← Chapters

စွမ်းအားစက်ကွင်း မပါရှိခြင်း

Vol. 34 Ch. 465

စွမ်းအားစက်ကွင်း မပါရှိခြင်း

Vol. 34 Ch. 465

မိုဝူကျီ၏ စိတ်ခံစားချက် အခြေအနေ သိပ်မကောင်းသည်ကို  မြင်၍ ဟန်ချင်းရုက ဆက်မမေးတော့ပဲ  မိုဝူကျီသည် အဘယ်ကြောင့် ထိုသို့ခံစားနေရမှန်း အကြမ်းဖျင်း မှန်းဆမိလေ၏။ မိုဝူကျီက  အင်မော်တယ်ဝင်ရိုး ဖွဲ့စည်းရာ၌ မည်မျှ တော်နေစေကာမူ လဝက်အတွင်း အင်မော်တယ်ဝင်ရိုးကို များများစားစား ဖွဲ့စည်းနိုင်မည် မဟုတ်ပေ။ အင်မော်တယ် ဝင်ရိုးကျောက်တုံး သုံးရသည့် အရေအတွက် နည်းလေလေ ဖြစ်တည်လာသည့် အင်မော်တယ်ဝင်ရိုးက အားနည်းလေလေ ဖြစ်၏။

သူမက အင်မော်တယ်ဝင်ရိုး ဖွဲ့စည်းဖို့ရာ နှစ်ဝက်ခန့် အချိန်ယူခဲ့ရလေသည်။ သူမ နှုန်းဖြင့် သူမက အင်မော်တယ်ဝင်ရိုး ကျောက်တုံး ၆ သိန်းကျောက်သာ အသုံးပြုနိုင်ခဲ့သည်။ ယခု မိုဝူကျီက လဝက်ခန့်သာ ကုန်ဆုံးရသေး၍  သူ  အင်မော်တယ်ဝင်ရိုး ကျောက်တုံး မည်မျှ သုံးထားကြောင်း စိတ်ကူးကြည့်လို့ ရပေသည်။

“ဒါနဲ့ ဟုတ်သား ... စီနီယာအစ်မချင်းရု ... နတ်ဘုရားမျှော်စင် အကြောင်း သိလား” မိုဝူကျီက ကောင်းကင်ဖွေရှာ နန်းတော်၏ မုတ်ဆိတ်ဖြူ ငါးဖမ်းသမား အဘိုးအိုကြီးနှင့်  သဘောတူညီချက်ကို ရုတ်တရက် အမှတ်ရသွားပြီး ပြောလိုက်သည်။

ဟန်ချင်းရုက ခဏတာ စဉ်းစားပြီးနောက်  ပြန်ဖြေလိုက်သည် …

“အဲဒီအကြောင်းတော့ ဘာမှ မသိဘူး။ ဂျုနီယာမောင်လေးက ဘာလို့ မေးတာလဲ”

“အဲဒါဆို  အင်မော်တယ်ဖွေရှာလှေကား မတက်ခင်  အင်မော်တယ်ဝင်ရိုး ဖွဲ့စည်းဖို့က လိုကိုလိုတာလား”

မိုဝူကျီက ဤကိစ္စမှာ အင်မော်တယ် လောကနှင့် ဆက်နွှယ်နေပြီး   ယုံရင်အစွန်းအဖျား နေရာနှင့် ပတ်သက်မှု မရှိလောက်ကြောင်း မှန်းဆမိသည်။ လခြမ်းကွေး အကျဉ်းထောင်အတွက် မိုဝူကျီက ဟန်ချင်းရုလည်း မသိသည်မှာ သေချာ၍ မမေးမြန်းခြင်း ဖြစ်၏။

ဟန်ချင်းရုက ခေါင်းညိတ်ပြကာ …

“ဒါပေါ့  ... အင်မော်တယ်ဖွေရှာ လှေကားမှာ ကောင်းကင်ဘုံ တာအို စည်းမျည်းတွေ ပါနေတာဆိုတော့ အင်မော်တယ်လောကမှာ မွေးဖွားလာတဲ့ သူ မဟုတ်သရွေ့ အင်မော်တယ်ဖွေရှာ လှေကားကို တစ်ထစ်‌တောင် တက်နိုင်မှာ မဟုတ်ဘူး”

“ဒီလိုဆိုမှတော့  စီနိယာအစ်မကို အရင်ဆုံး အင်မော်တယ်ဖွေရှာ လှေကားဆီ လိုက်ပို့ပေးပါ့မယ်”  မိုဝူကျီက မြန်မြန် တုံ့ပြန်လိုက်သည်။

ဟန်ချင်းရုက မိုဝူကျီကို နားမလည်နိုင်စွာ ကြည့်လိုက်ပြီး …

“ဂျုနီယာမောင်လေး  ... ရှင်ရော ကျမနဲ့အတူတူ မလိုက်ဘူးလား”

မိုဝူကျီက နေရခက်စွာ ပြန်ဖြေလိုက်သည်

“ကျုပ်မှာ အင်မော်တယ် တစ်ပိုင်းနယ်ပယ်က ပါလာတဲ့ မိတ်ဆွေတွေ ရှိသေးတယ်။ ကျုပ်မှာ ရှိနေတဲ့ အင်မော်တယ်ဝင်ရိုး ကျောက်တုံးတွေက သူတို့ဝေစုတွေလည်း ပါတယ်ဆိုတော့ သူတို့ဆီ ပြန်ပေးရမယ်လေ။ မဟုတ်ရင် သူတို့က အင်မော်တယ်ဝင်ရိုးကို ဖွဲ့စည်းနိုင်မှာ မဟုတ်ဘူး”

“ကျမလည်း ရှင်နဲ့အတူတူ လိုက်မယ်” ဟန်ချင်းရုက ဆုံးဖြတ်ချက် ပြတ်သားစွာဖြင့် ပြန်ဖြေလိုက်သည်။

မိုဝူကျီက ပြန်ဖြေတော့မည့်ဆဲဆဲတွင် သူ့စိတ်စွမ်းအားက ရင်းနှီးကျွမ်းဝင်သည့် ပုံရိပ် ဖြတ်သွားသည်ကို ခံစားမိလိုက်သည်။

ထုံယဲ့လား...

သူ့စိတ်စွမ်းအားမှ ထိုပုံရိပ် ပျောက်ကွယ်သွားသည်ကို ခံစားမိသောအခါ မိုဝူကျီက သူ့အား မလိုက်ခင်  နောက်ထပ် ပုံရိပ်နှစ်ခုကို ထပ်အာရုံခံမိလိုက်ပြန်သည်။

“ကျုပ်သိတဲ့သူကို တွေ့လိုက်” သူ့စကားမဆုံးခင် သူက လေလွတ်မြောက်ရေး နည်းစနစ်ကို ထုတ်သုံးလိုက်သည်။

ဟန်ချင်းရုက မိုဝူကျီ ထွက်သွားသည်ကို မြင်လိုက်၍ သူမလည်း နောက်ကနေ လိုက်သွားလိုက်သည်။ သူမ အမြန်နှုန်းမှာ မိုဝူကျီလောက် မမြန်ဆန်သော်လည်း သူမက သူ့အား အမီမလိုက်နိုင်သော်လည်း မျက်ခြည်တော့ မပြတ်သွားချေ။

တစ်နာရီအကြာတွင် ထုံယဲ့က စိတ်စွမ်းအားထဲ၌  မိုဝူကျီ  သူ့နောက်တွင် ပါလာကြောင်း ခံစားမိလိုက်၍ ရပ်တန့်လိုက်သည်။

“ဘာလို့ ရပ်လိုက်တာလဲကွ”  ထုံယဲ့ နောက်မှ လိုက်နေသည့် လူနှစ်ယောက်မှာ ကောင်းကင်အင်မော်တယ် နောက်ပိုင်းအဆင့် ရောက်နေပြီ ဖြစ်ရာ ထုံယဲ့ဘေးမှ တစ်ဖက်တစ်ချက် ပိတ်ရပ်လိုက်ကြသည်။

ထုံယဲ့က သူ့နဂါးကြိုးထုံးကို ထုတ်လိုက်သော်လည်း သူတို့နှစ်ယောက် လာခဲ့သည့် ဦးတည်ရာသို့သာ စိုက်ကြည့်နေလေ၏။

“တကယ် အစ်ကိုမိုပဲ   ...” မိုဝူကျီ၏ လေလွတ်မြောက်ရေး နည်းစနစ်မှာ အလွန်မြန်သည့်အတွက် မျက်စိတစ်မှိတ်အတွင်း သူက သူတို့ရှေ့ပေါ်လာသည်။ ထိုသူမှာ မိုဝူကျီဖြစ်ကြောင်း အတည်ပြုပြီးသည်နှင့် ထုံယဲ့က စိတ်လှုပ်ရှားစွာ အော်ပြောလိုက်သည်။

ထုံယဲ့အား လိုက်လံပိတ်ဆို့ထားသည့် ကောင်းကင်အင်မော်တယ် နှစ်ယောက်မှာ မိုဝူကျီကို သတိထားကြည့်လိုက်သည်။ သူတို့လည်း သူတို့နောက်မှ တစ်ယောက်ယောက် ပါလာကြောင်း သတိပြုမိထားပေ၏။ သို့သော်လည်း မိုဝူကျီက မည်သူပင် ဖြစ်နေပါစေ သူတို့ကိစ္စကြား ဝင်ရှုပ်ရဲလိမ့်မည်ဟု မယုံကြည်ပေ။ ယခု ထုံယဲ့က မိုဝူကျီအား သတိပြုမိလိုက်သည့်အခါ သူတို့အမူအရာများမှာ ပျက်ယွင်းသွားတော့သည်။

“ညီလေးထုံ  ... ငါတို့တွေမတွေ့တာ ကြာပြီပဲ။ ကောင်းကင် အင်မော်တယ်အဆင့် တက်လှမ်းနိုင်တဲ့အတွက် ဂုဏ်ယူပါတယ်ကွာ”

မိုဝူကျီက ရယ်မောလိုက်ရင်း ပြောလိုက်သည်။ သူက ထုံယဲ့ခန္ဓာကိုယ်ဆီမှ သိပ်သည်းစွာ ထွက်ပေါ်နေသော အင်မော်တယ် သဘာဝစွမ်းအားများကို သတိပြုမိလိုက်သည်။ သူက ကောင်းကင် အင်မော်တယ်အဆင့် ရောက်သွားရုံသာမက  သူ့သဘာဝ စွမ်းအားများကိုလည်း အင်မော်တယ် သဘာဝစွမ်းအားအဖြစ် ပြောင်းလဲပြီးသွားလေပြီ။

“ကျုပ်ထင်တာက  ...” ထုံယဲ့က မိုဝူကျီသည် အင်မော်တယ်လျိုအတွင်း  ပြုတ်ကျသွားကြောင်း တကယ် ယုံထားသောကြောင့် အတော်လေး အံ့အားသင့်မိသွားသည်။ သူက မိုဝူကျီသည် အင်မော်တယ်လျိုကို အောင်မြင်စွာ ဖြတ်သန်းနိုင်ပြီး ယခုကဲ့သို့ ပေါ်လာလိမ့်မည်ဟု ထင်မထားမိပေ။

မိုဝူကျီက လက်ကာပြကာ   “ဒီအကြောင်းကို နောက်မှ ပြောကြတာပေါ့”

ထုံယဲ့နောက်မှ လိုက်လာသော လူနှစ်ယောက်တွင် အသားနည်းနည်းမည်းသော လူက မိုဝူကျီဆီ လက်နှစ်ဖက် ယှက်လျက်

“ဒီကတာအိုရောင်းရင်း  ... အဲဒီလူက အင်မော်တယ် တစ်ပိုင်းနယ်ပယ်က ခိုးဝင်လာတာပါ။ ကျုပ်တို့က ယုံရင်အင်မော်တယ် နယ်မြေကို ကိုယ်စားပြုပြီးတော့ သူ့ကို ခေါ်သွားပေးမလို့ပါ။  ဒီကိစ္စကို ကြားဝင်မနှောင့်ယှက်လို့ ရမလား”

မိုဝူကျီက အေးစက်စွာ ပြောလိုက်သည် …

“ကျုပ်လည်း အင်မော်တယ် တစ်ပိုင်းနယ်ပယ်က ရောက်လာတာလေ။ ကျုပ်ကိုရော ဘာလို့ မခေါ်ရတာတုံး”

မိုဝူကျီ စကားများကို ကြားပြီး ကျင့်ကြံသူ နှစ်ယောက်က အချင်းချင်း အကြည့်ဖလှယ်လိုက်ကြပြီး မိုဝူကျီကိုပါ ပိတ်လှောင်ထားနိုင်ရန် နောက်တစ်လှမ်း ဆုတ်လိုက်ကြသည်။

နှစ်ယောက်က ချက်ချင်း မပြုမူနိုင်သေးပေ။ အကြောင်းမှာ နောက်တစ်ယောက် ရောက်လာတော့မည့် ဖြစ်ကြောင်း သိ၍ ဖြစ်သည်။

ခဏအကြာတွင် ဟန်ချင်းရုက မိုဝူကျီဘေး ရောက်လာသည်။ မိုဝူကျီက ဘာမျှ မပြောသော်လည်း သူမက သူတို့ရောက်ရှိနေသည့် အခြေအနေကို နားလည်သွားပေ၏။ မိုဝူကျီက သူ့မှော်ရတနာကို ဆွဲမထုတ်နိုင်ခင် ဟန်ချင်းရုက အရင်ဦးစွာ သူမလက်နက်ကို အရင်ဦးဆုံး  ဆွဲကိုင်လိုက်သည်။

“တိုက်ကြ  ...”  မျက်နှာမည်း ကျင့်ကြံသူက ဟန်ချင်းရု၏ အမူအရာကို မြင်သောအခါ တိုက်ပွဲမှာ ရှောင်လွဲ၍ မရနိုင်တော့မှန်း သိ၏။ မီတာအနည်းငယ် ရှည်သည့် ကျာပွတ်က မိုဝူကျီဆီ ရောက်လာကာ နောက်ကျင့်ကြံသူ တစ်ယောက်က ဟန်ချင်းရုနှင့် ထုံယဲ့ဆီ ပြေးဝင်သွားသည်။

နှစ်ယောက်သား ကိစ္စများကို အစီအစဉ် ချမှတ်ပြီးသည်မှာ ထင်ရှားလှသည်။ သူတို့က ထိုသုံးယောက်ထဲတွင် မိုဝူကျီသည် အားအနည်းဆုံးဖြစ်ပြီး ဟန်ချင်းရုမှာ အားအကောင်းဆုံ ဖြစ်ကြောင်း သတိထားမိကြဟန် ပေါ်သည်။

ဟန်ချင်းရုက အင်မော်တယ်ဝင်ရိုးကို ဖွဲ့စည်းပြီးပြီ ဖြစ်၍ အားကောင်းသည့် အရှိန်အဝါများ ထွက်ပေါ်နေသည်။ တစ်ဖက်တွင် ထုံယဲ့က အင်မော်တယ်တစ်ပိုင်း နယ်ပယ်မှာ ရှိစဉ်ကတည်းက နှစ်များစွာ ကျင့်ကြံခဲ့သည့်အတွက် သူတို့ ဤနေရာ ရောက်ရောက်ချင်း ကောင်းကင်အင်မော်တယ် အဆင့် တက်လှမ်းနိုင်သွားသည်မှာ ပုံမှန်ကိစ္စသာ ဖြစ်၏။ မိုဝူကျီက အားလုံးကြားတွင် အငယ်ဆုံးဖြစ်ကာ သူ့ဝိညာဉ် စွမ်းအားမှာလည်း သာမန်ဖြစ်သောကြောင့် အားအနည်းဆုံးအဖြစ် သတ်မှတ်ခံလိုက်ရခြင်း ဖြစ်ပေသည်။

မျက်နှာမည်း ကျင့်ကြံသူက မိုဝူကျီကို အရင်ရှင်းထုတ်ပြီးနောက် သူတို့အင်အား ပေါင်းစည်းကာ ဟန်ချင်းရုနှင့် ထုံယဲ့တို့နှင့် ရင်ဆိုင်ရန် စိတ်ကူးထားခြင်း ဖြစ်သည်။

မိုဝူကျီက သူ့တျန်းဂျီတုတ်ကို ဆွဲမထုတ်သည်မှာ သူ့တျန်းဂျီတုတ်က သူ့ကျင့်ကြံဆင့်ကို လိုက်မယှဉ်နိုင်၍ ယခင် ကျိညီအစ်ကိုတို့နှင့် တိုက်ပွဲတွင် သူ့တျန်းဂျီတုတ်မှာ သူ့မှော်ရတနာ ဖြစ်ရန် မသင့်တော်ကြောင်း ခံစားမိလိုက်သည်။

သူက ကျေးဇူးတရားနှင့် အမုန်းတရားတို့ကို ခွဲခြားနိုင်စွမ်းရှိပြီး တိုက်ပွဲအတွင်း တည့်တိုးဆန်လှသည်။ သူ့အတွက် ဓားကွေး၊ ပုဆိန် သို့မဟုတ် ဓားအကြီးကြီးက ပို၍ သင့်တော်ပေ၏။  တုတ်တစ်ချောင်းမှာ တိုက်ပွဲအတွင်း   မိုဝူကျီ အသုံးပြုရန် အလွန် ညင်သာလွန်းနေပေသည်။

မျက်နှာမည်း ကျင့်ကြံသူ၏ ကျာပွတ်ရှည်က နဂါးကဲ့သို့ မာန်ဟိန်းကာ  မိုဝူကျီကို ပိတ်လှောင်မထားခင်  တိုးဝင်လာသည်။ ထို့နောက် မိုဝူကျီပတ်လည်တွင် ဧရာမ စွမ်းအားစက်ကွင်း ဖြစ်လာလေ၏။

ကျိယန်က သူ့အား ပိတ်လှောင်ထားစဉ်က မိုဝူကျီသည် ရွှံ့နွံတောထဲ ရောက်သွားသည့်အလား  သူခန္ဓာလှုပ်ရှားရန်ပင် အလွန်ခက်ခဲကြောင်း တွေ့လိုက်ရသည်။ လက်ရှိ ဤစွမ်းအားစက်ကွင်းမှာ တူညီသော စွမ်းအားစက်ကွင်း ဖြစ်သော်လည်း ကျိယန် သုံးသည်ထက် များစွာ အားကောင်းကြောင်း ခံစားမိလိုက်သည်။ သို့သော်လည်း မိုဝူကျီက ထွက်လာနိုင်ပြီး တုံ့ဆိုင်းခြင်းမရှိ လက်သီးတစ်ချက် ပစ်ခွင်းနိုင်လိုက်သည်။

“ဘုန်း” သူတို့ကြားတွင် မီးတောက်နှင့် ခြားလိုက်သည့်အခါ ဤစွမ်အား စက်ကွင်းမှာ  ချက်ချင်းဆိုသလို  ကွဲကြေသွားတော့သည်။

အားကောင်းလှသည့် မီးတောက် ထွက်ပေါ်လာသည့်အခါ  မျက်နှာမည်း ကျင့်ကြံသူ၏ အမူအရာမှာ ချက်ချင်း ပြောင်းလဲသွားတော့သည်။

“ထိပ်တန်းမီးတောက် လျှို့ဝှက်ပညာရပ်လား”

ကျင့်ကြံသူက ခန္ဓာကိုယ်ကို ရွေ့ရင်း မိုဝူကျီ၏ မီးတောက်ဆီမှ ရှောင်ရှားနေရသည်။ သို့သော်လည်း မိုဝူကျီ၏ မီးတောက်လက်သီးမှာ  သူ့ရင်ဘတ်ကို ထိုးဖောက်သွားပြီ ဖြစ်၍  အချိန်မမီတော့ကြောင်း  သတိပြုမိလိုက်တော့သည်။

“ဖူး” သူ့ခန္ဓာကိုယ် တစ်စစီ ဖြစ်သွားသောကြောင့် သွေးမြူများက ပျံ့နှံ့ကုန်သည်။

တိုက်ပွဲတစ်လျှောက်လုံးတွင် မိုဝူကျီက ဤကျာပွတ်ရှည်ကို စိတ်ထဲပင် မထားပေ။ အကြောင်းမှာ သူ့မီးတောက်၌ ယုံကြည်ချက် ရှိသည့်အပြင် သူက ဤတိုက်ပွဲကို မြန်မြန် အဆုံးသတ်ပစ်လို၍ ဖြစ်သည်။

မိုဝူကျီက ကျာပွတ်ချက်များ မိလိုက်သောကြောင့် မိုဝူကျီနောက်ကျောမှ သွေးများ စီးကျနေသည်။ မိုဝူကျီက ထိုဒဏ်ရာများကို ပြန်လည်ကုသဖို့ရာ စိတ်ထဲမထားဘဲ  မျက်မှောင်တစ်ချက်သာ ကြုတ်လိုက်သည်။ ကျာပွတ်၏ ကြမ်းကြုတ်အားက ကိုင်ဆောင်ထားသည့် မျက်နှာမည်း ကျင့်ကြံသူ သေဆုံးသွားသောကြောင့် မိုဝူကျီကို အပြင်းအထန် ဒဏ်ရာမရစေခဲ့ပေ။ မိုဝူကျီ မျက်မှောင်ကြုတ်လိုက်သည့် အကြောင်းအရင်းမှာ သူက ကောင်းကင်အင်မော်တယ် အဆင့် ရောက်နေပြီ ဖြစ်သော်လည်း  စွမ်းအားစက်ကွင်းနှင့် ပတ်သက်၍ အသိဉာဏ် မပွင့်သေး၍ ဖြစ်ပေ၏။

တစ်ခုတည်းသော ခြားနားချက်မှာ သူ ကောင်းကင်အင်မော်တယ် အဆင့် မရောက်ခင် ကျိယန်က သူ့အား ချုပ်နှောင် ထားနိုင်လိုက်သော်လည်း  ဤမျက်နှာမည်း ကျင့်ကြံသူက မလုပ်ဆောင်နိုင်ခဲ့ပေ။ သို့သော်လည်း သူ့တွင် သူ့ကိုယ်ပိုင် စွမ်းအားစက်ကွင်း မရှိသည့် အကြောင်းက မပြောင်းလဲသွားပေ။ အကယ်၍ သူ့တွင် ကိုယ်ပိုင်စွမ်းအား စက်ကွင်း ရှိနေလျှင် တစ်ဖက်လူက သူ့အား ဒဏ်ရာမရစေနိုင်ခင်   သူက တစ်ဖက်လူကို အလွယ်လေး အဆုံးသတ်နိုင်လိမ့်မည်။

သူ့တွဲဖက်မှာ မိုဝူကျီ၏ လက်သီးတစ်ချက်နှင့် သေဆုံးသွားသည်ကို မျက်မြင်ကိုယ်တွေ့ မြင်လိုက်ရပြီးနောက် နောက်ထပ် ကောင်းကင်အင်မော်တယ် အဆင့် ကျင့်ကြံသူ၏ အကြောက်တရားက ပိုကြီးမားလာပြီး မိုဝူကျီကို တိုက်ခိုက်ဖို့ရာပင် မတွေးတော့ပဲ အမြန်အဆန် ထွက်ပြေးသွားတော့သည်။

ဟန်ချင်းရု၏ စွမ်းအားမှာ သူ့ထက် အားကောင်းသောကြောင့် သူလှည့်လိုက်သည်နှင့် ဟန်ချင်းရု၏ စွမ်းအားစက်ကွင်းအတွင်း ပိတ်မိသွားသည့်အချိန် ထုံယဲ့၏ နဂါးကြိုးထုံးမှာ သူ့လည်ပင်းကို ထိုးဖောက်သွားလေ၏။

“အစ်ကိုမိုလည်း ကောင်းကင်အင်မော်တယ် အဆင့် ရောက်သွားပြီကိုး” ထုံယဲ့က စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

သူ့အတွက်  မိုဝူကျီသည် ကောင်းကင် အင်မော်တယ်အဆင့် ကျင့်ကြံသူကို စက္ကန့်ပိုင်းလေးအတွင်း သတ်နိုင်သည်မှာ အထူးအဆန်း မဟုတ်ပေ။ အကြောင်းမှာ မိုဝူကျီက မည်မျှ အားကောင်းကြောင်း သေချာသိ၏။ ယခင် အင်မော်တယ်တစ်ပိုင်း နယ်ပယ်တွင် ရှိစဉ်က  မိုဝူကျီ၏ ကျင့်ကြံဆင့်မှာ အနိမ့်ဆုံး ဖြစ်သော်လည်း သူ့အင်အားမှာ အင်မော်တယ်တစ်ပိုင်း နယ်ပယ် တစ်ခုလုံး၌ တုနှိုင်းမဲ့ ဖြစ်ခဲ့လေသည်။ ယခု မိုဝူကျီက ကောင်းကင်အင်မော်တယ် အဆင့် ရောက်သွားပြီဖြစ်ရာ သူနှင့် အဆင့်တူ သတ်ဖို့ရာ ချွေးတစ်စက်ပင် ကျစရာ မလိုပေ။

မိုဝူကျီက  မျက်နှာမည်း ကျင့်ကြံသူ၏ သိုလှောင်လက်စွပ်ကို သိမ်းကာ ပြောလိုက်သည်။

“ညီလေးထုံ  ... ဘာတွေ ဖြစ်နေတာလဲ။ ယုံရင် အစွန်းအဖျားနဲ့ အင်မော်တယ်တစ်ပိုင်း နယ်ပယ်က ကျင့်ကြံသူတွေက ဘာတွေ ကွာခြားနေလို့လဲ”

ထုံယဲ့က သိုလှောင်လက်စွပ်ကို ဟန်ချင်းရုဆီ ပေးလိုက်သော်လည်း သူမက ငြင်းလိုက်သောကြောင့် သူ့ဘာသာ သိမ်းထားလိုက်သည်။

“မင်းအတွက်ပဲ သိမ်းထားလိုက်ပါ ... ဒါက ဟန်ချင်းရု စီနီယာအစ်မချင်းရုပေါ့  ... ဒါက ထုံယဲ့ ကျုပ်လိုပဲ အင်မော်တယ်တစ်ပိုင်း နယ်ပယ်က အတူတူ ရောက်လာကြတာ။ ညီလေးထုံ  ဘာတွေ ဖြစ်ခဲ့တာလဲဆိုတာ မပြောပြချင်ဘူးလား”

မိုဝူကျီက ထုံယဲ့ကို လက်စွပ် သိမ်းထားခိုင်းပြီးနောက် သူတို့နှစ်ယောက်ကို မိတ်ဆက်ပေးလိုက်သည်။

ထုံယဲ့က  ဟန်ချင်းရုကို အသာဦးညွှတ်၍ နှုတ်ဆက်လိုက်သည်။

“အရှင်းဆုံး ပြောရရင်တော့ ကျုပ်လည်း ဘာဖြစ်နေမှန်း မသိဘူး။ အစပိုင်းတုန်းက  အင်မော်တယ်လျိုကို ဖြတ်လာပြီးတော့  တစ်ယောက်နဲ့ တစ်ယောက် ဆက်သွယ်နိုင်ဖို့  ဆက်သွယ်ရေး ပုတီးစေ့တွေ သိမ်းထားပြီးတော့ ယာယီ လမ်းခွဲသွားခဲ့ကြတယ်။  အင်မော်တယ် ကူးသန်းရေး သင်္ဘောကိုတော့ စီနီယာချွမ်းဟယ်ဆီ ပေးခဲ့ကြတယ် ...”

မိုဝူကျီက သူ့ယာဉ်ပျံကို ထုတ်ကာ  “သွားရင်း ပြောကြတာပေါ့။ ဒီနေရာမှာ ကြာကြာနေလို့ မကောင်းဘူး”

ထုံယဲ့နှင့် ဟန်ချင်းရုတို့ ယာဉ်ပေါ်ရောက်သည်နှင့် မိုဝူကျီက သူများ အတွေးလွန်နေ မိတာလားဟု   သံသယ ဝင်မိလာသောကြောင့် ယာဉ်ပျံကို မောင်းနှင်လိုက်တော့သည်။  သူက ဆရာကြီး ဖူကျိသည် အင်မော်တယ် ကူးသန်းရေး သင်္ဘောကို သိမ်းထားလိမ့်မည်ဟု ထင်ခဲ့မိကာ လော့ချွမ်းဟယ်ဆီ ရှိနေလိမ့်မည်ဟု မထင်ထားမိပေ။

သူတို့က အဖွဲ့ဖွဲ့ထားသော်လည်း မိုဝူကျီက ဆရာကြီးဖူကျိသည် ကိုယ်ပိုင်အကျိုးအတွက် လာရောက် ပူးပေါင်းသည့်  တစ်ယောက်တည်းသောသူ ဖြစ်ကြောင်း သိပေ၏။ ကျန်လူများက မိုဝူကျီနှင့် မိတ်ဆွေ ဆက်ဆံရေးကြောင့် ရောက်ရှိလာခြင်း ဖြစ်သည်။

“အဲတုန်းက ကျုပ်အစ်ကိုနဲ့ ကျုပ်က အတူတူ သွားပြီးတော့ စီနီယာလော့ချွမ်းဟယ်နဲ့ ကျာချီတို့က အတူတူ ထွက်သွားတယ်။ ပေသီးက ကူယာနဲ့ အတူတူ ထွက်သွားပြီးတော့  ခို့ယွန်နဲ့ ဆရာကြီးဖူကျိတို့ကျ သီးခြားစီ ထွက်သွားကြတာ”

မိုဝူကျီက ထုံယဲ့ကို ဆက်မမေးသည်မှာ ထုံယဲ့က ဆက်ရှင်းပြမည်မှန်း သိနေ၍ ဖြစ်သည်။

ထုံယဲ့က ဆက်ပြောလိုက်သည် …

“ကျုပ်အစ်ကိုနဲ့ကျုပ် ကျင့်ကြံဆင့်က မြေကမ္ဘာအင်မော်တယ် ထိပ်ဆုံး ရောက်နေပြီဆိုတော့  သင့်တော်တဲ့ နေရာကို ရှာပြီးတော့  စမ်းသပ်ချက် ခံယူဖို့ ပြင်ဆင်ကြတယ်။ ကျုပ်တို့တွေ ဒီနေရာ ရောက်လာပြီးတော့ သိပ်မကြာဘူး အစွန်းအဖျား နေရာလေးမှာ   စမ်းသပ်ချက် ခံယူနိုင်ခဲ့တယ်။

အဲဒီနောက်ကျ စီနီယာ အစ်မကျာချီနဲ့ စီနီယာ အစ်ကိုချွမ်းဟယ်ဆီကနေ ယုံရင်အင်မော်တယ် နယ်မြေက လူတွေ သူတို့ကို လိုက်ဖမ်းနေတယ် ဆိုတဲ့ သတင်းရောက်လာတယ်။  ပြီးတော့ စီနီယာအစ်ကို ချွမ်းဟယ် အဖမ်းခံလိုက်ရတယ် ...”

***

All Chapters