီးတော့ သူ့စမ်းသပ်ခန်းကို ဝင်ခွင့်ပေးတာ မဟုတ်ဘူး။

ဝူကျီက နင့်ကို နှလုံးသား တစ်ခုလုံး ပေးခဲ့ရက်နဲ့ နင်ကတော့ ဆေးဖော်မြူလာလေး တစ်ခုအတွက်နဲ့ သူ့ကို လုပ်ကြံခဲ့တယ်။ နင်က လူမဟုတ်ဘူး  ... တိရစ္ဆာန်လို့တောင် ယူဆလို့ မရဘူး”

ရှားရိုယင် မျက်နှာမှာ ဖြူဖျော့သွားလေ၏။ သူမက လက်ကို ဖြည်းဖြည်းချင်း မြှောက်လိုက်ရင်း သူမခန္ဓာမှ လူသတ်ငွေ့များ ထွက်ပေါ်နေသည်။

ဝမ်ရှောင်ချီက နှာခေါင်းရှံ့ကာ …

“ဝူကျီရဲ့ ဆေးဖော်မြူလာကို နင်ရပြီးသွားတော့  ချမ်းသာလာတယ် ဆိုတာလည်း ငါသိတယ်။ မဟုတ်ရင်  နင့်ရုပ်ရည်က  ဒီလောက်နှစ်တွေ ကြာနေပြီ မပြောင်းလဲပဲ ရှိနေနိုင်မှာ မဟုတ်ဘူး။

ဒါပေမဲ့  ငါ ဝမ်ရှောင်ချီက ကြောက်စရာ တစ်ခုမှ မရှိတော့ဘူး။  ငါက ဝူကျီအတွက် လက်စားချေဖို့ ကူညီမပေးနိုင်ပေမဲ့  ဝူကျီဘေးမှာ သေရရင်ကို  ကျေနပ်စရာပါ  ...”

“နင်က ငါ့ကို  တကယ် သတ်ချင်ခဲ့တာလား” ရှားရိုယင်က ထိုစကားများ ကြားသောအခါ သူမလက်ကို ချလိုက်တော့သည်။

ဝမ်ရှောင်ချီက ရှားရိုယင်ကို မကျေမနပ် ကြည့်ကာ …

“နင့်ရဲ့ အသားတွေကို ဝါးမျိုပြီးတော့ သွေးကို ဖောက်သောက် ပစ်ချင်ရုံလေးပါ။ ငါ လက်မထပ်ခဲ့တာကလဲ  နင့်ကိုသတ်ဖို့ အခွင့်အရေး ရှာချင်လို့ပဲ။ ဒီလိုအခွင့်အရေး ထပ်မရလာတော့ဘူး ဆိုတာ ငါသိတယ် ...”

ထိုသို့ပြောပြီး ဝမ်ရှောင်ချီက ရှားရိုယင်ကို တစ်ချက်ပင် မကြည့်ဘဲ  ဖြည်းဖြည်းချင်း လှည့်လိုက်ပြီး မီးတောက်ထဲ ငွေစက္ကူများသာ ထည့်လိုက်တော့သည်။

ရှားရိုယင်၏ အမူအရာမှာလည်း ကြိမ်ဖန်များစွာ ပြောင်းလဲသွားပေ၏။ နောက်ဆုံးတွင် သူမပုံရိပ်မှာ လွင့်မျောသွားသည့် သစ်ရွက်လေးအလား ပျောက်ဆုံးသွားတော့သည်။

***

ကြာငါးသွယ် တောင်စပ်၌ မိုဝူကျီက အင်မော်တယ်ဝင်ရိုး ကျောက်တုံးများ အပုံလိုက် ဝန်းရံကာ ထိုင်နေသည်။ သူက အင်မော်တယ်ဝင်ရိုး ကျောက်တုံးကို ဆုပ်ကိုင်လိုက်ပြီး ဟန်ချင်းရု သင်ပေးသည့် နည်းလမ်းအရ စွမ်းအားကို အာရုံခံကြည့်ဖို့ ကြိုးစားကြည့်မိသည်။ ထို့နောက် သူက အင်မော်တယ်ဝင်ရိုး ဖြစ်တည်လာစေရန် စုပ်ယူဖို့ ကြိုးစားလိုက်သည်။

ကြည့်ရသည်မှာ အင်မော်တယ်ဝင်ရိုး ကျောက်တုံးအတွင်း  တစ်မူထူးခြားသည့် တာအိုစွမ်းအားများ ရှိနေပုံပေါ်သည်။ သို့သော်လည်း မိုဝူကျီက ထိုအင်မော်တယ်ဝင်ရိုး ကျောက်တုံးများမှ စွမ်းအား စိုးစဉ်းမျှ မစုပ်ယူနိုင်သည့်အခါ အမူအရာ ပြောင်းလဲသွားတော့သည်။

အကယ်၍ သူက  ထိုအတွင်းမှ စွမ်းအားကို မစုပ်ယူနိုင်လျှင် သူ့အင်မော်တယ်ဝင်ရိုး မည်သို့ဖြစ်အောင် လုပ်ရမည်နည်း။

တစ်ရက်တာကြာပြီးနောက် မိုဝူကျီ လက်ထဲမှ အင်မော်တယ်ဝင်ရိုး ကျောက်တုံးမှာ ဘာမှမထူးခြားလာပေ။ ယခင်အတိုင်း ရှိနေဆဲဖြစ်သည်။

မိုဝူကျီ စိတ်ထဲ လေးလံမိသွားသော်လည်း ဟန်ချင်းရုဆီသွား၍ အကူအညီမတောင်းတော့ချေ။ ဟန်ချင်းရုလည်း နောက်ကွယ်မှ အကြောင်းအရင်းကို နားမလည်လောက်ပေ။ ထိုကိစ္စမှာ  သူ့ကျင့်စဉ်နှင့် ပတ်သက်ကောင်း ပတ်သက်နေနိုင်သည်။ သူ့တွင် ဝိညာဉ်ကြောမရှိဘဲ ချီသွေးကြော ကျင့်စဉ်ကို ဖန်တီးခဲ့ရသည်။ စကြဝဠာတစ်ခုလုံး၌ ဝိညာဉ်ကြော မရှိဘဲ ကောင်းကင်အင်မော်တယ် အဆင့်ထိ ရောက်လာသူမှာ သူတစ်ယောက်သာ ဖြစ်ပေလိမ့်မည်။

အသက်ဝဝရှူပြီးနောက် မိုဝူကျီက သူ့အင်မော်တယ်ဝင်ရိုးကို ဆက်မကျင့်ကြံတော့ပဲ အင်မော်တယ် ကျောက်အပုံလိုက် ထုတ်ကာ  သူ့သဘာဝစွမ်းအားများကို အင်မော်တယ် သဘာဝစွမ်းအားများ အဖြစ် ပြောင်းလဲလိုက်သည်။

သူ့၁၀၈ခုသော ချီသွေးကြောများမှာ ဆက်တိုက် ပြောင်းပြန်လှည့်ပတ်နေပြီး ဧရာမ ပြောင်းပြန် လှည့်ပတ်လမ်းကြောင်း တစ်ခု ဖြစ်ပေါ်နေသည်။ မိုဝူကျီက လဝက်သုံး၍ သူသဘာဝစွမ်းအားများကို အင်မော်တယ် သဘာဝစွမ်းအားများ အဖြစ် ပြောင်းလဲနိုင်လိုက်သည်။

မိုဝူကျီက ကောင်းကင်အင်မော်တယ် အဆင့် ရောက်သွားသည့်အခါ သူ့အတွင်းမှ သဘာဝစွမ်းအားများမှာ ပြည့်နှက်လျက် ရှိနေပြီးသားဖြစ်၏။ ယခု သူက အင်မော်တယ် သဘာဝစွမ်းအားအဖြစ် ပြောင်းလဲလိုက်သည့်အခါ သူ့စွမ်းအားမှာ အဆများစွာ မြင့်တက်သွားပေ၏။

သူ့သဘာဝစွမ်းအားများကို ပြောင်းလဲပြီးနောက် မိုဝူကျီက အင်မော်တယ်ဝင်ရိုး ကျောက်တုံးကို ထုတ်လိုက်ပြန်သည်။ သူက သူ့သဘာဝစွမ်းအားများ အင်မော်တယ် သဘာဝစွမ်းအားအဖြစ် မပြောင်းလဲရသေး၍ အလုပ်မဖြစ်တာလားဟု တွေးမိနေသည်။

မိုဝူကျီကို စိတ်ပျက်သွားစေသည်က သူ့သဘာဝစွမ်းအားများကို ပြောင်းလဲပြီးသည့် အချိန်တွင်ပင် သူက  အင်မော်တယ်ဝင်ရိုးကို မဖွဲ့စည်းနိုင်သေးပေ။

မိုဝူကျီက စိတ်အတွင်း၌သာ သက်ပြင်း ချလိုက်တော့သည်။ နောက်တစ်ဖန် သူက အင်မော်တယ်ဝင်ရိုး ကျောက်တုံးများကို သိမ်းဆည်းထားလိုက်သည်။ သူက စိတ်မချမ်းမမြေ့ ဖြစ်နေသည်။

သူက ထိုမျှ အင်မော်တယ်ဝင်ရိုး ကျောက်တုံးများကို ခက်ခက်ခဲခဲ တူးယူခဲ့ရသော်လည်း သူက တစ်ခုမျှ မသုံးနိုင်သေးပေ။ ထိုအရာက အလကားသပ်သပ် အကျိုးမရှိ ဖြစ်မနေဘူးလား။

ယခု  သူက အင်မော်တယ်ဝင်ရိုး မဖွဲ့စည်းရသေး၍ အင်မော်တယ် ဖွေရှာလှေကားသို့ မည်သို့ တက်နိုင်မည်နည်း။

မည်သို့ပင် ဆိုစေကာမူ သူက ဤနေရာတွင် ကြာကြာနေ၍ မဖြစ်ပေ။ မိုဝူကျီက အတားအဆီး အစီအရင်များကို ဖြေလျော့၍ ထွက်လာသည်။

ကျင့်ကြံနေသည့် ဟန်ချင်းရုက မိုဝူကျီကို သတိပြုမိသောအခါ ချက်ချင်း ထရပ်လိုက်ပြီး …

“ဂျုနီယာမောင်လေး  ... အင်မော်တယ်ဝင်ရိုး ဖြစ်တည်လာပြီလား”

မိုဝူကျီက ခေါင်းညိတ်ကာ   “အမ် ... သွားကြစို့  ... အင်မော်တယ် ဖွေရှာလှေကားကို သွားကြရအောင်”

***

All Chapters