← Chapters

ကြောက်စရာကောင်းသောမှန်းဆချက်

Vol. 68 Ch. 939

ကြောက်စရာကောင်းသောမှန်းဆချက်

Vol. 68 Ch. 939

ပိုင်ထောင်က ဖုန်းဖြင့် စကားအများကြီးမပြောချင်ပေ။ လူကြီးလူငယ်အရ သူတို့၏ဆက်ဆံရေးက အလွန်ရှုပ်ထွေးသည်။ အာဖရိကတွင် ကြေးနီမိုင်းတွင်းတစ်ခုအား ရရန် သူတို့က လျှို့ဝှက်ပူးပေါင်းဆောင်ရွက်ခဲ့သည်၊ တစ်ယောက်ကိုတစ်ယောက် သိလာတာ အချိန်ကြာပြီဖြစ်၏။ အားထုတ်မှုတွင် သူက တိုက်ရိုက်မပါခဲ့ဝင်သော်လည်း သူ၏ဝေစုယွမ်ဆယ်မီလီယံအား နှစ်စဉ် ရရှိခဲ့သည်။

သို့သော် လက်ရှိအချိန်တွင် သူ၏နှလုံးခုန်သံက အကြောင်းပြချက်မရှိ မြင့်တက်သွားပြီး စိုးရိမ်မှုတစ်ခုက သူ့မျက်လုံးများထဲ၌ ထင်ဟပ်လာသည်။ ခန်အဂျာက သူ့အဖြေအား စောင့်မျှော်နေသည်ကို သိသော်လည်း  သူ့စိတ်က ဤကိစ္စ၏အလေးအနက်ကို ခွဲခြမ်းစိတ်ဖြာနေသောကြောင့် သူက ဘာမှမပြောခဲ့ပေ။

တကယ်တမ်းတော့ ဤကိစ္စက ထန်ရှုနှင့် ဆက်စပ်သည်။ ထန်ရှုက မည်သို့သောပုံရိပ်တစ်ခုဖြစ်သည်ကို သူ သိ၏။

"သူနဲ့ပတ်သက်ပြီး မင်းအမြင်က ဘယ်လိုရှိလဲ၊ သခင်လေးပိုင်"ခန်အဂျာ၏အသံက ဖုန်းမှ ထပ်မေးလာသည်။

"ဒီကိစ္စနဲ့ ပတ်သက်ပြီး မင်းကို လေးလေးနက်နက်မေးချင်တယ်"သက်ပြင်းတစ်ချက်ရှိုက်ပြီးနောက် ပိုင်ထောင်က ပြောလိုက်၏"မင်းနဲ့သူ့ကြားမှာ သေခြင်းရှင်ခြင်အနေအထားအထိ ရောက်သွားပြီလား"

"ဒီကိစ္စက သေခြင်းရှင်ခြင်းအနေအထားတစ်ခုနဲ့ ဆက်စပ်တာလား"ခန်အဂျာက စိတ်ထဲ၌ နက်နက်နဲနဲတွေးရင်း မေးလိုက်သည်။

"အနေအထားက သေခြင်းရှင်ခြင်းအထိ ရောက်နေတယ်ဆိုရင် ကြေးနီမိုင်းတွင်းရဲ့ရှယ်ယာအားလုံးကို မင်းဆီ ငါ လွှဲပေးမယ် ဒါပေမယ့် အနာဂတ်မှာ ငါတို့ရဲ့ဆက်ဆံရေးကို ရပ်တန့်ရလိမ့်မယ်"ပိုင်ထောင်အသံက လေးလံနေလျက် ရှင်းပြ၏"ဒါ‌ပေမယ့် အနေအထားက အဲအထိ မရောက်သေးဘူးဆိုရင် ဆက်လုပ်ဖို့ အခန်းအချို့ ရှိသေးတယ်။ ဘာပဲဖြစ်ဖြစ် မင်းခေါင်းကို ဖြစ်နိုင်သမျှ နှိမ့်ချဖို့ ငါ မင်းကို အကြံပေးချင်တယ်၊ မင်းရဲ့အမှားကို ဝန်ခံ၊ မင်းရဲ့အပြစ်ကို လက်ခံရမယ်။ ခန်အဂျာ၊ အခု ငါ မင်းကို အကိုခန်လို့ ခေါ်နိုင်တယ်၊ ငါ မင်းကို ရိုးရိုးသားသား သတိထပ်ပေးအုံးမယ်၊ မင်းရဲ့ခေါင်းကို နှိမ့်ချတာနဲ့ ပတ်သက်ပြီး ဒွိဟတွေမဖြစ်ဖို့၊ မျက်နှာပျက်ရမှာ မကြောက်ဖို့ပဲ"

"မင်း စိုးရိမ်နေတာလား၊ သခင်လေးပိုင်"ခန်အဂျာ၏အသားအရောင်က ပြောင်းလဲသွားပြီး သူ၏အသံက လေးလံစွာနှင့် မေး၏"ဒီထန်ရှုက ဘယ်လောက်ပဲအားကောင်း၊ ဒီနေရာက ဘန်ကောက်ပါ၊ ငါ့ရဲ့ပိုင်နက်ပါ။ သူက ငါ့ကို ဒီမှာ သတ်နိုင်မှာတဲ့လား"

"ဟုတ်တယ်၊ သူ မင်းကို သတ်နိုင်တယ်၊ မင်းရဲ့စွမ်းအားအားလုံးကို ဖျက်ဆီးနိုင်တယ်၊ မင်းနဲ့သက်ဆိုင်သူတွေအားလုံးကို ဖယ်ရှားနိုင်တယ်-မင်းရဲ့ကွန်ရက်အပါအဝင် အရာအားလုံးပဲ"ပိုင်ထောင်က ပြန်ပြော၏။

စိုးရိမ်လာဟန်နှင့် ခန်အဂျာက ထပ်မေး၏"မင်း သူနဲ့ ရင်းနှီးတာလား"

"အရမ်း၊ အရမ်း ရင်းနှီးတယ်"ပိုင်ထောင်က ပြန်ဖြေ၏"သူ့စွမ်းအားဘယ်လောက်ကြောက်စရာကောင်းသလဲဆိုတာ ငါ သိတယ်။ မင်းက ဘန်ကောက်မှာ ခိုင်မာတဲ့အမြစ်တစ်ခု ရှိတယ်ဆိုတာ ငါ သိတယ်၊ ခန်အဂျာ။ မင်းတို့နှစ်‌ယောက်လုံးက ချမ်းသာတယ်၊ လိုချင်တာမှန်သမျှ ရယူနိုင်တဲ့ စွမ်းအားရှိတယ်။ မင်းက ဘန်ကောက်နဲ့ထိုင်းနိုင်ငံတစ်ခုလုံးကိုပါ ပြောင်းပြန်လှန်နိုင်တယ်။ ဒါပေမယ့် ထန်ရှုက တရုတ်မှာ အလွန်မြင့်မားတဲ့အဆင့်အတန်းတစ်ခုရှိတယ်။ သူက ပေကျင်းထန်မိသားစုရဲ့သခင်လေးပဲ၊ ခမ်းနားသောထန်စီးပွားရေးလုပ်ငန်းစုရဲ့ပိုင်ရှင်ပဲ။ သူ့လက်အောက်မှာ လုပ်ငန်းတွေ၊ တပ်ဖွဲ့တွေ ဘယ်လောက်ထိရှိလဲ ငါတောင် သေချာမသိဘူး"

ခန်အဂျာက နှုတ်ဆိတ်သွား၏။ ပိုင်ထောင် သူ့အား ထုတ်ဖော်ပြောခဲ့သည့်အရာအားလုံးက သူ့ခန္ဓာကိုယ်တစ်ခုလုံးအား တုန်ခါစေသည့် မိုးကြိုးတစ်ခုအလားပင်။ ပေကျင်းမှ ထန်မိသားစုအား သူ သိသည်။ တရုတ်ရှိ အင်အားကြီးမိသားစုတစ်ခုတစ်ခုဖြစ်သည်။ တိုင်းပြည်၌ တိုးတက်မှုအမြန်ဆုံးကုမ္ပဏီတစ်ခုဖြစ်သည့် ခမ်းနားသောထန်စီးပွားရေးလုပ်ငန်းစုအား သူ သိသည်။ သူအနှစ်သက်ဆုံးဝိုင်ဖြစ်သည့်နတ်ဘုရားဝတ်ရည်ဝိုင်လျှင်ပင် ဤကုမ္ပဏီ၏ထုတ်ကုန်တစ်ခုဖြစ်၏။

သို့သော် ဤနေရာက ဘန်ကောက်ပင်။ ထိုအကောင်က တရုတ်တွင် ဘယ်လောက်အားကောင်းကောင်း၊ အာဏာစက်ဘယ်လောက်ပြင်းပြင်း၊ သူက ဘန်ကောင်၌ နှိမ့်ချနေသင့်သည်။

ရုတ်တရက် ခန်အဂျာက တစ်ခုခုအား သတိရလိုက်သည်။ သူ့အသံက လေးလံစွာနှင့် မေးလိုက်သည်"သခင်လေးပိုင်၊ ကမ္ဘာနံပါတ်တစ်လုပ်ကြံသတ်ဖြတ်သူတစ္ဆေက အခု ထန်ရှုအတွက် အလုပ်လုပ်နေတယ်ဆိုတာ မင်း သိလား"

"ဘာ.....မင်း ဘာပြောတာလဲ"ပိုင်ထောင်က ပင့်သက်ရှိုက်ပြီး အလန့်တကြားအော်လိုက်သည်။

"မင်း နားကြားမှားတာ မဟုတ်ဘူး"ခန်အဂျာက အတည်ပြုပေး၏"ကမ္ဘာနံပါတ်တစ်လုပ်ကြံသတ်ဖြတ်သူတစ္ဆေက သူ့လူပဲ။ ဒီနေ့ သူနဲ့အတူ အဲ့လူရှိနေတာကို ငါ မြင်ခဲ့တယ်"

"အစ္စရေးနိုင်ငံရဲ့အလုံခြုံဆုံးအကျဉ်းထောင်#၁၃၁၉ရဲ့မတော်တဆဖြစ်ရပ်က ကမ္ဘာတစ်ဝှမ်း တုန်လှုပ်သွားစေခဲ့တယ်။ ပြီးတော့ အဲနေရာမှာ အကျဉ်းကျနေတဲ့တစ္ဆေက အခြားအကျဉ်းသားရာကျော်နဲ့အတူ လွတ်မြောက်သွားတယ်....အခုအတိုင်းဆိုရင်....တစ္ဆေက ထန်ရှုရဲ့လူဆိုတော့....ကျန်တဲ့လူတွေကလဲ....."ပိုင်ထောင်က ရေရွတ်လိုက်သည်။

သူ့မျက်ခုံးများက ရုတ်တရက် ကျုံ့သွားပြီး သူ့ခြေထောက်ရှိခွန်အားက ပျောက်ကွယ်သွားသလို ခံစားလိုက်ရပြီး ခန်အဂျာက ကြမ်း‌ပြင်ပေါ်သို့ ပြိုလဲကျမတတ်ဖြစ်သွား၏။ ထိုအကျဉ်းထောင်တွင်ဖြစ်ပျက်ခဲ့သည့်အဖြစ်အပျက်အား သူလည်း အာရုံစိုက်ခဲ့သည်။ တစ္ဆေ၏အထောက်အထားကိုသာ အာရုံစိုက်နေသောကြောင့် ထိုအရာနှင့်ဆက်စစပ်ကာ သူ မမြင်နိုင်ခဲ့ပေ။ ယခု ဤကိစ္စရပ်‌‌ပေါ်တွင် ကြောက်စရာကောင်းသည့်မှန်းဆချက်တစ်ခု သူ့တွင် ရှိလာခဲ့သည်။

.....ဒီလိုဆိုရင်....တကယ်ပဲ ထန်ရှုက အစ္စရေးအကျဉ်းထောင်၁၃၁၉ဖြစ်ရပ်နောက်ကွယ်က ကြိုးကိုင်သူလား....ပြီးတော့....သူက ကြောက်စရာကောင်းလွန်းမနေဘူးလား။

"မဟုတ်နိုင်တာ....ဒါ မဖြစ်နိုင်ဘူး"ခန်အဂျာက နှုတ်ခမ်းတုန်ယင်လျက် ရေရွတ်လိုက်သည်။

"သူ ဘယ်သူလဲ ဆိုတာ ငါ သိတယ်၊ သူ ဘာစွမ်းဆောင်နိုင်လဲဆိုတာ ငါ သိတယ်"ပိုင်ထောင်က ပြန်ပြော၏"သူ မလုပ်ရဲတာ ဘာမှမရှိဘူး။ သူ့ရဲ့ကိုယ်ပိုင်တိုက်ခိုက်ရေးစွမ်းပကား၊ သူ့ရဲ့စွမ်းအား၊ သူ့ရဲ့လွှမ်းမိုးမှု၊ သူ့ရဲ့အရူးအမူးပိုက်ဆံရှာဖွေရေးနည်းလမ်းတွေ၊ အားလုံးက သူ့ရဲ့စွမ်းရည်ကို သက်သေပြတယ်။ အားလုံးကို ဖွင့်ပြော၊ အခန်ဂျာ။ မင်းနဲ့သူ့ကြားမှာ အတိအကျ ဘာဖြစ်ခဲ့တာလဲ"

ခန်အဂျာက သူ့အား ပြဿနာပုံပြင်တစ်ခုလုံးအား ပြောပြခဲ့ပြီး နောက်ဆုံး၌ ပြောလိုက်သည်"ဒီကိစ္စကို ဒီနေ့မှ ငါ သိလိုက်တာ။ အမှောင်နတ်ဆရာကလန်ရဲ့သခင်လေးလဲ သူနှင့်အတူ ရှိနေတယ်။ သူတို့က သာမန်မဟုတ်တဲ့ဆက်ဆံရေးတစ်ခုရှိပုံပဲ"

"ငါပြောတာ နားထောင်"ပိုင်ထောင်က တိုက်တွန်းလိုက်သည်"မင်းရဲ့ခေါင်းကို ဖြစ်နိုင်သမျှ နှိမ့်ချတာ အကောင်းဆုံးပဲ။ သူ့ကို မင်းစဉ်းစားရသမျှအရာအားလုံး ကမ်းလှမ်း။ သူက မင်းကို ရိုက်နှက်ချင်ရင်၊ ဆဲချင်ရင်၊ သတ်ချင်ရင်တောင် မင်းရဲ့လည်ပင်းကို အဆင်သင့်ကမ်းလှမ်းပေးလိုက်။ သူ့အကြောင်း ငါနားလည်ထားတာအရ သူ့အရှေ့မှာ မင်းအပြစ်ကို အရင်ဝန်ခံပြီး ကောင်းကောင်းမွန်မွန်ပြောရင် မင်းကို ခွင့်လွှတ်လောက်မှာပါ။ သူကို သွားကြမ်းရင်‌ သူက မင်းကို ပိုကြမ်းလိမ့်မယ်။ မင်း လုပ်သင့်တာအားလုံး ငါ ပြောပြီပြီ၊ ခန်အဂျာ။ ကျန်တာတွေက မင်းအပေါ်ပဲ မူတည်တယ်၊ မင်း အကောင်းဆုံးလုပ်ပါ"

"စက္ကန့်လောက် စောင့်ပါအုံး"

ပိုင်ထောင်ဖုန်းချတော့မည်ကို သိပြီး ခန်အဂျာက ချက်ချင်းအော်လိုက်သည်"သခင်လေးပိုင်၊ ငါ မင်းကို ငါ့ရဲ့ညီလေးအဖြစ် သတ်မှတ်ထားသလို ငါတို့တစ်ယောက်‌နဲ့တစ်ယောက် သိတာလဲ ကြာပါပြီ။ ဘယ်လိုလဲ.....ငါ့ကို ကူညီပေးနိုင်မလား။ ငါ အခု ဒုက္ခတွင်းနက်ထဲ ရောက်နေပြီ....ဒါကြောင့် ငါ့ကို ကူညီပေးပါ။ ငါ မသိသေးဘူး....သူနဲ့မင်းရဲ့ဆက်ဆံရေးက ဘယ်လိုမျိုးလဲ"

ခန်အဂျာစိတ်ထဲ၌ ဘာရှိသည်ကို သူ သဘောပေါက်သော်လည်း ပိုင်ထောင်က ဓားခုတ်ရာ လက်မလျှိုချင်ပေ။ သို့သော် နှစ်စဉ် အာဖရိကမှ ယွမ်ဆယ်သန်းရရှိသည်ကို မှတ်မိသည်၊ ထို့ကြောင့် ဆုံးရှုံးရမည်အား သူက အတော်လေးတွန့်ဆုတ်နေမိသည်။ ခန်အဂျာ၏စရိုက်နှင့်ပတ်သက်၍ သူက ပိုနားလည်သည်။ ဤကိစ္စအား ဖြေရှင်းရန် သူ့အား ကူညီပေးခဲ့ပါက အကျိုးအမြတ်များ ပိုရလာမည်မှာ သေချာသည်။

အတွေးများက သူ့စိတ်ထဲ၌ ဝဲလည်‌နေပြီး သူက အကျိုးအမြတ်အား နှိုင်းဆဆင်ခြင်ကြည့်၏။ ထန်ရှုနှင့်ခန်အဂျာကြားအနေအထားက သေရေးရှင်ရေးပြဿနာအထိ မရောက်သေးသည်ကို သိသည်၊ ခန်အဂျာက ကိစ္စရပ်နှင့် ပတ်သက်၍ ဘာမှ မလုပ်ထားဟု သူက ကောင်ချက်ချသည်။ သူက ထန်ရှုအား ဒေါသထွက်စေလျှင်ပင် သူက ထန်ရှုဝမ်းကွဲ၏ညီလေးဖြစ်သည်။ ထို့ကြောင့် သူတို့၏ဆက်ဆံရေးအား စားပွဲဝိုင်းသို့ ဆွဲခေါ်ပြီး ကိစ္စအား ရှင်းလင်းအောင် ကူညီပေးခဲ့လျှင် ထန်ရှုက လွှတ်ချလိုက်ဖို့ များသည်။

အတွေးအချို့ပြုပြီးနောက် ပိုင်ထောင်က ပြောလိုက်သည်"မင်း ထန်ရှုကို စောင့်ရမယ်၊ ခန်အဂျာ။ ပြီးတော့ မင်းကိုယ်မင်း နှိမ့်ချရမယ်။ ငါ နောက်ကျရင် သူ့ကို ဖုန်းခေါ်လိုက်မယ်၊ သူ ဒီကိစ္စကို လက်လွှတ်မယ်လို့တော့ တစ်ရာရာခိုင်နှုန်း ငါ အာမမခံဘူး။ တကယ်တော့ ဒီကိစ္စမှာ အဓိကသော့ချက်က ကျန်းရှင်းယာပဲ"

"သူတို့နှစ်ယောက်ကြားမှာ အတိအကျ ဘယ်လိုဆက်ဆံရေးရှိတာလဲ"ခန်အဂျာက လျင်မြန်စွာ မေးလိုက်သည်။

"ထန်ရှုက သန်မာသလို ဆွဲဆောင်မှုရှိတဲ့လူတစ်ယောက်ဆိုတာ မင်း မြင်တယ်ပဲမလား။ သူ့ရဲ့လွန်ကဲတဲ့ကံတရားနဲ့ ပေါင်းစပ်ကြည့်လိုက်မယ်ဆိုရင်...."ပိုင်ထောင်က ရှုံ့မဲ့စွာ ရယ်လိုက်ချေသည်"သူမက သူ့အမျိုးသမီးဖြစ်မယ်လို့ ငါ ခန့်မှန်းထားတယ်။ ဘန်ကောက်ကကျန်းရှင်းယာရဲ့အလုပ်က သူမပူးပေါင်းထားတဲ့ဖျော်ဖြေရေးကုမ္ပဏီနဲ့ ဆက်စပ်တယ်။ ဒီကုမ္ပဏီကို တရုတ်ရဲ့နောက်ခံအားကောင်းတဲ့မျိုးဆက်တွေ ပူးပေါင်းတည်ထောင်ထားတာ၊ ထန်ရှုလဲ ရှယ်ယာပါဝင်ထားတယ်။ မင်းရဲ့လူတွေက ကျန်းရှင်းယာအပေါ် ရဲတင်းတဲ့ရည်ရွယ်ချက်‌တွေ တေးထားခဲ့တာဆိုတော့၊ အဲဒီအကြံအစည်မှာ ပါဝင်တာ တစ်ယောက်မက‌လောက်ဘူးလို့ ငါ ထင်တယ်"

"စုန့်ဇမ်နဲ့အလိုဝေဆိုတဲ့နှစ်ကောင်.....ဒီအမှိုက်နှစ်ကောင်က ငါ့ကို ဒီဒုက္ခထဲ တွန်းပို့ခဲ့တာပဲ။ ဒါကို စောစောသိရင် ငါ ဒီကို မလာ‌ပါဘူးကွာ။ မင်း ငါ့ကို တကယ် ကူညီပေးနိုင်မယ်လို့ ငါ မျှော်လင့်တယ်၊ သခင်လေးပိုင်။ ဒီမျက်နှာသာပေးမှုကို ငါ မှတ်ထားပါ့မယ်၊ ဒီဒုက္ခဖြေရှင်းပြီးရင် ငါ မင်းကို ကျေးဇူးတင်မှာပါ၊ ငါ အာမခံပါတယ်" ထန်ရှုက အစ္စရေးရှိ၁၃၁၉အကျဉ်းထောင်‌နောက်ကွယ်ရှိကြိုးကိုင်သူဟု ခန်အဂျာက ယူဆထားသည်။ ထိုအတွေးက သူ့အရေပြားအား စပ်ဖျင်းဖျင်းဖြစ်စေပြီး သူ့အရိုးထိတိုင် အေးစက်စက်ဖြစ်သွားစေသည်။

"ငါ ကြိုးစားပေးမှာပါ"ပို‌င်ထောင်က ပြန်ဖြေလိုက်သည်။

****

အမန်ဒါဟိုတယ်၏စားသောက်ဆိုင်ထဲတွင် သူစားနေသောဟင်းလျာများက အရသာမရှိသလို စင်းလုအန်က ခံစားနေရသည်။ ထန်ရှု ဘယ်လောက်အားကောင်းသလဲကို သူ သိသော်လည်း ထန်ရှုက ဘန်ကောက်၌အကြွင်းမဲ့ခွန်အားရှိသည့်ခန်အဂျာအား လွှမ်းမိုးနိုင်မည်ဟု‌တော့ သူက မသေချာပေ။ သူက အမှောင်နတ်ဆရာကလန်အား မထိန်းချုပ်ရသေးပေ၊ ထို့ကြောင့် သူက ထန်ရှုအား ကူညီချင်ရင်တောင် လူအင်အားလုံလုံလောက်လောက်မစုစည်းနိုင်ပေ။

သို့သော် အနှီလူကိုယ်တိုင်က ကြောက်ရွံ့ခြင်းမရှိဘဲ သူ့ဘေးနားရှိ အလှလေးနှင့် ပေါ့ပေါ့ပါးပါးစကားပြောနေသည်ကို မြင်ပြီး သူ့ရင်ထဲရှိစိုးရိမ်မှုအနည်းငယ်က ပျောက်ကွယ်သွားခဲ့ပြီး သူက ပုံမှန်အခြေအနေသို့ ပြန်ရောက်သွား၏။

"ဒီကိစ္စနဲ့ပတ်သက်ပြီး ခန်အဂျာနဲ့ ရင်ဆိုင်ဖို့ မင်းမှာ ဘာအစီအစဉ်ရှိလဲ၊ မစ္စတာထန်။ ငါ မင်းနဲ့ ပူးပေါင်းဖို့ ရွေးချယ်ထားပြီးပြီ၊ ဒါကြောင့် အနေအထား ဘာပဲဖြစ်ဖြစ် ငါ မင်းနဲ့အတူ ရပ်တည်မှာပါ။ မင်း အဲလူနဲ့ တိုက်ခိုက်ရမယ်ဆိုစရင်တောင် ငါ အရင်ရှေ့ထွက်တိုက်ခိုက်မယ်"စင်းလုအန်က စိုးရိမ်နေသောမျက်နှာနှင့် ပြောလိုက်၏။

ထန်ရှုက သူ၏တုတ်ချောင်းအား ချကာ ခေါင်းမော့လိုက်သည်။ ထို့နောက် စင်းလုအန်အား ပြုံးကာ ပြောလိုက်၏"ဒါက အသေးအဖွဲလေးပဲ၊ ဒါကြောင့် မင်းကိုယ်တိုင် ပါဝင်ဖို့ မလိုဘူး။ ငါ လိုချင်ရင် ခန်အဂျာရဲ့စွမ်းအားအားလုံးကို ဖယ်ရှားနိုင်တယ်။ ဒါပေမယ့် ဘာပဲပြောပြော ဒီကောင်က ထိုင်းမှာ ဩဇာလွှမ်းမိုးမှုရှိတယ်မလား။  သူက ခေါင်းငုံ့ပြီး ငါ့ရဲ့အခြေအနေကို လက်ခံနိုင်မယ်ဆိုရင် ထွက်ပေါက်အချို့ပေးပြီး လွှတ်ပေးလိုက်မှာပါ"

"မင်းက ဘာအခြေအနေတွေ တွေးထားလို့လဲ"စင်းလုအန်က လျင်မြန်စွာ မေးလိုက်သည်။

"မင်းရဲ့အကိုနဲ့ ရင်ဆိုင်တဲ့အခါ မင်းမှာ အကူအညီတွေ ပိုများလာရင် ကောင်းတယ်လို့ မင်း မထင်ဘူးလား"ထန်ရှုက ပြုံးကာ မေး၏။

စင်းလုအန်၏မျက်လုံးများက ပြူးကျယ်သွားပြီး သူက အံ့အားတကြီးပြန်ပြော၏"မင်း ဆိုလိုတာက  မင်းက သူ့ကို ငါတို့ကို ကူညီခိုင်းမှာလား။ ဒါပေမယ့် ဒါက ဖြစ်နိုင်ပါ့မလား။ မင်း သိလား၊ သူက ငါ့အဖေနဲ့ ခင်မင်ရင်းနှီးမှုတစ်ခုရှိတဲ့အပြင် သူ့ရဲ့ဗိုလ်ကျတတ်တဲ့သဘာဝအရ......"

"မင်း ဘာကြောက်တာလဲ"ထန်ရှုက ပြုံးကာ ပြော၏"ကောင်းပြီ။ မင်းရဲ့စိုးရိမ်မှုကို မင်းရဲ့အလှလေး‌အပေါ်မှာပဲ ထား။ ကျန်တာ ငါ့တာဝန်ထားစမ်းပါ"

စင်းလုအန်က စကားတစ်လုံးပင် မပြောဘဲ ခေါင်းညိတ်ပြ၏။ မည်သို့ပင်ဆို‌စေကာမူ ထန်ရှု၏အတွေးက သူ၏စိတ်ဝင်စားမှုအား နှိုးဆွခဲ့သည်။ သူနှင့်သူ့အကိုကြား စွမ်းအားယှဉ်ပြိုင်မှုတွင် ခန်အဂျာက သူ့ဘက်၌ ရပ်တည်ပေးပါက အမှောင်နတ်ဆရာကလန်၏အမွေဆက်ခံသူဖြစ်ဖို့က သေချာသလောက်ပင်။

ရုတ်တရက် သူက နောက်ကိစ္စတစ်ရပ်အား သတိရသွားကာ အလျင်စလို‌မေးလိုက်သည်"ဒါပေမယ့် မစ္စတာထန်၊ သူ့ဘက်မှ သတင်းပေါက်ကြားသွားမှာကို မင်း မစိုးရိမ်ဘူးလား"

"သူက မင်းရဲ့အကိုကို ငါတို့ရဲ့အစီအစဉ်ကို ကြိုတင်အကြောင်းကြားမှာကို  စိုးရိမ်တယ်လို့ မင်း ဆိုလိုတာလား"ထန်ရှုက ပြန်မေးလိုက်သည်။

"ဟုတ်တယ်"စင်းလုအန်က ခေါင်းညိတ်၏"ဒါက ငါတို့လျှို့ဝှက်ထားရမယ့်အစီအစဉ်တစ်ခုပဲ။ ငါ့အကိုက ခန်အဂျာနဲ့ ရင်းနှီးသလား ငါ မသိဘူး။ သူတို့က မိတ်ဆွေတွေဆိုရင် ဒုက္ခများသွားလိမ့်မယ်"

***

All Chapters