နဂါးကိုးကောင်ကျွန်းရှိအကျပ်အတည်းအခက်အခဲ
Vol. 68 Ch. 944
နေလုံးကြီးက အရှေ့မိုးကုတ်စက်ဝိုင်းမှ မြင့်တက်လာပြီး ထန်ရှုက အိပ်ပျော်ရာမှ နိုးထလာသည်။ သူက နှင်းဆီသွေးရောင်အသားအရေနှင့် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသောကျန်းရှင်းယာအား ကြည့်လိုက်၏။ ထို့နောက် ကုတင်ဘေးကောင်တာပေါ်တွင် တင်ထားသော မိုဘိုင်ဖုန်းအား ယူကြည့်လိုက်ပြီး ဖုန်းအခေါ်ဒါဇင်အား တွေ့လိုက်ရ၏။
"ဟမ်။ လုံကျန့်ယုလား"
မျက်ခုံးများ တွန့်သွားပြီး ထန်ရှုက ပဟေဠိဖြစ်သွားသည်။ သူက ရေတောင် မချိုးတော့ဘဲ ဖုန်းပြန်ခေါ်ရန် ဧည့်ခန်းသို့ ဦးတည်လိုက်တော့၏။
နှစ်ကြိမ်တိုင်တိုင်ဖုန်းခေါ်ပြီးမှ ဖုန်းကိုင်လာပြီး လုံကျန့်ယု၏အသံက ထွက်ပေါ်လာသည်"နဂါးကိုးကောင်ကျွန်းမှာ မတော်တဆတစ်ခုဖြစ်ခဲ့တယ်၊ ထန်ရှု"
သတင်းက ထန်ရှု၏အမူအရာအား ပြောင်းလဲသွားစေပြီး သူက မေးလိုက်၏"ဘာဖြစ်လို့လဲ"
"မနေ့ညက အနက်ဝတ်လူအိုကြီးနှစ်ယောက် ကျွန်းပေါ်ကို ရောက်လာတယ်။ သူတို့ ဒီနေရာမှာ တစ်ခုခုမြှုပ်နှံထားပြီး အဲဒါကို တူးထုတ်ရမယ်လို့ ပြောတယ်"လုံကျန့်ယုက ဆို၏"ငါတို့ အဆောက်အဦးဆောက်ထားတဲ့ ကျွန်းရဲ့အလယ်ဗဟိုမှာ မြှုပ်ထားတယ်လို့ သူတို့ ပြောတယ်။ သူတို့က တူးချင်ရင် အဲဒါတွေကို ဖျက်ပစ်မှရမှာ"
"သူတို့ဘယ်သူလဲဆိုတာ မင်း သိလား"ထန်ရှုက မေးလိုက်၏။
"မသိဘူး.....ဒါပေမယ့် သူတို့က....ကြောက်ဖို့ကောင်းတယ်။ ကျွန်းမှာ ကျွမ်းကျင်သူတွေ စောင့်ကြပ်နေတာတောင် အဲဒီလူအိုကြီးနှစ်ယောက်က သူတို့ထဲကဆယ်ယောက်ကို ဒဏ်ရာရစေခဲ့တယ်။ အလွန်အားကောင်းဆန်းကြယ်တဲ့လူခြောက်ယောက်ရဲ့အကူအညီသာ မရရင် အဲဒီလူအိုကြီးနှစ်ယောက် အောင်မြင်သွားလောက်ပြီ"
"အခြားလူခြောက်ယောက်ရှိတာလား"ထန်ရှုက ထပ်မေးလိုက်သည်"အဲဒီလူခြောက်ယောက်ကို မင်း သိလား"
"သူတို့ကို ငါ တစ်ခါမှ မမြင်ဖူးဘူးလို့ ပြောရဲတယ်"လုံကျန့်ယုက ခေါင်းခါယမ်းကာ ပြော၏"အဲဒီခြောက်ယောက်က အရမ်းငယ်တယ်၊ အသက်ဆယ့်ခုနှစ်နှစ်ပတ်လည်လောက်ပဲ ရှိအုံးမယ်၊ ဒါပေမယ့် သူတို့ရဲ့တိုက်ခိုက်ရေးစွမ်းအားက အထင်သေးလို့မရဘူး။ လေနဲ့မိုးကို မဆင့်ခေါ်နိုင်ရင်တောင် သူတို့ရဲ့မှော်မန္တန်တွေက ကြောက်စရာကောင်းတယ်"
"သူတို့က ကျင့်ကြံသူတွေလား"ထန်ရှု၏အမူအရာက ပြောင်းလဲသွားပြီး သူက အသံလေးလံစွာနှင့် မေးလိုက်သည်"လက်ရှိအနေအထားက ဘယ်လိုရှိလဲ"
"အခု အဲဒီအနက်ဝတ်လူအိုကြီးနှစ်ယောက်က ဆယ်ကျော်သက်ခြောက်ယောက်နဲ့ တိုက်ခိုက်နေတယ်၊ နှစ်ဖက်လုံးက မဆုတ်သာမတိုးသာအခြေအနေမှာ ရှိပုံပဲ။ တစ်ယောက်မှ အပေါ်စီးမှာ မရှိဘူး"လုံကျန့်ယုက ရှုံ့မဲ့စွာ ပြော၏။
"ဒီည ငါ အဲဒီကို ရောက်အောင် ကြိုးစားမယ်"ထန်ရှုက လေးနက်စွာ ပြောလိုက်၏"ကျန့်ယု၊ အန္တရာယ်ကင်းအောင် ဂရုစိုက်၊ ဖြစ်နိုင်ရင် သူတို့ရဲ့ပြဿနာကြား ဝင်မပါနဲ့။ အဆောက်အဦးတွေ ဖျက်ဆီးတာက ရွေးချယ်စရာတစ်ခုမဟုတ်ဘူး၊ ကြိုးစားကာကွယ်ပါ။ ငါ ရောက်တဲ့အထိ အချိန်ဆွဲထား"
"ငါ သိပြီ"လုံကျန့်ယုက ပြန်ဖြေ၏။
ထန်ရှုက သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။ ဖုန်းချပြီးနောက် မိုအားဝူ၏နံပါတ်အား ခေါ်လိုက်သည်၊ သူက ကျင်းရှီ၊ ရွှယ်ရှာ၊ ဟေးရှုံးတို့နှင့်အတူ ထိုင်းနိုင်ငံသို့ ရောက်ရှိလာသည်ကို သိလိုက်ရ၏။ သူတို့က ဤနေရာသို့ နာရီအနည်းငယ်အတွင်း ရောက်လာမည်ဟု ခန့်မှန်းထားသည်၊ ထို့ကြောင့် ထန်ရှုက မိုအားဝူအား စိုင်ဖန်သို့ ချက်ချင်း ထွက်ခွာရန် အမိန့်ပေးခဲ့သည်၊ သူတို့က ထိုနေရာ၌ တွေ့ဆုံမည်ဖြစ်၏။
အနာဂတ်တွင် နဂါးကိုးကောင်ကျွန်းအား အရေးကြီးသောကျင့်ကြံခြင်းနေရာတစ်ခုအဖြစ် ပြုလုပ်ရန် ထန်ရှုတွင် ရေရှည်အစီအစဉ်တစ်ခုရှိသည်။ ဝယ်ယူရန်အတွက် ပိုက်ဆံအများအပြားအား မီးရှို့သုံးစွဲခဲ့ရပြီး ထိုနေရာရှိ ဆောက်လုပ်ရေးစီမံကိန်းအတွက် ယွမ်နှစ်ဆယ်ဘီလီယံ ရင်းနှီးမြှုပ်နှံခဲ့ရသည်။ ထို့ပြင် အစီအရင်တစ်ခုတပ်ဆင်ရန်အတွက် ကျောက်စိမ်းအမြောက်အများ မြှုပ်နှံခဲ့ရသေး၏။ ထို့ကြောင့် ထိုနေရာတွင် ပြဿနာတစ်ခု တွေ့သည့်အတွက် သူ့အနေနှင့် အပြေးသွားပြီး ဖြေရှင်းရပေမည်။
ထိုအနက်ဝတ်လူအိုကြီးနှစ်ယောက်က ဘယ်သူလဲကို သူက မခန့်မှန်းနိုင်သော်လည်း အခြားလူငယ်ခြောက်ယောက်က ကျင့်ကြံသူတွေဖြစ်မည်ဟု သူက ရေးရေးခန့်မှန်းမိသည်။ မိုအားဝူကဲ့သို့ ထာဝရခန်းမကျွမ်းကျင်သူအချို့အပါအဝင် ကျွမ်းကျင်သူအရေအတွက်တစ်ခုအား ကျွန်းအားစောင့်ကြပ်ရန် သူက တာဝန်ပေးထားခဲ့သည်။
"ဒီလူတွေက အရမ်းပြောင်မြောက်လောက်မယ်"
ထန်ရှုက ကျန်းရှင်းယာအား နိုးလိုက်သည်၊ သူမ၏အိပ်ချင်းမူးတူးဖြစ်နေသောမျက်နှာအား မြင်ပြီး အနည်းငယ်အားနာသလို ခံစားလိုက်ရ၏။ မည်သို့ပင်ဆိုစေကာမူ သူက သူမအား ပြောလိုက်သေးသည်"ရှင်းယာ၊ ငါ တောင်းပန်ပါတယ် ဒါပေမယ့် ငါ မင်းကို ပြည်မကြီးကို ပြန်မပို့ပေးနိုင်တော့ဘူး။ မင်း မြန်မြန်ရေချိုးပြီး ဘန်ကောက်ကို ငါနဲ့အတူ သွားမယ်။ ငါ မင်းကို တစ်နေရာ ခေါ်သွားမယ်"
သူမ၏စိတ်ဝိညာဉ်က မြင့်တက်သွားပြီး ကျန်းရှင်းယာမျက်နှာက ပျော်ရွှင်မှုသရုပ်သကန်အလား သူမက မေးလိုက်သည်"ရှင် ကျွန်မကို တရုတ်ကို ပြန်မပို့တော့ဘူးလား။ ဒါ အရမ်းကောင်းတယ်။ ဒါပေမယ့် ငါတို့ ဘယ်သွားကြမလို့လဲ"
"ငါတို့ စိုင်ဖန်ကို သွားမယ်၊ ပြီးရင် နဂါးကိုးကောင်ကျွန်းကို ဆက်သွားမယ်"ထန်ရှုက ပြန်ဖြေ၏။
"နဂါးကိုးကောင်ကျွန်းလား"ကျန်းရှင်းယာက ခေါင်းရှုပ်သွားပြီး ထပ်မေးလိုက်သည်"ဒီကျွန်းက ဘယ်နေရာမှာ ရှိတာလဲ"
"ငါ ပစိဖိတ်သမုဒ္ဒရာမှာ ဝယ်ထားတဲ့ကျွန်းပဲ။ အဲဒါကို ငါတို့ရဲ့အနာဂတ်ဌာနချုပ်အဖြစ် သတ်မှတ်ထားတယ်"ထန်ရှုက ပြန်ဖြေ၏"အဲနေရာမှာ တစ်ခုခုဖြစ်နေတယ်၊ ဒါကြောင့် ငါ အမြန်သွားဖြေရှင်းရမယ်"
ပစိဖိတ်သမုဒ္ဒရာတွင် ဝယ်ယူထားသောကျွန်းသို့ ဘာကြောင့် ထန်ရှုသွားရသည်အား နားမလည်သလို 'ဌာနချုပ်'က ဘာဆိုလိုသည်အား နားမလည်သော်လည်း ကျန်းရှင်းယာက လျင်မြန်စွာ ထကာ သူမ၏မျက်နှာအား ဆေးကြောသန့်စင်၏။ ထို့နောက် သူမက ပစ္စည်းထုတ်ပိုးလိုက်သည်။
ဆယ်မိနစ်ကြာပြီးနောက် သူတို့က အခန်းမှ ထွက်လာ၏။ ထို့နောက် ထန်ရှုက တစ္ဆေ၊ ဂူထောင်နှင့် ကျန်းကြွယ်တို့အား အပြင်ဘက်၌ မြင်လိုက်ရသည်။ သူတို့နှင့်အတူ စင်းလုအန်လည်း ရှိပြီး သူက ကမန်းကတန်းနှုတ်ဆက်၏"မင်း နိုးလာပြီလား၊ မစ္စတာထန်"
"အရေးကြီးတဲ့ကိစ္စတစ်ခု ပေါ်လာတယ်၊ ဒါကြောင့် ငါ ထိုင်းကနေ အခု သွားရမယ်"ထန်ရှုက ပြော၏"စင်းလုအန်၊ လောလောဆယ် ငါတို့ရဲ့အစီအစဉ်ကို ရပ်ထားရမယ်၊ ဒါပေမယ့် အဲနေရာမှာရှိတဲ့ပြဿနာကို ဖြေရှင်းပြီးတာနဲ့ ငါ ဒီကို ပြန်လာပြီး မင်းကို လာရှာမှာပါ"
ထိုစကားများက စင်းလုအန်အား ရှုံ့မဲ့သွားစေပြီး သူက အားတင်ပြုံးလိုက်သည်"ငါ့ကိစ္စကို အရင်လုပ်လို့မရဘူးလား၊ မစ္စတာထန်။ ငါ့အကိုက ပြန်ရောက်နေပြီ။ ငါ့လူတွေကို လွှတ်ပြီး သူ့ကို စောင့်ကြည့်ခိုင်းထားပေမယ့် သူက ဆန်းကြယ်စွာနဲ့ ပျောက်သွားတယ်။ ငါတို့ သူ့ကို ကြံစည်နေတာကို သူ ရိပ်မိသွားလောက်ပြီလို့ ငါ သံသယရှိတယ်။ အခု ငါတို့ သူ့ကို မဖြေရှင်းဘူးဆိုရင် ငါ စိုးရိမ်တာက....."
ထန်ရှုက မျက်မှောင်ကြုတ်ကာ ခဏနှုတ်ဆိတ်သွားပြီးနောက် သူက ပြန်ဖြေ၏"စင်းလုအန်၊ ငါတို့ ဒီကိစ္စကို အလောတကြီးဖြေရှင်းဖို့ လိုတယ်။ ငါ ဒီမှာ ရှိနေစဉ်မှာ မင်းအကိုကို ဖြေရှင်းနိုင်တာကို ငါ သိတယ်။ ဒါပေမယ့် စဉ်းစားကြည့်ရအောင်၊ ငါတို့ အခု လုပ်မယ်၊ မင်းအကိုကို သတ်ပြီး ငါ ထွက်သွားလိုက်ရင် မင်းအဖေ ဒေါသထွက်သွားလိမ့်မယ်။ ပြီးတော့ မင်းတို့နှစ်ယောက်က ညိီအကိုဖြစ်တာကြောင့် သူ့ကို ပွင့်ပွင့်လင်းလင်းသတ်ဖြတ်တာထက် လုပ်ကြံသတ်ဖြတ်တာက ပိုကောင်းတဲ့ရွေးချယ်မှုတစ်ခုပဲ"
စင်းလုအန်က နှုတ်ဆိတ်သွား၏၊ ထန်ရှု မှန်သည်ကို သူ သိသည်။ သူတို့၏ယခင်သဘောတူညီချက်နှင့်အစီအစဉ်အရ သူ့အဖေထံမှ ခေါင်းဆောင်နေရာအား လက်လွှဲမယူခင် သူ့အကိုအား လုပ်ကြံသတ်ဖြတ်ဖို့ စီစဉ်ထား၏၊ ထို့နောက် သူ့အား အမှောင်နတ်ဆရာကလန်၏ခေါင်းဆောင်အသစ်အဖြစ် အမည်ခံသတ်မှတ်ပေလိမ့်မည်။ သူက တိုက်ရိုက်သတ်ဖြတ်လျှင် အခြားပြဿနာရပ်များ ပေါ်လာနိုင်သည်။
"ငါ နားလည်ပြီ၊ ဒါဆို ငါ မင်းကို စောင့်နေပါ့မယ်" စင်းလုအန်က ရှုံ့မဲ့ပြုံးလျက် သဘောတူလိုက်သည်။
ထန်ရှုက သူ့ပခုံးအား ပုတ်ကာ ပြုံးလျက် ပြောလိုက်သည်"မင်း နှစ်ပေါင်းများစွာ သည်းခံလာတာပဲ၊ ရက်အနည်းငယ်လောက် ထပ်စောင့်ရတာ ဘာမှ မဟုတ်ဘူးမလား။ ပြီးတော့ ဒါနဲ့ ပတ်သက်ပြီး စိုးရိမ်စရာမလိုပါဘူး။ ငါ အဲနေရာက ပြဿနာကို ဖြေရှင်းပြီးတာနဲ့ ငါ အရင်ဆုံးလုပ်မှာက ဒီနေရာကို ပြန်လာဖို့ပဲ"
****
ဘန်ကောက်လေဆိပ်။
ထန်ရှုတို့ငါးယောက်အုပ်စုက ရောက်ရှိလာပြီး လေယာဉ်ပေါ်သို့ မတက်ခင် အနက်ရောင်ဝတ်စုံ၊ အနက်ရောင်နေကာမျက်မှန်များနှင့် လူလတ်ပိုင်းနှစ်ယောက်က ပြေးလာသည်။ မျက်နှာပေါ်တွင်အမာရွတ်နှင့်တစ်ယောက်က မေးလိုက်၏"မင်းက မစ္စတာထန်ရှုလား"
"ဟုတ်တယ်၊ မင်းက ဘယ်သူလဲ"ထန်ရှုက မျက်မှောင်ကြုတ်က မေးလိုက်၏။
"ငါတို့ဘယ်သူလဲဆိုတာ မင်း မကြာခင် သိလာမှာပါ၊ မစ္စတာထန်"ထိုလူကြီးက ပြော၏"မစ္စတာထန်ကို ဆယ်မိနစ်လောက် စောင့်ခိုင်းဖို့ ငါတို့ရဲ့သခင်လေးက အမိန့်ပေးထားတယ်။ မင်းနဲ့ တွေ့ဖို့ သူ ဒီနေရာကို အမြန်လာပါလိမ့်မယ်"
လေယာဉ်ပေါ် မတက်ခင် နာရီဝက်လိုသေးသောကြောင့် ထန်ရှုက ချက်ချင်း ပြောလိုက်သည်"ငါ သူ့ကို စောင့်နိုင်တယ်၊ ဆယ်မိနစ်ထပ်ကျော်တော့ မစောင့်နိုင်ဘူး"
ဆယ်မိနစ်မပြည့်ခင် အရပ်၁၇၀စင်တီမီတာသာရှိပြီး တုတ်ခိုင်သန်မာသောခန္ဓာကိုယ်နှင့်လူရွယ်တစ်ယောက်က အနက်ရောင်ဝတ်လူတစ်အုပ်နှင့်အတူ ခြေသုတ်တင်ပြေးလာသည်။ ထန်ရှုအရှေ့သို့ ရောက်လာသည်နှင့် တစ္ဆေ၊ ဂူထောင်နှင့် ကျန်းကြွယ်တို့အား တစ်ချက်ကြည့်ပြီးနောက် သူက ခေါင်းညိတ်ကာ ပြောလိုက်၏"မင်းက မစ္စတာထန်လား"
ထန်ရှုက ဤလူကို မြင်ဖူးသည်၊ သူ့အထောက်အထားကို သိသည်။
ဤလူက စင်းခေါပင်။ အမှောင်နတ်ဆရာကလန်မှ စင်းလုအန်၏အကိုဖြစ်သည်။ သူ့အား မြင်လိုက်သည့်အခိုက်အတန်တွင် စင်းလုအန်နှင့်သူ့အစီအစဉ်က ပေါက်ကြားသွားပြီး စင်းလုအန်ဘေးနား၌ သစ္စာဖောက်တစ်ယောက်ရှိလောက်မည်ဟု ထန်ရှု သုံးသပ်လိုက်သည်။
"ငါပဲ"ထန်ရှုက သာမန်မျှ ပြန်ဖြေ၏။
"ငါတို့ကြားမှာ နားလည်မှုလွဲနေတာ တစ်ခုခုရှိမယ်လို့ ငါ ထင်တယ်၊ မစ္စတာထန်"စင်းခေါက ပြုံးကာ ပြော၏"ဒါပေမယ့် မင်းက လုပ်စရာကိစ္စအချို့ရှိပြီး ဘန်ကောက်ကနေ ထွက်သွားရမှာဆိုတော့ အဲဒါနဲ့ပတ်သက်ပြီး ပြောဖို့ သိပ်မသင့်လျော်ဘူးဖြစ်နေတယ်။ ဒါပေမယ့် မင်း ကြိုက်မယ်လို့ ငါ မျှော်လင့်ထားတဲ့ လက်ဆောင်နှစ်ခုကို ငါ ပေးချင်တယ်"
"အကျိုးအမြတ်မရှိဘဲ လက်ဆောင်တွေ လက်ခံရမှာလား။ မင်း အနေနဲ့ ငါ့ကို ပေးစရာမလိုဘူးလို့ ငါ ထင်တယ်"ထန်ရှုက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
စင်းခေါက သူ့လူနှစ်ယောက်ထံမှ လက်ဆောင်သေတ္တာနှစ်ခုကို ယူကာ ထန်ရှုထံ ကမ်းပေးလိုက်၏"ငါ မင်းကို ဘာပေးချင်လဲဆိုတာ မင်း မကြည့်ချင်ဘူးလား၊ မစ္စတာထန်။ မင်း ဒီလက်ဆောင်ကို ကြိုက်မယ်လို့ ငါ အာမခံတယ်"
ခဏနှုတ်ဆိတ်သွားပြီးနောက် ထန်ရှုက တစ္ဆေအား သေတ္တာတစ်လုံး လက်ခံစေသည်။ ထို့နောက် သူကိုယ်တိုင် ပထမလက်ဆောင်သေတ္တာအား ဖွင့်လိုက်သည်၊ အထဲတွင် ခပ်ဖျော့ဖျော့စွမ်းအင်အတက်အကျများအား ထုတ်လွှတ်နေသည့် တောက်ပနေသော စိန်ပုံသဏ္ဍာန်ကြက်သွေးရောင်သလင်းကျောက်တစ်ခုအား တွေ့လိုက်ရပြီး သူက အံ့အားသင့်သွား၏။
"မီးလျှံသလင်းကျောက်တစ်ခုလား"ထန်ရှုက စင်းခေါအား ထူးထူးဆန်းဆန်းတစ်ချက်ကြည့်ကာ မေးလိုက်၏"ဒါက အတော်လေးကောင်းတဲ့လက်ဆောင်တစ်ခုပဲ။ မင်းရဲ့စုဆောင်းမှုထဲမှာ ဒါမျိုး ရှိလိမ့်မယ်လို့ ငါ မမျှော်လင့်ထားခဲ့ဘူး"
"အာ၊ မင်းလဲ ဒီအဖိုးတန်သတ္တုအကြောင်း သိတာပဲလား၊ မစ္စတာထန်"စင်းခေါက ပြုံးကာ ပြော၏"ဒါပေမယ့် မင်းက အခြားလက်ဆောင်ကို ကြိုက်လိမ့်မယ်လို့ ငါ ထင်တယ်၊ အဲဒါက ဒီတစ်ခုထက် အများကြီးပိုကောင်းတယ်"
ထန်ရှုက ဒုတိယသေတ္တာအား ဆက်ဖွင့်၏၊ ပစ္စည်းအား ရှင်းရှင်းလင်းလင်းမြင်လိုက်ရပြီးနောက် သူ့အမူအရာက အနည်းငယ်ပြောင်းလဲသွားသည်။ သူက စင်းခေါအား အဓိပ္ပါယ်ပါသောအကြည့်ဖြင့် တစ်ချက်ကြည့်ကာ ပြုံးလျက် မေးလိုက်သည်"မင်း သိလား၊ ဒီနေ့ မင်း ငါ့ကို မပေးရင်တောင် မကြာခင် ဒီပစ္စည်းနှစ်ခုက ငါ့ဟာဖြစ်လာမှာပဲ"
"ငါ့မှတ်ဉာဏ်ထဲမှာ 'အသက်ရှင်နေတာထက် ရန်ငြိုးကို မောင်းထုတ်နိုင်တာ ပိုကောင်းတယ်'ဆိုတဲ့ တရုတ်ဆိုရိုးတစ်ခုရှိတယ်"စင်းခေါက ဖျော့ဖျော့ပြုံးကာ ဆိုလေသည်"မင်းနဲ့ငါက ရန်ငြိုးတွေအာဃာတတွေ မရှိပါဘူး။ မင်းက ဒီကျောက်စိမ်းရုပ်ကို လိုချင်ရုံပဲမလား၊ ဒါကြောင့် ငါ့ညီလေးနဲ့ မင်းရဲ့ပူပေါင်းဆောင်ရွက်မှုကို မင်း လွှတ်ချနိုင်မယ်လို့ ငါ မျှော်လင့်တယ်"
လက်ဆောင်သေတ္တာထဲမှ အသက်ရှိသလိုကြက်သွေးရောင်ကျောက်စိမ်းဝက်ရုပ်အား ယူထုတ်ပြီးနောက် ထန်ရှုက မေးလိုက်သည်"ဟုတ်ပါပြီ၊ စင်းလုအန်ရဲ့ဘေးနားမှာ သစ္စာဖောက်တစ်ယောက် ရှိတယ်မလား"
"ပွင့်ပွင့်လင်းလင်းပြောရရင် ငါ ငယ်ငယ်ကတည်းက ငါ့အဖေက ငါ့ကို ကလန်ရဲ့အမွေဆက်ခံသူဖြစ်စေချင်ခဲ့တယ်။ ငါ သူ့ကို စိတ်မကျေမနပ်ဖြစ်စေမယ်လို့တော့ ငါ မထင်ဘူး။ ငါက အကောင်းဆုံးလူတစ်ယောက်မဟုတ်ပေမယ့် အမှောင်နတ်ဆရာကလန်ရဲ့ဆက်ခံသူတစ်ယောက်ဖြစ်ဖို့ လုံလောက်တဲ့အရည်အချင်း ရှိတယ်လို့ ငါ ထင်တယ်။ ပြီးတော့ ငါ့ကလန်ရဲ့စွမ်းအားအများစုက ငါ့လက်အောက်မှာ ရှိပြီး ငါ့အဖေက ငါ့ကို တိတ်တဆိတ်လွှဲပေးခဲ့တယ်ဆိုတာ ငါ့ညီ သိမယ်လို့ ငါ မထင်ဘူး"
"မင်းရဲ့ထိန်းချုပ်မှုအောက်မှာ စွမ်းအားရှိသူတွေ အများကြီး ရှိမှတော့ ဘာလို့ မင်းက ဒီ၁၂ရာသီခွင်ကျောက်စိမ်းရုပ်ကို အပင်ပန်းခံပြီး ကိုယ်တိုင်လာပို့နေတာလဲ"ထန်ရှုက မေး၏"ဒါ့ပြင် အခု ငါက ငါနဲ့အတူ လူနည်းနည်းပဲ ခေါ်လာတာ၊ ဒါကြောင့် မင်းက ငါနဲ့ နောက်တစ်နည်းလမ်း ကစားချင်တယ်လို့တော့ ငါ့ကို မပြောနဲ့နော်"
"မဟုတ်ပါဘူး၊ ငါက မင်းရဲ့ရန်သူမဖြစ်ချင်ပါဘူး"စင်းခေါက ခေါင်းခါယမ်းကာ ပြောလိုက်သည်"အမှောင်နတ်ဆရာကလန်ရဲ့လုပ်ထုံလုပ်နည်းက အပြင်လူတွေက ငါတို့ကို အရင်ရန်မစဘဲနဲ့ ငါတို့က အခြားသူတွေကို အနှောင့်အယှက်မပေးဘူး။ အပြင်လူတွေက ငါတို့ကို ရန်စရင်တောင် သဘောထားကွဲလွဲမှုကို ဖြေရှင်းပြီး သူတို့နဲ့ မိတ်ဆွေဖြစ်အောင် ကြိုးစားမယ်"
ထန်ရှုက သူ့ရှေ့ရှိ ခယလွန်းသည်လည်းမဟုတ်၊ နှိမ့်ချလွန်းသည်လည်းမဟုတ်သောစင်းခေါအား လေ့လာလိုက်သည်။ သူက ရုတ်တရက် ပြုံးကာ ပြောလိုက်၏"မင်းက မင်းရဲ့ညီလေးထက် ပိုသန်မာတယ်ဆိုတာ ငါ ဝန်ခံရမှာပဲ။ ဒါက......"
***