ယောင်္ကျားတစ်ယောက်က သူ့အမျိုးသမီးကို အမှန်တကယ်ကျေနပ်စေနိုင်သည့် ကဏ္ဍ
Vol. 68 Ch. 943
မီးလျှံခိုနှစ်ကောင်က သူတို့၏တောင်ပံများအား တဖျပ်ဖျပ်ခတ်လျက် ထန်ရှု၏လက်ဖဝါးမှ ပျံသန်းကာ ဆယ်ကျော်သက်မိန်းကလေးဘေးပတ်လည်၌ ကခုန်နေလေသည်။ သို့သော် ၎င်းတို့မှပြင်းထန်သောအပူကြောင့် သူမ၏မိဘနှစ်ပါးအပါအတင် လူတိုင်းက နောက်သို့ ခြေလှမ်းအနည်းငယ်ဆုတ်လိုက်ရသည်၊ မိန်းကလေးကမူ မည်သည့်အပူမှ ခံစားရခြင်းမရှိပေ။
"အံ့အားသင့်စရာပါပဲလား"
မိန်းကလေးက ပါးစပ်အုပ်ထားရင်း မျက်လုံးများက တလက်လက်ဖြစ်နေသည်။ မီးလျှံစိတ်ဝိညာဉ်များအလား မီးတောင်ပံများ တဖျပ်ဖျပ်ခတ်နေသည်အား ကြည့်နေလေ၏။
ထန်ရှုက ဇာတ်အသုံးအဆောင်ပစ္စည်းတစ်ခုမှ အသုံးမပြုသည်ကို မြင်ပြီး ကြည့်ရှုနေသူများက တအံ့တအောဖြစ်နေကြသည်။ သူက လက်မြှောက်လိုက်ရုံနှင့် မီးတောက်များက မီးလျှံခိုနှစ်ကောင်အဖြစ် ပြောင်းလဲသွားသည်လေ။
"အံ့ဖွယ်သရဲပဲဟေ့။ သူက မျက်လှည့်ပြကွက်ကို တကယ် လုပ်နိုင်တာပဲ"
"ဒီကောင်လေးက ကြားဝါတာမဟုတ်ဘူးပဲ၊ သူက တကယ်ကို အံ့အားသင့်စရာပဲ"
"ဘယ်လိုတောင်အံ့ဖွယ်မီးလျှံခိုငှက်တွေလဲ။ သူတို့က တကယ် ပျံသန်းနိုင်တာပဲ"
“…”
မျက်လုံးများပြူးကျယ်လျက် လီယန်နှင့်ယုရှတို့က လေထဲတွင် ကခုန်နေသော မီးလျှံခိုများအား မယုံကြည်နိုင်စွာ ကြည့်နေကြသည်။ ထန်ရှုက ဒီလိုမှော်ပညာအား လုပ်ပြနိုင်မည်ဟု သူတို့အိမ်မက်ထဲတွင်တောင် မမက်ဖူးပေ။ သူက မျက်လှည့်အသုံးပစ္စည်းတစ်ခုမှ မသုံးဘဲနှင့်တောင် မီးတောက်များအား မီးလျှံခိုနှစ်ကောင်အဖြစ် ပြောင်းလဲနိုင်ခဲ့သည်။
"ဒါ သူ ဘယ်လိုလုပ်ခဲ့လဲ"
တူညီသောမေးခွန်းက သူတို့၏စိတ်ထဲ၌ အသီးသီးဖြစ်လာတော့သည်။
မျက်လှည့်ဆရာပါစုန့်၏စိတ်ထဲတွင်လည်း အလားတူအံ့အားသင့်မှုတို့ ဖြစ်နေသည်။ မျက်လှည့်အသုံးအဆောင်ပစ္စည်းတစ်ခုမှ ထန်ရှုအသုံးမပြုသည်ကို မြင်သောကြောင့် သူက အလွန်အံ့ဩတုန်လှုပ်နေရ၏။ ဒီလူငယ်.....တကယ်ပဲ မျက်လှည့်ပြကွက်ကို လုပ်နိုင်တာလား။
သူ့မျက်နှာပေါ်တွင် အပြုံးတစ်ခုတွဲခိုနေလျက် ပြာလဲ့လဲ့ရေပူဖောင်းနှစ်လုံးအား သူ၏ခြေထောက်အောက်၌ ဖန်တီးကာ သူက လေထဲ၌ လွင့်မျောသွားသည်။ သူ့ခြေထောက်များက မြေပြင်ပေါ်၌ တစ်မီတာလောက် ကြွတက်လာသောအခါ သူ့လက်ချောင်းများက လှုပ်သွားပြီး ကျန်းရှင်းယာက ရုတ်တရက်အော်လိုက်မိသည်၊ သူမသည်လည်း ရေပူဖောင်းနှစ်လုံးက ပင့်တင်လျက် ထန်ရှု၏ရင်ခွင်ထဲသို့ ရောက်ရှိသွားသောကြောင့်ပင်။
"မင်း ကြောက်နေလား"ထန်ရှုက ပြုံးလျက် မေး၏။
သူမခြေထောက်အား ငုံ့ကြည့်လျက် မမြင့်လွန်းသည်ကို မြင်ပြီး ကျန်းရှင်းယာက စိတ်သက်သာရာရသွား၏။ ထို့နောက် သူမက ခေါင်းခါယမ်းကာ ပြောလေသည်"ငါ မကြောက်ဘူး"
"ကောင်းပြီလေ၊ မင်း မကြောက်ဘူးဆိုမှတော့ ငါတို့ ကရင် ဘယ်လိုလဲ"ထန်ရှုက ပြုံးလျက် မေး၏။
"ဘာအကလဲ။ ဒီနေရာမှာလား"ကျန်းရှင်းယာက မေးလိုက်သည်။
ထန်ရှုက အက တစ်ခါမှ မသင်ယူဖူးသော်လည်း အခြားသူများ ကသည်ကို အကြိမ်ပေါင်းများစွာ မြင်ဖူးသည်၊ ထို့ကြောင့် သူ၏မှတ်ဉာဏ်များမှကကွက်များ၊ ခြေလှမ်းများအား တုပ၏။ ကျန်းရှင်းယာက တင့်တယ်လှပစွာ ကနေပြီး သူက သူမ၏လှုပ်ရှားမှုအတိုင်း အလိုက်သင့်စီးမျောသည်။ သူတို့၏အကက ချောမွေ့ညင်သာလှပြီး သူတို့၏လှုပ်ရှားမှုများက တိမ်စိုင်များ ရွေ့လျားနေသည်နှင့် တူကာ တင့်တယ်ပြီးရင်သပ်ရှုမောဖွယ်ရာမြင်ကွင်းအား ပရိသတ်ထံ ပြသနေတော့သည်။
မကြာမီ ခမ်းနားထည်ဝါသောမီးလျှံခိုများစွာက ထွက်ပေါ်လာပြီး သူတို့ပတ်ပတ်လည်၌ ဝဲလည်လာသည်။ ၎င်းတို့က ပုံစံများ၊ လှုပ်ရှားမှုများအား အဆက်မပြတ်ပြောင်းလျက် လေထုအား ရှုမောဖွယ်ရာခမ်းနားတောက်ပသောမြင်ကွင်းအဖြစ် ပြောင်းလဲအလှဆင်နေလေ၏။
သို့သော် သူ့နှလုံးသားက တဒုန်းဒုန်းခုန်ရင်း ပါစုန့်က အလွန်တရာထိတ်လန့်လာသည်။ သူ့မျက်လုံးများလျှင်ပင် မီးပွားများ ထွက်နေသည်နှင့် တူလာ၏။
တုန်လှုပ်ခြင်းနှင့်မယုံကြည်နိုင်ခြင်းခံစားချက်တို့ကသာ လက်ရှိသူ့နှလုံးသား၌ တည်ရှိနေတော့သည်။
လီယန်နှင့်ယုရှတို့တွင်တော့ သူတို့က လေထဲ၌ ကနေသည့်ထန်ရှုနှင့်ကျန်းရှင်းယာတို့အား ကြည့်ရင်း အံ့ဩလွန်းရကာ အာစေးလျှာလေးဖြစ်နေလေသည်။ ဤမြင်ကွင်းအား သူတို့၏ကိုယ်ပိုင်မျက်လုံးနှစ်လုံးနှင့် မမြင်တွေ့ရပါက အိမ်မက်မက်နေသည်ဟုသာ တွေးမိပေကြလိမ့်မည်။
အချိန်ကြာလာသည့်နှင့်အမျှ လူများက တဖွဲဖွဲရောက်လာ၏။ မိနစ်ဝက်အတွင်း လူသုံးရာလောက်က ကောင်းကင်ရှိမြင်ကွင်းကြည့်ရန် ရောက်ရှိလာကြသည်၊ သူတို့၏စိတ်ထဲ၌ တုန်လှုပ်မှုနှင့်အတူ ပြောဆိုရေရွတ်နေကြတော့၏:
"ဘုရားသခင်...ဒါက မယုံနိုင်စရာပါပဲလား။ ဒီမြင်ကွင်းက တီဗီမှာပဲ မြင်နိုင်တာမဟုတ်လား။ ဒီမြင်ကွင်းကို အပြင်မှာ မြင်ရမယ်လို့ ငါ ဘယ်တော့မှ မထင်ထားဘူး"
"ဒါက ခမ်းနားပြီး ရင်သပ်ရှုမောဖွယ်ရာပဲ.....အတုအယောင်လို့တောင် ခံစားမိလာတဲ့အထိပဲ။ ဒဏ္ဍာရီပုံပြင်ကမ္ဘာထဲကလို မြင်ကွင်းတစ်ခုနဲ့ မတူဘူးလား။ လူတစ်ယောက်က ဒါကို လုပ်နိုင်တာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"
"သူတို့နှစ်ယောက်က ဦးထုပ်နဲ့နေဂာာမျက်မှန်တွေ ဝတ်ထားပေမယ့် သူတို့က ချစ်စဖွယ်အသွင်ရှိကြတယ်။ သူတို့က တင့်တယ်လှပပြီး လိုက်ဖက်ညီလှတယ်။ ငါ....ငါ တကယ်ပဲ သူတို့ရဲ့ပုံဘယ်လိုရှိလဲဆိုတာ မြင်ချင်တယ်"
"ဒါ တကယ်ကို မျက်လှည့်ပြကွက်တစ်ခုလား။ ဒီလိုဆန်းကြယ်တဲ့မျက်လှည့်ပညာက ဘယ်လိုလုပ်ပြီး ရှိနေရတာလဲ"
"ကမ္ဘာအဆင့်မျက်လှည့်ဆရာတစ်ယောက်ကတောင် ဒီလိုပြကွက်မျိုးကို လုပ်နိုင်မှာ မဟုတ်ဘူး"
"ဒါက အံ့ဖွယ်ပဲ....."
"......"
ဖျော်ဖြေမှုက မိနစ်အနည်းငယ်ကြာခဲ့ပြီး ထန်ရှုက ကျန်းရှင်းယာကို ထွေးပိုက်လျက် မြေပြင်ပေါ်သို့ ဆင်းသက်လိုက်၏။ ပြာလဲ့လဲ့ရေပူဖောင်းများက တဖြည်းဖြည်းပျောက်ကွယ်သွားခဲ့သည်။
ထန်ရှုက ခေါင်းမော့ကာ ညင်သာစွာ လက်ဝှေ့ယမ်းလိုက်သည်၊ လေထုထဲတွင် ကခုန်နေသော မီးလျှံခိုငှက်များက တဖြည်းဖြည်းပျောက်ကွယ်သွားသည်။ ထို့နောက် သူက ပေါ့ပေါ့ပါးပါးပြုံးကာ ဆို၏"အားလုံးပဲ၊ ငါ့ရဲ့ဖျော်ဖြေမှုက ပြီးသွားပြီ။ လူတိုင်း ကြိုက်နှစ်သက်မယ်လို့ ငါ မျှော်လင့်ပါတယ်"
"ငါ ကြိုက်တယ်"
"ငါ သဘောကျတယ်"
"မင်း ထပ်လုပ်ပြနိုင်မလား"
“…”
"....."
ပရိသတ်များ၏ချီးကျူးသံများ၊ တောင်းဆိုမှုများအား ပြုံးကာ ရင်ဆိုင်လျက် ထန်ရှုက လီယန်နှင့်ယုရှတို့ဘက်သို့ လှည့်ကာ ပြောလိုက်ချေသည်"မင်းတို့နှစ်ယောက်ရော ဘယ်လိုလဲ။ ရှက်လွန်းလို့ ဘယ်မှာပုန်းရမှန်းမသိ ဖြစ်နေပြီလား။ အခြားသူတွေကို နှိမ့်ချတာက ကိုယ့်ကိုယ်ကိုယ်အရှက်ခွဲတာနဲ့ အတူတူပဲ။ ငါတို့က တရုတ်တွေပဲ၊ မင်းတို့ကိုယ်မင်းတို့ ပြုပြင်နေထိုင်နိုင်လိမ့်မယ်လို့ ငါ မျှော်လင့်တယ်။ အနာဂတ်မှာ မင်းတို့တွေ ပြည်ပသွားတဲ့အခါ အရူးတစ်ယောက်လို မလုပ်ကြစမ်းပါနဲ့"
"ငါ....."
နှစ်ယောက်လုံး ပါးစပ်ဟလိုက်သော်လည်း ဘာမှ မပြောနိုင်ခဲ့ပေ။ သူတို့က ထန်ရှုပြောသည့်အတိုင်း ဖြစ်သည်ဟု တကယ် ခံစားမိလာကြသည်။ သူတို့၏ပါးပြင်က ပါးရိုက်ခံထားရသည့်အလား နီရဲနေ၏။ သူတို့က မတုံးပေ၊ ထန်ရှု၏မျက်လှည့်ပြကွက်က ယခင်မျက်လှည့်ဆရာထက် အများကြီးပိုကောင်းသည်ကို သူတို့က ခွဲခြားနိုင်သည်။ ပိုဆန်းကြယ်သည်၊ ပိုမှော်ဆန်သည်။
ခေါင်းခါယမ်းပြီးနောက် ထန်ရှုက ကျန်းရှင်းယာအား ဆွဲကာ လူအုပ်ကြီးထံမှ ထွက်လာခဲ့သည်။
သို့သော် ပါစုန့်၏မျက်နှာက တင်းမာကာ မသေမချာဖြစ်နေသည်။ ထန်ရှုတို့ ထွက်သွားတော့မည်ကို မြင်သောအခါ သူက ချက်ချင်းပြေးလာပြီး ထန်ရှု၏လမ်းအား ထပ်ပိတ်ကာ အော်လိုက်၏"မင်းက အတိအကျ ဘယ်သူလဲ။ မင်း....မင်းရဲ့ပြကွက်က မျက်လှည့်ပညာ မဟုတ်ဘူးမလား"
"ဟမ့်၊ မင်း တစ်ခုခုကို သိရင် ဒီလိုအဓိပ္ပါယ်မရှိတဲ့မှန်းဆချက်ကို ပြောမနေနဲ့"ထန်ရှုက စိတ်မဝင်စားစွာ ပြောလေသည်"မင်းက မျက်လှည့်ဆရာတစ်ယောက်၊ ဒီတော့ မင်းရဲ့ပရိသတ်တွေကို အနှောင့်အယှက်ပေးမယ့်အစား စင်ပေါ်မှာဖျော်ဖြေမယ့်မင်းရဲ့ပြကွက်ကိုပဲ စိတ်ပူစမ်းပါ။ ဘာပဲပြောပြော၊ ငါက မင်းရဲ့ဖျော်ဖြေမှုကို နှောင့်ယှက်တယ်လို့ ထင်ရင် ငါ တောင်းပန်ပါတယ်၊ ဒါပေမယ့် မင်း အပြစ်တင်ချင်ရင်တော့ ဟိုနှစ်ကောင်ကိုပဲ မင်းရဲ့ဒေါသတွေ ပေါက်ကွဲထွက်စမ်းပါ။ သူတို့ကြောင့်သာ မဟုတ်ရင် ငါ အခုလို အများရှေ့မှာ လုပ်ပြစရာမလိုဘူး၊ မင်းရဲ့ဖျော်ဖြေမှုကိုလဲ ပျက်ဆီးစေမှာ မဟုတ်ဘူး"
"ငါ့ကို ပြောပါ၊ မင်း လုပ်ခဲ့တာ မျက်လှည့်မဟုတ်ဘူးမလား"ပါစုန့်က ကျယ်လောင်စွာ ပြောလေ၏"ဘယ်လို....မင်း ဘယ်လိုလုပ်ခဲ့တာလဲ"
သူ့မျက်နှာက အေးစက်သွားပြီး ပြန်ဖြေမည့်အစား ထန်ရှုက မေးခွန်းတစ်ခုနှင့်သာ ပြန်တုံ့ပြန် ၏"မင်းကိုယ်မင်း ပြန်မေးကြည့်။ မင်းက ဖင်ပိတ်ပြီး အားထုတ်ခဲ့ရတယ်၊ မင်းရဲ့မျက်လှည့်ပြကွက်တွေကို ခါးသီးစွာ သင်ယူခဲ့ရတယ်၊ ဒါဆို မင်းရဲ့နည်းလမ်းနဲ့လျှို့ဝှက်ချက်တွေကို အခြားသူတွေကို မင်းက ပြောပြချင်လား"
"ငါ....ငါ မလုပ်နိုင်ဘူး....."
ပါစုန့်က ဖြူဖတ်ဖြူရော်ဖြစ်သွားပြီး ပြန်ဖြေရန် ခက်ခဲနေလေသည်။
"ဒါဆို မင်းတောင် မလုပ်ချင်မှတော့ ဘာလို့ ငါ့နောက်ကို လိုက်ပြီး မေးနေရတာလဲ"ထန်ရှုက နှာခေါင်းရှုံ့လိုက်သည်"အခြားမျက်လှည့်ဆရာတွေရဲ့လှည့်ကွက်တွေကို မမေးဖို့ ဒီလောကမှာ တားမြစ်ထားတယ်ဆိုတာ မင်း မသိဘူးလား"
မေးခွန်းက ပါစုန့်အား ကသိကအောက်နှင့် အရှက်ရသွားစေသည်။ သူက ခေါင်းငုံ့ကာ ပြော၏"ငါ တောင်းပန်ပါတယ်။ ငါ မှားသွားတယ်"
"မင်း သိလား၊ အမှားဝန်ခံနိုင်တဲ့သူတွေက သူတို့ကိုယ်သူတို့ ပြုပြင်နိုင်လိမ့်မယ်လို့ ငါတို့တရုတ်မှာ ဆိုရိုးတစ်ခုရှိတယ်။ ဒါက လူတစ်ယောက်မှာ ရှိရမယ့် အရေးကြိီးဆုံးသူတော်ကောင်းတရားတွေထဲကတစ်ခုပဲ၊ ဒါကြောင့် ငါ့ကို ထပ်နှောင့်ယှက်မနေနဲ့တော့"ထန်ရှုက ဆက်ပြော၏"မင်းစိတ်ထဲမှာ ဘာပဲရှိရှိ ငါ မင်းနဲ့ ဘာမှ ထပ်မပြောချင်ဘူး။ နှုတ်ဆက်ပါတယ်"
ပြောပြီးနောက် သူက ကျန်းရှင်းယာအား ဆွဲကာ ပါ့စုန်အား ဖြတ်လျက် လျင်မြန်စွာ ထွက်ခွာလာခဲ့သည်။
ထန်ရှုနောက်ကျောအား စိုက်ကြည့်ရင်း ပါစုန့်က ရေရွတ်လိုက်၏"သူ့ရဲ့ဖျော်ဖြေမှုက သေချာပေါက်မျက်လှည့်မဟုတ်ဘူး။ မျက်လှည့်ပြကွက်တစ်ခုက ဒီလောက်ဆန်းကြယ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ဒါပေမယ့် သူက အတိအကျဘာလဲ၊ သူ ဘယ်လိုတောင် လုပ်ခဲ့တာလဲ"
သူ့ဘေးနားတွင်ရပ်နေသောလူလတ်ပိုင်းတစ်ယောက်က သိလိုစိတ်နှင့် မေးလိုက်သည်"မင်းပြောတာ အမှန်လား။ သူ လုပ်ခဲ့တဲ့ မျက်လှည့်ပြကွက်တစ်ခုမဟုတ်လား"
"လုံးဝမဟုတ်ဘူး"ပါစုန့်က ခေါင်းခါယမ်းကာ ပြော၏"သူ ဘယ်လိုလုပ်ခဲ့တာ ငါ မသိပေမယ့် သေချာပေါက် မျက်လှည့်ပညာမဟုတ်ဘူး။ မျက်လှည့်ပြကွက်တွေက အသုံးအဆောင်ပစ္စည်းတစ်စုံလိုအပ်တယ်၊ ဒါပေမယ့် သူက ဘာတစ်ခုမှ မသုံးခဲ့ဘူး"
"သူက ကောင်းကင်ဘုံသားတစ်ယောက်များ ဖြစ်နိုင်မလား"သက်လတ်ပိုင်းလူက အံ့အားသင့်စွာ ပြောလိုက်သည်။
ကောင်းကင်ဘုံသားတစ်ယောက်လား။
ပါစုန့်၏နှုတ်ခမ်းက တွန့်သွားပြီး သူက ခါးသီးစွာ ပြန်ဖြေလိုက်တော့သည်"သူ့ကို ကောင်းကင်ဘုံသားတစ်ယောက်လို့ ပြောနိုင်ပါတယ်"
"အိုး.....။ ငါက ဝက်တစ်ကောင်လို တုံးလှချည်လား။ ဒီလိုမင်တက်စရာကောင်းတဲ့မြင်ကွင်းတစ်ခု၊ ငါ ဘာလို့ ဖုန်းနဲ့ ဗီဒီယိုရိုက်ဖို့ မေ့သွားရတာလဲ"
"အာ...မင်း ပြောတာ မှန်တယ်။ ငါက တကယ်အရူးပဲ။ ငါက ဗီဒိီယိုရိုက်ထားပြီး ငါ့သူငယ်ချင်းတွေဆီ ပို့လိုက်မယ်ဆိုရင် အုတ်သော်သောင်းတင်းတစ်ခုဖြစ်လာမှာ အသေအချာပဲ"
"ဒါ တကယ်ကို သနားစရာပဲ။ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေ မရှိဘူးလား"
"ဒါ....ဒါက အဲကောင်လေးရဲ့အမှားပဲ။ သူ့ရဲ့ပြကွက်က မှော်ဆန်လွန်းတာပဲ အပြစ်တင်ရမယ်။ မင်တက်စရာကောင်းလွန်းတော့၊ လှပလွန်းတော့ အဲလိုလုပ်ဖို့ မေ့သွားတယ်....."
"......"
လူအုပ်ကြီးအနောက်တစ်နေရာတွင် စမတ်ဖုန်းတစ်လုံးကိုင်ထားသည့်လူငယ်လေးတစ်ယောက်ရှိ၏။ သူက ထန်ရှုနှင့်ကျန်းရှင်းယာတို့ထွက်သွားရာဦးတည်ဘက်သို့ ငေးကြည့်နေရာမှ သူ့ဘေးနားရှိပရိသတ်များ၏အော်သံကြောင့် သတိပြန်ဝင်လာသည်။ ထို့နောက် သူက ဒေါသထွက်နေသောအမူအရာနှင့်လူအုပ်အား ကြည့်လိုက်ချေသည်။ ထို့နောက် တစ်ခုခုကို သဘောပေါက်သွားပြီး ရုတ်တရက် ကျယ်လောင်စွာ အော်လိုက်၏"အားလုံးပဲ၊ ငါ့မှာ ဗီဒီယိုရိုက်ထားတာရှိတယ်။ မင်းတို့လိုချင်ရင် လာဝယ်လို့ရတယ်နော်။ တစ်ဆယ်....မဟုတ်ဘူး၊ တစ်ရာဒေါ်လာ....."
"တစ်ယောက်ယောက်မှတ်တမ်းတင်ထားတာရှိတာလား။ ငါ ဝယ်မယ်..."
"ငါ ဝယ်မယ်....."
"ငါရောပဲ"
"....."
ဆယ်မိနစ်အတွင်း လူတစ်ရာက ဗီဒီယိုအား ဝယ်ယူခဲ့ကြသည်။ လူငယ်က ဗီဒီယိုအား စိတ်လှုပ်ရှားစွာ ကူးပြောင်းပေးရင်း ဒေါ်လာတစ်ရာအား သူ့အိတ်ကပ်ထဲသို့ အဆက်မပြတ်သွတ်ထည့်နေတော့၏။
"ဟီးဟီး......ငါ ပေါင်တစ်ထောင်ကျော်ရလာတာပဲ"
သူနှင့်ကျန်းရှင်းယာတို့၏ဖျော်ဖြေမှုအား ရိုက်ကူးထားသည်ကို ထန်ရှုက သတိမထားမိသလို ထိုကောင်လေးက ဆယ်မိနစ်အတွင်း ဒေါ်လာတစ်သောင်းကျော်ရခဲ့သည်ကို မသိပေ။ သူနှင့်ကျန်းရှင်းယာက နေရာမှ ထွက်လာပြီးနောက် အဝေးသို့ မသွားဘဲ အနီးနားရှိဈေးတန်းတစ်ခုထဲသို့ ဝင်ရောက်ခဲ့သည်။
ထိုနေရာတွင် သူတို့က သာမန်ပစ္စည်းများသာမက နာမည်ကြီးတံဆိပ်ပစ္စည်းများအားလုံးကို ဝယ်ယူခဲ့ကြသည်။ ပိုက်ဆံအသုံးကြမ်းခြင်းအား မနှစ်သက်သော်လည်း ထန်ရှုက ကျန်းရှင်းယာနှင့်အတူ ပိုက်ဆံအား သွန်းချနေလျက်ပင်။ သေချာသည်က အထပ်တိုင်း၌ ပစ္စည်းအမျိုးမျိုးရှိနေသောကြောင့်ပင် ဖြစ်၏။ သူတို့စုံတွဲက မြို့၏အထူးစားသောက်ဆိုင်ထဲသို့ ဝင်ရောက်ပြီးနောက် သူတို့၏စိတ်လွတ်ကိုယ်လွတ်ဈေးဝယ်ခြင်းက အဆုံးသတ်သွားတော့သည်။
ဟိုတယ်ပြန်ရောက်လာပြီးနောက် ကျန်းရှင်းယာက လုံးဝခြေကုန်လက်ပန်းကျနေပြီး ထန်ရှုက အနည်းငယ်ပင်ပန်းသလို ဖြစ်နေသည်။ ကျန်းရှင်းယာက ဆိုဖာပေါ်သို့ ပစ်လဲကျသွားသောအခါ သူက သူ၏ကျွမ်းကျင်သောနည်းစနစ်ဖြင့် သူမအား ထွေနော်နှိပ်နယ်ပေးခဲ့ပြီး သူမ၏မောပန်းမှုက တဖြည်းဖြည်းပျောက်ကွယ်လာခဲ့၏။
"ရှင်က တကယ် အံ့အားသင့်စရာပဲ၊ ထန်ရှု"သူမခန္ဓာကိုယ်မှ သက်သောင့်သက်သာရှိမှုကို ခံစားရင်း ကျန်းရှင်းယာက နူးညံ့စွာ ညည်းလိုက်ချေသည်။
"အံ့အားသင့်စရာပေါ့လေ"ထန်ရှုက ပြုံးကာ မေး၏"မင်းက ဘယ်ကဏ္ဍကို ပြောတာလဲ"
"ဘာကဏ္ဍလဲ"ကျန်းရှင်းယာက ပဟေဠိဖြစ်စွာ မေးလိုက်၏။
ထန်ရှုက နှိပ်နယ်ခြင်းအား ရပ်ပြီး သူမအား ပေါင်ပေါ်သို့ တင်လိုက်သည်။ ထို့နောက် ပြုံးတုံတုံနှင့် သူမအား အိပ်ခန်းသို့ ခေါ်သွားလေသည်"မင်း သိလား၊ ယောင်္ကျားတစ်ယောက်ကို ကဏ္ဍတစ်ခုမှာ အံ့အားသင့်စရာကောင်းတယ်လို့ ပြောတာက မကြာခင် လုပ်တော့မယ့်အရာကို ဆိုလိုတယ်။ မစိုးရိမ်ပါနဲ့၊ ငါ မင်းကို အကောင်းဆုံးဝန်ဆောင်မှုပေးမှာပါ....."
***