← Chapters

ကတိပေးခြင်း

Vol. 68 Ch. 941

ကတိပေးခြင်း

Vol. 68 Ch. 941

သူ၏မျက်နှာထားက တင်းမာသွား၏၊ သူက ထန်ရှုနှင့် ညှိနှိုင်းအဆုံးသတ်ခဲ့သည်ကို ခန်အဂျာက ရှင်းရှင်းလင်းလင်းမှတ်မိသည်။ ထို့ကြောင့် နှစ်ဖက်ကြား ရန်ငြိုးအားလုံး ဖယ်ရှားပြီသည် မဟုတ်လော။ သို့သော် ယခု ထန်ရှုက တောင်းဆိုချက်တစ်ခုပြုလာခဲ့သည်။ ဒါက သူ့ကတိအား ဖောက်ဖျက်သည်နှင့် တူတူပင်မဟုတ်လော။

သို့သော် လိမ္မာပါးနပ်ပြီး အတွေ့အကြုံရှိသောလူတစ်ယောက်အနေနှင့် သူ့ဒေါသအား မထုတ်ပြခဲ့ပေ၊ သူက ထန်ရှုက နက်နက်ရှိုင်းရှိုင်းစိုက်ကြည့်ကာ မေးလိုက်၏"ပထမအနေနဲ့ မင်း ဘယ်သူ့ရဲ့အသက်တွေကို ဝယ်ချင်တယ်‌ဆိုတာ ငါ သိလို့ရမလား၊ မစ္စတာထန်"

"မင်းကလွဲပြီး ဒီ‌နေရာမှာရှိတဲ့ တစ္ဆေရဲ့တည်ရှိမှုကို သိသူတွေအားလုံး"ထန်ရှုက ပြန်ဖြေ၏"ငါ ခန့်မှန်းတာ မှန်ရင် မင်းရဲ့လက်ထောက်နဲ့လူယုံတော်တွေအပြင် စုန့်ဇမ်ရဲ့လူတွေလဲ ပါတယ်"

တောင်းဆိုမှုက ခန်အဂျာအား ရုတ်ခြည်းထရပ်သွားစေပြီး ထိတ်လန့်တကြား အော်လိုက်မိသည်"ဒါပေမယ့် ဘာကြောင့်လဲ၊ မစ္စတာထန်"

"ခန်အဂျာ၊ ဘန်ကောက်မှာ မင်းရဲ့အုတ်မြစ်ကို ထိန်းထားနိုင်တယ်ဆိုကတည်းက မင်းရဲ့စွမ်းအားရဲ့သက်သေပဲ၊ မင်းရဲ့ကိုယ်ပိုင်ယုံကြည်ကိုးစားရတဲ့သတင်းကွန်ရက်ရှ်ိတယ်လို့လဲ ဆိုလိုတယ်"ထန်ရှုက မျက်နှာသေနှင့် ပြော၏"ဒါကြောင့် အစ္စရေးနိုင်ငံရဲ့၁၃၁၉အကျဉ်းထောင်ရဲ့အကျဉ်းသားတွေ လွတ်သွားတဲ့ဖြစ်ရပ်ကို မင်း ကြားဖူးမှာပါ။ အဲနောက်ကွယ်ကကြိုးကိုင်သူက ငါဆိုတာ မင်း ခန့်မှန်းပြီးလောက်ပြီထင်တယ်"

"အဲဒါ တကယ်ပဲ မင်းလား"ခန်အဂျာက တုန်ယင်သွားပြီး ထိတ်လန့်ခြင်းနှင့်အံ့အားသင့်ခြင်းတို့ တစ်ပြိုင်နက်တည်း ဖြစ်ပေါ်သွားသည်။

"မင်းက ဉာဏ်ကောင်းတဲ့သူတစ်ယောက်ပဲ၊ ဒီ‌နေရာက တစ္ဆေရဲ့တည်ရှိမှုအရ ငါ လုပ်တယ်ဆိုတာ မင်း ကောက်‌ချက်မချနိုင်ဘူးလို့တော့ ငါ့ကို မပြောနဲ့"ထန်ရှုက သာမန်ဆန်စွာ ပြော၏။

"ငါ့ကို အဲဒါ သတိပေးတာ မင်းရဲ့မိတ်ဆွေသခင်လေးပိုင်ပဲ။ ငါကိုယ်တိုင်ဆိုရင် ဒီမှန်းဆချက် ရလာမှာမဟုတ်ဘူး"ခန်အဂျာက အားတင်ပြုံးလျက် ပြော၏"ဒါပေမယ့် ငါ့လူတွေရဲ့အသက်ဝယ်တာနဲ့ ဘာဆိုင်လို့လဲ"

"လူသေတွေကပဲ ပုံပြင်မပြောနိုင်မှာ"ထန်ရှုက စိတ်မဝင်စားစွာ ပြော၏"မင်းရဲ့ပါးစပ်က တစ္ဆေထွက်ပေါ်လာတာကို ပိတ်နိုင်ပေမယ့် မင်းရဲ့လူတွေအတွက်ကတော့ အာမခံရခက်ခက်ပဲ။ အရင်ပြဿနာနဲ့ ပတ်သက်ပြီး ငါ မင်းကို ဘာမှတွယ်ကပ်မနေဘူးလို့ အာမခံတယ်၊ ဒါပေမယ့် ပိုအရေးကြီးတဲ့ပြဿနာက ရှိနေသေးတယ်- တစ္ဆေနဲ့ကျန်တဲ့အကျဉ်းတွေရဲ့ခြေရာလက်ရာပဲ။ ဒါကြောင့် အကျဉ်းသားအားလုံးကို ဘန်ကောက်ကို လွှတ်ပြီး သူတို့ကိုယ်တိုင်ဖြေရှင်းခိုင်းရမလား ဒါမှမဟုတ် မင်းကိုယ်တိုင်ပဲ ဒီဒုက္ခကို ရှင်းမလား"

သူ၏ဦးရေပြားက ရွစိရွစိဖြစ်သွားပြီး ခန်အဂျာက အရိုးထိတိုင် အေးစက်လာသည်။ တစ္ဆေတစ်ယောက်တည်းပင် သူက ကြောက်လန့်နေရသည်။ ထိုအကျဉ်းတစ်ရာကျော်လုံး ဒီနေရာကို လာမယ်ဆိုရင်တော့လား။ သူ့အနေနှင့် ဒီနေရာမှာတင် သတ်သေတာကို ပိုကောင်းပေမည်။

သို့သော် စုန့်ဇမ်နှင့်သူ့လူများအား သူက ဂရုမစိုက်လို့ရသော်လည်း သူ့လက်အောက်ရှိသူများက သူကိုယ်တိုင်လေ့ကျင့်ပေးထားသည့်လူယုံတော်များပင်ဖြစ်သည်။ သူတို့အားလုံးအားဖယ်ရှားခြင်းက သူ့အတွက် ဆုံးရှုံးမှုကြီးမားပေလိမ့်မည်။

ခန်အဂျာက ဆုံးဖြတ်ချက်ချရန် ခက်ခဲ‌နေသည်ကို မြင်ပြီး ထန်ရှုက ထပ်ပြောလိုက်သည်"မင်းက မင်းရဲ့လူအချို့ကို ဆုံးရှုံးရပေမယ့် ငါနဲ့မိတ်ဆွေဖြစ်ခွင့်ရတာက အရမ်းကောင်းတဲ့အပေးအယူတစ်ခုလို့ ငါ ထင်တယ်။ မင်း မသိသေးတော့ အကြောင်းအရာတစ်ခုရှိသေးတယ်။ စင်းလုအန်က အမှောင်နတ်ဆရာကလန်ရဲ့ခေါင်းဆောင် ဖြစ်လာလိမ့်မယ်။ ဒီလိုနက်ရှိုင်းတဲ့အမွေအနှစ်ရှိတဲ့ကလန်တစ်ခုနဲ့စင်းလုအန်က ငါ့မိတ်ဆွေဆို‌တော့ မင်းလဲ စင်းလုအန်ရဲ့မိတ်ဆွေဖြစ်လာမှာသေချာတာပေါ့။ ဒါကြောင့် စင်းလုအန်နဲ့ မိတ်ဆွေဖြစ်တာက အနာဂတ်မှာ မင်းရဲ့အာဏာကို ချဲ့ထွင်မြှင့်တင်တဲ့အခါမှာ အကူအညီအများကြီးဖြစ်စေမယ်လို့ ငါ ထင်တယ်"

"စင်းလုအန်က အမှောင်နတ်ဆရာကလန်ခေါင်းဆောင်ဖြစ်လာမှာာ။ ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"ခန့်အဂျာက တုန်လှုပ်စွာ မေးလိုက်ချေသည်"ငါ သိထားတာအရ ဒီကလန်ရဲ့လက်ရှိခေါင်းဆောင်က အရေးပါနေတုန်းပဲ၊ ပြီးတော့ စင်းလုအန်မှာ စင်းခေါလို့ခေါ်တဲ့အကိုတစ်ယောက်ရှိသေးတယ်လေ"

"လက်ရှိအမှောင်နတ်ဆရာကလန်ခေါင်းဆောင်ဖြစ်ဖြစ်စင်းလုအန်ဖြစ်ဖြစ်စင်းခေါဖြစ်ဖြစ်၊ သူတို့အားလုံးက ငါ့မျက်လုံးထဲမှာ ပုရွက်ဆိတ်တွေပဲ။ သူတို့ကို ဖယ်ရှားဖို့ဆိုတာ ငါ့လက်လှန်သလောက် လွယ်တယ်"ထန်ရှုက နှာခေါင်းရှုံ့လိုက်သည်"ဒါပေမယ့် စင်းလုအန်က ပြင်းပြတဲ့ရည်မှန်းချက်ရှိတဲ့လူရွယ်တစ်ယောက်ပဲ။ သူထိန်းချုပ်ထားတဲ့စွမ်းအားက အသိအမှတ်ပြုစရာမရှိပေမယ့် ငါ့အကူအညီနဲ့ဆိုရင် ကလန်ခေါင်းဆောင်ဖြစ်ဖို့က သူ့အတွက် အရမ်းလွယ်တယ်"

ခန်အဂျာက ထန်ရှု၏ရည်ရွယ်ချက်ကို ချက်ချင်းနားလည်လိုက်ပြီး စင်းလုအန်၏အစီအစဉ်ကိုလည်း ဆုပ်ကိုင်မိသွားသည်။ သူက စိတ်ထဲ၌ အပြောင်းအလဲအားလုံးအား ခွဲခြမ်းစိတ်ဖြာပြီး အကျိုးအမြတ်ကို တွက်ချက်ပြီးနောက် လေးနက်စွာ ဆို၏"မင်းက ငါ့ကို မင်းရဲ့မိတ်ဆွေအဖြစ် တကယ်ပဲ ကမ်းလှမ်းမှာလား၊ မစ္စတာထန်"

"ငါတို့တရုတ်မှာ ဆိုရိုးတစ်ခုရှိတယ်၊ လျှောက်လမ်းနေတဲ့လမ်းပေါ်မှာ မိတ်‌ဆွေများလာလေလေ၊ ခရီးသွားရတာ ပိုကောင်းလေပဲ"ထန်ရှုလည်း ထရပ်ကာ ပြော၏"ငါထန်ရှုကိုယ်တိုင်က အလွန်ပြောင်မြောက်တဲ့လူတစ်ယောက်ပါ။ ငါ့ရဲ့ခင်မင်ရင်းနှီးမှုကို မထိုက်တန်တဲ့သူတွေအပေါ်  ကမ်းလှမ်းစရာအကြောင်းမရှိဘူး။ အခုက မင်းရဲ့အလှည့်ပဲ၊ လက်ခံမလား၊ မလက်ခံဘူးလား"

မျက်လုံးတွင် သတ်ဖြတ်ခြင်းဆန္ဒတို့ လင်းလက်သွားလျက် ခန်အဂျာက ခေါင်းညိတ်တုံ့ပြန်လျင် ပြောလေသည်"ဒါဆို ဒါကို လုပ်ဖို့ တစ္ဆေရဲ့အကူအညီကို ငါ လိုအပ်တယ်။ ငါ....ငါ သူတို့ကို သတ်ဖို့ ငါ့ရဲ့တခြားလူတွေကို မလွှတ်နိုင်ဘူး"

ထန်ရှုက လပ်ခုပ်တီးကာ ပြောလေသည်"အသေးအဖွဲတွေမှာ တွယ်ကပ်မနေတဲ့သူတွေက ကြီးမားတဲ့အောင်မြင်မှုတွေရဖို့ ချည်နှောင်ထားပြီးသားပါ။ မင်းက ဘန်ကောက်မြေအောက်လောကရဲ့ခေါင်းဆောင်ဖြစ်ဖို့ ထိုက်တန်တယ်လို့ မင်းကိုယ်တိုင် သက်သေပြလိုက်တာပဲ၊ မစ္စတာခန်အဂျာ။ အနာဂတ်မှာ မင်းလက်အောက်မှာ အားကောင်းတဲ့သူတွေ ပိုရှိလာမှာပါ၊ မင်းက ခပ်ဝေးဝေးကို သွားနိုင်မှာပါ"

သူ၏ရည်ရွယ်ချက်မီးလျှံသင်္ကေတတစ်ခုအလား ခန်အဂျာ၏မျက်လုံးများက တောက်ပသွားသည်"ဒါက ငါ မြင်ဖူးသမျှ ကြီးမားတဲ့အလောင်းအစားတစ်ခုပဲ၊ မစ္စတာထန်။ ဒါပေမယ့် ငါ မင်းအပေါ်မှာ လောင်းကြေးထပ်ဖို့ဆန္ဒရှိပါတယ်။ ဒါပေမယ့် မင်း ငါ့ရဲ့မေးခွန်းကို ဖြေလို့ရမလား"

"မေးပါ"ထန်ရှုက ပြော၏။

"ဒီလိုအကျဉ်းထောင်တစ်ခုကို ဖောက်ထွင်းပြီး‌တော့ မင်း ဘာများ လုပ်ချင်တာလဲ"ခန်အဂျာက ‌မေး၏။

ပြန်ဖြေမည့်အစား ထန်ရှုက ဖျော့ဖျော့ပြုံးလျက် မေး၏"ယနေ့ခေတ်မှာ သူတို့ရဲ့လက်အောက်မှာ လူ‌တွေ ပိုလာတာကို မနှစ်သက်တဲ့သူတွေ ဘယ်သူများ ရှိလို့လဲ"

"မင်းလုပ်ခဲ့တာက လူအချို့ရှာရုံပဲပေါ့"ခန်အဂျာက အလန့်တကြားမေးလိုက်သည်"ဒါပေမယ့် ဒီလူတွေအားလုံးက ရက်စက်ကြမ်းကြုတ်တဲ့သူတွေဆိုတာ မင်းလဲ သိတယ်မလား။ ငါကိုယ်တိုင်က လူကောင်းတစ်ယောက်မဟုတ်ဘူးဆိုတာ ဝန်ခံပေမယ့် သူတို့နဲ့ယှဉ်လိုက်ရင် ငါက သူတော်စင်တစ်ယောက်လိုပဲ"

"သူတို့က နတ်ဆိုးဆန်တော့ရော ဘာအရေးလဲ"ထန်ရှုက ဖြေလိုက်သည်"သူတို့က ငါ့ရဲ့ပုရွက်ဆိတ်တစ်အုပ်ဖြစ်နေတုန်းပဲ။ သူတို့အထဲမှာ ငါ့ရဲ့အမိန့်ကိုဆန့်ကျင့်ရဲတဲ့သူရှိရင် အဲဒီလူကို သူ့ရဲ့ဖန်ဆင်းရှင်နဲ့ ပေးတွေ့လိုက်မယ်။ သေခြင်းရှင်ခြင်းနဲ့ရင်ဆိုင်ရတဲ့အခါ ဘာရွေးချယ်ရမလဲဆိုတာ သူတို့ သိမယ်လို့ ငါ ယုံတယ်"

"မင်းက မင်းရဲ့ကိုယ်ပိုင်စွမ်းအားကို အထင်ကြီးတာလား။ ဒီလူတွေက...."ခန်အဂျာက အမူအရာထူးဆန်းစွာနှင့် ပြော၏။

ထန်ရှုက ခေါင်းခါကာ တုံ့ပြန်လိုက်သည်။ မီးတောက်နှစ်ခုက သူ့လက်ဖဝါးများပေါ်တွင် ထွက်ပေါ်လာပြီး သူ့ခန္ဓာကိုယ်က ထိုင်နေသည့်ပုံစံအတိုင်း စတင်လွင့်မျောလာသည်။

"မင်း၊ မင်း၊ မင်းက..."ထိတ်လန့်ကြောက်ရွံ့ခြင်းနှင့်အတူ ခန်အဂျာက ထန်ရှုအား လက်ညှိုးထိုးကာ အော်လိုက်၏"မင်းက စွမ်းရည်အသုံးပြုသူလား- ဒြပ်စင်ပညာရှင်လား"

"စွမ်းရည်အသုံးပြုသူလား။ ဟမ့်"ထန်ရှုက သရော်ပြော၏"ငါသတ်ခဲ့တဲ့စွမ်းရည်အသုံးပြုသူတွေက ရေတွက်ဖို့ များလွန်းတယ်။ ငါက သူတို့ထဲက မဟုတ်ဘူး၊ ငါ့စွမ်းအားတစ်အောင်စလောက်တောင် သူတို့မှာ မရှိဘူး။ စွမ်းရည်အသုံးပြုသူတစ်သန်း ငါ့ရှေ့မှာ ရပ်‌နေရင်တောင် သူတို့ကို ငါ ဆန္ဒရှိသလို ဖယ်ရှားသုတ်သင်နိုင်တယ်"

"ဒါဆို မင်းက နေလုံးကြီးအောက်မှာ ပြိုင်ဘက်ကင်းလား"ခန်အဂျာက ထပ်မေး၏၊ ပိုသင့်လျော်သောတုံ့ပြန်ချက်အား မရှာနိုင်တော့ဟန်တူသည်။

"ငါက။ ပြိုင်ဘက်ကင်းလား။ ဒီကမ္ဘာမှာ တစ်ယောက်မှ ပြိုင်ဘက်မကင်းဘူး"ထန်ရှုက ခေါင်းခါယမ်းကာ ပြော၏"လူသားတွေနဲ့ပတ်သက်ပြီး မင်း သိပ်မသိသေးဘူးပဲ။ ကမ္ဘာ့ထိပ်တန်းအဖွဲ့အစည်းသုံးခုကို မင်း ကြားဖူးလား"

"ကြားဖူးတယ်၊ ပိရမစ်၊ ပေါင်းကူးခရူးဆိတ်မဟာမိတ်အသင်းနဲ့ မဟူရာကလပ်တို့ပဲ။ နောက်ထပ် အမှောင်လေအဖွဲ့ဆိုတာလဲ ရှိတယ်"ခန်အဂျာက ပြန်ဖြေ၏။

"ဟုတ်တယ်။ ဒီသုံးဖွဲ့ပိုင်ဆိုင်တဲ့အင်အားဘယ်လောက်ကောင်းသလဲကို မင်းလဲ သိမှာပါ။ သူတို့မှာ စွမ်းအားရှင်အမြောက်အများရှိတယ်"ထန်ရှုက ပြော၏"ငါ မဟူရာကလပ်ရဲ့ဗန်ပိုင်းယားတွေ၊ သမန်းဝံပုလွေတွေ၊ တောင်ပံလူသားတွေနဲ့တောင် တိုက်ခိုက်ဖူးတယ်။ ငါ သူတို့တော်တော်များကို သတ်ခဲ့တယ်။ ဒီလူတွေရဲ့ခွန်အားက ငါတွေးထားထက် ကျော်လွန်တယ်"

ဗန်ပိုင်းယားလား။ ‌သမန်းဝံပုလွေလား။ တောင်ပံလူသားလား။

ခန်အဂျာက တံတွေးမြိုချမိသည်။ ကမ္ဘာတွင် ထိုမျိုးစိတ်များ အမှန်တကယ်ရှိသည်ဟု ကြားဖူးသော်လည်း တစ်ခါမှ သူ မမြင်ဖူးပေ။ သို့သော် ထန်ရှုက ထိုကြောက်စရာကောင်းသောတည်ရှိမှုများအား သတ်ဖြတ်ခဲ့သည်တဲ့လား။ ဒါက ထန်ရှကိုယ်တိုင်က အလွန်ကြောက်စရာကောင်းသောတည်ရှိမှုတစ်ခုဟု ဆိုလိုသည်မဟုတ်လား။ ရုတ်တရက် ပိုင်ထောင်အား ဖုန်းဆက်မိသည့်အပေါ် သူ ဝမ်းသာမိသွားသည်။ သူသာ ထန်ရှုအား ကလန်ကဆန်လုပ်မိခဲ့ပါက ယခု သူက အလောင်းဘဝအဖြစ် ပြောင်းလဲသွားနေလောက်ပါပြီ။

ထို့နောက် ထန်ရှုက ထရပ်ကာ လက်ဝှေ့ယမ်းလျက် ထပ်ပြော၏"ကောင်းပြီလေ။ ငါ ဒိီနေ့ပြောတာ များသွားပြီ၊ ဒီလောက်နဲ့ပဲ ရပ်ကြရအောင်။ ငါ့ကို စာရင်းပေးဖို့ မမေ့နဲ့၊ ငါ တစ္ဆေကို ဖြေရှင်းခိုင်းရမယ်"

"ငါ နားလည်ပါတယ်"ခန်အဂျာက ခေါင်းညိတ်ပြလိုက်သည်။

****

အမန်ဒါဟိုတယ်ထဲတွင် ‌ကျန်းရှင်းယာက စိုးရိမ်မှုကြောင့် ဂနာမငြိမ်ဖြစ်နေသည်၊ ထန်ရှုနှင့်ခန်အဂျာကြားပြဿနာက ဘယ်လိုဖြစ်နေသလဲ သူမ မသိပေ။

ဒေါက်၊ ဒေါက်.....

အခန်းတံခါးခေါက်လာပြီး သူမက တံခါးဖွင့်ရန် အပြေးသွားသည်။ သူမလက်က တံခါးလက်ကိုင်ဖုသို့ မရောက်ခင် အပြင်ဘက်မှ ပွင့်သွား၏။ ထန်ရှုက သူမ၏အမြင်အာရုံထဲသို့ ထွက်ပေါ်လာသည်။

"ရှင် ပြန်လာပြီပေါ၊ အဆင်ပြေလား"

ကျန်းရှင်းယာက ထန်ရှု၏ခန္ဓာကိုယ်အား အလျင်စလိုစစ်ဆေးလိုက်သည်။ သူ အဆင်ပြေသည်ကို မြင်ပြီးနောက် သူမက စိတ်သက်သာရရသွားတော့၏။

ထန်ရှုက ဖျော့ဖျော့ပြုံးလျက် ခေါင်းခါကာ အခန်းထဲသို့ ဝင်လာသည်။ ထိုနေရာတွင် သူက ဖုန်းထုတ်ကာ နံပါတ်တစ်ခုအား‌ ခေါ်လိုက်သည်။ တစ်ဖက်မှ ဖုန်းကိုင်ပြီးနောက် သူက ပြောလေ၏"ပိုင်ထောင်၊ တစ္ဆေထွက်ပေါ်လာတဲ့အကြောင်း မင်းပါးစပ်ကနေ အခြားတစ်ယောက်ဆီ မရောက်သွားစေဖို့ ငါ မျှော်လင့်တယ်"

"မင်း စိတ်ချစမ်းပါ"ပိုင်ထောင်က အာမခံချေသည်။

"မင်းက တကယ်ဉာဏ်ကောင်းတဲ့လူတစ်ယောက်ပဲ"ထန်ရှုက သက်ပြင်းချ၏"၁၃၁၉အကျဉ်းထောင်ဖြစ်ရပ်နောက်ကွယ်မှကြိုးကိုင်သူက ငါဆိုတာ မင်း တကယ်ခန့်မှန်းနိုင်ခဲ့တာပဲ။ ကြည့်ရတာ မင်းရဲ့ပါးစပ်ကို ပိတ်ဖို့အတွက် ပြည်မကြီးကို ပြန်ရောက်တဲ့အခါကျရင် ငါ မင်းကို ဝိုင်တွေ၊ အစားအသောက်တွေနဲ့ ပြုစုရအုံးမယ်ထင်တယ်"

"ဟားဟားဟား"ပိုင်ထောင်က ရယ်လိုက်သော်လည်း သိလိုစိတ်နှင့် မေးလိုက်သေးသည်"မင်း သိလား၊ ထန်ရှု။ ဒါက ငါ့ကို သိချင်စိတ်ဖြစ်စေတယ်။ မင်း ဘာလို့ အကျဉ်းထောင်က‌နေ သူတို့ကို ခေါ်ထုတ်လာရတာလဲ။ အဲကောင်တွေက လူသတ်ရင် မျက်တောင်မခတ်တဲ့သူတွေပဲ။ မင်း တကယ် သူတို့ကို ထိန်းချုပ်ထားနိုင်တာလား"

"ငါ မင်းကို ပွင့်ပွင့်လင်းလင်းပဲ ပြောမယ်။ ငါ့မှာ လူအင်အားနည်းတယ်ဆိုပေမယ့် ငါ မင်းကို ပြောနိုင်တာ တစ်ခုရှိတယ်။ ငါ သူတို့အားလုံးကို အကြွင်းမဲ့ထိန်းချုပ်နိုင်တယ်ဆိုတာပဲ"ထန်ရှုက ပြုံးလျက် ပြော၏"သူတို့က အခု ငါ့လူတွေ၊ ငါ့ရှေ့မှာဆိုရင် သိုးငယ်လေးတွေလိုပဲ။ ငါ သူတို့ကို အရှေ့သွားခိုင်းရင် သူတို့ အနောက်မသွားရဲဘူး။ ငါ သူတို့ကို မြေကြီးထဲဝင်ခိုင်းရင် သူတို့ ကောင်းကင်ပေါ် မပျံရဲဘူး"

"မင်း အခု ဘယ်လောက်အားကောင်းနေလဲဆိုတာ ငါ စဉ်းစားနိုင်တာထက် ကျော်လွန်နေပြီပဲ"ပိုင်ထောင်က မယုံသင်္ကာနှင့် အော်လိုက်သည်"ဟုတ်ပါပြီ၊ ညီအကို။ ဒီကိစ္စနဲ့ပတ်သက်တာအားလုံးကို ငါ့စိတ်ထဲကနေ အပြီးတိုင် ဖျက်ပစ်မှာပါ"

"ဒါဆိုလဲ ကောင်းပါပြီ" ထန်ရှုက ပြုံးကာ ပြောလေသည်"ဒါ့ပြင် ငါ ပြန်ရောက်တဲ့အခါကျရင် ချူယီနဲ့အတူ ဝိုင်သောက်ကြတာပေါ့"

"ချူယီက မင်းရဲ့ဝမ်းကွဲဖြစ်လာမယ်လို့ ငါ တကယ်မထင်ထားဘူးပဲ၊ ထန်ရှု"ပိုင်ထောင်က ရယ်ကာ ပြောလေသည်။

"ဟီးဟီးဟီး"ထန်ရှုက ရယ်ကာ တုံ့ပြန်လိုက်သည်။

သူတို့နှစ်ယောက်က ခဏတာစကားပြောကြပြီးအချိန်အနည်းငယ်ကြာပြီးနောက် အဆုံးသတ်ခဲ့သည်။

ထို့နောက် ထန်ရှုက ကျန်းရှင်းယာအား ပြုံးကာ ပြော၏"မနက်ဖြန်တစ်ရက် ငါ မင်းနဲ့အတူ ရှိပေးမယ်၊ သန်ဘက်ခါကျရင် ငါ့လူတစ်ယောက်က မင်းကို ပြည်မကြီးကို ပြန်ပို့ပေးမယ်။ ငါ ထိုင်းမှာ အရေးကြီးလုပ်စရာတစ်ခုရှိသေးတယ်၊ ဒီကြောင့် ဒီနေရာမှာ ခဏတဖြုတ် နေအုံးမယ်"

"အဲဒါ အန္တရာယ်များလား"ကျန်းရှင်းယာက စိုးရိမ်စွာ မေးလေသည်။

"ဘာမှ ငါ့ကို အန္တရာယ်မဖြစ်စေနိုင်ဘူးလို့ ငါ ပြောခဲ့ပြီပဲ မဟုတ်လား"ထန်ရှုက ပြုံးလျက် ပြော၏"ဒါ့ပြင် ဘန်ကောက်မြေအောက်လောကရဲ့အရှင်ခန်အဂျာတောင် ငါ့အရှေ့မှာ နှိမ့်ချနေရတယ်။ ဒီ‌နေရာမှာ ဘယ်သူကများ ငါ့ကို အန္တရာယ်ဖြစ်စေနိုင်မှာလဲ"

***

All Chapters