အသက်တစ်သက်ယွမ်တစ်ယွမ်
Vol. 68 Ch. 940
"မင်းပြောတဲ့ဖြစ်နိုင်ချေက ဖြစ်လာမှာမဟုတ်ဘူး"ထန်ရှုက တည်ငြိမ်စွာ ခေါင်းညိတ်လျက် ပြော၏"ကောင်းပြီလေ၊ အဲကိစ္စကို ဒီမှာပဲ ရပ်ထားရအောင်။ ငါ သူ့ကို အရင်မေးမှာပါ။ သူက သူ့ပြောင်းဝကို ငါတို့ဘက် ပြန်လှည့်လာရင်တောင် ငါတို့စတင်လှုပ်ရှားတာနဲ့ စိုးရိမ်စရာမလိုစေရဘူး"
"ကောင်းပြီလေ၊ အဆိုးဆုံးအတွက် ကြိုတင်ပြင်ဆင်သလို တန်ပြန်ဖို့ကြိုတင်ပြင်ဆင်ထားကြတာပေါ့"စင်းလုအန်က ခေါင်းညိတ်ကာ ပြော၏။
ထန်ရှုက ပေါ့ပေါ့ပါးပါးပြုံးကာ အနီးနားရှိကျန်းကြွယ်နှင့်ဂူထောင်တို့အား လက်ဝှေ့ယမ်းပြ၏။ နှစ်ယောက်သား ရောက်လာပြီးနောက် သူက ပြောလိုက်သည်"မင်းတို့နှစ်ယောက် ရှင်းယာကို သူမရဲ့အခန်းကို လိုက်ပို့ပေးလိုက်၊ ပြီးရင် သူမရဲ့ဘေးကင်းမှုအတွက် မင်းတို့ တာဝန်ယူရမယ်။ ပြီးတော့ အားဝူကို ဆက်သွယ်။ နင်မြို့ရဲ့ကိစ္စအကြောင်း သူ့ကို မေး။ သူတို့ လုပ်ပြီးပြီဆိုရင် ဘန်ကောက်ကို တိုက်ရိုက်လာခဲ့ဖို့ ပြောလိုက်"
"နားလည်ပါပြီ"နှစ်ယောက်သား တညီတညာတည်း ပြန်ဖြေ၏။
ကျန်းရှင်ယာဘက်သို့ လှည့်ပြီးနောက် ထန်ရှုက ပြောလိုက်သည်"မင်းရဲ့အခန်းကို ပြန်ပြီး ငါ့ကို စောင့်နေ။ ငါ ဒီကိစ္စကို ဖြေရှင်းလိုက်အုံးမယ်"
"ရှင် ကျွန်မနဲ့အတူ မသွားဘူးလား"သူမက စိုးရိမ်စွာ မေး၏"ကျွန်မ စိတ်ပူတယ်......"
"ငါ ဘာလုပ်နိုင်တယ်ဆိုတာ မင်း မြင်ပြီးသားပဲမလား"ထန်ရှုက ကြားဖြတ်ပြောလိုက်သည်"ခန်အဂျာ အသာထား၊ ဒီတိုင်းပြည်ရဲ့အားအကောင်းဆုံးအခရာပုဂ္ဂိုလ်ဆိုရင်တောင် ငါ့ကို ဘာမှမလုပ်နိုင်ဘူး။ ဒါကြောင့် ငါ့စကားကို နားထောင်။ မင်း ပြန်ပြီး အနားယူနေ။ အများဆုံး နာရီဝက်အတွင်း ငါ ပြန်လာမယ်"
"ဟုတ်ပါပြီ၊ ဒါဆိုလဲ"
သူမ ရှိနေရင်တောင် ဘာမှ မကူညီပေးနိုင်မှန်း ကျန်းရှင်းယာက သိသည်။ သူမက ချက်ချင်းခေါင်းညိတ်ကာ ထွက်ခွာသွားခဲ့၏။
မိနစ်အနည်းငယ်ကြာပြီးနောက် စင်းလုအန်နှင့်ထန်ရှုတို့က ခန်းမသို့ ရောက်ရှိလာသည်။ ခန်အဂျာလက်အောက်ရှိရန်လိုသောသူများအား မြင်လိုက်ရသောအခါ ပမာမခန့်အထင်သေးသောမျက်လုံးများနှင့် ပြန်ကြည့်ပြီး ခန်အဂျာရှေ့သို့ ဆောင့်ကြွားကြွားလျှောက်သွားလျက် စိတ်ဝင်မစားသည့်လေသံဖြင့် ပြောလိုက်သည်"ငါ့အပေါ်မှာ အပေါစားလှည့်ကွက်တွေ သုံးဖို့တော့ မတွေးနဲ့။ မင်းက သူတို့နှစ်ယောက်လုံးနဲ့ လာမှတော့ မင်းက သူတို့အတွက် ရပ်တည်မယ်လို့ ဆိုလိုတယ်။ မင်း ဘယ်လမ်းကြောင်းပဲ ရွေးချယ်ပါစေ၊ ငါက အားလုံးလက်ခံမှာပါ"
"မင်း ငါ့ကို နားလည်မှုလွဲနေတာပဲ၊ မစ္စထန်"ခန်းအဂျာက ပြုံးကာ ပြော၏"ငါ မင်းဆီ လာတယ်ဆိုတာက ငါ့လူတွေရဲ့အမှားကို ငါ သိလို့။ ဒါကြောင့် မင်းကို တောင်းပန်ဖို့ သူတို့ကို ငါ ခေါ်လာတာပဲ။ မင်းရဲ့နာမည်ကို ငါ ကြားဖူးပါတယ်၊ ငါ့လူတွေက မှားတာဆိုတော့ မင်း ကြိုက်သလို အပြစ်ပေးလို့ရပါတယ်"
ဒါက ထန်ရှုအား အံ့အားသင့်သွားစေသည်။ ခဏက ခန်အဂျာရဲ့သဘောထားက ဒီလိုမဟုတ်ဘူးမလား။ ဘာက သူ့ရဲ့သဘောထားကို ပြောင်းလဲစေခဲ့တာလဲ ဒါမှမဟုတ် ငါ မလာခင် အတိအကျ ဘာဖြစ်သွားတာလဲ။
ဤအကောင်က တရုတ်ပြည်ရှိ သူ၏အထောက်အထားအား စုံစမ်းနိုင်လျှင်ပင် အပေါ်ယံဖြစ်သည့် ထန်မိသားစု၏မျိုးဆက်၊ ခမ်းနားသောထန်စီးပွားရေးလုပ်ငန်းစု၏သူဌေးကြီးနှင့် ကြယ်တာရာမြို့တရုတ်တိုင်းရင်းဆေးရုံမှနတ်ဆေးဆရာဝန်ထန်စသည့် သူ၏အဆင့်အတန်းကိုသာ ရှာဖွေနိုင်သင့်သည်။ ထာဝရရခန်းမနှင့်သူ၏ဆက်နွယ်မှုအား ရှာဖွေဖော်ထုတ်ဖို့ မဖြစ်နိုင်လောက်ပေ။
ဒါဆို ပြဿနာက ဘာလဲ။
ထန်ရှုက ခန်းအဂျာအား အကဲဖြတ်လိုက်ပြီး စက္ကန့်အနည်းငယ်ကြာ ရပ်တန့်ပြီးနောက် သူက ဖြည်းဖြည်းချင်း ပြော၏"ကြည့်ရတာ ငါ မင်းကို အထင်သေးမိသွားပုံပဲ၊ ခန်အဂျာ"
ခန်အဂျာက တစ္ဆေအား မမြင်တွေ့ရသော်လည်း သူ့စိတ်ထဲရှိကြောက်ရွံ့မှုမှ မလွတ်မြောက်နိုင်ပေ။ သူက မျက်နှာလိုမျက်နှာရပြုံးလျက် ပြောလိုက်သည်"မဟုတ်တာ၊ မဟုတ်ပါဘူး။ မင်း ငါ့ကို ချီးကျူးလွန်နေပြီ၊ မစ္စတာထန်။ တရုတ်ဆိုးရိုးအတိုင်းလိုပေါ့၊ ငါက ငှက်တောင်တစ်ခုမျှသာပဲ၊ မင်းနဲ့ မယှဉ်နိုင်ပါဘူး"
"မင်းက တရုတ်ယဉ်ကျေးမှုလဲ သိတာလား"ထန်ရှုက အံ့အားသင့်သွားသည်။
"ငါ အသေးအဖွဲအချို့သိတယ်၊ အများကြီးတော့ မဟုတ်ပါဘူး"ခန်အဂျာက ကိုးရိုးကားရားနိုင်လှသည့်တရုတ်ဘာသာစကားနှင့် ပြန်ဖြေ၏"ငါ တရုတ်ယဉ်ကျေးမှုကို ကြိုက်တယ်၊ ဒါပေမယ့် သင်ယူဖို့ အချိန်မရှိဘူး။ ဒါကြောင့် ငါ့ရဲ့အသိတွေက တိမ်တိမ်လေးပဲ ရှိပါတယ်"
ဒါက ထန်ရှုအား အံ့အားသင့်သွားစေသည်။ ဘန်ကောက်မြေအောက်လောကရဲ့အရှင်က အင်္ဂလိပ်ဘာသာစကားကျွမ်းကျင်ရုံသာမက တရုတ်ဘာသာစကားလည်း ပြောနိုင်လိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။ ဤလူက သေချာပေါက် သာမန်မဟုတ်ပေ။ သူက ဘန်ကောက်မြို့၌ စိတ်ရှိသလို အဖြူအမည်းရေးဆွဲနိုင်သည်က အံ့ဩစရာမရှိပေ။
"မင်းက ငါ့ကို တကယ်မျက်စိပွင့်စေတာပဲ၊ ခန်အဂျာ။ ကောင်းပြီလေ၊ မင်းရဲ့တရုတ်စကားက ကိုးရိုးကားရားနိုင်တယ်၊ ဒါကြောင့် အင်္ဂလိပ်လိုပဲ ပြန်ပြောကြတာပေါ့။ မင်း သိလား၊ မင်းရဲ့လူတွေက ငါ့ကို တကယ် အနှောင့်အယှက်ပေးခဲ့တယ်။ သူတို့က ငါ့အမျိုးသမီးအပေါ် မကောင်းတဲ့ဆန္ဒတွေ၊ ရည်ရွယ်ချက်တွေ ထားရဲတဲ့အတွက် ငါ အရမ်းဒေါသထွက်တယ်။ မင်း ငါ့ကို ကျေနပ်စရာကောင်းတဲ့ဖြေရှင်းချက်တစ်ခုမပေးရင် ငါ ဒီကိစ္စကို ဘယ်လိုမှ လက်လွှတ်ပေးမှာ မဟုတ်ဘူး"
ပြန်ဖြေမည့်အစား ခန်အဂျာက ထရပ်ပြီး စုန့်ဇမ်နှင့်အလိုဝေတို့၏ခြေထောက်အား ရက်ရက်စက်စက်ကန်ကာ သူတို့အား ထန်ရှုရှေ့ မှောက်၌ ဒူးထောက်စေသည်။ ထို့နောက် သူက ကပ်ဖားရပ်ဖားပြုံးလျက် ဆိုလိုက်သည်"ဒါက ဒီအမှိုက်နှစ်ကောင်ရဲ့အမှားဆိုတာ ငါ ဝန်ခံပါတယ်၊ သူတို့ကိုပဲ အပြစ်တင်ရမှာပါ။ သူတို့ရဲ့အမှားကို ပြင်ပြီး မင်းကို လျော်ကြေးပေးဖို့ သူတို့ကို ငါ အမိန့်ပေးထားပြီးပြီ။ ပြီးတော့ သူက မင်းကို လေးစားတယ်လို့ လေးကြိမ်တိတိပြောခဲ့ဖူးတယ်။ မစ္စကျန်းက မင်းရဲ့အမျိုးသမီးဆိုတာ သူ မသိလို့ပါ၊ ဒါကြောင့်ပဲ သူမအပေါ် မသင့်လျော်တဲ့ရည်ရွယ်ချက်တွေ ထားခဲ့တာပေါ့။ ဒီတစ်ကြိမ်တော့ သူ့ကို ခွင့်လွှတ်ပေးပါ၊ သူလေးစားအားကျသူရဲ့သဘောထားကြီးမှုကို ပြသလိုက်ရအောင်လေ"
"သူက ငါ့ကို လေးစားတာလား။ ဒါဆို ငါ့ကို ပြောပါအုံး၊ ဘယ်လိုဖြစ်ပြီး ငါက သူ့ရဲ့လေးစားသူဖြစ်လာရတာလဲ။"ထန်ရှုက ပြုံးကာ မေး၏"ငါ့နာမည်က ထိုင်းအထိ ပြန့်မယ်လို့ ဒါမှမဟုတ် ဒီနေရာကတစ်ယောက်ယောက်က ငါ့ကို သိလိမ့်မယ်လို့တော့ ငါ မထင်ဘူး"
"မင်းက ခမ်းနားသောထန်စီးပွားရေးလုပ်ငန်းစုရဲ့သူဌေးကြီး၊ နတ်ဘုရားဝတ်ရည်ဝိုင်ကိုထုတ်လုပ်တဲ့ကုမ္ပဏီပိုင်ရှင်လေ"ခန်အဂျာက ကမန်းကတန်း ကြားဖြတ်ပြော၏"အဲဒါက ငါတို့အားလုံး အရသာခံဖို့ အမြဲတမ်းအိမ်မက်မက်နေကြတဲ့ဝိုင်ပဲလေ"
"မင်းတို့က ငါ့အကြောင်း အများကြီးသိတာလား"ထန်ရှု၏မျက်နှာထားက ပြောင်းလဲသွားပြီး သူက ဖျော့ဖျော့လေးပြော၏"ဟုတ်ပြီ။ ကြည့်ရတာ မင်းတို့က ငါ့အကြောင်း သေချာစုံစမ်းထားတယ်ထင်တယ်"
"မဟုတ်ပါဘူး၊ အဲလို မဟုတ်ရပါဘူး"ခန်းအဂျာက ကမန်းကတန်း လက်ဝှေ့ယမ်းလိုက်သည်"ငါ မလုပ်ခဲ့ပါဘူး။ တကယ်ပါ။ ငါက...."
ကရင်း၊ ကရင်း၊ ကရင်း....
ဤအချိန်တွင် ထန်ရှု၏ဖုန်းက မြည်လာပြီး ခန်အဂျာ၏စကားအား ကြားဖြတ်လိုက်တော့သည်။
ထန်ရှုက သူ့ဖုန်းထုတ်ကာ ဖုန်းမျက်နှာပြင်ပေါ်ရှိခေါ်သူနာမည်အား ကြည့်လိုက်သည်။ ပိုင်ထောင်ဖြစ်နေသည်၊ ထိုအကောင်က သူ့အား မခေါ်သည်မှာ အချိန်တော်တော်ကြာပြီဖြစ်သောကြောင့် သူက အနည်းငယ်ထူးဆန်းသလို ခံစားလာရ၏။ သူက အခုမှ ဖုန်းခေါ်ဖို့ ဘယ်လိုသတိရလာတာလဲ။ သူက ပဟေဠိဖြစ်သွားသော်လည်း ဖုန်းကိုင်ကာ ပြောလိုက်သေးသည်"ဟေး၊ ပိုင်။ ငါ လောလောဆယ် ဖြေရှင်းစရာအသေးအဖွဲလေးတစ်ခုရှိနေလို့၊ ဒါကြောင့် မင်း အလျင်မလိုရင် နောက်မှ ငါ ပြန်ခေါ်လိုက်မယ်"
"မဟုတ်ဘူး။ မချနဲ့အုံး၊ ထန်ရှု"ပိုင်ထောင်က ပြောလိုက်သည်။"ငါ မင်းကို မေးစရာတစ်ခုခု ရှိလို့ ၊ဒါကြောင့် မင်းကို အခုပဲ ဖုန်းခေါ်လိုက်တာ"
"ဘာကြီးလဲ"ထန်ရှုက မေးလိုက်၏။
"အာ။ ဒါက တစ်ယောက်ယောက်အတွက် အသနားခံပေးတာပါပဲ"ပိုင်ထောင်က အသံရှုံ့မဲ့မဲ့နှင့် ပြောလေသည်"ခန်အဂျာက အခု မင်းနဲ့ ရှိနေတာမလား"
"မင်း သူ့ကို သိတာလား"ထန်ရှုက ပြန်မေး၏။
"ငါ သူနဲ့သိတာ နှစ်အနည်းငယ်ရှိပြီ။ ရန်ဖြစ်ရင်းကနေ မိတ်ဆွေဖြစ်သွားတာမျိုးပေါ့"ပိုင်ထောင်က ပြောပြလေသည်"ပြီးတော့ ငါတို့က အာဖရိကမှာ စီးပွားရေးအချို့ ပူးပေါင်းလုပ်ထားတာရှိတယ်လေ။ သူက မင်းအကြောင်း မေးခဲ့တယ်၊ မင်းကို သူ့လူတွေက အနှောင့်အယှက်ပေးခဲ့တယ်ဆိုတာ ငါ သိလိုက်ရတယ်"
"အိုး....ချီး။ မင်းက ဘယ်ကနေဘယ်လို နတ်ဘုရားစွမ်းရည်တချို့ရလာပြီး ဘန်ကောက်မြေအောက်လောကရဲ့အရှင်နဲ့ သိနေရတာလဲ"ထန်ရှုက ထူးဆန်းသလိုလေသံနှင့် မှတ်ချက်ပြု၏"မင်းက သူ့ရဲ့ပါတနာတောင် ဖြစ်လာတဲ့အထိပဲလား"
"မင်း ငါ့ကို ဟာသမလုပ်ပါနဲ့လား၊ ထန်ရှု"ပိုင်ထောင်က ပြုံးမဲ့မဲ့နှင့် ပြော၏"ဒါနဲ့ မင်းက သူနဲ့ ရန်ငြိုးနက်နက်ရှိုင်းရှိုင်းမရှ်ိဘူးဆိုရင် ငါ့မျက်နှာကို ထောက်ပြီး သူ့ကို တောင်းပန်ဖို့ အခွင့်အရေးတစ်ခုပေးနိုင်မလား"
"ဟုတ်ပါပြီ၊ ဒီလိုဆိုမှတော့ မင်းကို မျက်နှာသာမပေးရင် ဘယ်ကောင်းတော့မလဲ"ထန်ရှုက ပြောလာသည်"ပြီးတော့ ငါ့ကို နှောင့်ယှက်တာ သူ မဟုတ်ဘူးလေ။ သူက သူ့လူတွေကို ကူညီပေးရုံပါပဲ။ ဟုတ်ပြီ၊ ငါ သူ့ကို တာဝန်မယူခိုင်းတော့ဘူးဆိုပေမယ့် သူ့လက်အောက်ကလူနှစ်ယောက်အတွက်ကတော့....."
"သူ့လူတွေက သူ့လူတွေပဲ၊ ငါ စိတ်မဝင်စားဘူး"ပိုင်ထောင်က အလျင်စလို ပြန်ပြော၏။
"ဒါဆို အဆင်ပြေပါတယ်"ထန်ရှုက ပြုံးလိုက်သည်။
ဖုန်းချပြီးနောက် ထန်ရှုက ခန်အဂျာအား လက်မထောင်ပြကာ ချီးကျူး၏"မင်းအသက်ကိုကာကွယ်ဖို့ ဒိုင်းတစ်ခု ရှိမယ်လို့ ငါ မမျှော်လင့်ထားဘူး။ မင်း သိလား၊ ငါက ပိုင်ထောင်နဲ့ အလွန်ကောင်းမွန်တဲ့ဆက်ဆံရေးတစ်ခုရှိတယ်၊ ဒါကြောင့် သူ့မျက်နှာကို ထောက်ပြီး မင်းလူတွေလုပ်ခဲ့တာအတွက် မင်းကို တာဝန်မခံခိုင်းတော့ဘူး။ ဒါပေမယ့် ငါ သူတို့ကို ခွင့်လွှတ်မယ်လို့ မဆိုလိုဘူး။ အထူးသဖြင့် သူပဲ....."
ထို့နောက် ထန်ရှုက ဖြူဖတ်ဖြူရော်ဖြစ်နေသောအလိုဝေအား လက်ညှိုးထိုးကာ အသံလေးလေးနှင့် ပြောလိုက်၏"မင်းက ငါ့အမျိုးသမီးကို နှောင့်ယှက်ခဲ့တယ်၊ အဆုံးသတ်က သေခြင်းတစ်ခုပဲ ရှိတယ်။ ဒီခွေးကောင်က သူ့လူတွေ လွှတ်ရုံတင်မကဘူး၊ သူကိုယ်တိုင်ပါ ပါဝင်ခဲ့တယ်"
အလိုဝေက အင်္ဂလိပ်စကားမပြောသော်လည်း သူ တူးမိသည့်ဒုက္ခက ဘယ်လောက်နက်သလဲကို သူ သိသည်။ ဤလူရှေ့တွင် သူ၏သူဌေးနှင့်ဘန်ကောက်မြေအောက်လောက၏ဘုရင်အခန်ဂျာတို့ အခုလို နှိမ့်ချပြီးခယနေရသည်က တစ်ခုခုကို ဆိုလိုသည်။ ထန်ရှု သူ့အား လက်ညှိုးထိုးသည်ကို မြင်ပြီး သူက အလျင်စလိုပြော၏"ကျေးဇူးပြုပြီး ငါ့ကို ခွင့်လွှတ်ပေးပါ။ ခေါင်းဆောင်၊ ငါ့ကို ကူညီပေးပါအုံး။ ငါ တောင်းပန်ပါတယ်၊ ငါ့အပြစ်အတွက် အလျော်ပေးဖို့ ဆန္ဒရှိပါတယ်"
သက်ပြင်းတစ်ချက်ရှိုက်လျက် ခန်အဂျာက သူ့ဘေးနားရှိလူအား ခေါင်းညိတ်ပြလိုက်သည်။ ထိုလူက အလိုဝေဆီသို့ ပြေးသွားပြီး သူ့နှလုံးသားအား ဓားမြှောင့်ထက်ထက်နှင့် ထိုးဖောက်လိုက်လေသည်။ စက္ကန့်အနည်းငယ်အတွင်း အနှီကောင်က သေသွားလေတော့၏။
စုန့်ဇမ်က ကြောက်ရွံ့သွားလေသည်။ သူက ခန်အဂျာအား စိုးရိမ်တကြီးကြည့်ကာ အော်လိုက်လေ၏"အကိုကြီး....."
ခန်းအဂျာက တစ်ခဏ မတုံ့ပြန်ဘဲ ထို့နောက် အမိန့်ပေးလိုက်သည်"မင်း ပြန်ပြီး မစ္စတာထန်နဲ့မစ္စကျန်းတို့ကို တောင်းပန်ဖို့အတွက် အမေရိကန်ဒေါ်လာသန်းငါးရာကို ချက်ချင်း ပြင်ဆင်ပါ။ မင်းရဲ့စုဆောင်းမှုထဲမှာ စိန်ကောင်းတစ်ခုရှိတယ်လို့ ငါ မှတ်မိတယ်။ မစ္စကျန်းက အရမ်းလှတဲ့အမျိုးသမီးတစ်ယောက်ပဲ။ သူမတစ်ယောက်ပဲ အဲဒါကို ဝတ်ဖို့ အရည်အချင်းမှီမှာ"
စုန့်ဇမ်က ကျေနပ်အားရပီတိဖြစ်သွားချေသည်။ သူက အမေရိကန်ဒေါ်လာသန်းငါးဆယ်နှင့်စိန်လေးဆယ်ကရက်အား မဆုံးရှုံးချင်သော်လည်း သူ့အသက်အား ကယ်တင်နိုင်သည့်အတွက် သူက စိတ်သက်သာရာရသွားသည်။ သူက တုံ့ဆိုင်းမနေဘဲ ချက်ချင်းခေါင်းညိတ်လိုက်၏"ငါ ပြန်ရောက်တာနဲ့ သူတို့ကို ပို့ဖို့ ငါ့လူတွေ လွှတ်လိုက်မယ်"
"မင်းကိုယ်တိုင်လာပို့"ခန်အဂျာက အော်လိုက်သည်။
"ဟုတ်ကဲ့၊ ဟုတ်ကဲ့၊ ဟုတ်ကဲ့။ မင်း ပြောသလို လုပ်ပါ့မယ်"စုန့်ဇမ်က အလျင်စလိုပြောသည်။
ကျေနပ်သွားပြီး ခန်အဂျာက ခေါင်းညိတ်ကာ ထန်ရှုအား ပြန်လှည့်ကြည့်ကာ မေး၏"ဒီဖြေရှင်းချက်အပေါ် မင်း ဘယ်လိုထင်လဲ၊ မစ္စထန်။ မင်း ကျေနပ်ရဲ့လား"
"ငါ ပိုက်ဆံမပြတ်သလို စိန်တွေလဲ မလိုဘူး၊ ခန်အဂျာ"ထန်ရှုက ဖျော့ဖျော့ပြုံးလျက် ဆိုလိုက်သည်"ဒီလိုတောင်းပန်တာက ငါ့အတွက် အဓိပ္ပါယ်မရှိဘူး။ ဒါပေမယ့် မင်း ငါ့ရဲ့အခြေအနေတစ်ခုကို လက်ခံမယ်ဆိုရင် ငါ ဒီကိစ္စကို လုံးဝလက်လွှတ်ပေးမယ်"
ခန်အဂျာ၏နှလုံးသားက ချက်ချင်းတင်းကျပ်သွားပြီး သူက ချက်ချင်မေးလိုက်သည်"ဘာအခြေအနေလဲ"
"မင်း ကြိုတင်သဘောတူဖို့ မလိုဘူး။ အချိန်ရောက်ရင် ငါ ပြောပြမယ်"ထန်ရှုက ပြောလေသည်။
ထို့နောက် ခန်အဂျာက စုန့်ဇမ်အရှေ့တွင် ချန်ထားသော ဝိညာဉ်ဖမ်းတံဆိပ်အား အမှတ်ရသွားသည်။ သူက ခေါင်းညိတ်ကာ ပြောလိုက်၏"ငါ ကတိပေးပါတယ်။ အဲဒါက ငါ့ရဲ့စွမ်းဆောင်နိုင်စွမ်းအတွင်းမှာ ရှိသရွေ့ ငါ သေချာပေါက် ကတိပေးပါတယ်"
ထန်ရှုက ကျေနပ်သွားပြီး ခေါင်းညိတ်၏။ ထို့နောက် သူက စုန့်ဇမ်အား လက်ဝှေ့ယမ်းပြကာ ထစေသည်။ သူက ပြော၏"ခန်အဂျာ၊ ငါတို့သီးသန့်စကားပြောကြရင်ဘယ်လိုလဲ"
သူ့အသားအရောင်က ပြောင်းလဲသွားပြီး ခန်အဂျာက ချက်ချင်းခေါင်းညိတ်ကာ ပြောလိုက်သည်"မင်းတို့အားလုံး ငါ့ကို အပြင်မှာ စောင့်နေ"
မကြာမီ ထန်ရှုနှင့်ခန်အဂျာတို့သာ အခန်းထဲ၌ ကျန်တော့၏။ စင်းလုအန်က ဘာဆွေးနွေးမလဲဆိုသည်အား သိချင်သော်လည်း သူက ထွက်လာခဲ့ပါသေးသည်။
"မင်း ငါ့ကို ဘာအကြောင်းပြောချင်တာလဲ၊ မစ္စတာထန်"
.
"မစ္စတာခန်အဂျာ၊ ငါ မင်းလူတွေရဲ့အသက်တွေကို ဝယ်ဖို့ မင်းကို လျော်ကြေးပေးမယ်ဆိုရင် မင်း ငါ့ရဲ့တောင်းဆိုချက်ကို လိုက်လျောနိုင်မလားဒါမှမဟုတ်လိုက်လျောမနိုင်ဘူးလား"ထန်ရှုက အပြုံးဖျော့လျက် မေးလေသည်။
"မင်း ဘာဆိုလိုတာလဲ"ခန်အဂျာက မေး၏။ သို့သော် သူ့အသားအရောင်က သိသိသာသာပြောင်းလဲသွားသည်။
"ငါ ဘာဆိုလိုလဲဆိုတော့ ငါ လူ့အသက်တွေကို တစ်ယောက်ကို တစ်ယွမ်နှုန်းနဲ့ ဝယ်ချင်တယ်"ထန်ရှုက ဖြေလိုက်သည်"အရေအတွက်တော့ ငါ မသေချာပေမယ့် တစ်ဒါဇင်ထက်ပိုချင်ပိုမယ်ဒါမှမဟုတ်နည်းချင်နည်းမယ်"
***