ကံကြမ္မာကို ယုံကြည်ခြင်း။
Vol. 68 Ch. 945
စင်းခေါက ထန်ရှုနှင့် ပတ်သက်ပြီး အများကြီးမသိသော်လည်း အဆက်အသွယ်အမျိုးမျိုးမှတစ်ဆင့် သူ၏လုပ်ဆောင်ချက်တချို့တလေအား စုံစမ်းနိုင်ခဲ့သည်။ သူ့အား စိုးရွံ့စေခဲ့သည့်တစ်ချက်က တရုတ်ရှိပေကျင်းထန်မိသားစုဟူသော ထန်ရှု၏နောက်ခံပင်။ သူ ရရှိခဲ့သည့်အချက်အလက်များအရ ထန်ရှုက အမာကျားသေးဆုံးမှုအတွက် တာဝန်ရှိသူတစ်ယောက်ဟု ဖော်ပြခဲ့သည်။
သူက အမာကျားကို သိသည်၊ သူက ထိုလူဆီ တစ်ခါ သွားရောက်ဖူးသည်။ ထိုလူက အလွန်အားကောင်းသောပြိုင်ဘက်တစ်ယောက်မဟုတ်သလို အားနည်းသူတစ်ယောက်လဲ မဟုတ်ပေ၊ သူ၏တိုက်ခိုက်ရေးခွန်အားက လှောင်ပြောင်စရာမဟုတ်ပေ။
ထို့ကြောင့် ထန်ရှု၏ရည်ရွယ်ချက်က ၁၂ရာသီခွင်ကျောက်စိမ်းရုပ်ကို သိရှိပြီးနောက် သူက တုံ့ဆိုင်းခြင်းမရှိယူထုတ်ခဲ့သည်။ ပြေငြိမ်းမှုရရန် ရည်ရွယ်လျက် သူက သူ့စုဆောင်းမှုထဲရှိ အခြားတန်ဖိုးကြီးသတ္တုတစ်ခုကိုပင် ကမ်းလှမ်းခဲ့၏။
"ဘာဖြစ်လို့လဲ"စင်းခေါက ပြုံးကာ မေးလိုက်ပြီး သူ့မျက်လုံးများက ထန်ရှုပေါ်၌ မပြောင်းမလဲတည်ရှိနေသေးသည်။
"ငါ သေချာပေါက်ထိန်းသိမ်းရမယ့်ကတိတစ်ခုရှိလို့ပဲ"ထန်ရှုက သာမန်ဆန်စွာ ပြောလေသည်"အခု မင်းမှာ လူအများကြီးရှိတယ်၊ ဒါကြောင့် မင်းမှာ ရွေးချယ်စရာနှစ်ခုရှိတယ်၊ မင်း ငါ့ကို ချက်ချင်းဖယ်ရှားနိုင်တယ် ဒါမှမဟုတ် ငါ ကိစ္စအချို့ဖြေရှင်းပြီး ဒီကို ပြန်လာတဲ့အခါကျရင် မင်း သေရမယ်"
ဒါကို ကြားပြီးနောက် သူ၏အမူအရာက အနည်းငယ်တည်ကြည်သွားပြီး သူ့မျက်နှာပေါ်ရှိ အပြုံးက ပျောက်ကွယ်သွား၏။ သူက ထန်ရှုအား နက်နက်ရှိုင်းရှိုင်းတစ်ချက်ကြည့်ကာ မေးလိုက်သည်"ဒါဆို ငါတို့က သဘောထားချင်းမတိုက်ဆိုင်နိုင်တော့ဘူးပေါ့။ ငါက မင်းလိုချင်တဲ့ကျောက်စိမ်းဝက်ရုပ်ကို တရိုတသေပေးခဲ့တာတောင်၊ ငါ နှစ်ပေါင်းများစွာသိမ်းဆည်းထားတဲ့တန်ဖိုးကြီးသတ္တုတစ်ခုကို လက်ဆောင်တစ်ခုအနေနဲ့ ပေးခဲ့တာတောင်မှလား"
ထန်ရှုက ခဏစဉ်းစားပြီးနောက် ဖြည်းဖြည်းချင်း ပြောလိုက်၏"ငါ ကျောက်စိမ်းဝက်ရုပ်နဲ့မီးလျှံသလင်းကျောက်ကို လက်ခံမယ်။ အလဲအလှယ်အနေနဲ့ ငါ မင်းကို ပြင်ဆင်မှုတွေ ပြုလုပ်ဖို့ အချိန်အချို့ပေးမယ်။ မင်းရဲ့အမှောင်နတ်ဆရာကလန်မှာ ဆက်ခံသူနှစ်ယောက်ရှိတယ်-ငါ ပြန်လာတဲ့အခါကျရင် ဆက်ခံသူတစ်ယောက်တည်းပဲ ငါ မြင်ချင်တယ်။ အဲဒါက ဘယ်သူပဲဖြစ်ဖြစ် ကိစ္စမရှိဘူး"
စင်းခေါက စိတ်လှုပ်ရှားသွားပြီး ထပ်မေးလိုက်သည်"အဲဒီဆက်ခံသူက ငါဆိုရင်ရော။ အနာဂတ်မှာ ငါတို့တွေ အဆင်ပြေနိုင်မလား"
"ငါတို့ကြားမှာ ပြေငြိမ်းမှုရှိရုံတင်မက အချို့ကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်နိုင်လိမ့်မယ်"ထန်ရှုက ခေါင်းညိတ်ပြလိုက်သည်။
"ပူးပေါင်းဆောင်ရွက်ဖို့လား၊ ဟမ့်"
စင်းခေါက စိတ်ထဲ၌ နှာခေါင်းရှုံ့လိုက်သည်။ လောလောဆယ် သူက ထန်ရှုနှင့်ပတ်သက်ပြီး အသေးစိတ်မသိသည်ဖြစ်ကာ သူက အလျင်စလိုမဆောင်ရွက်ချင်ပေ။ သူ့ညီလေးအား ကူညီမည့် ထန်ရှု၏ကတိတွင် သူ၏ကိုယ်ပိုင်အကျိုးအမြတ်အား ထိခိုက်စေမည့် အခြေအနေအချို့ပါဝင်မှန်း သူက သေချာသွားသည်။ ထိုအခြေအနေများတွင် အမှောင်နတ်ဆရာကလန်အတွက် ကြီးမားသောဆုံးရှုံးအချို့တောင် ပါဝင်လောက်၏။
ဆယ်မိနစ်ကြာပြီးနောက် ထန်ရှုက လေယာဉ်ပေါ်ရှိ ပထမအဆင့်အခန်း၌ ရှိနေသည်။ သူက မိုဘိုင်းဖုန်းအား ချက်ချင်းထုတ်ကာ နံပါတ်တစ်ခုအား ခေါ်လိုက်သည်။ ဖုန်းကိုင်ပြီးနောက် သူက ပြောလိုက်၏"ရှောင်ရွှယ်၊ အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်ရှိတဲ့ထာဝရခန်းမရဲ့ကျွမ်းကျင်သူအယောက်နှစ်ဆယ်ကို ဘန်ကောက်ကို ချက်ချင်းလွှတ်လိုက်။ သူတို့ကို စင်းလုအန်ကို ရှာပြီး သူ့ကို ကာကွယ်ခိုင်း။ သူတို့အလုပ်တာဝန်မရှိဘူးဆိုရင် အလင်းနဲ့အမှောင်ကို ဦးဆောင်ခိုင်းလိုက်"
"နားလည်ပါပြီ၊ ဆရာအဘိုး"ဂူရှောင်ရွှယ်က ပြန်ဖြေ၏။
ခဏစဉ်းစားပြီးနောက် ထန်ရှုက ထပ်ပြောလိုက်၏"ပြီးတော့ အဆီအနှစ်စုဆောာင်းခြင်းဆေးလုံး၅၀ကို ပြင်ဆင်ထား။ ကနဦးပေးချေမှုအနေနဲ့ စင်းလုအန်ကို ပေးဖို့ အလင်းနဲ့အမှောင်ကို ပြော။ သူ့လက်အောက်ကသူတွေရဲ့ခွန်အားကို အမြန်ဆုံးတိုးမြှင့်နိုင်အောင်လုပ်ဖို့ စင်းလုအန်ကို ပြော။ ပြီးတော့ သူ့ဘေးနားမှာ သစ္စာဖောက်တစ်ယောက်ရှိတယ်- သူနဲ့ အရမ်းနီးကပ်တယ်။ သူလျှိုကို ရှာပြီး ဖယ်ရှားဖို့ ပြော"
"ကောင်းပါပြီ၊ ဆရာအဘိုးပြောတဲ့အတိုင်း ငါ သူ့ကို ပြောလိုက်ပါ့မယ်"
ဖုန်းခေါ်ဆိုမှုပြီးသွားပြီနောက် ထန်ရှုက ဖုန်းအား သိုလှောင်လက်စွပ်ထဲသို့ ထည့်လိုက်သည်၊ အေးစက်မှုက ထန်ရှု၏မျက်လုံးများထဲ၌ လင်းလက်လာ၏။ စင်းခေါက စင်းလုအန်နှင့် ယှဉ်လျှင် ပိုထူးချွန်သည်ကို သူက ဝန်ခံရမည်။ သို့သော် ဤလူက နက်နဲသောအကြံအစည်ရှိသည်၊ သူ လက်တွဲမလုပ်လိုသည့် လူအမျိုးအစားဖြစ်၏။ သူက အမှောင်နတ်ဆရာကလန်မှ မှော်ကျောက်တုံးအား လိုချင်ပြီး ဤကလန်အား သူ့ထိန်းချုပ်မှုအောက်ထဲသို့ ထည့်သွင်းကာ သူ့အတွက် အလုပ်လုပ်စေလိုပါက စင်းလုအန်က အကောင်းဆုံးဖြစ်သည်။
ထို့ကြောင့် လက်ရှိအမှောင်နတ်ဆရာကလန်ခေါင်းဆောင်ကွယ်လွန်ခြင်းအပါအဝင် စင်းခေါ၏သေဆုံးမှုထက် ပိုကောင်းသောရွေးချယ်မှုမရှိပေ။ ထိုအချိန်တွင် သူ့အတွက် စင်းလုအန်အား ထိန်းချုပ်ရန် ပိုလွယ်ကူလာပေးလိမ့်မည်။
လေဆိပ်အပြင်ဘက်။
စင်းခေါက ဇိမ်ခံကားတစ်စီးထဲသို့ ဝင်သွားပြီး ကားစတင်ထွက်လာကာ သူက သူ့ဘေးနားရှိလူယုံအား ပြောလိုက်၏"တရုတ်က ငါတို့ရဲ့အဆက်အသွယ်ဆီ ဖုန်းခေါ်ပြီး သူတို့ကို အဲဒီထန်အကောင်အကြောင်း စုံစမ်းခိုင်းပါ။ ငါ ပြည့်ပြည့်စုံစုံရှင်းရှင်းလင်းလင်းစုံစမ်းမှုရလဒ်ကို လိုချင်တယ်။ ပြီးတော့ တရုတ်မှာရှိတဲ့အမှောင်လေအဖွဲ့ရဲ့သတင်းအချက်အလက်ခေါင်းဆောင်ကို ဆက်သွယ်ပြီး ထန်ရှုနဲ့ပတ်သက်တဲ့သတင်းတွေကို ဝယ်ယူပါ"
"နားလည်ပါပြီ"
ကျစ်ဆံမြီးတိုတိုကျစ်ထားပြီးမုတ်ဆိတ်မွေးနှင့်သက်လတ်ပိုင်းလူက ခေါင်းညိတ်ကာ ဖုန်းခေါ်ဆိုမှုအချို့ ပြုလိုက်သည်။ သို့သော် နောက်ဆုံးဖုန်းခေါ်ဆိုမှုပြုပြီးနောက် သူ၏အမူအရာက အနည်းငယ်တွေဝေသွား၏။ ထို့နောက် သူက ခေါင်းခါယမ်းကာ ပြောလိုက်သည်"သခင်လေး၊ ငါ အမှောင်လေအဖွဲ့ရဲ့သတင်းအချက်အလက်ခေါင်းဆောင်ကို အခုပဲ ဖုန်းခေါ်ခဲ့တယ်။ ငါတို့ သတင်းဆိုးအချို့ ရခဲ့တယ်"
"ဘာတဲ့လဲ"စင်းခေါအသံက လေးနက်စွာနှင့် မေးလိုက်၏။
"သူက ပြောတယ်၊ သူတို့က ထန်ရှုနဲ့ပတ်သက်တဲ့အချက်အလက်အများကြီးရခဲ့ပေမယ့် တစ်ခုမှ ရေရာတဲ့သတင်းအချက်အလက်မဟုတ်ဘူးတဲ့။ အခြားဘယ်အဖွဲ့မဆိုရနိုင်တဲ့ထန်ရှုရဲ့အချက်အလက်ကိုပဲ အမှောင်လေအဖွဲ့က ရခဲ့တယ်။ ပြီးတော့ သူက ပြောသေးတယ်၊ ထန်ရှုဘေးနားမှာကြောက်စရာကောင်းတဲ့ပုံရိပ်တွေ အချိန်တိုင်း ရှိတယ်တဲ့။ သူ့အကြောင်းစုံစမ်းဖို့လွှတ်ထားတဲ့လက်ရွေးစင်သတင်းစုဆောင်းသူဆယ်ယောက်လောက်ကို အမှောင်လေအဖွဲ့က ဆုံးရှုံးခဲ့ရတယ်၊ ဒါကြောင့် သူတို့က သူ့ရဲ့အဓိကလျှို့ဝှက်ချက်တွေနဲ့ပတ်သက်ပြီး ခြေခြေမြစ်မြစ်ရှိတာ ဘာတစ်ခုမှ မတွေ့ခဲ့ရဘူး"
စင်းခေါ၏အမူအရာက ပြောင်းလဲသွားသည်။ အမှောင်လေအဖွဲ့က ဘာစွမ်းဆောင်နိုင်သည်ကို သူ သိ၏။ ၎င်းက ကမ္ဘာ့အကြီးမားဆုံးသတင်းအချက်အလက်အဖွဲ့အစည်းဖြစ်ပြီး အရာအားလုံးအား စူးစမ်းလေ့လာနိုင်သည့်အကြွင်းမဲ့တည်ရှိမှုတစ်ခုဖြစ်သည်။ သူတို့က လိုချင်လျှင် အမေရိကန်သမ္မတ၏အတွင်းခံအရောင်ကိုပင် စုံစမ်းနိုင်၏။ သို့သော် သူတို့က ဘာကြောင့် ထန်ရှုအား မစုံစမ်းနိုင်ရသနည်း။
ဒီပြဿနာနှင့်ပတ်သက်၍ ဖြစ်နိုင်ချေနှစ်ခုရှိသည်-
ပထမ၊ ထန်ရှုဘေးနားတွင် အလွန်ပြောင်မြောက်သောပုဂ္ဂိုလ်တစ်ဦးရှိရမည်၊ ထိုလူက အလွန်ပြောင်မြောက်သောစုံထောက်စွမ်းရည်တစ်ခုကို ပိုင်ဆိုင်ထားရမည်။ ထိုပုဂ္ဂိုလ်က အမှောင်လေအဖွဲ့၏စုံစမ်းမှုအားလုံးအား ဖယ်ရှားရန် တာဝန်ရှိသည်။
ဒုတိယ၊ ထန်ရှုအနောက်တွင် အမှောင်လေအဖွဲ့ပင် မစုံစမ်းနိုင်သည့် နောက်ထပ်အားကောင်းသောတည်ရှိမှုတစ်ခုရှိရမည်။
စင်းခေါက ဆိုးဝါးသောနိမိတ်တစ်ခုအား ရုတ်တရက် ခံစားမိလာသည်။ ဘာဖြစ်နိုင်ချေဖြစ်ဖြစ်၊ ထန်ရှုက မရိုးရှင်းသည်ကို ဆိုလို၏။ ထို့ကြောင့် သူ့ရန်သူမဖြစ်ချင်လျှင် သူတို့ကြားရန်ငြိုးအားလုံးအား ဖြေရှင်းရမည်။ သို့မှသာ သူက သူ့ညီအား ဖယ်ရှားနိုင်ပေလိမ့်မည်။
"အစကတော့ ဒီအမှိုက်ညီလေးကို နောက်ထပ်နှစ်အနည်းငယ်အသက်ရှင်ခိုင်းထားအုံးမလားလို့။ သူက ငါ့ကို ဖယ်ရှားဖို့ အရင်လုပ်မယ်လို့ ငါ မထင်ထားဘူး။ ဒီလိုဆိုမှတော့ ငါတို့ကြားသွေးသားတော်စပ်မှုကို စွန့်လွှတ်ပြီး ရက်စက်ကြမ်းကြုတ်တဲ့အတွက် ငါ့ကို အပြစ်မတင်နဲ့တော့"
****
ညမြူဆိုင်းအား ပင်လယ်လေပြေလေညှင်းများက ဖြည့်စွက်ပေးနေသည်။ ထန်ရှုက ကျန်းရှင်းယာ၊ ဂူထောင်၊ ကျန်းကြွယ်နှင့် တစ္ဆေတို့အား ခေါ်ကာ တက္ကစီတစ်စီးပေါ်သို့ တက်ပြီးနောက် စိုင်ဖန်၏ကမ်းခြေလမ်းတစ်လျှောက် ဖြတ်သန်းလာသည်။ လမ်းမီးဖျော့ဖျော့အောက်တွင် ကျန်းရှင်းယာက ကြောင်ပေါက်စတစ်ကောင်ပမာ ထန်ရှု၏ရင်ခွင်ထဲ၌ ခွေလျအိပ်ပျော်နေပြီး တစ္ဆေက ပြောင်းချောသေနတ်အား ကိုင်လျက် ငြီးငွေ့သောအမူအရာနှင့် အပြင်ဘက်အား ကြည့်ရှုနေလေသည်။
"အရှေ့မှာ ရဲတွေ ပိတ်ဆို့ထားတယ်။ လမ်း ပိတ်ထားတယ်၊ ဆရာ"
တက္ကစီဒရိုင်ဘာက ရုတ်တရက် ခေါင်းလှည့်ကာ တင်ပြလိုက်၏။
"မနက်သုံးနာရီကျော်ပဲ ရှိတယ်၊ဘာလို့ ရဲတွေက ဒီအချိန်ကျမှ လမ်းပိတ်ထားရတလဲ"ထန်ရှုက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်"ပြီးတော့ ဒါက လောင်ပင်လယ်အော်ကို သွားတဲ့ တစ်ခုတည်းသောလမ်းလား။ အခြားပတ်လမ်းတစ်ခုရှိသေးလား"
"ရဲတွေက ဘာလို့ လမ်းပိတ်ထားမှန်း ငါ မသိဘူး"တက္ကစီဒရိုင်ဘာက ပြော၏"ဒါပေမယ့် ဒီလမ်းက လောင်ပင်လယ်အော်ကို သွားတဲ့ အနီးဆုံးလမ်းပဲ။ ကွေ့ပတ်သွားရင် မိနစ်သုံးဆယ်ကျော်သွားမှာ"
"လောလောဆယ် အဲကိုပဲ မောင်းသွား၊ သူတို့ ဘာလို့ လမ်းပိတ်ထားလဲဆိုတာ မေးမြန်းရမယ်"ထန်ရှုက ပြောလေသည်။
"ကောင်းပါပြီ...."
တက္ကစီဒရိုင်ဘာက ခေါင်းညိတ်လိုက်သည်။ သူက အရှိန်တင်လိုက်ပြီး လျင်မြန်စွာ ရှေ့ဆက်သွား၏။ တက္ကစီက ရဲကားလေးစီးအရှေ့၌ ရပ်သွားပြီး တက္ကစီဒရိုင်ဘာက ကားပြတင်းပေါက်အား ဖွင့်ကာ မေးလိုက်၏"ဟေး၊ ရဲသားတို့၊ ဘာလို့ လမ်းပိတ်ထားရတာလဲ။ ငါ ခရီးသည်တွေကို လောင်ပင်လယ်အော််ကို ပို့စရာရှိတယ်"
"ကျေးဇူးပြုပြိီး စစ်ဆေးဖို့အတွက် မင်းရဲ့ကားကနေ ထွက်လာပေးပါ"
သက်လတ်ပိုင်းရဲသားက ခြေလှမ်းကျဲကျဲလျှောက်လာပြီး လက်ထဲရှိတုတ်အား ဝှေ့ယမ်းပြလိုက်သည်။
"ဒါက....."တက္ကစီဒရိုင်ဘာက တုံ့ဆိုင်းသွားပြီး ထန်ရှုအား လှည့်ကြည့်လိုက်၏။
ထန်ရှုက တစ္ဆေဘက်လှည့်ကာ အမိန့်ပေးလိုက်သည်"ငါက တွမ်ရက်ဂျီရဲ့မိတ်ဆွေလို့ သူ့ကို ပြောလိုက်ပါ"
တစ္ဆေက ခေါင်းညိတ်ကာ အပြင်ဘက်ရှိရဲသားအား အော်ပြောလိုက်သည်"ဟေး၊ ငါ့သူဌေးက တွမ်ရက်ဂျီရဲ့မိတ်ဆွေတစ်ယောက်ပဲ။ ဒါကြောင့် ငါတို့အတွက် လမ်းဖွင့်ပေးနိုင်မယ်လို့ မျှော်လင့်တယ်။ ပြီးတော့ အခု ငါ့သူဌေးက အရမ်းမောနေပြီး အနားယူဖို့ လိုအပ်တယ်။ မင်းက ငါ့သူဌေးရဲ့ခရီးကို နှောင့်ယှက်ရင် ကြီးမားတဲ့ဂယက်တွေ ဖြစ်လာနိုင်တယ်နော်"
တွမ်ရပ်ဂျီရဲ့သူငယ်ချင်းလား။
ရဲသား၏အမူအရာက ပြောင်းလဲသွား၏။ သူက သူ့ခေါင်းဆောင်အား တင်ပြမည့်ဆဲဆဲတွင် ကားရှေ့မီးအလင်းရောင်များက အဝေးမှ ရောက်ရှိလာပြီး များမကြာမီ အနက်ရောင်SUVကားသုံးစီးက တက္ကစီအနီး၌ ပါကင်ထိုးလိုက်သည်။
"ဟေး၊ ဒီနေရာမှာ ဘာဖြစ်နေတာလဲ"အရှေ့ဆုံးကားထဲရှိလူတစ်ယောက်က ထွက်လာပြီး ကျယ်လောင်စွာ အော်လိုက်သည်။
SUVကားများ၏လိုင်စင်ကတ်ပြားများကို မြင်ပြီး ရဲသား၏အမူအရာက ထပ်မံပြောင်းလဲသွားသည်။ သူက အရိုအသေပေးလိုက်ပြီး လေးစားသောမျက်နှာနှင့် ပြန်ဖြေ၏"ဆရာ၊ လွန်ခဲ့တဲ့နှစ်ရက်က လူသတ်သွားတဲ့ရာဇဝတ်သားနှစ်ယောက်ကို ဖမ်းဖို့ ငါတို့ လမ်းပိတ်ထားရတာပါ။ ဒါက သင်တို့ကို အနှောင့်အယှက်ဖြစ်စေမိရင် ငါတို့ကို ခွင့်လွှတ်ပေးပါ"
"မြန်မြန်လမ်းဖွင့်ပေးလိုက်"
ထိုရဲသားက ချက်ချင်းအော်လိုက်ပြီး ရဲကားနှစ်စီးက လမ်းဘေးသို့ ရွှေ့သွားကာ လမ်းဖွင့်ပေးလိုက်သည်။ ထို့နောက် တုတ်ခိုင်သန်မာသောလူက SUVကားသို့ ပြန်ရောက်သွားပြီး ကားစက်နှိုးကာ ရွေ့လျားလာတော့သည်။
ထန်ရှုက တက္ကစီထဲ၌ ထိုင်နေသေးပြီး တစ္တေက SUVကားသုံးစီး၏လမ်းအား ပိတ်ထားသည်ကို တွေ့လိုက်ရသည်။ ထိုSUVကားသုံးစီးထဲရှိသူများက စိုင်ဖန်၌ စွမ်းအားရှိမည်ဟု သူက ခန့်မှန်းထားပြီဖြစ်၏။
"မင်းတို့ဘာလုပ်နေတာလဲ"
တုတ်ခိုင်သန်မာသောလူက ခေါင်းပြူထွက်လာပြီး တစ္ဆေအား အော်လိုက်သည်။
တစ္တေက သူ့အား လစ်လျူရှုထားပြီး ရဲသားအား ကြည့်ကာ မေးလိုက်၏"ဘာလို့ သူတို့က ဖြတ်လို့ရပြီး ငါတို့က ဖြတ်မရတာလဲ။ သူတို့က အထူးအခွင့်အရေးများ ရှိနေလို့လား ဒါမှမဟုတ် တစ်ခုခုလား"
"မင်းတို့ ခွေးကောင်တွေ....."
တစ္ဆေအား မောင်းထုတ်ရန် ရဲသားအချို့က ပြေးလာသည်။
ထန်ရှုက SUVကားများထဲသို့ သူ၏ထိုးထွင်းသိမြင်မှုအား ထုတ်လွှတ်လိုက်သည်၊ အထဲတွင် လူဆယ်ယောက်ကျော်ထိုင်နေသည်ကို မြင်ပြီးနောက် သူက အံ့အားသင့်သွား၏။ အထဲတွင် သူ့အဖေမှတစ်ဆင့်သူသိထားသည့် ရင်းနှီးသောမျက်နှာတစ်ခုအား မြင်တွေ့လိုက်ရသောကြောင့်ပင်။
သူက ကျန်းရှင်းယာအား ညင်သာစွာတွန်းဖယ်ကာ သူမအား ထိုင်ခုံ၌ မှီစေလိုက်သည်။ ထို့နောက် ကားတံခါးအား တွန်းဖွင့်ကာ ထွက်လာပြီး တစ္ဆေအရှေ့သို့ လျှောက်လာသည်။ သူတို့ထံပြေးလာနေသောရဲသားများအား ညွှန်ပြရင်း သူက ပြုံးကာ တရုတ်ဘာသာစကားဖြင့် ပြောလိုက်၏"ငါက ကံကြမ္မာကို ယုံကြည်တယ်၊ မစ္စတာစုန့်ရော ယုံကြည်ရဲ့လား ငါ သိပါရစေ"
ကံကြမ္မာကို ယုံကြည်တာလား။
ဒုတိယမြောက်SUVကားထဲတွင် အိပ်ပျော်ရာမှနိုးထကာစစုန့်ကွမ်းဟွေက အပြင်ဘက်ရှိအသံအား ရုတ်တရက် ကြားလိုက်ရ၏။ အံ့အားသင့်မှုက သူ့မျက်လုံးထဲ၌ လက်သွားပြီး သူက ကားပြတင်းပေါက်အား ဖွင့်ကာ ပဟေဠိဖြစ်သောမျက်နှာအမူအရာနှင့် အပြင်ဘက်သို့ ကြည့်လိုက်လေသည်။
လူငယ်တစ်ယောက်...ပြီးတော့ သူစိမ်းတစ်ယောက်လား။
သူက ခဏစဉ်းစားပြီးနောက် မေးလိုက်သည်"လူငယ်လေး၊ မင်းက တရုတ်ကလား၊ ငါတို့ တစ်ယောက်ကိုတစ်ယောက် သိလို့လား"
ထန်ရှုက SUVကားဆီသို့ လျှောက်လှမ်းသွားသည်၊ သို့သော် တုတ်ခိုင်သန်မာသောလူငါးယောက်က ကားထဲမှ ပြေးထွက်ကာ တားဆီးလာ၏။ ရဲသားအချို့က ပစ္စတိုအား လျင်မြန်စွာ ထုတ်ကာ ပြောင်းဝအား သူ့ထံ ချိန်ထားကြသည်။
ဤမြင်ကွင်းကို မြင်ပြီး ထန်ရှုက ခေါင်းခါယမ်းကာ ပြုံးလျက် ပြောလေသည်"ဦးလေးစုန့်က စိုင်ဖန်ရဲ့အကြီးတန်းအရာရှိတစ်ယောက်လို့ ငါ့အဖေပြောတာ ငါ ကြားဖူးတယ်။ ဒါက တကယ်မှန်နေပုံပဲ"
***