အရှက်ကွဲရာ အရှက်ကွဲကြောင်း ရှာခြင်း
Vol. 68 Ch. 942
ထန်ရှုအနေဖြင့် ကျန်းရှင်းယာအား လက်ခံခြင်းက သံယောဇဉ်အကြောင်းပြချက်သပ်သပ်ကြောင့်ပဲမဟုတ်၊ အလှလေးတစ်ယောက်အား မောင်းထုတ်ရန် သူ၏ဗီဇက လက်မခံလိုသောကြောင့်ပင်။ သူ၏အတိတ်ဘဝတွင်ပင် သူက နှလုံးသားနူးညံ့သောလူတစ်ယောက် အမြဲတမ်း ဖြစ်ခဲ့သည်။ တခါက သူက တစ်သက်တွင် အမျိုးသမီးတစ်ယောက်သာ ချစ်မည်၊ ကောင်းကင်ဘုံနှင့်ကမ္ဘာမြေအိုမင်းဟောင်းနွမ်းသည့်အထိ သူမနှင့်သာ အတူယှဉ်တွဲနေထိုင်မည်ဟု စွဲစွဲမြဲမြဲယုံကြည်ခဲ့၏။ သို့သော် နောက်ဆုံးရလဒ်က သူ့အိမ်မက်အား တစ်စစီကြေမွစေခြင်းပင်။
လက်ရှိတော့ သူက အပြောင်းအလဲရှိလာသည်။ ကမ္ဘာမြေသို့ ရောက်လာပြီးနောက် နတ်ဆိုးကမ္ဘာမှအနက်နဲဆုံးကျင့်ကြံခြင်းပညာရပ်ဖြစ်သည့်ကောင်းကင်ဘုံစကြာဝဠာကျင့်စဉ်အား ကျင့်ကြံရန် ရွေးချယ်ခဲ့သည်။ ဒီလိုနှင့် သူတောင် မသိလိုက်ဘဲ သူ့ဗီဇအပေါ် သက်ရောက်လာခဲ့သည်။ ယခင်က ကိုယ့်ကိုယ်ကိုယ်ထိန်းချုပ်ထားသောလူတစ်ယောက်၊ ယခု ကိုယ်ပိုင်စိတ်ကူးနောက်သို့ လိုက်သည့် လူတစ်ယောက်- ဘဝတစ်ခုလုံးအား ဆန္ဒရှိသည့်အတိုင်း လွတ်လွတ်လပ်လပ်ဖြတ်သန်းလိုသူတစ်ယောက်၊ ဒါတွေအားလုံးက အမြင့်ဆုံးကျင့်ကြံခြင်းအဆင့်ကို ရောက်ရှိရန် ကောင်းကင်ဘုံစကြာဝဠာကျင့်စဉ်က ချမှတ်ထားသည့် အခြေအနေပင် ဖြစ်သည်။
သူ့အား အနည်းငယ်စိုးရိမ်မှုရှိနေသည့် ကျန်းရှင်းယာအား ကြည့်ရင်း နွေးထွေးသောခံစားချက်တစ်ခုက ထန်ရှု၏နှလုံးသား၌ ပြည့်နှက်လာသည်။ ဒါက နှလုံးသား၏ရိုးသားမှုပင်၊ သူလည်း သူမအား ပြန်ပေးချင်လာသည်။ သူက သူမအား ညင်ညင်သာသာပွေ့ဖက်ကာ ပြုံးကာ ပြောလေသည်"ငါ ဘာပဲလုပ်လုပ် အမြဲတမ်း ဂရုစိုက်တယ်။ ငါ တိုက်ခိုက်တဲ့အခါတိုင်း ဒါမှမဟုတ် အန္တရာယ်ကြုံတဲ့အချိန်တိုင်း ငါ နိုင်ရမယ်၊ တကယ်လို့ ငါ မနိုင်ရင် နောက်တစ်ချိန်ကျမှ ပြန်ရင်ဆိုင်မယ်။ ဒါ့ပြင် ငါ့ကို သတ်နိုင်တဲ့သူတွေက ဒီကမ္ဘာမှာ မမွေးဖွားလာသေးပါဘူး"
ကျန်းရှင်းယာက ခေါင်းညိတ်ပြသည်။ သူက သူမအား သူ့အမျိုးသမီးအဖြစ်လက်ခံထားသော်လည်း သူ၏ဝန်ထုတ်ဝန်ပိုးမဖြစ်ချင်ပေ။
သူမအတွက် သူ့ထံမှ ခံစားချက်ပြန်ရလာခြင်းကပင် အကောင်းဆုံးဖြစ်သည်။
သူမက ဉာဏ်ကောင်းသူတစ်ယောက်ဖြစ်ပြီး လက်ရှိသူမက သူ့အား အနောက်မှ တိတ်တဆိတ်ထောက်ပံ့ရုံသာတတ်နိုင်သည်ကို သိ၏။ သူ့အမျိုးသမီးဖြစ်လာခြင်းက သူမအတွက် ပျော်စရာကောင်းသည့်အရာတစ်ခုဖြစ်ဖို့ လုံလောက်သည်။
သို့နှင့် ယနေ့ညတွင် သူမက အကန့်အသတ်အားလုံးအား ချွတ်ချပြီး သူမ၏အပျိုရည်အား ထွေးပတ်ထားသည့် ခန်းဆီးအားလုံးကို ဖြေလျှော့ကာ အချစ်ကမ္ဘာထဲသို့ နစ်မြောစေခဲ့သည်။ သူမ၏ပထမဆုံးအကြိမ်ဖြစ်သော်လည်း ထန်ရှု၏အမျိုးသမီးတစ်ယောက်ဖြစ်လာရန် လုံးဝရဲရင့်ခဲ့သည်။ မည်သို့ပင်ဖြစ်စေကာမူ သူမ၏ပထမဆုံးအကြိမ်ဖြစ်သည့်အတွက် ရှက်ရွံ့မှုအပြည့်၊ အောက်ပိုင်းနာကျင်မှုတို့နှင့်အတူ နောက်တစ်နေ့၌ နိုးထလာခဲ့တော့သည်။
"လမ်းလျှောက်ထွက်ကြရအောင်"
လက်ရှိ သူမက ချစ်သူနှင့်အချိန်ဖြုန်းလိုသော သာမန်မိန်းကလေးတစ်ယောက်နှင့် တူ၏။ သူမက ကိုက်ခဲမှုဖျော့ဖျော့ခံစားနေရသော်လည်း ထန်ရှုနှင့်အတူ ဟိုတယ်မှ ထွက်လာခဲ့သည်။
ဘန်ကောက်တွင် သဘာဝပဿဒနေရာများစွာ ရှိပြီး သူတို့စုံတွဲက တော်တော်များများသို့ သွားရောက်လည်ပတ်ခဲ့သည်၊ စားချင်တာမှန်သမျှ စားသည်၊ ဝယ်ချင်တာမှန်သမျှ ဝယ်၏။ သူတို့ရဲ့အချစ်ချိုချိုကားချပ်က အမျိုးသားအမျိုးသမီးများစွာ၏အားကျမနာလိုမှုကိုပင် နိုးဆွပေးခဲ့သည်။ သို့သော် ကျန်းရှင်းယာ၏ကျော်ကြားသောအဆင့်အတန်းကြောင့် သူတို့က ရိုးရိုးရှင်းရှင်းပုံဖျက်ထားသည်၊ နှိမ့်နှိမ့်ချချထိန်းချုပ်နေထိုင်ခဲ့သည်။
ကျောက်ဖယားမြစ်အနီးနားပတ်ဝန်းကျင်။
လမ်းသွယ်၏အစွန်းတွင် လူအုပ်ကြီးတစ်စုက စုဝေးနေသည်၊ အများစုက ခရီးသွားအေဂျင်စီတစ်ခု၏အနီရောင်ကက်ဦးထုပ်များအား ဝတ်ဆင်ထားကြပြီး လမ်းဘေးမျက်လှည့်ပြပွဲအား ကြည့်ရှုနေသည်။ လူအုပ်ထံမှ ချီးကျူးသံများအား အဆက်မပြတ်ကြားနေရ၏။
"အံ့အားသင့်စရာပဲ....."
ပြကွက်တွင် လှည့်စားမှုအချို့ပါသည်ကို သူမက သိသည်၊ သို့သော် ဘယ်ဘက်မျက်ခုံးပေါ်တွင်အမာရွတ်နှင့်လူက လက်ဖဝါးပေါ်တွင် မီးတောက်တစ်ခုအား ထုတ်ကာ မီးတောက်မှ ချိုးငှက်တစ်ကောင်ပုံအဖြစ် ပြောင်းလဲလိုက်သည်ကို မြင်ပြီး သူမက ချီးကျူးလိုက်၏။
သူ၏ထိုးထွင်းသိမြင်မှုကို ထုတ်လွှတ်ပြီးနောက် သက်လတ်ပိုင်းမျက်လှည့်ပညာရှင်ပြသခဲ့သည့်လှည့်ကွက်အား ထုတ်ဖော်နိုင်ခဲ့သည်၊ သို့ကြောင့် သူက ခေါင်းခါယမ်းကာ ပြောလေ၏"ဒါက လှည့်စားမှုတစ်ခုပဲ၊ ပစ္စည်းအချို့ရှိရင် မင်းတောင်မှ သာမန်ပရိသတ်ရှေ့မှာ လုပ်လို့ရတယ်။ မင်းက အစစ်အမှန်မျက်လှည့်ပြကွက်ကို မြင်ချင်ရင် ငါတို့ပြန်ရောက်တဲ့အခါကျမှ ငါ မင်းကို လုပ်ပြပေးမယ်"
"ရှင်လဲ မျက်လှည့်ပြကွက်တွေ လုပ်နိုင်တာလား"ကျန်းရှင်းယာက အံ့အားသင့်စွာ မေး၏။
"ငါ လုပ်နိုင်တာက မျက်လှည့်ထက် ပိုကောင်းတယ်"ထန်ရှုက ရယ်ကာ ပြော၏"ပစ္စည်းအချို့သုံးပြီး ဒီလိုစွမ်းဆောင်နိုင်တာက သာမန်လူတွေအရှေ့မှာပဲ အသုံးဝင်တယ်။ ကျွမ်းကျင်သူတွေရဲ့မျက်လုံးရှေ့မှာဆိုရင် မင်းက သေချာပေါက်ဖုံးကွယ်နိုင်မှာမဟုတ်ဘူး"
"ဟမ့်၊ ငကြွားတွေ....."
သူတို့ဘေးနားတွင်ရပ်နေသောမိန်းကလေးတစ်ယောက်က သူမကိုယ်သူမ မထိန်းနိုင်တော့ဘဲ ပြက်ရယ်ပြုလိုက်လေသည်။ သူမနာမည်က လီယန်၊ ခရီးသွားအဖွဲ့မှတရုတ်ခရီးသည်တစ်ယောက်ဖြစ်သည်။ သူမက မျက်လှည့်ဆရာ၏အံ့အားသင့်ဖွယ်ပြကွက်ကြောင့် ငေးမောနေရာမှ တစ်ယောက်ယောက်က တရုတ်ဘာသာစကားဖြင့် အပြစ်ရှာနေသည်ကို ကြားသောအခါ လှောင်ပြောင်မိသွားတော့သည်။
သူမဘေးနားရှိယုရှအမည်ရသည့်လူရွယ်က သူမပခုံးအား ပုတ်ပြီး ပြုံးကာ ပြော၏"ဟီးဟီး၊ တရုတ်မှာ လူတစ်ဘီလီယံကျော်ရှိတယ်။ အဲဒီတော့ ထူးဆန်းတဲ့လူတစ်ယောက်ပေါ်လာရင်တောင် အံ့ဩစရာမရှိပါဘူး။ ဒါပေမယ့် ဒီကောင်က အတော်လေးအံ့အားသင့်စရာပဲ၊ သူက ပြည်ပမှာတောင် ဒီလိုစကားကြီးစကားကျယ်ပြောရဲတာပဲ"
သူ့အား ပြက်ရယ်ပြုသော စုံတွဲအား ကြည့်လျက် ထန်ရှုက သူ၏ရယ်လိုစိတ်အား မထိန်းနိုင်တော့ပေ။ သို့သော် ထန်ရှုအား လှောင်ပြောင်သည့်အပေါ် ကျန်းရှင်းယာက မပျော်ပေ၊ သူမက မကျေမနပ်ပြောလိုက်သည်"စကားကြီးစကားကျယ်ပြောနေတယ်လို့ မင်းက ဘယ်သူ့ကို ပြောတာလဲ။ ငါ့ရည်စားက အမြဲတမ်းအဓိပ္ပါယ်ရှိတာပဲ ပြောတယ်။ သူ မလုပ်နိင်တာကို ဘယ်တော့မှ မပြောဘူး...."
ကျန်းရှင်းယာ၏မျက်နှာအား ရင်းနှီးသလို လီယန်က ခပ်ရေးရေးခံစားမိသည်။ သို့သော် နေကာဦးထုပ်နှင့်အနက်ရောင်နေကာမျက်မှန်တို့ဖြင့် မျက်နှာအား ဖုံးအုပ်ထားသောကြောင့် သူမက မမှတ်မိနိုင်ပေ၊ ထို့ကြောင့် သူမက ပြောလေသည်"အချစ်နွံထဲကျရောက်သွားတဲ့အမျိုးသမီးတွေက သူတို့ရဲ့စိတ်ကို အမြဲတမ်းဆုံးရှုံးသွားကြတယ်လို့ လူတွေက ပြောကြတယ်၊ မိန်းမလှလေး။ မင်းက အချစ်မွန်နေတာပဲ။ မင်းကို ပြောပါရစေ။ မင်းရဲ့ရည်းစားကို ရင့်ကျက်မှုရှိဖို့ ပြောပါ။ အခုလို ကြားဝါးပြောဆိုတာက တကယ်ကို ရယ်စရာကောင်းတယ်"
"ဖူး....."
ဒေါသထွက်ရမည့်အစား ထန်ရှု၏စွမ်းရည်နှင့်ဗီဇအား အမှတ်ရမိပြီး စိတ်ဝင်စားစရာကောင်းလှသည်ဟု ရုတ်တရက် တွေးလိုက်မိကာ ကျန်းရှင်းယာက ရယ်လိုက်လေသည်။ ထန်ရှုကိုယ်တိုင်က ရယ်ရမလားငိုရမလားမသိစွာနှင့် ခေါင်းခါယမ်းကာ ပြောလိုက်၏"ဟေး၊ အလှလေး။ ငါတို့ကြားမှာ မလိုမုန်းထားတဲ့ခံစားချက်တွေ ရှိနေတာတော့ မဟုတ်ပါဘူးနော်"
လီယန်က ထန်ရှုအား ပြုံးကာ ကြည့်လိုက်သည်"ငါက လှတယ်-ဒါက အမှန်တရားပဲ။ ရှင့်လို အရှက်မရှိကြွားဝါနေတာတော့ မဟုတ်ဘူး။ ဒါပေမယ့် ရှင် ကြွားဝါတာက အဲဒီမှော်ဆရာအတွက် တရားမမျှတဘူး။ ရှင့်ကိုယ်ရှင်ပြန်ကြည့်ပါအုံး- ရှင်ကရော သူ့ထက် ပိုကောင်းအောင် လုပ်နိုင်လို့လား။ သူ့ဘေးနားမှာရှိတဲ့လူတိုင်းက သူ့ကို ချီးကျူးနေတာပဲ။ ရှင်က အဲဒီမျက်လှည့်ဆရာထက် ပိုကောင်းမယ်ဆိုရင် ကျွန်မ ရှင့်ကို တောင်းပန်မယ်"
ဒါကို ကြားပြီးနောက် လီယန်အားပိုးနေသူယုရှက ကမန်းကတန်းပြောလေသည်"ဒါဟုတ်တယ်၊ ကိုယ့်လူ။ မင်းက ဒီမျက်လှည့်ဆရာထက် ပိုတော်တယ်ဆိုတာ သက်သေပြနိုင်ရင် သူမကိုယ်စား ငါ မင်းကို ချက်ချင်း တောင်းပန်မယ်"
"ငါ ဒီကိစ္စသေးသေးလောက်ကို စိတ်မဝင်စားဘူး၊ ဒါကြောင့် တောင်းပန်ဖို့မလိုဘူး"ထန်ရှုက ခေါင်းခါယမ်းကာ ပြုံးလျက် ပြော၏"ပြီးတော့ ငါ ပြချင်ရင်တောင် ဒီလို လမ်းဘေးမှာ ပြတာထက် ငါ့အမျိုးသမီးကိုပဲ ငါ ပြမှာ"
"ဟီးဟီး"ကြားပြီး ယုရှက ရယ်လိုက်လေသည်၊ ထန်ရှုက ကြောက်နေသည်ဟု သူ ထင်သည်။ သူက ချက်ချင်းကျယ်လောင်စွာ အော်လိုက်၏"အားလုံးပဲ၊ ဒီလူက....သူက မဟာမျက်လှည့်ဆရာတစ်ယောက်ဖြစ်ပြီး သူ့ရဲ့မျက်လှည့်ပညာက ဒီမျက်လှည့်ဆရာထက် ပိုကောင်းတယ်လို့ ကြားဝါခဲ့တယ်။ ငါ သူ့ကို အများရှေ့မှာ လုပ်ပြဖို့ မေးပေမယ့် သူကတော့....ဟား.....ဒီထဲကဘယ်သူကများ ဒိီကောင်ရဲ့ပြပွဲကို ကြည့်ချင်ကြလဲ"
ချက်ချင်းလက်ငင်းပင် ပတ်ဝန်းကျင်ရှိဦးခေါင်းများက ထန်ရှုတို့ဘက်သို့ လှည့်လာခဲ့တော့သည်။ ပြပွဲလုပ်နေသောမျက်လှည့်ဆရာကတောင် မခံမရပ်နိုင်ဖြစ်သွားသည်။ သူက တရုတ်ဘာသာစကားကို သိသည်၊ သူ၏ပြပွဲကို ပြသရန် တရုတ်သို့ သွားခဲ့ဖူးသည်။ သူက မကျော်ကြားသော်လည်း တစ်ယောက်ယောက် သူ့အား အပြစ်ရှာသည့်အပေါ် သူက မကျေမနပ်ခံစားမိ၏။
လူတိုင်း၏အာရုံက သူတို့အပေါ် ကျရောက်လာသည်ကို မြင်ပြီး ထုတ်ဖော်ခံလိုက်ရမည်ကို ကျန်းရှင်းယာက စိုးရိမ်သွားသည်။ သူမက ထန်ရှုလက်အား ချက်ချင်းဆုပ်ကိုင်ကာ ပြော၏"သွားကြရအောင်။ ဒီနေရာမှာ ဘာပျော်စရာမှ ကြည့်စရာမရှိဘူး။ အခြားတစ်နေရာကိုပဲ သွားကြရအောင်"
ထန်ရှုက ခေါင်းညိတ်ကာ ပြုံးလိုက်သည်။ သူတို့က ထွက်သွားတော့မည့်ဆဲဆဲတွင် မျက်လှည့်ဆရာက လူအုပ်ထဲမှ တိုးဝှေ့ထွက်လာကာ သူတို့၏လမ်းကြောင်းအား ပိတ်ဆို့လိုက်၏။
ပါစုန့်က ထန်ရှုအား ရှုသိုးသိုးစိုက်ကြည့်သည်။ သူက ပြောလိုက်ချေသည်"မင်းက မျက်လှည့်ပြကွက်တွေ လုပ်နိုင်တာလား"
"နည်းနည်းပါးပါးပါ"ထန်ရှုက ပြောလိုက်၏။
အထင်သေးသောအကြည့်က ပါစုန့်၏မျက်နှာပေါ်တွင် ထွက်ပေါ်လာပြီး "နည်းနည်းပါးပါးတဲ့လား။ ဒါဆိုလဲ အခြားသူတွေကို ကြွားဝါပြမနေနဲ့လေ"
"ငါပြောတာ မင်းကို ထိခိုက်လို့လား။ အဲလိုလုပ်ခဲ့တာ ဟိုကောင်လေ"ထန်ရှုက ယုရှအား လက်ညှိုးထိုးကာ ပြော၏"ငါနဲ့ငါ့ရည်စားက ပြပွဲကို ကြည့်နေရုံပဲ၊ ဒီကောင်ပဲ အော်လိုက်တာ။ မင်းရဲ့ဒေါသကို ပေါက်ကွဲချင်ရင် အဲကောင်ကို ဘာလို့ မရွေးတာလဲ"
ယုရှက သုန်သုန်မာန်မာန်နှင့် ချက်ချင်းကြည့်လိုက်သည်"ဘာဟာသလဲ။ ဒီမျက်လှည့်ဆရာရဲ့မျက်လှည့်ပညာက အမှိုက်လို့ မင်းပဲ ပြောခဲ့တယ်မလား၊ ဒါကြောင့် ငါတို့ မင်းကို ရယ်တာလေ။ အဲတော့ ဘာဖြစ်လဲ၊ မင်းက အခြားသူတွေကို လှောင်ခဲ့ပြီး အခုတော့ ဝန်မခံရဲဘူးလား"
"သူပြောတာအမှန်ပဲလား၊ လူငယ်"ပါစုန့်က ဒေါသတကြီးပြောလာသည်"ငါ့ရဲ့မျက်လှည့်ပြကွက်က အမှိုက်လို့ မင်း ပြောခဲ့တာပေါ့"
ဤနှစ်ကောင်၏ရန်လိုမှုက သူ့အား အကူအညီမဲ့သွားစေသည်။ သူ၏မှတ်ချက်က အခုလိုရန်ပွဲတစ်ခုအား ဖြစ်လာစေမည်သာ သူ သိလျှင် ခဏက သူ ပြောခဲ့မည်မဟုတ်ပေ။ ထို့နောက် သူက ကျန်းရှင်းယာအား ကြည့်ကာ မေးလိုက်၏"မင်း တကယ်ပဲ ငါ့ရဲ့မျက်လှည့်ပညာကို ကြည့်ချင်တာလား"
"ငါ ကြည့်ချင်ပါတယ်။ ဒါပေမယ့်....."ကျန်းရှင်းယာက တုံ့ဆိုင်းတုံ့ဆိုင်းနှင့် ပြော၏"ဒါပေမယ့် ဒီနေရာမှာတော့ မဟုတ်ဘူး။ မိမိနဲ့တစ်နိုင်ငံသားဖြစ်တဲ့သူကို ဒုက္ခရောက်အောင်လုပ်တဲ့အဲဒီကောင်ကို မနှစ်သက်ရုံပဲ"
"ရှင် ဘာအမှိုက်စကားတွေ ပြောနေတာလဲ"လီယန်က မကျေမနပ်နှင့် ပြန်အော်လိုက်၏"ငါ့သူငယ်ချင်းလုပ်တာ ဘာမှားလို့လဲ။ မိမိနဲ့တစ်နိုင်ငံသားဖြစ်တဲ့သူကို ဒုက္ခရောက်အောင်လုပ်တာတဲ့လား။ ရှင်တို့ပဲ မျက်လှည့်ဆရာကို လှောင်ပြောင်ခဲ့တာလေ၊ ဒါက ငါတို့တရုတ်တွေကို မျက်နှာပျက်စေတယ်။ ပြီးတော့ အခုမှ ရှင်တို့က ဒီလိုလာပြောနေတာလား။ ရှင်တို့မှာ တကယ်ပဲ စွမ်းရည်ရှိရင် ဘာလို့ ဒီနေရာက လူတိုင်းကို မပြတာလဲ"
"မင်းတို့နှစ်ယောက်က တကယ်ကို စိတ်ပျက်စရာကောင်းတဲ့စပ်စုစိန်တွေပဲ"ထန်ရှုက မျက်ခုံးတွန့်ကာ ပြော၏"မင်းတို့က တကယ်ပဲ ဒီနေရာမှာ အရှက်ကွဲချင်နေကြတာလား။ ကောင်းပြီလေ၊ ဒိီတော့ အခြားသူတွေကို ရန်မစဖို့၊ ဒုက္ခမပေးဖို့ မင်းတို့ကို ငါ သင်ခန်းစာပေးရမှာပေါ့"
ထိုသို့ ပြောပြီးနောက် သူက အော်ပြောလိုက်သည်"အားလုံးပဲ၊ မင်းတို့က ငါ့ရဲ့မျက်လှည့်ပြကွက်ကို ကြည့်ချင်နေကြတယ်မလား၊ ဒီလိုဆိုမှတော့ မင်းတို့ နောက်ဆုတ်ပေးကြပါ၊ ဒီလိုမှ ငါ မျက်လှည့်ပြကွက်လုပ်တဲ့အခါ မင်းတို့ကို မထိခိုက်စေမှာ"
တရုတ်စကားမပြောတတ်သောဒေသခံများအပါအဝင် လူအုပ်ကြီးက မီတာအနည်းငယ်နောက်ဆုတ်သွား၏။
ထို့နောက် သူ့အကြည်အား ပါစုန့်သို့ ပြောင်းကာ ထန်ရှုက နှာခေါင်းရှုံ့လိုက်သည်"မင်းရဲ့မျက်လှည့်ပြကွက်က အမှိုက်လို့ ငါ ပြောခဲ့တယ်။ အခု မင်းရဲ့မျက်စိကို ဖွင့်ပေးမယ်၊ ဘယ်လိုမျက်လှည့်ပညာမျိုးက အစစ်အမှန်ဆိုတာ မင်း သေချာကြည့်ထား...."
သူက သူ့လက်အား ညင်သာစွာ လှုပ်ယမ်းလိုက်ပြီး သူ၏ထွက်သက်အား ညာလက်သို့ မှုတ်ထုတ်လိုက်၏။ ထို့နောက် သေးငယ်သောမီးတောက်တစ်ခုက သူ့လက်ဖဝါးပေါ်၌ ထွက်ပေါ်လာပြီး လေအဝှေ့နှင့်အတူ ယိမ်းထိုးနေချေသည်။ ထန်ရှုက သူ၏ဘယ်လက်သို့ ထပ်မှုတ်ထုတ်ကာ သူ၏ဘယ်လက်ဖဝါးပေါ်၌ နောက်ထပ်မီးတောက်တစ်ခုအား ဖန်တီးလိုက်သည်။
"အားလုံးပဲ၊ ငါလဲ ဒီမီးတောက်ရဲ့ပုံသဏ္ဍာန်ကို ငါ ဆန္ဒရှိသလို ပြောင်းလဲနိုင်တယ်။ မင်းတို့ ဘယ်လိုပုံသဏ္ဍာန်မြင်ချင်လဲ ငါ့ကို ပြောပါ။ ငါ ပြောင်းပေးမယ်"
လူအုပ်ထဲမှဆယ်ကျော်သက်မိန်းကလေးက အော်လိုက်၏"ရှင် အဖြူရောင်ချိုးငှက်တစ်ကောင်အဖြစ် ပြောင်းလဲနိုင်လား။ ဟိုမျက်လှည့်ဆရာလုပ်ခဲ့သလိုလေ"
"အဖြူရောင်ချိုးငှက်တစ်ကောင်အဖြစ် ပြောင်းလဲတာလား။ ဒါက စိန်ခေါ်မှုတစ်ခု မဟုတ်ဘူး"ထန်ရှုက ရယ်လျက် ပြောလေသည်"ဟုတ်ပြီ၊ ငါ မီးလျှံခိုငှက်တစ်ကောင်ကို ပြောင်းလဲပြီး ကခုန်စေမယ်"
ပြောပြီးနောက် ထန်ရှုအား မီးတောက်များအား ထိန်းချုပ်ကာ ခိုငှက်တစ်ကောင်၏ပုံသဏ္ဍာန်သို့ လျင်မြန်စွာ ပြောင်းလဲလိုက်သည်။ သူက ညင်သာစွာ လက်ဝှေ့ယမ်းကာ စက္ကန့်အနည်းငယ်အတွင်း၌ သာမန်ခိုငှက်တစ်ကောင်၏အရွယ်အစားရှိသော မီးလျှံခိုနှစ်ကောင်အဖြစ် ပြောင်းလဲပေးလိုက်၏။
***